Monday 26 January 2015

NDF နှင့် UDP တို့ ပူးပေါင်း၍ ရွေးကောက်ပွဲတွင် နေရာ ၃၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆို

တတိယနိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်နိုင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တို့ ညီနောင်ပါတီအဖြစ် ပူးပေါင်းပြီး ၂ဝ၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ် ၃ဝဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် အပြန်အလှန် ကူညီသွားမည်ဖြစ်ကြောင်း နှစ်ဖက်ပါတီ ဥက္ကဋ္ဌများကပြောသည်။

ဝိုင်းမော်တွင် သစ်ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေးယူထား

Photo: ဝိုင်းမော်တွင် သစ်ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေးယူထာ
Monday, January 26, 2015

ကချင်ပြည် နယ် ဝိုင်းမော်တွင် သစ်ခိုးထုတ်ခဲ့ သည့်တရုတ်နိုင်ငံသား ၁၅၅ဦးကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်အရေး ယူထား ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်သစ် တောဦး စီးဌာနမှ တာဝန်ရှိသူတစ် ဦးက ဒီမိုကရေစီတူဒေးသတင်းစာ သို့ အတည်ပြုပြောကြား သည်။ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံ သားများအနက် ကျား ၈၃ဦးနှင့်မ နှစ်ဦးတို့ကို (ပ)အမှတ်၃/၂၀၁၅-ပြည် သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက် ရေးအက်ဥပဒေပုဒ်မ ၆(၁)/၉ဖြင့် လည်း ကောင်း၊ (ပ)အမှတ်၎/၂၀၁၅- ပြည်သူပိုင်ပစ္စည်း ကာ ကွယ်စောင့် ရှောက်ရေးအက်ဥပဒေပုဒ်မ၆(၁)/၉ ဖြင့်ကျား၂၉ဦး၊ မ ငါးဦးတို့ကို အရေး ယူခဲ့ပြီး ယခုရက်ပိုင်းက ထပ်မံဖမ်း ဆီးရမိခဲ့သော တရုတ် နိုင်ငံသား ကျား ၃၅ဦးနှင့် မတစ်ဦးကိုလည်း ယင်းဥပဒေဖြင့် အရေးယူခဲ့ကြောင်း သိရသည်။''ဒီကိစ္စမှာပါဝင်ခဲ့တဲ့ တရုတ် နိုင်ငံသား ၁၅၅ဦးစလုံးကို ပုဒ်မနှစ် ခုနဲ့အမှုဖွင့်အရေးယူထားပါတယ်။အဲဒီအထဲမှာပါဝင်တဲ့မြန်မာနိုင်ငံသား ၂ဝကိုလည်း ၆(၁)/၉နဲ့ပဲ အမှုဖွင့် ထားပါတယ်''ဟု ပြောသည်။timber caseဝိုင်းမော်မှ သစ်ခိုးထုတ်သည့် မြင်ကွင်းတစ်ခု။ ဓာတ်ပုံ - MWDအဆိုပါဖမ်းဆီးရရှိမှုတွင်ပါဝင် ခဲ့သည့်တရုတ်နိုင်ငံသား ၁၅၅ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဦးစီးဌာနမှ ၁၉၄ရခုနှစ်လူဝင် မှုကြီးကြပ်ရေးလတ်တလောပြဋ္ဌဌာန်း ချက်များ အက် ဥပဒေ ၃(၁)-၁၃(၁)အရအမှုဖွင့်ထားကြောင်း သိရသည်။

''ခွင့်ပြုချက်မရဘဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်တဲ့အတွက် ဒီကိစ္စ မှာဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံသား တွေကို ဒီဥပဒေနဲ့တရားစွဲဆိုရ တာ ဖြစ်ပါတယ်''ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယခုကိစ္စတွင်ဖမ်းဆီးရရှိခဲ့သူများ ကို ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ် ဆံထုံးရဲစခန်းကအမှုဖွင့်အရေး ယူထားခြင်းဖြစ်ကြောင်း၊ ယင်းအမှု တွင် ပါဝင်သူများကိုလည်း ဝိုင်းမော် အချုပ်ထောင်နှင့် မြစ်ကြီးနား ထောင် တို့ကို ပို့ဆောင်အရေးယူထားပြီးဖြစ် ကြောင်း၊ ယင်းအရေးယူမှုတွင် ဇန်န ဝါရီ ၂၂ရက်က ထပ်မံဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများလည်း ပါဝင်ခဲ့ ကြောင်း သိရသည်။''ကျွန်တော့်ရဲ့လုပ်သက်မှာ ဒီ လိုမျိုးစီမံကိန်းသဖွယ်လုပ်နေတဲ့ဖမ်း ဆီးရမိမှုမျိုးကို တစ်ခါမှမကြားခဲ့မိပါ ဘူး။ ဒါပထမဆုံးကြားမိတာပါ။ ဖမ်း ဆီးရမိတဲ့သစ်တွေက တောထဲမှာ ရှိ နေဆဲဖြစ် သလို တချို့ကိုလဲ သယ်ယူ နေကြပါပြီ။ ဇန်နဝါရီ ၂၄ရက်ထိတော့ သစ်လုံးရေ ၇၀၅လုံးထိ ရောက်ရှိ နေပြီး အဲဒီသစ်လုံးတွေကို တိုင်းတာ ချက်အရ တန် ၁၈ဝကျော် ရှိပါတယ်။ ဒီနေ့အထိ စုစုပေါင်း စာရင်းအရဆို ရင် တိုင်းပြီးတဲ့သစ်လုံးရော၊ မတိုင်းရ သေးတဲ့သစ်လုံး ရဝဝဝကျော် ရှိပါ တယ်။ တချို့ကလဲ တောထဲမှာပဲ ရှိနေပါသေးတယ်'' ဟု သစ်တောဦး စီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။SMT

Democracytoday
ကချင်ပြည် နယ် ဝိုင်းမော်တွင် သစ်ခိုးထုတ်ခဲ့ သည့်တရုတ်နိုင်ငံသား ၁၅၅ဦးကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေး ယူထား ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်သစ် တောဦး စီးဌာနမှ တာဝန်ရှိသူတစ် ဦးက ဒီမိုကရေစီ တူဒေး သတင်းစာ သို့ အတည်ပြုပြောကြား သည်။

ငါးမွေးမြူကန် များအား လယ်ယာမြေ ကဲ့သို့ (လန) ချပေးရန် လိုအပ်နေဟုဆို

ငါး၊ ပုစွန် မွေးမြူရေးကန် များအား လယ်ယာမြေ ကဲ့သို့ (လန) ပုံစံ သတ်မှတ်ချထား ပေးရန် လိုအပ် နေ ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးလွင်က ပြောသည်။ လက်ရှိ အခြေ အနေတွင် လုပ်ငန်းရှင်များ အနေဖြင့် တစ်နိုင် တစ်ပိုင် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ စီးပွားဖြစ် လုပ် ကိုင်ခြင်း ဖြစ်သည့် အတွက် ငွေကြေး အရင်းအနှီး ရရှိရန် လိုအပ်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာ-အိန်္ဒိယ နှစ်နိုင်ငံ Nodal Point အစည်းအဝေးကို ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် တမူးမြို့၌ ကျင်းပမည်

မြန်မာ-အိန်္ဒိယနှစ်နိုင်ငံဒေသအဆင့် နယ်စပ်အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် တမူးမြို့ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးနယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းများကြောင့် အာဆီယံနိုင်ငံများတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာရန် မျှော်မှန်း

Photo: စီမံကိန်းများကြောင့် အာဆီယံနိုင်ငံများတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာရန် မျှော်မှန်း
Monday, January 26, 2015

ခရီးသွားလုပ်ငန်း စီမံကိန်းများကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာလိမ့်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ အာဆီယံ ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂ဝ၁ဝ-၁၅) နှင့် အာဆီယံ ခရီးသွားလုပ်ငန်းဈေးကွက် ရှာဖွေမြှင့်တင်ရေး မဟာဗျူဟာ အစီအစဉ်တို့တွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် အာဆီယံ နိုင်ငံများတွင် ခရီးသွား လုပ်ငန်း ကဏ္ဍသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ဖိုရမ်သို့ တက်ရောက်သည့် ခရီးသွား လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ခရီးသွားဖိုရမ်တွင် ယခင်ချမှတ် အကောင်အထည်ဖော်နေသည့် ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ စီမံကိန်းများအပြင် ၂ဝ၁၅ ခုနှစ်နောက်ပိုင်းကာလအတွက် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂ဝ၁၆-၂ဝ၂၅) ဖြစ်သည့် ၁ဝ နှစ် စီမံကိန်း
ရေးဆွဲရေးကို အဓိကဆွေးနွေးလျက် ရှိသည်။

ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည့် အာဆီယံ ခရီးသွား ဖိုရမ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း
တွေ့ဆုံဆွေးနွေးခြင်းအပြင် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယ၊ ရုရှနိုင်ငံများနှင့် ခရီးသွား လုပ်ငန်းကဏ္ဍများကို
တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် အာဆီယံ ခရီးသွားဖိုရမ်တွင် ခရီးသွားပြခန်းပေါင်း ၄၈ဝ ကျော်ပါဝင် ပြသထားပြီး
ပြည်တွင်းပြည်ပမှ ပြပွဲတက်ရောက်သူကိုယ်စားလှယ် ၁,၇ဝဝ ကျော် ပါဝင်တက်ရောက်လျက် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု စံချိန်တင် သုံးသန်းကျော်ရှိခဲ့ပြီး ကမ္ဘာလုံး အတိုင်းအတာဖြင့် ၂ဝ၁၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် လေးရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့သည်ဟု ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က ဆိုသည်။

Mizzima - News in Burmese 

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား သုံးသန်းကျော် ဝင်ရောက်ခဲ့သည်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား သုံးသန်းကျော် ဝင်ရောက်ခဲ့သည်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ခရီးသွားလုပ်ငန်း စီမံကိန်းများကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက် လာလိမ့်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ အာဆီယံ ခရီးသွား လုပ်ငန်း ဆိုင်ရာ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သနပ်ခါး စိုက်ပျိုးသူ များကို မူပိုင်ခွင့်များ ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အတွက် အသေးစား ထုတ်ကုန်များ ဖွံ့ဖြိုး စေရန် သနပ်ခါး စိုက်ပျိုး ထုတ်လုပ်သူ များကို မူပိုင် ထုတ်လုပ်ခွင့် ပေးအပ် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စီပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဦးစိန်မောင်းက The Messenger Media  သို့ ပြောသည်။

နှစ်ပေါင်း (၆၀) အတွင်း သံတွဲတွင် ပထမဆုံး အကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲ ပြန်လည် ကျင်းပမည်

ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ပထမဆုံး အကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲအား ပြန်လည် ကျင်းပ သွားမည်ဖြစ်ကြောင်း ရခိုင်ရိုးရာ ရထားဆွဲပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

အလုပ်သမား အရေး ကူညီသူများ အမြတ်ထုတ်မှုများ ရှိနေ

မန္တလေးတွင် အလုပ်သမားအရေး ကူညီဆောင်ရွက်သူများ အနေဖြင့် အမြတ်ထုတ်မှုများ ရှိနေ သော ကြောင့် နိုင်ငံရေး အမြတ်ထုတ်မှု၊ ပုဂ်္ဂိုလ်ရေး အမြတ်ထုတ်မှုနှင့် ဘာသာရေးအမြတ်ထုတ်မှုများ လုံးဝ မပြုလုပ် ကြရန် CCTU က ကြေညာလိုက်သည်။

ဗိုလ်ချုပ် ကျောက်စာတိုင်နှင့် ဗိုလ်ချုပ် ရုပ်တု သွန်းလုပ်ရန် အတွက် မဘသမှ သိန်း (၁၀၀) လှူဒါန်း

ဗိုလ်ချုပ် ကျောက်စာတိုင်နှင့် ဗိုလ်ချုပ် ရုပ်တု သွန်းလုပ်ရန် အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး အဖွဲ့ (မဘသ)မှ ငွေကျပ်သိန်း (၁၀၀) အား လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ အလှူငွေ အား ယခုလ(၂၃) ရက်နေ့တွင် မဘသ ဆရာတော်ကြီး များက ဗိုလ်ချုပ် ရာပြည့် ဖြစ်မြောက်ရေး ကော် မတီ ထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရီးသည် တင်ယာဉ်များ CNG ထပ်မံ တိုးမြှင့် ချထားရေး စီစဉ်နေ

၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသည်တင် ယာဉ်များအား CNG သဘာဝ ဓာတ်ငွေ့ ထပ်မံ တိုးမြှင့် ချထား ပေးရန် စီစဉ်လျက် ရှိကြောင်း စွမ်းအင် ၀န်ကြီး ဌာန ထံမှ သိရသည်။ ယင်းကဲ့သို့ တိုးမြှင့်ပေး ရာတွင် ခရီးသည် တင်ယာဉ် အရွယ်အစားပေါ် မူတည်၍ အနည်း ဆုံး လီတာ(၁၀၀) မှ အများဆုံး လီတာ (၄၀၀) ကျော်အထိ ထပ်မံ တိုးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ ချစ်ကြည်ရေးတံတား တည်ဆောက်ရေး စက်တင်ဘာမှာ စမည်

ထိုင်း မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက်ကြား ဒုတိယချစ်ကြည်ရေးတံတား တည်ဆောက်ရေးကို လာမယ့် စက်တင်ဘာလအတွင်း မဲဆောက်မြို့မှာ စတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်း သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး ပရာဂျင် ဂျန်တောင်းကို ကိုးကား ပြီး The Nation သတင်းစာက ဖော်ပြပါတယ်။

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများကို ဗုံးဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများဖြစ်ပေါ်နေ၊ နယ်မြေ မတည်ငြိမ်မှုကြောင့်တူးဖော်ရေး လုပ်ငန်းများ ရပ်နားခိုင်းမည်ကို လုပ်ငန်းရှင်များစိုးရိမ်

Photo: ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများကို ဗုံးဖြင့် ပစ်မှတ်ထား
တိုက်ခိုက်မှုများဖြစ်ပေါ်နေ၊ နယ်မြေ မတည်ငြိမ်မှုကြောင့်တူးဖော်ရေး လုပ်ငန်းများ ရပ်နားခိုင်းမည်ကို လုပ်ငန်းရှင်များစိုးရိမ်
Monday, January 26, 2015

ဖားကန့်ရတနာနယ်မြေများအတွင်းရှိ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေ သည့် ကုမ္ပဏီများကို ပစ်မှတ်ထားပြီး ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု၊ ယူမာကျေးရွာအနီးရှိ ဖိုးသာ ထူး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝင်းအတွင်းသို့ ဇန်နဝါရီ ၂၃ရက်တွင် အမည်မသိလူလေးဦးမှ ဆိုင်ကယ်သုံးစီးဖြင့် လာရောက်ကာ လက်ပစ်ဗုံးငါးလုံးဖြင့် ပစ်ခတ်ခဲ့ခြင်း နှင့် လုံးခင်းနယ်မြေအတွင်းရှိ ခင်ဇော် နှင့်ညီများ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအား ယင်းနေ့မှာပင် ဗုံးသုံး လုံးဖြင့် ပစ်ဖောက်ခွဲမှုဖြစ်ပေါ်ခဲ့ ကြောင်း အဆိုပါဒေသရှိ သက်ဆိုင် ရာတာဝန်ရှိသူများထံမှ သိရသည်။

လုံးခင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ''ဇန်နဝါရီ ၁၉ရက်ကစပြီး ယနေ့အချိန်ထိ (ဇန်နဝါရီ ၂၅)လုံး ခင်းမှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီသုံး ခုဟာ ပစ်မှတ်ထားပြီးဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဗုံးပေါက် ကွဲမှုကြောင့် လူသေဆုံးမှုတော့ မရှိ ပါဘူး။ နယ်မြေလုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်နေပါတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဇန်နဝါရီ ၂၂ရက်ကလည်း ဖား ကန့်မြို့နယ် မျောက်ဖြူကျေးရွာအနီးရှိ နန်းဦးကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ၏ ဆီဖြည့်ဂိုဒေါင်ခြံစည်းရိုး၌
မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းနှင့် နမ္မကျေးရွာအုပ်စု မှော်စီ စာလမ်းရှိ မြန်မာသူရ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီအနီးတွင် လည်း ထောင်မိုင်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး လုံးခင်းနယ်မြေအတွင်းရှိ ဂျိတ် ပါဝါ၊ ကျောက်စိမ်းရုံ စသည့်ကျောက် မျက်တူးဖော်ရေးကုမ္ပဏီများကိုလည်း ဗုံးဖြင့်ပစ်ခတ်ခဲ့ခြင်းများရှိကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ကျောက်စိမ်း တူးဖော်ရေးဌာနကမူ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများ၏ တူးဖော် မှုလုပ်ငန်းများကို ရပ်နားသွားစေရန် ရည်ရွယ်ပြီး ကိုယ်ကျိုးစီးပွားရှာသူ များက နည်းလမ်းမျိုးစုံသုံးခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်နယ်မြေအတွင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့်အတူ လိုက်ပါသွားသည့် ရဲဝန်ထမ်းသုံးဦးအား ကေအိုင်အေ မှ ဖမ်းဆီးခေါ်ဆောင်သွားရာ တပ် မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ အစပြုပြီး ဖားကန့်ရတနာနယ်မြေအတွင်း ယ ခုကဲ့သို့ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဖားကန့်ရတနာနယ်မြေအတွင်းရှိ ကျောက် မျက်တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဖားကန့်နယ်မြေအတွင်း ကျောက် မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက''ကေအိုင်အေဘက်ကလဲ ကျောက်မျက်တူးဖော်ရေး တွေ ဆက်မလုပ်ဖို့ မှော်ထဲကကုမ္ပဏီတွေကို ညွှန်ကြားထားတယ်။ အစိုးရ ဘက်ကလဲ လုပ်ငန်းတွေကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြား ချက်ထုတ်ထား တော့ ဘာလုပ်လို့လုပ်ရမလဲတောင် မသိတော့ဘူး။ ရေ မဆေးကျောက်ရှာ ဖွေသူတွေကလဲ အရင်ကထက် သုံးလေးဆပိုများလာတယ်။ သူတို့နဲ့ လဲ အဆင်ပြေအောင်နေရတယ်။ ဒီကြားထဲ ဗုံးတွေနဲ့ပါပစ်ခတ်ပြီး ခြိမ်းခြောက်လာတဲ့အတွက် တူးဖော် ရေးလုပ်ငန်းရှင်တွေကော၊ တူးဖော် ရေးဝန်ထမ်းတွေကော ထိတ်လန့် နေကြတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဖားကန့် ရတနာနယ်မြေအတွင်း တပ်မတော်နှင့် ကေအိုင်အေ တို့၏တိုက်ပွဲများအကြား နယ်မြေမ တည်ငြိမ်မှုကြောင့် ၂၀၁၂ခုနှစ် မေလ ကုန်မှစတင်ကာ ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းများကို ရပ်နားခဲ့ရပြီး ၂၀၁၄ခုနှစ် စက်တင်ဘာလမှသာ အစိုးရက ပြန်လည်တူးဖော်ခွင့်ပေးခဲ့ သည်။
''ပထမအကြိမ် နယ်မြေမတည်ငြိမ်လို့ဆိုပြီး ကျောက်တူးဖော်ခွင့် တွေ ရပ်နားခိုင်းတုန်းက တူးဖော်ရေး စက်ပစ္စည်းတွေ ဒီမှာပဲထားခဲ့ရတာ။ အဲဒါတွေက အခုပြန်လည်လုပ်ကိုင်တဲ့ အချိန်ကျတော့ ပျက်စီးကုန်ပြီ။အခုပြန်လုပ်မယ်ဆိုတော့ တူးဖော် ရေးပစ္စည်းတွေ အသစ်ဝယ်ရတာ။ အဲ ဒီအကြွေးတွေတောင် အခုထိမကြေသေးဘူး။ အခု ကျောက်မျက်ကုမ္ပဏီတွေကို ဗုံးနဲ့လာပစ်တာ မျိုးတွေဖြစ် နေတော့ နယ်မြေမတည်ငြိမ်လို့ဆိုပြီး အရင်လိုတူးဖော်ခွင့်တွေ ရပ်ဆိုင်း လိုက်မှာကို လုပ်ငန်းရှင်တွေအားလုံး စိုးရိမ်နေကြတယ်'' ဟု ဆိုသည်။

