Tuesday 24 June 2014

မီဒီယာများနှင့်ပတ်သက်၍ မည်သို့ပြုလုပ်နေကြသည်ကို ခေါ်ယူဆွေးနွေးခြင်းမျှသာဖြစ်သည်ဟုဆို

ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းမီဒီများဖြစ်သည့် ယူနတီ ဂျာနယ်၊ Myanmar Post နှင့် The Voice သတင်းဌာနတို့မှ တာဝန်ရှိသူအချို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ခြင်း စစ်ဆေး ခြင်းမဟုတ်ဘဲ မီဒီယာများနှင့်ပတ်သက်၍ မည်သို့ပြုလုပ်နေကြသည်ကိုခေါ်ယူဆွေးနွေးခြင်းမျှသာဖြစ်သည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ယနေ့ပြည်သူ့လွှတ်တော်အစည်း အဝေးခေတ္တရပ်နားချိန်တွင်ပြောသည်။ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက'' ခေါ်ကတည်းကိုက မီဒီယာတွေနဲ့ပတ်သက်လို့ ဘယ်လိုတွေလုပ်နေကြတယ်ဆိုတာ ဆွေးနွေးတဲ့သဘောပါ''ဟု လွှတ်တော်တွင်း သတင်းထောက်တို့၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

မွတ်စလင်ညီနောင်များအဖွဲ့အား ထောက်ခံခဲ့မှုဖြင့် အယ်လ်ဂျာဇီးယား သတင်းထောက်သုံးဦးကို ထောင်ဒဏ်ချမှတ်

မွတ်စလင်ညီနောင်များအဖွဲ့ကို ထောက်ခံအားပေးမှုပြုခဲ့သည်ဟူသော စွဲချက်ဖြင့် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားဌာနမှ သတင်းထောက်သုံးဦးကို အီဂျစ်နိုင်ငံရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ပိတ်ပင်ခံထားရသော အစ္စလာမ္မစ်အဖွဲ့အစည်းများ ၏ သတင်းမှားများကို ဖော်ပြခဲ့မှုဖြင့် အယ်လ်ဂျာဇီးယားသတင်းဌာနမှ သတင်းထောက် ပီတာဂရေ့တီး၊ မိုဟာမက်ဖာ့ရှ်မီနှင့် ဘဟာမိုဟာမက်တို့အား စွဲချက်တင်ကာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသား သတင်းသမားများသုံးဦး အပါအဝင်ဖြစ်သော တရားခွင်သို့ မလာ ရောက်နိုင်သူ တစ်ဦးကိုလည်း ထောင်ဒဏ် ၁ဝ နှစ်စီကျခံစေရန် အပြစ်ပေးခဲ့သည်။ယင်းတရားစီရင်ချက်နှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ပြင်းထန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘရော့က ဘီဘီစီသို့ ပြောကြားသည်။ အီဂျစ်အစိုးရ၏ ပြစ်ဒဏ်ချမှတ်ခံရသူ ပီတာဂရေ့စ်သည် ဘီဘီစီသတင်းဌာန၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး သြစတြေးလျနိုင်ငံသားတစ်ဦးလည် ဖြစ်သည်။ 

ရွှေမန္တလာယာဉ်မောင်းအား ခရီးစဉ်အတွင်း ဖုန်းပြောသဖြင့် အသင်းမှ ရာသက် ပန်ထုတ်ပယ်

မန္တလေး၊ ဇွန် ၂၃- ရွှေမန္တလာအဆင့်မြင့် မော်တော်ယာဉ်အသင်းမှ ယာဉ် မောင်း တစ်ဦးသည် ဇွန် ၁၄ ရက် က ရန်ကုန်မှ မန္တလေးသို့ ခရီးသည်များ တင်ဆောင်မောင်းနှင် ခဲ့ရာ ယာဉ်မောင်းစဉ်အတွင်း ဖုန်းပြောသဖြင့် အသင်း၏ စည်းကမ်းချက်များကို မလိုက် နာသောကြောင့် အသင်းမှ ယာဉ်မောင်း အဖြစ် ရာသက်ပန်ထုတ်ပယ်လိုက်ကြောင်း ရွှေမန္တလာ အဆင့်မြင့် မော် တော်ယာဉ် အသင်းမှ သိရသည်။

နိုင်ငံနှင့် သင့်လျော်သည့် ပီအာရ်စနစ် ယခုလွှတ်တော်တွင်တင်ပြနိုင်ရန် စီစဉ်

မြန်မာနိုင်ငံနှင့် သင့်လျော်မည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ယခုကျင်းပဆဲ အမျိုးသား လွှတ်တော်သို့ တင်ပြနိုင်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပီအာရ်စနစ်အကောင်အထည်ဖော်ရေးကော်မရှင် ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။‘‘ဒီလွှတ်တော်မှာ တင်နိုင် အောင်လုပ်မယ်လို့ ခေါင်းထဲမှာ စဉ်းစားထားတယ်။ တစ်ယောက်တည်းဆုံးဖြတ်ပြီးလုပ်တာထက် အဖွဲ့ဝင် တွေနဲ့ လည်း လွှတ်တော်အမီတင်နိုင်အောင် ဆွေးနွေးရမယ်’’ ဟု ဦးဇော်မြင့်ဖေက ဆိုသည်။ အမျိုးသား လွှတ်တော် ပီအာရ်ကော်မရှင်၏ ပထမအကြိမ်အစည်းအဝေးကို ယခုတစ်ပတ်အတွင်း ခေါ်ယူရန် စီစဉ် ထားပြီး ပီအာရ်စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်သွားမည်ဟုလည်း ၎င်းကပြောသည်။ အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးနိုင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မရှင် တစ်ရပ် ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အဖွဲ့ဝင် ၄၁ ဦးဖြင့် ဇွန်လ ၁၃ ရက်က စတင်ဖွဲ့စည်းလိုက်သော်လည်း ကော်မရှင်မှ လွှတ်တော်သို့ အစီရင်ခံစာတင်ပြ ရမည့် အချိန် သတ်မှတ်ချက် ကို သတ်မှတ်ထားခြင်း မရှိပေ။

ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ဂိတ်ပိုင်ရှင်များ စတင်ဆန္ဒပြမည်

မန္တလေးမြို့ရှိ စတင်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်သော ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာ ကုန်တင် ယာဉ်ရပ်နားစခန်းမှ ဂိတ်ခန်းပိုင်ရှင်များက စတင်ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ မန္တလေးမြို့ အမရပူရမြို့ နယ် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းတွင် ဂိတ်ခန်းငှားရမ်းခများ နှစ်ဆမြင့်တက်လိုက်၍ မကျေနပ်သဖြင့် ဂိတ်ပိုင်ရှင်များက ဇန်န၀ါရီ ၁၀ ရက် တွင် ကုန်တင်ယာဉ် ရပ်နားစခန်းဝင်းအတွင်း၌ ဆန္ဒပြခွင့်တင်ခဲ့ရာဆန္ဒထုတ်ဖော်ရန် ကွင်းပြီးစီးသွား ပြီဖြစ်သဖြင့် ယင်းကွင်းတွင် ပင်ဆန္ဒပြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးမှအသိပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအဝေးပြေးကုန်စည် ပို့ဆောင် ရေး လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူးဦးသွင် စိုးကပြောသည်။ ဇွန်လ ၂၄ ရက်မှ စတင်ကာ ဆန္ဒဖော် ထုတ်ရန်စီစဉ်ခဲ့သော်လည်း ဆန္ဒပြခွင့်ရရန်ရုံးပြောင်းတင်ရသဖြင့် ဇွန်လ ၂၆ ရက် ၀န်းကျင်မှ ဆန္ဒပြခွင့် ရနိုင်ကြောင်း၊ လူဦးရေ ၅၀၀ ခန့်ဖြင့် ငါးရက်ကြာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း အတွင်းရေးမှူးက ပြော သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် MDCF ခေါင်းဆောင် ကိုထင်ကျော် ထောင်ဒဏ်ခြောက်လချမှတ်ခံရ

ဒီမိုကရေစီအရေး စဉ်ဆက် မပြတ်လှုပ်ရှားမှုအဖွဲ့ (MDCF) ခေါင်းဆောင် ကိုထင်ကျော်အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်ဒဏ် ခြောက်လချမှတ်လိုက်သည်။ တောင် ဥက္ကလာပမြို့နယ် တရားရုံးကယနေ့ မွန်းတည့်၁၂ နာရီတွင် အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။MDCF ခေါင်းဆောင် ကိုထင် ကျော်သည် ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း လက် ကမ်းစာရွက်များ ဖြန့်ဝေခဲ့ သောကြောင့်နိုင်ငံတော် အကြည်ညိုပျက် စေမှု၊ ပုဒ်မ ၅ဝ၅ (ခ) ဖြင့်ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး အထက်ပါ အတိုင်းအမိန့်ချမှတ်ခံရခြင်းဖြစ်သည်။ကိုထင်ကျော်ကို အမိန့်မချမီ MDCF အဖွဲ့ဝင်များက တရားရုံး ရှေ့တွင် ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ပြီးနိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးရန် တောင်းဆိုခဲ့ ကြသည်။ ကိုထင်ကျော်အနေဖြင့် ပြည် ထောင်စုအစိုးရအဖွဲ့အား အယုံအကြည်မရှိစာရွက်များကို တောင် ဥက္ကလာပ မြို့နယ် အပါအဝင် မြို့နယ် ၁၁ မြို့နယ်၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။အဆိုပါ ပုဒ်မ ၅ဝ၅(ခ)မှာ ထောင်ဒဏ် နှစ်နှစ် အထိချမှတ်နိုင်ကြောင်းသိရသည်။ကုန်ဈေးနှုန်းကျဆင်းရေးအဖြစ် အဓိကဦးတည်ဆန္ဒဖော်ထုတ်လေ့ ရှိသည့် ကိုထင်ကျော်အနေဖြင့် ယခင်ကလည်း မကြာခဏထောင် ဒဏ်ချမှတ်ခံရသည်။
The Union Daily

အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်းလ်က ပွင့်လင်းစွာပြော

Photo: အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်းလ်က ပွင့်လင်းစွာပြော
Tuesday, June 24, 2014

သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

“ဒီသီချင်းက နေရာတိုင်းမှာ တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတာကို ပြောချင်တာ။ စမိုင်းလ်က နဂိုကတည်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ အဲဒီတော့ အချစ်တော်ထားတာတို့ကို နဂိုကတည်းက ၀ါသနာ ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ အဲဒီအိုင်ဒီယာလေးကိုရပြီး စမိုင်းလ် သြဇီက ဒါရိုက်တာတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ။ စာသားလေးက ချစ်တဲ့သူက ထားသွားရင်လည်း ပျော်အောင်နေတတ်ဖို့ ကြိုးစားပါဆိုတဲ့ စာသားလေးပါ”ဟု ၎င်းက ပြောသည်။

