Wednesday 27 January 2016

စင်ကာပူက မြန်မာခရီးသွားဧည့်သည်တွေကို ပိုမိုလာစေချင်ဟုဆို

မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် စင်ကာပူက လိုလားနေပြီး လက်ရှိအချိန်တွင် မြန်မာဈေးကွက်အတွင်း အောင်မြင်မှုရရှိစေရန် အကောင်အထည်ဖော်သွားမည်ဟု မြန်မာ့ခရီးသွား လုပ်ငန်းနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ခရီးသွားလုပ် ငန်းတိုးမြှင့်ခြင်းများ လုပ်ဆောင်နေသည့် စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့- Singapore Tourism Board ၏ ထိုင်း၊ မြန်မာရုံးခွဲဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Ms.Sherleen က မဇ္ဈိမကို ပြောသည်။

လိပ်ကျွန်းမြန်မာတရားခံနှစ်ဦးကို ထောင်အတွင်း မလျော်ကန်စွာ ဆက်ဆံ နေဟု ရှေ့နေအဖွဲ့ပြော

၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အကျဉ်းထောင်အတွင်း မလျော်ကန်စွာ ထားရှိဆက်ဆံခံနေရကြောင်း တရားခံရှေ့နေအဖွဲ့က ဇန်န၀ါရီ ၂၆ ရက်က ပြောသည်။
သေဒဏ်ပေးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့နှစ်ဦးကို ထောင်အတွင်း အကျဉ်းတိုက်၌ ၂၄ နာရီ သံခြေကျင်းခတ် ထားကြောင်း ရှေ့နေ နက်ခွန်ချွမ်ပုချက်က ပြောသည်။ ၎င်းတို့နှစ်ဦးအတွက် တရားရုံးက အယူခံဝင်ခွင့်ကို အချိန်တိုးခွင့်ပြုပေးခဲ့ရာ ဖေဖော်ဝါရီလအတွင်း တစ်ရက်ရက်၌ အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

လ၀က၀န်ကြီးဌာန ပြည်ထဲရေးအောက် ထားရှိဖို့အဆိုအပေါ် တုံ့ပြန်မှု

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက် ပြောင်းရွှေ့ဖို့ သမ္မတဦးသိန်းစိန်အဆို တင်သွင်းထားတဲ့ အစီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်းကော်မတီက တင်သွင်းမှာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ စစ်တပ်အနေနဲ့ ပိုပြီး လုပ်ပိုင်ခွင့် အာဏာ ရှိစေဖို့ အခုလို လ၀က ကို စစ်တပ်အောက်မှာ ရှိနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အခုလွှတ်တော်သက်တမ်းပြီးဆုံးဖို့ ၃ ရက်သာ လိုတော့တဲ့အချိန်မှာ စစ်တပ်ရဲ့လုပ်ပိုင်ခွင့် ပိုရှိစေတဲ့ သမ္မတရဲ့ အဆိုတင်သွင်းလာတဲ့အပေါ် လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ပြည်ထဲရေး အပါအ၀င် နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၃ ခုကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။