Monday 27 May 2013

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူတူ တွဲကစားခွင့်ရရှိတာဟာ ဂုဏ်ယူ စရာပါ ဟု နေမာပြောကြား

Photo: မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူတူ တွဲကစားခွင့်ရရှိတာဟာ ဂုဏ်ယူ စရာပါ ဟု နေမာပြောကြား
==========================================

ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော ဆန်း တို့စ် အသင်းတိုက်စစ်မှူး နေမာ ကမိမိ အနေဖြင့် ဘာစီလိုနာ အသင်း သို့ပြောင်းရွှေ့ခွင့်ရရှိရန်မှာမိမိ၏ရည်မှန်းချက်တစ်ခုဖြစ်ပြီး မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နှင့်အတူတွဲဖက်ကစားခွင့်ရရှိသည်မှာ ဂုဏ်ယူဖွယ် ကိစ္စ တစ်ခုဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဆန်းတို့အသင်းအတွက် နောက် ဆုံးကစားပေးခဲ့ပြီးနောက် နေမာသည် ငါးနှစ် စာချုပ်ဖြင့် ဘာစီလိုနာ အသင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ “မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူ တွဲဖက်ကစားခွင့် ရရှိတာဟာ ဂုဏ်ယူစရာ ကိစ္စတစ်ခုပါ။ ကျနော့်အနေနဲ့ ဘာစီလိုနာအသင်း မှာကစားခွင့်ရရှိဖို့ကို စိတ်ကူးယဉ်ခဲ့ရပါတယ်။ ဆန်းတို့စ် အသင်းလိုပဲ ဘာစီလိုနာအသင်းဟာ ကျနော့်အတွက်တော့ ဒုတိယအိမ်တစ်ခုဖြစ်လာဖို့မျှော်လင့်မိပါတယ်” ဟု နေမာ ကပြောကြားသွားခဲ့သည်။

Ref:Yatanarpon
ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော ဆန်းတို့စ် အသင်း တိုက်စစ်မှူး နေမာက မိမိအနေဖြင့် ဘာစီလိုနာ အသင်း သို့ပြောင်းရွှေ့ခွင့် ရရှိရန်မှာ မိမိ၏ ရည်မှန်းချက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာ
Re-post By ACM 27-5-2013