"New Me"အယ်လ်ဘမ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်အတွက် အမ်တီဗီရိုက်ကူးရာတွင် “ပျော်အောင်နေလိုက်တော့” သီချင်း၌ ပရိသတ်များအမြင်ဆန်းစေရန် ပုံစံပြောင်းလဲ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းအယ်လ်ဘမ်ကို မိုးရာသီအကုန် ပွင့်လင်းရာသီ၌ ထွက်ရှိနိုင်ရန် ကြိုးစားနေသည်။

ယင်းအယ်လ်ဘမ်တွင် မြန်မာဒါရိုက်တာများဖြစ်သည့် သုံးပေါင်၊ ၀င်းလွင်ထက်နှင့် အင်္ဂလန်မှ ဒါရိုက်တာ တစ်ဦး၊ သြစတြေးလျမှ ဒါရိုက်တာ တစ်ဦး၊ နယူးဇီလန်မှ ဒါရိုက်တာ တစ်ဦးတို့က ရိုက်ကူးထားခြင်းဖြစ်သည်။

"New Me" အယ်လ်ဘမ်ကို အင်္ဂလန်၊ ဟောင်ကောင်နှင့် စပိန်နိုင်ငံတို့တွင် မော်ဒယ်များဖြင့် ရိုက်ကူးထားကာ ရိုက်ကူးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

ဓာတ်ပုံအညွှန်း - "New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်း ဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။

Mizzima - News in Burmese
"New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်းဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။
သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူး မှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့် ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

ဦးအံ့မောင်အား ဖမ်းဆီးထားခြင်း မရှိကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူ အတည်ပြု

Photo: ဦးအံ့မောင်အား ဖမ်းဆီးထားခြင်း မရှိကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူ အတည်ပြု
Tuesday, June 24, 2014

သာသနာရေး ပြည်ထောင်စု ၀န်ကြီး သရေ စည်သူ ဦးဆန်းဆင့် အား အလွဲသုံးစား မှုဖြင့် ထိန်းသိမ်းခဲ့ ပြီးနောက်တွင် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။ ယမန်နေ့ထုတ် ပုဂ္ဂလိက သတင်းစာတချို့တွင် ဦးအံ့မောင် အား (စစစ) မှ ခေါ်ယူ စစ်ဆေး နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး၊ အွန်လိုင်း စာမျက်နှာများ တွင်လည်း ထိန်းသိမ်းခံ ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ဦးအံ့မောင်သည် မဟာ သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံး နေသော သံဃာတော်များ ဖယ်ရှားမှုတွင် နောက်ကွယ်က ပါဝင် ပတ်သက်နေသူ ဟု ဝေဖန်ထားခံ ရပြီး၊ နိုင်ငံတော် သမ္မတရုံးမှ လည်း သမ္မတ အကြံပေးမဟုတ်ဘဲ သာသနာရေး ၀န်ကြီးဌာန အကြံပေးသာ ဖြစ်ကြောင်း မီဒီယာများကို ပြန်လည်ဖြေရှင်းခဲ့သည်။

သာသနာရေး ၀န်ကြီးဌာန တွင် ဇွန်လ (၁၀) ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မဟာသန္တိသုခ ကျောင်းတိုက် ကိစ္စနှင့် ပတ်သက်၍ ဦးအံ့မောင်၏ ပြောကြားမှုများအား သံဃာတော်များက မကျေနပ်ကြကြောင်း ဆရာတော်ကြီး တချို့က မီဒီယာများကို ထုတ်ဖော်ပြောထား သည်။ ထို့အပြင် ထိန်းသိမ်းထားခြင်းခံရသော သာသနာရေး ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၏ မိသားစုဝင် များအား နေအိမ် အကျယ် ချုပ်ချထားခြင်း ရှိမရှိနှင့် ပတ်သက်၍လည်း နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြားခဲ့ခြင်း မရှိသေးပေ။ ဦးအံ့မောင်၏ ပြုမှုပြောဆိုချက် များနှင့် ပတ်သက်၍ အရေးယူပေးရန် သံဃာတော်များက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Messenger News Journal
သာသနာရေး ပြည်ထောင်စု ၀န်ကြီး သရေ စည်သူ ဦးဆန်းဆင့် အား အလွဲသုံးစား မှုဖြင့် ထိန်းသိမ်းခဲ့ ပြီးနောက်တွင် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။

ကမ္ဘာ့ဖလား အိမ်ရှင် Brazil နဲ့ မက္ကဆီကို၊ နယ်သာလန်နဲ့ ချီလီ ဒုတိယအဆင့်တက်

Photo: ကမ္ဘာ့ဖလား အိမ်ရှင် Brazil နဲ့ မက္ကဆီကို၊ နယ်သာလန်နဲ့ ချီလီ ဒုတိယအဆင့်တက်
Tuesday, June 24, 2014

တနင်္လာနေ့မှာ ကျင်းပတဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွေမှာ အိမ်ရှင် ဘရားဇီးအသင်း၊ မက္ကဆီကိုအသင်း၊ ချီလီအသင်းတို့ ဒုတိယအဆင့် တက်လာကြပါပြီ။

Brasilia မြို့တော်မှာ ကျင်းပတဲ့ ပွဲမှာတော့ ဘရားဇီးက တစ်ပွဲမှမနိုင်သေးတဲ့ ကင်မရွန်းကို လေးဂိုးတဂိုးနဲ့ အနိုင်ရပြီးတော့ ၇ မှတ်နဲ့ အုပ်စု A ထိပ်ဆုံးမှာ ရှိနေပါတယ်။ Recife မြို့မှာကျင်းပတဲ့ ပွဲမှာတော့ မက္ကဆီကို က ခရိုအေရှားကို သုံးဂိုး တဂိုးနဲ့ အနိုင်ရပြီး သူကလည်း ၇ မှတ်ရရှိထားပေမယ့် ဘရားဇီးက ဂိုးကွာခြားချက်နဲ့ အုပ်စု ဗိုလ်ဖြစ်နေတာပါ။