Democracytoday
ဖားကန့်ရတနာနယ်မြေများအတွင်းရှိ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေ သည့် ကုမ္ပဏီများကို ပစ်မှတ်ထားပြီး ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။

တစည ပါတီက အမျိုးသမီး၊ လူငယ်အမတ် အများစုဖြင့် မြို့နယ် ၂၀၀ ကျော် တွင် ဝင်ရွေးမည်

Photo: တစည ပါတီက အမျိုးသမီး၊ လူငယ်အမတ် အများစုဖြင့် မြို့နယ် ၂၀၀ ကျော် တွင် ဝင်ရွေးမည်
Monday, January 26, 2015

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သို့ အမျိုးသမီး၊ လူငယ်အမတ် အများစုဖြင့် မြို့နယ် ၂ဝဝ ကျော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးထွန်းရီက ဇန်နဝါရီ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

''အမျိုးသမီးတွေ အများကြီး စာရင်း တက်လာတယ်။ အမျီုးသမီး၊ လူငယ်တွေကို ပိုဦးစားပေးမယ်။ တစ်မြို့နယ်မှာ အမျိုးသမီး တစ်ဦးပါဖို့အတွက် အရင်ကတည်းကနေ အခုထိ သတ်မှတ်ထားပါတယ်။ အဲဒီအတွက် လူငယ် ခေါင်းဆောင်မှု သင်တန်းတွေ စလုပ်နေတယ်'' ဟု ၎င်းက ဆိုသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ သို့ တစညပါတီက မြို့နယ် ၂ဝဝ မှ ၂၅ဝ အတွင်းရှိ ပါတီထောက် ခံမှု အားမြင့်သည့် အဆင့်(က) မြို့နယ် ၁၃၉ ခုတွင် လွှတ်တော်နေရာ လေးခုစလုံး ဝင်ရောက်မည်ဖြစ်ပြီး အဆင့် (ခ) ဖြစ်သည့် ကျန် ၉ဝ တွင် လွှတ်တော်နေရာ နှစ်နေရာအထိ ဝင်ရောက်ရန် ပြင်ဆင်နေသည်။

တစညက ပါတီထောက်ခံမှု အင်အား တောင့်တင်းသည့် နယ်မြေများကို အဆင့် (က)၊ အသင့်တင့်နေရာ များ ကို အဆင့်(ခ) နှင့် ထောက်ခံမှု အလွန်နည်းသည့် နေရာများကို အဆင့်(ဂ) ဟု သတ်မှတ်ကာ ရွေး ကောက်ပွဲဝင်မည့် မြို့နယ်များကို သတ်မှတ်ထားခြင်း ဖြစ်သည်။ တစည ရည်မှန်းထားသည့် မြို့နယ် ၂ဝဝမှ ၂၅ဝသည့် ရှမ်းပြည် နယ်မှ လွဲ၍ အခြားပြည်နယ်နှင့် တိုင်းအားလုံး မှ မြို့နယ်တို့ ပါဝင်သည်။

လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးကာ ရွေးကောက်ပွဲ ဝင်ရောက်မည့် တစညပါတီက ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း၊ ကြံခင်း၊ မအူပင်၊ ဘိုကလေးခရိုင် အသီးသီးတို့တွင် လည်းကောင်း ဇန်နဝါရီ ၂၂ မှ လကုန်ထိ လပွတ္တာနှင့် ပုသိမ်ခရိုင်တို့တွင် လည်းကောင်း၊ အမျိုးသမီး၊ လူ ငယ်ခေါင်းဆောင်မှု သင်တန်းများကို လေ့ကျင့် သင်ကြားပေးနေသည် ဟု တစညထံမှ သိရသည်။

ရွေးကောက်ပွဲ ဝင်ရောက်မည့် တိုင်းနှင့် ပြည်နယ်အနှံ့မှ သက်ဆိုင်ရာပါတီအသီးသီး တို့ကလည်း အမျိုးသ မီး၊ လူငယ်ခေါင်းဆောင်မှု သင်တန်းများကို စတင် နေပြီဖြစ်သည်ဟု ဦးထွန်းရီက ဆိုသည်။

၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ပြုလုပ်ပေးမည်
ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီးသည် နှင့် တစ် ပြိုင်နက် ပြည်ခိုင်ဖြိုး USDP ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
NLD၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့က အပြိုင်အဆိုင် ပြင်ဆင်နေကြ
ခြင်းလည်း ဖြစ်သည်။

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် USDP ၊ NLD တို့က နေရာအားလုံး ဝင်ပြိုင်မည်ဖြစ်ပြီး၊ NDF ကမူ ပြည်ထောင်စု လွှတ်တော်နေရာ ၁ဝဝ ထိ ရရှိအောင် ပြင်ဆင်နေသည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁ဝနေရာခန့်သာ ရရှိထားသည့် NDF ပါတီက ယခင်ထက် ၁ဝ ဆထိ တိုးမြှင့်ရရှိရန် ရည်မှန်းထားခြင်းဖြစ်ပြီး ယင်းအတွက်ကိုလည်း ပါတီက အဆင်သင့် ပြင်ဆင်ထားသည် ဟု ဦးခင်မောင်ဆွေက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကလည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနည်းတူ ပြည်ထောင်စုအဆင့် လွှတ်တော်တွင် ၂ဝ၁၄ ခုနှစ်အတွင်း ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို အကြောင်းအမျိုးမျိုးဖြင့် ပယ်ဖျက်ခဲ့သဖြင့် ဝေဖန်မှုများစွာ ခံထားရသည်။

ဦးနေဝင်း ဦးဆောင်ခဲ့သည့် ဆိုရှယ်လစ်ပါတီမှ အသွင်ပြောင်းကာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ခဲ့သည့် တစည ပါတီသည် ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အားလုံးကို ဝင်ရောက်ခဲ့သော်လည်း အမျိုးသားလွှတ်တော် ငါးနေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်လွှတ်တော် ၄၆ နေရာသာ အနိုင် ရရှိခဲ့သည်။

Mizzima - News in Burmese 

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (၂၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ ပါတီ ဗဟိုကော်မတီဌာနချုပ်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (၂၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ ပါတီ ဗဟိုကော်မတီဌာနချုပ်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သို့ အမျိုး သမီး၊ လူငယ်အမတ် အများစုဖြင့် မြို့နယ် ၂ဝဝ ကျော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးထွန်းရီက ဇန်နဝါရီ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကျောင်းသားသပိတ် စစ်ကြောင်းကို မြို့နယ် ခြောက်ခုမှ ရဲတပ်ဖွဲ့ဝင်တို့က ဆန္ဒပြ ခွင့်ပြုမိန့် တင်ပြရန် သတိပေး

Photo: ကျောင်းသားသပိတ် စစ်ကြောင်းကို မြို့နယ် ခြောက်ခုမှ ရဲတပ်ဖွဲ့ဝင်တို့က ဆန္ဒပြ ခွင့်ပြုမိန့် တင်ပြရန် သတိပေး
Monday, January 26, 2015

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှု ရက် ၆ဝ အလွန် လှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂ဝ ရက်က မန္တလေးမြို့မှ စတင် ထွက်ခွာလာသည့် ကျောင်းသားထု သပိတ်မှောက်စစ်ကြောင်းကို ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ-၁၈ အရ ခွင့်ပြုမိန့် တင်ပြရန် မြို့နယ်ခြောက်ခုမှ မြို့အဝင်လမ်းတွင် ရဲတပ်ဖွဲ့များက သတိပေးခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ခွင့်ပြုမိန့်တင်ရန် မန္တလေး၊ ပုလိပ်၊ ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီးနှင့် မြင်းခြံမြို့များရှိ ရဲတပ် ဖွဲ့ တာဝန်ရှိသူများက မြို့ဝင်လမ်းတွင် သတိပေးခဲ့ခြင်း ဖြစ်သည်။

ကိုမင်းသွေးသစ်က ''ပုဒ်မ ၁၈နဲ့ တင်ခိုင်းတာက ကြိုးရှည်ရှည်နဲ့ လှမ်းထားတဲ့ သဘောပါ။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက် မအောင်မြင်ဘဲ အကြမ်းဖက် ဖြိုခွင်းတဲ့အခါမှာ ခေါင်းဆောင်တွေကို တရားဥပဒေအရ စကားလုံးနဲ့ ပုဒ်မ ၁၈ နဲ့ ဆွဲပြီး ထောင်ချလို့ရအောင် ကြိုးရှည်ရှည်နဲ့ လှန်ထားတယ် လို့ မြင်ပါတယ်'' ဟု ပြောသည်။

အဆိုပါ သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၅ ရက် ညနေတွင် မြင်းခြံမြို့သို့ ရောက်ရှိလာပြီဖြစ်ရာ ရဟန်းပျိုသမဂ္ဂ သံဃာ ခြောက်ပါးကလည်း သပိတ်ကြောင်းတွင် ပါဝင်လိုက်ပါလာကြောင်း၊ ဇန်နဝါရီ ၂၅ ရက် ညနေအထိ သပိတ်စစ်ကြောင်းပါ ကျောင်းသားများအပြင် ရဟန်းရှင်လူ ပြည်သူအင်အားမှာ ၁,ဝဝဝ ကျော် ပါဝင် ချီတက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ သပိတ်မှောက်စစ်ကြောင်းသည် ဇန်နဝါရီ ၂၅ ရက်တွင် နွားထိုးကြီးမှ မြင်းခြံသို့ ချီတက်ရာတွင် ရေနံချောင်း ရဟန်းပျိုသမဂ္ဂမှ သံဃာတော် ခြောက်ပါးတို့ ရန်ကုန်အထိ သပိတ်စစ်ကြောင်းတွင် လိုက်ပါရန် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

ကိုမင်းသွေးသစ်က ''မြင်းခြံနဲ့ ပြည်ကြားမှာ လမ်းကြောင်းနှစ်ခု ရှိတယ်။ မြင်းခြံ-တောင်သာ လမ်းကြောင်းနဲ့ မြင်းခြံ- ပခုက္ကူ၊ ကျောက်ပန်းတောင်း လမ်းကြောင်းရှိတယ်။ ဘယ်လမ်းကြောင်းနဲ့ သွားမယ်ဆိုတာ ဇန်နဝါရီ ၂၅ ရက်ည သပိတ်မှောက် ကျောင်းသားတွေ ဆွေးနွေးမယ်'' ဟု ပြောသည်။

အဆိုပါ သပိတ်စစ်ကြောင်းသည် ဇန်န ဝါရီ ၂၅ ရက်ညတွင် မြင်းခြံမြို့ရှိ စွန်းလွန်းဂူ ကျောင်းတွင် တည်းခို သွားမည် ဖြစ်သည်။

အဆိုပါ သပိတ်စစ်ကြောင်း တစ်လျှောက်တွင် မြို့များကို ဖြတ်သန်းရာ၌ အလယ်တန်း၊ အထက်တန်း ကျောင်းသားများမှလည်း မြို့တွင်း လိုက်ပါ ပူးပေါင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နို ဝင်ဘာ ၁၄ ရက် က စတင်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှု လေးရက်မြောက်နေ့တွင် အစိုးရနှင့် တာဝန်ရှိသူများ ကို သပိတ်မှောက် ကျောင်းသားများနှင့် ရက်ပေါင်း ၆ဝ အတွင်း လာရောက် စေ့စပ် ညှိနှိုင်းရန် တောင်းဆိုခဲ့ သည်။

သို့သော် ရက်ပေါင်း ၆ဝ အတွင်း သက်ဆိုင်ရာမှ လာရောက်ညှိနှိုင်းမှု မရှိသည့်အတွက် ရက်ပေါင်း ၆ဝ အလွန် လှုပ်ရှားမှုကို ဇန်နဝါရီ ၂ဝ ရက်က မန္တလေးမြို့မှ စတင်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ချီတက် စစ်ကြောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (မြေလတ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီနှင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်တို့ မှ အမာခံအင်အား ၁ဝဝ ဖြင့် စတင်ချီတက်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

အမျိုးသား ပညာရေး ဥပဒေကို ဆန့် ကျင်ကန့်ကွက်လှုပ်ရှားမှု ရက် ၆၀ အလွန် လှုပ်ရှားမှုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အမျိုးသား ပညာရေး ဥပဒေကို ဆန့် ကျင်ကန့်ကွက်လှုပ်ရှားမှု ရက် ၆၀ အလွန် လှုပ်ရှားမှုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှု ရက် ၆ဝ အလွန် လှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂ဝ ရက်က မန္တလေးမြို့မှ စတင် ထွက်ခွာလာသည့် ကျောင်းသားထု သပိတ်မှောက်စစ်ကြောင်းကို ငြိမ်းချမ်း စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ-၁၈ အရ ခွင့်ပြုမိန့် တင်ပြရန် မြို့နယ်ခြောက်ခုမှ မြို့အဝင် လမ်းတွင် ရဲတပ်ဖွဲ့များက သတိပေးခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

ချစ်သူရဲ့ နာမည်ကိုတောင် မပေါင်းပြတတ်ခဲ့တဲ့ Miley Cyrus

Photo: ချစ်သူရဲ့ နာမည်ကိုတောင် မပေါင်းပြတတ်ခဲ့တဲ့ Miley Cyrus
Monday, January 26, 2015

ဂီတလောကထဲက လူတော်တော်များများကတော့ Miley Cyrus ဟာ ခုချိန်မှာ Patrick Schwarzenegger နဲ့ ချစ်သူတွေဖြစ်သွားကြတာကို သူ့အတွက် ၀မ်းသာပေးနေကြပါတယ်။ အားလုံးသိတဲ့အတိုင်း သူမရဲ့ ချစ်သူ Schwarzenegger ရဲ့ နာမည်ဟာ ရေးရ၊ ပေါင်းရတော်တော်လေး ခက်ခဲပါတယ်။ ဒါ့ကြောင့် အားလုံးကတော့ သူ့အကြောင်းရေးပြီဆိုရင် Google က ရှာရင်ရှာ၊ copy paste လုပ်ရင်လုပ်၊ ဒါမှပဲ လွယ်လွယ်ကူကူ ဖြစ်တော့မှာကိုး။ သူ့ရဲ့ ချစ်သူဖြစ်တဲ့ Miley Cyrus တောင် သူ့နာမည်ကို ပေါင်းဖို့ ခက်ခဲခဲ့တယ်မဟုတ်လား။ Good Morning America မှာ Cameron Mathison က Miley ကို ကင်မရာရှေ့မှာပဲ Patrick ရဲ့ နာမည်အပြည့်အစုံကို စာလုံးပေါင်းပြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို သူမက အူကြောင်ကြောင်နဲ့ "ဒီလိုစကားဝိုင်းမျိုး ရှိခဲ့ဖူးပါတယ်။ သေချာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် စာလုံးတွေထဲမှာ T လုံးဝမပါတာတော့ ကျွန်မသိတယ်။ နိယာမတွေနဲ့ နည်းနည်းဆန့်ကျင်သွားသလိုပဲ။ ဘာလို့များ နာမည်ကြားထဲ T မပါရတာလဲ" ဆိုပြီး ရောချသွားခဲ့တာပါ။

သူမကို အဆုံးသတ်မေးခွန်းအနေနဲ့ သူမရဲ့လှုပ်ရှားမှုတွေအကြောင်း မေးမြန်းရာမှာတော့ သူမက "ကျွန်မကို လူတွေက တစ်မျိုးထင်နေကြတယ်။ ကျွန်မ ဟိုတယ်တွေသွားပြီး ပါတီပွဲတွေမှာချည်းလို့ ထင်နေတာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မ ကျွန်မချစ်တဲ့ မြူးဇစ်အတွက် အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေပါတယ်" တဲ့။

Ref:cosmopolitan.com
Trend Myanmar
ဂီတလောကထဲက လူတော်တော်များများကတော့ Miley Cyrus ဟာ ခုချိန်မှာ Patrick Schwarzenegger နဲ့ ချစ်သူတွေဖြစ်သွားကြတာကို သူ့အတွက် ၀မ်းသာပေးနေကြပါတယ်။ အားလုံးသိတဲ့အတိုင်း သူမရဲ့ ချစ်သူ Schwarzenegger ရဲ့ နာမည်ဟာ ရေးရ၊ ပေါင်းရတော်တော်လေး ခက်ခဲပါတယ်။

3D printer ဖြင့် ဖန်တီးထားသော ကမ္ဘာ့ပထမဆုံး လူနေအဆောက်အအုံကို တရုတ်နိုင်ငံတွင် တည်ဆောက်ထား

Photo: 3D printer ဖြင့် ဖန်တီးထားသော ကမ္ဘာ့ပထမဆုံး လူနေအဆောက်အအုံကို တရုတ်နိုင်ငံတွင် တည်ဆောက်ထား
Monday, January 26, 2015

တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော WinSun သည် ကျန်ဇူးပြည်နယ် ဇူကျူစက်မှုဇုန်အတွင်း 3D printer အသုံးပြု၍ အတွင်းခန်း အပြင်အဆင်များ အပါအဝင် အကျယ် ၁,၁၀၀ စတုရန်းမီတာရှိသည့် ငါးထပ် အဆောက်အအုံကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဗိသုကာဆိုင်ရာ ကုမ္ပဏီများသည် 3D printer ကိုအသုံးပြု၍ လူနေတိုက်များ တည်ဆောက်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေလျက် ရှိသည်။ ပြီးခဲ့သည့်နှစ် မတ်လက WinSun ကုမ္ပဏီသည် ဆောက်လုပ်ရေး ဆိုင်ရာပစ္စည်းနှင့် စက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကို ပေါင်းစပ်နိုင်သော 3D printer ဖြင့် ၂၄ နာရီအတွင်း လူနေအိမ် ၁၀ လုံး ဆောက်လုပ်ခဲ့သေးသည်။ ယခုအခါ WinSun ကုမ္ပဏီသည် ပိုမိုထိရောက်သည့် နည်းပညာများဖြင့် ငါးထပ် အဆောက်အုံ တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ 3D printer များကို တီထွင်နေသည့် WinSun ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် မာရိဆိုသူက အမြင့် ၆.၆ မီတာ၊ အကျယ် ၁၀ မီတာနှင့် အရှည်မီတာ ၄၀ (ပေ ၂၀×၃၃×၁၃၂) ရှိသော 3D printer အမျိုးမျိုးကို ဖန်တီး၍ ၎င်းအဆောက်အအုံကို တည်ဆောက်ခဲ့သည်။

ထိုအဆောက်အဦကို တည်ဆောက်ရာတွင် စီမံကိန်း စတင်သည့် နေရာတွင်ပင် အစိတ်အပိုင်းများကို တပ်ဆင်ခဲ့သည်။ ထို့နောက် အဆောက်အအုံကို သံမဏိများ အသုံးပြု၍ အရည်အသွေး ပြည့်မီသည့် တိုက်တာတစ်ခု ဖြစ်စေရန် အပြီးသတ် တည်ဆောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တည်ဆောက်မှု ပြုရာတွင် WinSun ကုမ္ပဏီအနေဖြင့် အစိတ်အပိုင်းများကို 3D printer ဖြင့် ထုတ်လုပ်သည့်အခါ ကုန်ကျစရိတ် မည်မျှရှိကြောင်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ အဆိုပါ အစိတ်အပိုင်းများ၏ အရွယ်အစားမှာ လွန်စွာကြီးမားကြောင်း သိရသည်။

