Saturday 23 August 2014

လန်ဒန်ဆရာတော်က သံဃမဟာနာယကအဖွဲ့အား တရားပြန်စွဲရာတွင် တရားရုံးသုံးခုမှ လက်မခံ၍ ဗြိတိန်အပါအ၀င် နိုင်ငံတကာတရားရုံးများ၌ တရားစွဲမည်

လန်ဒန်ဆရာတော် ဦးဥတ္တရက မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် မတရားတားဆီး ကန့်ကွက်မှုတို့ဖြင့် နိုင်ငံတော်သံဃမဟာနာယကအား ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးတွင် သြဂုတ် ၂၂ ရက်က တရားပြန်ဆွဲရာ လက်မခံခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ လန်ဒန်ဆရာတော်က ပထမဆုံးအကြိမ် တရားစွဲဆိုခဲ့သော်လည်း လက်မခံသောကြောင့် ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ဆက်လက်တရားစွဲဆိုခဲ့ရာ တာမွေတရားရုံးမှလည်း လက်မခံခဲ့ကြောင်း သိရသည်။ “ဒီမြို့နယ်တွေက ဘုန်းကြီးရဲ့ တရားစွဲဆိုတာကို လက်မခံရင် လက်ခံတဲ့တရားရုံးတွေမှာ တရားစွဲဦးမှာပဲ။ နောက်ဆုံးဘုန်းကြီးက International Right ရှိတယ်။ ဗြိတိန်နိုင်ငံ သားဖြစ်တဲ့အတွက် ဒီနိုင်ငံမှာ လက်မခံရင် ဗြိတိန်နိုင်ငံမှာ ပြန်ပြီးတရားစွဲဦးမှာပဲ။ လက်မခံဘူးဆိုတာက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ပေါ်လွင်နေတာပဲ” ဟု ဦးဥတ္တရက မရမ်းကုန်းတရားရုံး၌ တရားစွဲခြင်းအပြီးတွင် မိန့်ကြားသည်။

ကျန်းမာသော လူမှုဝန်းကျင်

“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ယခင်က သတိမမူကြလင့်ကစား ယခုအခါတွင်မူ အလေးအနက် ထားလာကြရပြီဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေက လူမှုအ၀န်းအ၀ိုင်းအတွက် မည်မျှသက်ရောက်နိုင်သည်ကို သတိမပြု၍မရပေ။ ထို့အတူ လူသားစွမ်းရည်၊ လူသားအင်အားကို အသုံးပြုအားထားရသည့် အခြေအနေများတွင် ကျန်းမာရေးသည် အဓိကအခန်းကဏ္ဍတွင် ရှိနေသည်။ ကျန်းမာရေးအတွက် ကောင်းမွန်သော လူမှုဝန်းကျင်ကောင်းရှိရန် လိုအပ်ပါသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က မြို့ပြလူဦးရေပြဿနာကို စီမံခန့်ခွဲနိုင်ရန် တိုးချဲ့မြို့သစ် စီမံကိန်းများကို အစိုးရက မူဝါဒချမှတ် လုပ်ဆောင်ခဲ့သည်။ သို့သော် အမှိုက်နှင့် အညစ်အကြေးစွန့်ပစ်မှု၊ ရေကောင်းရေသန့်ရရှိမှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေး အပါအ၀င် သယ်ယူပို့ဆောင်ရေးကဏ္ဍ စသည်ဖြင့် အခြေခံအဆောက်အအုံပိုင်းများ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်နိုင်မှု နည်းပါးခဲ့သည်။ နောက်ပိုင်းတွင် လူဦးရေအချိုးနှင့် အမှန်တကယ် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စွမ်းအချိုးတို့ ကိုက်ညီခြင်း မရှိတော့ပေ။ ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ၊ ဆေးခန်း စသည့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်မှာ တိုးတက်များပြားလာသော လူဦးရေနှင့် အချိုးကိုက်ညီခြင်း မရှိခဲ့ပေ။ ဤအခြေအနေများနှင့် ပတ်သက်၍ ကျေးလက်ဒေသ ကျန်းမာရေးအခြေအနေနှင့် မြို့ပြဆင်ခြေဖုံးဒေသ နေထိုင်သူများ၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားမှုချင်း တူညီနေကြောင်း သိရသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် လိုအပ်သည့် အစီအမံများ ရေးဆွဲလုပ်ဆောင်သွားမည်ဟု သိရသည်။

ဆံပင်ကျွတ်ခြင်းကို ဟန့်တားနိုင်သော အိမ်တွင်းနည်းလမ်းများ

Photo: ဆံပင်ကျွတ်ခြင်းကို ဟန့်တားနိုင်သော အိမ်တွင်းနည်းလမ်းများ
Saturday, August 23, 2014

သန်စွမ်း တောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လို ကြပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလျတဲ့ ဆံသားတွေက အမျိုးသမီးတွေရဲ့ လှပမှုကို မှေးမှိန်စေ ပါတယ်။ လွယ်ကူတဲ့ အိမ်တွင်းနည်း တချို့နဲ့ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
(၁) သဘာဝ အစားအစာများနှင့် ဆံပင်ကို အားဖြည့်ပါ
အာဟာရဓာတ်ချို့တဲ့တာက ဆံပင် ကျွတ်တာရဲ့ အဓိက အကြောင်းရင်း တစ် ရပ်ပါ။ ဆံသားတွေ သန်စွမ်း ထူထဲဖို့က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက် စွာ စားသုံးဖို့ လိုပါတယ်။ အာဟာရပြည့် စုံတာက ဆံပင်တွေ သန်စွမ်း ထူထဲစေတဲ့ အပြင် ဆံပင် အရောင်ကိုလည်း တောက် ပြောင်လှပစေ ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေ ထဲမှာ အောက်ပါ အစားအစာတွေ ပါဝင်အောင် စားပြီး ဆံပင်ကျွတ် တာကို ကာကွယ်နိုင် ပါတယ်။
မုန်လာဥနီ
ဗီတာမင်အေကို ရရှိပြီး ဦး ရေပြားကို အာဟာရဖြည့်စွမ်းပေးပါတယ်။
ဆယ်လ်မွန်ငါး
အိုမီဂါ-၃ ရရှိပြီး ဆံ သားတွေတောက်ပြောင်လှပစေပါတယ်။
ဆီးသီးခြောက်
သံဓာတ်ကြွယ်ဝပြီး ဆံ သားခြောက်သွေ့တာ၊ ပါးတာနဲ့ ကြမ်းတာ တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
ကျန်းမာစေတဲ့ ဆံသားတွေ သန်စွမ်းစေပါတယ်။
သံဓာတ်ကြွယ်ဝပြီး သကြားမုန်လာ
သံဓာတ်ကြွယ်ဝပြီး ဆံသားတွေကို သန်စွမ်းစေပါတယ်။
အုတ်ဂျုံ
ဇင့်ဓာတ်၊ သံဓာတ်၊ အိုမီဂါ- ၆အဆီတွေ ပါဝင်တာကြောင့် ဆံပင်အ ရှည်မြန်စေပါတယ်။
သစ်ချသီး
ဇင့်ဓာတ်၊ သံဓာတ်၊ ဗီတာ မင်ဘီ-၁၊ ဘီ-၆၊ ဘီ-၉တွေ ပါဝင်ပြီး ဆံ ပင်သန်စေပါတယ်။
ဥအမျိုးမျိုး
ပရိုတင်း၊ ဗီတာမင်ဘီ- ၁၂၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ အိုမီဂါ-၆ တွေ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။
(၂) သဘာဝ အဆီများနှင့် ဆံပင်တောက်ပြောင်အောင်
ဆံသားတောက်ပြောင်ဖို့၊ ဆံပင် သန်စွမ်းဖို့၊ ဆံပင် ကျွတ်တာကို ကာကွယ် ဖို့အတွက် ဆံသားကို ဆီလိမ်းပြီး ၂-၃ မိနစ်ကြာ ညင်သာစွာ နှိပ်နယ်ပေးပါ။ ညင်သာစွာနှိပ်နယ်ပေး တာကြောင့် ဦးရေ ပြား သွေးလှည့်ပတ်မှုကောင်းစေပြီး ဆံ ချည်မျှင်အိတ်တွေကို နှိုးဆွပေးပါတယ်။ ဆီကို ခပ်နွေးနွေးဖြစ်အောင် အပူပေးပြီး ခေါင်းမလျှော်ခင် တစ်နာရီအလိုလောက် မှ လိမ်းပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီ၊ အုန်းဆီ၊ ဂနိုလာဆီ၊ လာဗန်ဒါဆီ၊ ဗာဒံ စေ့ဆီ၊ နှမ်းဆီတွေကိုအသုံးပြုနိုင်ပါတယ်။
(၃) အင်တီအောက်ဆီးဒင့်ကို အသုံးပြုပါ
အင်တီအောက်ဆီးဒင့်က ဆံပင်ကျွတ်တာကို တားဆီပေးနိုင်တဲ့ အပြင် ဆံပင်ပြန်ပေါက်အောင်လည်း ကူညီပေး ပါတယ်။ အင်ဆီအောက်ဆီးဒင့်များစွာပါ ဝင်တဲ့ လက်ဖက်စိမ်းကို ရေနွေးတစ်ခွက် ထဲ ထည့်ပြီး ခဏနှပ်ထားပါ။ ရလာတဲ့ လက်ဖက်စိမ်းရည်ကို ဆံသားအနှံ့လိမ်း ပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ တစ်ပတ် တစ်ကြိမ်ပြုလုပ်ပေးပါက ဆံပင်သန်ပြီး ဆံပင်ကျွတ်တာကိုကာကွယ်ပေးပါတယ်။
(၄) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့် လေ့ကျင့်ခန်း လုပ်ခြင်းများ လုပ်ဆောင်ပါ
ဆံပင်ကျွတ်စေတဲ့ အဓိက အကြောင်း ရင်းတစ်ခုက စိတ်ဖိစီးမှု များတာ၊ စိုးရိမ် စိတ်များ တာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်နဲ့ခန္ဓာကိုယ် ကို အပန်းပြေစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ် သောကတွေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းသွားတာ ကြောင့် ခန္ဓာကိုယ်တွင်းဟော်မုန်းတွေ မျှခြေဖြစ်သွားစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်တွင်း သွေးလှည့် ပတ်မှုကို ပိုမိုကောင်းမွန်တာကြောင့် ဆံ ပင်ကျွတ်တာကို ကာကွယ်ပေးနိုင် ပါတယ်။
(၅) ဦးရေပြားကို သန့်စင်အောင် ဂရုစိုက်ပါ
ဦးရေပြားက ထွက်တဲ့ အဆီတွေနဲ့ ဖုန်၊ အမှုန်တွေပေါင်းပြီး ဆံသား ကျိုးပြတ် တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတာ ကြောင့် ဦးရေပြားကို သန့်ရှင်းအောင် ထားဖို့ လိုအပ်ပါတယ်။ ရှမ်ပူနဲ့ ပုံမှန် ခေါင်းလျှော်တာ၊ သဘာဝ အဆီလိမ်းပေး တာတွေက ဦးရေပြားသန့်စင်စေပြီး ဖောက်တွေကိုလည်း ကင်းစင်စေပါတယ်။ သံပရာရည်၊ ရှားစောင်းလက်ပတ်၊ စတော် ဘယ်ရီစတာတွေကို ဆံပင်ကျွတ်တာသက် သာစေဖို့ အိမ်တွင်းနည်းလမ်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက် သွန်နီနဲ့ ချင်း(ဂျင်း)တွေကို အရည်ညှစ်ပြီး ဆံသား အနှံ့လိမ်းပြီး တစ်ညအိပ်ပါ။ မနက် မိုးလင်း ရေချိုးရင်းနဲ့ ခေါင်းလျှော်ပါ။ ဦး ရေပြားနဲ့ ဆံသားမှာ ကပ်ငြိနေတဲ့ ဘက်တီး ရီးယား၊ မှိုပိုးတွေကို ဖယ်ရှားပေး ပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
By Good Health
သန်စွမ်း တောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လို ကြပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလျတဲ့ ဆံသားတွေက အမျိုးသမီးတွေရဲ့ လှပမှုကို မှေးမှိန်စေ ပါတယ်။ လွယ်ကူတဲ့ အိမ်တွင်းနည်း တချို့နဲ့ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
(၁) သဘာဝ အစားအစာများနှင့် ဆံပင်ကို အားဖြည့်ပါ
အာဟာရဓာတ်ချို့တဲ့တာက ဆံပင် ကျွတ်တာရဲ့ အဓိက အကြောင်းရင်း တစ် ရပ်ပါ။ ဆံသားတွေ သန်စွမ်း ထူထဲဖို့က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက် စွာ စားသုံးဖို့ လိုပါတယ်။ အာဟာရပြည့် စုံတာက ဆံပင်တွေ သန်စွမ်း ထူထဲစေတဲ့ အပြင် ဆံပင် အရောင်ကိုလည်း တောက် ပြောင်လှပစေ ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေ ထဲမှာ အောက်ပါ အစားအစာတွေ ပါဝင်အောင် စားပြီး ဆံပင်ကျွတ် တာကို ကာကွယ်နိုင် ပါတယ်။