Sao Paulo မြို့မှာ ကျင်းပတဲ့ အုပ်စု B ပွဲမှာတော့ နယ်သာလန်အသင်းက ပွဲနောက်ပိုင်း လူစားထိုးဝင်လာတဲ့ ကစားသမား နှစ်ဦးဆီက ဂိုးတွေနဲ့ ချီလီကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ နယ်သာလန်ရော ချီလီရော ဒုတိယအဆင့်ကိုတော့ တက်သွားကြပါတယ်။ နယ်သာလန်အသင်းကတော့ ကစားခဲ့သမျှ သုံးပွဲစလုံးအနိုင်ရပြီး အုပ်စု ဗိုလ်ဖြစ်နေတာပါ။ ချီလီအသင်းကတော့ သြစတေးလျရော စပိန်အသင်းကို နိုင်ထားတာပါ။

ကမ္ဘာဖလား ချံပီယံဟောင်း စပိန်ကတော့ Curitiba မြို့မှာ ကျင်းပတဲ့ ပွဲမှာ သြစတေးလျကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရပေမယ့် သူတို့နှစ်သင်းစလုံး ဒုတိယအဆင့်ကို မတတ်နိုင်ပါဘူး။ စနေနေ့မှာ ကစားမယ့်ပွဲတွေမှာတော့ ဘရားဇီးက ချီလီနဲ့ ကန်မှာဖြစ်ပြီး နယ်သာလန်က မက္ကဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဘရာဇီးလ်လက်ရွေးစင် Neymar က ကမ်မရွမ်းကို ဒုတိယမြောက်ဂိုးသွင်း ချိန်မှာ တီဗွီကတဆင့် ကြည့်နေကြတဲ့ ပရိသတ် အောင်ပွဲခံနေစဉ်
ဘရာဇီးလ်လက်ရွေးစင် Neymar က ကမ်မရွမ်းကို ဒုတိယမြောက်ဂိုးသွင်းချိန်မှာ တီဗွီကတဆင့် ကြည့်နေ ကြတဲ့ ပရိသတ် အောင်ပွဲခံနေစဉ်
တနင်္လာနေ့မှာ ကျင်းပတဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွေမှာ အိမ်ရှင် ဘရားဇီးအသင်း၊ မက္ကဆီကိုအသင်း၊ ချီလီအသင်းတို့ ဒုတိယအဆင့် တက်လာကြပါပြီ။

ကော်စတာရီကာနှင့်ပွဲအတွက် အင်္ဂလန်အသင်းပွဲထွက်စာရင်းကို နည်းပြရွိုင်းဟော့ဒ်ဆန် ကြေညာ

Photo: ကော်စတာရီကာနှင့်ပွဲအတွက် အင်္ဂလန်အသင်းပွဲထွက်စာရင်းကို နည်းပြရွိုင်းဟော့ဒ်ဆန် ကြေညာ
Tuesday, June 24, 2014

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရွိုင်းဟော့ဆန်သည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ကော်စတာရီကာနှင့်ပွဲအတွက် အင်္ဂလန်အသင်းပွဲထွက်စာရင်းကို ကြေညာခဲ့သည်။ 

ရွိုင်းဟော့ဒ်ဆန်၏ လူစာရင်း၌ ယခင်အုပ်စုပွဲစဉ်(၂)ပွဲကစားခဲ့သည့် ပွဲထွက်စာရင်းမှ စတာရစ်ခ်ျနှင့် ကာဟေးလ်တို့သာ ပြန်လည် ပါဝင်လာခဲ့ကာ ကစားသမား(၉)ယောက်အထိ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ 

အင်္ဂလန်အသင်း၏ ပွဲထွက်စာရင်းမှာ ဂိုး-ဘန်ဖော်စတာ၊ နောက်- ဖီးလ်ဂျုံးစ်၊ စမောလင်း၊ ကာဟေးလ်၊ လုခ်ရှော၊ လယ်- မီလ်နာ၊ လမ်းပတ်၊ ၀ဲလ်ရှိုင်းယား၊ ဘာကလေ၊ လယ်လာနာ၊ ရှေ့- စတာရစ်ခ်ျတို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

နည်းပြ ရွိုင်းဟော့ဒ်ဆန်နှင့် အင်္ဂလန်ကစားသမားများကို လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ်( Photo- AFP)
နည်းပြ ရွိုင်းဟော့ဒ်ဆန်နှင့် အင်္ဂလန်ကစားသမားများကို လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ်( Photo- AFP)
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရွိုင်းဟော့ဆန်သည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ကော်စတာရီ ကာနှင့် ပွဲအတွက် အင်္ဂလန်အသင်းပွဲထွက်စာရင်းကို ကြေညာခဲ့သည်။ 

QPR သို့ ပြောင်းရွှေ့ရန် ရီယိုဖာဒီနန် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ

Photo: QPR သို့ ပြောင်းရွှေ့ရန် ရီယိုဖာဒီနန် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ

မန်ယူအသင်း၏ ၀ါရင့်နောက်ခံလူ ရီယိုဖာဒီနန်သည် ပရီးမီးယားလိဂ်တန်းတက် QPR အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း DailyMail၊ BBC စသည့် ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

