Sunday 27 July 2014

ခရီးသည် တဦး ခြိမ်းခြောက်လို့ ကနေဒါ လေယာဉ်အရေးပေါ် ဆင်းခဲ့ရ

Photo: ခရီးသည် တဦး ခြိမ်းခြောက်လို့ ကနေဒါ လေယာဉ်အရေးပေါ် ဆင်းခဲ့ရ
Sunday, July 27, 2014

သောကြာနေ့က ကနေဒါ နိုင်ငံ တိုရန်တိုမှာ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် ခရီးသည်တဦး
ဖြစ်တဲ့ ကနေဒါ လူငယ် ဖမ်းဆီးခံလိုက်ပါတယ်။ သူ့ကို လေယာဉ် ပေါ်မှာ ခြိမ်းခြောက်မှုလုပ်တဲ့ ကိစ္စအတွက် လည်း တရားစွဲဆိုခံရမှာဖြစ်ပါတယ်။ 

ကနေဒါ နိုင်ငံ တိုရန်တို လေဆိပ်ကနေ ပနားမားကို ဦးတည်ပျံသန်းတဲ့ ကနေဒါ လေယာဉ် Flight 772 ပေါ် မှာ ခရီးသည် တဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကနေဒါ နိုင်ငံသား အလီရှာဟီက ခြိမ်းခြောက်ခဲ့လို့ 
ဝေဟင်မှာ F 16 တိုက် လေယာဉ် ၂ စင်း က လိုက်ပါ လုံခြုံရေးယူပြီး တိုရန်တိုက Pearson လေဆိပ်ကို အရေးပေါ် ဆင်းခဲ့ရတာပါ။ 

လေယာဉ်လည်း ဆင်းလာပြီး လက်နက်ကိုင် စစ်သား ၄ ဦး ၅ ဦးလောက်က လေယာဉ် ပေါ်တက်လာပြီး အလီရှာဟီကို ဖမ်းခေါ်သွားခဲ့တယ်လို့ ခရီးသည် တဦးက ပြောတာကို ကနေဒါ သတင်းဌာနတခုဖြစ်တဲ့ စီဘီစီက ရေးထားပါတယ်။ 

အဖမ်းခံလိုက်ရတဲ့ အလီ ရှာဟီရဲ့ ဖခင်ကပြောတာမှာတော့ သူ့သားဟာ စိတ်ဝေဒနာ ခံစားနေရသူ ဖြစ် တယ်လို့ ပြောထားပါတယ်။ 

“လေယာဉ်ပေါ်မှာ ဖြစ် ပျက်ခဲ့တာအတွက် ကျနော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် အလီ့ မှာ အမှား မရှိခဲ့ပါဘူး။ ကျနော်ကတော့ ရဲနဲ့ ကျန်းမာရေးစနစ်ကိုပဲ အပြစ်တင်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် အတွင်း ၂၃ ကြိမ်ထက်မက ကျနော်တို့ ရဲကို ခေါ်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူတို့က ကျနော်တို့ကို ဘာမှ မကူညီခဲ့ဘူး။ ကျနော့်သားကိုလည်း ဘာမှ ကူညီမှု မပေးခဲ့ဘူး”လို့ အလီ ရှာဟီရဲ့ ဖခင်က ပြောပါတယ်။ 

လေယာဉ်ပေါ်ပါတဲ့ ကလေး ၂ ယောက်ရဲ့ မိခင် Sharon Ramsay က ပြောတာမှာတော့ လေယာဉ်ပေါ်ကို ရဲတွေက ဝင်စီး တော့ အရမ်းကြောက်သွားခဲ့တာတဲ့။ ရဲတွေက ခေါင်းတွေ ငုံ့၊ လက်တွေမြှောက်ထားလို့ 
အော်ပြီး သေနတ်တွေနဲ့ ဝင်လာ တော့ ကလေး ၂ ယောက်နဲ့ သူ လည်း အရမ်းကြောက်စိတ်ဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။ ဖမ်းတာစီးတာ လုပ်တော့ သူလည်း ငိုနေခဲ့တယ်တဲ့။ 

အလီရှာဟီကို ဖမ်းဆီးပြီးနောက် လေယာဉ်ပေါ်မှာက ခရီးသည် ၁၈ဝ ကျော် ပါတဲ့ ကနေဒါ လေယာဉ်စီး ခရီးသည်တွေ လည်း နည်းနည်း အေးအေးဆေးဆေး ပြန်ဖြစ်သွားတဲ့အခါ ပနားမားကို အေးအေးချမ်းချမ်း ပျံသန်းသွားခဲ့ပါတယ်။ 

ဒီသတင်းမှာထူးခြားတာက လေယာဉ်ပေါ်ကို စိတ်ဝေဒနာသည်လို့ ဆိုသူကို တက်ဖမ်းစဉ်မှာ ခေါင်းတွေ ငုံ့၊ လက်တွေ မြှောက်ထားလို့ သေနတ်တွေနဲ့ ထိုးချိန်ပြီး အော်ဝင်လာတဲ့ ဗီဒီယိုကလစ်ထွက်ပေါ်လာခဲ့တာ ပါဘဲ။ 