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်

Photo: လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်
Saturday, August 23, 2014

လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။
နာနတ်သီး စားပါ
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့် အဆီဆဲလ်တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေ တယ်လို့ တွေ့ရှိ ထားပါတယ်။
တရားထိုင်ပါ
နေ့စဉ်ပုံမှန် တရားအား ထုတ်တာ က ဇီဝရုပ်ဖြစ် ပျက်မှုကို မြန်စေ ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေပြီး ဗိုက်ပတ် လည်မှာ အဆီပို တွေကို စုစေပါတယ်။ တရား ထိုင်တာက စိတ်ဖိစီးမှု လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေပါတယ်။
လက်ဖက်ရည်ကြမ်း သောက်ပါ
လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ် ပျက်မှုကို မြန် ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေ ပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက် တီချင်ပါဝင် တာကြောင့် ဇီဝရုပ်ဖြစ်ပျက် မှုမြန် ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော တွေကိုလည်း လျော့နည်း စေပါတယ်။
ရေအေးအေးနှင့် ချိုးပါ
ခန္ဓာကိုယ် တုန်ယင်မှု ကလည်း ဇီဝ ရုပ်ဖြစ် ပျက်မှုကို ကောင်းစေ ပါတယ်။ ရေ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာ တာက ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါ တယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ် ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန် ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညို တာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။
အရက်ကို ထိန်းချုပ်သောက်ပါ
စိတ်ထိခိုက် ခံစား နေရတာ ဒါမှမ ဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန်အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချို ရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ်ခွက်၊ ဒါမှမဟုတ် ဘီ ယာနှစ်ပုလင်းသောက်တာကြောင့် ခန္ဓာ ကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသန တွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ် ပြောင်းလဲပြီး လောင်စာ အဖြစ် အသုံးပြု တာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင် ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွား ရတာပါ။
အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ
အချဉ်အရသာ ရှိတဲ့ သစ်သီး တွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့် ရနံ့ကို ရှူရှိုက် လိုက်တဲ့ အခါ အာရုံကြော စနစ်ကို လှုံ့ ဆော်တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်း လုပ်နေ စဉ်မှာ သံပရာရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပို တွေ ပိုမိုလောင်ကျွမ်း နိုင်ပါတယ်။
ရေအေးအေးသောက်ပါ
ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အ တွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှု တွေအရ တစ်နေ့ ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူ တွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက် မှု ပိုမိုမြန်ဆန် တာကို တွေ့ရပါတယ်။ ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။
အပူအစပ် စားပါ
အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက် ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါ တယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန် လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်း အင်အသုံးပြု ရတာတွေကြောင့် ကယ်လို ရီတွေလောင်ကျွမ်း သွားစေ ပါတယ်။
မတ်တတ်ရပ်ပါ
အထိုင်များ တာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ် အလေးချိန် တက်လာ စေပါတယ်။ မတ် တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိ သာပေမယ့် အထိုင်များ သူတွေ အနေ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေ သိသိ သာသာ စုလာတတ် ပါတယ်။ အထိုင်များ သူတွေ အနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထ လျှောက်ပေးပါ။
ကော်ဖီသောက်ပါ
ကဖင်းက နှလုံးခုန်မြန်တာ၊ အသက် ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာ တွေ ဖြစ်စေ ပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ် ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန် တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအ ပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက် နိုင်ပါတယ်။
အသက်ရှူလေ့ကျင့်ပါ
အသက်ရှူ လေ့ကျင့်ခန်းက အောက် ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင် တာတွေ ပြု လုပ်ပေးပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
By Good Health
လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။
နာနတ်သီး စားပါ
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့် အဆီဆဲလ်တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေ တယ်လို့ တွေ့ရှိ ထားပါတယ်။

ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းကိုးမျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ

ထိုင်းနိုင်ငံထုတ် အလှ ကုန်ပစ္စည်းကိုးမျိုး၌ ဘေးအန္တ ရာယ်ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေ၍ သုံး စွဲရန်မသင့်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက သြဂုတ် ၂၂ ရက် တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ မှတ်ပုံမတင်ထား သည့် အလှကုန်ပစ္စည်း ကိုးမျိုးမှာ ဈေးကွက်တွင်း ရောင်းချနေ သော ပစ္စည်းများဖြစ်ပြီး ကျန်းမာ ရေး ၀န်ကြီးဌာနက စစ်ဆေးရာ ယင်းတို့တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် Mercury၊ Retinoic Acid ကဲ့သို့ တားမြစ်ဓာတုပစ္စည်းများနှင့် Betamethasone 17-Valerate (ယားနာလိမ်းဆေး)၊ Hydroqui-none(မျက်နှာအရေးအကြောင်း ပျောက်ဆေး)များ ပါဝင်နေခြင်းဖြစ်သည်။

တက္ကစီပေါ်တွင် ကျန်ခဲ့သည့် တန်ဖိုးကြီး ပစ္စည်း ပြန်လည် အပ်နှံခဲ့သည့် ယာဉ်မောင်းအား ဂုဏ်ပြု

Photo: တက္ကစီပေါ်တွင် ကျန်ခဲ့သည့် တန်ဖိုးကြီး ပစ္စည်း ပြန်လည် အပ်နှံခဲ့သည့် ယာဉ်မောင်းအား ဂုဏ်ပြု
Saturday, August 23, 2014

ကားပေါ် ကျန်ရစ်သည့် ကျပ် ငါး သိန်းနီးပါး တန်ဖိုးရှိ ပစ္စည်းတစ်ခုအား စီးနင်းခဲ့သူ ကို စုံစမ်း၍ လာရောက် အပ်နှံ ခဲ့သော Taxi ဒရိုင်ဘာ တစ်ဦးကို သက် ဆိုင်ရာ ကုမ္ပဏီက ဂုဏ်ပြု ဆုငွေချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ယနေ့ မနက် ၁ဝ နာရီခန့်တွင် တာချီလိတ်မြို့မှ ရန်ကုန်တွင် သင်တန်း တစ်ခု တက်ရောက်နေသော ကိုစော ထွန်းဦးက မြေတိုင်းရာတွင် အသုံးပြု သော G.P.S စက် Taxi ပေါ်တွင် မေ့ ကျန်ခဲ့သည်။ အဆိုပါ ယာဉ်မောင်းမှာ ယင်းပစ္စည်း ဝယ်ယူခဲ့သော ကုမ္ပဏီအား ဆက်သွယ် မေးမြန်းပြီး ပြန်လည်အပ်နှံ သွားခဲ့ခြင်း ဖြစ်ကြောင်း Design Printing Services မှ ဈေးကွက် မန်နေဂျာ ကိုနေ ထက်နိုင်က ပြောသည်။
”တက္ကစီသမားရဲ့ ရိုးသားမှုဂုဏ်ကို လေးစားလို့ ငွေကျပ် ၃ဝဝဝဝ ချီးမြှင့်ခဲ့ တာပါ” ဟု ၄င်းက ဆိုသည်။
လက်ရှိတွင် ကားနံပါတ် AA 1074 Taxi  မောင်းနှင်သော ကိုထွန်း သန်းသည် ယာဉ်မောင်းသက် ဆယ့်ရှစ် နှစ်ကျော် ရှိပြီး တာမွေမြို့နယ်တွင် နေ ထိုင်သည်။
ဤသို့ ချီးမြှင့်ခံရခြင်း အပေါ် သူ က ”ဘယ်လောက် တန်ဖိုးကြီးကြီး သူ တစ်ပါး ပစ္စည်းကို ကျွန်တော် မယူဘူး။ ကားမောင်းသက် တစ်လျှောက်မှာ ကျန် ခဲ့တဲ့ပစ္စည်း မှန် သမျှ ရှာဖွေပြီး ပြန်ပေး ခဲ့တာချည်းပဲ” ဟု ၄င်းက ဆိုသည်။
ထိုကဲ့သို့ ရိုးသားသည့် ယာဉ်မောင်း မျိုးကြောင့် ခရီးသွားသူများ စိတ်ချမ်းမြေ့ မှုရရှိနိုင်ပြီး ထိုသို့ ရိုးသားဖြောင့်မတ် သူ များစွာ လူ့လောက အတွက် လိုအပ် ကြောင်း ပစ္စည်းပျောက်ဆုံး ခဲ့သူ ကိုစော ထွန်းဦးက ပြောသည်။
popularmyanmar ကားပေါ် ကျန်ရစ်သည့် ကျပ် ငါး သိန်းနီးပါး တန်ဖိုးရှိ ပစ္စည်းတစ်ခုအား စီးနင်းခဲ့သူ ကို စုံစမ်း၍ လာရောက် အပ်နှံ ခဲ့သော Taxi ဒရိုင်ဘာ တစ်ဦးကို သက် ဆိုင်ရာ ကုမ္ပဏီက ဂုဏ်ပြု ဆုငွေချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ယနေ့ မနက် ၁ဝ နာရီခန့်တွင် တာချီလိတ်မြို့မှ ရန်ကုန်တွင် သင်တန်း တစ်ခု တက်ရောက်နေသော ကိုစော ထွန်းဦးက မြေတိုင်းရာတွင် အသုံးပြု သော G.P.S စက် Taxi ပေါ်တွင် မေ့ ကျန်ခဲ့သည်။ အဆိုပါ ယာဉ်မောင်းမှာ ယင်းပစ္စည်း ဝယ်ယူခဲ့သော ကုမ္ပဏီအား ဆက်သွယ် မေးမြန်းပြီး ပြန်လည်အပ်နှံ သွားခဲ့ခြင်း ဖြစ်ကြောင်း Design Printing Services မှ ဈေးကွက် မန်နေဂျာ ကိုနေ ထက်နိုင်က ပြောသည်။

ချစ်သူကို အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ကင်ဟွန်ဂျွန်း

Photo: ချစ်သူကို အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ကင်ဟွန်ဂျွန်း
Saturday, August 23, 2014

တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော် ကင်ဟွန်ဂျွန်း သည် ၎င်း၏ ချစ်သူမိန်းကလေး အပေါ် ကိုယ်ထိလက်ရောက်အ ကြမ်းဖက်သည်ဟု စွပ်စွဲခံထား ရကြောင်း Dispatch သတင်းက သြဂုတ် ၂၂ ရက်တွင် ဖော်ပြ သည်။
ကင်ဟွန်ဂျွန်းသည် ပြီးခဲ့ သည့် မေလမှ ဇူလိုင်လအထိ ရုပ် ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု များ ပြုလုပ်ခဲ့သည်ဟု ၎င်း၏ ချစ်သူမိန်းကလေးက ဆိုးလ်မြို့ Songpa ရဲစခန်း၌ အမှုဖွင့်ထား ကြောင်း Dispatch သတင်းက ဖော်ပြသည်။
‘‘သူတို့နှစ်ယောက်က ၂၀၁၂ ခုနှစ်ကတည်းက တွဲလာ တာ။ ပြီးခဲ့တဲ့ မေလကစပြီး ကင် ဟွန်ဂျွန်းရဲ့ မိန်းကလေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စကားများ ရန်ဖြစ် ခဲ့ကြပါတယ်။ အဲဒီလိုရန်ဖြစ်တဲ့ အခါမှာ ကင်ဟွန်ဂျွန်းက သူ့ကို ကိုယ်ထိလက်ရောက် အကြမ်း ဖက်တာတွေ ရှိခဲ့ပါတယ်’’ ဟု မိန်းကလေး၏ မိတ်ဆွေ တစ်ဦး က ပြောသည်။
ပြီးခဲ့သည့် မေလက ၎င်း၏အကြမ်းဖက်မှုတွင် မိန်းကလေး ၏ မျက်နှာ၊ ရင်ဘတ်၊ လက်မောင်း များနှင့် တင်ပါးများတွင် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဇူ လိုင်လ အကြမ်းဖက်မှုတွင် မိန်း ကလေးသည် နံရိုးများကျိုးခဲ့ သောကြောင့် သီတင်းခြောက် ပတ်ခန့် ဆေးဝါးကုသမှု ခံယူခဲ့ ရကြောင်း သတင်းက ဖော်ပြခဲ့ သည်။
ဆိုးလ်မြို့ Songpa ရဲစခန်း က ယင်းအမှုနှင့်ပတ်သက်၍ စုံ စမ်းစစ်ဆေးမှုများစတင်ရန် မ ကြာမီတွင် ကင်ဟွန်ဂျွန်းကို ရဲစ ခန်းသို့ ဆင့်ခေါ်မည်ဟု ပြောကြား ခဲ့သည်။
ကင်ဟွန်ဂျွန်းသည် လက်ရှိ တွင် အိမ်တွင်း အကြမ်းဖက်မှု ဖြင့် စွပ်စွဲခံထားရသော်လည်း ယ ခင်စီစဉ်ထားသည့်အတိုင်း သြ ဂုတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ ဖျော်ဖြေပွဲ ကျင်းပ သွားမည်ဖြစ်သည်။
—Ref: The Korea Herald

တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော် ကင်ဟွန်ဂျွန်း သည် ၎င်း၏ ချစ်သူမိန်းကလေး အပေါ် ကိုယ်ထိလက်ရောက်အ ကြမ်းဖက်သည်ဟု စွပ်စွဲခံထား ရကြောင်း Dispatch သတင်းက သြဂုတ် ၂၂ ရက်တွင် ဖော်ပြ သည်။
ကင်ဟွန်ဂျွန်းသည် ပြီးခဲ့ သည့် မေလမှ ဇူလိုင်လအထိ ရုပ် ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု များ ပြုလုပ်ခဲ့သည်ဟု ၎င်း၏ ချစ်သူမိန်းကလေးက ဆိုးလ်မြို့ Songpa ရဲစခန်း၌ အမှုဖွင့်ထား ကြောင်း Dispatch သတင်းက ဖော်ပြသည်။

ပန်းလှိုင်မြစ် မတိမ်ကောစေရန် ကျွဲတရွတ်ချောင်းကို ပြန်လည်တူးဖော်

နွေရာသီတွင် ရေခန်းခြောက်လုနီး ပန်းလှိုင်မြစ်ကို မတိမ်ကောစေရန်အတွက် ယင်းမြစ်ထဲသို့ စီးဝင်သော ထန်းတပင်မြို့နယ်ရှိ ကျွဲတရွတ်ချောင်းကို အနက် ၂၁ ပေအထိ ပြန်လည် တူးဖော်နေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာနက ၂၀၀၈ ခုနှစ်မှစပြီး ပန်းလှိုင်မြစ်အတွင်း နေရာပိုင်းခြား၍ တိုင်းတာခြင်းများ ပြုလုပ်ကာ သောင်တူးသင်္ဘောများ ဝယ်ယူပြီးသဖြင့် ပန်းလှိုင်မြစ်အစပိုင်း ကျွဲတရွတ်ချောင်းတွင် သောင်တူးဖော်ရေး လုပ်ကိုင်နေကြောင်း ၎င်းကပြောဆိုသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပန်းလှိုင်မြစ် နယ်နိမိတ် ပြည်လည်သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းထားကာ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန စသည့် ဌာနများကို ပန်းလှိုင်မြစ်တူးဖော်ရေး ဆောင်ရွက်ရန် ပူးပေါင်း ဖွဲ့စည်းထားကြောင်း ယင်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံ အမေရိကန် နှစ်ဦးကို အောင်မြင်စွာ ကုသနိုင်

အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကို ကုသခံယူမှုအပြီး ဆေးရုံမှ ဆင်းလာပြီဖြစ်သော အမေရိကန် ဆရာဝန် ဒေါက် တာ ကန့် ဘရန့်တလီက အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးသည် လူထုကျန်းမာရေးကို ခြိမ်းခြောက်မှု မရှိကြောင်း ပြောဆို လိုက် သည်။
ဒေါက်တာ ကန့် ဘရန့်တလီနှင့် သူ၏ လက်ထောက် နန်စီ ရိုက်ဘိုလ်တို့သည် အမေရိကန်ပြည်ထောင်စု Emory University ဆေးရုံတွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီး ယခုအခါ ၄င်းတို့သည် အားနည်းနေသော် လည်း လုံးဝနေကောင်း ကျန်းမာလာပြီ ဖြစ်သည်ဟု သိရသည်။အဆိုပါ ဆေးရုံမှ ဒေါက်တာ ဘရုစ် ရစ်ဘနာက အီဘိုလာ ကူးစက်ခံခဲ့ရသူ အမေရိကန် ဆရာဝန်များကို ထိတွေ့ ဆက်ဆံ မှုပြုသည့် ကိစ္စသည် ကြောက်ရွံ့စရာ မရှိကြောင်း အာမခံ ပြောကြားသည်ဟု အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။
အသက် ၃၃ နှစ်ရှိ ဒေါက်တာ ကန့် ဘရန့်တလီနှင့် အသက် ၅၉ နှစ်ရှိ နန်စီ ရိုက်ဘိုလ်တို့သည် အာဖရိကတိုက် အနောက် ပိုင်း လိုက်ဘေးရီးယား နိုင်ငံသို့ သွားရောက်ပြီး အီဘိုလာ ရောဂါပိုး ကူးစက်ခံထားရသူများအား ဆေးကုသမှုပေးစဉ် လွန်ခဲ့သည့် ၃ ပတ်ကျော်က ၎င်းတို့ကိုယ်တိုင် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

တည်းခိုနေသူကိုသတ်ကာ အလောင်းဖျောက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူများအား အနောက်ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို

ကြည့်မြင်တိုင်မြို့နယ်ရှိ “စိတ်ကူးသစ်” တည်းခိုခန်းအတွင်း လာရောက်တည်းခိုသူက အော်ဟစ်ဆူပူခဲ့ဖြင့် တည်းခိုခန်းမန်နေဂျာက
သွားရောက်တားမြစ်စဉ် စကားများရာမှယင်းမန်နေဂျာက ဓားဖြင့်ထိုးသတ်ကာဝန်ထမ်းများနှင့် အင်းလျားကန်အတွင်း
အလောင်းဖျောက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူများအား ပုဒ်မသုံးခုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် သြဂုတ် ၂၂ ရက်က တရားစွဲဆို တင်ပို့ခဲ့ကြောင်း သက်ဆိုင်ရာတရားရုံးမှ စုံစမ်းသိရသည်။၎င်းတို့အား စွဲဆိုသော ပုဒ်မများမှာ လူသတ်အလောင်းဖျောက်သည့်ပုဒ်မများ ဖြစ်ကြသော ပုဒ်မ ၃၀၂/၂၀၁/၁၁၄ တို့ဖြင့် ကျူးလွန်သူများဖြစ်ကြသော စိတ်ကူးသစ်တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်၊ ၀န်ထမ်းများဖြစ်သော ကျော်မင်းဦး၊ ကျော်ခန့်၊ ဇော်ဖြိုးအောင်နှင့် တည်းခိုခန်းပိုင်ရှင်ဖြစ်သူ ဦးဌေးလှိုင်တို့အား တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။
“ဒီအမှုမှာ ကျူးလွန်ခဲ့ကြတဲ့ တည်းခိုခန်းမန်နေဂျာပါ ငါးဦးကို ကျွန်တော်တို့ ဒီနေ့အနောက်ပိုင်းခရိုင် တရားရုံးမှာ လူသတ်အလောင်းဖျောက်တဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၀၂/၂၀၁/၁၁၄ နဲ့ တရားစွဲဆို တင်ပို့ခဲ့ပါတယ်” ဟု ကြည့်မြင်တိုင်မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးတိုးရွှေက သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

လေထဲမှာ 3D ဒီဇိုင်း လက်တန်းဆွဲနိုင်ပြီ

Photo: လေထဲမှာ 3D ဒီဇိုင်း လက်တန်းဆွဲနိုင်ပြီ
Saturday, August 23, 2014

လေထဲမှာ 3D ဒီဇိုင်း လက်တန်းရေးဆွဲနိုင်တဲ့ 3D pen ကို အမေရိကန် အခြေစိုက် ဟမ်မာချာရှလမ်မာ ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ 3D pen ဟာ မင်အစား အေးခဲလွယ်တဲ့ ကော်ရည်ကို အသုံးပြုထားတာပါ။ ဒီဇိုင်းဆွဲချင်တဲ့အခါ 3D penထဲမှာ ကော်ချောင်းထည့်ပြီး စက္ကန့်အနည်းငယ် အပူပေးရပါတယ်။ ကော်ရည်ပျော်လာရင် ခလုပ်နှိပ်ပြီး လေထဲမှာ ကိုယ်လိုချင်တဲ့ပုံစံ ဆွဲနိုင်ပြီး ရေးခြစ်လိုက်တဲ့အခါ ထွက်လာတဲ့ ကော်ရည်က ခဏချင်းအေးခဲသွားမှာဖြစ်ပါတယ်။

ကော်ရည်ပျော်နှုန်း ချိန်ညှိဖို့အတွက် ရေးဆွဲမှုနှုန်း (၃)မျိုး ထည့်သွင်းပေးထားပြီး အမည်း၊ အနီ၊ အ၀ါ၊ အစိမ်း၊ အပြာဆိုတဲ့ ကော်ချောင်းအရောင် (၅)မျိုး အသုံးပြုနိုင်ပါတယ်။ နာမည်ကျော် အဆောက်အဦးတွေကို ပုံစံငယ် ဖန်တီးချင်တဲ့ ဒီဇိုင်းပညာရှင်တွေအနေနဲ့လည်း အဲဒီအဆောက်အဦးပုံကို အရွယ်အစားချုံ ကူးယူပြီး 3D penနဲ့ ကိုယ်တိုင် ပြန်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လျပ်စစ် ဓာတ်အားသုံး 3D pen အရွယ်အစားဟာ အရှည် ၇.၅လက်မ၊ လုံးပတ် (၁.၅)လက်မ ရှိပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၁၀၀)ပါ။
ရိုးရာလေး လေထဲမှာ 3D ဒီဇိုင်း လက်တန်းရေးဆွဲနိုင်တဲ့ 3D pen ကို အမေရိကန် အခြေစိုက် ဟမ်မာချာရှလမ်မာ ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ 3D pen ဟာ မင်အစား အေးခဲလွယ်တဲ့ ကော်ရည်ကို အသုံးပြုထားတာပါ။ ဒီဇိုင်းဆွဲချင်တဲ့အခါ 3D penထဲမှာ ကော်ချောင်းထည့်ပြီး စက္ကန့်အနည်းငယ် အပူပေးရပါတယ်။ ကော်ရည်ပျော်လာရင် ခလုပ်နှိပ်ပြီး လေထဲမှာ ကိုယ်လိုချင်တဲ့ပုံစံ ဆွဲနိုင်ပြီး ရေးခြစ်လိုက်တဲ့အခါ ထွက်လာတဲ့ ကော်ရည်က ခဏချင်းအေးခဲသွားမှာဖြစ်ပါတယ်။

ဒုတိယမြောက် စီးပွားရေးအချက်အချာနယ်မြေ တည်ဆောက်ခွင့်တင်ဒါ ပြန်လည်စိစစ်ရန် ကုမ္ပဏီတစ်ခုတင်ပြ