ထိုလုပ်ငန်းစဉ်သည် စက်မှုဆိုင်ရာ ပစ္စည်းများ အလေအလွင့်ဖြစ်မှု ၃၀ မှ ၆၀ ရာခိုင်နှုန်းအထိေ လျာ့နည်းခဲ့ပြီး ထုတ်လုပ်မှု အချိန်အတိုင်းအတာကိုလည်း ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသည်။ ဆက်လက်ပြီး အလုပ်သမားစရိတ် ၅၀ မှ ၈၀ ရာခိုင်နှုန်းကိုလည်း လျှော့ချပေးနိုင်သောကြောင့် ၎င်းငါးထပ် အဆောက်အအုံကို တည်ဆောက်ရန် ကန်ဒေါ်လာ ၁၆၁,၀၀၀ သာ ကျသင့်ခဲ့ကြောင်း သိရသည်။

Ref: CNET
Internet Journal
တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော WinSun သည် ကျန်ဇူးပြည်နယ် ဇူကျူစက်မှုဇုန်အတွင်း 3D printer အသုံးပြု၍ အတွင်းခန်း အပြင်အဆင်များ အပါအဝင် အကျယ် ၁,၁၀၀ စတုရန်းမီတာရှိသည့် ငါးထပ် အဆောက်အအုံကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

မဒေးကျွန်းဆိပ်ကမ်းသို့ တရုတ်ရေနံတင်သင်္ဘော ဆိုက်ရောက်

Photo: မဒေးကျွန်းဆိပ်ကမ်းသို့ တရုတ်ရေနံတင်သင်္ဘော ဆိုက်ရောက်
Monday, January 26, 2015

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့
တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စင်း ဆိုက်ရောက်လာကြောင်း
သတင်းရရှိသည်။

အဆိုပါ ရေနံတင်သင်္ဘောမှာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ ဇန်န၀ါရီ ၂၄ရက်
မွန်းလွဲပိုင်းက ဆိုက်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ရေနံစိမ်း တန်ချိန်
တစ်သိန်း သုံးသောင်းခန့်ကို သယ်ဆောင်လာကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက အဲ့ဒီ သင်္ဘောဟာ ကျောက်ဖြူနဲ့
ရေမိုင်၃၀လောက် အကွာမှာ ကျောက်ချ ရပ်နား နေပါတယ်။
ရေနံပိုက်လိုင်းဖွင့်ပွဲလုပ်ဖို့ အဆင်သင့်မဖြစ်သေးလို့ နားနေတာဖြစ်ပါတယ်”
ဟု ကျောက်ဖြူ ဆိပ်ကမ်းအာဏာပိုင်တစ်ဦး ကပြောသည်။

မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ ၀င်ရောက်လာသည့် ရေနံတင် သင်္ဘော Xin Run Yang
သည် ဟောင်ကောင် တွင် မှတ်ပုံတင်ထားသော သင်္ဘောဖြစ်ပြီး၊ အလျား ၃၃၀မီတာ၊ အနံ
၆၀မီတာ ကျယ်ဝန်းကာ ရေနံစိမ်းတန်ချိန် ၁သိန်းနီးပါး တင်ဆောင်နိုင်သည်။

ထိုကဲ့သို့ တန်ချိန်များစွာတင်ဆောင်နိုင်သော ရေနံတင်သင်္ဘောကြီးများ
မဒေးကျွန်းသို့ ၀င်ထွက်သွားလာမှုကြောင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသော
မဒေးကျွန်းဒေသခံများအတွက် အခက်အခဲဖြစ်စေနိုင်သဖြင့် ရေနံတင်သင်္ဘောကြီးများ
ဝင်ထွက်သွားလာမှုကို ဒေသခံများက ကန့်ကွက်မှုများရှိခဲ့သည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ၊ မဒေးကျွန်း (မြဒေးကျွန်း) တွင်
တရုတ်နိုင်ငံက ရေနံသိုလှောင်ကန်ကြီးများ တည်ဆောက်ထားသည်။ မဒေးကျွန်းသို့
ဒေသအသီးသီးမှ ၀င်ရောက်လာမည့် ရေနံတင်သင်္ဘောများက ရေနံသိုလှောင်ကန်များတွင်
ရေနံများဖြည့်ပြီးနောက် တရုတ်နိုင်ငံအတွင်းသို့ ပိုက်လိုင်းမှ တစ်ဆင့်
ရေနံများကို ပို့လွှတ်ရန် စီစဉ်ထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့
ပို့လွှတ်မည့် ရေနံပိုက်လိုင်း ဖွင့်ပွဲကို ယခုလ ၃၀ရက်နေ့တွင်
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မဒေးကျွန်းသို့ ၀င်ရောက်လာသည့် တရုတ်ရေနံတင်သင်္ဘော Xin Run Yang ကိုတွေ့ရစဉ်။

Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မဒေးကျွန်းသို့ ၀င်ရောက်လာသည့် တရုတ်ရေနံတင်သင်္ဘော Xin Run Yang ကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘော တစ်စင်း ဆိုက်ရောက်လာကြောင်း သတင်းရရှိသည်။

"သွန်ဘူရီ ဆေးရုံလုပ်ငန်းစု (THG) က ရန်ကုန်တွင် ဆေးရုံ ၂ ရုံဖွင့်လှစ်မည်"

Photo: "သွန်ဘူရီ ဆေးရုံလုပ်ငန်းစု (THG) က ရန်ကုန်တွင် ဆေးရုံ ၂ ရုံဖွင့်လှစ်မည်"
Monday, January 26, 2015

ထိုင်းနိုင်ငံရှိ တတိယအကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းစု ဖြစ်သည့် သွန်ဘူရီဆေးရုံလုပ်ငန်းစု (THG) သည် ရန်ကုန်မြို့ရှိ ဂမုန်းပွင့် ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင့်မြင့် ဆေးရုံ ၂ ရုံကို ဖွင့်လှစ်နိုင်ရန် လာမည့် ရက်သတ္တပတ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံများတွင် ဆေးရုံစုစုပေါင်း ၂၂ လုံးကို လုပ်ကိုင်လျက်ရှိသည့် သွန်ဘူရီ ဆေးရုံလုပ်ငန်းစု၏ ပိုင်ရှင် ဒေါက်တာဘွန်ဗန်နာစင်သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် အကုန်အကျခံ၍ ရန်ကုန်မြို့တွင် ဆေးရုံ ၂ ရုံတည်ဆောက်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆေးရုံ ၂ ရုံ၏ ၄၀ ရာခိုင်နှုန်းကို THG က ပိုင်ဆိုင်မည် ဖြစ်ကာ ၆၀ ရာခိုင်နှုန်းကိုမူ မြန်မာပြည်တွင်းရှိ ဂမုန်းပွင့် ကုမ္ပဏီက ပိုင်ဆိုင်မည် ဖြစ်သည်။

ဂမုန်းပွင့် ကုမ္ပဏီကို ၁၉၉၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကုန်စည်လက်လီရောင်းချမှု၊ အိမ်ခြံမြေနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

အဆိုပါ ဆေးရုံ ၂ ရုံကို ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက စတင်တည်ဆောက်နေပြီ ဖြစ်ကာ လာမည့် နှစ်အနည်းငယ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း၊ ယင်းဆေးရုံ ၂ ရုံတွင် စုစုပေါင်း ခုတင် ၄၀၀ ၀င်ဆံ့မည်ဖြစ်ကြောင်း သိရသည်။

'THG က မြန်မာနိုင်ငံမှာ ဆေးရုံတရုံကို အပြည့်အ၀ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မယ့် ပထမဆုံး ထိုင်းကုမ္ပဏီတခုဖြစ်တယ်၊ ဒီစီမံကိန်းတွေက မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း ကောင်းမွန်အောင် ကူညီပေးနိုင်မှာပါ၊ နောက်ပြီး ဒီအထိ လာကုဖို့မလိုတဲ့အတွက် စရိတ်စကလည်း သက်သာသွားမယ်' ဟု ဒေါက်တာဘွန်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ပြည်ပမှ လာရောက် ဆေးကုသသူများတွင် မြန်မာပြည်သူများက အများဆုံး ဖြစ်ပြီး ယင်းနောက်တွင် ဥပရောတိုက်သားများနှင့် အာရပ်နိုင်ငံများမှ လာရောက်မှု အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းသည် တနှစ်လျှင် ၁၀ ရာခိုင်နှုန်းအထိ ကြီးထွားလာလျက်ရှိပြီး စီးပွားရေးပိုမိုတိုးတက်လာပါက ၁၅ ရာခိုင်နှုန်းအထိ ကြီးထွားလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ကျော်လင်းထွန်း
Ref: Bangkokpost
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ထိုင်းနိုင်ငံရှိ တတိယအကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းစု ဖြစ်သည့် သွန်ဘူရီဆေးရုံလုပ်ငန်းစု (THG) သည် ရန်ကုန်မြို့ရှိ ဂမုန်းပွင့် ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင့်မြင့် ဆေးရုံ ၂ ရုံကို ဖွင့်လှစ်နိုင်ရန် လာမည့် ရက်သတ္တပတ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မ.ထ.သ မှ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ အတွက် (၂) ရာခိုင်နှုန်းကျော်သာ တာဝန်ယူနိုင်သေး

ရန်ကုန်မြို့နေ ပြည်သူများ သွားလာရေး အတွက် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍမှ တစ်လလျှင် (၂ ဒသမ ၃) ရာခိုင်နှုန်းခန့်သာ တာဝန်ယူ ပို့ဆောင်ပေးနိုင် သေးကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ ခရီးသည်နှင့် ယာဉ်အစီးရေ မျှတမှု မရှိခြင်း၊ ယာဉ်လိုင်း တချို့မှ ရပ်နား ထားခြင်း စသည် တို့ကြောင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ရာခိုင်နှုန်း အနည်းငယ်သာ တာဝန်ယူနိုင် သေးကြောင်း သိရသည်။

ထိုင်း-မြန်မာ လူကုန်ကူးမှု လုပ်ငန်း စီမံချက် သက်တမ်း ထပ်မံတိုးဖွယ်ရှိ

ထိုင်း-မြန်မာနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းရေး ဆိုင်ရာ လုပ်ငန်း စီမံချက် သက်တမ်းကို တတိယ အကြိမ် မြောက် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ပြစ်မှုဆိုင်ရာ တရားစီရင်မှု ပူးပေါင်း မြှင့်တင်ရေး အစည်းအဝေးတွင် ဆုံးဖြတ် နိုင်ဖွယ် ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (ဗဟို) ထံမှ သိရသည်။

ကျောင်းသားသပိတ်တွင် အလယ်တန်း ကျောင်းသားများ ပါဝင်လာ

ထားဝယ် တက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ထိုင်သပိတ် ဆန္ဒပြလျက် ရှိသော ထားဝယ် မြို့ ကျောင်းသားသပိတ်တွင် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ အချို့ ပါဝင် လာကြောင်း အဆိုပါ ဆန္ဒပြသူများ ထံမှ သိရသည်။

မီးအားမြင့်စက် အပူလွန်ကဲရာမှ နေအိမ် (၂) လုံး မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွင် ယမန်နေ့ နံနက်က ဗို့ အား (၁၀၀၀၀)ရှိ မီးအား မြင့်စက်အပူလွန်ကဲရာမှ နေအိမ်နှစ်လုံးနှင့် တန်ဖိုးငွေကျပ်သိန်း(၂၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိသည်။

ယာဉ်ထိန်းရဲ များသည် စာခြောက်ရုပ် အဆင့်သာ ရှိသည်ဟုဆို

Photo: ယာဉ်ထိန်းရဲ များသည် စာခြောက်ရုပ် အဆင့်သာ ရှိသည်ဟုဆို
Monday, January 26, 2015

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း စောင့်ရှောက်ရသော ယာဉ်ထိန်းရဲများ အနေဖြင့် စာခြောက်ရုပ် အဆင့်သာရှိ နေကြောင်း ဧရာဝတီ တိုင်းဒေသကြီး၊ ယာဉ်ထိန်း တပ်ဖွဲ့ စုမှ ရဲမှူး ဦးစောဝင်းက ပြောသည်။ ကျွန်တော်တို့ လုပ်ရတဲ့ မော်တော်ယာဉ် ဥပဒေမှာ ပါတဲ့ ယာဉ် စည်းကမ်း၊လမ်း စည်းကမ်း ဖောက်ဖျက်သူကို ယာဉ်တိုက်မှုက လွဲလို့ တခြား အမှုတွေက ဖမ်းချုပ်လို့ ရတဲ့အမှုတွေ မဟုတ်ဘူး။ သုံးယောက်စီး လာတယ်။ ဒါကို သုံးယောက် စလုံး အချုပ်ထဲ ထည့်မယ် ဆိုလို့လည်း မရဘူး။ အင်မတန်မှ ညင်သာတဲ့ ဥပဒေတွေကို ကိုင်တွယ် ရတဲ့ အခါကျတော့ စာခြောက်ရုပ် အဆင့် လောက်ပဲ ရှိတယ် ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ယာဉ်ထိမ်း ရဲများ အနေဖြင့် ယာဉ် စည်းကမ်း၊ လမ်း စည်းကမ်း လုပ်ငန်းများ အရေးယူ ဆောင်ရွက် ရာတွင် အခက်အခဲ များစွာ ကြုံတွေ့နေ ရကြောင်း ရဲမှူးက ဆက်ပြောသည်။

အခု အရေးယူရတဲ့ စနစ် အတွက် ကတော့ တော်တော်လေး အခက်အခဲ ရှိတယ်။ ဘာလို့လဲဆို ယာဉ်တစ်စီးကို အရေးယူပြီးလို့ ချလန်ဖြတ်ပြီ၊ လိုင်စင်သိမ်းပြီ ဆိုသူလာ ရွေးမှ ရတယ်။ မလာလို့ အိမ်သွားဖမ်း လို့လည်း မရဘူး။ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ တချို့ ရိုင်းရိုင်းစိုင်း သူတွေနဲ့ တွေ့ရင် ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲတွေနဲ့ အဖမ်းဆီးခံရတဲ့ သူတွေ ပဋိပက္ခ ဖြစ်တာလည်း ရှိတယ် ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆိုင်ကယ် ဦးထုပ် မဆောင်းမှု၊ သတ်မှတ်သည့် လူဦးရေထက် ပိုစီးနင်းမှု၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှု များကို တက္ကသိုလ်ကျောင်းသား များက အများဆုံး ကျူးလွန် ကြသည်ဟု ဧရာဝတီ တိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့ စုမှူး ရဲမှူးစောဝင်းက ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် The Messenger Media သို့ ပြောကြားထားသည်။

ဆိုင်ကယ်စီး ဦးထုပ်သည် မိမိ အသက်ကို ကာကွယ်ပေးနိုင် သော်လည်း အများအားဖြင့် ဦးထုပ်ကို မဆောင်းဘဲ ရှေ့ခြင်း ထဲတွင် သာ ထည့်တား တတ်ကြပြီး ယာဉ်ထိမ်းရဲရှိမှသာ ဦးထုပ်ကို ဆောင်းတတ်ကြောင်း၊ စာခြောက်ရုပ် အဆင့်သာ ရှိသည်ဟု ဆိုသော်လည်း ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အတွက် ယာဉ်ထိန်းရဲများ ရှိခြင်းဖြင့် စည်းကမ်း ဖောက်ဖျက်မှု နည်းမည်မှာ သေချာကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်ထိန်းရဲများ များထားရှိလျှင် ကောင်းမွန်ကြောင်း အဆိုပါ ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ် အပတ်စဉ် ဆွေးနွေးပွဲသို့ တက်ရောက် လာသူ ဧရာဝတီ တိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး၌ ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း (၅၉၀) မှုတွင် ဒဏ်ရာရရှိသူ (၉၉၁)  ဦးနှင့် သေဆုံးသူ (၁၅၁) ဦး၊ ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း (၇၅၈) မှုတွင် ဒဏ်ရာ ရရှိသူ (၁၃၁၄) ဦးနှင့် သေဆုံးသူ (၁၈၃) ဦး၊ ၂၀၁၃ ခုနှစ် တွင် ယာဉ်တိုက်မှုပေါင်း (၁၀၈၇) မှုတွင် ဒဏ်ရာရရှိသူ (၂၀၇၁) ဦးနှင့် သေဆုံးသူ (၂၂၃) ဦးအထိရှိ ခဲ့ပြီး၊ ၂၀၁၄ခုနှစ်တွင် ယာဉ် တိုက်မှုပေါင်း (၁၄၃၅) မှု ဖြစ်ပွား ခဲ့ပြီး ဒဏ်ရာ ရရှိသူ (၂၄၅၃)  ဦးရှိကာ သေဆုံးသူ (၂၇၁) ဦးရှိကြောင်း တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့ ရုံးမှ သတင်း ထုတ်ပြန် ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာဉ်ထိန်း ၀န်ထမ်း (၄၃) ဦး ရှိပြီး ဟင်္သာတတွင် (၁၁) ဦး၊ မအူပင်တွင် (၇) ဦး၊ မြောင်းမြတွင် (၅) ဦးသာ ရှိကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ ယာဉ်တိုက်မှုများ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား ရခြင်းမှာ ယာဉ်ထိန်းရဲ အင်အား နည်းခြင်း၊ များခြင်းနှင့် မသက်ဆိုင်ဘဲ ယာဉ် အသုံးပြုမှု များပြား လာခြင်း၊ စည်းကမ်း လိုက်နာမှု အားနည်းခြင်း တို့ကြောင့် ဖြစ်ပြီး၊ ပြည်သူများ စည်းကမ်း လိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်မှ သာလျှင် ယာဉ်တိုက်မှု ကျဆင်း နိုင်မည် ဖြစ်ကြောင်း ဦးစောဝင်းက ပြောသည်။

Messenger News Journal
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း စောင့်ရှောက်ရသော ယာဉ်ထိန်းရဲများ အနေဖြင့် စာခြောက် ရုပ်အဆင့်သာရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ယာဉ်ထိန်းတပ်ဖွဲ့ စုမှရဲမှူး ဦးစောဝင်းက ပြောသည်။

ခရီးရှည် ဆန္ဒပြကျောင်းသားများ တောင်သာလမ်းကြောင်းကို ရွေးချယ်

Photo: ခရီးရှည် ဆန္ဒပြကျောင်းသားများ တောင်သာလမ်းကြောင်းကို ရွေးချယ်
Monday, January 26, 2015

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးစစ်ကြောင်းဟာ နွားထိုးကြီးကနေ မြင်းခြံမြို့ကို မနေ့ညနေက ရောက်ရှိသွားပြီး မူလစီစဉ်ထားတဲ့အတိုင်း ဒီမနက် ၉ နာရီမှာ မြင်းခြံမြို့ကနေ တောင်သာကို ဆက်လက်ချီတက်ပါမယ်။

ပြည်မြို့လမ်းနဲ့တောင်သာမြို့လမ်း လမ်းကြောင်းနှစ်ကြောင်းအနက် တောင်သာလမ်းကိုပဲ ရွေးချယ်ဆုံးဖြတ် ခဲ့ကြတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗ.က.သ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

"တောင်သာကို ချီတက်မယ်ဆိုတာက လိုရာလမ်းကြောင်းဆွဲထားတဲ့အတိုင်း ကျနော်တို့ အများပြည်သူကို ကြေညာပေးထားတဲ့အတိုင်းပဲ ချီတက်တယ်၊ ကျနော်တို့က အမျိုးသားပညာရေးဥပဒေဟာ နိုင်ငံတော်အတွက် ပြည်ထောင်စုအနာဂတ်အတွက် ဆောင်ရွက်နေရတာ"

ဒီမိုကရေစီ ပညာရေး စစ်ကြောင်းဟာ မြင်းခြံမြို့ကို မနေ့ ညနေ ည ၅ နာရီခွဲက ရောက်လာပြီး စွန်းလွန်းဂူ ကျောင်းမှာ ညအိပ်ရပ်နားခဲ့ပါတယ်။
ချီတက်ရာလမ်းတလျှောက်မှာ သပိတ်မှောက်ကျောင်းသားတွေကို ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုအားပေးကြပါတယ်။

ပညာရေးမဝါဒနဲ့ ဥပဒေတွေ ၊ နည်းဥပဒေတွေ၊ ဆက်စပ်ဥပဒေတွေ ရေးဆွဲတဲ့အခါ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမ ကိုယ်စားလှယ်တွေပါ ပါဝင်ရေးဆွဲဖို့နဲ့ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နဲ့ သမဂ္ဂတွေကို တရားဝင်အသိအမှတ်ပြုဖို့ အပါအဝင် အချက် ၁၁ ချက်ကို သပိတ်မှောက်ကျောင်းသားတွေက တောင်းဆိုထားပါတယ်။

RFA Burmese
အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးစစ်ကြောင်းဟာ နွားထိုးကြီးကနေ မြင်းခြံမြို့ကို မနေ့ညနေက ရောက်ရှိသွားပြီး မူလစီစဉ်ထားတဲ့အတိုင်း ဒီမနက် ၉ နာရီမှာ မြင်းခြံမြို့ကနေ တောင်သာကို ဆက်လက်ချီတက်ပါမယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်အများဆုံး တောင်းခံ

Photo: ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်အများဆုံး တောင်းခံ
Monday, January 26, 2015

လာမည့် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စုအစိုးရက ကျပ်သန်းပေါင်း ၆,၆၆၅,၃၁၈ ဒသမ ၅၉၃ သန်းကို တောင်းခံထားပြီး ဝန်ကြီးဌာန ၃၄ ခုစလုံး၏ တောင်းခံငွေတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းခံငွေမှာ အများဆုံး ဖြစ်သည်ဟု ကိုယ်စားလှယ်များထံမှ သိရသည်။

လာမည့် ဧပြီ ၁ ရက်တွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီး ဌာနက ၁,၂၆၄,ဝ၂၈ ဒသမ ၃၈ဝ သန်း တောင်းခံထားခြင်း ဖြစ်သည်။

ယင်း တောင်းခံငွေများထဲတွင် တပ်မတော် ရင်းနှီးမြှုပ်နှံမှုအတွက် တောင်းခံငွေများလည်း ပါဝင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။

ယင်းအပြင် တပ်မြို့များ စည်ပင်သာယာရေးက ကျပ် ၄ဝ ဒသမ ၇ဝဝ သန်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန အတွက် ၉၇,၂၂ဝ သန်းလည်း တောင်းခံထားသည်ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ် က ဆိုသည်။

အမျိုးသားစီမံကိန်းအရ လျာထားချက် တွင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့က ကျပ် ၅,၁၈၄,၃၁၇ ဒသမ ၆၄၁ သန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့က ၁,၄၈၁,ဝဝဝ ဒသမ ၉၅၂ သန်း တောင်းခံထား ကြောင်း စီမံကိန်း လျာထားချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ၂ဝ၁၄-၁၅ ခုနှစ်အတွက် မူလတောင်းခံထားသော ဘဏ္ဍာငွေ အသုံးစရိတ်မှာ ၂,၃၆၅,၈၁၃ ဒသမ ၂၁၈ သန်း ဖြစ်ပြီး
ယခုနှစ် တောင်းခံသော စီမံကိန်း လျာထားငွေမှာ ၁,၂၆၄,ဝ၂၈ ဒသမ ၃၈ဝ သန်း ဖြစ်သောကြောင့် ထက်ဝက်ခန့် လျော့နည်း
တောင်းခံထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားအား နေပြည်တော် သမ္မတအိမ်ယာ အနီးရှိ ဗိုလ်ရှုခံ ကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခမ်း အနားအား နေပြည်တော် သမ္မတအိမ်ယာ အနီးရှိ ဗိုလ်ရှုခံ ကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
လာမည့် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စုအစိုးရက ကျပ်သန်းပေါင်း ၆,၆၆၅,၃၁၈ ဒသမ ၅၉၃ သန်းကို တောင်းခံထားပြီး ဝန်ကြီးဌာန ၃၄ ခုစလုံး၏ တောင်းခံငွေတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းခံငွေမှာ အများဆုံး ဖြစ်သည်ဟု ကိုယ်စားလှယ်များထံမှ သိရသည်။

ယမကာနှင့် စီးကရက်ခွန်များ မြှင့်တင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန တင်ပြ

Photo: ယမကာနှင့် စီးကရက်ခွန်များ မြှင့်တင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန တင်ပြ
Monday, January 26, 2015 

လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ ယမကာနှင့် စီးကရက်ခွန်များကို ပြည်ထောင်စုအစိုးရက အခွန်နှုန်းများ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော် သို့ တင်ပြချက်အရ သိရသည်။

အထူးကုန်စည်များအဖြစ် သတ်မှတ်ထားသည့် ကုန်စည် ၁၆ မျိုးတွင် ပါဝင်နေသည့် ကုန်စည် ၁ဝ မျိုးအနက် စီးကရက်ကို ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို လက်ရှိနှစ်တွင် ကောက်ခံနေသည့် ၁ဝဝ ရာ ခိုင်နှုန်းမှ ၁၂ဝ ရာခိုင်နှုန်း အထိ တိုးမြှင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ကျန်ကုန်စည်များဖြစ်သော ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးအမျိုးမျိုး၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုးနှင့် ဘီယာအမျိုးမျိုးတို့အပေါ်တွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း လက်ရှိ ၅ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံရန် ဖြစ်သည်။

အဆိုပါ ကုန်စည်များအတွက် ကောက်ခံသော ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများကို တိုးမြှင့်သတ်မှတ်ရန် အတွက် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ပြင်ဆင်ရေးဆွဲထားခြင်း ဖြစ်သည်။

''ပြည်သူ ပြည်သားများရဲ့ စားသုံးမှုကို အခွန်စနစ်နဲ့ ထိန်းညှိပေးဖို့ဆိုတဲ့ အခွန် ကောက်ခံခြင်းရဲ့ ရည်ရွယ်ချက်ကို သွယ်ဝိုက်ခွန် အမျိုးအစားနဲ့ ဖော်ဆောင်ရပါတယ်'' ဟု အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် သို့ ယခုလ ၁၉ ရက် တွင် တင်သွင်းရာ၌ ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

အဆိုပါ ကောက်ခံမည့် နှုန်းထားများသည် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်စည် ဖြစ်ပါက ရောင်းရငွေအပေါ်တွင် လည်းကောင်း ကောက်ခံမည့် နှုန်းထားများ ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်က ပြင်ဆင် ခြင်း မပြုဘဲ အတည်ပြုလျှင် အထက်ပါ နှုန်းထားများသည် လာမည့် ဧပြီ ၁ ရက်မှ စတင် အကျိုးသက်ရောက်မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ မတ်လက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရက်ခွန်ကို ၂ဝဝ ရာခိုင်နှုန်း၊ စီးကရက်ခွန် ကို ၁ဝဝ ရာခိုင်နှုန်းအထိ ကောက်ခံရန် တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ ယမကာနှင့် စီးကရက်ခွန်များကို ပြည်ထောင်စုအစိုးရက အခွန်နှုန်း များ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော် သို့ တင်ပြချက်အရ သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံမည်

Photo: ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံမည်
Monday, January 26, 2015

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံသွား မည်ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောဆိုလိုက်သည်။

''ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှု အားနည်းနေတာကို မြှင့်တင်ချင် တယ်။ ရွေးကောက်ပွဲက တရားမျှတဖို့ဆိုရင် ကော်မရှင်တွေက ဥပဒေနဲ့ ညီဖို့လိုပါတယ်။ ခုကော်မရှင်တွေက ဥပဒေနဲ့အညီ တရား မဝင်ဘူး။ ဒါကြောင့် ဥပဒေနဲ့အညီ ပြန်လည် ဖွဲ့စည်းပေးနိုင်အောင် ပြည်သူလူထု က လက်မှတ်ရေးထိုး တောင်းဆိုသွားဖို့ ဒီနေ့ကစပြီး လှုပ်ရှားမှု လုပ်ဆောင်သွားမှာပါ'' ဟု ၎င်းက ဆိုသည်။

ယင်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြုလုပ်သွားမည်ဖြစ်ပြီး လှုပ်ရှားမှုတိုင်းတွင် ဥပဒေပညာရှင် တစ်ဦးက ရွေးကောက်ပွဲကော်မရှင် ဥပဒေများနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောပြခြင်းနှင့် ရွေးကောက်ပွဲ ဥပဒေ ဆိုင်ရာ စာရွက်စာတမ်းများကို ဖြန့်ဝေခြင်း တို့ပြုလုပ်ပြီးမှ ပြည်သူ့လက်မှတ် ကောက်ခံသွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကိုလည်း ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည်။ လူထု လက်မှတ်များကို ဒဂုံဆိပ်ကမ်းမြို့နယ်မှ စတင်ကောက်ခံခဲ့ပြီး အစဦးဆုံးနေ့ဖြစ်သော ဇန်နဝါရီ ၂၅ ရက်တွင် ပြည်သူ့လက်မှတ် တစ်ရာကျော် ရရှိ ထားသည်ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ''အခုရွေးကောက်ပွဲ ဥပဒေက အသစ်ပြင်ထားတယ်။ ဒီတော့ ကော်မရှင်ကိုလည်း အသစ်ပြန်ဖွဲ့စည်းရမယ်လို့ ဆိုလိုတာလို့ ထင်ပါတယ်။ ဒါပေမဲ့ ဥပဒေသစ်မှာကလည်း ကော်မရှင်ကို ပြန်ဖွဲ့စည်းရမယ်လို့ မပါတော့ ရှိပြီးသားကော်မရှင်ကိုပဲ ဆက်ပြီး တာဝန်ပေးမယ်ဆိုလည်း ပေးနိုင်တယ်လို့ သက်ရောက်တဲ့ သဘောပေါ့။ ဟိုဘက် ဒီဘက် အငြင်းပွားစရာ ဖြစ်နေတာလို့ ထင်ပါတယ်'' ဟု သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က ''နိုင်ငံတကာမှာက ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရွေးကောက်ပွဲပြီးရင် အာဏာပြန်အပ်ပြီး ဖျက်သိမ်းလိုက်တယ်။ မြန်မာနိုင်ငံမှာက ရာသက်ပန်ဖြစ်နေတယ် ။ အာဏာပိုင်လိုမျိုး ဖြစ်နေတယ်။ ဒါကတော့ နိုင်ငံတကာနဲ့မညီဘူးပေါ့လေ။ ဒါတွေကို ၂ဝဝ၈ အခြေခံ ဥပဒေနဲ့ မညီပါဘူးလို့ ပြန်ဆန်းစစ်တဲ့ကွန်ရက်တွေက ထောက်ပြ ပြောလာပြီဆိုရင်တော့ ပြန်ဆန်းစစ် ကြည့်သင့်တယ်'' ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးကိုကိုအား မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ''ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မပြောချင်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်က အလုပ်နဲ့ပဲ သက်သေပြသွားမှာပါ။ ကော်မရှင်ကို ဥပဒေနဲ့မညီဘူး၊ မယုံကြည်ဘူးဆိုရင် လွှတ်တော်နဲ့ အစိုးရကို တိုက်ရိုက်တင်ပြပါ။ လွှတ်တော်နဲ့ အစိုးရက နုတ်ထွက်ခိုင်းရင် ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီး နုတ်ထွက်သွားမယ်'' ဟု ဖြေကြားသည်။

Mizzima - News in Burmese 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (Myanmar Peace Center) တွင်ပြုလုပ်ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (Myanmar Peace Center) တွင်ပြုလုပ်ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -ဟိန်းထက်၊ မဇ္ဈိမ) 
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်း ပေးရန် လူထုလက်မှတ်များ ကောက်ခံသွားမည်ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ပြောရေး ဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောဆိုလိုက်သည်။

မသန်စွမ်းဥပဒေကြမ်းပါ အချက်အချို့ ပြင်ဆင်နိုင်ရေး လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် တွေ့ဆုံမည်

Photo: မသန်စွမ်းဥပဒေကြမ်းပါ အချက်အချို့ ပြင်ဆင်နိုင်ရေး လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် တွေ့ဆုံမည်
Monday, January 26, 2015

မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများက မသန်စွမ်းဥပဒေကြမ်းပါ အချက်များ ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟု ရွှေမင်းသား ဖောင်ဒေးရှင်း ပြင်ပဆက်ဆံရေးမှူး ကိုဝဏ္ဏကျော်စွာက မဇ္ဈိမကို ပြောသည်။

ယခု ကျင်းပလျက်ရှိသည့် ၁၂ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးသို့ တင်ပြမည့် မသန်စွမ်းသူ များ၏ အခွင့်အရေးများ ဥပဒေကြမ်းတွင် မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများက ပြင်ဆင်လိုသည့် အချက် များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

ကိုဝဏ္ဏကျော်စွာက''ကျွန်တော်တို့က ဥပဒေကြမ်းမှာပါတဲ့ အတန်းပညာရေးနဲ့ ကျောင်းပြင်ပ ပညာရေးဆိုတာကို လွှတ်တော်က အဓိပ္ပာယ်ဖွင့်ပေးဖို့ တောင်းဆိုထားတယ်။ အထူး ကျောင်းပညာရေးဆိုတာကိုတော့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပြန်ဖြည့်ထားတာလည်း ရှိတယ်''ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဘရှိန်က ''ဥပဒေကြမ်းကို ပြင်ဆင်လိုတဲ့ အဖွဲ့အစည်း တွေအနေနဲ့ လွှတ်တော် ဥက္ကဋ္ဌတွေကို တင်ရင်ပိုအဆင်ပြေမှာပါ။ ဥက္ကဋ္ဌတွေက တစ်ဆင့် သက်ဆိုင်ရာ ကော်မတီတွေကို လွှဲပေးရင် ပိုပြီးတော့ တရားဝင်ဖြစ်တာပေါ့'' ဟု ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို လွှတ်တော် အမတ်များနှင့် တိုင်ပင်ဆွေးနွေးရာတွင် မူရင်းဥပဒမူကြမ်းကို တင်ပြ ဆွေးနွေးခြင်း၊ ဥပဒေမူကြမ်းကို ပြန်လည်ဆွေးနွေး ဖြည့်စွက်ခြင်းနှင့် မသန်စွမ်းဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများက ဥပဒေကြမ်းတွင် ဖြည့်စွက် ပြင်ဆင်ထားသည့် အကြောင်းအရာများကို မည့်သည့်အတွက် ပြင်ဆင်ရခြင်း ဖြစ်သည်ကို ရှင်းလင်း တင်ပြခြင်းတို့ကို အရပ်ဘက်အဖွဲ့အစည်းများက ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကိုကိုဦးက''ဥပဒေကြမ်းကို ကျွန်တော်တို့ မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းတွေ ပြင်ဆင်ထားတာ အများကြီး မရှိပါဘူး။ လွဲနေတဲ့ အချက်တွေကို ပြင် တယ်။ စာလုံး ထပ်တိုးတာတွေရှိတယ်။ ပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ထပ်ဖြည့်သွားပါမယ်''ဟု ပြော သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ဧဒင် မသန်စွမ်း သက်ငယ်များ ပြုစုရာ ရိပ်မြုံ၊ မြန်မာနိုင်ငံမျက်မြင်အသင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ အစရှိသည့် မသန်စွမ်းဆိုင်ရာ အရေးဆောင်ရွက်သည့် အရပ်ဘက် အဖွဲ့အစည်း ၁၅ ဖွဲ့ဝန်းကျင်က ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။

Mizzima - News in Burmese 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဧဒင်ရိပ်မြုံမှ ဦးဆောင်ကာ မသန်စွမ်းသူများနှင့် မသန်စွမ်းကလေးငယ်များပါဝင်ကြသည့် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်ဖျော်ဖြေပွဲအား ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်တွင် ကျင်းပစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဧဒင်ရိပ်မြုံမှ ဦးဆောင်ကာ မသန်စွမ်းသူများနှင့် မသန်စွမ်း ကလေးငယ်များပါဝင်ကြသည့် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်ဖျော်ဖြေပွဲအား ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်တွင် ကျင်းပစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) 
မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများက မသန်စွမ်းဥပဒေကြမ်းပါ အချက်များ ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟု ရွှေမင်းသား ဖောင်ဒေးရှင်း ပြင်ပဆက်ဆံရေးမှူး ကိုဝဏ္ဏကျော်စွာက မဇ္ဈိမကို ပြောသည်။

လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတွင် နိုင်ငံကျော်တေးသံရှင်များ အခမဲ့ဖျော်ဖြေမည်

Photo: လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတွင် နိုင်ငံကျော်တေးသံရှင်များ အခမဲ့ဖျော်ဖြေမည်
Monday, January 26, 2015

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော် ကျိုင်းတုံမြို့၌ ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်၍ သုံးရက်ကြာ ကျင်းပမည့် တတိယအကြိမ်မြောက် လားဟူ တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူး ပွဲတော်တွင် ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင် အပါအဝင် နိုင်ငံကျော်တေးသံရှင်များဖြင့် အခမဲ့ဖျော်ဖြေမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီတို့ထံမှ သိရသည်။

ကျိုင်းတုံမြို့ ဟွေခါးကျေးရွာ လားဟူစာပေနှင့် ယဉ်ကျေးမှုရုံး၌ တတိယအကြိမ်မြောက် ကျင်းပမည့် ယင်းပွဲတော်ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းပွဲတော် ကာလအတွင်း လားဟူတိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေမည့်အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့၌ ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင် အပါအဝင် နောနော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ အိုက်ထွန်းနှင့် Baung စသည့် နိုင်ငံကျော်တေးသံရှင်များဖြင့် အခမဲ့ဖျော်ဖြေပေးမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

“လားဟူတိုင်းရင်းသားတွေ အနေနဲ့ နှစ်သစ်ကူးပွဲတော်ကို ၁၉၇၃ ခုနှစ်က စပြီး နှစ်စဉ် ကျင်းပခဲ့တယ်။ လားဟူတိုင်းရင်းသား မျိုးနွယ်စုတွေ စုပေါင်းပြီး နှစ်သစ်ကူးပွဲတော်ကို လုပ်ဖြစ်တာ သုံးနှစ်ပဲ ရှိပါသေးတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ လားဟူမျိုးနွယ်စုတွေပါ ဆင်နွှဲကြမှာပါ” ဟု လားဟူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်က ပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၌ အများဆုံး နေထိုင်သည့် လားဟူတိုင်းရင်းသား မျိုးနွယ်စုများ အနေနှင့် ယခင်နှစ်များက နှစ်သစ်ကူးပွဲတော်ကို ချယ်ရီပန်းများ ပွင့်ချိန်၌ ၎င်းတို့နေထိုင်ရာ ကျေးရွာများ၌သာ ကျင်းပခဲ့ပြီး ၁၉၇၃ ခုနှစ် နောက်ပိုင်းတွင် ပညာတတ် လားဟူ တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့် တပို့တွဲလဆန်း ၁ ရက်နေ့ကို လားဟူ တိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်ရက် အဖြစ် တရားဝင် သတ်မှတ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“လားဟူတိုင်းရင်းသား မျိုးနွယ်စုမှာ လားဟူ (အဝါ) နဲ့ လားဟူ (အနက်) ဆိုပြီး မျိုးနွယ်စုကြီးနှစ်ခု ရှိတယ်။ လားဟူ (အဝါ) မှာက မျိုးနွယ်စုလေးစု ရှိပြီး လားဟူ (အနက်) မှာက မျိုးနွယ်စု ၂၀ ရှိတယ်” ဟု ဦးရှာမွေလှရှဲန်က ဆက်လက်ရှင်းပြသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် ကျိုင်းတုံမြို့တွင် နှစ်စဉ်နှစ်တိုင်း တိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များကို ကျိုင်းတုံ မြို့မအားကစားကွင်းကြီး အတွင်း၌ ကျင်းပကြောင်း၊ ယင်းပွဲတော်များ၌ နိုင်ငံကျော်တေးသံရှင်များ တစ်ကြိမ်မျှ ဖျော်ဖြေပေးဖူးခြင်း မရှိကြောင်း ကျိုင်းတုံမြို့ခံများက ပြောဆိုသည်။