ခေတ်ကာလ အခြေအနေမှာ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါစေ လူတွေက သက်သေ အထောက်အထားဖြစ်လာစေမယ့် ရုပ်သံမှတ်တမ်းတွေကို စမတ် တယ်လီဖုန်းတွေနဲ့ အလွယ်တကူ မှတ်တမ်း လုပ်ထားနိုင်ကြတာပါဘဲ။ 

http://www.youtube.com/watch?v=TqA8hkaOEwc#t=11
http://www.youtube.com/watch?v=MRY_EhzWSR8

ဧရာဝတီ
သောကြာနေ့က ကနေဒါ နိုင်ငံ တိုရန်တိုမှာ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် ခရီးသည်တဦး
ဖြစ်တဲ့ ကနေဒါ လူငယ် ဖမ်းဆီးခံလိုက်ပါတယ်။ သူ့ကို လေယာဉ် ပေါ်မှာ ခြိမ်းခြောက်မှုလုပ်တဲ့ ကိစ္စအတွက် လည်း တရားစွဲဆိုခံရမှာဖြစ်ပါတယ်။

ကနေဒါ နိုင်ငံ တိုရန်တို လေဆိပ်ကနေ ပနားမားကို ဦးတည်ပျံသန်းတဲ့ ကနေဒါ လေယာဉ် Flight 772 ပေါ် မှာ ခရီးသည် တဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကနေဒါ နိုင်ငံသား အလီရှာဟီက ခြိမ်းခြောက်ခဲ့လို့ ဝေဟင်မှာ F 16 တိုက် လေယာဉ် ၂ စင်း က လိုက်ပါ လုံခြုံရေးယူပြီး တိုရန်တိုက Pearson လေဆိပ်ကို အရေးပေါ် ဆင်းခဲ့ရတာပါ။

ဆိုင်ကယ်ဦးထုပ် မဆောင်း၍ ဖမ်းသည်ကို မကျေနပ်သဖြင့် ရဲကိုဓားဖြင့်ခုတ်

ကလေးဝမြို့နယ်တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသဖြင့် အရေးယူသည်ကို မကျေနပ်၍ ဖမ်းဆီးဒဏ်ရိုက်ခဲ့သော ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်သားအား ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း က လေးဝမြို့နယ် ရဲစခန်းမှသတင်းရရှိသည်။

ဇူလိုင် ၂၀ ရက် ည ၁၀ နာရီ ခွဲတွင် ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ တာဝန်ကျသော ရဲဒုတပ်ကြပ်ဇော်မျိုးထိုက်သည် ဒေါ်ပြုံး ထမင်းဆိုင်တွင် ထမင်းကြော်ဝယ် စဉ် ကလေးဝမြို့ အမှတ်(၁)ရပ်ကွက်နေ အောင်ဖြိုးကိုက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသော ဓားမဖြင့်ခုတ်ခဲ့ခြင်း ဖြစ်သည်။

2014 Miss Myanmar Universe မှာ Body အလှဆုံးဆုရသွားသူ ယွန်းမှီမှီကျော်ရဲ့ အလန်းဓာတ်ပုံများ

Waist No:16- Yoon Mhi Mhi Kyaw with people choice award

အမေရိကန်နိုင်ငံမှာ ဆံပင်ညှပ်မလား

Photo: အမေရိကန်နိုင်ငံမှာ ဆံပင်ညှပ်မလား
Sunday, July 27, 2014

အမေရိကန်၊ ဇူလိုင် ၂၅- အမေရိကန် နိုင်ငံမှာရှိတဲ့ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်ရဲ့ နောက်ဆုံးပေါ် ဆံပင်ပုံစံဒီဇိုင်းပါ။

အဆိုပါဆံပင်ညှပ်ဆိုင်ကို လာ ရောက် ဆံပင်ဒီဇိုင်း ပုံဖော်သူများအတွက် ဆန်းသစ်တဲ့ ပုံစံတစ်ခုအနေနဲ့ ကမ္ဘာ့နာ မည်ကြီးပုဂ္ဂိုလ်တွေရဲ့ မျက်နှာသွင်ပြင်ကို ဦးခေါင်းမှာ ပန်းချီရေးဆွဲကာ ဆံပင်ဒီဇိုင်း ညှပ် ပုံဖော်ပေးနေတယ်လို့ သိရပါတယ်။

ဆံပင်ညှပ်ဆရာလည်းဖြစ် ဆံပင်ပန်းချီဆရာတစ်ဦးလည်း ဖြစ်တဲ့ Rob Ferrell ဟာ သူ့ရဲ့ဆိုင်ကို လာရောက် ဆံပင်ညှပ်တဲ့သူတွေအတွက် နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့မျက်နှာကို ဆံပင်ဒီဇိုင်းပုံ ဖော်ပေးနေပါတယ်။Rob Ferrell ရဲ့ ဆံပင်ဒီဇိုင်း ပုံစံရေးဆွဲတဲ့နည်းကတော့ သူဟာ မျက်ခုံးမွေးဆွဲတဲ့ (Eye Liner)ကို အသုံးပြုကာ သူ့ရဲ့ဆိုင်ကို လာရောက် ဆံပင်ညှပ်တဲ့သူတွေရဲ့ ဦးခေါင်းပေါ်မှာ ပန်းချီရေးဆွဲလို့ အမေရိကန်နိုင်ငံရဲ့ ရိုး ရာသင်တုန်းဓားနဲ့ ဆံပင်ဒီဇိုင်း ပုံဖော်ပေး ပါတယ်။