အသက်(၃၅)နှစ်အရွယ်ရှိ နောက်ခံလူ ဖာဒီနန်သည် မန်ယူအသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုမရရှိခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး QPR အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀အစက ဆရာဟောင်းဖြစ်သူ ဟယ်ရီရက်နပ်နှင့် ပြန်လည်လက်တွဲရမည်ဖြစ်သည်။ 

ဖာဒီနန်နှင့် QPR အသင်းတို့သည် လာမည့် (၂၄)နာရီအတွင်း တရားဝင်စာချုပ် ချုပ်ဆိုပွဲပြုလုပ်မည်ဟုလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရာသီက မန်ယူအသင်း၏ ပွဲစဉ်တစ်ပွဲတွင် ဖာဒီနန်ကို အသင်းဖော်ရွန်နီနှင့်တွေ့ရစဉ်( Photo - AFP)
ပြီးခဲ့သည့်ရာသီက မန်ယူအသင်း၏ ပွဲစဉ်တစ်ပွဲတွင် ဖာဒီနန်ကို အသင်းဖော်ရွန်နီနှင့်တွေ့ရစဉ်( Photo - AFP)
မန်ယူအသင်း၏ ၀ါရင့်နောက်ခံလူ ရီယိုဖာဒီနန်သည် ပရီးမီးယားလိဂ်တန်းတက် QPR အသင်းသို့ ပြောင်း ရွှေ့ ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း DailyMail၊ BBC စသည့် ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

မဟာသန္တိသုခ ကျောင်းအရေး အစိုးရ မျှတအောင် ဆောင်ရွက်ပေးမည်

ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းကို ဒီလအစောပိုင်းတုန်းက အာဏာပိုင်တွေ ၀င်ရောက်စီးနင်းရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၅ ပါးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် စွဲချက်တင်အရေးယူဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာဆိုရင် သံဃာထုကို ဖိနှိပ်ဖို့ ရည်ရွယ်တဲ့လုပ်ရပ်အဖြစ် မဟာသန္တိသုခကျောင်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ ပီနန်ဆရာတော် ဦးပညာဝံသကမိန့်ခဲ့ပေမဲ့ အစိုးရကတော့ မျှမျှတဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က စုံစမ်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား သာဖြစ်ရမည်ဟု ANPပါတီ ထုတ်ပြန်

Photo: ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား သာဖြစ်ရမည်ဟု ANPပါတီ ထုတ်ပြန်
Tuesday, June 24, 2014

 ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရခိုင်ပြည် သူတို့ရွှေးချယ် ထားသော ရခိုင် တိုင်းရင်းသား  လွှတ်တော်ကိုယ်စားလှယ် တစ်ဦး သာဖြစ်ရမည် ဟု ရခိုင်အမျိုးသားပါတီက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းကြေညာချက်တွင် အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်ရမည်။ အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာလျှင် ဖြစ်ရမည်ဟု ပါရှိသည်။

“ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ပြည်နယ်တစ်ခုရဲ့ ၀န်ကြီးချုပ်က အဲဒီပြည်နယ်က တိုင်းရင်းသားတွေပဲ ဖြစ်သင့်တယ်” ဟု ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က မဇ္ဈိမကိုပြေသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၁၉ရက်က ရာထူးမှ နုတ်ထွက်သွားပြီးနောက် ၀န်ကြီးချုပ် အသစ်ခန့်အပ်နိုင်ရေးအတွက်
ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဇွန် ၂၅ ရက်တွင် ခေါ်ယူမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်မှာ နယ်စပ်ရေးရာ
ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဟု အကြိုခန့်မှန်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပုံစာ - နယ်စပ်ရေးရာဒုတိယဝန်ကြီး (စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ) ဗိုလ်ချုပ်မောင်မောင်အုန်း က စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရရှိမှုများနှင့်ပတ်သက်၍ ၂၀၁၄ခုနှစ် ဧပြီလ ၉ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ရှင်းလင်းပြောကြားနေစဉ်။

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Mizzima News Daily
 ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရခိုင်ပြည် သူတို့ရွှေးချယ် ထားသော ရခိုင် တိုင်းရင်းသား  လွှတ်တော်ကိုယ်စားလှယ် တစ်ဦး သာဖြစ်ရမည် ဟု ရခိုင်အမျိုးသားပါတီက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဆက်ဒမ်ဟူစိန်ကို သေဒဏ်ပေးခဲ့သည့် တရားသူကြီးကို ISISတို့ လက်စားချေသတ်ဖြတ်

Photo: ဆက်ဒမ်ဟူစိန်ကို သေဒဏ်ပေးခဲ့သည့် တရားသူကြီးကို ISISတို့ လက်စားချေသတ်ဖြတ်
Tuesday, June 24, 2014

အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ မြို့ရွာများကို သိမ်းပိုက် ထားသည့် ISIS စစ်သွေးကြွများသည် အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့် တရားသူကြီး တစ်ဦးကို လက်စားချေ  သုတ်သင် လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ရာအော့ဖ် အက်ဘ်ဒူလ်ရာဟ်မန်သည် (၂၀၀၆)ခုနှစ်က ဟူစိန်အား ကြိုးဆွဲချ ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။ ISISတို့သည် ဇွန်လလယ်က ရာဟ်မန်အား ဖမ်းဆီးရမိခဲ့ပြီး ဟူစိန်အတွက် လက်စားချေသည့် အနေဖြင့် ကွပ်မျက်ခဲ့ခြင်းဟု သိရသည်။

