Tuesday 17 March 2015

နေပြည်တော်တွင် အနှိပ်ခန်းနှင့် ကေတီဗီများ လိုက်လံဖမ်းဆီး

နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များရှိ အနှိပ်ခန်း များနှင့် ကေတီဗီများ ပိတ်ထားရန် ညွန်ကြားသော်လည်း မလိုက်နာ သောကြောင့် မတ်လ ၁၅ ရက်မှ စတင်၍ ဖမ်းဆီးမှုများရှိနေကြောင်း သတင်းရရှိသည်။
တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုနေစဉ် အနှိပ်ခန်းများ ပိတ် ထားရန် ညွှန်ကြားထားသော် လည်း လိုက်နာမှုမရှိသည့် ဆိုင် ခန်းများရှိနေသောကြောင့် လိုက် လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ပေါင်းလောင်းတွင် အနှိပ်ခန်းဖွင့် လှစ်ထားသူ တစ်ဦးကဆိုသည်။

တက္ကစီပေါ်တွင် မေ့ကျန်ခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦး၏ ငွေများကို ယာဉ်မောင်းက ပြန်လည်ပေးအပ်

တရုတ်နိုင်ငံသားတစ်ဦး အငှားယာဉ်ပေါ် ကျန်ခဲ့သည့် မြန်မာငွေကျပ် ၁၇ သိန်းကျော်နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၁,၂၀၀ ကို အငှားကား ယာဉ် မောင်းက ဒဂုံမြို့သစ် မြောက်ပိုင်း ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် တရုတ်နိုင်ငံသား မစ္စတာ ဖူဘင်နှင့် အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမပေါ်ရှိ ဘိုဘိုမင်းဟို တယ်မှ ကတ်ပီတယ်စူပါမား ကက်အနီး Star Mart ဟိုတယ် သို့သွားရာ ယာဉ်မောင်းဦးမြ သိန်းမောင်းနှင်သည့် တက္ကစီကို ငှားရမ်းစီးနင်းလာစဉ် အဆိုပါ ယာဉ်ပေါ်၌ ပိုက်ဆံအိတ် ကျန်ခဲ့ ခြင်းဖြစ်သည်။

သမ္မတနှင့် KIO တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီး မဟုတ်ဟု ဗိုလ်ချုပ်ဂွမ်မော်ဆို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် KIO ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီးစဉ် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်အောင် လုပ်ဆောင် ရမယ့် အဓိက အချက်ကို ရှာဖွေမယ်။ မအောင်မမြင် ဖြစ်စေမယ့် အဟန့် အတားမျိုး မပါဝင်အောင် ကြိုးစားမယ် ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။ ယခုအခါ မီဒီယာများနှင့် ပြင်ပအသံ အချို့ကြောင့် နှစ်ဘက်စလုံးတွင် ယုံကြည်မှု လျော့နည်းခြင်းများ ရှိနိုင်ပြီး၊ ခေါင်းဆောင် အချင်းချင်း မတွေ့ဆုံနိုင်ခြင်းသည်လည်း နားလည်မှု များကို အားနည်း နိုင်ကြောင်း ၎င်းက ပြောသည်။ထိုပြင် KIO အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCCTမှာလည်း ဆက်လက်ပါဝင် ပူးပေါင်းပြီး လုပ်ငန်းစဉ် သုံးခုစလုံး အမှန်တကယ် အောင်မြင်သည် အထိ ကြိုးပမ်း ဆောင်ရွက် သွားဖို့ ဆန္ဒပြင်းပြစွာ ရှိနေကြောင်း သိရသည်။

လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား


ထိုင်းနိုင်ငံက တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံက ခရီးသွားလာ သူတွေကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ သိရပါတယ်။ တရုတ်ခရီးသွားတွေဟာ ထိုင်း နိုင်ငံကို ရောက်ရှိတဲ့ အခါမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိဘဲ အပြုအမူဆိုးတွေ ပြုလုပ်နေ တာကြောင့် ဒေသခံတွေနဲ့ ပြဿနာ ဖြစ်ပွားမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြ ပါတယ်။

မြန်မာနိုင်ငံ၏ အခြေခံပညာရေးတွင် ကျောင်းသားကျောင်းသူများအနေဖြင့် ပညာရည်နို့ကို သောက်ရေခွက်နှင့် မသောက်ရဘဲ အိုးခြမ်းပဲ့နှင့်သာ သောက်နေရကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောကြား

မြန်မာနိုင်ငံ ၏ အခြေခံပညာရေးတွင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ပညာ ရည်နို့ကို သောက်ရေခွက်နှင့် မသောက် ရဘဲ အိုးခြမ်းပဲ့နှင့်သာ သောက်နေရ ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
ယနေ့ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် သုံးဦး၏ အခြေ ခံပညာ အလယ်တန်းကျောင်းခွဲ၊ အ ထက်တန်းကျောင်းခွဲများကိုအဆင့် မြှင့်ပေးရန်အတွက် မေးခွန်းများမေး မြန်းခြင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ပြန်လည် ရှင်းလင်းဖြေကြားခြင်း များနှင့် ပတ်သက်ပြီးပြောကြား ခြင်းဖြစ်သည်။

"ငြိမ်းချမ်းတော့မည် ကချင်ပြည်"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် (၁၀) နာရီတွင် ကချင် လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာနှင့် အဖွဲ့ အား နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့ ပထမဆုံး အကြိမ် တွေ့ ဆုံကြခြင်း ဖြစ်ပါကြောင်း၊ အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မကြာခဏတွေ့ဆုံခဲ့ကြပြီး ရင်းနှီးနေကြပြီ ဖြစ်ပါကြောင်း၊ ကေအိုင်အိုအဖွဲ့နှင့် ယခုမှ ပထမဆုံး အကြိမ် တွေ့ဆုံ သည် ဆိုသော်လည်း မိမိ၏ အသိအကျွမ်းများ၊ မိမိနှင့်အတူ အမျိုးသား ညီလာခံ တက်ရောက် ခဲ့သည့်အဖွဲ့များ ပြန်လည်တွေ့ဆုံရခြင်း အတွက် ၀မ်းသာပါကြောင်း၊ ကချင်တိုင်းရင်းသားများ အားလုံးကျန်းကျန်း မာမာ ပျော်ပျော် ရွှင်ရွင် ရှိကြစေရန် ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း။

အနုပညာ လုပ်ငန်းတွေ ဆက်တိုက် ပြန်လုပ်တော့မယ် ဆိုတဲ့ ချစ်စနိုးဦး


  ပရိသတ် လက်ခံမှု ရရှိထားသည့် သရုပ်ဆောင်၊ အဆိုတော် ဖြစ်သော ချစ်စနိုးဦးက သူမ၏ ဖခင် ကျန်းမာရေးကြောင့် နားထားခဲ့ရာမှ ယခုအခါတွင် အနုပညာ လုပ်ငန်းများကို ဆက်တိုက် ပြန်၍ လုပ်ကိုင် တော့မည် ဖြစ်ကြောင်း ပြောသည်။

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်


ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ်ပါတယ်။