Thursday 14 November 2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် တစ်ပြိုင်တည်း ဆွေးနွေး ရခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင် ပြီးမြောက်စေမည်ဟု UNFC ထောက်ပြ

တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လုံးကို တညီတညွတ်တည်း တစ်ပြိုင်တည်း တွေ့ဆုံ ဆွေးနွေး ရခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးအဆင့်ဆင့် အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အောင်မြင်ပြီးမြောက်စေမည့် အခွင့်အလမ်းဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC က နိုဝင်ဘာ ၁၂ ရက် က သဘောထား ထုတ်ပြန်ချက်ဖြင့် ထောက်ပြခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိ

အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦးပါ (OIC) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက စီးပွားရေးအတွက် များစွာ အရေးကြီးသော်လည်း ပြန့်ကျဲနေသည့် SMEs များကို စာရင်းကောက်ယူရာတွင် အခက်အခဲများရှိနေ

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး တိုင်းပြည်စီးပွားရေးအတွက် များစွာ အရေးကြီးသော်လည်း ပြန့်ကျဲနေသည့ှ်SMEs များကို စာရင်းကောက်ယူရာတွင် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

ပုဒ်မ ၁၈ ပြင်ဆင်ရေး ဥပဒေကြမ်းဆွေးနွေးဖို့ လွှတ်တော်အတည်ပြု

Photo: ပုဒ်မ ၁၈ ပြင်ဆင်ရေး ဥပဒေကြမ်းဆွေးနွေးဖို့ လွှတ်တော်အတည်ပြု 
Thursday, November 14, 2013

 ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

မူလဥပဒေမှာ ဆန္ဒပြဖို့အတွက် ခွင့်ပြုမိန့်တောင်းခံရမယ်လို့ဆိုထားပြီး အခုမူကြမ်းမှာ အသိပေးအကြောင်းကြားဖို့သာ ရှိတော့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုမူကြမ်းမှာ ပြစ်ဒဏ်သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ဒီနေ့ ပြည်သူလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမယ်ဆိုလို့ရှိရင် အများဆုံး ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ဒဏ်ငွေကျပ် ၃ သောင်းအထိဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရမယ်လို့ ပြဌာန်းထားပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် ပုဒ်မ ၁၈ ဟာ အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံတော်ရဲ့ အခွင့်အရေကို ပြန်လည်ထိန်းချုပ်ထားကြောင်း တွေ့ရပါတယ်၊ အုပ်ချုပ်ရေးမှူး၊ ရဲမှူးတို့ကလည်းပဲ ဥပဒေအထက်ကို ရောက်နေတဲ့သဘော ဖြစ်နေပါတယ်၊ ပုဒ်မ ၁၈ ကို ခွင့်ပြုမိန့်တောင်းခံခြင်းအစား အသိပေးအကြောင်းကြား တင်ပြခြင်းဆိုတဲ့ စကားရပ်နဲ့၎င်း ပြစ်ဒဏ်သတ်မှတ်ချက်နှစ်ခု ပယ်ဖျက်ခြင်းဖြင့်၎င်း ဥပဒေကြမ်းမှာ ရေးသားတင်သွင်းထားပါတယ်

အဲ့ဒီပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကျယ်ကျယ်ပြန်ပြန့်ဆွေးနွေးပြီးတဲ့အခါ ကောင်းမွန်မျှတတဲ့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာမှာဖြစ်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

လက်ရှိတည်ဆဲဥပဒေ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားအရေး လှုပ်ရှားကြသူ ရာဂဏန်းနီးပါးအထိ ရှိနေတယ်လို့သိရပါတယ်။

RFA Burmese
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

ဧရာဝတီမြစ်ကမ်းဘေး ကျူးကျော်သူများ SEA Games မတိုင်မီ ရှင်းလင်းမည်

Photo: ဧရာဝတီမြစ်ကမ်းဘေး ကျူးကျော်သူများ SEA Games မတိုင်မီ ရှင်းလင်းမည်
Thursday, November 14, 2013