ဂျော်ဒန် လွှတ်တော်အမတ် ခါလီ အက်တီယာနှင့် ISIS ဆွန်နီ မွတ်ဆလင် စစ်သွေးကြွတို့၏ Facebook စာမျက်နှာများပေါ်တွင် စတင်ဖော်ပြခဲ့သော သတင်းကို အီရတ်အစိုးရက အတည်မပြုခဲ့ချေ။ သို့သော်လည်း အီရတ်၏ နာမည်ကျော် တရားသူကြီး တစ်ဦးဖြစ်သော ရာဟ်မန်ကို ISISက သေဒဏ်စီရင်လိုက်ပြီ ဆိုခြင်းကိုလည်း အစိုးရက မငြင်းဆန်ခဲ့ချေ။ ကလေး(၃)ဦး၏ ဖခင်ဖြစ်သော ရာဟ်မန်သည် ဇွန်လ(၁၆)ရက်နေ့က အဖမ်းခံရပြီး (၂)ရက်အကြာတွင် သေဒဏ်စီရင်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဂျော်ဒန်အမတ် အက်တီယာက ဘဂ္ဂဒက်၏ အခြေအနေ မငြိမ်သက်တော့သည့်နောက် ရာဟ်မန်သည် ကချေသည် တစ်ဦးအသွင် ရုပ်ဖျက်ဝတ်ဆင်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း စစ်သွေးကြွတို့လက်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်ခဲ့ခြင်းဟုလည်း Facebook တွင် ရေးသားခဲ့သည်။

ရာဟ်မန်သည် (၁၉၈၈)ခုနှစ်က ဟူစိန်၏ စစ်တပ်က အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဟာလက်ဘ်ဂျာ ဒေသတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဟူစိန်ကို သေဒဏ်စီရင်ရာ၌ ၎င်းသည် နာကျည်းမှု ခံစားချက်ကို ဘက်လိုက်ပြီး ပြင်းထန်စွာ ဆုံးဖြတ်ခဲ့ကြောင်း ဝေဖန်မှုများ ကြုံခဲ့ရသည်။

_Ref: Dailymail
7Day News Daily
အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ မြို့ရွာများကို သိမ်းပိုက် ထားသည့် ISIS စစ်သွေးကြွများသည် အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့် တရားသူကြီး တစ်ဦးကို လက်စားချေ  သုတ်သင် လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အိမ်၊ခြံ၊မြေ ငှားရမ်းခွန် ပေးဆောင်ခြင်းရှိမရှိ ဩဂုတ်လအတွင်းစစ်ဆေးမည်

Photo: အိမ်၊ခြံ၊မြေ ငှားရမ်းခွန် ပေးဆောင်ခြင်းရှိမရှိ ဩဂုတ်လအတွင်းစစ်ဆေးမည်
Tuesday, June 24, 2014

ရန်ကုန်၊ ဇွန် ၂၂- သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ထံသို့ ဆက်သွယ်ကာ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း ဆိုင်ရာ အခွန်ပေးဆောင်ခြင်း ရှိမရှိနှင့်ပတ် သက်၍ ဩဂုတ်လမှ စတင်ကာပြည် တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ကြောင်း အဆိုပါဦး စီးဌာနမှ သိရှိရသည်။

အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင်၊ စက် ရုံ၊ အဆောက်အအုံ၊ ငှားရမ်းခြင်းဖြင့် ဝင်ငွေရရှိမှု ကို စိစစ်နိုင်ရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ စာရင်းကောက်ခံ သွားမည်ဖြစ်သော ကြောင့် အခွန်ရုံးသို့ ဆက်သွယ်ခြင်း မရှိသူများအနေဖြင့် အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ ၊ အဆောက်အအုံငှားရမ်းခြင်း ဖြင့် ရရှိလာသည့် ဝင်ငွေများမှာ အခွန်ဥပဒေအရ အခွန်စည်းကြပ် မည့် ဝင်ငွေအမျိုးအစားဖြစ်သည့် အတွက် အဆိုပါလုပ်ငန်းများဖြင့် ဝင်ငွေရရှိသူများသည် ငှားရမ်းသည့် အဆောက်အအုံ ၊ မြေတည်ရှိရာ လိပ်စာ ၊ ပိုင်ရှင်၊ တယ်လီဖုန်း၊ ငှားရမ်း သူအမည်၊ ကာလစသည့် အချက် အလက်များကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနများသို့ ပေးပို့ထား ရန် ထုတ်ပြန် ကြေညာထားခြင်းဖြစ် သည်။