The Voice Weekly
ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော် ကျိုင်းတုံမြို့၌ ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်၍ သုံးရက်ကြာ ကျင်း ပမည့် တတိယအကြိမ်မြောက် လားဟူ တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူး ပွဲတော်တွင် ရုပ်ရှင် သရုပ်ဆောင် စိုးပြည့်သဇင် အပါအဝင် နိုင်ငံကျော်တေးသံရှင်များဖြင့် အခမဲ့ဖျော်ဖြေမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီတို့ထံမှ သိရသည်။

ချင်းမိုင်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် သေဆုံးသူ ဆရာမ နှစ်ဦးအတွက် ဆုတောင်းပွဲ ပြုလုပ်

Photo: ချင်းမိုင်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် သေဆုံးသူ ဆရာမ နှစ်ဦးအတွက် ဆုတောင်းပွဲ ပြုလုပ်
Monday, January 26, 2015

ရှမ်းပြည်မြောက်ပိုင်းတွင် သတ်ဖြတ်ခံရသည့် ကချင်ကျောင်းဆရာမ နှစ်ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲကို ကချင်တိုင်းရင်းသားများက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း (WCC) တွင် ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့သည်။

ထို ဘုရားကျောင်းတွင် ဝမ်းနည်းခြင်း ဆုတောင်းပွဲသို့ ကချင်အမျိုးသားများ စုစုပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့ကာ ကချင်ပြည်နယ်ရှိ ကချင်ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု WCC အသင်းတော် မှ ကော်မတီခေါင်းဆောင် ဦးဂျာဝါဇော်က ပြောသည်။

၎င်းက ''သူတို့နှစ်ဦးရဲ့ ဝိဥာဉ်ကို ဘုရားသခင်ထံ အပ်နှံပြီး ခွန်အားယူ ဆုတောင်းပွဲ လုပ်တာဖြစ်တယ်'' ဟု မဇ္စျိမကို ပြောသည်။

အသတ်ခံရမှုနှင့် ပတ်သက်၍ အစိုးရက တာဝန်ယူ၍ တရားမျှတစွာ အမှုမှန် ဖော်ထုတ်ပေးရန် တောင်းဆိုလိုက်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးနှင့် အမျိုးသမီးအဖွဲ့များ ပါဝင်သည့် စုံစမ်းစစ်ဆေးမှု ဖွဲ့ စည်း၍ စစ်ဆေးရန်လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT) တွဲဖက် တာဝန်ခံ မဆိုင်းဇင်က တိုက်တွန်း ပြောဆိုသည်။

အသက် ၂ဝ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာတို့နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ အစီအစဉ်ဖြင့် ကောင်းခါကျေးရွာ မှ ကလေးငယ်များကို ၂ဝ၁၄ နှစ်ဆန်းပိုင်းမှ စ၍ အခမဲ့ စေတနာ့ ဝန်ထမ်း လာရောက် ပညာသင်ကြားပေးနေသူများဖြစ်ပြီး ဘုရားကျောင်းဝင်း အတွင်းရှိနေထိုင်ရာ အိမ်ခန်း တွင် ဇန်နဝါရီ ၁၉ ရက်က သေဆုံးနေသည်ကို တွေ့ခဲ့သည်။ 

Mizzima - News in Burmese 

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်ခရိုင်၊ပန်ဆိုင်းမြို့ နယ် နမ့်တောင်ကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် သေဆုံးခဲ့သော ကချင်ကျောင်းဆရာမ နှစ်ဦးအား ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက် နံနက်ပိုင်းက မန္တလေးမြို့ အောင်ပင်လယ်ရှိ အောက်မြန်မာပြည် ကချင်နှစ်ခြင်း ဇုံနယ်ရုံးတွင် ပတ်ဝန်ကျင်ရှိထပ်တူထပ်မျှ ခံစားရသူများဆုတောင်းဂုဏ်ပြုပွဲကို ကျင်းပပြုလုပ်စဉ်။ (ဓတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်ခရိုင်၊ပန်ဆိုင်းမြို့ နယ် နမ့်တောင်ကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် သေဆုံးခဲ့သော ကချင်ကျောင်းဆရာမ နှစ်ဦးအား ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက် နံနက်ပိုင်းက မန္တလေး မြို့ အောင်ပင်လယ်ရှိ အောက်မြန်မာပြည် ကချင်နှစ်ခြင်း ဇုံနယ်ရုံးတွင် ပတ်ဝန်ကျင်ရှိထပ်တူထပ်မျှ ခံစားရသူများဆုတောင်းဂုဏ်ပြုပွဲကို ကျင်းပပြုလုပ်စဉ်။ (ဓတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ရှမ်းပြည်မြောက်ပိုင်းတွင် သတ်ဖြတ်ခံရသည့် ကချင်ကျောင်းဆရာမ နှစ်ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲကို ကချင်တိုင်းရင်းသားများက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း (WCC) တွင် ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့သည်။

ကျောင်းသားသပိတ် စစ်ကြောင်းများ ထပ်တိုးချဲ့ရန်နှင့် ရန်ကုန်တွင် သပိတ်စခန်းဖွင့်ရန် စီစဉ်

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်ပွဲများ နိုင်ငံလုံးအနှံ့ ထပ်မံပေါ်ပေါက်လာစေရန် အထက်မြန်မာပြည် သပိတ်စစ်ကြောင်းများအပြင် အောက်မြန်မာပြည် သပိတ်စစ်ကြောင်းများပါ ထပ်မံ တိုးချဲ့ရန် စီစဉ်နေပြီး ရန်ကုန်တွင် သပိတ်စခန်းဖွင့်မည် ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက The Voice သို့ ပြောကြားသည်။

ရေစကြိုတွင် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် ပြပွဲ၊ ပြိုင်ပွဲများ ၁၃ ရက်ကြာပြုလုပ်မည်

မကွေးတိုင်းဒေသကြီး ရေ စကြိုမြို့တွင် ဗိုလ်ချုပ်အောင် ဆန်းနှစ် (၁၀၀)ပြည့်အထိမ်းအ မှတ်ပြပွဲ၊ ပြိုင်ပွဲ များကို ဖေဖော် ဝါရီ ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်မည်ဟု သတင်းရ ရှိသည်။

သမိုင်းဝင် ကျောက်စာ ချုပ်များကို ဒစ်ဂျစ်တယ် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းတင်ထားမည်

ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ သုတေ သန ပညာရှင်များပူးပေါင်း၍ မြန်မာ နိုင်ငံရှိ သမိုင်းဝင်ကျောက်စာချပ် များကို မှတ်တမ်းတင်သုတေသန ပြုလုပ်ကာ ဒစ်ဂျစ်တယ်ဓာတ်ပုံ ရိုက်ကူးပြီး အွန်လိုင်းမှတစ်ဆင့် ကမ္ဘာအနှံ့သို့ တင်ပြသွားမည်ဟု ယဉ် ကျေးမှု ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

ဟင်္သာတထောင်ပြေး အချုပ်သားသုံးဦး ဖမ်းမမိသေး

ဟင်္သာတအကျဉ်း ထောင်မှထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားသုံးဦးကို ပြန်လည်ဖမ်းဆီး ရမိ ခြင်း မရှိသေး ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေး ဈေးကြီး တည်ဆောက် မည်

Photo: နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေး ဈေးကြီး တည်ဆောက် မည်
Monday, January 26, 2015

မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ် ရေးဈေးကြီးကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် တညင်းကုန်းတွင် မကြာမီအကောင်အထည်ဖော် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(MICA)နှင့် အကျိုးတူပူးပေါင်း ဆောက်လုပ်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများကို ဖိတ်ခေါ်နေပြီဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေးဈေး ကြီးကို ရန်ကုန်မြို့အင်းစိန်မြို့နယ် တညင်းကုန်းရှိစက်မှု (၁)ပိုင် အမှတ် ၄ဝ၄ (က)မြေဧရိယာ ၆၇ ဒသမ ၂၄၅ ဧကပေါ်တွင် အကောင်အထည် ဖော်တည်ဆောက်သွားမည်ဖြစ်သည်။

ဒီဇိုင်းပုံစံ အဆိုပြုရာတွင် ဆောက်လုပ်မည့် ကုမ္ပဏီအနေဖြင့် အခန်းတစ်ခန်း၏ အလျား၊ အနံ၊ အမြင့်နှင့် အဆိုပါ အဆောက်အအုံ များတွင် ပါဝင်ရမည့် လှေကား၊ အဝင်လမ်း၊ အထွက်လမ်းမှအစ အလင်းရောင်ရရှိမှုအပါ အဝင်လေဝင် လေထွက်ကောင်းမွန်သော အနေအထားကောင်းများ ဖြစ်စေရန် အထူးဂရုပြုရမည့် အစိတ်အပိုင်းများ ပါဝင်ရမည်ဖြစ်ကြောင်း အဆိုပြုလွှာ တွင် ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။

'' ကျွန်တော်တို့ အခုလို နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေးကြီးကို တည်ဆောက်ဖို့ လုပ်ဆောင်တာကတော့ ဒီမှာကအသားဖြန့်ဖြူးထုတ်လုပ်တဲ့ အခါ နိုင်ငံတကာအဆင့်မီထုပ်ပိုး လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် နိုင်ငံတကာ အဆင့်မီတင်ပို့ ရောင်းချနိုင်ရေးနဲ့ နိုင်ငံတစ်ဝန်း သားငါးထုတ်လုပ်ငန်းရှင်တွေ တစ်စုတစ်စည်းတည်း ရောင်းဝယ်ဖောက် ကားနိုင်အောင် အထူးသဖြင့် နောင်အနာ ဂတ်မှာ ပြည်တွင်း၊ ပြည်ပကြီးမား တဲ့ဈေး ကွက်ကြီးတစ်ခု ရရှိအောင်၊ အခုလို အကောင်အထည် ဖော်ရည်ရွယ် လုပ်ဆောင်တာဖြစ်ပါတယ်''ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် သုံးလေးနှစ်အတွင်း ပြည်တွင်းစားနပ်ရိက္ခာ၏ လိုအပ်ချက်အရ အသားထုတ်လုပ်မှု တိုးတက်လာသော်လည်းပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ပြည်တွင်းအသားထုတ်လုပ်မှုမှာ သိသိသာသာ လျော့နည်းခဲ့သည်။

အထူးသဖြင့် ပြည်တွင်းအသား ထုတ်လုပ်မှုမှာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် တွင် ၁၉၅၆ ဒသမ ၂၁ မက်ထရစ် တန်၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂ဝ၇၃ ဒသမ ၆၇ မက်ထရစ်တန်၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် မက်ထရစ်တန် ၂၂၇၄ ဒသမ ၉ဝ နှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၁၅၂၆ ဒသမ ၃၆ အထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ပြည်တွင်း လူတစ်ဦး၏ အသားစားသုံးမှုကို လေးနှစ်အတွင်း ပြန်လည်သုံးသပ် ကြည့်လျှင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၃၂ ဒသမ ၅ ကီလို ဂရမ်၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၃၄ ဒသမ ၁ ကီလိုဂရမ်၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၃၇ ကီလိုဂရမ်နှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် တွင် ၄ဝဒသမ ၂ ကီလိုဂရမ်အထိ မြင့်တက် ခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။

'' ဝန်ကြီးဌာနကဦးစီးပြီး တညင်းကုန်းမှာ မကြာမီအကောင်အထည် ဖော်တည်ဆောက်ပေးမယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးသားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေးကြီးဟာ နောင်ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်တွေ အတွက် များစွာအထောက်အကူပြုမှာပါ။ ဒီဈေးကြီးဟာ ပြည်တွင်းမွေးမြူ ရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာက ဈေးကွက်တွေဝင်လာရင် နိုင်ငံတကာလို အဆင့်မီမီရောင်းဝယ် ဖောက်ကားနိုင်ဖို့ကို အမှန်တကယ် အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ကျွန်တော် တို့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့အနေနဲ့ ဒီဈေးကြီးဖြစ် မြောက်ရေးအတွက် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံမွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးမြင့်သူ (ဒုတိယဥက္ကဋ္ဌ-၂)က ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံ၏ သားငါးကဏ္ဍအပါ အဝင် မွေးမြူရေးပိုင်းဆိုင်ရာ မြှင့်တင်ရေးကို အစ္စရေး၊ နယ်သာလန်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့်အခြားကမ္ဘာ့ မွေးမြူရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုက နိုင်ငံတော်နှင့်ပူးပေါင်း၍ နည်းပညာပိုင်း အပါအဝင် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် လာကြသည်ကို သိရှိရသည်။
''ခုလို နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်နိုင်တဲ့ ဈေးကြီးက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိသင့်တာကြာပါပြီ။ ကျွန်တော်တို့ဆီလောက် သားငါးသယံဇာတ ပေါကြွယ်ဝမှုမရှိသေးတဲ့နိုင်ငံတွေမှာတောင် ရှိနေတာကြာပါပြီ။ ခုဆိုရင် ကျွန်တော်တို့ဆီမှာ ရောင်းဝယ်ဖောက် ကားနေတဲ့ သားငါးထုတ်ကုန်ရောင်းဝယ်ရေးဟာ နိုင်ငံတကာနဲ့ကြည့် ရင်အဆင့်မမီသေးပါဘူး။ ခုလိုနိုင်ငံတော်က ကျွန်တော်တို့ သားငါးမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် နိုင်ငံတကာအဆင့်မီဈေးကြီး တည်ဆောက်ပေးမယ်ဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ အလွန်ဝမ်းသာပါတယ်'' ဟု မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဌေးအောင်က ပြောသည်။

မြ၀တီ
မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ် ရေးဈေးကြီးကို ရန်ကုန်မြို့ အင်းစိန်မြို့ နယ် တညင်းကုန်းတွင် မကြာမီအကောင်အထည်ဖော် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(MICA)နှင့် အကျိုးတူပူးပေါင်း ဆောက်လုပ်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများကို ဖိတ်ခေါ်နေပြီဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

တောဆင်ရိုင်းကောင်ရေ လျော့လာ၍ စီမံချက်ဖြင့် ကာကွယ်ထိန်းသိမ်းရန် စီစဉ်

တရားမ၀င်ဖမ်းဆီး သတ်ဖြတ်ခြင်းခံရခြင်း၊ စားကျက်မြေကျဉ်းမြောင်းလာခြင်းတို့ကြောင့် ဆင်ကောင်ရေ လျော့နည်းလာ သဖြင့် တောစီမံချက်ရေးဆွဲကာ  ဆင်ရိုင်းများကို ကာကွယ်ထိန်းသိမ်းသွားမည်ဟု သတင်း ရရှိသည်။

အက်စ်ဘီနှင့် စသုံးလုံးကို သမ္မတရုံးလက်အောက်ရွှေ့မည်

ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသော သတင်းတပ်ဖွဲ့(SB)နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)တို့ကို သမ္မတရုံးလက်အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့နာမည်နှင့် ယူနီဖောင်းများပါ ပြောင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယမြောက် မြ၀တီ−မဲဆောက်တံတား မကြာမီ တည်ဆောက်မည်

Photo: ဒုတိယမြောက် မြ၀တီ−မဲဆောက်တံတား မကြာမီ တည်ဆောက်မည်
Monday, January 26, 2015

မြ၀တီနှင့် မဲဆောက်သို့  ဆက်သွယ်မည့် ဒုတိယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံ တားတည်ဆောက်ခြင်းစီမံကိန်း ကို ထိုင်းဘက်ခြမ်းတွင် မကြာ မီ စတင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြ ထားသည်။

ထိုင်းနိုင်ငံက ဘတ်သန်း ၃,၉၀၀ ကျော် ကနဦးသုံးစွဲရန် ရည်ရွယ်ထားသည့် အဆိုပါတံတား သစ်ကို ဇန်န၀ါရီ ၂၄ ရက် တွင်ထိုင်းနိုင်ငံ လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက စီမံကိန်းလုပ် ဆောင်ရမည့်အခြေအနေကို လာ ရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။

‘‘သူတို့ဘက်ကတော့ စဖို့ တာစူနေပြီ။ ဒီဘက်မှာကတော့ တံတားဆောက်ဖို့ ယန္တရားတွေ ပို့ဖို့စီစဉ်တာတွေရှိပါတယ်။ ကုန်ကျ စရိတ်တော့ အသေးစိတ်တွက် ချက်နေတုန်းပဲ’’ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးတစ်ဦးက ဇန်န၀ါရီ ၂၅ ရက် တွင်ပြောသည်။

အဆိုပါတံတားကို တစ်နှစ် အတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ်ထားပြီး အသစ်တည် ဆောက်မည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားမှာ လက်ရှိ တံတားထက်ပိုမိုကြီးမားနိုင်ပြီး တံတားသစ်မှာ လက်ရှိတံတား၏ မြောက်ဘက် သုံးကီလိုမီတာ အကွာ ထိုင်းဘက်ခြမ်းဝမ်တခင်း  ရမ်းရပ်ကွက် (၇) နေရာတွင်ဖြစ် ပြီး မြန်မာဘက်ခြမ်း၌မူ မြ၀တီအမှတ် (၅) ရပ်ကွက်တွင် တည်ရှိမည်ဖြစ်သည်။

‘‘ဟိုဘက်ကမ်း(မဲဆောက်) ဘက်မှာတော့ စက်ယန္တရားတွေ ရောက်နေပြီ။ ဒီဘက်ခြမ်းမှာ တော့ မြေကိုလာတိုင်းတာ လောက်ပဲ တွေ့သေးတယ်’’ ဟု မြ၀တီမြို့ခံနယ်ခြားစောင့်တပ်မှ ဗိုလ်မှူးစောလင်းအောင်ကပြော သည်။ ယခုတည်ဆောက်မည့် တံ တားသစ်သည် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်အထူးစီးပွားရေးဇုန်နှင့် နီးစပ်မှုရှိပြီး အဆိုပါ စီမံကိန်း အတွက် အထောက်အကူပြုရန် တံတားသစ်ကို ထိုင်းအစိုးရက မျှော်လင့်ထားသည်။

လက်ရှိ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားမှာ သက် တမ်းအားဖြင့် ၁၆ နှစ်ကျော်နေ ပြီဖြစ်ပြီး ထိုင်း-မြန်မာ ကုန်သွယ် ရေးလမ်းကြောင်းအတွက် အဓိကအသုံးပြုနေသည့် ပင်မလမ်းမကြီး တစ်ခုဖြစ်သည်။

7Day DAILY 

လက်ရှိဖွင့်လှစ်ထားသော မြ၀တီ−မဲဆောက် တံတားကို တွေ့ရစဉ် (ဓာတ်ပုံ− အီးပီအေ)
လက်ရှိဖွင့်လှစ်ထားသော မြ၀တီ−မဲဆောက် တံတားကို တွေ့ရစဉ် (ဓာတ်ပုံ− အီးပီအေ) 
မြ၀တီနှင့် မဲဆောက်သို့  ဆက်သွယ်မည့် ဒုတိယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံတား တည် ဆောက်ခြင်းစီမံကိန်းကို ထိုင်းဘက်ခြမ်းတွင် မကြာမီ စတင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက် ပို့စ် သတင်းစာက ရေးသားဖော်ပြ ထားသည်။

ထီဈေးပိုတင်ရောင်းလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထား

ထီလက်မှတ်ကို သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းပါက အနည်းဆုံး ထောင်ဒဏ် ခြောက် လမှ တစ်နှစ်အပြင် ငွေဒဏ်ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်ရန် အစိုးရအောင်ဘာလေထီဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ ထားကြောင်း သတင်းရရှိသည်။

လှည်းကူး အမှတ်(၇)လမ်းမဘေး ကျူးကျော်အိမ်များ ဇန်န၀ါရီ ၂၇ ရက် နောက်ဆုံးထား၍ဖယ်ရန် ထပ်မံညွှန်ကြား

လှည်းကူးမြို့နယ် အမှတ်(၇)လမ်းမဘေးရှိ ကျူးကျော်အိမ်ခြေ ၄၀၀ ကျော်ကို ဇန်န၀ါရီ ၂၇ ရက် နောက်ဆုံး ထား ဖယ်ရှားရန် ညွှန်ကြားထားသဖြင့် နေထိုင်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