ရန်ကုန်၏ ဒုတိယမြောက် စီးပွားရေးအချက်အချာနယ်မြေအဖြစ် အကောင်အထည်ဖော်ရန် လုပ်ကိုင်ခွင့်ရမည့်ကုမ္ပဏီကို တင်ဒါရွေးချယ်ခဲ့မှုနှင့် ပတ်သက်၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီတစ်ခုက ရွေးချယ်မှုကို ပြန်လည်စစ်ဆေးပေးရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သတင်းရရှိသည်။ တင်ဒါရွေးချယ်ရေးအဖွဲ့ကFirst Myanmar Constructionကုမ္ပဏီကို ရွေးချယ်ခဲ့ရာတွင် မြို့တော်စည်ပင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ အားနည်းချက်များရှိခဲ့သောကြောင့် ပြန်လည် စစ်ဆေးပေးရန် တင်ပြထားသည်ဟုPATTKO Global Develop-ment မန်နေဂျင်းဒါရိုက်တာ ဦးတင်လှိုင်က ပြောသည်။ ၂၀၁၃ စက်တင်ဘာ ၉ ရက် တွင် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ဧက ၃၀ ကျော် ကျယ် ၀န်းသည့် အဆိုပါ မြေနေရာကို စီးပွားရေး အချက်အချာနယ်မြေ အဖြစ် အကောင်အထည်ဖော်ရန် အစိုးရက တင်ဒါခေါ်ယူခဲ့ရာ ၁၁ လအကြာတွင် တင်ဒါရွေးချယ် ရေးအဖွဲ့က First Myanmar ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီးနောက်တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီတစ်ခုက ပြန်လည် စစ်ဆေးရန် အစိုးရအဖွဲ့နှင့် မြို့တော်စည်ပင်သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဒုသမ္မတခရီးစဉ်လုံခြုံရေးအကြောင်းပြချက်နဲ့ ပေါင်းလောင်းအရေးလှုပ်ရှားသူကို ရဲ က ရိုက်နှက်

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ ခရီးစဉ် လုံခြုံရေးအကြောင်းပြချက်နဲ့ ပေါင်းလောင်းအရေးဆောင် ရွက်နေသော ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းနိုင်လင်းထွန်းကို ရဲတပ် ဖွဲ့ဝင်တွေက သြဂုတ်လ ၂၂ ရက်နေ့က ရိုက် နှက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ် KNGY အဖွဲ့က သြဂုတ်လ ၂၃ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ် ပြန်ထားပါတယ်။ အထက်ပေါင်းလောင်းဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ကျေးရွာ ၂၃ ရွာက ဒေသခံ လူပေါင်း ၈ ထောင်ကျော် ရဲ့ နစ်နာ ဆုံးရှုံးမှု တွေကို ခွန်းနိုင်လင်းထွန်းက အချက်အလက်စုဆောင်း ထုတ်ပြန်ပေးနေတာဖြစ် တယ်လို့ကြေညာချက်မှာ ဆိုပါတယ်။

လေကြောင်းလိုင်းအခက်အခဲကြောင့် အီဘိုလာသွေးအဖြေစစ်ဆေးရန် အိန္ဒိယဓာတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ခြင်းမရှိသေးဟုဆို

အီဘိုလာရော ဂါသံသယလူနာ၏ သွေးအဖြေအား အိန္ဒိယနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ပေးပို့ နိုင်ရန်မှာ လေကြောင်းလိုင်းအခက် အခဲရှိနေခြင်းကြောင့် သြဂုတ် ၂၂ရက် အထိ မပေးပို့နိုင်သေးကြောင်း ကျန်း မာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရော ဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောသည်။''သွေးအဖြေပို့ဖို့အတွက်ကို ဒီ နေ့မနက် (သြဂုတ် ၂၂ရက်)အထိ အကြီးအကျယ်ညှိနှိုင်းဆောင်ရွက် နေရဆဲဖြစ်ပါတယ်။ ခရီးသည်တင် လေကြောင်းလိုင်းတွေက ဒီလိုပစ္စည်း တွေကိုမတင်ရဘူးလို့ အပြည်ပြည် ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တှဲု့ဗွှဗ က သတ်မှတ်ညွှန်ကြားထားတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလဲ ကြားထဲက နေပြီးတော့ ဝင်ညှိပေးနေပါတယ်။ ဘယ်လိုပုံစံနဲ့ သယ်ဆောင်သင့်တယ် ဆိုတာကှိုဗွှဗ က ဆုံးဖြတ်လိမ့် မယ်''ဟု ဒေါက်တာထွန်းတင်က ထပ်မံပြောသည်။အဆိုပါ သွေးအဖြေအား ယူ ဆောင်ထားပြီး မည်သည့်လေယာဉ် ပေါ်သို့ တင်ဆောင်ရမည်ကို စောင့် ဆိုင်းလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအ စိုးရအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းမှလည်း စစ်ဆေးခွင့်စသည့် ခွင့်ပြုစာများ လည်း တောင်းထားပြီးဖြစ်ကြောင်း သိရသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရာတွင် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများနှင့် ဆိပ်ကမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်းဆယ်ယူရာတွင် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများနှင့်
ဆိပ်ကမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိဟုဆို
Saturday, August 23, 2014

ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူခြင်းအတွက် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများ နှင့် ဆိပ်ကမ်းမြို့နယ်ပြည်သူ့ရဲတပ် ဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်ကြားရေးအဖွဲ့မှသိရ သည်။
ခေါင်းလောင်းရှာဖွေမှုအတွက် လိုအပ်သောအကူအညီကို ပေးနိုင် ရန် သင်္ဘောဖြင့် နေ့စဉ်လာရောက် ကူညီပေးလျက်ရှိကြောင်း ပြန်ကြား ရေးအဖွဲ့မှ ဦးကြည်ဝင်းကပြောသည်။
''နေ့စဉ်တာဝန်ရှိသူတွေ လာပြီး ကူညီပေးနေတယ်။ ဦးစံလင်းကလဲ သူတို့ကို ပြန်ပြီး သတ်သတ်လွတ်ထ မင်းပြန်ကျွေးတယ်။ အားလုံးကကူ ညီကြတယ်လို့သိရတယ်''ဟု ယင်းက ဆက်လက်ပြောသည်။
ပြည်သူများကြားတွင်ထွက်ပေါ် နေသော ခေါင်းလောင်းဆယ်ယူရေး အဖွဲ့မှတစ်ဦး ရေနစ်သေဆုံးခြင်းဆို သည့်သတင်းများမှာလည်း အမှန် တကယ်မဟုတ်ဘဲ ကောလာဟလ များဖြစ်ကြောင်း၊ ရှာဖွေရေးအဖွဲ့မှာ အားလုံး ကျန်းမာရေး ကောင်းမွန် ကြောင်း ဦးကြည်ဝင်းကပြောသည်။
မြစ်အတွင်း ခေါင်းလောင်းရှာ ဖွေမှုကို လာရောက်ကြည့်ရှုသူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ကြည့်ရှုရာအနီးတွင်လည်း ဒေါပုံ မြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့က စောင့် ကြည့်လျက်ရှိကြောင်း သိရသည်။
သြဂုတ် ၂၂ရက်တွင်သောင်တူး ခြင်းလုပ်ငန်းကို ရပ်နားထားကြောင်း နှင့် လာရောက်ကြည့်ရှုသူများမှာ လျော့နည်းသွားကြောင်း သိရသည်။
''မနက်ကတည်းက သောင်တူး စက်အလုပ်မလုပ်တာ။ စက်ထပ်ပြီး ပျက်တာလို့တော့ထင်တယ်။ လူလဲ နည်းနည်းပါးတယ်။ လှေလဲသိပ်မဆွဲ ရဘူး''ဟု လှေဖြင့် ပို့ဆောင်ပေးသူ တစ်ဦးက ပြောသည်။
ခေါင်းလောင်းဆယ်ယူခြင်းကို အထောက်အကူပြုရန်အတွက် ရွှေ ဘုန်းပွင့်စေတီဝင်းအတွင်းမှ ကျောင်း ကြီးကျောင်းတွင် သီတင်းသုံးသော ဆရာတော်ဦးသုမနကလည်း သုံးရက် တိုင်တိုင် နွားနို့၊ ပေါက်ပေါက်ဆုပ် နှင့် စံပယ်ပန်းတို့ကို ခေါင်းလောင်း ရှာဖွေရာနေရာအနီးတွင် မေတ္တာ သုတ်ရွတ်ဖတ်ကာ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်း ဆယ်ယူခြင်း နှင့်ပတ်သက်၍ ပြည်သူများအကြား တွင် သတင်းမျိုးစုံ ထွက်ပေါ်လျက် ရှိသော်လည်း သတင်းအမှန်မှာရှိပြီး ဖြစ်ကြောင်း၊ မကြာမီ ထုတ်ဖော်ပြော ကြားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပမှ စိတ်ဝင်စားသူများ ကလည်း လာရောက်လေ့လာမှုများ ရှိနေပြီး ခေါင်းလောင်းဆယ်ယူခြင်း မှာ သြဂုတ်လ ၉ရက်က စတင်ခဲ့ရာ ရက်ပေါင်း ၁၄ရက်ခန့်ရှိပြီဖြစ်ကာ ဆယ်ယူသူဦးစံလင်းက သြဂုတ်လ ၂၆ရက်တွင် အပြီးသတ်ဆယ်ယူမည် ဟု ပြောကြားထားသည်။
MTZ
( ဓါတ်ပုံ - ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူသည့်နေရာ အနီး စောင့်ကြပ်ပေးနေသော ရဲတပ်ဖွဲ့ဝင်များ ပါရှိသည့် သင်္ဘောတစ်စီးအားတွေ့ရစဉ်။)
( ဓါတ်ပုံ - ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူသည့်နေရာ အနီး စောင့်ကြပ်ပေးနေသော ရဲတပ်ဖွဲ့ဝင်များ ပါရှိသည့် သင်္ဘောတစ်စီးအားတွေ့ရစဉ်။)
ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူခြင်းအတွက် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများ နှင့် ဆိပ်ကမ်းမြို့နယ်ပြည်သူ့ရဲတပ် ဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်ကြားရေးအဖွဲ့မှသိရ သည်။ခေါင်းလောင်းရှာဖွေမှုအတွက် လိုအပ်သောအကူအညီကို ပေးနိုင် ရန် သင်္ဘောဖြင့် နေ့စဉ်လာရောက် ကူညီပေးလျက်ရှိကြောင်း ပြန်ကြား ရေးအဖွဲ့မှ ဦးကြည်ဝင်းကပြောသည်။

စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်းပေါင်း ၇၈၀ဝကျော် ရခိုင်ပြည်နယ်အစိုးရအသုံးပြုမည်

စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် သိန်းပေါင်း ၇၈၀၀ ကျော်အသုံးပြု ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ ဥပဒေ ချုပ်ဦးလှသိန်းကပြောသည်။ယင်းငွေကျပ် သိန်းပါင်း ၇၈၀၀ ကျော်ဖြင့် ရပ်ကွက်အလိုက်စာသင် ကျောင်း များပြုပြင်ခြင်း၊ အသစ်ပြန် လည်တည်ဆောက်ခြင်း ၊ ရေရရှိရေး အတွက် ရေပိုက် လိုင်းများတပ်ဆင် ခြင်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း များအဖြစ် အဆင့်မြှင့် တင်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်သွား မည် ဖြစ်ကြောင်းသိရသည်။
ဦးလှသိန်းက ''ဩဂုတ်လ နောက်ဆုံးပတ်မှာ စတင်လုပ်ဆောင် သွားမှာပါ။ ဒီလိုလုပ်ဆောင်ရာမှာ လဲ လိုအပ်တဲ့နေရာတွေထိ တာဝန် ရှိသူတွေက ကွင်း ဆင်း ပြီးဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပွင့်လင်း မြင်သာမှုတွေ အများကြီးနဲ့ လုပ် ဆောင် သွားမှာပါ'' ဟုပြော သည်။
ယခု စီမံကိန်းသည် ရခိုင်ပြည် နယ်ဝန်ကြီးချုပ်အသစ် တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့တော်ကို ဖွံ့ဖြိုးတိုးတက် ရေးအတွက် စတင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကော် မတီဖွဲ့စည်း ၍ စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ပြီး ရပ်ကွက် အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း စစ်တွေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှ သိရသည်။

နေပြည်တော်ရဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်

Photo: နေပြည်တော်ရဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်

Saturday, August 23, 2014
လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာမှာ ဖွင့်ဖို့ ပြင်နေပါပြီ။
 ကမ္ဘောဇ အုပ်စု နဲ့  Jewellery Luck ကုမ္ပဏီတို့က ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားကြကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်ဖြစ်တဲ့ Local Companies Invest US$ 45 Million in Luxury Napyidaw Hotel မှာ ရေးပါတယ်။ အပြည့်အစုံကို 
http://www.irrawaddy.org/business/local-companies-invest-us-45-million-luxury-napyidaw-hotel.html မှာ ဖတ်နိုင်ပါတယ်။ ဒီဟိုတယ်က နေပြည်တော်မှာ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် ဖြစ်လာနိုင်ပါတယ် တဲ့။
အခန်းခတွေက တရက် ဒေါ်လာ ၂၂ဝ ကနေ ၄,ဝဝဝ အတွင်း ဖြစ်မှာပါ။ 

နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ဒီဟိုတယ် ဆောက်လုပ်ပြင်ဆင်မှု အပြီးသတ်မယ်လို့ ဆိုတယ်။ 

ဒီဟိုတယ်ကြီးမှာ တည်းခိုနိုင်ချေရှိတာကတော့ အာဆီယံအစည်းအဝေးများကို လာတက်မယ့် နိုင်ငံတကာအစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဖြစ်မယ်၊ NGO နဲ့ စီးပွားရေးဘက်ပိုင်းကလည်း တည်းကြပါလိမ့်မယ်။

ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့အဆိုအရ နေပြည်တော်မှာ ဟိုတယ်ပေါင်း ၅ဝ ထက် မနည်း ရှိနေတာပါ။

လူသူကင်းမဲ့သလိုဖြစ်နေတဲ့ မြို့တော်ကြီးမှာ ဟိုတယ်တွေ ထပ်ပြီး လိုပါဦးမလား၊ ပြီးခဲ့သော အာဆီယံအစည်းအဝေးတွေမှာလည်း ဟိုတယ်အများအပြားမှာ အခန်းလွတ်တွေ ရှိနေတယ်လို့ ထောက်ပြသူတို့လည်း ရှိပါတယ်။

မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ - Myanmar People Forum Working Group ရဲ့ ညွှန်ကြားရေးမှူး ကိုကျော်လင်းဦးကတော့ ... ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် နေပြည်တော်က ဟိုတယ်ကြီးတွေ ဧည့်သည် ရှိတော့မယ်မဟုတ်ဘူးလို့ ထင်ပါတယ် တဲ့။
နိုင်ငံတကာကိုယ်စားလှယ်တွေ လာကြတယ် ဆိုတာက အစည်းအဝေးများ ရှိလို့ဖြစ်တယ်၊ ဧည့်သည် ပုံမှန်ဝင်ရေး ဆိုတာက ထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

 ဧရာဝတီ လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာမှာ ဖွင့်ဖို့ ပြင်နေပါပြီ။
ကမ္ဘောဇ အုပ်စု နဲ့ Jewellery Luck ကုမ္ပဏီတို့က ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားကြကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်ဖြစ်တဲ့ Local Companies Invest US$ 45 Million in Luxury Napyidaw Hotel မှာ ရေးပါတယ်။ အပြည့်အစုံကို
http://www.irrawaddy.org/business/local-companies-invest-us-45-million-luxury-napyidaw-hotel.html မှာ ဖတ်နိုင်ပါတယ်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံး အက်တိုးပစ်ကိုယ်ဝန်

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မက်ဒါပရာဒက်ရှ် က ဂျိုတီ ကူမာဆိုသူအမျိုးသမီးတဦးရဲ့ ခန္ဓာကိုယ်ထဲမှာ မမွေးဖွားခဲ့တဲ့ ကလေးရဲ့ အရိုးစု ရှိနေကြောင်းကို နှစ်ပေါင်း ၃၆ နှစ် ကြာမှ သိရတဲ့အတွက် ဖယ်ရှားလိုက်ပါပြီ။ ဒါကြောင့် သူ့မှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး အက်တိုပစ် ကိုယ်ဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ကိစ္စအဖြစ် အလွန်ပဲ စိတ်ဝင် စားစရာ ကောင်းပါတယ်။

အမျိုးသားများအတွက် ဘရာဇီယာထွင်ကြတဲ့အကြောင်း

Photo: အမျိုးသားများအတွက် ဘရာဇီယာထွင်ကြတဲ့အကြောင်း
Saturday, August 23, 2014

ကမ္ဘာပေါ်မှာ အသစ် အသစ် တီထွင်မှုက အမြဲ ရှိနေပါတယ်။
နောက်ဆုံး တီထွင်မှုတခုကတော့ အမျိုးသားတွေအတွက် ဘော်လီအင်္ကျီပါပဲ။

ဒီပစ္စည်းအတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကတော့ တိုကျိုက ဖြစ်ပါတယ်။
လူအများ စိတ်ဝင်စားစရာတွေ ထွက်ပေါ်လာတာ အခုတလော ဂျပန်ကချည်းပဲ ဖြစ်နေပါတယ်။
ဟိုတလောကလည်း အမျိုးသားပရိသတ်များကိုဦးတည်တဲ့ တိုးတက်ဖြစ်ထွန်းမှုတခု ရှိခဲ့ပါသေးတယ်။
 
ကျားဘရာဇီယာတီထွင်သူက "အမျိုးသားတယောက် ဗလကောင်းကောင်း ရှိမယ် ဆိုရင် သူ့ရဲ့ရင်ဘတ်ကကြွက်သားအလှတွေ တဖြည်းဖြည်း မသိမသာ ပုံပျက်သွားတာမျိုးနဲ့ ကြုံကောင်း ကြုံရလိမ့်မယ်။
အမျိုးသမီးတွေ ရင်သားအလှပျက်ယွင်းတာမျိုးလိုပေါ့" ဟုဆိုသည်။

"ဒီဘရာဇီယာကို ဝတ်ပြီး အိပ်မယ် ဆိုရင် အဲဒီအမျိုးသားက အလုံးစုံ သူ့နေရာနဲ့သူ တင်းတင်းရင်းရင်း နေသားတကျ ရှိမယ်၊ နောက်တနေ့မှာလည်း ကြည့်လို့ ကောင်းနေပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

ဒီလိုမျိုးပစ္စည်းမျှော်လင့်နေသူတွေအတွက်တော့ ဒါက အင်မတန်မှ သတင်းကောင်းလို့ ဆိုရမယ်။

အွန်လိုင်းကနေ ဒါကို ဝယ်နိုင်ပြီ၊ ၁၈ ပေါင် လို့ ဆိုတယ်။ အရွယ်အစားအားဖြင့် ပိစိကွေး (extra small)၊ အသေး (small)၊ အလတ် (medium) ဆိုပြီး ၃ မျိုး ရနိုင်ပါတယ် တဲ့။
ဘရာဇီယာဈေးကွက်က အမျိုးသားတွေကို ဘယ်လောက် ဆွဲဆောင်နေပြီး ရောင်းအား ဘယ်လို ရှိတယ် ဆိုတာကိုတော့ သတင်းတွေ တက်မလာသေးပါဘူး။
 ဂေးအမျိုးသားတချို့က အမျိုးသမီးတွေလို ဝတ်စားဆင်ယင်တတ်ပေမယ့် သူတို့ကလည်း ဒီပစ္စည်းသစ်ကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။

အထူးပရိသတ်အတွက် သီးသန့် ပစ်မှတ်ထား ထုတ်လုပ်တဲ့ ဒီပစ္စည်းနဲ့အတူ တွဲပါလာတာက အောက်ခံဘောင်းဘီပါပဲ။
ပစ္စည်းတွေ နေရာတကျဖြစ်အောင် သေသေချာချာ ဒီဇိုင်းဆင်ထားတယ် ဆိုတဲ့သဘော သတင်းတွေမှာရေးထားကြတယ် ဆိုတော့ ချောင်ချောင်ချိချိ မဟုတ်ဘူးပေါ့လို့ ဆိုနိုင်ပါလိမ့်မယ်။

ဘရာဇီယာချည်းပဲမဟုတ်ဘူး အောက်ခံဘောင်းဘီလေးလည်း ပါတယ် ဆိုတော့ ဒီဝတ်စုံသစ်ကို အမျိုးသားများအတွက် ဘီကီနီ လို့ ဆိုသူက ဆိုကြမှာပါ။

အမျိုးသားဘီကီနီဝယ်လိုသူတို့အတွက် ရွေးချယ်နိုင်မယ့် အရောင်တွေကတော့ အဝါ၊ အစိမ်း (lime green)၊ ပန်းရောင်တို့ဖြစ်ပါတယ် လို့ The Mirror မှာ ရေးထားပြီး ဒါတွေဟာ အလေးမ ကြွက်သားဗလ တည်ဆောက်သူတို့ ဝတ်တတ်ကြတဲ့အရောင်တွေတော့ မဟုတ်ပါဘူးလို့ မှတ်ချက်ပြုထားပါတယ်။

အထက်ကပုံမှာ တွေ့ရတာကတော့ ၂၀၀၈ ခုနှစ်မှာ ဈေးကွက်ထဲ ဖြန့်တယ် ဆိုတဲ့ ကျားဝတ် ဘော်လီအင်္ကျီ။အဖြူ၊ အမည်း၊ ပန်းရောင် သုံးမျိုး။ရောင်းဈေးက USD 30.38 (¥ 3,132)

အခု အသစ်ပေါ်လာပြီး မီဒီယာမှာ လူပြောများလောနေတဲ့ဟာက USD   29.33 (¥ 3,024)

ကြွက်သားတွေ နဂိုအတိုင်းရှိနေဖို့ဆိုတာ နည်းလမ်းတခုပဲ ရှိတယ်...အဲဒါကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ပဲ ဆိုပြီး တချို့က ဝေဖန်ကြတယ်လို့ The Mirror မှာ နိဂုံးချုပ် ရေးထားပါတယ်။

အင်း... ဒီပစ္စည်းကို ဘီကီနီလို့လည်း ပြောလို့ မဖြစ်တဲ့အကြောင်းက ... ဘီကီနီဆိုတာ အမျိုးသမီးရေကူးဝတ်စုံကို ခေါ်တာ မဟုတ်လား။ 
ဒါကတော့   ညအိပ်ဝတ်စုံသဘောမျိုး ထုတ်ထားခြင်းပါ။

လုပ်ငန်းရှင်ကတော့ ထွင်လိုက်ပါပြီ။
အွန်လိုင်းကနေ ဝယ်ယူမှု ဘယ်လိုအခြေအနေရှိတယ်ဆိုတာတော့ မသိရပါ။ အသင့်အတင့် ရောင်းအားကောင်းမယ်လို့ ယူဆရပါတယ်။

၂၀၁၃ ဇူလိုင် http://en.rocketnews24.com ရဲ့  ဘလော့ပို့စ်တခုမှာတော့ ဘရာဇီယာဝတ် အမျိုးသားတချို့ကိုအင်တာဗျူးပြီး ဝတ်ဆင်ရတဲ့ ခံစားမှု၊ ရည်ရွယ်ချက်၊ ဆောင်ရန် ရှောင်ရန် အချက်တချို့ကို ရေးထားပါတယ်။

လောကကြီးမှာ မလိုအပ်ဘူးလို့ အများက ယူဆနေကြပေမယ့် တခြားတဘက်မှာတော့ လိုအပ်နေတာတွေ သို့မဟုတ် လိုအပ်တယ်လို့ ထင်နေတာတွေလည်း ရှိတတ်တယ်လို့ ဆိုရမှာပါ။ 

အမျိုးသားဘရာဇီယာ ဆိုတာကို ထွင်တဲ့သူကို တွေ့တဲ့အခါ မေးသင့်တာကတော့ သူကိုယ်တိုင် ဝတ်ဆင်ခြင်း ရှိမရှိ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။  

ဝတ်သည်ပဲ ဖြစ်ဖြစ် မဝတ်သည်ပဲဖြစ်ဖြစ် သူတို့ဟာ 
စွန့်ဦးတီထွင် လုပ်ငန်းရှင်စစ်စစ်တွေပါပဲ။  စီးပွားရေးသမားဆိုတာ စီးပွားဖြစ်ဖို့ နည်းမျိုးစုံ ကြံဆရတယ်လို့ပဲ ဆိုရပါတော့မယ်။

ဧရာဝတီ
ကမ္ဘာပေါ်မှာ အသစ် အသစ် တီထွင်မှုက အမြဲ ရှိနေပါတယ်။
နောက်ဆုံး တီထွင်မှုတခုကတော့ အမျိုးသားတွေအတွက် ဘော်လီအင်္ကျီပါပဲ။
ဒီပစ္စည်းအတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကတော့ တိုကျိုက ဖြစ်ပါတယ်။
လူအများ စိတ်ဝင်စားစရာတွေ ထွက်ပေါ်လာတာ အခုတလော ဂျပန်ကချည်းပဲ ဖြစ်နေပါတယ်။
ဟိုတလောကလည်း အမျိုးသားပရိသတ်များကိုဦးတည်တဲ့ တိုးတက်ဖြစ်ထွန်းမှုတခု ရှိခဲ့ပါသေးတယ်။