''ကိုယ့်ဝင်ငွေက သိန်း၂ဝမကျော် လဲ အခွန်ရုံးကို ဆက်သွယ်ရမယ်။ မကျော်ဘူးဆိုပြီး မဆက်သွယ်လို့ တော့ မရဘူး။ အဓိက အခွန်ရုံးကို ဆက်သွယ်သတင်း ပို့ရမှာပါ။ သိန်း ၂၀ မကျော်ရင် သုညရာခိုင်နှုန်းသက် သာခွင့် ပေးထားတာပဲ၊ စာရင်းမပေး တဲ့သူတွေကို ကွင်းဆင်းစစ်ဆေးသွား မှာပါ'' ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင် ငံ၌ ပထမဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စုအခွန် အကောက် ဆိုင်ရာ ဥပဒေတွင် ဝင်ငွေခွန်ကို သတ်မှတ်ထားသော ခံစားခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် တွင် တစ်ကျပ်မှ သိန်း၂ဝအထိကို သုည ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ မှ သိန်း ၅ဝအထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅ဝမှ သိန်း ၁၀ဝအထိကို ၁ဝရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀ဝမှ သိန်း ၂၀ဝအထိကို ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ဝမှ သိန်း ၃၀ဝအထိ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း၃၀၀ အထက်ကို ၂၅ရာခိုင်နှုန်း ပေး ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ဈေးကွက်သည် အငှားဘက်တွင် အလုပ်ဖြစ်လျက်ရှိပြီး အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှု နည်းပါးလျက်ရှိ ကြောင်း၊ အခွန်စည်းကြပ်ရန် သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့် အခွန် ရုံးတို့က ပူးပေါင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုလို လုပ်လိုက်ရင်ကောင်း တာကတော့ လက်ရှိ မြင့်နေတဲ့ အငှားဈေးနှုန်းတွေ ကို အများကြီး မဟုတ်ရင်တောင် အနည်း ငယ်တော့ ထိန်းချုပ်နိုင်သွား တာပေါ့၊ ဘာကြောင့် လဲဆို အိမ်ငှားခ ဈေးတက် တိုင်း ဆောင်ရ တဲ့ အခွန်အခက တက်လာ မှာလေ၊ အထူး သဖြင့် ရွှေတောင် ကြား လမ်း လိုမျိုး၊ အင်းလျားလမ်းမှာမျိုး ကုမ္ပဏီတွေ အတွက် ငှားတဲ့ အိမ်တွေ ပေါ့ ၊ အောက်ခြေမှာတော့ သိပ် သိသာဦးမှာ မဟုတ်သေး ဘူး''ဟု ရွှေမင်္ဂလာ အိမ်ခြံမြေ အကျိုးဆောင် မှ ဦးထွန်းမြိုင်က ပြောသည်။

လက်ရှိ အခွန်ကောက်ခံမှု သည် ရန်ကုန်မြို့၏ နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံများကို လည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းဖြင့်တွက်ချက်၍ အခွန်ကောက် ယူသွားမည် ဖြစ်သည်။

Yangon Media Group
ရန်ကုန်၊ ဇွန် ၂၂- သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ထံသို့ ဆက်သွယ်ကာ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း ဆိုင်ရာ အခွန်ပေးဆောင်ခြင်း ရှိမရှိနှင့်ပတ် သက်၍ ဩဂုတ်လမှ စတင်ကာပြည် တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ကြောင်း အဆိုပါဦး စီးဌာနမှ သိရှိရသည်။

ကားမှတ်ပုံတင်ကြေး အဆသုံးဆယ်အထိ တိုးကောက်တော့မယ်

မော်တော်ယာဉ်,  မှတ်ပုံတင် နှုန်းထား (တစ်နှစ်စာ) ကို အနည်းဆုံး ဆယ်ဆကနေ အဆသုံးဆယ် အထိ တိုးမြှင့် ကောက်ခံ တော့မယ်လို့ အစိုးရ ထုထ်ပြန်လိုက်ပါတယ်။ မော်တော်ယာဉ် စစ်ဆေးခတွေကို လည်း တိုးမြှင့် ကောက်ခံတော့မယ်လို့ ဆိုပါတယ်။

ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် ရုံးခန်း၊ အိမ်ခန်း၊ ဆိုင်ခန်း၊ ဟိုတယ်များပါဝင်မည့် Dagon City 1 ဘက်စုံသုံး လူနေရပ်ဝန်းကြီး တည်ဆောက်မည်

Photo: ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် ရုံးခန်း၊ အိမ်ခန်း၊ ဆိုင်ခန်း၊ ဟိုတယ်များပါဝင်မည့် Dagon City 1 ဘက်စုံသုံး လူနေရပ်ဝန်းကြီး တည်ဆောက်မည်
Tuesday, June 23, 2014

ရန်ကုန်မြို့၏ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် အဆင့်မြင့်ရုံးခန်းများ၊ လူနေအိမ်ခန်းများ၊ နာမည်ရှိအမှတ်တံဆိပ်များ၏ ဆိုင်ခန်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်မည့် Dagon City 1 ဘက်စုံသုံးလူနေရပ်ဝန်းကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ Dagon City 1 စီမံကိန်းကို ဟောင်ကောင်၊ ကိုရီးယား၊ အင်္ဂလန်တို့မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်သော Marga Group နှင့် မြန်မာနိုင်ငံမှ သုခရတနာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်သည်။

စီမံကိန်းတည်ရှိရာနေရာမှာ ယခင်မော်တော်ယာဉ်တပ်မှ လူနေလိုင်းခန်းများတည်ရှိရာ ဦးထောင်ဘိုအ၀ိုင်းတွင်ရှိပြီး ရွှေတိဂုံစေတီ၊ ရန်ကုန်တိရစ္ဆာန်ရုံတို့နှင့် မနီးမဝေးတွင်တည်ရှိသဖြင့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနေရာတွင် ပါဝင်လျက်ရှိသည်။

Dagon City 1 စီမံကိန်းတွင် စတုရန်း ပေ ၆၀၀ ကျော်မှ ၂၀၀၀ ကျော်ရှိ ပုံစံမျိုးစုံ  ရှစ်ထပ်လူနေအဆောက်အအုံများ၊ Pent-houses များ ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးနှင့် အပန်းဖြေရေးတို့အတွက် အားကစားစင်တာ၊ ရေကူးကန်၊ စားသောက်ဆိုင်နှင့် Indoor Golf တို့ပါဝင်မည်ဟု သိရသည်။

