Sunday 3 March 2013

ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် လျာထားငွေ မူလအတိုင်းအတည်ပြု


တနင်္ဂနွေနေ့၊ မတ်လ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လျာထားငွေကို မူလအတိုင်း အတည်ပြုလိုက်ကြောင်း မတ်လ ၁ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်ပုံမှန် အစည်းအဝေးမှ သိရသည်။

မအူပင် ပလောင်ရွာ တွင် ၁၄၄ ပြန်လည် ရုပ်သိမ်း



ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၊ ပလောင်ကျေးရွာ ရှိ ဒေသခံလယ်သမားများ နှင့် ရဲတပ်ဖွဲ့ဝင်တို့ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အော့ချက်စ် ငါးမွေးကန် တွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပုဒ်မ- ၁၄၄ ထုတ်ပြန်ထားခြင်းကို မတ်လ ၂ ရက်နေ့ ည ၇ နာရီ တွင် ပြန်လည် ရုပ်သိမ်း ခဲ့ကြောင်း မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအေးသောင်းက ပြောကြားသည်။