Monday 23 November 2015

အစိုးရသစ် အမျိုးသားရေး ရပ်တည်ချက်ကို စောင့်ကြည့်ရန် ဒေါ်ခင်ဝိုင်းကြည် တိုက်တွန်း

အမျိုးသားရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် နောင်တက်လာမည် အစိုးရအသစ်၏ ရပ်တည်၍ ဦးတည် ချက်များကို လုပ်ဆောင်ချက်များကို ပြည်သူများ အနေဖြင့် ဒေါ်င်ဝိုင်းကြည်က ယမန်နေ့က ပြုလုပ် သော အစည်းအဝေးပွဲတွင် ပြောသည်။

''နောင်တက်လာမယ့် အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ ဦးတည်ကျက်တွေ၊ ရပ်တည်ချက်တွေ အနှစ်သာရ တွေက အမျိုးသားရေးကို ဦးတည်နေသလား၊ လူ့အခွင့်အရေးကို ဦးတည်နေသလား၊ Natontional ကို အထည်ပြုသလား ဆိုတာကို၊ ဘာကို ဦးတည် ပြီးတော့ ဘယ်လို လုပ်နေသလဲ ဆိုတာကို မျက်စီနှင့် နားဖွင့် ပြီး။ ဦးနှောက်ကို အလုပ် ပေးထားရမယ်'' ဟု ၎င်းကပြောသည်။

 နောင်တက်မည် အစိုးရ လက်ထက်တွင် ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်ကာ လူ့အခွင့်ရေးနှင့် ညီ ညွတ် သော ဥပဒေကို ပြင်ဆင်မည်ဟု ပြောဆိုထားကြောင်း ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ မြန်မာနိုင်ငံ သည် အမျိုးသားရေးနှင့် လူအခွင့်အရေး ကိစ္စရပ်များ ထိပ်တိုက် တွေ့ရှိပါက အမျိုးသားရေးကို ဦးစားပေးသင့်ကြောင့် ၎င်းကဆိုသည်။

ထို့သာမက မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးအား ထပ်မံ၍ အတိုး အလျော့ မရှိကြောင်းနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဖိအားပေး ပြုလုပ်မှုများကို ပြည်သူများ အနေဖြင့် စည်းလုံးမှု ရှိရန် လိုအပ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

'မြန်မာနိုင်ငံရေး အပြောင်းအလဲသည် ရိုင်ဟင်ဂျင်ဖျာခင်းဖို့ မဟုတ်ဘူး။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက် ပွဲပြီးလို့ အစိုးရ အသစ်အတွက် မချရသေးတဲ့ အချိန်မှာ တိုင်းရင်းသား လူမျိုးဖြစ်ရေး အတွက် ဖျာခင်း ဖို့ အခွင့်ကောင်း စောင့်နေတဲ့ သူတွေရဲ့ လှုပ်ရှားမှုက စတင်ကာနေပါပြီ'' ဟု အမျိုးသားရေး ကွန်ရက်မှ ကိုနောင်တော်လေးက ပြောသည်။

 ဒေါ်ခင်ဝိုင်းကြည် အပါအ၀င် ဆရာတော် ဦးပါမောက္ခာ၊ ဆရာတော် ဦးဝီရသူတို့သည် အမျိုးသားရေး လိုလားသူများ ဖြစ်ကာ မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး အတွက် ၀ိုင်းဝန်းကြိုးပမ်းခဲ့သူများ ဖြစ်သည်။ ၎င်းတို့ အား အမျိုးသားရေး ပြင်ထန်သော မြန်မာလူမျိုးမှ လက်ခံမှုများ ရှိသော်လည်း နိုင်ငံတကာမှာ ဝေဖန်မှုများ ရှိနေသည်။

Messenger News Journal 

No comments:

Post a Comment