Rob Ferrell ရဲ့ ဆံပင်ညှပ် ဆိုင်လေးကတော့ အမေရိကန်နိုင်ငံရဲ့ မြို့များမှာ လူသိများနေတယ်လို့ သိရပါ တယ်။ သူ့ရဲ့ဆိုင်ကို လာရောက် ဆံပင် ဒီဇိုင်းပုံဖော်တဲ့သူတွေကတော့ အများ အားဖြင့် နယ်လ်ဆင်မင်ဒဲလားရုပ် မျက် နှာ၊ ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ရဲ့ မျက်နှာကို ဆံပင်ဦးခေါင်းတွင် ပန်းချီရေး ဆွဲ ဒီဇိုင်းပုံဖော်နေကြပါတယ်။

ဒါတင်မကသေးပါ။ အမေရိ ကန်သမ္မတ အိုဘားမားရဲ့ မျက်နှာကိုလည်း သူတို့ရဲ့ဦးခေါင်းလေးမှာ ပန်းချီဒီဇိုင်းရေး ဆွဲလို့ ဆံပင်ပုံဖော်ခဲ့ပါတယ်။
Rob Ferrell ဟာ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့မျက်နှာကို ဆံပင်ဒီဇိုင်း ပုံ ဖော်ရုံသာမက သူ့ရဲ့ဒီဇိုင်း ကိုယ်ပိုင်စိတ် ကူးဒီဇိုင်းကိုပါ ရေးဆွဲကာ ဆံပင်ပုံဖော် ပေးတယ်လို့ သိရပါတယ်။ 

Yangon Media Group
အမေရိကန်၊ ဇူလိုင် ၂၅- အမေရိကန် နိုင်ငံမှာရှိတဲ့ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်ရဲ့ နောက်ဆုံးပေါ် ဆံပင်ပုံစံဒီဇိုင်းပါ။

အဆိုပါဆံပင်ညှပ်ဆိုင်ကို လာ ရောက် ဆံပင်ဒီဇိုင်း ပုံဖော်သူများအတွက် ဆန်းသစ်တဲ့ ပုံစံတစ်ခုအနေနဲ့ ကမ္ဘာ့နာ မည်ကြီးပုဂ္ဂိုလ်တွေရဲ့ မျက်နှာသွင်ပြင်ကို ဦးခေါင်းမှာ ပန်းချီရေးဆွဲကာ ဆံပင်ဒီဇိုင်း ညှပ် ပုံဖော်ပေးနေတယ်လို့ သိရပါတယ်။

ဖိုးနစ်မြို့က အင်အားပြင်းသဲမုန်တိုင်းသဘာဝအလှ

Photo: ဖိုးနစ်မြို့က အင်အားပြင်းသဲမုန်တိုင်းသဘာဝအလှ
Sunday, July 27, 2014

အရီဇိုးနား၊ ဇူလိုင် ၂၄- အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖိုးနစ်မြို့မှာ တိုက် ခိုက်ခဲ့တဲ့ သဲမုန်တိုင်းတိုက်ခိုက်စဉ် ရိုက်ကူးထားခဲ့တဲ့ပုံပါ။

Haboob အမည်ရှိ သဲမုန်တိုင်း တိုက်ခိုက်မှုကြောင့် ဖိုးနစ်မြို့မှာ အိမ်ပေါင်း ထောင်နဲ့ချီပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့ရသလို ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ လေကြောင်း လိုင်းတွေလည်း ခရီးစဉ် နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။

ဖိုးနစ်မြို့မှာ တစ်နှစ်ကို Haboob
သဲမုန်တိုင်း တစ်ကြိမ်မှ သုံးကြိမ်အထိ တိုက်ခိုက်လေ့ရှိပေမယ့် ဒီတစ်ကြိမ်ကတော့ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံဆရာ မိုက်အိုဘင်စကီကတော့ ယင်းအင်အားပြင်း သဲမုန်တိုင်းတစ်ခုကို သဘာ ဝအလှတရားမြင်ကွင်းအသွင် ပြောင်းသွားအောင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး နိုင်ခဲ့ ပါတယ်။

Yangon Media Group
အရီဇိုးနား၊ ဇူလိုင် ၂၄- အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖိုးနစ်မြို့မှာ တိုက် ခိုက်ခဲ့တဲ့ သဲမုန်တိုင်းတိုက်ခိုက်စဉ် ရိုက်ကူးထားခဲ့တဲ့ ပုံပါ။

Haboob အမည်ရှိ သဲမုန်တိုင်း တိုက်ခိုက်မှုကြောင့် ဖိုးနစ်မြို့မှာ အိမ်ပေါင်း ထောင်နဲ့ချီပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့ရသလို ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ လေကြောင်း လိုင်းတွေလည်း ခရီးစဉ် နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။

