Saturday 30 March 2013

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား



ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား
===============================
Saturday, March 30, 2013 

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်
ခဲ့ခြင်းမှာဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေလိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးအောင်သိန်းလင်းက ဆိုသည်။ 

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလား
ပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက Road Map (၇)ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီ
စည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ၂နှစ်ကျော်ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်
လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြောဆိုသည်။ 

ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလို
ဖြစ်ပေါ်နေခြင်းမှာ တပ်မတော်မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟု
အင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေမှုမှာ မှန်ကန်ခြင်း
မရှိဟု ၄င်းက ဆိုသည်။


“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က ၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရ
တာပါ။တပ်မတော်က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေ
တာ တပ်မတော်က ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့အမြင်စောင်းနေသူတွေက အခုလို ပုံကြီးချဲ့ပြီး တပ်ကို မုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်း
ခြင်းကြာင့် ပြည်သူအများလမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာ
ဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ်မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။


ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော်အပြင် ပြည်ပမှအဖွဲ့အစည်းများမှ
လှုံ့ဆော်နေခြင်း ကြောင့် ဖြစ်သည်ဟု လူမှုရေးစာမျက်နှာများ၌ဝေဖန်ပြောဆို
သံများ ထွက်ပေါ်နေခြင်းဖြစ်သည်။ 

အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ
ဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။ 

“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်
ဝပြီးအနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်
တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိတာက ပြည်ပအဖွဲ့အစည်းတွေ
ကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေးပါတီအချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။ 

ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များက
အခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်း
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ်လူမှုရေး
ကွန်ယက်၌ဆိုသည်။ 

“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်း
ပါ။ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်
ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာ
မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ်စာမျက်နှာတွင်ပြောကြားထားခြင်းဖြစ်သည်။ 

အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းသင့်ကြောင်း ၊ လူထုကလည်း ပူးပေါင်းပါဝင်
တားဆီးသင့်သည်ဟု ဦးသိန်းညွှန့်ကအကြံပြုပြောဆိုသည်။

Myit Makha Mediagroup

ZinYawNews
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာ ဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေ လိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ဆို သည်။

အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော


အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
Saturday,March 30, 2013

လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် 
Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော ပေါ်
ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်
ဖို့ သမ္မတဦးသိန်းစိန်က မနေ့က အမိန့်ပေးညွှန်ကြားလိုက်ပြီးနောက်မှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ တခြားနေရာတွေကို မပြန့်နှံ့သွားအောင် အစိုးရအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့နဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လူ့အ
ခွင့်အရေး ချိုးဖေါက်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အပြစ်ကျူးလွန်
သူတွေကို အရေးယူပေးဖို့ကိုလည်း မစ္စတာ ကင်တားနားက တောင်းဆိုထား
ပါတယ်။

မစ္စတာကင်တားနားရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အဲဒီလိုပြော
ဆိုချက်တွေကို လုံးဝငြင်းပယ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ
ဖေါ်ပြထားပါတယ်။

မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်
ကန်လေ့လာမှုမရှိပဲ တဆင့်ကြားသတင်းများကိုသာ အခြေပြုပြော
ကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုး
ပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာ
သာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်
များကို မျက်ကွယ်ပြုရာရောက်တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

RFA
စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက် စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က မနေ့ကအမိန့်ပေးညွှန်ကြားလိုက် ပြီးနောက်မှာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောလိုက်တာဖြစ် ပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်



ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
Saturday,March 30, 2013

လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွား
ဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့
ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူ
မျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှု
တွေ ရှိပါတယ်။ 

အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေတည်ငြိမ်အောင် ထိန်း
ထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက်
ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်း
အ၀ိုင်းက ပြောဆိုလာတာပါ။

တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု
ကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်
မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်
မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ
ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်
မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များ
ဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူ
တို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။

ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။

သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေး
ချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲ
လို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်
အတွက် သွားတာပဲ-ပေါ့နော်။”

နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆို
ရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်
မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိ
နိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။

ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မ
သက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူ
တို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသား
များ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်
လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာ
ရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့
နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်
ကရှိတဲ့သူတွေ၊ သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်
ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာန
ဆိုင်ရာတွေမှာ မူတည်ပါတယ်။

အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ်
နေဖို့ အရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာ
မြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်
ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်
ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျ
ပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိ
တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်း
အားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါ
တယ်။

မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေ
မှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)

အောင်ရဲ မောင်မောင် 
VOA

လာမယ့်ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကိုသွားဖို့ရှိနေပြီး မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား


မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန် လွှတ်ပေးထား ရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