Friday 22 March 2013

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး



မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်း တကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေ အနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

မိတ္ထီလာမြို့တွင်း အပ်ကျသံပင်ကြားရလောက်အောင် ငြိမ်သက်နေ


မိတ္ထီလာမြို့တွင်းတွင် အပ်ကျသံပင်ကြားရလုနီးပါးတိတ်ဆိတ်နေကြောင်း မိတ္ထီလာဒေသခံ တစ်ဦးဖြစ်သော ဒေါက်တာဆန်း လှိုင်ကို ဆက်သွယ်မေးမြန်းချက် အရသိရသည်။“ သမ္မတ အမိန့်ကို ကားတွေနဲ့လှည့်ပြီး ကြေညာနေပါတယ်။ အခုဆိုရင် မြို့ထဲမှာ ဘာဆိုဘာမှ မဖြစ်ခဲ့သလို ငြိမ်သက်နေပါတယ်။ တစ်ချို့လမ်းတွေလည်း ပိတ်ဆို့ထားပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။ မနေ့က ဗုဒ္ဓဘာသာဝင်များ ခြံရံ၍ ပို့ဆောင်ခဲ့သော ခရိုင်အားကစားကွင်းတွင် မွတ်စလင်ပေါင်း ၃၆၀၀ ခန့် ရှိနေပြီဖြစ်ပြီး ဗုဒ္ဓဘာသာဝင် အိုးမဲ့အိမ်မဲ့များမှာလည်း တစ်ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်


 
မိတ္ထီလာ၊ မတ်လ ၂၂ ရက်

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များကိုဆောင်ရွက်ရန် အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

မိတ္ထီလာမှာ တုတ်၊ဓားကိုင်သူတွေကို စတင်အရေးယူ



မိတ္ထီလာ၊ မတ်လ ၂၂ ရက်

 မိတ္ထီလာခရိုင်အတွင်းကအဓိကရုဏ်းဖြစ်ပွားနေတဲ့မိတ္ထီလာ၊ဝမ်းတွင်း၊သာစည်နဲ့မလှိုင်မြို့နယ်တွေကိုအရေးပေါ် အခြေအနေ ကြေညာပြီးနောက်မှာ မိတ္ထီလာမြို့တွင်းမှာ တုတ်၊ ဓားကိုင်ပြီးသွားလာနေသူတွေကို စတင် အရေးယူနေပြီလို့ မိတ္ထီလာမြို့နယ်ရဲစခန်းက RFA ကိုပြောပါတယ်။

မိတ္ထီလာ အရေးအခင်း တင်းကြပ်စွာ ထိန်းသိမ်းရန် ကုလနှင့် AI တို့ တိုက်တွန်း



မိတ္ထီလာမြို့နယ်တွင် စိတ်မကောင်းဖွယ်ရာ လူသေဆုံးရမှုနှင့် ဖျက်ဆီးမှုများအတွက် လွန်စွာ ဝမ်းနည်းရပါကြောင်း ရန်ကုန်မြို့သို့ ကြာသပတေးနေ့ ညနေက ရောက်ရှိလာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေ နမ်ဘီးယား က ပြောဆိုလိုက်သည်။

" မိထ္ထီလာမြို့မှ ပဋိပက္ခကြောင့် နိုင်ငံခြားခရီးသွားဧည့်များ အဟန့်အတား ဖြစ်နိုင်ဟုဆို"


ရန်ကုန် မတ်လ ၂၂

မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် နိုင်ငံခြားခရီသွားဧည့်များ၏ ခရီးစဉ်များ ရပ်ဆိုင်းသွား
နိုင်မည့်အခြေအနေ မဖြစ်နိုင်သော်လည်း အဟန့်အတားတစ်ခု ဖြစ်နိုင်ကြောင်းခရီသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်


မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း




နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
--------------------------------------------------------------


အရေးပေါ်အခြေအနေကြေညာခြင်း

၁။ မန္တေလးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်စေရန် နီးစပ်ရာစာစစ်ဌာနများတွင်ပြောင်းလဲဖြေဆိုခွင့်ပြုခဲ့

မိတ္ထီလာ၊ မတ်လ ၂၂ ရက်

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မိတ္ထီလာမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသူများ အနှောင့် အယှက် မဖြစ်စေရန်အတွက် စာမေးပွဲဖြေဆိုသူများအား မိမိတို့နှင့် နီးစပ်ရာ စာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ထိုင်းဘုရင် အုတ်ဂူ အစစ်အမှန်ဟု အတည်ပြု

 


မန္တလေး ၊ မတ်လ ၂၂ ရက်

မန္တလေးတိုင်း အမရပူရမြို့ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ ၏ အုတ်ဂူမှာ အစစ် အမှန်ဟု အတည်ပြုနိုင်ပြီဖြစ်ကြောင်း တူးဖော်ရာတွင်တွေ့ရှိရသည့် အထောက် အထား များကို ကိုးကား၍ ထိုင်းသမိုင်း ပညာရှင်များက ပြောဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား