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မေ ၂၅ ရက် ညနေပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဇာနည်ဗိမာန်သို့ သွားရောက်ဂါရ၀ ပြုခဲ့သလို ဂျပန်သင်္ချိုင်းသို့လည်း သွားရောက်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အဖွဲ့သည် ဂျပန်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ သီလ၀ါ ဆိပ်ကမ်းသို့လည်း သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးပွဲသို့လည်း တက်ရောက်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၆ ရက်က သမ္မတဦးသိန်းစိန်အား နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယင်းဧည့်ခံပွဲတွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများ ၀တ်ဆင်ရန် ဂျပန်ဒီဇိုင်းပညာရှင် ကိုရှီနိုဂျွန်ကို ရေးဆွဲသည့် အားကစား ၀တ်စုံများကို ဂျပန်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခဲ့သည်။
ထို့နောက် ဂျပန်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မေ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီမှုများနှင့် ပတ်သက်၍ အချက်လေးချက်ပါ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
၁။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ခြင်း
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များ အပါအ၀င် လက်ရှိဆောင်ရွက်ချက်များကို အားသွန်ခွန်စိုက် လုပ်ဆောင်သွားရန် မြန်မာအစိုးရက ထပ်မံအတည်ပြု ပြောကြားသည်။
ပြည်သူများ၊ ပုဂ္ဂလိက ကဏ္ဍတို့၏ အင်အားဖြင့် ပေါင်းစပ်ကာ အဆိုပါ လုပ်ငန်းစဉ်များကို အကူအညီပေးမည့် ဂျပန်အစိုးရ၏ ရည်ရွယ်ချက်ကို ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထပ်လောင်းပြောကြားခဲ့သည်။
၂။ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေး
အခြေခံ အဆောက်အဦ၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေး တည်ဆောက်မှု၊ ကျေးလက်နှင့် တိုင်းရင်းသား လူနည်းစု ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အပါအ၀င် စီးပွားရေးနှင့် လူမှုအရင်းအနှီး တိုးတက်ဖွံ့ဖြိုးမှုသည် မြန်uမာပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာသည့် နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသည့် အကြောင်းအရာများ ဖြစ်သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရေးနှင့် ကြွေးမြီများ ရှင်းလင်းရာတွင် ဂျပန်အစိုးရ အနေဖြင့် ချေးငွေအသစ်များနှင့် ထောက်ပံ့ငွေများပေးရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် ဂျပန်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရအကြား ငွေကြေးလဲလှယ်မှု အနည်းငယ် ပြုလုပ်ခဲ့သည်။
ထို့ပြင် မြန်မာအစိုးရ၏ အင်စတီကျူးရှင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ အရည်အသွေး တည်ဆောက်ရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ချက်များကို အတည်ပြုခဲ့ကြသည်။
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် တစ်ခုကို စောစီးစွာ လက်မှတ်ရေးထိုး နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်ရန်၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်သဘောတူ စာချုပ်ချုပ်ဆိုရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများကို ပိုမိုလုပ်ဆောင်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် သီလ၀ါ အထူးစီးပွားရေးဇုန်ကို တိုးမြှင့်အကောင်အထည် ဖော်ရန်လည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေများ တိုးတက်ကောင်းမွန်လာရန် ဆောင်ရွက်ချက်များကို ဆက်လက်ထိန်းသိမ်းသွားရန် မြန်မာအစိုးရ၏ သဘောဆန္ဒကိုလည်း သမ္မတ ဦးသိန်းစိန်က အတည်ပြု ပြောကြားခဲ့သည်။
၃။နှစ်နိုင်ငံအကြား လူငယ်များ အပြန်အလှန် စေလွှတ်ရေး JENESYS 2.0 
အစီအစဉ်ကိုလည်း လုပ်ဆောင်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ စီးပွားရေး ဆက်ဆံမှုနှင့် မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များနှင့် လာရောက်လည်ပတ် သူများအတွက် ကူညီမှုများ လုပ်ဆောင်ပေးရန် မြန်မာအစိုးရ၏ ရည်ရွယ်ချက်ကို သမ္မတ ဦးသိန်းစိန်က အတည်ပြု ပြောကြားခဲ့သည်။
သမိုင်းအရ ကြာမြင့်ပြီဖြစ်သည့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အားကစားကဏ္ဍ ပူးပေါင်းမြှင့်တင် လုပ်ဆောင်ရန်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် အကူအညီများပေးရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
၎။ နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး
အာရှ-ပိစိဖိတ် ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာအတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရေးအတွက် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးတို့အတွက် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုပြုလုပ်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ အရာရှိများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် စေလွှတ်ရေး များကိုလည်း ပိုမိုလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အထက်ဖော်ပြပါ အကြောင်းအရာများကို တိုးမြှင့်ဆောင်ရွက်မှုအပေါ် မူတည်၍ ဂျပန်အစိုးရက ကြေညာထားသည့် စီမံကိန်း အများအပြားဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမူများ တိုးမြှင့်လုပ်ဆောင်ရာတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပြည်စုံကောင်းမွန်သည့် အကူအညီ စီမံကိန်းများကို လုပ်ဆောင်နေခြင်း သို့မဟုတ် ဂျပန်အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက လုပ်ဆောင်ရန် စဉ်းစားနေခြင်းကို နှစ်နိုင်ငံ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး ပိုမိုပူးပေါင်း ဆောင်ရွက်ရန်လည်း အတည်ပြုခဲ့ကြသည်။
ထို့ပြင် ယခုနှစ်သည် နှစ်(၄၀) မြောက် အာဆီယံ-ဂျပန် မိတ်ဖွဲ့မှု နှစ်လည်းဖြစ်သောကြောင့် ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆောင်ရွက်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြ ပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံနေစဉ် (Photo:AFP)

EMG
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံနေစဉ် (Photo:AFP)
 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန် တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး သောင်တင်နေသော ကားများနှင့် ဒေသခံ လူရာပေါင်းများစွာကို အကူအညီ ပေးရန်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ကားအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးသည် ကားခေါင်မိုးပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့သော်လည်း ကားမှာ ရေစီးနောက် မျောပါခဲ့ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့ သည်။

ထို့အပြင် အသက် ၃ဝ ခန့်ရှိ အခြား အမျိုးသမီး တစ်ဦးသည် ဒေသစံတော် ချိန် နံနက် ၇ နာရီခွဲက ရေဘေးသင့်၍ သေဆုံးခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် မြစ်ရေတက်နေသော မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းနေစဉ် ရေစီးနောက် မျောပါသွားသော ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးနှင့်

http://bit.ly/13XERVS
 အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုး သည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူနှစ်ဦး သေဆုံး ခဲ့ပြီး သောင်

တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်း ၏ အတျိုး

တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။  ကော်ဖီကို ယင်း ကဲ့သို့ သောက် သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။