Sunday 29 November 2015

မန္တလေးတွင် ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းမကြားဘဲ တရုတ်နိုင်ငံသားအချို့ အကြောအဆစ်ရောဂါ ကုသနေ

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရုတ်နိုင်ငံ သားများသည် သက်ဆိုင်ရာမြို့ နယ်ကျန်းမာရေးဦးစီးဌာနသို့ အ ကြောင်းမကြားဘဲ အခကြေးငွေ ယူ၍ အကြောအဆစ်နှင့်ပတ် သက်သည့်ရောဂါများကုသပေး နေကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ကဉ္စ နမဟီရပ်ကွက် ၃၄ လမ်း၊ ၇၆× ၇၇ လမ်းကြား တရုတ်တန်း ဈေး တွင် တရုတ်နိုင်ငံသားသုံးဦးသည် မြန်မာစကားပြန်အမျိုးသား တစ်ဦးနှင့် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ဆေးကုသပေးမှုပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ဆေးကုသပေးနေတယ်ဆို တာ အကြောင်းကြားတာမျိုး လည်း မရှိဘူး။ သိလည်းမသိဘူး။ ရပ်ကွက်ဥက္ကဋ္ဌတွေကိုလည်း မှာ ကြားထားတယ်။ နယ်မြေခံဆရာ မလေးတွေလည်းရှိတယ်။ ဒီဟာ တကယ်ကုသနေမှုဟုတ်၊ မဟုတ် ကိုတော့ သေချာစုံစမ်းသွားမယ်။ လိုင်စင်မရှိဘဲနဲ့ ကုသရင် အရေး ယူသွားမှာဖြစ်တယ်’’ဟုချမ်းအေး သာစံမြို့နယ် ကျန်းမာရေးဦးစီး မှူး ဒေါက်တာလင်းလင်းချစ်က ပြောကြားသည်။

ဆေးကုသပေးရာတွင် ခန္ဓာ ကိုယ်အတွင်းအားဖြင့် ကုသခြင်း၊ အပ်စိုက်ကုသခြင်း၊ စုပ်ခွက်ကပ် ၍ ကုသခြင်း၊ ဆေးပလတ်စတာ ဖြင့် ကုသခြင်းများ၊ လေဖြတ်၊ အ ကြောပိတ်၊ အကြောနာ၊အကြော ညပ်၊ အဆစ်အမြစ်နာ ရောဂါရှင် များကို ကုသပေးနေပြီး ဆေးပ လတ်စတာ တစ်ခုလျှင် ငွေ နှစ် သောင်းကျပ်၊ ရောဂါအလိုက် ဆေးပလတ်စတာ ၁၀ ခုလျှင် ကျပ်နှစ်သိန်းအထိရှိကြောင်း စုံစမ်းသိရသည်။

‘‘တရုတ်နိုင်ငံသားတွေ ဆေးကုပေးနေတယ်လို့ သတင်း ကြားလို့ သူတို့တည်းတဲ့ ဟိုတယ် မှာ သွားစုံစမ်းတော့ ဟိုတယ်မှာ မရှိတော့ဘူး။ တရားမဝင် ကုသ တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြားပြီး အမှုဖွင့်အရေးယူသွားမှာ ဖြစ် တယ်’’ဟု အမှတ်(၈)နယ်မြေရဲ တပ်ဖွဲ့စခန်းမှ စခန်းမှူးက ပြော သည်။

‘‘တချို့အမျိုးသမီးတွေသွား ပြီး ကုသတယ်။ ပျောက်တယ်လို့ လည်း ပြောကြတယ်။ အရိုးအ ဆစ်နဲ့ပတ်သက်တာတွေကို အဓိ ကထားပြီး ကုပေးတယ်ပြော တယ်။ သိတာတော့ နှစ်ရက် လောက်ပဲ ရှိပါသေးတယ်’’ဟု တရုတ်တန်းဈေးတွင် ညနေပိုင်း ကုန်စိမ်းရောင်းသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသား သုံးဦးသည် မြန်မာနိုင်ငံသို့ ၂၀၁၅ အောက်တိုဘာ ၃၀ ရက်က ရောက်ရှိလာပြီး ၂၀၁၆ ဇန်နဝါရီ ၂၈ ရက်တွင် ဗီဇာသက်တမ်းကုန် ဆုံးမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရ သည်။

‘‘ဆိုင်ဘေးမှာပဲ မတ်တတ် ရပ်ပြီး ကုပေးနေတာတော့နှစ်ရက် လောက်ပဲရှိသေးတယ်။ တရုတ် နိုင်ငံသားတစ်ဦးက ဦးဆောင်ကု ပေးတယ်။ ဘေးက တရုတ်တွေ ကတော့ ဝိုင်းပြီး ကူညီလုပ်ပေးနေ တာ။ မနက်ပိုင်းပဲ ကုပေးတာ’’ဟု ကုန်စုံဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
7 day

No comments:

Post a Comment