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဧရာဝတီမြစ်ကမ်း နံဘေးရှိ ကျူးကျော်နေထိုင်သူ များကို အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (SEA Games) မတိုင်မီ ဒီဇင်ဘာလ ဒုတိယပတ် အတွင်း ရှင်းလင်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ရွှေ့တဲ့သူကလည်း ရွှေ့ပြီးသွား ကြပါပြီ။ ကျန်တဲ့သူတွေကို ဆီးဂိမ်းပွဲ မတိုင်မီ အပြီး ရှင်းလင်းသွားမှာပါ။ ဒီကြားထဲမှာ ဒုတိယအကြိမ် သတိပေးစာ ပို့ဖို့လည်း ရှိပါတယ်။ ဒဏ်ရိုက် အရေးယူတာတော့ မရှိသေးပါဘူး" ဟု ၄င်းကဆိုသည်။

အဆိုပါ ကျူးကျော်နေထိုင်သူ များကို အောက်တိုဘာလ အတွင်းက ရွှေ့ပြောင်းပေးရန် သတိပေး အကြောင်းကြားစာများ ပို့ထားပြီး ပြောင်းရွှေ့ရန် ကျန်ရှိသူများကို အောက်တိုဘာ လကုန်တွင် ရှင်းလင်းသွားရန် စီစဉ်ထားသော်လည်း ရက်ရွှေ့ဆိုင်း လိုက်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"စည်ပင်က စာပို့ထားတော့ တော်တော်များများတော့ ပြောင်းပြီးသွားကြပြီ။ ဈေးဆိုင်တွေနဲ့ ကုန်တင်ကုန်ချ ဂိတ်လေးတွေပဲ ကျန်တော့တယ်။ ဈေးဆိုင်လေးတွေ ကတော့ ပြောင်းပေးဖို့ အဆင် မပြေနိုင်ဘူး။ မော်တော်ဆိပ် ရှိနေသရွေ့တော့ အဲဒါကို အမှီပြုပြီး စီးပွားရှာရတာ ဆိုတော့လေ။ စည်ပင်က လာရှင်းတဲ့ အချိန်ကျရင်တော့ ပြောကြည့်ရမှာပဲ" ဟု ဧရာဝတီ မြစ်ကမ်းဘေးရှိ ချမ်းအေးသာစံ မြို့နယ်တွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးကဆိုသည်။

အဆိုပါ ကျူးကျော်နေထိုင်သူ အများစုမှာ ကျပန်းအလုပ်သမားများ ဖြစ်ပြီး ယင်းနေရာတွင် နေထိုင်နေသည်မှာ နှစ်ပေါင်း ၃၀ နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ယင်းနေရာတွင် ရှိသော တဲအိမ် အချို့တွင် နေထိုင်သူများမှာ မပြောင်းရွှေ့ဘဲ ဆက်လက် နေထိုင်ခွင့်ပေးရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ အသနားခံစာ တင်ထားကြောင်း ၄င်းတို့ထံမှ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဧရာဝတီမြစ်ကမ်း နံဘေးရှိ ကျူးကျော်နေထိုင်သူ များကို အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (SEA Games) မတိုင်မီ ဒီဇင်ဘာလ ဒုတိယပတ် အတွင်း ရှင်းလင်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ယမန်နှစ်ထက် ဧည့်သည်ဝင်ရောက်မှု များပြား

Photo: တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ယမန်နှစ်ထက် ဧည့်သည်ဝင်ရောက်မှု များပြား 
Thursday, November 14, 2013

နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း ကျင်းပမြဲဖြစ်သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲဖွင့်ပွဲသို့ ယမန်နှစ်ထက် ခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှုမှုများပြားခဲ့ကြောင်း မီးပုံပျံ ကျင်းပရေးကော်မတီ အတွင်းရေးမှူးဦးတင်ဝင်းက ပြောသည်။