ဖရဲ၊ သခွားမွှေး သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပထမဆုံးအကြိမ် ကျင်းပ

Photo: ဖရဲ၊ သခွားမွှေး သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပထမဆုံးအကြိမ် ကျင်းပ
Monday, January 26, 2015

ဖရဲ၊ သခွားမွှေးသစ်သီး ဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်ကချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ သုံးထပ်ဘုန်းတော်ကြီး ကျောင်းတွင် ပထမအကြိမ်ကျင်းပခဲေ့ကြာင်း သတင်းရရှိသည်။

‘‘စိုက်ပျိုးရေးတောင်သူတွေ အနေနဲ့ စိုက်ပျိုးရေးနည်းပညာ တွေချိတ်ဆက်ဆောင်ရွက်နိုင် အောင် အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်သီးနှံတွေ ပေါ်ထွက်လာ ပြီး ပြည်ပဈေးကွက်ဝင် သီးနှံ ထုတ်လုပ်ရောင်းချနိုင်ရေး၊ ခိုင် မာတဲ့ဈေးကွက်စီးပွားရေးရရှိနိုင် ရေးအတွက် ရည်ရွယ်ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဖရဲ၊ သခွားမွှေးဈေးကွက် ကတော့ ၂ နှစ်၊ သုံးနှစ်တစ်ကြိမ် လောက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ ဒီနှစ်လည်း အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အတွက် သစ်သီးဝလံတွေကို အရည်အသွေးမြင့် စားသောက် ကုန်၊ လူသုံးကုန်တွေအဖြစ် ထုတ် လုပ်ရောင်းချနိုင်မယ့် ကုန်စည် တွေ ထုတ်လုပ်နိုင်မယ်ဆိုရင် တောင်သူတွေအတွက် အထောက် အကူပြုနိုင်မှာဖြစ်ပါတယ်။ နယ် စပ်ဈေးကွက်မှာ နှစ်ဖက်ကုန် သည်တွေရဲ့ ဈေးကစားမှုက ပွင့် လင်း မြင်သာမှုမရှိတဲ့အတွက် တောင်သူတွေ ဆုံးရှုံးမှုတွေဖြစ် ပေါ်နေတယ်လို့မြင်ပါတယ်’’ဟု မင်းခေါင်ကျေးရွာခံ ဖရဲ၊ သခွား မွှေးစိုက်တောင်သူဦးစိုးလွင်က ပြောသည်။

တရုတ်နိုင်ငံတစ်ခုတည်း အပေါ် တင်ပို့ရောင်းချရန် အား ထားနေရခြင်းက ဖရဲ၊ သခွားစိုက် ပျိုးထုတ်လုပ်သူများအတွက် အားနည်းချက်ဖြစ်နေကြောင်း မုံရွာစီးပွားရေးတက္ကသိုလ်မှ ပညာ ရှင်တစ်ဦးက သုံးသပ်ဆွေးနွေးခဲ့ သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်နှစ်လျှင် ပျမ်းမျှဖရဲစိုက်ဧက ၁၄,၁၁၄ ဧက၊ သခွားမွှေးစိုက် ဧက ၇,၀၀၉ ဧက စိုက်ပျိုး ထုတ် လုပ်လျက်ရှိသည်။

7Day DAILY 

စိုက်ပျိုးဖြစ်ထွန်းထားသော သခွားမွှေးများကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
စိုက်ပျိုးဖြစ်ထွန်းထားသော သခွားမွှေးများကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး) 
ဖရဲ၊ သခွားမွှေးသစ်သီး ဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်ကချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ သုံးထပ်ဘုန်းတော်ကြီး ကျောင်းတွင် ပထမအကြိမ်ကျင်းပ ခဲေ့ကြာင်း သတင်းရရှိသည်။

ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် အငှားယာဉ်တစ်စီး မြောင်းအတွင်းထိုးကျ၊ ယာဉ်မောင်းသေဆုံး

Photo: ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် အငှားယာဉ်တစ်စီး မြောင်းအတွင်းထိုးကျ၊ ယာဉ်မောင်းသေဆုံး
Monday, January 26, 2015

မြောင်းအတွင်းသို့ ထိုးကျသွားသောအငှားယာဉ် (ဓာတ်ပုံ - yangon police)
ရန်ကုန်-ပုသိမ်လမ်း တွင် အငှားယာဉ်တစ်စီးအရှိန် လွန်ကာ လမ်းဘေးမြောင်း အ တွင်းသို့ ထိုးကျပြီးယာဉ်မောင်း သေဆုံးသွားကြောင်းသတင်းရရှိ သည်။

ဇန်န၀ါရီ ၂၄ရက် ညနေ ၅ နာရီခန့်က ညောင်တုန်းမှ ထန်း တပင်ဘက်သို့ မောင်းနှင်လာ သည့် ကယ်ဒီးနားဗင်အမျိုးအစား အငှားယာဉ်တစ်စီးသည် ရန်ကုန် -ပုသိမ်လမ်းပေါ် မိုင်တိုင်အမှတ် ၁၇ ပန်တိုင်တံတားအနီး၌ အ ရှိန်လွန်ကာ လမ်းဘေးမြောင်းအ တွင်း ထိုးကျသွားခဲ့သည်။

လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့သည့် အဆိုပါယာဉ်ပေါ်ပါလာသူတစ်ဦးနှင့် ယာဉ်မောင်းအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယာဉ်မောင်းမှာ ရရှိထားသောဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နှစ်ယောက်စလုံးဆေးရုံ ရောက်အောင်ပို့ပေးတယ်။ ယာဉ် မောင်းကတော့ ဆေးရုံရောက်ပြီး မကြာခင်သေသွားတယ်။ ပါလာ တဲ့ ကောင်လေးကတော့ ဒဏ်ရာ ရပေမယ့် မစိုးရိမ်ရဘူး။ ပြင်ပလူ နာအနေနဲ့ ကုသနေပါတယ်’’ဟု တာဝန်ရှိသူကပြောသည်။

သေဆုံးသွားသော ယာဉ် မောင်းသည် အသက်(၄၃)နှစ်အ ရွယ်ရှိပြီး ဒဂုံမြို့သစ်တောင်ပိုင်း တွင် နေထိုင်သူဖြစ်ကြောင်းနှင့် ယာဉ်မောင်းကို တက်သစ်နယ်မြေရဲစခန်းက ပြစ်မှု ပုဒ်မ၃၀၄(က)/၃၇၇/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။

7Day DAILY
မြောင်းအတွင်းသို့ ထိုးကျသွားသောအငှားယာဉ် (ဓာတ်ပုံ - yangon police)
ရန်ကုန်-ပုသိမ်လမ်းတွင် အငှားယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးမြောင်း အတွင်းသို့ ထိုးကျပြီး ယာဉ် မောင်း သေဆုံးသွားကြောင်းသတင်းရရှိ သည်။

ငြိမ်းအေးမှုဖြင့် မကြုံခဲ့ရသော ပန်းနှစ်ပွင့်

Photo: ငြိမ်းအေးမှုဖြင့် မကြုံခဲ့ရသော ပန်းနှစ်ပွင့်
Monday, January 26, 2015

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် နှစ်လအကြာတွင် တစ်ကျော့ပြန် ဖြစ်ပွားသော ကချင်စစ်ပွဲများကြောင့်

တာလောကြီးကျေးရွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူများထဲတွင် အသက် (၁၇) နှစ်အရွယ် မခေါန်နန်စင်တစ်ယောက်လည်း ပါဝင်သည်။

ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းတွင် စစ်ဘေးတိမ်းရှောင်ရင်း သူမ စိတ်ဓာတ် မကျဘဲ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၏ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအဖြစ် လုပ်အားပေးခဲ့သည်။

စာဖတ်ခြင်းတွင် ပျော်မွေ့ ပြီး အေးအေးဆေးဆေးနေတတ် ကာ မိဘများ စောစောစီးစီးကွယ် လွန်သွား၍ မိဘမဲ့တစ်ဦးအဖြစ် ဆွေမျိုးများ စောင့်ရှောက် မှုကြား ကြီးပြင်းလာသော မရန်လုရာမှာ ပရဟိတအလုပ်တွင် ၀ါသနာပါ သူ ဖြစ်သည်။ ၀ိုင်းမော်မြို့ ဇာတိ ဖြစ်ပြီး အသက် (၂၀) အရွယ်သာ ရှိသေးသော မရန်လုရာ၏ ဘ၀ ရည်မှန်းချက်က အေးချမ်းလှ သော ဓမ္မဆရာမတစ်ဦး ဖြစ်ရန် ဖြစ်ပါသည်။

သို့သော် ကံတရားက ရက် စက်စွာ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏ စေတနာ့ဝန်ထမ်း နှစ်ဦးဖြစ်သော မခေါန်နန်စင်နှင့် မရန်လုရာတို့ကို အဖြစ်ဆိုးဖြင့် ဘ၀ကိုနိဂုံးချုပ်စေခဲ့သည်။ လူသူ အရောက်အပေါက်နည်းသော ဒေသတွင် ကလေးငယ်များ စာ တတ်မြောက်စေရန် လုပ်အားပေး နေသော အသက် (၂၀) ကျော် အရွယ်စီသာရှိသေးသည့် သူမတို့ နှစ်ယောက်မှာ ရှမ်းပြည်မြောက် ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ ကောင်းခါးကျေးရွာ ဘုရား ကျောင်းဝင်းအတွင်းရှိ နေအိမ် တွင် ဇန်န၀ါရီ ၁၉ ရက် ညက အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ ရပါသည်။

သူမတို့နှစ်ဦးစလုံးမှာ လူချစ်လူ ခင်ပေါများပြီး အသက်ငယ်သော် လည်း ပရဟိတ လုပ်ငန်းများကို စိတ်အားထက်သန်စွာ ဆောင် ရွက်နေသူများဖြစ် သည်။
 
အစိုးရမူလတန်းကျောင်း ပင် မရှိသည်အထိ ပညာရေးချို့တဲ့ လှသည့် ရွာလေးတစ်ရွာသို့ စေ တနာ့ဝန်ထမ်းဆရာမအဖြစ် က လေးများကို စာသင်ကြားပေးရန် လွန်ခဲ့သည့် ကိုးလခန့်က သူတို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် မေလမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရွာ လေးတစ်ရွာသို့ စေတနာ့ဝန်ထမ်း ဆရာမအဖြစ် တာဝန်ထမ်း ဆောင်ရန် သူတို့ရောက်ရှိလာခဲ့ ကြသည်။ ယင်းနောက် ရှစ်လခန့် အကြာတွင် မျှော်လင့်မထားသည့် ကံကြမ္မာဆိုးနှင့် သူတို့ကြုံတွေ့ခဲ့ ရသည်။

သေဆုံးခဲ့သူနှစ်ဦးအနက် မခေါန်နန်စင်သည်အသက်(၂၁) ရှိပြီဖြစ်ပြီး ၀ိုင်းမော်မြို့နယ်တာ လောကြီးကျေးရွာ ဇာတိဖြစ် သည်။ သူမတို့ မိသားစုသည် အ စိုးရတပ်နှင့် ကေအိုင်အေအကြား တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ ရပြီး လက်ရှိအချိန်တွင် မြစ်ကြီး နားမြို့ ဂျန်မိုင်ကောင်းနှစ်ခြင်းအ သင်းတော်စစ်ဘေးဒုက္ခသည်စ ခန်း၌ ခိုလှုံနေကြသည်။

မခေါန်နန်စင်သည် မောင်နှ မခြောက်ယောက်တွင် အကြီးဆုံး ဖြစ်ပြီး ဖခင်မှာ သူမငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ အကြီးဆုံးဖြစ်၍ မခေါန်နန်စင်သည် မိခင်မုဆိုးမအပေါ် အစစအရာရာကူညီပံ့ပိုးပေးနေသူဖြစ်ပြီး လူမှုဆက်ဆံရေး ပြေပြစ်သူတစ်ဦးလည်းဖြစ်သည်။

‘‘သူ့အတွက်ကြောင့် အိမ်မှာ စိတ်ဒုက္ခရောက်ရတယ်လို့ မရှိ ဘူး။ ကျွန်မကိုလည်းအမြဲစိတ် ချမ်းသာမှုပေးတဲ့သမီးပါ’’ဟု မ ခေါန်နန်စင်၏ မိခင်ဒေါ်လုဘူက အခန်းနံရံတွင် ချိတ်ဆွဲထားသည့် သမီးဖြစ်သူဓာတ်ပုံကိုကြည့်ရင်း ငိုရှိုက်ကာပြောသည်။

မြစ်ကြီးနားမြို့ စီတာပူအမ က၊ ကျောင်းတာလောကြီးအထက (၂၊ စသည့်ကျောင်းများတွင် အဋ္ဌမတန်း အောင်မြင်ခဲ့သည်အထိပညာဆည်းပူးခဲ့ပြီးနောက် မခေါန်နန်စင်မိသားစုစားဝတ်နေရေးအခက်အခဲအတွက် ပညာရေးခေတ္တရပ်နားခဲ့ရသည်။

‘‘ဒါပေမဲ့ စိတ်ညစ်နေတာ။အိမ်ကိုဒုက္ခပေးတာမရှိဘူး။ သူ့အ ရည်အချင်းနဲ့ တာလောကြီးနှစ် ခြင်း အသင်းတော် Sunday Schoolမှာ စေတနာ့ဝန်ထမ်းဆရာ မအဖြစ် တစ်နှစ်လောက်ဝင်လုပ်ခဲ့တာ’’ဟု ဒေါ်လုဘူကဆိုသည်။

အစိုးရတပ်နှင့်ကေအိုင်အေ တို့ တစ်ကျော့ပြန်တိုက်ပွဲများပြင်း ထန်ခဲ့သည့် ၂၀၁၁ ဇူလိုင်လမှာတော့ သူမတို့မိသားစုမှာ မြစ် ကြီးနားမြို့ ဂျန်မိုင်ကောင်းနှစ် ခြင်းအသင်းတော်စစ်ဘေးဒုက္ခ သည်စခန်းသို့ တိမ်းရှောင်ခဲ့ကြရ ပြန်သည်။ ထို့နောက် ဂျန်မိုင် ကောင်းနှစ်ခြင်းအသင်းတော်က လေးသူငယ်ဖွံ့ဖြိုးရေးကျောင်း တွင် မခေါန်နန်စင်တစ်ယောက် စေတနာ့ဝန်ထမ်းဆရာမအဖြစ် တစ်နှစ်ဆောင်ရွက်ခဲ့သည်။

အသက်ငယ်ရွယ်စဉ်ကပင် လောကဓံမျိုးစုံ ရင်ဆိုင်ခဲ့ရသော် လည်း မခေါန်နန်စင်မှာ ယင်းအ ခြေအနေများကြောင့်အထီးကျန် နေသူတစ်ယောက်တော့မဟုတ်ခဲ့ ပါ။ စိတ်ထားဖြူစင်ပြီး လူမှုဆက် ဆံရေးကောင်းမွန်သောကြောင့် မခေါန်နန်စင်ကို ချစ်ခင်သည့်မိတ် ဆွေအပေါင်းအသင်းအလွန်များ ပြားသည်။ သူမမှာ အ ချက်အပြုတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဟင်းချက်အလွန်တော်သည်ဟုလည်း သူငယ်ချင်းဖြစ်သူ မလွမ်းလမ်ကပြောသည်။

‘‘သူက ငရုတ်သီးထောင်း တာအရမ်းတော်တယ်။အရမ်း လည်းဖော်ရွေတယ်’’ဟု မလွမ်း လမ်ကပြောသည်။

၂၀၁၂တွင် န၀မတန်းကို မြစ်ကြီးနားမြို့ အထက(၅)တွင် မခေါန်နန်စင်ပြန်လည်တက် ရောက်ခွင့်ရပြီးနောက် တက္ကသိုလ် ၀င်တန်း ဆက်လက်ဖြေဆိုခဲ့ သည်။

တက္ကသိုလ်ဝင်တန်းဖြေဆို ပြီး ၂၀၁၄တွင် မခေါန်နန်စင်မှာ ကချင်နှစ်ခြင်း အသင်းတော်(KBC)မှ ခေါ်ယူသည့် ဝေးလံခေါင်ဖျားဒေသများတွင် ပညာ သင်ကြားပေးရန် စေတနာ့ဝန် ထမ်းဆရာမတာဝန်ဆောင်ရွက် ရန် စိတ်တူကိုယ်တူသူငယ်ချင်း များနှင့်အတူ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

‘‘သူက ဆရာမလုပ်တာ အ ရမ်းဝါသနာပါတယ်လေ။သူ့ဟာ သူစိတ်ဝင်စားလို့ သွားလျှောက် တာ’’ဟု မိခင်ဖြစ်သူကဆိုသည်။

KBCတွင် သင်တန်းတစ်လ တက်ရောက်ခဲ့ပြီး ၂၀၁၄ခုနှစ် မေ လ ၂၅ရက်တွင် မခေါန်နန်စင် ဆရာမတာဝန်ထမ်းဆောင်ရန် ကောင်းခါးကျေးရွာသို့ ထွက်ခွာသွားခဲ့သည်။

‘‘ကောင်းခါး သွားခါနီး နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်မှာ သူလက်ယမ်းပြပြီးနှုတ်ဆက်သွား တာတောင်အရမ်းခံစားခဲ့ရတယ်။ သူက ခင်ဖို့အရမ်းကောင်းတာ ။အခုတော့ သူမရှိတော့ဘူး။ မပြော ပြနိုင်အောင်ခံစားရတယ်။ အရမ်း လည်းသတိရတယ်’’ဟု မလွမ်း လမ်က မျက်ရည်များကို သုတ်ရင်း ပြောသည်။

ကောင်းခါးကျေးရွာရောက် ကတည်းက ကလေးများကို စာ သင်ရင်း ပျော်မွေ့နေသော သမီး နှင့် တစ်လတစ်ကြိမ်ဖုန်းအဆက်အသွယ်ရခဲ့ကြောင်းလည်း မိခင်ကဆိုသည်။

‘‘ဒီဇင်ဘာနောက်ဆုံးဖုန်း တွေ့တာ။ အဲဒီတုန်းက မောင် လေးအငယ်ဆုံးနဲ့ပြောတယ်။ သူ ပြန်လာရင် စာအုပ်တွေ၊ မုန့်တွေ လက်ဆောင်ယူခဲ့ပေးမယ်တဲ့’’ဟု ဒေါ်လုဘူက ဆို့နင့်စွာပြောပြ သည်။

ယခုအချိန်မှာတော့ မခေါန် နန်စင်မှာ သူချစ်သော မောင် လေးအတွက် အိမ်အပြန်လက် ဆောင်မ၀ယ်ပေးနိုင်တော့ဘဲ မိ သားစုနှင့် အဝေးဆုံးသို့ထွက်ခွာ သွားပြီဖြစ်သည်။

ဝိုင်းမော်မြို့ရပ်ကွက် (၁) တွင်နေထိုင်သည့် မရန်လုရာ သည် ပေါင်မပြည့်ဘဲ မွေးဖွားလာ သည့်အတွက် မိသားစုနှင့် သူငယ် ချင်းများက ချစ်စနိုးဖြင့် ‘‘အကီး’’ ဟုခေါ်ဝေါ်ကြသည်။ ကချင်ဘာ သာဖြင့်သေးငယ်ပိန်ပါးသူဟု ဆို လိုခြင်းဖြစ်သည်။

မရန်လုရာသည် စာဖတ် အလွန်ဝါသနာပါပြီး အေးအေး ဆေးဆေးနေတတ်သဖြင့် စကား အလွန်များသူကို မနှစ်သက်ပေ။ သူမ၏ မိဘများမှာ ငယ်စဉ်က တည်းပင် ဆုံးပါးသွားခဲ့မှုကြောင့် မိဘမဲ့ဖြစ်ခဲ့ရသူတစ်ဦးလည်းဖြစ် သည်။ မောင်နှမလေးယောက် တွင် တတိယမြောက်ဖြစ်ပြီး အဘွား၊ အဒေါ်၊ အစ်မများ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့ ခြင်းဖြစ်သည်။