"Dagon City 1 ဆောက်လုပ်ရေးကြောင့် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း ၅၀၀၀ ကျော်ဖန်တီးပေးပြီး ကမ္ဘာလှည့်ခရီးသွားမြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေ ၀င်ငွေတိုးပွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးပွားလာခြင်း၊ ပြည်တွင်းစီးပွားရေးကို အထောက်အကူပေးခြင်း စတဲ့ရလဒ်တွေရရှိဖို့ မျှော်လင့်ထားပါတယ်" ဟု Marga ၏ ဒါရိုက်တာ မစ္စတာဂျွန်ဘားနက်စ်ကဆိုသည်။

အဆိုပါစီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံအမြင့် သတ်မှတ်ချက်စည်းမျဉ်းအရ ရှစ်ထပ်အဆောက်အအုံများကိုသာ ဆောက်လုပ်သွားမည်ဟုဆိုသည်။

အဆောက်အအုံစီမံကိန်းကို BOT စနစ်ဖြင့်သာ ဆောက်လုပ်မည်ဖြစ်သော်လည်း အာမခံချက်ရှိမည်ဟု Marga မှ တာဝန်ရှိသူများက ပြောကြားသည်။

Dagon City 1 စီမံကိန်းအတွက် တင်ပြထားသော ရင်းနှီးမြှုပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြစ်ပြီး Marga Group မှ ရာခိုင်နှုန်း ၇၀ နှင့် ပါတနာကုမ္ပဏီဖြစ်သည့် သုခရတနာမှ ရာခိုင်နှုန်း ၃၀ ပိုင်ဆိုင်သွားမည်ဖြစ်သည်။

စီမံကိန်းတွင်ပါဝင်မည့် လူနေတိုက်ခန်းပေါင်းနှင့် ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Dagon City 1 ၏ ပထမဆင့်အနေဖြင့် Residential Towers 1 မှ 4 ကို ၂၀၁၄ ခုနှစ် အကုန်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Dagon City 1 တည်ဆောက်ရေးလုပ်ငန်းခွင်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်
Dagon City 1 တည်ဆောက်ရေးလုပ်ငန်းခွင်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့၏ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧက ပေါ်တွင် အဆင့်မြင့်ရုံးခန်းများ၊ လူနေအိမ်ခန်းများ၊ နာမည်ရှိအမှတ်တံဆိပ်များ၏ ဆိုင်ခန်းများ၊ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တို့ပါဝင်မည့် Dagon City 1 ဘက်စုံသုံးလူနေရပ်ဝန်းကြီးကို တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါစီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများကို သာသနာရေးဝန်ကြီးဌာနက ပြန်လည်သိမ်းယူ

Photo: နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများကို သာသနာရေးဝန်ကြီးဌာနက ပြန်လည်သိမ်းယူ
Tuesday, June 23, 2014

နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများအား သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူ ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် သိန်းတစ်ရာခန့် အလွဲသုံးစားပြု လုပ်မှုဖြင့် အမှုဖွင့်အရေးယူခံထားရသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ နေပြည်တော်ရှိ နိုင်ငံတော်မှပေးထားသော နေအိမ်ရှိပစ္စည်းများအား သာသနာရေးဝန်ကြီးဌာန၏ ၀န်ထမ်းများက လာရောက်သယ်ယူသွားခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ ပြောပြချက်အရ သိရသည်။

"ဒီနေ့ မနက် ၉ နာရီဝန်းကျင်က ကားတွေနဲ့လာပြီး အဲဒီအိမ်ကပစ္စည်းတွေကို သယ်ယူသွားတာတော့တွေ့တယ်။ ကျွန်မတို့လည်း အဲဒီအနားကို ကပ်လို့မရတာနဲ့ အဝေးကပဲကြည့်နေရတယ်။ အဲဒီမှာလုံခြုံရေးရဲတွေ လည်းပါတယ်။ ဘယ်သူ့အိမ်မှန်းတော့မသိပါဘူး" ဟု ရတနာသိဒ္ဓိရပ်ကွက်တွင် နေ့စားအလုပ်လုပ်သူတစ်ဦးကဆိုသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်သည် ဒုတိယ၀န်ကြီးများအား နိုင်ငံတော်မှချပေးထားသည့် ရတနာသိဒ္ဓိရပ်ကွက် ရေနီလမ်း အိမ်အမှတ် ၂၁၈၉ တွင် ပြည်ထောင်စုဝန်ကြီးထမ်းဆောင်ချိန်တွင် နေထိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇွန် ၁၉ ရက်တွင် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်မှုဖြင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် (စ.စ.စ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုအမှုဖွင့်တိုင်ကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မြို့နယ် တရားရုံးတွင် ဇွန် ၁၉ ရက်က ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ကြောင်း၊ အဆိုပါနေ့ ညနေပိုင်းတွင် ဦးဆန်းဆင့်အား ရမည်းသင်းထောင်၌ ထိန်းသိမ်းထားရှိပြီး လာမည့်ဇူလိုင်လဆန်းတွင် ဒုတိယအကြိမ်အဖြစ် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်
နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်
နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများအား သာသနာ ရေး ၀န်ကြီးဌာနမှ ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။

အကျဉ်းထောင်များ ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ သဘောထားမှတ်ချက် တောင်းခံထားပြီး ရရှိပါက အနီးကပ်ဆုံး လွှတ်တော်အစည်းအဝေးများသို့ တင်ပြမည်

အကျဉ်းထောင်များ ဥပဒေမူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့ကာ သဘောထားမှတ်ချက် တောင်းခံထားပြီး သဘောထားမှတ်ချက် ပြန်လည်ရရှိပါက အနီးကပ်ဆုံး လွှတ်တော် အစည်းအဝေးများတွင် တင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။