မြန်မာ မူးယစ် တိုက်ဖျက်ရေး UN အစီအစဉ်သစ်

Photo: မြန်မာ မူးယစ် တိုက်ဖျက်ရေး UN အစီအစဉ်သစ်
Saturday, August 23, 2014

မူးယစ်ဆေးမှောင်ခိုကုန်ကူးနေတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ အပေါ် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးစနစ်က ပိုပြီး ထိထိရောက်ရောက်နှိမ်နှင်းနိုင်အောင် အကူအညီပေးမယ် အစီအစဉ်သစ်တရပ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)က စတင်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက သတိပေးထားတဲ့ အဲဒီ ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းဖြစ်တာနဲ့ အမျှ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး၊ လူတွေအတွက် မလုံခြုံမှုတွေ တိုးလာစေတဲ့အပြင်၊ တိုင်းရင်းသားတွေလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောလိုက်တဲ့အချိန်မှာပဲ  အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိတဲ့ ၄ နှစ်စာ အစီအစဉ် ဖြစ်လာခဲ့တာပါ။

ဒေါ်လာသန်းနဲ့ချီတဲ့ တရားမ၀င်မှောင်ခိုစီးပွားရေးလုပ်ငန်းက ရတဲ့ငွေတွေကို တခြား စီးပွားရေးနယ်ပယ်တွေမှာ ငွေကြေးခ၀ါချနေတာကြောင့် လူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်လာနေတယ်လို့ UNODC ရဲ့ အရှေ့တောင်အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ရှိသူ Jeremy Douglas က ပြောပါတယ်။

"မြန်မာနိုင်ငံမြောက်ပိုင်းမှာ မှောင်ခိုဈေးကွက်က အရမ်းကြီးပါတယ်။ အဓိကအားဖြင့် မူးယစ်ဆေ၀ါးနဲ့ ဆက်နွယ်ပတ်သက်နေတာတွေမှာပါ။ ဒါ့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းမှောင်ခိုရောင်းဝယ် မှုတွေလည်း အများအပြားရှိသလို၊ တခြား တရားမ၀င်မှောင်ခိုကုန် ကူးနေတာတွေ နဲ့ ငွေအများအပြားရရှိနေတဲ့ နိုင်ငံဖြတ်ကျော် ရောင်းဝယ်လုပ်ကိုင်နေကြတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ တချိန်တည်းမှာပဲ ဒီငွေတွေကို လည်ပတ်ဖို့ လိုအပ်သလို၊ တရားဝင်ဖြစ်လာအောင်လုပ်ဖို့လည်း လိုလားနေပါတယ်။ ဒါကြောင့် တရားဝင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ ထိခိုက်မှုတွေလည်းရှိလာနေပါတယ်။"

စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ မကြာသေးခင်နှစ်တွေအတွင်း တိုးတက်မှုတွေရှိလာတဲ့ တချိန်တည်းမှာပဲ၊  အဂတိလိုက်စားမှုတွေကြောင့် တိုင်းပြည်ရဲ့ အခြေအနေ ကတော့ အောင်မြင်မှု မရသေးပဲဖြစ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ (TI) ရဲ့ သတ်မှတ်ချက်အရ၊ နိုင်ငံ ၁၇၇ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၅၇ မှာရှိတယ်လို့ သတ်မှတ်ထားပါတယ်။

ဘိန်းနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကနေ ဓနအင်အားနဲ့ သြဇာကြီးမားတဲ့ သူတွေ ပေါ်လာခဲ့ပြီး၊ အဲဒီကနေ လွှတ်တော် အပါအ၀င် နိုင်ငံရေးနယ်ပယ်တွေ ထဲပါ ရောက်လာနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တိုင်းပြည်ရဲ့ ကြီးထွားလာနေတာနဲ့ အမျှ၊ အဲဒီလူတွေရဲ့ သြဇာလွှမ်းမိုးမှုတွေ တိုးလားနေတာဟာ စိုးရိမ်စရာအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ Debbie Stothard က ပြောပါတယ်။

"နိုင်ငံတကာ စီးပွားရေး အသိုင်းအ၀ိုင်းက ကြဉ်ထားပြီး နာမည်ပျက် စာရင်းသွင်းထားတဲ့ ခရိုနီတွေ ချမ်းသာလာကြတာဟာ အဂတိလိုက်စားမှုတွေ နဲ့ တခြား ဥပဒေနဲ့ မလွတ်ကင်းတာတွေနဲ့ ဆက်နွယ်ပတ်သက်ပြီး ချမ်းသာလာတာပါ။ ကျမတို့ အခုတွေ့နေရတာက ဘာလဲဆိုတော့ ၊ ပြီးခဲ့တဲ့မျိုးဆက် တခုက ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ ၊ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတွေဟာ လက်ရှိ အစိုးရလက်ထက်မှာ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေ ဖြစ်လာနေကြတာပါ။"

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတဲ့ ကွန်ယက် နဲ့ နီးစပ်သူတွေဟာ ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်အမတ်တွေ အဖြစ် ရွေးခံခဲ့ရတယ်လို့ Stothard က ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးခံရသူတွေနဲ့ ဘိန်းထုတ်လုပ်မှု မြင့်တက်လာတာကြားမှာ ဆက်နွယ်မှုတွေရှိတယ်လို့ သူမက ပြောပါတယ်။  ဘိန်းစိုက်ပျိုးမှုတိုးလာတဲ့အခြေအနေတွေကြောင့်၊ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုဟာ ၂၆ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၈၇၀ အထိရှိလာတယ်လို့ UNODC က အစီရင်ခံစာထုတ်ပြန်ပါတယ်။

 HRW အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Phil Robertson က စီးပွားရေးမှာ မသမာမှုတွေတိုးလာနေတာကြောင့် ပြစ်မှုကျူးလွန်ပေမယ့် ပြစ်ဒဏ်မခံရပဲ ဆက်ပြီးတော့ ကင်းလွတ်ခွင့်ရနေတဲ့ပြဿနာတွေဟာလည်း တိုးလာနေတယ်လို့ ပြောပါတယ်။

"ခင်ဗျားတို့ပြောနေတဲ့ မှောင်ခိုစီးပွားရေးဈေးကွက် ဒါမှမဟုတ် စီးပွားရေး မသမာမှုတွေ နဲ့ စီးပွားရေးလုပ်ဖို့ အခွင့်အရေးဆိုတဲ့ကြားက အဓိက ချိတ်ဆက်ပေးနေတာက  ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့လူတွေဖြစ်ပါတယ်။ အဆက်အသွယ်ကောင်းတယ်၊ ၀န်ကြီးတွေနဲ့ ပေါင်းစားနေတဲ့ ခရိုနီဖြစ်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်ဗိုလ်ချုပ်နဲ့ ပတ်သက်တယ်ဆိုရင် အဲဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ရနေတာဖြစ်ပါတယ်။ အဓိက ပြဿနာက အဲဒီ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြဿနာပါ။"

UNODC အစီအစဉ်အတွက် အဓိကစမ်းသပ်မှုဖြစ်မှာကတော့ ဘိန်းမှောင်ခိုကူးတာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်သူတွေနဲ့ ဆက်စပ်နေတဲ့သူတွေကို အရေးယူတရားစွဲတာနဲ့ ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့ထုံးစံကြီးကို ပျောက်ကွယ် သွားမလားဆိုတာပဲဖြစ်တယ်လို့  Robertson က ပြောပါတယ်။

VOA

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်

ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး

Photo: ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး
Saturday, August 23, 2014

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် ရွှေကျွန်း ဟိုတယ် ရှေ့လမ်းပေါ်တွင် ခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းသန့်မှ ဇနီးဟောင်းအား အသင့်ပါလာသော အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးဖြင့် (၄)ချက်ခန့် ထိုးသွင်းခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့သည် ဟုရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ အမျိုးသမီးအား သြဂုတ်လ ၂၁ ရက်နေ့ မနက်တွင် တိုင်းရင်းသား သုသာန်သို့ မီးသဂျိုခဲ့ကြောင်း လိုက်လံ ပို့ဆောင်ပေးခဲ့သူ မမီးမီးက ပြောဆိုသည်။

ဓားဖြင့် ထိုးသူ ခင်ပွန်းဟောင်း နှင့် သေဆုံးသူ အမျိုးသမီးတို့ တွင် ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဓါးဖြင့် ထိုးသတ်ခဲ့သူ မှ ၄င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး တောင်ကြီးမြို့ ၊ အမှတ် ၁ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည် ။

တောင်ကြီးဂျာနယ်
Taunggyi Journal

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် ရွှေကျွန်း ဟိုတယ် ရှေ့လမ်းပေါ်တွင် ခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းသန့်မှ ဇနီးဟောင်းအား အသင့်ပါလာသော အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးဖြင့် (၄)ချက်ခန့် ထိုးသွင်းခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့သည် ဟုရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးတို့ရှိ ခန့်မှန်းမြေဧက ၃၀၀၀၀ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်၊ တန်ဖိုးနည်းအိမ်ရာများကဲ့သို့ ခရိုနီတို့်၏ စားကွက်သာဖြစ်မည်ကို လူအများစိုးရိမ်

Photo: ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးတို့ရှိ ခန့်မှန်းမြေဧက ၃၀၀၀၀ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်၊ တန်ဖိုးနည်းအိမ်ရာများကဲ့သို့ ခရိုနီတို့်၏ စားကွက်သာဖြစ်မည်ကို လူအများစိုးရိမ်
Saturday, August 23, 2014

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့ နယ်များအတွင်းရှိ မြေဧက ၃ဝဝဝဝ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်အဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့ပေးပို့သော ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်သည့် သဝဏ်လွှာကို ဝန်ကြီးချုပ်အစား မြို့တော်ဝန်က ဦးလှမြင့်က ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများ လျင်မြန်စွာဖွံ့ဖြိုးလာမှုကြောင့် မြို့ဧရိယာတိုးချဲ့ပေးရန် လိုအပ်လာကြောင်း၊ ထို့ကြောင့်လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူး မြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းကြား မြေနေရာများကို လျာထားပြီး ယင်းမြေနေရာမှာ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များတွင် တည်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

မြို့သစ်စီမံကိန်းပြုလုပ်မည့် မြေများတွင် မြေအမျိုးအစား အမျိုးမျိုးပါဝင်ကြောင်း၊ လယ်ယာမြေလည်းပါဝင်ခဲ့၍ တည်ဆဲလယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်၏ ရေရှည်အမျိုးသား အကျိုးစီးပွားအလို့ငှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍ မြို့မြေအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန်မြို့သစ် စီမံကိန်းလျာထား နေရာအား မြို့မြေအဖြစ်သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီပွားရေးလုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသားလုပ်ငန်းရှင်များ စုစည်းထားသည့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလီမိတက်အား တာဝန်ပေး အပ်ရန် စီမံထားပါတယ်။ စီမံကိန်း အကောင်အထည်ဖော်မည့်အပေါ် ဒေသခံပြည်သူလူထု၏ သဘောတူညီချက်ကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။ နည်းစနစ်ကျနမှုနဲ့ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်များလည်း ခိုင်မာမှုရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်းလုံခြုံမှုကို ကန့်သတ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

အဆိုပါစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေကျပ်ဘီလျံ ၇ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၈ ဘီလျံရှိမည်ဖြစ်ပြီး စီမံကိန်းအား သုံးနှစ်အတွင်း ၇ဝ ရာခိုင်နှုန်း ပြီးစီးအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီက အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အဆင့်မြင့် ကျောင်းတစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာတစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတားငါးစင်း (တံတားကြေး လုံးဝမကောက်ခံ) ကို နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း၊ စီမံကိန်းဒေသအတွင်းရှိ လယ်ယာလုပ်ကိုင်သူများ၊ ကျေးရွာငယ်များတွင် နေထိုင်သူများ နစ်နာမှုမရှိစေရေးနှင့် လူနေမှုဘဝ မြှင့်တင်ရေးအတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြေသိမ်းမှုကိစ္စအပေါ် ကုမ္ပဏီက လုံးဝတာဝန်ယူညှိနှိုင်း ဖြေရှင်းမည်ဖြစ်ကြောင်း၊ မြို့သစ်၏လျှပ်စစ်မီး၊ ရေရှိရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးအတွက် ပန်းခြံအသေးစား၊ ကလေးကစားကွင်း စသည်တို့လည်း လုံလောက်စွာ ထားပေးမည်ဖြစ်ပြီး မီးဘေးလုံခြုံရေးလည်း စီစဉ်ပေးကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဩဂုတ် ၂ဝ ရက်က ကျင်းပသည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပထမ ၄ လပတ် အစည်းအဝေးတွင် “ယခုဆောင်ရွက်နေသည့် Effortable Housing Project ကို လုပ်ဆောင်ပေးရာတွင် ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ အခြားမြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေ စသည့်မြို့များကိုပါ ဆင်းရဲနွမ်းပါးသူများ၊ အိုးမဲ့အိမ်မဲ့များ နေထိုင်နိုင်အောင် သက်သာသောဈေးနှုန်းများနှင့် Public Housing Project များကို ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း” ဟူ၍ အိမ်ရာစီမံကိန်းများ ထပ်မံဖော်ဆောင်ရန် ပြောကြားသွားသည်။

ယင်းအပြင် ဩဂုတ် ၁၅ ရက်က ကျင်းပသည့် မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား မြေအသုံးချမှုမူဝါဒနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က “မြေကစားမှုနှင့်အတူ မြေဈေးနှုန်းများ အဆမတန် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ငွေကြေးကြွယ်ဝသူများ အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရမည့်အစား၊ ကား၊ မြေ၊ ဘဏ်လုပ်ငန်း၊ အဆောက်အအုံ ရောင်းချသည့် လုပ်ငန်းများတွင်သာ ပိုမိုရင်းနှီးမြှုပ်နှံနေကြကြောင်း၊ ထို့အတွက် မြေဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခက်ခဲတုံ့ဆိုင်းလာခြင်း၊ ငွေကြေးဖောင်းပွမှု အန္တရာယ်များကို ကြုံတွေ့လာနိုင်သည့်အတွက် ကိုယ်ကျိုးနှင့် အမျိုးသားအကျိုးစီးပွားကို ချိန်ဆလုပ်ကိုင်ကြရန်လိုသည်” ဟု ပြောကြားသည်။

အများပြည်သူအတွက် အိမ်ရာများ ထပ်ဆောက်မည်ဟု ဆိုသော်လည်း တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ်တပ်ပြီး ပြည်သူလက်လှမ်းမမီသည့် တစ်ခန်းကျပ်သိန်း ၃ဝဝ နီးပါးအထိ မြင့်မားသောဈေးဖြင့် ရောင်းချရန် စီစဉ်ခဲ့မှုများရှိခဲ့ရာ တန်ဖိုးနည်းအိမ်ရာ ဟုဆိုလျှင် တည်ဆောက်ခွင့်ရသော ခရိုနီလုပ်ငန်းရှင်များ အတွက်သာ ကောင်းစားပြီး ပြည်သူများအတွက် မသက်သာသော အိမ်ရာစီမံများ ဖြစ်လာမည်ကိုလည်း ပြည်သူများက စိုးရိမ်လျက်ရှိနေကြသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် အစီအစဉ်ကို သမ္မတရုံးခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၂ ခုနှစ် နှစ်အတွင်း စတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖြင့် တိုက်ခန်းပေါင်း ၁ဝဝဝဝ ကျော်အား ဆောက်လုပ်ရန် ဧရာဝဏ် နှင့် ရတနာအိမ်ရာ စီမံကိန်းများကို ရွှေတောင်၊ ACE၊ ဒဂုံအင်တာနေရှင်နယ်၊ A1၊ Original ကဲ့သို့ အခွင့်အရေးများစွာရသော ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂ဝ ဝန်းကျင်ကို တည်ဆောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ်ဖြင့် ခရိုနီကုမ္ပဏီများကို တည်ဆောက်ခွင့်ပေးခဲ့ပြီးနောက် မကြာမီ အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃ဝဝ ဝန်းကျင်အထိ မြင့်မားသောဈေးဖြင့် ရောင်းချမည့် အခန်းများပါ ပါဝင်သည်ဟု သတင်းထုတ်ပြန်ခဲ့ကြသည်။

ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာဟူသော ခေါင်းစဉ်ဖြင့် ကျပ်သိန်း ၃ဝဝ ဝန်းကျင်အထိ ဈေးနှုန်းရှိသောတိုက်ခန်းများ ဆောက်လုပ်ရောင်းချရန် စီစဉ်မှုအပြီး၌ ရန်ကုန်မြို့တွင်းရှိ တာမွေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ အစရှိသည့်နေရာများမှ ကန်ထရိုက်တိုက်ခန်း ဈေးနှုန်းများမှာ မူလကျပ်သိန်း ၁ဝဝ-၂၅ဝ ခန့်မှ ယခုအခါ ကျပ်သိန်း ၂၅ဝ မှ ၆ဝဝ ခန့်အထိ နှစ်ဆခွဲ သုံးဆခန့် မြင့်တက်ခဲ့သည်။ ထို့အတူ မူလက တန်ဖိုးကျပ်သိန်း ၈ဝဝ မှ ၁ဝဝဝ ကျော်သာရှိသော ကွန်ဒိုတိုက်ခန်းများမှာ ယခုအခါ ကျပ်သိန်း ၂ဝဝဝ မှ ကျပ်သိန်း ၅ဝဝဝ-၆ဝဝဝ အထိ ပေါက်ဈေးရှိလာခဲ့သည်။ ထို့ကြောင့် အဆိုပါတန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ခွင့်ရရှိထားသော ရွှေတောင်အစရှိသည့် ကုမ္ပဏီကြီးများ၏ ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်းဈေးများမှာ နှစ်နှစ်အတွင်း နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားခဲ့သည်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအဖြစ် အစပြုခဲ့သော်လည်း တိုက်ခန်းနှင့် ကွန်ဒိုဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းသာ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့နေလူထု၏ မြို့ပြနေထိုင်မှုမှာ ပိုမိုကျပ်တည်းသည့် အခြေအနေများဖြင့်သာ ရင်ဆိုင်နေကြရသည့်အတွက် စိုးရိမ်ပူပင်မှုများ ပိုမိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

Eleven Media Group

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းအား မြင်တွေ့ရစဉ်
ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းအား မြင်တွေ့ရစဉ်
ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့ နယ်များအတွင်းရှိ မြေဧက ၃ဝဝဝဝ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်အဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

မြန်မာ မူးယစ် တိုက်ဖျက်ရေး UN အစီအစဉ်သစ်

Photo: မြန်မာ မူးယစ် တိုက်ဖျက်ရေး UN အစီအစဉ်သစ်
Saturday, August 23, 2014

မူးယစ်ဆေးမှောင်ခိုကုန်ကူးနေတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ အပေါ် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးစနစ်က ပိုပြီး ထိထိရောက်ရောက်နှိမ်နှင်းနိုင်အောင် အကူအညီပေးမယ် အစီအစဉ်သစ်တရပ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)က စတင်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက သတိပေးထားတဲ့ အဲဒီ ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းဖြစ်တာနဲ့ အမျှ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး၊ လူတွေအတွက် မလုံခြုံမှုတွေ တိုးလာစေတဲ့အပြင်၊ တိုင်းရင်းသားတွေလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောလိုက်တဲ့အချိန်မှာပဲ  အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိတဲ့ ၄ နှစ်စာ အစီအစဉ် ဖြစ်လာခဲ့တာပါ။

ဒေါ်လာသန်းနဲ့ချီတဲ့ တရားမ၀င်မှောင်ခိုစီးပွားရေးလုပ်ငန်းက ရတဲ့ငွေတွေကို တခြား စီးပွားရေးနယ်ပယ်တွေမှာ ငွေကြေးခ၀ါချနေတာကြောင့် လူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်လာနေတယ်လို့ UNODC ရဲ့ အရှေ့တောင်အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ရှိသူ Jeremy Douglas က ပြောပါတယ်။

"မြန်မာနိုင်ငံမြောက်ပိုင်းမှာ မှောင်ခိုဈေးကွက်က အရမ်းကြီးပါတယ်။ အဓိကအားဖြင့် မူးယစ်ဆေ၀ါးနဲ့ ဆက်နွယ်ပတ်သက်နေတာတွေမှာပါ။ ဒါ့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းမှောင်ခိုရောင်းဝယ် မှုတွေလည်း အများအပြားရှိသလို၊ တခြား တရားမ၀င်မှောင်ခိုကုန် ကူးနေတာတွေ နဲ့ ငွေအများအပြားရရှိနေတဲ့ နိုင်ငံဖြတ်ကျော် ရောင်းဝယ်လုပ်ကိုင်နေကြတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ တချိန်တည်းမှာပဲ ဒီငွေတွေကို လည်ပတ်ဖို့ လိုအပ်သလို၊ တရားဝင်ဖြစ်လာအောင်လုပ်ဖို့လည်း လိုလားနေပါတယ်။ ဒါကြောင့် တရားဝင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ ထိခိုက်မှုတွေလည်းရှိလာနေပါတယ်။"

စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ မကြာသေးခင်နှစ်တွေအတွင်း တိုးတက်မှုတွေရှိလာတဲ့ တချိန်တည်းမှာပဲ၊  အဂတိလိုက်စားမှုတွေကြောင့် တိုင်းပြည်ရဲ့ အခြေအနေ ကတော့ အောင်မြင်မှု မရသေးပဲဖြစ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ (TI) ရဲ့ သတ်မှတ်ချက်အရ၊ နိုင်ငံ ၁၇၇ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၅၇ မှာရှိတယ်လို့ သတ်မှတ်ထားပါတယ်။

ဘိန်းနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကနေ ဓနအင်အားနဲ့ သြဇာကြီးမားတဲ့ သူတွေ ပေါ်လာခဲ့ပြီး၊ အဲဒီကနေ လွှတ်တော် အပါအ၀င် နိုင်ငံရေးနယ်ပယ်တွေ ထဲပါ ရောက်လာနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တိုင်းပြည်ရဲ့ ကြီးထွားလာနေတာနဲ့ အမျှ၊ အဲဒီလူတွေရဲ့ သြဇာလွှမ်းမိုးမှုတွေ တိုးလားနေတာဟာ စိုးရိမ်စရာအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ Debbie Stothard က ပြောပါတယ်။

"နိုင်ငံတကာ စီးပွားရေး အသိုင်းအ၀ိုင်းက ကြဉ်ထားပြီး နာမည်ပျက် စာရင်းသွင်းထားတဲ့ ခရိုနီတွေ ချမ်းသာလာကြတာဟာ အဂတိလိုက်စားမှုတွေ နဲ့ တခြား ဥပဒေနဲ့ မလွတ်ကင်းတာတွေနဲ့ ဆက်နွယ်ပတ်သက်ပြီး ချမ်းသာလာတာပါ။ ကျမတို့ အခုတွေ့နေရတာက ဘာလဲဆိုတော့ ၊ ပြီးခဲ့တဲ့မျိုးဆက် တခုက ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ ၊ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတွေဟာ လက်ရှိ အစိုးရလက်ထက်မှာ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေ ဖြစ်လာနေကြတာပါ။"

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတဲ့ ကွန်ယက် နဲ့ နီးစပ်သူတွေဟာ ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်အမတ်တွေ အဖြစ် ရွေးခံခဲ့ရတယ်လို့ Stothard က ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးခံရသူတွေနဲ့ ဘိန်းထုတ်လုပ်မှု မြင့်တက်လာတာကြားမှာ ဆက်နွယ်မှုတွေရှိတယ်လို့ သူမက ပြောပါတယ်။  ဘိန်းစိုက်ပျိုးမှုတိုးလာတဲ့အခြေအနေတွေကြောင့်၊ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုဟာ ၂၆ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၈၇၀ အထိရှိလာတယ်လို့ UNODC က အစီရင်ခံစာထုတ်ပြန်ပါတယ်။

 HRW အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Phil Robertson က စီးပွားရေးမှာ မသမာမှုတွေတိုးလာနေတာကြောင့် ပြစ်မှုကျူးလွန်ပေမယ့် ပြစ်ဒဏ်မခံရပဲ ဆက်ပြီးတော့ ကင်းလွတ်ခွင့်ရနေတဲ့ပြဿနာတွေဟာလည်း တိုးလာနေတယ်လို့ ပြောပါတယ်။