““လွတ်လပ်ရေးမရခင်အချိန်ကတည်း ရဲဂတ်တဲပွဲဆိုပြီး ရဲစခန်းမှာ စတင်ကျင်းပဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်း မြို့နယ်ဓမ္မာရုံကို ပြောင်းရွှေ့ပြီး ရှမ်းရိုးရာထင်းရှူးမီးတိုင်တွေလုပ်ပြီး ဘုရားမီးပူဇော်ပွဲတွေ လုပ်တယ်။ နောက်ပိုင်း မီးပုံးပျံအငယ်လေးတွေ လွှတ်တင်ရာက မီးပုံးပျံအကြီးတွေ ပြုလုပ်လာခဲ့ခြင်း ဖြစ်ပါတယ်”” ဟု တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ စတင်ဖြစ်ပေါ်လာပုံကို အတွင်းရေးမှူးက ပြောသည်။
ယခုနှစ် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင် မီးပုံးပျံညလွှတ်မီးကြီး ၆၈ လုံးနှင့် စိန်နားပန်မီးပုံး ၃၄ လုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံ ၃၈၆ လုံး ယှဉ်ပြိုင်မည် ဖြစ်သည်။

မီးပုံးပျံကွင်း လုံခြုံရေးကို ယခင်နှစ်များထက် တိုးမြှင့်ချထားပြီး ကွင်းအနီးပတ်ဝန်းကျင်တွင် မီးသတ်ကားကိုးစီး ချထားကြောင်း ယမ်းခွေစိစစ်ရေးအဖွဲ့ မီးသတ်မှ ဒုတပ်ရင်းမှူးဦးတင့်ဆွေက ဆိုသည်။
ပြိုင်ပွဲဝင် မီးပုံးပျံများအနက် ပထမဆုမှ ပဉ္စမဆုအထိ ဆုရွေးချယ်ပေးအပ်ပြီး ပထမဆုရသည့်အဖွဲ့အား ကျပ် ၄၅ သိန်း၊ ဒုတိယသိန်း ၄၀ နှင့် တတိယ ၃၅ သိန်း စသဖြင့် သတ်မှတ်၍ ဆုများပေးသည်။ စိန်နားပန်မီးပုံးပျံများကို ပထမဆုအနေဖြင့် ၁၅ သိန်း မှ စတင်၍ ပဉ္စမဆု ၆ သိန်းအထိ ပေးခြင်းများရှိသည်ဟု ပွဲကော်မတီမှ ထုတ်ပြန်သည်။

 7DAY DAILY
နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း ကျင်းပမြဲဖြစ်သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲဖွင့်ပွဲသို့ ယမန်နှစ်ထက် ခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှုမှုများပြားခဲ့ကြောင်း မီးပုံပျံ ကျင်းပရေးကော်မတီ အတွင်းရေးမှူးဦးတင်ဝင်းက ပြောသည်။

မန္တလေးမြို့အနီး ဧရာဝတီမြစ်တွင်း ကုန်တင်မော်တော်တစ်စင်း မီးလောင်မှု တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ


မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ် အတွင်းတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ကုန်တင်မော်တော်ငယ် တစ်စင်းမီးလောင်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန နှင့် ယင်းဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင် နေသူများထံမှ သိရှိရသည်။

စီတန်းလှည့်လည်ခွင့် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် လက်ခံ

Photo: စီတန်းလှည့်လည်ခွင့် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် လက်ခံ 
 Thursday, November 14, 2013

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအစေးမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေကို ပြင်ဆင်ရေး ဆွေးနွေးဖို့ အဆိုပြုခဲ့တာကို လက်ခံလိုက်ပါတယ်။