ရန်ကုန်၊မတ်လ ၂၂ ရက်

မိတ္ထီလာခရိုင်အတွင်း လက်ရှိ ဖြစ်ပွားနေသော ဘာသာရေး အဓိကရုဏ်း ဖြစ်စဉ်များနှင့် ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်းလတ်တလောထွက်ပေါ်နေသောသတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း ရန် ကုန်တိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မိတ္ထီလာအရေး ဗီဂျေနမ်ဘီးယား ကြေညာချက်ထုတ်ပြန်



ရန်ကုန် မတ် ၂၂

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အခြားဒေသများသို့ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရန် နှင့် နောက်ထပ်အသက် ဆုံးရှုံးမှုများ မရှိစေရန်အတွက် အာဏာပိုင်များ၏ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်သကဲ့သို့ ဘာသာရေးနှင့် လူမှု အဖွဲ့အ စည်းေ ခါင်းဆောင်များကလည်း မိမိတို့၏ နောက်လိုက်နောက်ပါများအား ပဋိပက္ခအကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် တရား ဥပဒေ ကို လေးစားလိုက်နာရန် တိုက်တွန်းအားပေးရမည်ဖြစ်ကြောင်း ကုလအထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယား ကဆိုသည်။

God's Army နောက်တဖွဲ့ လာပြီလား



မူးယစ်ဆေးဝါးဖြန့်တဲ့နေရာလို့ သတင်း ထွက်နေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားအောက် သောင်းရင်းမြစ်အတွင်းရှိ ရေလယ်ကျွန်းကို
ကရင်လူငယ် လက်နက်ကိုင်အဖွဲ့တခုက ဒီမနက် ၆း၀၀ နာရီခန့်မှာ ၀င်ရောက် ထိန်းချုပ်လိုက်ပါတယ်။ 


Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် ရန်ကုန်မြို့သို့ ရောက်ရှိ၊ ပြည်တွင်းအိုင်တီ လုပ်ငန်းရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICT Park ၌ တွေ့ဆုံဆွေးနွေးနေ

ရန်ကုန်၊ မတ်လ ၂၂ ရက်


Google ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်သည် မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဲရစ်ရှမစ်သည် ၄င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် အိုင်တီနယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICTDC ရှိ Conference Hall တွင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၂၂ ရက်(ယနေ့) နံနက် ၉နာရီ ခွဲခန့်တွင် စတင်ပြု လုပ်လျှက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အခြားနယ်ပယ် အသီးသီးမှ စိတ်ပါ ၀င်စား သူများလည်း တက်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

မိတ္ထီလာ သတင်းများ

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက် နံနက် ၉ နာရီ

မိထ္ထီလာမြို့၏ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း အခြေအနေမှာ သီရိမင်္ဂလာရပ်ကွက်ရှိ ကားကြီးဝင်း အနီးတွင် မီးလောင်မှု အချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ နှစ်ဖက်လူစု လူဝေး ထိပ်တိုက်တွေ့မှုမှာ မရှိသလောက် နည်းပါးသွားပြီး မီးလောင်ကျွမ်းမှုများကိုလည်း မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာ ခရိုင်လေးခရိုင် မီးသတ် မော်တော်ယာဉ်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကြိုးစားငြိမ်းသတ်မှု များ ပြုလုပ်နေ သည် ဟု သိရပါသည်။


ဧပြီ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန် ၅ ရာခိုင်နှုန်း လျှော့ပေးတော့မည်




နေပြည်တော်၊မတ်လ ၂၂ ရက်

ကုမ္ပဏီလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကို ကောက်ခံနေသည့် ၀င်ငွေခွန် နှုန်းထားကို ဧပြီ ၁ ရက်နေ့မှ စတင်ကာ ၅ ရာခိုင်နှုန်း လျော့ချ သွားရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန် (ဘဏ္ဍာ/ အခွန်) ၀န်ကြီး ဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

အခုအချိန်မှာတော့ နာမည်ကြီး တစ်ခါတုံးက မျိုးကြီး ဆိုတာက...



 
 တစ်ခါက....
တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို
ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်.။
သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်း
မသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။


မိတ္ထီလာပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံမှ တရားဝင် သတင်းထုတ်ပြန်

နေပြည်တော်၊မတ်လ ၂၂ ရက်

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက် ၍ နိုင်ငံပိုင်ရုပ်သံများမှ မတ် ၂၁ ရက် ည ၈ နာရီ သတင်းများတွင် တရားဝင် ထုတ်လွှင့်သွားသည်။

မိတ္ထီလာ သတင်း

မတ်လ ၂၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ မတ်လ ၂၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ကEleven Media Group မှ မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက"လက်ရှိအချိန်မှာ အခြေအနေက တည်ငြိမ်အေး ချမ်း နေပါ တယ်။ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ရပ်ကွက်တွေ လမ်းတွေမှာ လုံခြုံရေး ဆောင်ရွက်နေတာမျိုးတွေ ရှိပါ တယ်။ အုပ်စုဖွဲ့ပြီး ရမ်းကားတဲ့ အနေအထားမျိုး မရှိတော့ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း လုံခြုံရေး ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့ပါသည်။