"ခင်ဗျားတို့ပြောနေတဲ့ မှောင်ခိုစီးပွားရေးဈေးကွက် ဒါမှမဟုတ် စီးပွားရေး မသမာမှုတွေ နဲ့ စီးပွားရေးလုပ်ဖို့ အခွင့်အရေးဆိုတဲ့ကြားက အဓိက ချိတ်ဆက်ပေးနေတာက  ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့လူတွေဖြစ်ပါတယ်။ အဆက်အသွယ်ကောင်းတယ်၊ ၀န်ကြီးတွေနဲ့ ပေါင်းစားနေတဲ့ ခရိုနီဖြစ်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်ဗိုလ်ချုပ်နဲ့ ပတ်သက်တယ်ဆိုရင် အဲဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ရနေတာဖြစ်ပါတယ်။ အဓိက ပြဿနာက အဲဒီ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြဿနာပါ။"

UNODC အစီအစဉ်အတွက် အဓိကစမ်းသပ်မှုဖြစ်မှာကတော့ ဘိန်းမှောင်ခိုကူးတာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်သူတွေနဲ့ ဆက်စပ်နေတဲ့သူတွေကို အရေးယူတရားစွဲတာနဲ့ ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့ထုံးစံကြီးကို ပျောက်ကွယ် သွားမလားဆိုတာပဲဖြစ်တယ်လို့  Robertson က ပြောပါတယ်။

VOA

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ် 
မူးယစ်ဆေးမှောင်ခိုကုန်ကူးနေတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ အပေါ် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးစနစ်က ပိုပြီး ထိထိရောက်ရောက်နှိမ်နှင်းနိုင်အောင် အကူအညီပေးမယ် အစီအစဉ်သစ်တရပ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)က စတင်လိုက်ပြီဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ကုလသ မဂ္ဂက သတိပေး ထားတဲ့ အဲဒီ ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းဖြစ်တာနဲ့ အမျှ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ယူကရိန်းထဲ ရုရှားယာဉ်တန်း ဝင်ရောက်မှု ကန် ဝေဖန်

Photo: ယူကရိန်းထဲ ရုရှားယာဉ်တန်း ဝင်ရောက်မှု ကန် ဝေဖန်
Saturday, August 23, 2014

ယူကရိန်း အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်မရဘဲနဲ့ ယူကရိန်းနိုင်ငံထဲကို ရုရှားဘက်ကနေ လူသားချင်း စာနာတဲ့ အကူအညီပေးရေး ယာဉ်တန်း ၀င်တာဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့  ယူကရိန်းအရှေ့ခြမ်းကနေ ယာဉ်တန်းတွေကို ဖယ်ရှားရင်ဖယ်ရှား မဖယ်ရှားဘူးဆိုရင် အဲဒီအကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။

ဒီအခြေအနေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးသွားဖို့ အမေရိကန်ဘက်က စီစဉ်နေတယ်လို့ သူကပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း ဒီယာဉ်တန်းရဲ့ လှုပ်ရှားမှုနဲ့ ပတ်က်ပြီးတော့လည်း စိုးရိမ်ကြောင်း၊ ဒီလို တဘက်သတ် လုပ်ဆောင်လိုက်တဲ့ အတွက်  ယူကရိန်းအရှေ့ခြမ်းမှာ နဂိုကတည်းက ဆိုးနေတဲ့အခြေအနေကို ပိုပြီးတော့ ဆိုးလာနိုင်မယ့် အလားအလာရှိတယ်လို့ ပြောပါတယ်။

ရုရှားယာဉ်တန်းဟာ ယူကရိန်းနိုင်ငံထဲကို သောကြာနေ့က ၀င်ရောက်ခဲ့တာပါ။ အဲဒီယာဉ်တန်းဟာ ယူကရိန်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိသလို၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ စစ်ဆေးရေးမှု ပြီးအောင်လည်း မစောင့်ခဲ့ပါဘူး။ မဆုံးနိုင်လောက်အောင် အချိန်အကြာကြီး စောင့်ခဲ့ရတဲ့အတွက် ကနဦး အကူအညီပေးမှုတွေမှာ အဟန့်အတားတွေဖြစ်ခဲ့ပြီး၊ အဲဒီလို စောင့်ရတာဟာ သည်းမခံနိုင်စရာတွေ ဖြစ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ ရုရှားယာဉ်တန်း ယူကရိန်းနိုင်ငံထဲဝင်ရောက်ခဲ့တာကို အတည်ပြုခဲ့ပါတယ်။

အဲဒီအကူအညီတွေဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားရဲ့ လုပ်ဆောင်ချက် အပေါ်မှာ နေတိုးအဖွဲ့ကလည်း ရှုတ်ချလိုက်ပြီး ဒါဟာ တိုက်ရိုက် ကျူးကျော်တာဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ယူကရိန်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ရုရှားယာဉ်တန်းများ
ယူကရိန်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ရုရှားယာဉ်တန်းများ
ယူကရိန်း အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်မရဘဲနဲ့ ယူကရိန်းနိုင်ငံထဲကို ရုရှားဘက်ကနေ လူသားချင်း စာနာတဲ့ အကူအညီပေးရေး ယာဉ်တန်း ၀င်တာဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံ အနေနဲ့  ယူကရိန်းအရှေ့ခြမ်းကနေ ယာဉ်တန်းတွေကို ဖယ်ရှားရင်ဖယ်ရှား မဖယ်ရှားဘူးဆိုရင် အဲဒီ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။

Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး

Photo: Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး
Saturday, August 23, 2014

Islamic State အစွန်းရောက်အဖွဲ့က စစ်သွေးကြွတွေ အမေရိကန်သတင်းထောက် James Foley ကို သတ်ဖြတ်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုက်ရိုက်ကျူးလွန်တဲ့သဘောဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်လူမျိုးတွေကို ကာကွယ်ဖို့အတွက် Islamic State လက်နက်ကိုင်တွေကို နောက်ထပ် အရေးယူနှိမ်နင်းမှုတွေ လုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သမ္မတအိုဘားမားရဲ့ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က သောကြာနေ့မှာ ပြောဆိုသွားခဲ့တာပါ။

Islamic State အဖွဲ့ဟာဆိုရင် လွန်ခဲ့တဲ့ ၆ လ အခြေအနေကထက် ပိုပြီးတော့ ခြိမ်းခြောက်မှုကြီးလာတယ်လို့လည်း ပြောပါတယ်။ နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ဆုံးဖြတ်တဲ့အပြင်၊ အမေရိကန်စစ်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာလည်း နိုင်ငံနယ်စပ်မျဉ်းတွေ အကန့်အသတ်ထားမှာ မဟုတ်ဘူးလို့လည်း အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောပါတယ်။

Islamic State လက်နက်ကိုင်တွေဟာ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်းမှာပဲ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီယားအရှေ့ပိုင်း နေရာအတော်များများကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။ သူတို့ဟာ ဆီးရီယားနဲ့အီရတ်နှစ်နိုင်ငံအကြား  လွတ်လပ်စွာ ကူးလူး လှုပ်ရှားနေတာဖြစ်ပါတယ်။ နောက်အခြေအနေတခုကတော့ အီရတ် က ဘဂ္ဂဒတ်မြို့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆူနီ မူဆလင်ဗလီတခုကို သောကြာနေ့က အကြီးအကျယ် တိုက်ခိုက်မှု တခုဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ၀တ်ပြုဆုတောင်းနေသူ လူ ဆယ်ဂဏန်း သေဆုံးခဲ့ ပါတယ်။

ဒါဟာ သဘောထား တင်းမာတဲ့ ရှိရတ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်ချက်ဖြစ်တယ် ဆိုပြီး ဆူနီဘာသာရေးတာဝန်ရှိသူတွေက အပြစ်ဖို့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Islamic State စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ အီရတ်အစိုးရ တပ်မှုးအချို့က ယူဆထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး
Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး
Islamic State အစွန်းရောက်အဖွဲ့က စစ်သွေးကြွတွေ အမေရိကန်သတင်းထောက် James Foley ကို သတ်ဖြတ်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုက်ရိုက်ကျူးလွန်တဲ့ သဘော ဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန် လူမျိုးတွေကို ကာကွယ်ဖို့အတွက် Islamic State လက်နက်ကိုင်တွေကို နောက်ထပ် အရေးယူ နှိမ်နင်းမှုတွေ လုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သမ္မတအိုဘားမားရဲ့ ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes က သောကြာနေ့မှာ ပြောဆိုသွားခဲ့တာပါ။

ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး

Photo: ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး
Saturday, August 23, 2014

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် ရွှေကျွန်း ဟိုတယ် ရှေ့လမ်းပေါ်တွင် ခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းသန့်မှ ဇနီးဟောင်းအား အသင့်ပါလာသော အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးဖြင့် (၄)ချက်ခန့် ထိုးသွင်းခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့သည် ဟုရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ အမျိုးသမီးအား သြဂုတ်လ ၂၁ ရက်နေ့ မနက်တွင် တိုင်းရင်းသား သုသာန်သို့ မီးသဂျိုခဲ့ကြောင်း လိုက်လံ ပို့ဆောင်ပေးခဲ့သူ မမီးမီးက ပြောဆိုသည်။

ဓားဖြင့် ထိုးသူ ခင်ပွန်းဟောင်း နှင့် သေဆုံးသူ အမျိုးသမီးတို့ တွင် ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဓါးဖြင့် ထိုးသတ်ခဲ့သူ မှ ၄င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး တောင်ကြီးမြို့ ၊ အမှတ် ၁ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည် ။

တောင်ကြီးဂျာနယ်
Taunggyi Journal
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ခန္ဓာကိုယ်မှ လက်နက်ရှာဖွေရေး ပုံဖမ်းစက်များ အလုပ်မဖြစ်ဟု ပညာရှင်များ ပြောကြား

ခန္ဓာကိုယ်တွင် ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသည့် လက်နက်များကို ရှာဖွေပုံဖမ်းစက်များက ဖော်ထုတ်မပေး နိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားလိုက် သည်။

အမေရိကန်ကင်းလှည့်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တား

Photo: အမေရိကန်ကင်းလှည့်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တား
Saturday, August 23, 2014

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအရှေ့ဘက်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း ကင်းလှည့်ပျံသန်းနေသည့် လေယာဉ်တစ်စင်းကို တရုတ်စစ်လေယာဉ် တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပင်တ ဂွန် စစ်ဌာနက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ လုပ်ရပ်အပေါ် အမေရိကန်က တရုတ်စစ်တပ်ကို ကန့်ကွက်ထားပြီး အန္တရာယ်များကို ပရော်ဖက်ရှင်နယ်မပီသသော လုပ်ရပ်အဖြစ် ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ်ဂျွန်ကာဗီက ကန့်ကွက် ထား သည်။

တရုတ်တိုက်လေယာဉ်သည် အမေရိကန်ရေတပ်လေယာဉ်အနီး ၁၀ မီတာ အကွာအထိ ကပ်လာ ခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် မတ်လနောက်ပိုင်း လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင် မှုအပေါ် တရုတ်စစ်တပ်ဘက်မှ တစ်စုံ တစ်ရာ ပြော ဆို ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း တရုတ်စစ်သင်္ဘောတစ်စင်းက အမေရိကန်စစ်သင်္ဘော တစ်စင်းနှင့် တောင်တရုတ်ပင်လယ်အတွင်း တိုက်မိလုနီးပါး ဖြစ်ခဲ့သည်။

အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုမှာ ၂၀၀၁ ခုနှစ်အတွင်းက တရုတ်ဂျက်တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်ရေတပ်မှ EP-3 ထောက် လှမ်းရေးလေ ယာဉ်နှင့် တိုက်မိခဲ့ရာ တရုတ်လေယာဉ်မှူး သေဆုံးခဲ့သည်။

Ref: AFP
Mizzima - News in Burmese
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအရှေ့ဘက်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း ကင်းလှည့်ပျံသန်းနေသည့် လေယာဉ် တစ်စင်းကို တရုတ်စစ်လေယာဉ် တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပင်တ ဂွန် စစ်ဌာနက ထုတ်ပြန်ကြေညာထားသည်။