အခုလို ဆွေးနွေးဖို့ လက်ခံလိုက်တဲ့အတွက် ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့နေရာမှာ အဓိက အသုံးပြုနေတဲ့ ပုဒ်မ ၁၈ ဟာ အခုလောက် မပြင်းထန်တော့ဘဲ ပျော့ပြောင်းသွားနိုင်တယ်လို့ မျှော်လင့်လာကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံသားအခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက အပြင်းအထန် ဝေဖန်နေတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်ရေး တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ပုဒ်မ ၁၈ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြဌာန်းထားရာ ရောက်တဲ့ အတွက် ဖျက်သိမ်းပေးပါလို့ တောင်းဆိုချက်ကို လိုက်လျော စဉ်းစားပြီးတဲ့ အခါကျတော့ ဒါကို လွှတ်တော်မှာ ကော်မတီက တင်ပါဆိုပြီးတော့ သဘောတူခဲ့တာပေါ့။ အဲဒီလို သဘောတူလိုက်တဲ့အခါမှာ ဦးဝင်းမြင့်အနေနဲ့ လည်း သူပြောလိုတဲ့ တင်ပြလိုတဲ့ ကိစ္စတွေ တင်ပြနိုင်အောင်ဆိုပြီးတော့ ဦးဝင်းမြင့်ကိုလည်း ထောက်ခံတဲ့လူအဖြစ်နဲ့ သတ်မှတ်ပေးလိုက်တယ်။ အဲဒီတော့ ဦးဝင်းမြင့် ကလည်း သူပြောလိုတဲ့ကိစ္စတွေ ပြောနိုင်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီအဆိုကတော့ လွှတ်တော်ထဲမှာ အောင်မြင်သွားတယ်ပေါ့။ အောင်မြင်သွားတဲ့ အခါကျတော့ ကျနော်တို့က ဆွေးနွေးတဲ့ အခါမှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေက မိမိကောင်းတယ်လို့ ထင်မြင်ယူဆတဲ့အတိုင်း ပြင်ဆင် ချက်တွေ တင်သွင်းနိုင်ပါသေးတယ်။”

အဲဒီအဆိုကို တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီရဲ့ ဥက္ကဌ သူရဦးအောင်ကို က တင်ပြခဲ့တာဖြစ် ပါတယ်။ အခုလို တင်ပြမှုကို လွှတ်တော်က လက်ခံလိုက်ပေမဲ့ အခုလွှတ်တော် ဟာ လာမယ့် ၂ ရက်မှာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် ရှေ့လာမယ့် လွှတ်တော်အစည်းအဝေး ရောက်မှသာ ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့လည်း ဦးရဲထွန်း က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို တဘက်မှာ ပြန်လွှတ်ပေးနေချိန်မှာ ပုဒ်မ ၁၈ ကြောင့် ထောင်တွေထဲကို နိုင်ငံရေး အကျဉ်းသားတွေ ထပ်ထပ်ပြီးရောက်နေ လို့ ဒီဥပဒေကို ဖျက်သိမ်းဖို့အတွက် တောင်းဆိုလာကြတာပါ။

ဒီဥပဒေကိုသာ လွှတ်တော်က ပြင်ဆင်ပြီးသွားရင် ပုဒ်မ ၁၈ နဲ့ အရေးယူတာတွေဟာ အခုလောက်ထိ မပြင်းထန်တော့ဘဲ အနည်းငယ်တော့ ပျော့ပျောင်းသွားနိုင်လိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးရဲထွန်း က ပြောပါတယ်။

“ပုဒ်မ ၁၈ က ပျော့သွားနိုင်တာပေါ့။ သူတို့ဆီက ခွင့်ပြုချက်ရမှ ဆန္ဒပြတာမျိုး မဟုတ်တော့ဘဲနဲ့ ပုဒ်မ ၁၈ ခွင့်ပြုချက် ရမှဆိုတာထက် ကျနော်တို့က ဘယ်နှစ်နာရီ ကြိုပြီးတော့ အကြောင်းကြားရမည် ဆိုတာမျိုးပေါ့နော်။ စည်းကမ်းသတ်မှတ် ထားချက်တွေတော့ လိုက်နာရမှာပေါ့လေ။ အဲဒါတွေနဲ့အညီ ဆန္ဒပြမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုပြီးတော့ ဘယ်နှစ်နာရီ ကြိုစောပြီးတော့ ကျနော်တို့ တင်ပါဆိုတာမျိုး၊ အဲဒါမျိုး ဖြစ်လာနိုင်တာပေါ့။”