၄၃၆ နှင့် ၂၀၁၅

ဒီမိုကရေစီ ပီပြင်လာဖို့ ၄၃၆ ကို ပြင်ရမယ်ဆိုတဲ့ အချက်ကိုမူအားဖြင့် ( တပ်မတော် အပါအဝင် )အင်အားစု အားလုံးက လက်ခံပြီးဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘယ်အချိန်မှာ ပြင်ရင်နိုင်ငံတည်ဆောက်ရေး အတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတဲ့အချက်ပေါ်မှာ အယူအဆတွေ ကွဲပြားနေကြခြင်းသာဖြစ်ပါတယ်။
ဒါပေမယ့် ၄၃၆ ပြင်ဆင်နိုင်လိုက်တာနဲ့ဒီမိုကရေစီ ရပြီလို့ ပြောရင်လည်းလက်တွေ့ သိပ်မကျတဲ့ကိစ္စဖြစ်ပါလိမ့်မယ်။ Transitional Period ကို
မဖြစ်မနေ ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။နောက်တစ်ခါ ပြင်ဆင်ရေးနဲ့ပတ်သက်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ရလဒ်များကိုလည်းမဖြစ်မနေထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။လောလောဆယ်မှာ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေဖြစ်အောင်ချက်ချင်းပြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။

ကွန်ဒုံးဖြင့်ပြုလုပ်သော အမျိုးသမီးဝတ်ဂါဝန်ဒီဇိုင်း

“တော်လှန်ရေး” စကားလုံးကြောင့် အပစ်ရပ်မူကြမ်းဆွေးနွေးမှုတွင် တိုင်းရင်းသားအဖွဲ့များကြား အငြင်းပွားနေ

Photo: “တော်လှန်ရေး” စကားလုံးကြောင့် အပစ်ရပ်မူကြမ်းဆွေးနွေးမှုတွင် တိုင်းရင်းသားအဖွဲ့များကြား အငြင်းပွားနေ
Sunday, July 27, 2014

လိုင်ဇာ၊ မဇ္ဈိမ။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် “တော်လှန်ရေး” ဟူသည့် စကားလုံး သုံးနှုန်းမည်၊ ပယ်ဖျက်မည်ကို တိုင်းရင်းသားအဖွဲ့များကြား ဆုံးဖြတ်ချက် ချနိုင်ခြင်းမရှိသေးကြောင်း လိုင်ဇာထိပ်သီးအစည်းအဝေး ပထမနေ့အပြီး တက်ရောက်လာသည့် တိုင်းရင်းသား ခါင်းဆောင်များက ပြောသည်။
အခန်း ၇ ခန်းပါ အပစ်ရပ်မူကြမ်းကို ဆွေးနွေးသည့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက်က NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ပထမနေ့တွင် အချိန်ယူဆွေးနွေးခဲ့သော်လည်း သဘောထားတစ်ခုတည်းမရသည့်အတွက် ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။
NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ခုမှ ခေါင်းဆောင်ကိုယ်စားလှယ် ၈၉ဦး တက်ရောက်ဆွေးနွေး သည့် ယင်းအစည်းအဝေးတွင် “ထည့်ကိုထည့်ရမယ် ဆိုတဲ့ အဖွဲ့တွေကတော့ အင်မတန်မှ အားကောင်းမောင်းသန် ဆွေးနွေးကြတယ်” NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက အစည်းအဝေးအပြီးတွင် ပြောသည်။
သို့သော် “တော်လှန်ရေး” ဟူသည့် စကားလုံးမထည့်ရန် အဖွဲ့အစည်း ၄ခုက ဆွေးနွေးသလို သဘောထားမပေး သေးသည့် အဖွဲ့များလည်း ရှိနေသည်ဟု ၎င်းကဆိုသည်။ သို့သော် မည်သည့် အဖွဲ့များက မထည့်လိုသည်ကို ထုတ်ဖော်ပြောဆိုသေးခြင်း မရှိသေးပေ။
အစိုးရဘက်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့” ဟု သုံးနှုန်းလိုပြီး တိုင်းရင်းသားများဘက်က “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့” ဟူ၍ သုံးနှုန်းလိုခြင်းဖြစ်သည်။
“တိုင်းရင်းသားတွေကတော့ ထည့်ချင်တယ်။ ဒါ ဂုဏ်သိက္ခာပေါ့။ ဟိုဘက်ကလည်း မေတ္တာရပ်ခံတာ မထည့်ပါ နဲ့ပေါ့။ နိုင်ငံတစ်ကာမှာ မျက်နှာပြဖို့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ထို့ကြောင့် အဆိုပါ “တော်လှန်ရေး” ဟူသည့် စကားလုံးကို ထည့်မည်၊ မထည့်မည်ကို NCCT ခေါင်းဆောင် ၁၆ ဦးဖြင့် ဇူလိုင် ၂၄ ရက်က ဖွဲ့ထားသည့် ဦးဆောင်ကော်မတီက ဇူလိုင် ၂၅ရက် ညတွင်ပင် လိုင်ဇာဟိုတယ်၌ စည်းဝေးဆုံးဖြတ်မည်ဖြစ်သည်။
“ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ဒီည နည်းလမ်းရှာမယ်” ဟု နိုင်ဟံသာက ပြောသည်။
အဆိုရနှင့် သဘောထားကွဲနေသည့် အဆိုပါ စကားလုံးမှာ “လက်နက်ကိုင်အင်အားစုတွေရဲ့ သိက္ခာ အပေါ်မှာ အများကြီးမူတည်တယ်” ဟုလည်း နိုင်ဟံသာက မှတ်ချက်ပြုသည်။
ကျင်းပဆဲလွှတ်တော်တွင်လည်း တိုင်းရင်းသား လွှတ်တော်အမတ်တစ်ဦး၏ လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဟု သုံးနှုန်းခဲ့ခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ထိုသို့ မသုံးနှုန်းရန် သတိပေးခဲ့သေးသည်။
ယင်းစကားလုံးကို မထည့်ပါက “ဆွေးနွေးတာ ပိုလွယ်သွားမှာပေါ့။ ဟိုဘက်ကလည်း မထည့်ဖို့ ခနခန ပြောနေတယ်လေ” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။
၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နေကြသည့် တိုင်းရင်းသားလူငယ်များ ကိုင်စွဲထားသည့် လက်နက်များအစား တစ်ကိုယ်ရေသုံး ကွန်ပျူတာ(Laptop) များကိုသာ ကိုင်ဆောင်အသုံးပြုစေရန် ဆန္ဒရှိသည်ဟု သမ္မတဦးသိန်းစိန်က သူ၏အိပ်မက်ကို ထုတ်ဖော် ပြောဆိုထားသည်။
သို့သော် ဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ကျော်လာသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်မည့် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်အဖော်နိုင်ခြင်းမရှိသေးပေ။

