Tuesday 29 July 2014

ဦးအောင်ကြည်မရှိတဲ့နောက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖြစ်လာနိုင်သလား

မြန်မာသတင်းမီဒီယာတွေ ဖိအားပေးခြိမ်းခြောက်ခံနေရတာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေ ရင်ဆိုင်နေရချိန် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို သူ့ရဲ့သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတက ဇူလိုင် ၂၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဆက်ဆံရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စတဲ့တာဝန်တွေယူခဲ့တဲ့ ဦးအောင်ကြည်ကို တာဝန်ကအနားပေးလိုက်ပြီး လစ်လပ်သွားတဲ့ ပြန်ကြားရေးဝန်ကြီးနေရာမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ရော ဒုတိယဝန်ကြီးပါ တာဝန်ယူနေတဲ့ ဦးရဲထွဋ်ကို ခန့်အပ်နိုင်ခြေရှိပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့ စကားများစဉ် မန်နေဂျာမှ ဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ

လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် နေအိမ်မှ အပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ၎င်း၏ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင် မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူ တည်းခိုခဲ့ကြောင်း သိရှိရပြီး ၎င်းအား မတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ ရှိနေသည်ကို တွေ့ရှိရသဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံ မေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ ထွက်ခွာသွားခဲ့ကြောင်း ပြောပြ သိရှိရ သဖြင့် ညီဖြစ်သူအား လိုက်လံ စုံစမ်း ရှာဖွေခဲ့ပါသည်။
ထိုသို့စုံစမ်းရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ပါသည်။

အေးမြသာယာကျေးရွာနှင့် ကော့ကနိမ် ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ခလောက်တရာ ကျေးရွာရှိ နာဂစ်ပြန်လည် ထူထောင်ရေး ကျေးရွာ ဖြစ်သည့် အေးမြသာယာ ကျေးရွာ တွင် System Engineering Group Co.ltd မှ ဆောက်လုပ် လှူဒါန်းထားသည့် (၄၀ပေ x ၂၀ပေ) သံဖရိန် ဘိလပ်မြေပြားကာ ငါးထပ်သားခင်း မူကြိုကျောင်း၏ သံဖရိန်ပါ ထုပ်တန်းများနှင့် (၃ x ၈)ပေ သွပ်ပြား ၁၀၀ ချပ် စုစုပေါင်း ဆုံးရှုံး တန်ဖိုးငွေ (၁၀)သိန်းခန့် ဆုံးရှုံးခဲ့သည်။ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀း၁၀ နာရီတွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် ပေ ၁၀၀ခန့် အကွာသို့ အမိုးပိုင်းအုံလိုက် လေနှင့်အတူ လွင့်ပါသွားခဲ့ပါသည်။

လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်စုံစမ်း နိုင်ချင်းမရှိသေးသည့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်များ

Photo: လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်စုံစမ်း နိုင်ချင်းမရှိသေးသည့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်များ
Tuesday, July 29, 2014 

ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေရဲ့ တိုက်ပွဲတွေကြောင့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်သူ
တွေဟာ လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ယူကရိန်းစစ်တပ်နဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် MH17 ပျက်ကျရာနေရာကို သွားရောက်လေ့လာမှုတွေပြုလုပ်မယ့် နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံတွေက ကျွမ်းကျင်စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို ၀င်ရောက် နိုင်ချင်းမရှိသေးဘူးလို့ သြစတြေးလျအကြီးတန်းအရာရှိတစ်ယောက်က ဒီကနေ့မှာ ပြောကြားပါ တယ်။
 
လေယာဉ်ပျက်ကျရာနေရာဟာ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်တာကြောင့် အဆိုပါနေရာလုံခြုံဖို့အတွက် နိုင်ငံတကာက လက်နက်ကိုင်တပ်ဖွဲ့ကို နယ်သာလန်နိုင်ငံက စေလွှတ်ဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နယ်သာလန်ဝန်ကြီးချုပ်ကတော့ ဒီသတင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး နောက်ထပ် မတည်ငြိမ်မှုတွေကို မဖြစ်စေလိုတာကြောင့် ယူကရိန်းနိုင်ငံတွင်းကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ စေလွှတ်သွားမှာမဟုတ်ဘူးလို့လည်း တနင်္ဂနွေနေ့တုန်းက တရားဝင်ပြောကြားထားပါတယ်။
 
နယ်သာလန်အာဏာပိုင်တွေကတော့ စုံစမ်းရေးအဖွဲ့ဟာ ဒွန်နက်စ်ဒေသမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေဟာ လုံခြုံရေးအခြေအနေတွေကြောင့် အခင်းဖြစ်ပွားရာနေရာကို အချိန်သတ်သတ်မှတ်မှတ်နဲ့ စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှားလိုလားသူတွေကို အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်မှာ အပစ် အခတ်ရပ်စံထားဖို့အတွက်ကိုလည်း တောင်းဆိုထားတယ်လို့ နယ်သာလန် အာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

MRTV-4
ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေရဲ့ တိုက်ပွဲတွေကြောင့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်သူ တွေဟာ လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်နိုင်ခြင်း မရှိသေး ဘူးလို့ သိရပါတယ်။ ယူကရိန်းစစ်တပ်နဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် MH17 ပျက်ကျရာနေရာကို သွားရောက်လေ့လာမှုတွေပြုလုပ်မယ့် နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံတွေက ကျွမ်းကျင်စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို ၀င်ရောက် နိုင်ချင်းမရှိသေးဘူးလို့ သြစတြေးလျအကြီးတန်းအရာရှိတစ်ယောက်က ဒီကနေ့မှာ ပြောကြားပါ တယ်။

AH5017 ပျက်မကျမီ လာလမ်းအတိုင်း ပြန်လှည့်ရန် လေယာဉ်မှူး ကြိုးစားခဲ့

Photo: AH5017 ပျက်မကျမီ လာလမ်းအတိုင်း ပြန်လှည့်ရန် လေယာဉ်မှူး ကြိုးစားခဲ့
Tuesday, July 29, 2014

AH5017 ၏ လေယာဉ်မှူးသည် လေယာဉ်မပျက်ကျမီတွင် လေယာဉ်ကို နောက်ပြန်လှည့်၍ ပျံသန်းခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံသား အများစု အသက်ဆုံးရှုံးခဲ့ရသည့် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie ၏ လေယာဉ်ပျက်ကျမှု ဖြစ်ရပ်တွင် လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားလွန်းသော အခြေအနေ၌ နောက်ကြောင်းပြန်လှည့်ရန် အားထုတ်ခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖေဘီယက်စ်က ပြောကြားခဲ့သည်။

ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းသော လေယာဉ်သည် မာလီတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံသား (၅၄)ဦး အပါအဝင် လိုက်ပါသွားသူ (၁၁၈)ဦးစလုံး [အချို့သတင်းများတွင် (၁၁၆)ဦးဟု ဖော်ပြ] သေဆုံးခဲ့သည်။ လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားခြင်းကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ကို ဦးစွာ တောင်းခံခဲ့ပြီး ထို့နောက်တွင်မူ ဘာကီနာဖာဆိုသို့ ဦးလှည့် ပျံသန်းနိုင်ရန် ခွင့်တောင်းခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသည် AH5017 ပျက်ကျမှုတွင် ဦးဆောင်ဦးရွက် တာဝန်ယူထားသည်။ “ကျွန်တော်တို့ သေချာပေါက် သိထားတဲ့ တစ်ချက်က လေယာဉ်ပျက်ကျချိန်မှာ ရာသီဥတုက အရမ်းဆိုးနေတယ်။ လေယာဉ်အဖွဲ့သားတွေက ပထမတော့ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံတယ်။ နောက်တော့ လေယာဉ်ကို ပြန်လှည့်ဖို့ ခွင့်တောင်းတယ်။ အဲဒီနောက်မှာ အဆက်အသွယ် လုံးဝ ပြတ်သွားတာပါပဲ”ဟု ဖေဘီယက်စ်က သတင်းထောက်များအား ဇူလိုင် (၂၈)ရက်က ပြောကြားခဲ့သည်။

ဇူလိုင်(၂၄)ရက်က ပျက်ကျသော MD-83 အမျိုးအစား လေယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းမှု ရလဒ်များမှာ ရှုပ်ထွေးနေဆဲဟု ဖေဘီယက်စ်က ဝန်ခံသည်။ “အချိန်ယူရမှာ ဖြစ်သလို အင်မတန် ရှုပ်ထွေးတဲ့ အလုပ်ပါ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဘာကီနာ ဖာဆိုနှင့် နယ်နိမိတ်အနီး မာလီပိုင်နက် အတွင်းရှိ လေယာဉ်ပျက်ကျရာ နေရာကို လတ်တလောတွင် ပြင်သစ်၊ မာလီ၊ နယ်သာလန်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက လုံခြုံရေးယူ ထိန်းချုပ်ထားကြောင်းလည်း သိရှိရသည်။

BBC
AH5017 ၏ လေယာဉ်မှူးသည် လေယာဉ်မပျက်ကျမီတွင် လေယာဉ်ကို နောက်ပြန်လှည့်၍ ပျံသန်းခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ အထောက်အထားပြုလုပ်မှု သတ်မှတ် ငွေကြေးထက် များစွာ ပေးဆောင် နေရဟု ဆို

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက အထောက်အထားများ ထုတ်ပေးလျက်ရှိ ရာ လုပ်ငန်းရှင်များ၏ တာဝန်ပျက်ကွက်မှုကြောင့် လုပ်သားများမှာ သတ်မှတ် ငွေကြေးထက် အဆများစွာ ပိုမိုပေးဆောင်နေ ရကြောင်း ထိုင်းနိုင်ငံ အခြေ ဆိုက်မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကပြောသည်။

သုံးထပ်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျ

Photo: သုံးထပ်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျ
Tuesday, July 29, 2014

တည်ဆောက်ပြီးစီးသည်မှာ ခြောက်နှစ်သာရှိသေးသော သုံးထပ်တိုက်တစ်လုံး၏ မြေညီထပ်အပေါ်မှ ကွန်ကရစ်ဆန်းရှိတ် ပြိုကျခဲ့ကြောင်း  သတင်းရရှိသည်။
ဗဟန်းမြို့နယ် ကျိုက္ကစံရပ် ကွက် စိန်ခြယ်လမ်းရှိ သုံးထပ် တိုက်၏ အောက်ထပ်အရှေ့ပိုင်း ရှိ ပေ ၂၀ ရှည်ပြီး လေးပေကျယ် သော ကွန်ကရစ်ဆန်းရှိတ်မှာ ဇူ လိုင် ၂၈ ရက် ညနေ ၃ နာရီ အ ချိန်က ပြိုကျခဲ့ကြောင်း မြို့ပြ အင် ဂျင်နီယာတစ်ဦးက ပြောသည်။

‘‘သုံးထပ်တိုက်မြေညီရဲ့ ၁၄ ပေအမြင့် ဆန်းရှိတ်က အကုန် လုံးပြိုကျတာ။ ပထမထပ်ဝရန်တာ အောက်ဘက်က ပေ ၂၀ ရှည်ပြီး လေးပေကျယ်တဲ့ ကွန်ကရစ်တစ်တန်းလုံး အကုန်ကျိုးကျသွားတာ။ မီးသတ်တွေတော့ရောက်နေတယ်’’ ဟု ယင်းရပ်ကွက် အနီးနေမြို့ပြအင်ဂျင်နီယာ ဦးညိုဝင်းက ပြောသည်။

 အဓိကကွန်ကရစ်တိုင်နှင့် ကွန်ကရစ်ဆန်းရှိတ်ကို သံချောင်း ဖြင့် တွဲဆက်ရန် လိုအပ်သော် လည်း  သံချောင်းမပါဘဲ ဆန်းရှိတ်ကိုဘေးမှ ဆက်လိုက်သောကြောင့်အဆိုပါ ဆန်းရှိတ်၏ အလေးချိန် ကို မခံနိုင်ဖြစ်ပြီး ပြိုကျသွားခြင်း ဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာ  ဦးညိုဝင်းက သုံးသပ်ပြောကြား သည်။

‘‘အခုအထိတော့ ဖယ်နေကြတုန်းပဲ ရှိသေးတယ်။ တိုက်ကပေနှစ်ဆယ်၊ ပေ လေးဆယ်အပြည့်ဆောက်ထားတာ နေထိုင်ခွင့်ကျတာမှ ခြောက်နှစ်ပဲရှိသေးတယ်တဲ့’’ ဟု ဆန်းရှိတ်ပြိုကျသည့်နေရာသို့ရောက်ရှိနေသော အမျိုးသားတစ်ဦးကလည်းပြောသည်။

အဆိုပါ ဆန်းရှိတ် ကွန်ကရစ်တန်းပြိုကျသော်လည်း လူထိခိုက် မှုမရှိကြောင်း  အဆိုပါ အမျိုးသားက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ‘‘ကျွန်တော်တို့တွေ မသိသေးပါဘူး’’ ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

7Day DAILY 

ပြိုကျသွားသော ဆန်းရှိတ်မှ အပျက်အစီးများကို ကြည့်နေစဉ် (ဓာတ်ပုံ - ဇော်ရန်း)
ပြိုကျသွားသော ဆန်းရှိတ်မှ အပျက်အစီးများကို ကြည့်နေစဉ် (ဓာတ်ပုံ - ဇော်ရန်း)
တည်ဆောက်ပြီးစီးသည်မှာ ခြောက်နှစ်သာရှိသေးသော သုံးထပ်တိုက်တစ်လုံး၏ မြေညီထပ်အပေါ်မှ ကွန်ကရစ်ဆန်းရှိတ် ပြိုကျခဲ့ကြောင်း  သတင်းရရှိသည်။

ရခိုင်ပြည်နယ် လေးမြို့နယ်တွင် ယူအင်န်ဒီပီကဒေသန္တရအုပ်ချုပ်ရေးအတွက် လေ့လာမည်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ဒေသန္တရအုပ်ချုပ်ရေးအတွက် လေ့လာ မှုများကို ယူအင်န်ဒီပီ(မြန်မာ)မှ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