ငြိမ်းချမ်းစွာ စုဝေးခွင်နဲ့ စည်တမ်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေရဲ့ နည်းဥပဒေ ပုဒ်မ ၁၈ မှာ ဆန္ဒထုတ်မယ့် ပြည်သူတွေဟာ မိမိတို့ ဆန္ဒထုတ်ဖော်မယ့် အကြောင်းအရာ နေ့၊ ရက်နဲ့ အချိန်တွေကို တစ်ပတ် ကြိုတင်ပြီးတော့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ တင်ပြရမယ်ဆိုပြီးတော့ ပြဌာန်းထားခဲ့တာပါ။

အဲဒီပြဌာန်းချက်ကို မလိုက်နာတဲ့သူတွေကို ဆန္ဒထုတ်ဖော်တဲ့ နယ်မြေရဲစခန်းတွေက ပုဒ်မ ၁၈ ကို အသုံးပြုပြီး တရားဆွဲဆိုနိုင်တယ်ဆိုပြီးတော့ ဥပဒေမှာ ပါရှိတာပါ။ ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတမ်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြဌာန်းအပြီးမှာပဲ နောက်ဆက်တွဲ နည်းဥပဒေ ထွက်ရှိခဲ့တာပါ။ နည်းဥပဒေ ထွက်ရှိပြီး ဒီကနေ့ထိ ပုဒ်မ ၁၈ ကို ချိုးဖောက်တယ်ဆိုပြီးတော့ ပြည်တွင်းက တက်ကြွ လှုပ်ရှားသူတွေကို အမှုဖွင့် အရေးယူတာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၀ နီးပါးလောက် ရှိထာပြီလို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မခင်ဥမ္မာ က ပြောပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ လွှတ်တော်အစည်းအဝေးမှာ နောာက်ထပ် ထင်ရှားတဲ့ ကိစ္စတခုကတော့ လက်ရှိ ငွေစက္ကူတွေကို ထုတ်တဲ့နေရာမှာ ခြင်္သေ့ပုံတွေ သုံးနေတာထက် ထင်ရှားတဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တွေရဲ့ ပုံတွေကို ပြောင်းလဲ သုံးဖို့ တင်ပြတဲ့ အဆိုကိုလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒုဥက္ကဌ ဖြစ်တဲ့  ဒေါ်ခင်စောဦး က နောက်ပိုင်းမှ အသစ်ထုတ်မယ့် ငွေစက္ကူတွေမှာ နိုင်ငံရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေကို ရိုက်နှိပ်မယ်ဆိုပြီးတော့လည်း လွှတ်တော်မှာ ကတိပေးသွားခဲ့တယ်လို့လည်း အဲဒီအဆိုကို တင်ပြခဲ့တဲ့ အဆိုရှင် ဦးသိန်းညွှန် က ပြောပါတယ်။

“နိုင်ငံတကာမှာ ငွေစက္ကူအသီးသီး ထုတ်တဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ ပုံတွေရော၊ တခြားဟာတွေရော ဒါတွေကို သူရှင်းပြပြီးတော့ အပိတ်မှာတော့ နောက်ထပ် ငွေစက္ကူ ထုတ်တဲ့အခါမှာ ထင်ရှားတဲ့ ခေါင်းဆောင်များ၊ အဲဒါကို နံပတ်တစ် ဦးစားပေးပြီးတော့ ပြောသွားတာပေါ့ဗျာ။”

ကြာသာပတေးနေ့မှာတော့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဆက်ကျင်းပဖို့ရှိပြီးတော့ လာမယ့် သောကြာနေ့မှာတော့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး အဲဒီ ၂ ရက်ပြီးရင်တော့ ၈ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပြီးဆုံးတော့မှာဖြစ်ပါတယ်။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအစေးမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေကို ပြင်ဆင်ရေး ဆွေးနွေးဖို့ အဆိုပြုခဲ့တာကို လက်ခံလိုက်ပါတယ်။

ဟိုင်ယန်လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ

Photo: ဟိုင်ယန်လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ 
Thursday, November 14, 2013

ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်လေမုန်တိုင်းဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေးနှိုးဆော်လိုက်တာဘဲလို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြားလိုက်ပါတယ်။

ဒီနှစ်ဟာ ကမ္ဘာမှာ စံချိန်တင်ရတဲ့ ထိပ်ဆုံးက အပူဆုံးနှစ်တွေ စာရင်းထဲကို ဝင်လာနေပြီလို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။

မနှစ်က အမေရိကန်ပြည်ထောင်စုတဝန်းမှာ စံချိန်တင် ပူခဲ့ပြီး ဒီနှစ် သြစတြေးလျနိုင်ငံမှာ အပူချိန်က စံချိန်တင်ခဲ့တယ်၊ ဒီနှစ်တွေဟာ ၁၉၉၈ခုနှစ်နောက်ပိုင်း ကမ္ဘာမှာ အပူဆုံးနှစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၈ ခုနှစ်နောက်ပိုင်း အအေးဆုံးဆိုတဲ့ နှစ်တွေတောင် ၁၉၉၈ခုနှစ်မတိုင်ခင်က အပူဆုံးဆိုတဲ့ နှစ်တွေ ထက် ပိုပူလာနေတယ်လို့ ပြောပါတယ်။

အရင်က မိုးလေဝသအခြေအနေတွေဟာ မျှမျှတတရှိနေခဲ့ပေမယ့် အခုနောက်ပိုင်း အရင်ကထက် ပိုပူလာနေတာကြောင့် သိပ္ပံပညာရှင်တွေက ဒါဟာ သဘာဝအတိုင်း ရာသီဥတုပြောင်းလဲလာမှု မဟုတ်တော့ဘူးလို့ ယူဆကြပါတယ်။

ဆိုင်ကလုန်းလေမုန်တိုင်း တခု ဖြစ်ပေါ်လာတာဟာ ရာသီဥတုပြောင်းလဲမှုနဲ့ တိုက်ရိုက် မပတ်သက်နိုင်ပေမယ့် ရာသီဥတုပူနွေးလာတာကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေဟာ ပင်လယ်ကမ်းခြေအနီး နေထိုင်သူတွေကို ပိုပြီး ထိခိုက်စေတာကို တွေ့နေရတယ်လို့ ကမ္ဘာမိုးလေဝသအဖွဲ့အကြီးအကဲ မိုင်ကယ် ဂျရတ်က ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မုန်တိုင်းတွေ ပိုပြီး မကြာခဏဖြစ်လာသလားဆိုတာ အသေအချာ မပြောနိုင်ပေမယ့် မုန်တိုင်းတွေကို ပိုပြီး ပြင်းထန်လာစေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

အခုလို သတိပေးချက်ကို လစ်လျူမရှုသင့်ဘူးလို့ ကမ္ဘာ့ ဘဏ်ဥက္ကဌ ကင်ရုံကင်က ပြောခဲ့ပြီး ဟိုင်ယန်လို ပြင်းအား အဆင့် ၅ ရှိတဲ့ လေမုန်တိုင်းမျိုးတွေ အရင်က တသက်မှာ တခါသာ တိုက်လေ့ရှိခဲ့ပေမယ့် အခုတော့ တလထဲတင် ဒေသတခုတည်း ၂ ခါတိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်လေ မုန်တိုင်း ဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေးနှိုးဆော်လိုက်တာဘဲလို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြားလိုက်ပါတယ်။

မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ

မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါ တွင် နိုင်ငံ့ခေါင်းဆောင် များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

O.14-11
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ငွေစက္ကူများ၌ အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၌ နိုဝင်ဘာ ၁၃ ရက်က လာရောက် ရှင်းလင်းစဉ်
နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ရှိမည့်ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် နိုင်ငံရေး ပါတီများနှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံမည်

အမေမရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် နိုင်ငံရေးပါတီများနှင့် ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်း ချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန(MPC)၌ နိုဝင်ဘာ ၁၄ ရက်(ယနေ့)တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါ တွင် နိုင် ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

O.14-11
နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ရှိမည့်ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။