Saturday 23 March 2013

မိတ္တီလာမှာ ဒုက္ခသည် အရေအတွက် ငါးထောင်နီးပါးရှိနေ


2013-03-23

ပြီးခဲ့တဲ့ ၃ ရက်အတွင်း မိတ္တီလာ အဓိကရုဏ်းကြောင့် လူဦးရေ စုစုပေါင်း ၅၀၀၀ နီးပါးလောက်ဟာ အမှတ် (၁) ရဲစခန်း၊ ခရိုင်အားကစားကွင်းနဲ့ အခြေခံပညာရေးကျောင်းတွေမှာ ယာယီ ခိုလှုံ့ခဲ့ကြရပြီး အမှတ် ၁ ရဲစခန်းဝင်းက ဒုက္ခသည် ၁၀၀၀ လောက်ကို ဒီနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ လောက်က အထက ၁ ကျောင်းဝင်းအတွင်းကို စတင်ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။

မိတ္ထီလာ သတင်းများ


မတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ ပဋိပက္ခ့ဖြစ်စဉ်အတွင်း၌ သေဆုံးသူ၃၂ဦးရှိခဲ့ပြီးအကြမ်းဖက်မှုနှင့်မီးလောင်မှု ဖြစ်စဉ် များကြောင့် လက် ရှိအချိန်တွင် ဒုက္ခသည် စုစုပေါင်း ၉၆၀၀ ကျော် ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင် လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၃ရက် ည ၈နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

မမီမကမ်း အပြောင်းအလဲ


(ေဇယ်သူ)

မြန်မာနိုင်ငံ ပြောင်းလဲနေသည်မှာ ၂နှစ်တာ ဆိုသောအချိန်နှင့် ယှဉ်ကြည့်လျှင် အလွန်မြန်သည်။ ကမ္ဘာအနှံ့ အပြောင်းအလဲ များ ကို လေ့လာနေသည့် ကမ္ဘာ့ပညာရှင်များပင် သြချရလောက်အောင် မြန်လွန်းသည့် အပြောင်းအလဲနောက်သို့ မြန်မာနိုင်ငံ၏ စနစ်များ၊ လူများ၊ ဓလေ့များက မမီမကန်း တိုးလို့တွဲလောင်း လိုက်နေရသည်။ နိပါတ်တော်လာ ပုဏ္ဏက ဘီလူး မြင်းစီးဒုန်းစိုင်း သည့်နောက် ဘုရားလောင်း ဝိဓူရအမတ် မြင်းမြီးဆွဲ လိုက်နေရသည့်အသွင်။

စစ်ပွဲပြီးစ မြို့လိုဖြစ်နေ



မတ်လ ၂၃ ရက်၊ ၂၀၁၃

မန္တလေးတိုင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များကို အရေးပေါ် အခြေအနေအဖြစ် မတ်လ ၂၂ ရက်နေ့က ကြေညာလိုက်ပြီးနောက် ယနေ့မနက်တွင် မိတ္ထီလာ တမြို့လုံးတွင် တည်ငြိမ်သည့် အနေအထား ရောက်ရှိလာပြီဟု မြို့ခံများ က ဆိုသည်။

မိတ္ထီလာ မြို့နယ် အတွင်း တည်ငြိမ် အေးချမ်း စေရေး အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိခြင်း


မိတ္ထီလာ မြို့နယ် အတွင်း တည်ငြိမ်အေးချမ်း စေရေးအတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သက်ဆိုင် ရာ ကော်မတီ များအား မတ် (၂၂)ရက်မှ စတင်၍ ဖွဲ့စည်း တာဝန် ပေအပ် ထားကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီများမှာ ဗဟို ကွပ်ကဲမှု အဖွဲ့ကို ဥက္ကဌ အဖြစ် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ အတွင်းရေးမှုး အဖြစ် ပြည် ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် စုစုပေါင်း (၁၀)ဦး ဖြင့် လည်းကောင်း၊ လုံခြုံရေး ကော်မတီကို အမှတ်(၄) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုးမြင့်ထွန်းက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၇)ဦးဖြင့် လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄)ဦးဖြင့် လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး ကော်မတီ 

မိတ္ထီလာ သတင်းများ

မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ ပြန်လည်တည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် မြို့မရပ်ကွက် ဧရာဝတီဘဏ် ၀န်းကျင်နှင့် မြို့နေရာ အချို့တွင် တပ်မတော်မှ လုံခြုံရေး ယူပေးထားသည်ကို တွေ့ရသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး မီးလောင်ကျွမ်းမှုများ မရှိတော့ကြောင်းနှင့် မတ်လ ၂၂ ရက် မွန်းလွဲပိုင်းက မြို့ပေါ်ရပ် ကွက်များနှင့် မြို့နေရာအချို့တွင် မီးလောင်သေဆုံးနေသော လူသေအလောင်း ၁၀ လောင်းဝန်း ကျင် တွေ့ခဲ့ ရကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

" Google Play မြန်မာနိုင်ငံတွင် သုံး၍ရပြီ "