MH17 ပျက်ကျသည့် နေရာအစိတ်အပိုင်းအချို့ကို ယူကရိန်းစစ်တပ် ထိန်းချုပ်ခွင့်ရလာ

ယူကရိန်းစစ်တပ်များသည် MH17 လေယာဉ်ပျက်အစိတ်အပိုင်းများ ပျံ့နှံ့နေသည့် ဧရိယာအချို့ကို ထိန်းချုပ်ခွင့်ရလာနေပြီဟု သူပုန်တပ်များဘက်က ပြောကြားခဲ့သည်။ ယူကရိန်းစစ်တပ်သည် ရုရှားလိုလားသည့် ခွဲထွက်ရေးသူပုန်များအပေါ် စစ်ရေး အသာစီးရလာပြီးနောက် ဇူလိုင် ၂၈ ရက်တွင် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများရှိနေသည့် နေရာအချို့ကို သူပုန်များလက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းပိုင် MH17 သည် သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်းပစ်ချမှုကြောင့်ဟု ယူဆရသောအခြေအနေကြောင့် ဇူလိုင် ၁၇ ရက်က ပျက်ကျပြီး လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။

ရေတင်စိုက်ပျိုးရသဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေ

Photo: ရေတင်စိုက်ပျိုးရသဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေ
Tuesday, July 29, 2014  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မိုးရွာသွန်း  မှုနည်းပါးသောကြောင့် မိုးစပါး များရေတင်စိုက်ပျိုးနေရပြီး မိုးစပါး  စိုက်ပျိုးစရိတ်ပိုမိုကုန်ကျနေရကြောင်း  ဒေသခံတောင်သူလယ်သမားများ ထံမှ သိရသည်။

ကောလင်းမြို့နယ်တွင် ၂၀၁၄ ခုနှစ် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် လျော့နည်းရွာသွန်းခဲ့ပြီး ဇူလိုင်လ   အတွင်း (၁) ရက်နေ့မှ (၂၂) ရက်  နေ့အထိ မိုးရေချိန် (၂.၁၆) လက်မရွာသွန်းခဲ့ကြောင်း။ ၂၀၁၄  ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်လအထိ မိုးရွာသွန်းမှုရက် (၂၆) ရက်ရှိပြီး မိုးရွာသွန်းမှုမိုးရေချိန်မှာ (၁၈.၂၅) လက်မသာရွာသွန်းခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်သည်အနိမ့် ပိုင်းဒေါင်းမြူးချောင်းနှင့် ဒုံးဒုတ်  ချောင်းဝန်းကျင်တွင်သာ မိုးစပါး စိုက်ပျိုးရေရရှိစိုက်ပျိုးနိုင်ခဲ့ပြီး အခြားနေရာဒေသများတွင် မိုးရွာ သွန်မှုပျံ့ပျံ့နှံ့နှံ့မရှိခြင်းကြောင့် ပျိုးထောင်ပြီးပျိုးခင်းများခြောက် သွေ့လျက်ရှိသည်။

ယခုနှစ်တွင် မကြုံစဖူးရာသီ ဥတုဖောက်ပြန်မှုကြောင့် မြေပြု  ပြင်ထွန်ယက်ရင်းခြောက်သွေ့နေ ပြီး တိုက်ရိုက်အစေ့ချစိုက်ပျိုးရန်  အစိုဓာတ်လုံလောက်မှုမရှိသည့်  အတွက် တောင်သူများအခက်တွေ့ နေကြသည်ဟု သိရသည်။

“မိုးကရွာတော့လည်း ရွာတယ် ဆိုရုံပဲ ကွက်ကျားမိုးတွေရွာနေ တော့ ရေကမတင်ဘူးတစ်ခါတစ် ခါမိုးကမှောင်မည်းပြီး ရွာတော့ မလိုလိုနဲ့ မရွာတော့ပြန်ဘူးပျိုးပင်  တွေလည်း ပျိုးသက်တွေကျောက် နေပြီး လယ်စိုက်နေသူတော်တော်  များများမိုးနဲ့ စိုက်လိုက်ရတယ်ဆို တာ မရှိသလောက်ပဲ ဒေါင်းမြူး ချောင်းနှင့် ဒုံးဒုတ်ချောင်းဝန်းကျင် က တောင်သူအချို့ကတော့ ရေတင်ပြီး စိုက်ပျိုးနေကြတာ မိုး စပါးကို ရေတင်ပြီးစိုက်နေရတော့ ရေတင်စရိတ်ပိုမိုကုန်ကျနေတာ ပေါ့ ချောင်းတွေ ရေမြောင်းတွေ နဲ့ နီးတဲ့လယ်တွေကတော့ ရေစုပ် စက်ငှားကလောက်ပဲ ကုန်ပေမယ့် ရေမနီးတဲ့ လယ်တွေကျတော့ လယ်မြေဝေးရင်ဝေးသလောက် ပိုမိုကုန်ကျပါတယ်”ဟု ဒေသခံ တောင်သူတစ်ဦးကဆိုသည်။

မိုးစပါးများ  ရေတင်စိုက်ပျိုး ပါကပုံမှန်မိုးစပါး  စိုက်ပျိုးကုန်ကျ စရိတ်ထက် ကျပ် (၇၀၀၀၀)နှင့် ကျပ် (၁၀၀၀၀၀) ကြား ပိုမိုကုန် ကျနေရကြောင်း မိုးစပါးများ ရေတင် စိုက်ပျိုးနေရသူ လယ် သမားများ ပြောကြားချက်အရ သိရသည်။

သက်တမ်းတို ရက်တိုစပါး မျိုးဝယ်ပြီး ကျဲပက်စိုက်ပျိုးမည် ဆိုပါကဧကပေါင်းများစွာအတွက် ရေ အခက်အခဲတွေရှိခြင်း၊ မိုး များများ  ရွာမှာကို တောင်သူတွေ စောင့်နေ ရုံကလွဲလို့ မည်သို့မျှ ပင် မတတ်နိုင်ကြောင်း ယခုနှစ် စပါးဈေးများကြီးမြှင့်နိုင်ကြောင်း၊ ဘဏ်ချေးငွေများ ပြန်ဆက်နိုင် ရေးအတွက် ခက်ခက်ခဲခဲကြိုး စားရမည်ဖြစ်ကြောင်းနှင့် အချို့ နေရာများတွင် ကျွဲ၊ နွားသောက် သုံးရေများပါ အခက်တွေ့နေရ ကြောင်း ဒေသခံများ အဆိုအရ သိရှိရပြီး  ၂၀၁၄-၁၅ ခုနှစ် ကောလင်းမြို့နယ်တွင်  မိုးစပါး (၈၇၄၀၀)ဧက စိုက်ပျိုးရန်  လျထားပြီး ယနေ့အထိ မိုးစပါး (၁၈၀၀၀)ဧကသာ စိုက်ပျိုးပြီးစီး ကြောင်း သိရသည်။

Hot News Journal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မိုးရွာသွန်း  မှုနည်းပါးသောကြောင့် မိုးစပါး များရေ တင်စိုက်ပျိုးနေရပြီး မိုးစပါး  စိုက်ပျိုးစရိတ်ပိုမိုကုန်ကျနေ ရကြောင်း  ဒေ သ ခံ တောင် သူ လယ်သမားများ ထံမှ သိရသည်။

