Friday 28 October 2011

ဘင်္ဂါလီ ကုလားမှန်သမျှကို မြန်မာနိုင်ငံက ရိုဟင်ဂျာတိုင်းရင်းသား လူမျိုးစုအဖြစ်လက်ခံရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။


ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘလော့ဂ်မှာ သမိုင်းဖြစ်စဉ်တွေကို ဖော်ပြပြီး ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်ကို အဏ္ဏ၀ါစစ်သည်နဲ့ ရခိုင်သား တို့က တင်ပြခဲ့ပြီး ဖြစ်ပါပေတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဒီအဆိုကို သဘောတူလို့ ရိုဟင်ဂျာဟာ ဒုက္ခသည် မဟုတ်ဘူးဆိုတဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။ သို့သော် ရိုဟင်ဂျာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နောက်ခံသမိုင်းကို ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဒါ့ကြောင့် အချိန်ပေးပြီး လေ့လာခဲ့ပါတယ်။ အဲဒီအခါမှာ ဒီရိုဟင်ဂျာ လှုပ်ရှားမှုဟာ ခုမှ ဗြုံးကနဲ ပေါ်လာတာမဟုတ်။ ဘင်္ဂါလီ ကုလားများဟာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အင်္ဂလိပ်ခေတ်က အခြေချ နေထိုင်သူများ၊ လွတ်လပ်ရေး နောက်ပိုင်း ခိုးဝင်လာသူများကို မြန်မာ တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် အသိအမှတ် ပြုခံရအောင် ရေရှည်မဟာဗျူဟာ ချပြီးလုပ်လာခဲ့တယ် ဆိုတာ သိလာရသလို ဒီပြဿနာဟာ အမျိုးသားရေး အတွက် အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စဆိုတာ မြင်လာပါတယ်။

မူဂျာဟစ် ခေါ် ကုလားဆိုးများ
မြန်မာနိုင်ငံထဲမှာ ရောက်နေတဲ့ ဘင်္ဂါလီ ကုလားတွေကို သီးခြားလူမျိုးစု တစ်ခုဖြစ်အောင် လုပ်ဖို့၊ ဒီကုလားတွေ အများစုဖြစ်သွားတဲ့ နယ်စပ်ဒေသတွေကို စစ်တကောင်းဒေသ ( နောင် အရှေ့ ပါကစ္စတန်၊ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်) နဲ့ ပူးပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှုတွေဟာ ၁၉၃၂ ခုနှစ် လောက်ထဲ ကပေါ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံကို အန္ဒိယနိုင်ငံကနေ ခွဲရေး၊ တွဲရေး လှုပ်ရှားမှုတွေဖြစ်တဲ့ အချိန်ပါ။ စစ်တကောင်းမှာရှိတဲ့ မူဆလင်လိဂ် ခေါင်းဆောင်တွေက မြန်မာကို အိန္ဒိယရဲ့ အစိတ်အပိုင်း အဖြစ် ဆက်ထားဖို့ လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ခွဲရေးဘက်က အနိုင်ရသွားတဲ့ အခါကျတော့ ရခိုင်ပြည်နယ်ထဲက ကုလားအများစု နေတဲ့ဘူးသီးတောင်၊ မောင်တော ဒေသတွေကို စစ်တကောင်း ဒေသနဲ့ပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှု စပေါ်လာပါတယ်။ အဲဒီ လှုပ်ရှားမှုကြောင့် ရခိုင်ပြည်နယ်ထဲကို နောက်ထပ် ဘင်္ဂါလီကုလားတွေ အလုံးအရင်းနဲ့ ၀င်လာခဲ့လို့ ၁၉၃၅ ခုနှစ် နောက်ပိုင်းမှာ အင်္ဂလိပ်ဘုရင်ခံက ဘင်္ဂါလီ ကုလားတွေကို အထူးနှုန်းနဲ့ သယ်ပေးနေတဲ့ သဘောင်္ ခရီးစဉ်တွေကို ရပ်ပစ်လိုက်ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကုလား တစ်သန်း ကျော်လောက် ရခိုင်ပြည်နယ်ထဲကို ရောက်နေပါပြီ။