ဝိုင်းမော် အထက (၂) တွင် ပညာသင်ကြားခဲ့သော မရန်လုရာမှာ လိမ္မာယဉ်ကျေးပြီး မိသားစု အပေါ် သိတတ်သူတစ်ဦးဖြစ် ကြောင်း ဆွေမျိုးသားချင်းများက ဆိုသည်။

‘‘စိတ်ဆိုးတယ်ဆိုတာလည်း မရှိဘူး။ ခိုင်းတာမလုပ်တာလည်း မရှိဘူး။ ဘာနာမည်ပျက်မှလည်း မရှိဘူး’’ဟု မရန်လုရာ၏ အဒေါ် ဖြစ်သူ ဒေါ်ဒေါင်ညွယ်က ပြန် ပြောင်းပြောပြသည်။

၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးနောက် မရန်လု ရာတစ်ယောက် အဘွားနှင့် အစ်မဖြစ်သူတို့ တိုက်တွန်းချက်အပြင် သူဝါသနာပါသည့် ဘာသာရေး ဆရာမအလုပ်အတွက် အတွေ့ အကြုံရရှိစေရန်ရည်ရွယ်ချက်ဖြင့် KBC စေတနာ့ဝန်ထမ်းဆရာမ အဖြစ်လုပ်အားပေးသည့် ဆွမ်ပ ရာဘွပ်မြို့နယ် ဝေးလံခေါင်ဖျား ဒေသတွင် တစ်နှစ်ကြာ စေတနာ့ ၀န်ထမ်းဆရာမအဖြစ် ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

‘‘အခုကောင်းခါးမှာ သူ့အ တွက် ဒုတိယစာသင်နှစ်ပေါ့’’ဟု အဒေါ်ဖြစ်သူကဆိုသည်။

မရန်လုရာသည် တက္ကသိုလ် ၀င်တန်းအောင်မြင်ခြင်းမရှိသေး သည့်အတွက် ကောင်းခါးကျေးရွာ တစ်နှစ်တာဝန်ထမ်းဆောင်ပြီးပါ က စာမေးပွဲပြန်ဖြေပြီး သူ၏ မူလ ရည်မှန်းချက်ကို အကောင်အ ထည်ဖော်ရန် ရည်ရွယ်ထားခဲ့ သည်။

‘‘ဒီနှစ်ပြီးရင် ဆယ်တန်းပြန် ဖြေမယ်၊ ကျမ်းစာသင်ကျောင်း တက်မယ်လို့ သူပြောထားတာ။ အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ သူ့ကိုသတိရနေကြတာ’’ဟု သူငယ်ချင်းဖြစ်သူ မလွမ်းညွမ်က ဆို့နင့်စွာ ပြောပြသည်။

သို့ရာတွင် သူမအရမ်းတက် ချင်သည့် ကျမ်းစာသင်ကျောင်း ကို မရန်လုရာတစ်ယောက်တက် ရောက်နိုင်ခြင်းမရှိတော့ပါ။

မခေါန်နန်စင်ကဲ့သို့ပင် သူမ သည်လည်း ဖြစ်ရပ်ဆိုးနှင့် ကြုံ တွေ့ခဲ့ရပြီး အားလုံးနှင့် ဝေးရာသို့ ထွက်ခွာသွားခဲ့ပါပြီ။

ကောင်းခါးကျေးရွာတွင် ရက်ရက်စက်စက်အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန် ထမ်းဆရာမ နှစ်ဦး၏ ရုပ်အ လောင်းကို မြစ်ကြီးနားမြို့ ဂျော် ဘွမ်ခရစ်ယာန်သင်္ချိုင်း၌ ဇန်န၀ါရီ ၂၃ ရက်က သင်္ဂြိုဟ်ခဲ့ရာ ထောင် နှင့်ချီသည့် ပြည်သူများလိုက်ပါပို့ ဆောင်၍ ဆုတောင်းပေးခဲ့ကြ သည်။

ထိတ်လန့်တုန်လှုပ်ခဲ့ရသော အဖြစ်ဆိုးကြီး အမှုမှန်ပေါ် ပေါက် စေရန်၊ ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အ ရေးယူဆောင်ရွက်ရန် မိသားစု များအပါအ၀င် ပြည်သူများက စောင့်ကြည့်နေကြပါသည်။

‘‘လက်ခံနိုင်တဲ့၊ မှန်ကန်တဲ့ အဖြေထွက်မလာရင် တစ်သက် လုံးစိတ်ကျေနပ်မှာ မဟုတ်ဘူး’’ ဟု မရန်လုရာ၏ အဒေါ်က နံရံသို့ စိုက်ကြည့်ရင်း ၀မ်းနည်းသံတစ် ၀က်၊ ဒေါသသံတစ်ဝက်ဖြင့် လေ သံပြတ်ပြတ်ပြောသည်။

7Day DAILY
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် နှစ်လအကြာတွင် တစ်ကျော့ပြန် ဖြစ်ပွားသော ကချင် စစ်ပွဲများကြောင့် တာလောကြီးကျေးရွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူများထဲတွင် အသက် (၁၇) နှစ် အရွယ် မခေါန်နန်စင်တစ်ယောက်လည်း ပါဝင်သည်။

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်

Photo: သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်
Monday, January 26, 2015

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇန်န၀ါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ရွှေဒင်္ဂါးပြားနဲ့ ရွှေချောင်းတွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချခြင်း တင်သွင်းဝယ်ယူခြင်း စတာတွေကို သတ္တုတွင်းဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ရောင်းဝယ်ခြင်း လုပ်ငန်းတွေကို ဆက်သွယ်လေ့လာထားဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် ရွှေအရည်အသွေးကို ၉၉ ဒသမ ၉၉ ထုတ်လုပ်ခြင်း၊ ကျပ်၊ ပဲ၊ ရွေး စနစ်မှ ဂရမ်၊ အောင်စ စနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းနှင့် စတော့ရှယ်ယာဈေးကွက် စနစ်ကို ကျင့်သုံးခြင်း စသည်တို့မှာ မလွဲမသွေ ဖြစ်လာမယ့် အခြေအနေကောင်းများ ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် အခြေအနေနှင့် အညီ နိုင်ငံတကာနှင့် အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာ့ရွှေအား ဈေးကွက်အတွင်း တရားဝင်ရောင်းဝယ်မှု ပြုလုပ်လျက် ရှိသော်လည်း ထုတ်လုပ်ခြင်းနှင့် ရောင်းချမှု အပိုင်းတွင် မှောင်ခိုထွက်ရှိမှု ရှိနေပြီး အဓိကအားဖြင့် မြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းထုတ် ရွှေထည်နှင့် လက်ဝတ်ရတနာများ ပြည်ပသို့ တင်ပို့ရာတွင် ဖြစ်ပေါ်လာမည့် ဈေးကွက်အခြေအနေအား မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်း(ဦးထုံရွှေဆိုင်)က “ပြည်ပကို တရားဝင် ရွှေတင်ပို့ခွင့် ပြုမယ်ဆိုရင် ပြည်တွင်းက ရွှေလက်ဝတ်ရတနာလုပ်တဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ တိုးတက်လာမှာပါ။ ပြီးတော့ တရားဝင်တင်ပို့ရမှာ ဖြစ်တဲ့အတွက် နယ်စပ်ကနေ ထွက်နေတဲ့ တရားမ၀င် ကုန်သွယ်မှုတွေ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်လာမှာပေါ့။ အခုက တရားဝင် တင်ပို့ချင်ရင်တောင် ခွင့်ပြုချက် မရှိတော့ တရားဝင်လုပ်လို့ မရတဲ့ အနေအထား ဖြစ်နေတယ်။ အသင်းက တင်ပြချက်အချို့ ပါဝင်တဲ့ သတ္တုဥပဒေ ပြင်ဆင်ချက်တွေကိုလည်း အတည်ပြု ပြဋ္ဌာန်းတာမျိုးတွေ မလုပ်ရသေးတော့ နောက်ပိုင်းဥပဒေကိစ္စတွေ ပြီးရင်တော့ ပြည်ပကို တင်ပို့မယ့် ကိစ္စတွေ ဖြစ်လာမှာပါ။ တင်ပို့ဖြစ်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းကို တရားဝင်တင်ပို့မယ် ဆိုရင်ပဲ ဈေးကွက်ရပစ္စည်း ဖြစ်လာမှာပါ” ဟု ပြောပြသည်။

လက်ရှိ ရွှေအရောင်းအ၀ယ်ဈေးကွက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ဇန်န၀ါရီ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၉၇၀၀၀ ၀န်းကျင်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၆၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။   

Eleven Media Group 

ရွှေလုပ်ကွက်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း (မကွေး))
ရွှေလုပ်ကွက်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း (မကွေး)) 
သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇန်န၀ါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။

ပြည်သူပိုင် မြေနေရာကို ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရန် တင်ပြမှုအပေါ် ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်နေ၍ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က မေးမြန်းသည့် အမတ်ကို မေတ္တာရပ်ခံ

ပြည်သူပိုင် မြေနေရာနှင့် အဆောက်အအုံများကို ပြည်သူ့အကျိုးအတွက် လုပ်ဆောင်မှု မရှိခြင်းအပေါ် ပြည်သူ့လွှတ်တော်သို့ မေးခွန်းထုတ် တင်ပြရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တိုက်ရိုက်ပတ်သက်နေသော အဆိုပါ မေးခွန်းအတွက် လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားရန် အခက်တွေ့နေပြီး မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ကို မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေကို တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးရန် ၀န်ကြီးဌာနသို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တင်ပြမည်

Photo: အနည်းဆုံး အခကြေးငွေကို တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးရန် ၀န်ကြီးဌာနသို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တင်ပြမည်
Monday, January 26, 2015

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က အနည်းဆုံး အခကြေးငွေကို တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

CTUM အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းဇော်က “ကျွန်တော်တို့ ဇန်န၀ါ ရီ ၂၈ ရက် နောက်ဆုံးထားပြီးတော့ ကျွန်တော်တို့ ဆွေးနွေးလို့ရရှိတဲ့ အချက်တွေကို ၀န်ကြီးဌာနကို တင်ပြသွားပါမယ်။ တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီဈေးနှုန်း သတ်မှတ်ပေးဖို့ရယ်။ တစ်နိုင်ငံလုံး တစ်ပြေးညီဈေးနှုန်း သတ်မှတ်တဲ့နေရာမှာ ၀န်ကြီးဌာနရဲ့ စစ်တမ်းကောက်ယူချက်အပေါ် မူတည်ပြီးတော့ ဒေသအလိုက် မဟုတ်ဘဲနဲ့ ဖွံ့ဖြိုးမှုအဆင့် (၁)၊ အဆင့်(၂)၊ အဆင့် (၃)ဆိုပြီး သတ်မှတ်ပေးဖို့ပေါ့” ဟု ပြောကြားသည်။

ဝန်ကြီးဌာနမှ ချထားပေးသည့် နိုင်ငံတွင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် လုပ်ငန်းကဏ္ဍအဆင့် သတ်မှတ်သင့်၊ မသင့်၊ အနည်းဆုံး အခကြေးငွေ၏ အဓိပ္ပာယ်နှင့် အနည်းဆုံး အခကြေးငွေဟူသော ခေါင်းစဉ်အောက်တွင် အခြားသော ရှားပါးစရိတ်၊ ထောက်ပံ့စရိတ်နှင့် အချိန်ပို စရိတ်တို့ ပါဝင်သင့်၊ မပါဝင်သင့်ဟူသော ခေါင်းစဉ်သုံးခု အပေါ်တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် အခြားသော ထောက်ပံ့ကြေး၊ အချိန်ပိုကြေး၊ ဆုကြေးငွေ၊ အချိန်ပိုကြေး စသည်တို့ မပါဝင်ဘဲ တစ်ရက်အလုပ်ချိန် ရှစ်နာရီ အပေါ်တွင်သာ တွက်ချက်ပေးရန် သဘောထားရှိကြောင်း သိရသည်။

“အနည်းဆုံး အခကြေးငွေ လုပ်အားခကို သတ်မှတ်လို့ရှိရင် ကျွန်တော်တို့က ဈေးမသတ်မှတ်ဘူး။ အလုပ်သမားတစ်ယောက် လုပ်လို့ရှိရင် သူ့ရဲ့မိသားစုသုံးဦး စားသောက်မှု ဖူလုံစေတဲ့ဈေးနှုန်း ဖြစ်ရမယ်။ မိသားစု တစ်စုဆိုရင် မိသားစု တစ်စုမှာ သုံးယောက်ရှိရင် တစ်နေ့တာမှာ အဲဒီမိသားစု စားသုံးလိုက်တဲ့ ကုန်ကျစရိတ်က ၅၀၀၀ ကျတယ်ဆိုရင် အဲဒီငါးထောင်ကို ဖူလုံမိတဲ့ဈေးနှုန်း ဖြစ်ရမယ်လို့ ဖြည့်စွက်တင်ပြရမယ်” ဟု ဦးဝင်းဇော်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန် ဇန်န၀ါရီ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလတို့အတွင်း ရက်၂၀ ကြာ နိုင်ငံတစ်ဝန်းမြို့နယ် ၁၀၈ မြို့နယ်တွင် စစ်တမ်းကောက်ယူသွားမည်ဖြစ်သည်။

အဆိုပါ စစ်တမ်းမှ ရရှိသည့် အချက်များကို အခြေခံ၍ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရနှင့် ပညာရှင်များ ဆွေးနွေးကာ ၂၀၁၅ နှစ်လယ်ပိုင်းတွင် သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား စတင်ညှိနှိုင်းနိုင်မည်ဟုလည်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ပြောကြားသည်။

Eleven Media Group 

ရန်ကုန်မြို့အတွင်းရှိ အသေးစား စက်မှုလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ အသေးစား စက်မှုလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် 
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က အနည်းဆုံး အခကြေးငွေကို တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်-အိန္ဒိယ နျူကလီယားစွမ်းအင်ဆိုင်ရာ သဘောတူညီမှုရရှိ

Photo: ကန်-အိန္ဒိယ နျူကလီယားစွမ်းအင်ဆိုင်ရာ သဘောတူညီမှုရရှိ
Monday, January 26, 2015

အမေရိကန်-အိန္ဒိယနှစ်စ်နိုင်ငံကြား ကာလကြာရှည်စွာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ နျူကလီယားစွမ်းအင်ဆိုင်ရာ သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Barack Obama နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့နှစ်ဦး တနင်္ဂနွေနေ့မှာ စတင်ဖြေရှင်းနိုင်ပြီလို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ ခရီးလာရောက်ခဲ့တဲ့ သမ္မတအိုဘားမားဟာ အခု ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲနိုင်တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ နိုင်ငံတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတ တဦးအနေနဲ့ တက်ရောက်မှာလည်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက အမေရိကန် ပြည်ထောင်စုက အရပ်ဘက်သုံး နျူကလီယား နည်းပညာတွေ ဖြန့်ဝေပေးဖို့ အိန္ဒိယနဲ့သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ မတော်တဆဖြစ်မှု တစုံတရာ ကြုံလာရင် နျူကလီယား နည်းပညာသုံးပစ္စည်း ဖြန့်ဖြူး၊ ဆောက်လုပ်တဲ့ကုမ္ပဏီတွေကနေ အာမခံပေးဖို့ အိန္ဒိယနိုင်ငံရဲ့ ဥပဒေက ချမှတ်ထားတာမို့ ဒါကို အကောင်အထည်ဖေါ်ဖို့ ကြံ့ကြာနေတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ အာမခံကြေး ဒေါ်လာ သန်းပေါင်းများစွာကို နှစ်နိုင်ငံ ပူးတွဲချမှတ်နိုင်ခဲ့တာမို့ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေကို အတင်းပြင် ခိုင်းစရာ မလိုတော့တဲ့အတွက် နှစ်ဘက် သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ အခုထိ မသိရသေးပါဘူး။ ဒါပေမယ့် အခု တနင်္ဂနွေနေ့မှာရရှိလိုက်တဲ့ သဘောတူညီမှုဟာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့အတွက် အတူ လက်တွဲ လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသလိုက်တာမို့ ဒါဟာ အရေးပါတဲ့ ခြေလှမ်းတရပ်လို့ သမ္မတအိုဘားမားက သတ်မှတ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကို အမေရိကန်သမ္မတရောက်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်မိုဒီနဲ့ သဘောတူညီခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့သလို ဝန်ကြီးချုပ်မိုဒီကလည်း အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အဆင့်သစ်တခုကို ရောက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း သမ္မတအိုဘားမားရဲ့ အိန္ဒိယကိုလာရောက်တဲ့ ခရီးစဉ် သိပ်ကိုအရေးပါတာကို ပြသတဲ့အနေနဲ့ သံခင်းတမန်ခင်းထုံးစံကိုဖျက်ပြီး လေဆိပ်ကို ကိုယ်တိုင်သွားရောက် ပွေ့ဖက် ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

သမ္မတိအိုဘားမားနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (ဇန်နဝါရီ ၂၅၊ ၂၀၁၅)
သမ္မတိအိုဘားမားနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (ဇန်နဝါရီ ၂၅၊ ၂၀၁၅)  
အမေရိကန်-အိန္ဒိယနှစ်စ်နိုင်ငံကြား ကာလကြာရှည်စွာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ နျူကလီယားစွမ်းအင်ဆိုင်ရာ သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Barack Obama နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့နှစ်ဦး တနင်္ဂနွေနေ့မှာ စတင်ဖြေရှင်းနိုင်ပြီလို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အီဂျစ်ဆန္ဒပြပွဲ လူ ၁၅ ဦးထက်မနည်းသေဆုံး

Photo: အီဂျစ်ဆန္ဒပြပွဲ လူ ၁၅ ဦးထက်မနည်းသေဆုံး
Monday, January 26, 2015

အီဂျစ်နိုင်ငံမှာ သမ္မတ Hosni Mubarak ပြုတ်ကျသွားစေခဲ့ပြီး လူတွေသေဆုံးခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် လူထုအုံကြွမှု နှစ်ပတ်လည်အထိမ်းမှတ် အခမ်းအနား တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၅ ယောက် သေဆုံးသွားခဲ့ပါတယ်။

ကိုင်ရိုမြို့နဲ့ တခြား မြို့ကြီး ၂ မြို့တို့မှာ ကျင်းပတဲ့ အခမ်းနားတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား တိုက်ခိုက်ခဲ့ကြရာမှာ လူတွေ ဒါဇင်နဲ့ချီပြီးတော့ ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။ အများဆုံးထိခိုက်မှုဖြစ်ပွားခဲ့တာကတော့ ကိုင်ရိုမြို့က Matariya အရပ်မှာဖြစ်ပြီး အဲဒီအရပ်ဟာ မတရားအသင်း အဖြစ် သတ်မှတ်ထားတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ Muslim Brotherhood ရဲ့ အမာခံနယ်မြေ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဟာ စနေနေ့ကတည်းက စဖြစ်နေခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျဆုံးခဲ့တဲ့ သူတွေကို Tahrir ရင်ပြင်မှာ ဂုဏ်ပြုဖို့ သွားရောက်သူတွေကို ရဲကစတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်တုံးကလည်း နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ပြုလုပ်စဉ်မှာ လူတွေသေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

အီဂျစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုမှာ အကြမ်းဖက်ဖြိုခွဲခံရမှု အထိမ်းအမှတ်ပွဲမှာ ကြွေးကြော်အော်ဟစ်နေကြစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၁၅)
အီဂျစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုမှာ အကြမ်းဖက်ဖြိုခွဲခံရမှု အထိမ်း အမှတ် ပွဲမှာ ကြွေးကြော်အော်ဟစ်နေကြစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၁၅) 
အီဂျစ်နိုင်ငံမှာ သမ္မတ Hosni Mubarak ပြုတ်ကျသွားစေခဲ့ပြီး လူတွေသေဆုံးခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် လူထုအုံကြွမှု နှစ်ပတ်လည်အထိမ်းမှတ် အခမ်းအနား တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၅ ယောက် သေဆုံးသွားခဲ့ပါတယ်။