PR စနစ် မကျင့်သုံးရန် NLD ပါတီဝင် တစ်ရာကျော် ဆန္ဒထုတ်ဖော်မည်

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော အချိုးကျကိုယ်စားပြုစနစ် PR ကို ရွေးကောက်ပွဲများတွင် အသုံးမပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူ NLD ပါတီဝင် ဦးလှညွန့်က ပြောကြားသည်။

အင်းလျားကန်အတွင်းမှ အမျိုးသားအလောင်းကိစ္စ တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းများကိုအမှုဖွင့်

ဧည့်သည်အမျိုးသား အလောင်းကို ရန်ကုန်မြို့ အင်း လျားကန်ထဲတွင် ဖျောက်ဖျက်ခဲ့သည့် တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းလေးဦးတို့ကို ကြည့်မြင် တိုင်ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့လယ်၌ လူပေါင်းရာနှင့်ချီ စုဝေးမှုဖြစ်

ရန်ကုန်မြို့လယ် ဆူးလေစေတီအနီး မဟာဗန္ဓုလလမ်းဘေးတွင် ရပ်ထားသည့် ကားများကို လမ်းပြောင်းပြန် မောင်း ဝင်လာသော ကားတစ်စီးက ဆင့်တိုက်ခဲ့ပြီး ဆူးလေးစေတီဘက်ကို ပြန်ကွေ့ထွက်ပြေးရာ ဆူးလေ ဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ်အနီး လမ်းလယ်ကျွန်းတွင် ရှိနေသည့် လူများကိုပါ တိုက်သွားသဖြင့် အဆိုပါ ကားတိုက်မှုကြောင့် ရန်ကုန်မြို့လယ်တွင် လူပေါင်းရာနှင့်ချီ စုဝေးမှု ဖြစ်ပွားခဲ့သည်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးဆောင်ရွက်ရာတွင် လက်နက်နှင့်ဘိန်းဖြူအမြောက်အမြား ဖမ်းမိ

မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးဆောင်ရွက်ရာ ဖမ်းဆီးရမိသော ဘိန်းဖြူများကို တာဝန်ရှိသူများက စစ်ဆေးနေစဉ် ဓာတ်ပုံ - မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်
တာချီလိတ်စစ်ဗျူဟာ နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြု လုပ်သည့် မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခု တွင် လက်ပစ်ဗုံး၊ သေနတ်များ နှင့်မြန်မာငွေကျပ် သိန်းနှစ်သောင်းနှစ်ထောင်ကျော်တန် ဘိန်းဖြူများ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေမပေးနိုင်၍ KIA ဖမ်းဆီးသွားသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး ချုပ်နှောင်ခံထားရ

Photo: ငွေမပေးနိုင်၍ KIA ဖမ်းဆီးသွားသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး ချုပ်နှောင်ခံထားရ
Tuesday, July 29, 2014

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ဆယ်ဇင်းကျေးရွာအပိုင်၊ ဝေကန်မှော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား တောင်းသည့်ငွေ မပေးနိုင်၍ ဇူလိုင် ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားပြီး ချုပ်နှောင် ထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA အဖွဲ့သည် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နေအိမ်သို့ ရောက်ရှိလာပြီး ငွေ ၅ သိန်းပေးရန် တောင်းရာ အဆင်မပြေသဖြင့် ငွေလျော့ယူရန် ပြောသော်လည်း လက်မခံဘဲ ထိုးကြိတ်ရိုက်နှက်ကာ အတွင်းရေးမှူး ဦးမောင်ကြီးနှင့်အတူ ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ငွေ ၅ သိန်း ပေးဆိုပြီး လာတောင်းတယ်၊ ကိုမြင့်လွင် က အဲဒီလောက်ငွေ မတတ်နိုင်တဲ့အတွက် ရှိတဲ့ငွေ ၁ သိန်းပဲ ယူသွားပါဆိုပြီး တောင်းပန်တာ မရဘူး၊ တောင်းတဲ့ငွေ မပြည့်လို့ ဟိုသတင်းပေးတယ် ဒီသတင်းပေး တယ်ဆိုပြီး ဖမ်းသွားတာ ” ဟု အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက ပြောသည်။

ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား KIA အဖွဲ့မှ တပ်ရင်း(၂၆)ဌာနချုပ် အချုပ်ခန်းတွင် ချုပ်နှောင်ထားကြောင်း အတွင်းရေးမှူး၏ ဇနီးဖြစ်သူအား လာရောက်သတင်းပေးသဖြင့် ပြန်လည်လွတ်မြောက် ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

“ ကျွန်မက ကိုမောင်ကြီးရဲ့ ဇနီး ဒေါ်လှဂျာ ပါ ၊ ကချင် တိုင်းရင်းသူစစ်ပါရှင်၊ ကျွန်မတို့ သိကျွမ်းတဲ့ KIA တပ်ဖွဲ့ဝင် တချို့ဆီကနေ သတင်းရပါတယ်၊ ကိုမောင်ကြီးတို့ ၂ ယောက်ကို အချုပ်ခန်းထဲမှာ ချုပ်ထားတယ်၊ ဒါ့ကြောင့် ကျွန်မ ဖုန်းဆက်ပြီး နောင်လွတ်ခရိုင်ရုံးကို လှမ်းတောင်းပန်ပါတယ်၊ ငွေပေးပါ့မယ်၊ လွှတ်ပေးပါလို့ ပြောတာ လုံးဝ ငြင်းလိုက်တယ် ” ဟု ယင်းက ပြောကြားသွားသည်။

ဒေါ်လှဂျာ မှ ဇူလိုင် ၂၂ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း KIA အဖွဲ့မှ ထိန်းသိမ်းထား ခြင်းမရှိဟု ငြင်းဆိုခဲ့ကြောင်းနှင့် ဦးမြင့်လွင်နှင့် ဦးမောင်ကြီး တို့ နှစ်ဦးသည် ဇူလိုင် ၂၈ ရက်နေ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ရဲမာန်သော်
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ဆယ်ဇင်းကျေးရွာအပိုင်၊ ဝေကန်မှော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား တောင်းသည့်ငွေ မပေးနိုင်၍ ဇူလိုင် ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားပြီး ချုပ်နှောင် ထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လိုင်ဇာညီလာခံတတိယနေ့တွင် ကုလနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်

Photo: လိုင်ဇာညီလာခံတတိယနေ့တွင် ကုလနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်
Tuesday, July 29, 2014

လိုင်ဇာမြို့တွင်ပြုလုပ် လျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ထိပ်သီးအစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အထူးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

NCCT ထိပ်သီးအစည်း အဝေးတတိယနေ့ မွန်းလွဲပိုင်းအစီ အစဉ်တွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ်မစ္စတာ ဘီဂျေနမ် ဘီးယားနှင့်အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာအထူး အကြံပေးအဖွဲ့မှ မစ္စတာတန်ယန်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

NCCT ထိပ်သီးအစည်း အဝေးသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန် ကီမွန်းကလည်း သဝဏ်လွှာပေးပို့ ခဲ့သည်။ ကုလအထူးကိုယ်စား လှယ် မစ္စတာနမ်ဘီးယားက နှုတ် ဆက်အမှာစကား ပြောကြားခဲ့ သည်။