MizzimaDaily
Myanmar Military News
လိုင်ဇာ၊ မဇ္ဈိမ။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် “တော်လှန်ရေး” ဟူသည့် စကားလုံး သုံးနှုန်းမည်၊ ပယ်ဖျက်မည်ကို တိုင်းရင်းသားအဖွဲ့များကြား ဆုံးဖြတ်ချက် ချနိုင်ခြင်းမရှိသေးကြောင်း လိုင်ဇာထိပ်သီးအစည်းအဝေး ပထမနေ့အပြီး တက်ရောက်လာသည့် တိုင်းရင်းသား ခါင်းဆောင်များက ပြောသည်။
အခန်း ၇ ခန်းပါ အပစ်ရပ်မူကြမ်းကို ဆွေးနွေးသည့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက်က NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ပထမနေ့တွင် အချိန်ယူဆွေးနွေးခဲ့သော်လည်း သဘောထားတစ်ခုတည်းမရသည့်အတွက် ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

ဆန်းစစ်မှုများအောက်က မြန်မာသူဌေးကြီး ဦးတေဇ


ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ်တွင်တွေ့ရသည့် ဦးတေဇ(ဓာတ်ပုံ − ဦးတေဇဖေ့စ်ဘွတ်ခ်)

ICC ဖလားပြိုင်ပွဲ မန်ယူနိုင်ပွဲဆက်၊ ရီးရဲလ်ရှုံး

Photo: ICC ဖလားပြိုင်ပွဲ မန်ယူနိုင်ပွဲဆက်၊ ရီးရဲလ်ရှုံး
Sunday, July 27, 2014

အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ် ဒန်းဗားမြို့တွင် ကျင်းပနေသော နိုင်ငံတကာချန်ပီယံများဖလား (ICC) ပြိုင်ပွဲတွင် မန်ချက်စတာယူနိုက်တက်က အီတလီမှ ရိုးမားကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ICC ဖလား အဖွင့်ပွဲတွင် ရွန်းနေက နှစ်ဂိုးသွင်းယူခဲ့ပြီး ကွင်းလယ်လူ မာတာက ၃၉ မိနစ်တွင် မန်ယူအတွက် ဒုတိယဂိုးကိုသွင်းယူခဲ့သည်။ နည်းပြသစ်လက်ထက် ခြေစမ်းပွဲများတွင် မေဂျာလိဂ်ထိပ်သီး အယ်လ်ဂလက်ဇီကို ခုနစ်ဂိုးပြတ် အနိုင်ရပြီးနောက် နှစ်ပွဲဆက် အနိုင်ရခြင်းဖြစ်သည်။
ပထမပိုင်းမှာပင် သုံးဂိုးဖြင့် ဦးဆောင်နေသော မန်ယူကို ရိုးမားက ဒုတိယပိုင်းတွင် ပန်ဂျာနစ်နှင့် တော့တီတို့၏ ချေပဂိုးများဖြင့် ဖိအားပေးခဲ့သော်လည်း မန်ယူက အနိုင်ရလဒ်ထိန်းကစားသွားနိုင်ခဲ့သည်။

ICC ဖလားပွဲ၏ အခြားပွဲစဉ်တွင် အင်တာမီလန်နှင့် ရီးရဲလ်တို့ တစ်ဂိုးစီဖြင့် သရေကျနေခဲ့၍ ပင်နယ်တီကန်သွင်းခဲ့ရာ အင်တာမီလန်က ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဂါးရက်ဘေးလ်၏ ပွဲချိန်ဆယ်မိနစ် အဖွင့်ဂိုးကို အင်တာဘက်မှ မော်ရို အီကာဒီက ၆၉ မိနစ်တွင် ပင်နယ်တီဖြင့် ပြန်ချေပခဲ့သည်။ ပင်နယ်တီကန်သွင်းရာတွင် အင်တာမီလန်က အနိုင်ရခဲ့ခြင်းဖြစ်သည်။

