Tuesday 4 August 2015

ပြည်သူကို ကိုယ်နဲ့ထပ်တူ

ယခုအခါ နိုင်ငံ၏ နေရာ အနှံ့အပြားတွင် သမိုင်း တစ်လျှောက် အကြီးမားဆုံးရေဘေးဒုက္ခနှင့်ကြုံ နေရသည်။ ပြည်သူများစွာ ကူ ကယ်ရာမဲ့လျက်ရှိသည်။ နိုင်ငံ အတွက်တော့ ကြေကွဲစရာနေ့ ရက်များဟု ဆိုရမည်။ သို့သော် ရေဘေးသင့်သူများကို ရေဘေး ကင်းလွတ်သည့်အရပ်ဒေသမှ ပြည်သူများက ဝိုင်း၍အင်တိုက် အားတိုက် ကူညီနေကြသည်။ အလှူခံသူတွေကခံ၍ ကိုယ်ထိ လက်ရောက်ကူညီနေသူတွေက ကူညီ။ ယင်းတို့မှာ တိုင်းပြည်တွင် မည်းနက်သည့် တိမ်ထုကြီးလွှမ်း မိုးခိုက် လျှပ်ပြက်သလို၊ လင်း လက်သွားသော ငွေရောင်တစ်စ မြင်လိုက်ရသလို ကြည်နူးရသည့် မြင်ကွင်းများ။

မြန်မာ့ရေဘေးအတွက် ထိုင်းအစိုးရ ဘတ်ငွေ ၅ သန်း လှူဒါန်း

မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၅ သန်း ပေးပို့ လှူဒါန်းမည်ဟု သတင်းရရှိသည်။
မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု၊ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုများနှင့် ဆက်နွှယ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ လူ ၄၇ ဦးထက်မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခများနှင့် ကြုံနေရသည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သူ ဝီရာချုံ ဆူခွန်တာပါတီပက်က သဘာဝ ဘေးအန္တရာယ် တွေ့ကြုံနေရသည့် မြန်မာနိုင်ငံကို ငွေကြေးအရ ထောက်ပံ့ကူညီရန် အစိုးရက ဩဂုတ် ၃ ရက်တွင် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

တေးဂီတစာရင်းတွေမှာ ထိပ်ဆုံးရောက်နေတဲ့ SHINee အဖွဲ့

တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ SHINee သည် Married to the Music သီချင်းသစ်ဖြင့် တောင်ကိုရီးယားတေးဂီတစာရင်းများတွင် ထိပ်ဆုံး၌ ရပ်တည် လျက်ရှိသည်။
SHINee အဖွဲ့၏ Married to the Music အထူးအယ်လ် ဘမ်သည် ဩဂုတ် ၃ ရက် နေ့လယ်၁၂ နာရီတွင် ထွက်ရှိပြီးနောက် Melon, Genie, Naver Music, Bugs Music နှင့် Mnet အပါ အဝင် တေးဂီတစာရင်းခုနစ်ခု၌ ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။

မရေးချင်ပေမယ့် မရေးမဖြစ်ရေးရတဲ့အိတ်ဖွင့်ပေးစာ(၁) လူထုခေါင်းဆောင်သို့ အိတ်ဖွင့်ပေးစာ

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဦးဆောင်ရမည့် ပြည်သူလူထု၏ မျှော်လင့်ချက်ဖြစ်သည်။ ပြည် သူလူထု၏ အားကိုးအားထားပြု ရာဖြစ်သည်။ ပြည်သူလူထု၏တပ် ဦးဖြစ်သည်။
ဒီမိုကရေစီအပြောင်းအလဲ ကို ဆယ်စုနှစ်ပေါင်းများစွာ မျှော် လင့်စောင့်စားခဲ့ရသော ပြည်သူ လူထုအတွက် တစ်ခုတည်းသော ထွက်ပေါက်၊ တစ်ခုတည်းသော ရွေးချယ်ရာဖြစ်သည်။
သို့ဖြစ်၍ ဒီချုပ်သည် အောက်ခြေပြည်သူလူထုနှင့် တစ် သားတည်း ရပ်တည်နိုင်လျှင် အောက်ခြေကျောမွဲပြည်သူလူထု အများစုကြီးသည် ၀မ်းမြောက် ၀မ်းသာဖြစ်ကြမည်။ အောက်ခြေ ကျောမွဲပြည်သူလူထုနှင့် ဝေးကွာ လျက် ရပ်တည်ခဲ့မည်ဆိုလျှင်ပြည် သူလူထုအများစုကြီးသည် ရင်နာ ရမည်၊ ရင်မောရမည်သာဖြစ် သည်။