‘‘တစ်နိုင်ငံလုံးရဲ့ရှေ့ရေးကို ဒီဆွေးနွေးပွဲကနေ အကောင်းဆုံး ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါ တယ်’’ဟု မစ္စတာဘန်ကီမွန်းက သဝဏ်လွှာပေးပို့သည်။

အစည်းအဝေးတွင် တရုတ် နိုင်ငံမှ ကိုယ်စားလှယ်မစ္စတာတန် ယန်းက ၎င်း၏မြန်မာအမည်မှာ ထွန်းလွင်ဖြစ်ပြီး အစည်းအဝေး သို့တက်ရောက်ရန် စီစဉ်ထား သည့်တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယိဖန်း မတက်ရောက်နိုင်၍ ကိုယ်စားတက်ရောက်ခြင်းဖြစ် ကြောင်း နှုတ်ဆက်အမှာစကား ကိုမြန်မာဘာသာဖြင့် ပြောကြားခဲ့ သည်။

တရုတ် အထူးကိုယ်စား လှယ်က ၎င်းတို့နိုင်ငံတွင် နိုင်ငံ ရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသားများအနေဖြင့် တည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုများခံစားနေပြီဖြစ်ကြောင်းဆက်လက်ပြောသွားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်မှုရှိရမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်သေးဘဲ စီးပွားရေး တိုးတက်မှုနည်းကွေးနေကြောင်း တရုတ်အထူးကိုယ်စားလှယ်က ပြောကြားသည်။

‘‘အမှန်အတိုင်းပြောမယ်ဆို ရင် တစ်ကမ္ဘာလုံးလည်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ပြောမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့အရှိန် ဟာ နှေးကွေးနေပါတယ်။ နောက်ကျနေပါတယ်။ အဲဒါကို ကျွန် တော်တို့မလိုလားပါဘူး။ အိမ်နီး ချင်းအနေနဲ့ ကျွန်တော်တို့မလို လားပါဘူး’’ဟုဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တွင် လိုအပ်ချက်များ ရှိပါက အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးသွား မည်ဟု တရုတ်နှင့်ကုလအထူး ကိုယ်စားလှယ်များကဆိုသည်။

NCCT ထိပ်သီးအစည်း အဝေးသည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဇူလိုင် ၂၉ ရက် တွင် NCCT အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသားအဖွဲ့များဖြင့် ညီ လာခံဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY
လိုင်ဇာမြို့တွင်ပြုလုပ် လျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ထိပ်သီး အစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အထူးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

အိမ်ဖြူတော်ကို နျူကလီးယား လက်နက်ဖြင့် တိုက်မည်ဟု မြောက် ကိုရီးယား က ခြိမ်းခြောက်

Photo: အိမ်ဖြူတော်ကို နျူကလီးယား လက်နက်ဖြင့် တိုက်မည်ဟု မြောက် ကိုရီးယား က ခြိမ်းခြောက်
Tuesday, July 29, 2014

ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု မြင့် တက်အောင် အမေရိကန်က ဆောင်ရွက်နေသည်ဟု စွပ် စွဲပြီးနောက် အိမ်ဖြူတော်နှင့် ပင်တဂွန်ကို နျူကလီးယား တိုက်ခိုက်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယား၏ ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ခြိမ်းခြောက်လိုက်သည်။

၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ခုနှစ်အထိဖြစ်ခဲ့သည့် ကိုရီးယားစစ်ကို အဆုံးသတ်စေခဲ့သော စစ်ရပ်စဲရေး သဘောတူညီချက်ရသည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို မြောက်ကိုရီးယားက ရောမစစ်သည်ထု အစုအဝေး ဖြင့် ဇူလိုင် ၂၇ ရက်၌ကျင်းပသည်။ ထိုအခမ်းအနားတွင် စစ်ဘက်အထွေထွေနိုင်ငံရေး ဗျူရိုညွှန်ကြားရေးမှူး ဟွမ် ပျုန်ဆိုကမိန့်ခွန်းပြောသည်။ သူမိန့်ခွန်းပြောစဉ် အထက် ပါအတိုင်းခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ မကြာသေးမီ ကာလ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ပြု လုပ်ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာ မှုကို ပို၍မြင့်တက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်သည် ဟု ဟွမ်ကဆိုသည်။ 

တောင်ကိုရီးယားနှင် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ရာ၌ အမေရိကန်၏ နျူကလီး ယားစွမ်းအားသုံး လေယာဉ်တင် သင်္ဘောချထားခြင်း လည်း ပါဝင်သည်။ ဟွမ်သည် ကိုရီးယားပြည်သူ့တပ်မတော်တွင် ဒုတိယမာရှယ်လ်အဆင့်ရှိသည်။

''အမေရိကန်နယ်ချဲ့က ကျွန်ုပ်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုနဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက် လာရင် ကျွန်ုပ်တို့ရဲ့ စစ်တပ်တွေက ကျွန်ုပ်တို့ရဲ့ နျူကလီး ယားလက်နက် တပ်ဆင်ထားတဲ့ ဒုံးပျံတွေနဲ့ အိမ်ဖြူ တော်နဲ့ ပင်တဂွန်တို့ကိုပစ်မယ်၊ အိမ်ဖြူတော်နဲ့ ပင်တဂွန် ဆိုတာတွေဟာ မကောင်းမှုအားလုံးတွေရဲ့ ရေသောက် မြစ်တွေဖြစ်တယ်'' ဟု ဇူလိုင် ၂၈ ရက်၌ နိုင်ငံပိုင်ရုပ်မြင် သံကြားမှထုတ်လွှင့်သည့် မိန့်ခွန်းတွင်ထည့်သွင်းပြော ကြားလိုက်သည်။

သို့ရာတွင် မြောက်ကိုရီးယားသည် အမေရိကန်သို့ ရောက်နိုင်သော ဒုံးပျံပိုင်ဆိုင်ရန် အလှမ်းဝေးသေး သည်ဟု ကျွမ်းကျင်သူအများစုက ယုံကြည်ထားသည်။

Ref : AFP
Yangon Media Group
ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု မြင့် တက်အောင် အမေရိကန်က ဆောင်ရွက်နေသည်ဟု စွပ် စွဲပြီးနောက် အိမ်ဖြူတော်နှင့် ပင်တဂွန်ကို နျူကလီးယား တိုက်ခိုက်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယား၏ ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ခြိမ်းခြောက်လိုက်သည်။

ထိုင်ခုံပေါ်ထိုင်နေရင်း ပြုလုပ်နိုင်သည့် လေ့ကျင့်ခန်းများ

အလုပ်တွင် နာရီများစွာကြာအောင်ထိုင်ပြီး အလုပ်လုပ်ရခြင်းကြောင့်ကျောရိုးထိခိုက်သည့်ဒဏ် (သို့မဟုတ်) နောက်ကျောမာတောင့်နေသည့် ဒဏ်ကို ခံစားနေရပါက ယင်းဖိအားများကို လျော့ကျစေမည့် ရိုးရှင်းသော အောက်ပါလေ့ကျင့်ခန်းများ လုပ်ပေးပါ။

လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ရုရှား ဖောက်ဖျက်ခဲ့ကြောင်း အမေရိကန်စွပ်စွဲ

Photo: လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ရုရှား ဖောက်ဖျက်ခဲ့ကြောင်း အမေရိကန်စွပ်စွဲ
Tuesday, July 29, 2014

ရုရှားနိုင်ငံသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ခရုစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခြင်းဖြင့် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အစိုးရက စွပ်စွဲခဲ့သည်။

(၁၉၈၇)ခုနှစ်က သဘောတူ လက်မှတ်ထိုးထားသည့် လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ချိုးဖောက်ပြီး ရုရှားက မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။ အဆိုပါ စာချုပ်အရ ရုရှားသည် ကီလိုမီတာ (၅၀၀)မှ (၅၅၀၀)အတွင်း ခရီးပေါက်နိုင်သည့် ဒုံးကျည်များ စမ်းသပ်ခွင့် မရှိကြောင်းလည်း အဆိုပါ အရာရှိက ဆိုသည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည် ယင်းကိစ္စနှင့် စပ်လျဉ်းပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံသို့ စာတစ်စောင် ပေးပို့ အရေးဆိုခဲ့ကြောင်း သိရသည်။ “ရုရှားနဲ့ ပတ်သက်ပြီး အခုအချိန်မှာတော့ ဒီကိစ္စဟာ တကယ့်ကို လေးနက်တဲ့ အခြေအနေ တစ်ရပ်လို့ ကျွန်တော်တို့ ယူဆရပါမယ်”ဟုလည်း အဆိုပါ အရာရှိက ဆိုသည်။ အမေရိကန်က ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအဆင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေကြောင်းလည်း AFP က ဖော်ပြခဲ့သည်။

နယူးယော့ခ်တိုင်းမ် သတင်းစာက (၂၀၀၈)ခုနှစ် ဝန်းကျင်တွင် ရုရှားသည် မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ကာ (၁၉၈၇)ခုနှစ် သဘောတူ စာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ယခုနှစ် အစောပိုင်းတွင် စတင်ရေးသားခဲ့သည်။ တာလတ်ပစ် နျူကလီးယားလက်နက်စာချုပ် (INF)ဟု အမည်ပေးထားသည့် အဆိုပါ စာချုပ်ကို အမေရိကန် သမ္မတ ရော်နယ်လ်ရေဂင်နှင့် (ယခင်ဆိုဗီယက်) ရုရှားသမ္မတ မစ်ခေးလ် ဂိုဘာချော့ဗ်တို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

_Ref: Channelnewsasia
7Day DAILY
ရုရှားနိုင်ငံသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ခရုစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခြင်းဖြင့် လက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အစိုးရက စွပ်စွဲခဲ့သည်။

ဘန်ကောက်သွားမည့် တရားမ၀င် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ

Photo: ဘန်ကောက်သွားမည့် တရားမ၀င် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ
Tuesday, July 29, 2014

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် ကုန်တင်ကားတစီးထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို  ဖမ်းဆီးရမိတယ်လို့  စစ်တပ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သည်နေးရှင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းက ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ မယ်ပကျေးရွာအုပ်စု ထဲမှာ ရှိတဲ့ မဲဆောက် – တာ့ခ်သွား ကားလမ်းပေါ်မှာ တာဝန်အရ ဖြတ်သန်း လာတဲ့ ယာဉ်တွေကို စစ်ဆေးရာကနေ ဆယ်ဘီးကားပေါ်မှာ ကုန်ပစ္စည်းလို တင်ဆောင်လာတဲ့ တရားမ၀င်အလုပ်သမားတွေကို ဖမ်းမိတာလို့  ထိုင်း အမှတ် ၄ ခြေလျင်တပ်ရင်း စစ်ကြောင်းမှူး  ဗိုလ်မှူးကြီး အာဆာဟ် ဖွန်ဆုဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အစောပိုင်းက ဆယ်ဘီးကားနောက်ခန်းကို မိုးကာနဲ့ ပိတ်ပြီး ကြိုးနဲ့ ချည်နှောင်ထားကြောင်း၊ ကားသမားမှာ မသင်္ကာဖွယ် အပြုအမူမျိုး တွေ့ရတဲ့အတွက် မိုးကာကို ဖွင့်ကြည့်ရာမှာ  အထောက်အထားမဲ့ အမျိုးသား ၆ ဦး နဲ့  အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးတို့ကို ဖမ်းမိတယ်လို့ တပ်မမှူးက ပြောပါတယ်။

ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားကို စစ်ဆေးချက်အရ သူတို့တွေကို မဲဆောက်ကနေ ဘန်ကောက်ကို ပို့ပေးဖို့ ဘတ် ၁၅၀၀၀ နဲ့ ခေါ်ခဲ့ကြောင်း၊ ဥပဒေချိုးဖောက်တဲ့ အလုပ်မှန်းသိပေမယ့် ငွေလိုတဲ့အတွက် လက်ခံလိုက်တာဖြစ်ကြောင်း ယာဉ်မောင်းဖြစ်သူ နိုင်းဘွန်းဆီက ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အလုပ်သမားတွေကို မေးမြန်းရာမှာတော့ သူတို့ဟာ ဘန်ကောက်ကို သွားဖို့အတွက် ပွဲစားကို ၁ ဦး ဘတ် ၁၅၀၀၀ စီ ပေးခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။

သူတို့ကို တရားဥပဒေအရ ဆက်လက်အရေးယူဖို့ မဲဆောက်မြို့နယ် လ၀ကရဲစခန်းကို ဆက်လက် ပို့ဆောင်ထားတယ်လို့ စစ်ကြောင်းမှူးက ထိုင်းသတင်းထောက်တွေကို ပြော သွားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း ဘန်ကောက်ကို သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းစစ်သားတွေက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးမှာ ဖမ်းဆီးလိုက်ပါတယ်။

 ဒီဗွီဘီ 

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် ကုန်တင်ကားတစီးထဲမှာ အထောက်  အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို  ဖမ်းဆီးရမိတယ်လို့  စစ်တပ်တာဝန်ရှိသူတွေရဲ့ အပြော ကို ကိုး ကားပြီး သည်နေးရှင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Facebook တွင် ရေးသားသည့် စာသားနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ ပါကစ္စတန်တွင် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး အသတ်ခံရ

ပါကစ္စတန်နိုင်ငံတွင် Facebook စာသားနှင့် ပတ်သက်ပြီး အငြင်းပွားကြရာမှ လူတစ်စု၏ သတ်ဖြတ် မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် သူမ၏ ကလေးများ သေဆုံးခဲ့ရသည်ဟု Reuters သတင်းဌာန တွင် ဖော်ပြ ထားသည်။

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား လျှောက်ထား ရမည်

ပြည်သူများ တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ စာတိုက်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ကြားဖြတ်တွင် အခက်အခဲရှိပါက ၂၀၁၅ မတိုင်မီ မဲဆွယ်ခွင့် ညွှန်ကြား ချက် ပြန်လည်ပြုပြင်မည်