နယူးယောက်မြို့ Red Bull ကွင်း၌ ခြေစမ်းပွဲကစားသော အာဆင်နယ်နှင့် New York Red Bulls တို့ပွဲတွင် အာဆင်နယ်မှာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲအတွက် အနိုင်ဂိုးကို နယူးယောက် ရက်ဘူး တိုက်စစ်မှူး ရိုက်ဖိလစ်က ၃၂ မိနစ်တွင် သွင်းယူခဲ့သည်။

ပရီးမီးယားလိဂ် စပါးအသင်းနှင့် Chicago Fire အသင်းတို့ ခြေစမ်းပွဲတွင် စပါးက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။ စပါးအတွက် အနိုင်ဂိုးများကို ဟယ်ရီကိန်းနှင့် လန်နွန်တို့က ၂၅ မိနစ်နှင့် မိနစ် ၃၀ တွင် သွင်းယူခဲ့ကြသည်။
Ref : Goal

7 Day Daily
အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ် ဒန်းဗားမြို့တွင် ကျင်းပနေသော နိုင်ငံတကာချန်ပီယံများဖလား (ICC) ပြိုင်ပွဲတွင် မန်ချက်စတာယူနိုက်တက်က အီတလီမှ ရိုးမားကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ICC ဖလား အဖွင့်ပွဲတွင် ရွန်းနေက နှစ်ဂိုးသွင်းယူခဲ့ပြီး ကွင်းလယ်လူ မာတာက ၃၉ မိနစ်တွင် မန်ယူအတွက် ဒုတိယဂိုးကိုသွင်းယူခဲ့သည်။ နည်းပြသစ်လက်ထက် ခြေစမ်းပွဲများတွင် မေဂျာလိဂ်ထိပ်သီး အယ်လ်ဂလက်ဇီကို ခုနစ်ဂိုးပြတ် အနိုင်ရပြီးနောက် နှစ်ပွဲဆက် အနိုင်ရခြင်းဖြစ်သည်။

လိုင်ဇာညီလာခံ ဒုတိယနေ့၌ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အခန်း(၄)အထိ ဆွေးနွေးနိုင်ခဲ့ပြီး ကျန်နေသည့် အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များတွင် အစိုးရနှင့် NCCTတို့အကြား ကွဲလွဲချက်များစွာရှိနေ

လိုင်ဇာညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်များကို ဆွေးနွေးလျက်ရှိရာ ဇူလိုင် ၂၆ ရက်က ပြုလုပ်ခဲ့သည့် ညီလာခံဒုတိယနေ့တွင် မူကြမ်းပါ အခန်း(၄)အထိ ပြီးဆုံးအောင် ဆွေးနွေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် အခန်း(၅)နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များတွင် အစိုးရနှင့် NCCT တို့အကြား ကွဲလွဲချက်များစွာရှိနေ၍ အချိန်ယူ ဆွေးနွေးရမည်ဟု NCCT အဖွဲ့ထံမှ သိရ သည်။

လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဖော်ပြခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များကို ဖိနှိပ်နေမည်ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲသည် စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်လာမည်မဟုတ်ကြောင်း ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီ ပြောကြား

လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဖော်ပြခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များကို ဖိနှိပ်နေမည်ဆိုပါ က ၂ဝ၁၅ ရွေးကောက်ပွဲသည် စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်း(င်)ဟီးလီက ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြုအလှမယ် သျှားထွဋ်အိန္ဒြာအား ရွေးချယ်

 Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၄ နှစ်အတွင်း ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲကို ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။ အဆိုပါရွေးချယ်ပွဲတွင် Miss Universe Myanmar ဆန်ခါတင် အလှမယ် ၂ဝ ဦးထဲမှအဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကဲဖြတ်ဒိုင်လူကြီးများအဖြစ် မစ္စဆရီမန်၊ မစ္စတာဆာရောင်း၊ ဒေါ်ကလျာပြည့်ဝေလျှံ၊ ဒေါက်တာအိသန္တာကျော်၊ အကယ်ဒမီရန်အောင်၊ မိုးဟေကိုတို့က ပါဝင်ဆောင်ရွက်ခဲ့သည်။ မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်ပွဲတွင် ယခုနှစ်၏ Theme ဖြစ်သော ကချင်ပြည်နယ်နှင့် ပတ်သက်သည့် ရှုခင်းများတေးသီချင်းများဖြင့် တင်ဆက်ခဲ့သည်။ Miss Universe Myanmar ပြိုင်ပွဲကို ဒီဇိုင်းစိုင်းလတ် ဖန်တီးချုပ်လုပ်ထားသော ကချင်ဝတ်စုံများဖြင့် ပြိုင်ပွဲဝင် ၂ဝ ဦးက ဝတ်ဆင်ကာ စတင်ဖွင့်လှစ်ခဲ့သည်။

