ရန်ကုန် ပန်းဘဲတန်းမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ပြဌာန်းထားသော အချက်များသည် လက်ရှိ ကျင့်သုံးနေသည်ဟုဆို သော ဒီမိုကရေစီနည်းလမ်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့ကို ပြုပြင်ရန် လိုအပ်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကော်မတီ (Action Committee for Democracy Development- ACDD) အဖွဲ့က ထုတ်ပြန်လိုက်သည်။