Friday 18 December 2015

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေး Police Commad Centre နှင့် ချိတ်ဆက်စောင့်ကြည့်နိုင်

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေးကို ၂၄ နာရီ စောင့်ကြည့်နိုင်ရန် CCTV ကင်မ ရာများတပ်ဆင်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ Police Commad Centre မှ ချိတ်ဆက် စောင့်ကြည့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် လုံခြုံရေး၊ မှုခင်းဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို အရေးယူဆောင်ရွက်နိုင်ရေး နိုဝင်ဘာ တတိယပတ်ခန့်မှစတင် ၍ CCTV ကင်မရာအလုံး ၄၀ ခန့် တပ်ဆင်ပြီးစောင့်ကြည့်အရေးယူ နေပြီဖြစ်သည်။

ယခုနှစ်အတွင်း ကမ္ဘာတလွှားတွင် ရွှေ့ပြောင်းဒုက္ခသည် သန်း ၆၀ ကျော်ထိ ရှိလာ

ဂရိနှင့် မက်စီဒိုးနီးယား နယ်နိမိတ်အနီးတွင် တွေ့ရှိရသည့် ဆီးရီးယား ဒုက္ခသည်များ။
ကမ္ဘာတလွှားမှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းဒုက္ခသည်ဦးရေသည် ယခုနှစ်တွင် စံချိန်တင် ပမာဏအဖြစ် သန်း ၆၀ ကျော်မျှထိ မြင့်တက်လာကြောင်း သိရသည်။
ဆီးရီးယား ပြည်တွင်းစစ်နှင့် အခြားသော ပဋိပက္ခ အရှုပ်အထွေးများက ဒုက္ခသည်နှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ အရေအတွက် သိသိသာသာ မြင့်တက်လာစေသည့် အဓိက အကြောင်းရင်းအဖြစ် ကုလသမဂ္ဂက ဆိုသည်။

အွန်လိုင်းဝန်ဆောင်မှုများအတွက် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့ Alibaba ကုမ္ပဏီနှင့်ပူးပေါင်း

ကမ္ဘာ့အကြီးဆုံး အွန် လိုင်းအရောင်းအ၀ယ် ၀က်ဘ် ဆိုက်များထဲမှ တစ်ခုဖြစ်သည့် Alibaba.com ကုမ္ပဏီသည် Infinity Global Solution ကုမ္ပဏီ နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိစီးပွား ရေးလုပ်ငန်းများ၊ ၎င်းတို့၏ ထုတ် ကုန်များကို နိုင်ငံတကာနှင့် ပြည် တွင်းဈေးကွက်တွင် အွန်လိုင်းပေါ် မှ ရောင်းချပေးနိုင်ရန် ၀န်ဆောင် မှုပေးမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

‘‘Alibaba ရဲ့ဝန်ဆောင်မှု အားလုံးကို ပြည်တွင်းက လုပ်ငန်း တွေနဲ့ ၀ယ်ယူသူတွေ အသုံးပြုနိုင် ဖို့အတွက် လိုအပ်တဲ့ သင်ကြားမှု တွေနဲ့ လမ်းညွှန်မှုတွေကို ပြုလုပ် ပေးသွားမှာဖြစ်ပါတယ်။ ဥပမာ Alibaba.com မှာ Gold Supplier အဖွဲ့ဝင်ရင် ဘယ်လိုလုပ်မလဲ၊ အဲဒီက ဘာတွေအကျိုးကျေးဇူးရနိုင် လဲဆိုတာတွေပေါ့’’ဟု Infinity Global Solution ကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာ ဦးဖြိုးဝေသောင်း စိန်ကပြောသည်။

စင်မြင့်ထက်ချော်လဲပေမယ့် ဟန်မပျက်ဆက်လျှောက်ခဲ့တဲ့ မေဘရဏီသော်ကို ပြည်တွင်းပြည်ပပရိသတ်များ ချီးကျူး

မယ်စကြ၀ဠာ ၂၀၁၅ အကြိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် မေဘရဏီသော်သည် ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်ရာတွင် ခြေချော်လဲကျခဲ့သော်လည်း ပြိုင်ပွဲ၌ ဟန်မပျက်ဆက်လျှောက်ခဲ့သောကြောင့် ပရိသတ်များက ချီးကျူးခဲ့ကြသည်။

ယင်းယှဉ်ပြိုင်မှုအစီအစဉ် ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့၌ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီးမယ်စကြ၀ဠာ ၂၀၁၅ အလှမယ်များက ပြိုင်ပွဲဝင်ဝတ်စုံသုံးစုံဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ဝန်ထမ်းတစ်ဦး အင်ဂျင်ထဲညပ်ပြီး သေဆုံးမှုအတွက် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်မှူးများကို ပျံသန်းခွင့် ဆိုင်းငံ့

စက်မှုဆိုင်ရာ ဝန်ထမ်းတစ်ဦး လေယာဉ်အင်ဂျင်ထဲ ညပ်ပြီး သေဆုံးခဲ့မှုအတွက် အဆိုပါ လေယာဉ်မှ လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့ကို အိန္ဒိယလေကြောင်းလိုင်းက ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။
မွမ်ဘိုင်းတွင် အိန္ဒိယလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် AI619 လေယာဉ်ရပ်နားထားစဉ် ဒီဇင်ဘာ ၁၆ ရက်က လေယာဉ်ကို ရုတ်တရက် စက်နှိုးလိုက်ခြင်းကြောင့် အနီးရှိ ဝန်ထမ်းကို လေယာဉ်အင်ဂျင်က စုပ်ယူသွားပြီး ဝန်ထမ်း သေဆုံးသွားခြင်း ဖြစ်သည်။