အကောက်ခွန်မဲ့ ပစ္စည်း ဆယ်ရက်အတွင်း ကျပ်သန်း ၁၈၀ ကျော်ဖိုး ဖမ်းမိ

ရန်ကုန်-အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၊ ဆိပ်ကမ်းနှင့် နိုင်ငံတစ်ဝန်း ရှိ အကောက်ခွန်နယ်မြေအသီး သီးတွင် ၁၀ ရက်အတွင်း ခွင့်ပြု ချက်မပါဘဲ တင်သွင်းလာသည့် အကောက်ခွန်မဲ့ ပစ္စည်း ကျပ် သန်း ၁၈၀ ကျော်ဖိုးအထိ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သတင်းရရှိသည်။

ယခု ဖမ်းဆီးရခဲ့သည့် အ ကောက်ခွန်မဲ့ ပစ္စည်းများမှာ ဇူ လိုင် ၁၀ ရက်မှ ၂၀ ရက်အတွင်း ဖြစ်ပြီး ကျပ် ၁၈၅ ဒသမ ၈ သန်းဖိုးရှိသည်။

လိုင်ဇာညီလာခံဒုတိယနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် လုပ်ငန်းကော်မတီငါးခုဖွဲ့စည်းနိုင်ရန်ဆွေးနွေး

NCCTထိပ်သီးညီလာခံ ဒုတိယနေ့တွင် တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး စာချုပ်မူ ကြမ်းမှ အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သည့် အခန်းလေးခန်း လုံးကိုဆွေးနွေးပြီးစီးခဲ့ပြီးလုပ်ငန်း ကော်မတီငါးခုဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ညီလာခံဒုတိယနေ့ကို တံခါး ပိတ်ဆွေးနွေးခဲ့ပြီးအခန်း(၂)ဦး တည်ချက်နှင့် ရည်ရွယ်ချက်များ အခန်း(၃)အပစ်အခတ်/ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စ ရပ်များအခန်း(၄)အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်းကို ဆွေးနွေးပြီးစီးခဲ့ခြင်းဖြစ်သည်

စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံတွင် ပါဝင်နေခြင်း ယနေ့ ဆွေးနွေးအဖြေရှာမည်

မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံစာရင်း ၀င်ခြင်း အဖြေရှာမည့် ဆွေးနွေးပွဲ ယနေ့ (ဇူလိုင် ၂၇ ရက်) တွင် မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သမ္မ တရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးဝင်း မြင့်တို့ တက်ရောက်ကြမည်ဖြစ် ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများလည်း တက် ရောက်မည်ဖြစ်ကြောင်း ကုန် သည်စက်မှုအသင်းချုပ် ဗဟိုအ လုပ်အမှုဆောင်တစ်ဦးက ပြော သည်။

အပစ်ရပ်လက်မှတ် တကွဲတပြားထိုးပါက အန္တရာယ်များကြောင်း ကေအင်န်ယူ ဥက္ကဋ္ဌပြော

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရာတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် တကွဲ တပြားစီ လက်မှတ်ရေးထိုးပါက အန္တရာယ်များကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး က ပြောကြားလိုက်သည်။

ကရင်အမျိုးသားအစည်းအ ရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဇူလိုင် ၂၆ ရက် လိုင်ဇာညီလာခံဒုတိယနေ့တွင် အဖွင့်မိန့်ခွန်း ပြောကြားစဉ် အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားလိုက်ခြင်းဖြစ်သည်။

အမုန်းစကားများ တားမြစ်ရေး သီးခြားဥပဒေပြဋ္ဌာန်းရန် မစ္စရန်ဟီလီ တိုက်တွန်း

ခွဲခြားဆက်ဆံမှု၊ရန်လို မှု၊ အကြမ်းဖက်မှုများဖြစ်ပွားစေ ပြီး တရားဥပဒေနှင့်မညီသည့်အ ပြုအမူများ ဖြစ်စေတတ်သော အမျိုးသားရေး၊ လူမျိုးရေး၊ ဘာ သာရေးအမုန်းတရားများ လှုံ့ ဆော်ပေးနေခြင်းကိုတားမြစ်ကန့် သတ်ရန် တိုက်တွန်းကြောင်း ကု လသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့် အရေးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီက ပြောကြားသည်။

မစ္စရန်ဟီလီသည် မြန်မာ နိုင်ငံမှ မထွက်ခွာမီ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

Hunger Game တွင် သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး မြန်မာပြည်အနှံ့ ခရီးဆန့်

Photo: Hunger Game တွင် သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး မြန်မာပြည်အနှံ့ ခရီးဆန့်
Sunday, July 27, 2014

နာမည်ကျော် ဟောလိ ၀ုဒ်ရုပ်ရှင် Hunger Game တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး ဂျီနာမယ်လုန်း သည် မြန်မာနိုင်ငံရှိ အထင် ကရနေရာများသို့ လာရောက် လည်ပတ်သွားခဲ့ပြီး ၎င်း၏ မြန်မာ နိုင်ငံ ခရီးသွားအတွေ့အကြုံများ ကို ဖေ့စ်ဘွတ်ခ်နှင့် အခြားလူမှု ကွန်ရက်တွင် ဝေမျှခဲ့ သည်။