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆင်မပြေမှုများရှိပါက၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ပြန်ပြင်ပေးမည်ဟု ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇူလိုင် ၂၈ ရက်တွင် မဇ္ဈိမ ကို ပြောသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ၌ ပရိသတ်များကို အရက်သောက်ထားခြင်း ရှိမရှိ စစ်ဆေးမည်ဟုဆို

Photo: မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ၌ ပရိသတ်များကို အရက်သောက်ထားခြင်း ရှိမရှိ စစ်ဆေးမည်ဟုဆို
Tuesday, July 29, 2014

ရန်ကုန်အသင်းပိုင် မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သော ပရိသတ်များ၏ အပြုအမူကြောင့် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမှ စတင်၍ ပရိသတ်များကို အရက်သောက်သုံးထားခြင်း ရှိမရှိ စစ်ဆေးမည့် Alchol Test ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

“အစီရင်ခံစာတစ်ခု ရေးနေပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တင်ပြပြီး လုံခြုံရေး ကော်မတီနဲ့လည်း ညှိနှိုင်းမယ်” ဟု ၎င်းက ပြောဆိုသည်။

အရက်အမူးလွန်သော ပရိသတ်များကို ကွင်းအတွင်း မဝင်ခင်ကတည်းက စစ်ဆေးသင့်ပြီး ကွင်းအတွင်း၌ ဆူပူမှုများ ဖြစ်လာပါက အိမ်ကွင်း ပိတ်ပင်သည်အထိ အရေးယူ ခံရနိုင်သောကြောင့် အိမ်ရှင်အသင်းများ အနေနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး စစ်ဆေးမှုများ၊ လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြားသည်။ 

ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၃၀ ခန့် တာဝန်ယူခဲ့ကြောင်း၊ ပြိုင်ပွဲအတွင်း ပြဿနာ ဖြစ်ပွားချိန်တွင် ပြဿနာ ပိုမိုကြီးထွားမည်ကို စိုးရိမ်ခြင်းကြောင့် ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခြင်းမျိုး မရှိဘဲ ဓာတ်ပုံ မှတ်တမ်းများသာ ရိုက်ကူးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လုံခြုံရေးတာဝန်ခံ ဦးအေးချိုက ရှင်းပြသည်။

တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ဖြစ်ပေါ်ခဲ့သော ယင်းပွဲပြီးဆုံးချိန်တွင် ပရိသတ်များက ဒိုင်လူကြီးကို ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းသို့ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်ခြမ်းရှိ ပရိသတ်များနှင့် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းတို့ စကားများခဲ့ကာ ယင်းအသင်း ပရိသတ်များက အဆောင်ကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြသည်။

The Voice Weekly
ရန်ကုန်အသင်းပိုင် မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံပွဲစဉ် အတွင်း ဖြစ်ပွားခဲ့သော ပရိသတ်များ၏ အပြုအမူကြောင့် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမှ စတင်၍ ပရိသတ် များကို အရက်သောက်သုံးထားခြင်း ရှိမရှိ စစ်ဆေးမည့် Alchol Test ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း မြန် မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

မြန်မာကလေးငယ် ထက်ဝက်ခန့် အာဟာရချို့တဲ့၍ အရပ်ပုနေ

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ အာဟာရချို့တဲ့မှုနှုန်း တတိယမြောက် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး အာဟာရ ချို့တဲ့မှုကြောင့် ကလေးငယ်ထက်ဝက်ခန့်မှာ အရပ်ပုနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ပြန်သည်။

ဗိုလ်ချုပ်နှင့် မလုပ်စားစေချင်

ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းခေါင်းဆောင်၊ လွတ်လပ်ရေး ဖခင်တစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း သေဆုံးမှုသည် အမျိုးသားရေး ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း ဆရာချစ်ဦးညိုမှ ပြောခဲ့ဖူးသည်။ တရုတ်နိုင်ငံတွင် ဒေါက်တာဆွန်ယက်ဆင်၊ ဗီယက်နန် နိုင်ငံတွင် ဟိုချီးမင်း၊ အန္ဒိယနိုင်ငံတွင် မဟတ္တမဂန္ဒီ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆိုကာနီ၊ ဖိလစ်ပိုင်နိုင်ငံတွင် ဟိုဆေးရီဇာ စသည့်ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာနိုင်ငံများတွင် နိုင်ငံ့ဂုဏ်ဆောင်သူများ၊ လွတ်လပ်ရေး ဖခင် နှင့် အမျိုး သားရေး ဖခင်များ ဖြစ်ကြသည်။ ၎င်းတို့ကို တစ်နိုင်ငံလုံးကပိုင်ဆိုင်ပြီး ၎င်းတို့ဆုံးရှုံးမှုကို နိုင်ငံတော် ဆုံးရှုံး မှုဟု ခံယူထားကြသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်သည်။

ထိုင်းမှာ ကျောင်းသားဗီဇာတွေ တင်းကြပ်နေ

ထိုင်းနိုင်ငံ မှာ စစ်အစိုးရ တက်ပြီးနောက် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား စတဲ့ အိမ်နီးချင်း နိုင်ငံတွေက လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ကို ကန့်သတ် စီစစ်မှုတွေ လုပ်နေသလို၊ ကျောင်းသား ဗီဇာတွေကို လည်း တော်တော်လေး တင်းကြပ် နေပါတယ်။

စစ်ရှိန်မကျသေးတဲ့ အစ္စရေး ဟားမားစ် တိုက်ပွဲ

အနောက်နိုင်ငံတွေ နဲ့ ကုလသမဂ္ဂ ဘက် ကနေ အစ္စရေး ကို ရော၊ ပါလက်စတိုင်း ကို ပါ အပစ်ရပ်ကြ ဖို့ နည်းမျိုးစုံ နဲ့ တိုက်တွန်း၊ ဖျောင်းဖျ၊ ကြပေမယ့် နှစ်ဖက်စလုံး က အလျှော့ ပေးမယ့် အရိပ် အယောင် မပြကြ သေးပါဘူး။

တပ်မတော်မှအခြားအဆင့်ဖြင့် သက်ပြည့်ပင်စင်ယူသွားသူများအား လုပ်သက်ဆုကြေးဖြင့် ခုနှိမ်၍ အိမ်ရာများစီစဉ်ပေးမည်

၂၀၀၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ၁၀နှစ်တာကာ လအတွင်း တပ်မတော်တွင် အခြားအဆင့်ဖြင့် တာဝန် ထမ်း ဆောင်ကာ သက်ပြည့်ပင်စင်ယူခဲ့ သည့် တပ်မတော်သားများအ တွက် အငြိမ်းစား လုပ်သက် ဆု ကြေးမှ ခုနှိမ်၍ ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးအတွက် အထပ် မြင့်စစ်မှုထမ်းဟောင်း အိမ်ရာများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသတင်းရရှိသည်။

အန္တရာယ် ကင်းအောင် စားသောက် နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက် ထမင်း ကြိုက်သူများ ဒံပေါက် မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ် အတောက် ကင်းပါသည်။

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုပြီးစီး၍ သက်ဆိုင်ရာသို့တင်ပြထား