အသက်လေးဆယ်ကျော် အမျိုးသမီးတွေ စတိုင်ကျစေဖို့

အသက်အရွယ်ကြီးလာလေလေ စတိုင်ကျဖို့အတွက် အခွင့်အရေးနည်းသွားလေလို့တွေး နေသူတွေအတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စားပုံလေးဖြစ်အောင် ပြင်ဆင်လို့ရတယ်ဆိုတာ သိထားရအောင် အကြံပြုချင်ပါတယ်။ရောင်စုံလည်ဆွဲများအသုံးပြုခြင်း - အသက်အရွယ်ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက်အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။

ဓားဘုရင်၏ စက္ကူပေါ်ကအနုပညာ

ပုံအကတ်လိုက်ထဲမှ မိမိလို ချင်သောရုပ်ပုံလေးတစ်ခု ချော ချောမောမောထွက်လာစေရန် ဓား၊ ကတ်ကြေး စသည်တို့ကို အသုံးပြု၍ မည်မျှအားထုတ်ရ ကြောင်း လုပ်ဖူးကြသူတိုင်း သိပါ လိမ့်မည်။ မလိုအပ်သည့်ဘေး သားစက္ကူများကို ခက်ခက်ခဲခဲ ညှပ်ထုတ်ပစ်ရသည်။ တစ်ခါတစ် ရံများ လက်လွန်ပြီး ကိုယ်လိုချင် သည့် ရုပ်ပုံအသားကို ညှပ်မိလှီးမိ လျှင်တော့ တောက်တခေါက် ခေါက်ဖြင့် စိတ်ပင်ပန်းစွာခံစားမှုရပြန်သည်။

ကလေးငယ်တစ်ယောက် မဆွဲတတ်ဆွဲတတ် ဆွဲထားသောနေဝင်ချိန်ပန်းချီကားက ဒီနိုင်ငံတွင် ပြခန်းအတွင်းသို့ရောက်သွား နိုင်သောအခွင့်အရေးရှိပါသည်။ သို့သော် ရုပ်ပုံစက္ကူထိုင်ညှပ်နေ သည့် ကလေးကတော့ အမှိုက်ဖွသည်၊ ဖျက်လိုဖျက်ဆီးလုပ်သည်ဟူ၍ ခေါင်းခေါက်ခံထိမှာတော့ကျိန်းသေပင်။ သို့သော် ကမ္ဘာ၏တစ်ဖက်ခြမ်းတွင်တော့ ထိုစာ ရွက်ညှပ်သည့် အလုပ်က ဒေါ်လာ သန်းနှင့်ချီဝင်ငွေရှိသော လွန်စွာ လက်ဝင်လှသည့်အနုပညာအဖြစ်ခေတ်စား၍နေသည်။ ထိုအရာကို Paper Art စာရွက်ညှပ်ခြင်းအနုပညာဟုခေါ်သည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒီချုပ်နှင့် ကော်မတီဖွဲ့စည်းမည်

ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ ကော်မတီတစ်ရပ်ဖွဲ့စည်း မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဒီဇင်ဘာ ၁၇ ရက်က နေ ပြည်တော်ပြည်သူ့လွှတ်တော်တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူညီစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တွေ့ဆုံခဲ့သည်။

ဝန်ကြီးဌာနများ ပူးပေါင်းမည်ဖြစ်သော်လည်း ၀န်ထမ်းများကို မဖြုတ်ဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁၇ ရက်က လွှတ်တော်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ− NLD Chairperson)
အစိုးရအဖွဲ့သစ် တွင် ၀န်ကြီးဌာနအချို့ ပူးပေါင်း မည်ဖြစ်သော်လည်း ၀န်ထမ်းများ ကို ဖြုတ်ထုတ်သတ်လမ်းစဉ် ကျင့်သုံးမည် မဟုတ်ကြောင်း ရွေး ကောက်ပွဲ အနိုင်ရပါတီ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်သဖြင့် ပြင်ဦးလွင်ပန်းပွဲတော်တွင် ထိုင်းနှင့်တရုတ်မှ ပန်းမျိုးစိတ် ၆၀ခန့် မှာယူအသုံးပြုခဲ့ရ


အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ပြသထားသော ပန်းများ (ဓာတ်ပုံ-ချမ်းဇော်အောင်)
ယခုနှစ် ပြင်ဦးလွင်ပန်းပွဲတော်တွင် ပန်းအစစ်များဖြင့် ပြသရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံမှ ပန်းမျိုးစိတ် ၆၀ခန့်မှာယူကာ အပင်အရေ အတွက် တစ်သိန်းလေးသောင်း ကျော်အသုံးပြုပြသထားကြောင်း ပြင်ဦးလွင်ပန်းပွဲတော်စီစဉ်သူမှ သတင်းရရှိသည်။

တံတားဦးလေဆိပ်နှင့် မန္တလေးမြို့တွင်းသို့ မီနီဘတ်စ်များ စတင်ပြေးဆွဲ

မန္တလေးတံတားဦးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးမြို့တွင်းသို့ ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ မီနီဘတ်စ်များ ပြေးဆွဲနေကြောင်း သတင်းရရှိ သည်။