မင်းသမီး ဂျီနာမယ်လုန်း သည် Hunger Game ၏ ဒုတိယ ဇာတ်လမ်းဖြစ်သည့် Catching Fire ရုပ်ရှင်ဇာတ်ကားတွင် Johanna Mason အဖြစ် မင်းသ မီးချော ဂျနီဖာလောရန့်စ်နှင့်အတူ သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ဇူလိုင် ၁၉ ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပုဂံ၊ အင်း လေး၊ ကလောအစရှိသည့် ဒေသ များရှိ ကျေးရွာများမှာ ဘုန်းတော် ကြီးကျောင်းများအထိ သွားရောက် လေ့လာသွားသည်။ ခရီးစဉ်တစ်ခု ချင်းစီအလိုက် ၎င်းတွေ့ကြုံရ သည့် ဒေသခံများ၏ ဓလေ့စရိုက်များ၊ ခရီး သွားအတွေ့အကြုံများ၊ စိတ်လှုပ်ရှားဖွယ်ရာများကို ဓာတ်ပုံများနှင့်တကွ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှထားသည်ကို တွေ့ရသည်။

ယခု သတင်းရေးသားနေ သည့် မိနစ်ပိုင်းအတွင်းမှာပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပုဂံဘုရားတစ်ဆူ၌ ပို့စ်ကတ် များရောင်းချသည့် ကလေးငယ် များ၏ ချစ်ခင်စရာကောင်းသည့် အပြုအမူများနှင့်ပတ်သက်သည့် ဓာတ်ပုံတစ်ပုံနှင့်အတူ ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ရ သည်။

‘‘ကျွန်မကို ဒီဘုရားနဲ့ပတ် သက်ပြီး ရှင်းပြချင်နေတဲ့ ကလေး မလေးနှစ်ယောက်ကို တွေ့တယ်။ သူတို့က ကျွန်မကိုပြောတယ်။ သူ တို့ရှင်းပြတာ ကောင်းတယ်လို့ ထင်မှ သူတို့ကို မုန့်ဖိုးပေးပါဆိုပြီး တော့’’ ဟု ၎င်းတွေ့ကြုံရသည့် ကလေးငယ်များအကြောင်းကို ထည့်သွင်းရေးသားခဲ့သည်။

ထို့အပြင် ၎င်း၏ ဖေ့စ် ဘွတ်ခ်တွင် ရန်ကုန်မြို့သို့ စတင် ရောက်ရှိသည့် ဇူလိုင် ၁၉ ရက်မှ စတင်၍ ၎င်းရောက်ရှိနေသည့် ဒေသများမှ ဓာတ်ပုံပေါင်း ၂၀ နီး ပါးခန့် ဝေမျှခဲ့သည်။ ယင်းဓာတ်ပုံ များနှင့်အတူ မြန်မာနိုင်ငံအ ကြောင်းများ ရေးသားထားသည် ကို ကမ္ဘာတစ်ဝန်းမှ ၎င်း၏ ပရိ သတ်များက စိတ်ဝင်တစား ရှိခဲ့ ကြသည်။

၎င်း၏ ခရီးစဉ်နှင့်ပတ်သက် ၍ မည်သည့် ခရီးသွားအေဂျင်စီ နှင့် လာရောက်ပြီး ရက်ပေါင်း မည်မျှနေထိုင်ခဲ့သည်ကို မသိရှိရ ဘဲ ခရီးစဉ်တစ်လျှောက်တွင် ၎င်း အား ကူညီပေးခဲ့သည့် ဧည့်လမ်း ညွှန်အမျိုးသမီးတစ်ဦးနှင့် တွဲရိုက် ထားသည့် ဓာတ်ပုံတစ်ပုံကိုသာ ၎င်း၏ စာမျက်နှာတွင် တွေ့ရသည်။

Hunger Game မင်းသမီးအား ၎င်း၏ဧည့်လမ်းညွှန်နှင့်တွေ့ရစဉ်
7Day Daily
နာမည်ကျော် ဟောလိ ၀ုဒ်ရုပ်ရှင် Hunger Game တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး ဂျီနာမယ်လုန်း သည် မြန်မာနိုင်ငံရှိ အထင် ကရနေရာများသို့ လာရောက် လည်ပတ်သွားခဲ့ပြီး ၎င်း၏ မြန်မာ နိုင်ငံ ခရီးသွားအတွေ့အကြုံများ ကို ဖေ့စ်ဘွတ်ခ်နှင့် အခြားလူမှု ကွန်ရက်တွင် ဝေမျှခဲ့ သည်။

အိန္ဒိယက ခေါင်းကြီးတဲ့ ကလေး ခေါင်းပြန်သေး

 ပြီးခဲ့တဲ့ ယခုလို အချိန်ကာလမှာ ကမ္ဘာ့ လူသိများသွားတဲ့ ကလေးငယ် တစ်ဦး ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ ၃ နှစ် အရွယ် သမီး အိန္ဒိယက Roona Begum ပဲ ဖြစ်ပါတယ်။ Hydrocephalus လို့ခေါ်တဲ့ ဦးနှောက်ထဲ ရေ၀င် တဲ့ ရောဂါ ဝေ ဒနာ ခံစား ရပြီး ကမ္ဘာ့ အကြီးဆုံး ခေါင်း 
ပိုင်ဆိုင်သူ တစ်ဦး ဖြစ်လာ ပါတယ်။