ဗဟိုအာဖရိက သမ္မတနိုင်ငံ အားကစားဝန်ကြီး ပြန်ပေးဆွဲခံရ

Photo: ဗဟိုအာဖရိက သမ္မတနိုင်ငံ အားကစားဝန်ကြီး ပြန်ပေးဆွဲခံရ
Monday, January 26, 2015

ဗဟိုအာဖရိကသမ္မတနိုင်ငံရဲ့ လူငယ်ရေးရာနဲ့ အားကစားဝန်ကြီးကို မြို့တော် Bangui မှာ သေနတ်သမားတွေက ပြန်ပေးဆွဲသွားပါတယ်။ Armel Ningatoloum Sayo ဟာ တနင်္ဂနွေနေ့က ဘုရားရှစ်ခိုးကျောင်းကနေ သူ့ရဲ့နေအိမ်ကိုအပြန်မှာ အငှားကားတစီးနဲ့ ရောက်လာတဲ့ သေနတ်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

သတင်းတွေအရ သေနတ်သမားတွေဟာ Balaka Christian ဆန့်ကျင်ရေးစစ်သွေးကြွအုပ်စုဝင်တွေ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ဖေါ်ပြကြပါတယ်။ သေနတ်သမားတွေဟာ ဝန်ကြီးကိုဖမ်းဆီးပြီး သူတို့အခိုင်အမာ ခြေကုတ်ယူထားတဲ့ Boy-Rabe အရပ်ကို ထွက်ပြေးသွားကြပါတယ်။

 Sayo ဟာ သီတင်းတပတ်အတွင်း စတုတ္ထမြောက် ပြန်ပေးဆွဲခံရတဲ့ထင်ရှားသူ တဦး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနင်္လာနေ့တုံးကလည်း ကက်သလစ် ဆေးဝါးကုသရေး အဖွဲ့မှာ လုပ်ကိုင်နေတဲ့ ပြင်သစ်အမျိုးသမီးတဦးနဲ့ သူတို့ဒေသခံ နိုင်ငံသားတယောက် ပြန်ပေးဆွဲသွားတာ ခံခဲ့ရပါတယ်။ နောက်တနေ့မှာ ကုလသမဂ္ဂဝန်ထမ်းတဦးကို အလားတူ ပြန်ပေးဆွဲသွားပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

Balaka Christian ဆန့်ကျင်ရေးအကြမ်းဖက်သမားတစ်ဦး
Balaka Christian ဆန့်ကျင်ရေးအကြမ်းဖက်သမားတစ်ဦး
ဗဟိုအာဖရိကသမ္မတနိုင်ငံရဲ့ လူငယ်ရေးရာနဲ့ အားကစားဝန်ကြီးကို မြို့တော် Bangui မှာ သေနတ်သမား တွေက ပြန်ပေးဆွဲသွားပါတယ်။ Armel Ningatoloum Sayo ဟာ တနင်္ဂနွေနေ့က ဘုရားရှစ်ခိုး ကျောင်းကနေ သူ့ရဲ့နေအိမ်ကိုအပြန်မှာ အငှားကားတစီးနဲ့ ရောက်လာတဲ့ သေနတ်သမားတွေက ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးမှု ရဲစခန်းနှင့် တရားရုံးက လက်မခံ၍ တရားလွှတ်တော် ချုပ်ထံ တင်မည်

Photo: ဒေါ်ခင်ဝင်းသေဆုံးမှု ရဲစခန်းနှင့် တရားရုံးက လက်မခံ၍ တရားလွှတ်တော် ချုပ်ထံ တင်မည်
Monday, January 26, 2015

တိုင်းနယ်/လုံဝန်ကြီးအပါအဝင် ခရိုင်မှူး၊ မြို့နယ်ရဲမှူး၊ ဝမ်ပေါင်၊ ဦးပိုင်ကုမ္ပဏီတို့ ရှေ့တွင် လုံခြုံရေးရဲတပ်ဖွဲ့မှ ပစ်ခတ်မှုဖြင့် သေနတ်ထိမှန် သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ အရေးယူပေးရန် ဦးတိုက် လျှောက်ထားမှုကို ဆားလင်းကြီးမြို့နယ် ရဲစခန်းနှင့် မြို့နယ်တရားရုံးတို့က ပယ်ချခဲ့သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ အမှုခေါ်စာချွန်တော် တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ အရေးကို လိုက်ပါ ဆောင်ရွက်ပေးလျှက်ရှိသည့် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမသို့ ပြောသည်။

ဒေါ်ခင်ဝင်းကို သေနတ်နှင့် ပစ်သတ်သူထက်၊ ပစ်ခတ်ရန် အမိန့်ပေးသူများကို တရားခံအဖြစ် အရေးယူနိုင်ရန် ဇန်နဝါရီ ၁၉ ရက်က ဆားလင်းကြီးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် တရားရုံး မှ ပယ်ချခဲ့သည့်အတွက် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းက အမှုခေါ် စာချွန်တော်ကို ဖေဖော်ဝါရီ ပထမပတ် အတွင်း တင်ပြနိုင်ရန် စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။

''ရဲစခန်းကလည်း အမှုဖွင့်တာ ဆိုင်းငံ့ဆိုပြီး လက်မခံဘူး။ တရားရုံးကလည်း လက်မခံဘူး။ ဒါကြောင့် ဦးပိုင်၊ ဝမ်ပေါင်က တရုတ်တွေ၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ နယ်/ လုံဝန်ကြီးတွေ ပါတယ်။ သူတို့ရှေ့မှောက်မှာ အပစ်ခံရတဲ့အတွက် ကျွန်တော်က တရားလိုပြုပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်ဆီကို အမှုခေါ် စာ ချွန်တော်တက်မှာပါ။အဲ့ဒီအတွက် ပြင်ဆင်နေပါပြီ'' ဟု ဦးအောင်သိန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများ ခြံစည်းရိုးဝင်း ခတ်မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက် တွင် လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း သဖြင့် ဒေသခံတစ်ဦး သေဆုံးကာ ၁ဝ ဦးကျော် ဒဏ်ရာ ရခဲ့သည့် အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနက်ဒဏ်ရာ ရရှိခဲ့သည်။

ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ဆားလင်းကြီး ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီက ရင်ခွဲစစ်ဆေးရာ သေနတ် ဒဏ်ရာဖြင့် သေဆုံးကြောင်း မုံရွာဆေးရုံအုပ်ကြီးက အတည်ပြု ပြီး ဖြစ်သည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် သင်္ဂြိုဟ်ခဲ့ပြီး ဒေသခံ ရာချီတက် ရောက်ခဲ့ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားရာ ရဲစခန်းက ၄/၂၄ သေမှုသေခင်း ဖြင့် ဒီဇင်ဘာလ ၂၃ ရက်က အမှုကို လက်ခံခဲ့သည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ဒဏ်ရာရရှိသူ ဒေသခံ ၁ဝ ဦးအတွက် ဒီဇင် ဘာ ၄ ရက် က အမှုဖွင့်ရန် စတင် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

Mizzima - News in Burmese 

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဆာလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှ ဦးခေါင်းသေနတ်မှန် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအား ဈာပနတွင် ဒေသခံများက ဆန္ဒပြခဲ့စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဆာလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှ ဦးခေါင်းသေနတ်မှန် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအား ဈာပနတွင် ဒေသခံများက ဆန္ဒပြခဲ့စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
တိုင်းနယ်/လုံဝန်ကြီးအပါအဝင် ခရိုင်မှူး၊ မြို့နယ်ရဲမှူး၊ ဝမ်ပေါင်၊ ဦးပိုင်ကုမ္ပဏီတို့ ရှေ့တွင် လုံခြုံရေး ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုဖြင့် သေနတ်ထိမှန် သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ အရေးယူ ပေးရန် ဦးတိုက် လျှောက်ထားမှုကို ဆားလင်းကြီးမြို့နယ် ရဲစခန်းနှင့် မြို့နယ်တရားရုံးတို့က ပယ်ချခဲ့သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ အမှုခေါ်စာချွန်တော် တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ အရေးကို လိုက်ပါဆောင်ရွက်ပေးလျှက်ရှိသည့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမသို့ ပြောသည်။

နန်းမြို့ရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အစောင့်အား သတ်၍ အကျဉ်းသား ရှစ်ဦး ထွက်ပြေးသည်ဟု ဆို

Photo: နန်းမြို့ရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အစောင့်အား သတ်၍ အကျဉ်းသား ရှစ်ဦး ထွက်ပြေးသည်ဟု ဆို
Monday, January 26, 2015

မန္တလေးမြို့၊ နန်းမြို့အတွင်းရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အကျဉ်းသား ရှစ်ဦးသည် ဇန်နဝါရီ ၂၅ရက်၊ နံနက် ၄ နာရီခန့်က အစောင့်တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် သတင်းက ဟုတ်မှန်သော်လည်း အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိသည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်လက် စုံစမ်းမေးမြန်းရာတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ပြီး ထွက်ပြေးသူများမှာ စစ်ဘက်ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်၍ ထွက်ပြေးသွားသူများမှာ ရှစ်ဦး ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး တပ်ကြပ်တစ်ဦး သေဆုံးမှု ရှိခဲ့သည်ဟု ဆိုခဲ့သည်။

''ဖြစ်တာတော့ ဖြစ်တယ်။ ဘယ်လို ဖြစ်ခဲ့တာလဲတော့ မသိဘူး။ စစ်တပ်ဘက်ကလည်း ဘာမှအကြောင်း ကြားတာမျိုး မရှိလို့ ဖြေဆိုနိုင်ခြင်း မရှိပါဘူး။ စုံစမ်းမှုတော့ လုပ်နေပါတယ်''ဟု နယ်မြေခံရဲတပ်ဖွဲ့ ဖြစ် သည့် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစောင့်တစ်ဦးကို သတ်ပြီး အကျဉ်းသားများ ထွက်ပြေးရာတွင် သုံးဦးမှာ ရေကူး လွတ်မြောက်သွားပြီး တစ်ဦးကို ဖမ်းမိကြောင်း ဆိုရှယ်လူမှု ကွန်ရက်တွင် ရေးသားထားသည်။

နန်းမြို့တွင်းမှ အမည်မဖော်လိုသူ တစ်ဦးက ''နီးစပ်ရာတွေက ကြားတာကတော့ အကျဉ်းသားလားတော့ မသိဘူး။ ရှစ်ဦး ထွက်ပြေးတယ်လို့တော့ ပြောတယ်'' ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နန်းတွင်း အမှတ်(၂) စစ်အကျဉ်းထောင်သို့ သွားရောက် သတင်းယူခဲ့ရာတွင် သက်ဆိုင်ရာ တို့က အတည်ပြု ဖြေကြားခဲ့ခြင်း မရှိသော်လည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တပ်ကြပ် ကြီးတစ်ဦး အသတ်ခံရသဖြင့် ရောက်ရှိလာသည်မှာ ဟုတ်မှန်ကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ) 
မန္တလေးမြို့၊ နန်းမြို့အတွင်းရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အကျဉ်းသား ရှစ်ဦးသည် ဇန်နဝါရီ ၂၅ရက်၊ နံနက် ၄ နာရီခန့်က အစောင့်တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် သတင်းက ဟုတ်မှန်သော်လည်း အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိသည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

KIA ဖန်တီးသော တိုက်ပွဲများနှင့် အသုံးချခံ ဒုက္ခသည်ဝဲဂယက်ထဲကနေ ဒေသခံတို့ ဘယ်တော့ လွတ်မြောက် မလဲ… ?

Photo: KIA ဖန်တီးသော တိုက်ပွဲများနှင့် အသုံးချခံ ဒုက္ခသည်ဝဲဂယက်ထဲကနေ ဒေသခံတို့ ဘယ်တော့ လွတ်မြောက် မလဲ… ?
Monday, January 26, 2015

နေရာဒေသတစ်ခု၊ မျိုးနွယ်စုတစ်စုအပေါ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ကာလရှည်ကြာထိန်းချုပ်မှုဟာ နိုင်ငံတကာ ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလိုချိုးဖောက်ခံနေရတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေဟာလည်း မျိုးဆက်တစ်ဆက်ကနေ နောက်ထပ်မျိုးဆက်တစ်ဆက်အထိ မပြောင်းလဲနိုင်ဘူးဆိုရင် အကြောက်တရားများနဲ့ မျက်စိကန်း၊ နားကန်းမျိုးနွယ်စု ဖြစ်သွားတတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ဆုတ်ယုတ်သွားကာ မျိုးဆက်သစ်တွေဟာလည်း အနှိမ်ခံဘ၀နဲ့ နောက်ကျကျန်နေရစ် ခဲ့မှာပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ မျိုးနွယ်စုမျိုးမရှိမဟုတ် ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်း KIA လှုပ်ရှားသွားလာနေတဲ့ မြို့၊ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ ရ၀မ်တိုင်းရင်းသားများပဲ ဖြစ်ပါတယ်။ မကြာမီရက်ပိုင်းက ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုင်းပွဲတွေမှာ ဒေသခံတွေ အသုံးချခံရပြန်တယ်။ ထုံးစံအတိုင်းဒုက္ခသည်များအဖြစ် ပြေးခိုင်းလွှားခိုင်းတာ ပဲပေါ့။
ကြာလာတာနဲ့အမျှ KIA ရဲ့ လုပ်ရပ်ကို ဒေသခံတွေသဘောပေါက်လာကြပါတယ်။ ဖားကန့်မြို့နယ်၊ အောင်ဘာလေ၊ ကံဆီး၊ ဆိပ်မူ အနီးတစ်ဝိုက်မှာဖြစ်တဲ့ တိုက်ပွဲတွေဟာ ဒေသခံတွေအပေါ် ဘာရိုက်ခတ်မှုမှ မရှိခဲ့ပါဘူး။ ဘုရားကျောင်း တက်၊ စာသင်ကျောင်းမှာ ကလေးတွေစာသင်၊ ရွာထဲမှာ ဟန်မပျက်နေထိုင်ခဲ့ကြတာပါ။ တိုက်ပွဲစဖြစ်တဲ့ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရွာထဲမှာ ပုံမှန်အတိုင်းသွားလာနေကြတာ ဖြစ်ပါတယ်။ အဲဒီအချိန် KIA စခန်းအားလုံးကို အစိုးရ တပ်တွေက သိမ်းပြီး KIA တွေ ထွက်ပြေး နေရပြီဖြစ်ပါတယ်။

ဒါပေမယ့် သုံးရက်မြောက်နေ့မှာ အောင်ဘာလေရွာက ရွာသူရွာသားတွေကို KIA က ကံဆီးကို ပြောင်းဖို့ လာပြီး ခြိမ်းခြောက်တယ်။ မသွားချင်ကြဘူး။ KIA က မသွားရင် ပစ်သတ်မယ်ပြောလို့ အောင်ဘာလေကနေ ကံဆီးကို သွားခဲ့ ကြတာ။ အချို့ကတော့ ရွာထဲမှာပဲ ဆက်နေကြတယ်။ ကံဆီးကိုရောက်တော့ KIA က အောင်ဘာလေရွာသူရွာသား တွေကို ဒုက္ခသည်အဖြစ် ကြေညာပါတော့တယ်။ ဒုက္ခသည် ၂၀၀၀ လောက်ပိတ်မိနေတယ်ဆိုပြီး မီဒီယာတွေကနေ တစ်ဆင့် သတင်းဖြန့်ပါတယ်။ ပြီးတော့ ဖားကန့်ကို ပြေးရမယ်ဆိုပြီး ကံဆီးရောက်လာတဲ့ ရွာသူရွာသားတွေကို ဖိအား ပေးပါတယ်။

အဲဒီအခါကျတော့မှ KIA က ရွာသူရွာသားတွေကို ဒုက္ခသည်အဖြစ် အသုံးချတယ်ဆိုတာ သိလိုက်ရပါတယ်။ တကယ် တော့ အောင်ဘာလေရွာသူရွာသားတွေဟာ ကိုယ့်အိုးကိုယ့်အိမ်ရှိပြီးသား ဒေသခံတွေဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းမှာ နေစရာ မလိုပါဘူး။ ပြီးရင်တိုက်ပွဲကြောင့် ပြေးလွှားရတာလည်း မဟုတ်ဘဲ KIA အသုံးချတာခံရလို့ ပြောင်းရွှေ့ကြ ရတာဖြစ်ပါတယ်။

အခုကိုယ့်ရွာကို ပြန်လာနေထိုင်ကြပြီ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြသလို KIA စခဲ့တဲ့ တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် KIA နဲ့ ဝေးရာကို သွားချင်ပေမယ့် ကိုယ့်ရွာကိုယ့်ဒေသကိုယ့်အိုးကိုယ့် အိမ်တွေနဲ့ ဖြစ်နေပြီမို့ ဆက်လက်နေထိုင်ကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏပြန်ဖြစ်နေပါတယ်။ အဲဒီလိုပြန်ဖြစ်တိုင်းလည်း ဒုက္ခသည်တွေပိုမိုများလာ တယ်ဆိုပြီး KIA က ဒုက္ခသည်စခန်းတွေဆီ အတင်းပြောင်းခိုင်းတဲ့ ဒေသခံတွေကို ပြပါတယ်။ သူတို့ရွာတွေကို မပြန်ရဲအောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ပဲ ဒေသခံတွေဟာ ဒုက္ခသည်စခန်းတွေမှာ နေချင်လည်းနေ မနေ ချင်ရင်လည်းနေရတဲ့ဘ၀ ရောက်သွားကြရပါတယ်။

အခုပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာ အောင်ဘာလေရွာသားတွေကို အသုံးချပြန်ပါပြီ။ ဒုက္ခသည်တွေအဖြစ် နာမည်တပ်ကာ ပြေးခိုင်းနေ ပြန်ပါပြီ။ ဒေသခံတွေလည်း စားတတ်ကုန်ကြပြီလို့ KIA ကို ပြောချင်ပါတယ်။ အသုံးချခံဒုက္ခသည်ဘ၀ကို တော့ ကြည်ကြည်ဖြူဖြူ မသွားနိုင်ကြပါဘူး။ ဒါ့ကြောင့် ဒေသခံတွေရဲ့ လူနေမှုဘ၀လုံခြုံရေးအတွက် အစိုးရအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့လည်း လိုအပ်နေပါတယ်။ KIA ဖန်တီးသော တိုက်ပွဲများနဲ့ အသုံးချခံဒုက္ခသည် ၀ဲဂယက်ထဲ ကနေ ဒေသခံတိုင်းရင်းသားတွေ ဘယ်တော့ လွတ်မြောက်မလဲ ..? အဖြေရှာရမယ့် မျိုးနွယ်စု၊ လူမျိုးစုတစ်စု၏ ပြဿနာ ဟုသာ ပြောချင်ပါတော့တယ်။

နေ၀န်းသစ်
Credit >>> နေ့စဉ်သတင်း
နေရာဒေသတစ်ခု၊ မျိုးနွယ်စုတစ်စုအပေါ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ကာလရှည်ကြာထိန်းချုပ်မှုဟာ နိုင်ငံတကာ ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလိုချိုးဖောက် ခံနေရတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေဟာလည်း မျိုးဆက်တစ်ဆက်ကနေ နောက်ထပ်မျိုးဆက် တစ်ဆက်အထိ မပြောင်းလဲနိုင်ဘူးဆိုရင် အကြောက်တရားများနဲ့ မျက်စိကန်း၊ နားကန်းမျိုးနွယ်စု ဖြစ်သွား တတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ဆုတ်ယုတ်သွားကာ မျိုးဆက်သစ်တွေဟာလည်း အနှိမ်ခံဘ၀နဲ့ နောက်ကျကျန်နေရစ် ခဲ့မှာပဲ ဖြစ်ပါတယ်။