Friday 8 November 2013

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိပြီး အနံ့ဆိုးထွက်စက်ရုံများ အစိုးရသို့ တိုင်ကြားနိုင်

ငါးပုပ်နံ့ထွက်သည့် ငွေပင်လယ် ငါးမုန့်စက်ရုံ ပိတ်ထားရ

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး စွန့်ပစ်ပစ္စည်းများမှ အနံ့ဆိုးထွက်သော စက်ရုံ၊ အလုပ်ရုံများကို ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီသို့ တိုင် ကြားနိုင်သည်ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက ပြောဆိုလိုက်သည်။

မြန်မာ-တောင်ကိုရီးယား ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် အစီး ၄၀၀ ကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျပေးချေမှု စနစ်ဖြင့်လည်း ရောင်းချမည်

Photo: မြန်မာ-တောင်ကိုရီးယား ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် အစီး ၄၀၀ ကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျပေးချေမှု စနစ်ဖြင့်လည်း ရောင်းချမည်
Friday, November 8, 2013

စက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယား နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့ စက်များကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေပေးချေမှု စနစ်များဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာနတွင် မြင်းကောင်ရေ ၇၅ ကောင်အား အစီး ၂၀၀ နှင့် မြင်းကောင်ရေ ၈၅ ကောင်အား အစီး ၂၀၀ စုစုပေါင်း အစီး ၄၀၀ အသင့်ထုတ်လုပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုအပ်ချက် ရှိနေသော ဒေသများသို့ လက်ငင်းငွေချေ စနစ်ဖြင့် လည်းကောင်း၊ အရစ်ကျ ငွေချေစနစ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် After sale service များ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် spare part များရရှိရေး အပါအ၀င် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

''ခုချိန်မှာ ကုမ္ပဏီတွေကလည်း ပစ္စည်းဈေးနှုန်းကို သူတို့ထက်ဝက်ခံတယ်။ တောင်သူက ထက်ဝက်ကျခံဆိုတဲ့ စနစ်နဲ့ ကျေးရွာတွေမှာ လာရောင်းနေကြတာ ရှိပါတယ်။ တောင်သူတွေက ထက်ဝက်ခံရမယ် ဆိုရာမှာလည်း တောင်သူငါးဦး၊ ခုနစ်ဦးလောက်စုပြီး ၀ိုင်းကြီးချုပ်စနစ်နဲ့ ပြန်ဆပ်ရမယ်လို့ သိရပါ တယ်။ အစိုးရဘက်က လာရောင်းတာမျိုးတော့ မတွေ့ရသေးပါဘူး'' ဟု ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အတွင်းမှ တောင်သူဦးသန်းမြင့်က ပြောကြားသည်။

''ရိတ်သိမ်းခြွေလှေ့စက်က တစ်စီးကို ကျပ်သိန်း ၁၆၀ လောက် ရှိတယ်ပြောတယ်။ သဲကုန်းမြို့နယ် ဘက်မှာတော့ ရိတ်သိမ်းခြွေလှေ့စက်တွေ အသုံးများတယ်။ ပေါင်းတည်ဘက်မှာတော့ မြေကျွံလို့ သိပ်မသုံးကြဘူး။ ရောင်းတာတွေကတော့ အရစ်ကျစနစ်ဆိုတော့ တောင်သူတွေ ၀ယ်သုံးကြပါတယ်။ တချို့ကုမ္ပဏီတွေဆို ရောင်းချင်လွန်းလို့ လက်ငင်း ၁၀ သိန်းပဲပေး၊ ကျန်တာနောက်မှပေး ဆိုပြီးတောင် ရောင်းကြတယ်'' ဟု ပဲခူးတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက ဆိုသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် တောင်သူများသို့ ရိတ်သိမ်းခြွေလှေ့စက်များ ဖြန့်ဖြူးရောင်းချမည် ဖြစ်သောကြောင့် စက်မှုဝန်ကြီးဌာနသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group 

ရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုပြီး စပါးခြွေနေသည့် တောင်သူများ
စက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယား နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့ စက်များကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေပေးချေမှု စနစ်များဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သိရသည်။

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ

8.1.1
နိုဝင်ဘာ ၇ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ဆန္ဒပြနေ သူများကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)
ရန်ကုန်မြို့အတွင်း လျှပ်စစ်မီတာခ ပုံမှန်ပြန်ဖြစ် စေရေးအတွက် ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ပြီး ဒုတိယအကြိမ် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေကျပ် ၃၃၄ ဘီလျံကျော်အနက် အချို့အား ပြန်လည်စိစစ် သင့်ကြောင်း ထောက်ပြဆွေးနွေးမှုအပြီး တိုင်းဒေသကြီး လွှတ်တော်ကခွင့်ပြု

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေ ကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံအနက် အချို့အသုံးစရိတ်များအား ပြန်လည်စိစစ် သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ ထောက်ပြဆွေးနွေးမှုအပြီး နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် အတည်ပြုခဲ့သည်။