ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ (၁၂)ရပ်ကွက်တွင် မွေးကင်းစကလေးငယ်ကို မိခင်ဖြစ်သူက ဘလိတ်ဓားဖြင့် ဝမ်းဗိုက် ဖောက်ပြီး အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့် ပစ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် ည ၈ နာရီက လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ ဘော်ဒါဆောင် တစ်ခုရှိ အိမ်သာထဲတွင် အမျိုးသမီးတစ်ဦး က ကလေးကိုမွေးခဲ့ပြီး ကလေးငယ်ကို ဘလိတ် ဓားဖြင့် ဝမ်းဗိုက်ဖောက်ပြီး အူကိုဆွဲထုတ်၊ လည် ပင်းညစ်ကာ ဓားနှင့်လှီးထားသောကြောင့် ဖမ်း ဆီးအရေးယူလိုက်ခြင်း ဖြစ်သည်။
''ကလေးရဲ့ ဝဲဘက်ရင်အုံကိုလဲ ထိုးသွင်း ဒဏ်ရာတွေ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးကို ညက ဖမ်းဆီးပြီး ဆေးရုံအချုပ်မှာ ဖမ်းထားတယ်။ ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် အချုပ်ကျနေ တယ်ဆိုတာက အဲဒီကောင်မလေးကိုယ်တိုင် သွေးသွန်နေလို့ ဆေးကုသမှုခံနေရလို့ပါ''ဟု ဆေးရုံရှိ အချုပ်လူနာဆောင် တာဝန်ကျ ရဲတပ် ကြပ်ကြီး ခင်မိုးမြင့်က ပြောသည်။