ရန်ကုန်၊မတ်လ ၂၃ ရက်

မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများမျှော်လင့်စောင့်စားနေသော Google Play ကို ယနေ့ နံက်မှ စတင်၍ အသုံးပြု၍ရပြီဖြစ်ကြောင်းသိရသည်။ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ Mr. Eric Schmidt မလာမီ တစ်ရက်အလိုကလည်း Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့်ရခဲ့ပြီးဖြစ်သည်။

မိတ္ထီလာ သတင်းများ

 
 
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့်ခရိုင်အားကစားကွင်း၊အမှတ်(၁)ရဲစခန်းနှင့် ဘုန်းေ တာ် ကြီးကျောင်း များတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦအောင်မင်းနှင့် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာသို့ မနက်ဖြန် တွင် သွားရောက်မည်

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦအောင်မင်းနှင့် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာသို့ မနက်ဖြန် တွင် သွားရောက်မည်ဟု ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုလိုက်သည်။

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်


မိတ္ထီလာ၊မတ်လ ၂၃ ရက်

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်း တွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ်ဆယ်ထောက်ပံရေး လုပ်ငန်းများ ကိုဆောင် ရွက်ရန် သံင်္ယာတော်များ ၊ဒေသအာဏာပိုင်များးနင့် မြိုခံလူမှုရေးအဖွဲအစည်း များ  ဆောင် ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သ တင်းပေး ပို့သည်။

ကမ္ဘာ့မိုးလေ၀သနေ့ (၂၃-၃-၂၀၁၃)


 
 ယနေ့ ၂၃-၃-၂၀၁၃ ရက်နေ့ သည် တစ်ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့မိုးလေ၀သနေ့ ဖြစ်ပါသည်။

နှစ်(၃၀)အတွင်း တနင်္သာရီကမ်းရိုးတန်း၌ ငါးဖမ်းဆီးရရှိမှုနှုန်း(၈)ပုံ (၁)ပုံ ခန့် ကျဆင်း



မြိတ်၊မတ်လ ၂၃ ရက်

တနင်္သာရီကမ်းရိုးတန်းဒေသအတွင်း စည်းကမ်းမဲ့ငါးဖမ်းဆီးမှုများနှင့် နှစ်စဉ် ငါးမဖမ်းရနယ်မြေခွဲဝေ သတ်မှတ် မှု၊ ငါးမဖမ်းရ ရာသီ(closed season, closed area)ကန့်သတ်မှုများကြောင့် ပင် လယ် ပြင် လုံခြုံရေးမရှိဘဲ နှစ်(၃၀) အတွင်း ငါးအထွက်နှုန်းသိသိသာသာလျော့ကျသွားကြောင်း မြန်မာ နိုင်ငံ ငါးလုပ် ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။

သဘောတူညီချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး



လားရှိုး၊ မတ်လ ၂၃ ရက်

တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေ ခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို ရှမ်းနှင့် ကယား ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြသည်။

ရုတ်တရက် ကျရောက်သော တိုနေဒို မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် တွင် လူ ၂၀ ကျော် သေဆုံး

ယခုနှစ် အတွင်း  ပတမ ဆုံး အကြိမ် ရုတ်တရက် ကျရောက်ခဲ့သော တိုနာဒို ( Tornado) မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၂၀  သေဆုံးပြီး အနည်းဆုံး လူ ၂၀၀ ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့သည်။
တိုနာဒို ကျရောက်ပြီးနောက် မြင်ကွင်း။
တိုနာဒို ကျရောက်ပြီးနောက် မြင်ကွင်း။

မိတ္ထီလာ သတင်းများ

(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အား အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း မီးရှို့ခြင်း၊ ဆူပူအကြမ်းဖက်မှုများ မရှိတော့ပဲ ဒေသအခြေအနေ တည်ငြိမ်မှု ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်၍ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် တွင် Eleven Media Group မှ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ဆက် သွယ်မေးမြန်းရာ ဆေးရုံ တာဝန်ရှိသူတစ်ဦးက“မနေ့ညနေ လေးနာရီ စာရင်းပိတ်ပြီး ကတည်းက သေဆုံး၊ ဒဏ်ရာရတဲ့ သူတွေ ဆေး ရုံကို ရောက်ရှိလာခြင်း မရှိတော့ပါဘူး။ ဒဏ်ရာရတဲ့သူ စုစုပေါင်း ၅၀ ကျော်လောက် ရှိပေမယ့် တချို့က ဒဏ်ရာ သက်သာတဲ့အတွက် ဆေးရုံက ပြန်ဆင်းသွားကြပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံမှာ ကျန်ရှိနေတဲ့ ဒဏ်ရာရရှိ သူစုစုပေါင်း ၂၇ ဦး ရှိပါတယ်။ ဆေးရုံကို ရောက်ရှိလာတဲ့ သေဆုံးသူစာရင်းက ၁၀ ဦးပါ” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

မိတ္ထီလာ အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်


မိတ္ထီလာ နံနက်ပိုင်း အခြေအနေများ



ညပိုင်း နန်းတော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုန်းအာင်းနေသူများကို ရှာဖွေကယ်ဆယ်။

မနက် ၆း၀၀နာရီအချိန် စားသောက်စရာရေနှင့်ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသည့်၁၀ဘီးကားများမြို့ထဲ သို့ဝင်ရောက် လာ။