 
ဆူးလေဘုရားအနီး AGD ဘဏ်အား ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် 
AGD ဘဏ်ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ  ဟုတ်၊ မဟုတ်စစ်ဆေးနေသည့် ပဏာမ စစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြီးစီးသွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ဇူလိုင် ၂၈ ရက် မွန်းလွဲ ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုဟု လီဆယ်တိုင်ကြားသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးအား ဖမ်းဆီးရမိ

Photo: မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုဟု လီဆယ်တိုင်ကြားသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးအား ဖမ်းဆီးရမိ
Tuesday, July 29, 2014

ဇူလိုင်လဆန်းကဖြစ်ပွားခဲ့သော မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုကို လီဆယ်တိုင်တန်းသူနှင့် နောက်ကွယ်မှ အားပေးအားမြှောက်ပြုသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးဖြစ်သူ မဟေမာကျော်နှင့် ဒေါ်မာလာတို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ပြီး မြ၀တီလ၀ကမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၆ ရက်က မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ မြ၀တီသို့လ၀ကမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ပြီးနောက် ဇူလိုင် ၂၇ ရက်နံနက်တွင် ဟေမာကျော်နှင့် ဒေါ်မာလာတို့ကို မန္တလေးခရိုင်၊ ပြင်ဦးလွင်မြို့နယ်သို့ လွှဲပြောင်းပေးခဲ့ပြီး ရဲထွဋ်ကို ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း မြ၀တီခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

"သုံးယောက်လုံးကို ဟိုဘက်ကမ်းမှာမိတာပါ။ နောက်ရက်မှာ ချက်ချင်းပဲ ဟေမာကျော်နဲ့ ဒေါ်မာလာကို မန္တလေးလွှဲပေးလိုက်ပါပြီ။ ရဲထွဋ်ကိုတော့ ရန်ကုန်ကိုပို့လိုက်တယ်။ တာဝန်ရှိသူတွေစစ်ဆေးဖို့ လိုအပ်လို့နေမှာပါ။ ကျန်တာတော့ မသိပါဘူး" ဟု တာဝန်ကျရဲအရာရှိတစ်ဦးက The Daily Eleven ကို ပြန်လည်ဖြေကြားသည်။

မန္တလေးဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြဿနာ စတင်ဖြစ်ပွားသည့် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေ၀င်းညီအစ်ကိုမှ ဆိုင်ဝန်ထမ်းမစိုးစိုးကို နေပြည်တော်ရှိ လက်ဖက်ရည်ဆိုင်သစ်တွင် အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားပြီး ပျဉ်းမနားတောင်ညို ကားလမ်းနံဘေးတွင် ညီအစ်ကိုနှစ်ဦးစလုံးက သားမယားအဖြစ်ပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု ပျဉ်းမနားမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပြီး ယင်းတိုင်တန်းမှုသည် လီဆယ်တိုင်တန်းမှုဖြစ်ကြောင်း ဇူလိုင် ၁၉ ရက် ညပိုင်းက နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းအပြင် လီဆယ်တိုင်ကြားသူ မစိုးစိုး၏အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမဖြစ်ပြီး ၎င်းကိုမုဒိမ်းကျင့်သည်ဟု တိုင်ကြားခံရသည့် ဆန်းကဖီးပိုင်ရှင်ညီအစ်ကိုနှစ်ဦးထံတွင် အလုပ်လုပ်ကိုင်ဖူးခြင်းမရှိကြောင်း၊ ဆေးစစ်ချက်များအရ အဓမ္မပြုကျင့်ခံရသည့် လက္ခဏာမရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် လိမ်လည်တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမနှင့် ညွှန်ကြားသူ နုနုမြတ်တို့ကိုဖမ်းမိခဲ့ပြီး သူမတိုင်ကြားထားသော မုဒိမ်းမှုကိုပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်နေသူ ရဲထွဋ် (ခ) သူရရဲထွဋ်၊ ဟေမာကျော်နှင့် ဒေါ်မာလာတို့ကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာမှ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

"ဟေမာကျော်နဲ့ ဒေါ်မာလာတို့ကို မန္တလေး၊ ပြင်ဦးလွင်ခရိုင်မှာ အမှုဖွင့်ထားလို့ လွှဲပေးတာတော့သိတယ်။ ရဲထွဋ်ကတော့ မရောက်လာသေးတော့မသိဘူး။ ဟေမာကျော်တို့ကို လိမ်လည်မှုရယ်၊ တရားရုံးမထီမဲ့မြင်မှုတွေနဲ့ ဖွင့်ထားတာရှိတယ်။ ရဲထွဋ်ကိုတော့ စစ်ဆေးထွက်ချက်ပေါ်မှာမူတည်ပြီး ပုဒ်မတွေထပ်တက်လာမှာပေါ့" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီးတစ်ဦးကဆိုသည်။

Eleven Media Group 

MJN ရုံးခန်းတွင် မဟေမာကျော်နှင့် ဒေါ်မာလာတို့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ကြစဉ်
MJN ရုံးခန်းတွင် မဟေမာကျော်နှင့် ဒေါ်မာလာတို့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ကြစဉ်
ဇူလိုင်လဆန်းကဖြစ်ပွားခဲ့သော မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုကို လီဆယ်တိုင်တန်း သူနှင့် နောက် ကွယ်မှ အားပေးအားမြှောက်ပြုသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးဖြစ်သူ မဟေမာကျော်နှင့် ဒေါ် မာလာတို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ပြီး မြ၀တီလ၀ကမှတစ်ဆင့် လွှဲပြောင်းပေးအပ် ခဲ့ကြော င်း သတင်းရရှိသည်။

စစ်ဘက်ရာထူးနှင့်အဆင့် အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့တင်သွင်း

စစ်ဘက်ရာထူးနှင့်အဆင့် အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ ကြမ်း အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဇူလိုင် ၂၈ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။

မလေးရှား ပျက်ကျလေယာဉ် ဒုံးကျည်စထိမှန်ကြောင်း Black Box မှတ်တမ်းတွေ ပြသ

Photo: မလေးရှား ပျက်ကျလေယာဉ် ဒုံးကျည်စထိမှန်ကြောင်း Black Box မှတ်တမ်းတွေ ပြသ
Tuesday, July 29, 2014

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာ နား တ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့ မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်းစစ်တပ် က ပြောလိုက် ပါတယ်။

ဒါ့အပြင် မလေးရှားလေယာဉ်မှတ်တမ်းတွေအရ လေယာဉ်ဟာ Shrapnel ဒုံးကျည်နဲ့ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားနယ်စပ်နားမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေ ကို ထိုးစစ်တွေဆင်နေတဲ့တချိန်တည်းမှာပဲ ယူကရိန်း စစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko က ကိယဗ်မြို့တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျသွားတဲ့နားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေဟာ အဲဒီနားတ၀ိုက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို ၂ ရက်ဆက်တိုက်ဖျက်ခဲ့ရပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို လေ့လာသုံးသပ်နေတဲ့ ဗြိတိန်နိုင်ငံက စုံစမ်း စစ်ဆေးသူတွေကတော့ Shrapnel ဒုံးကျည်ထိခဲ့တာလို့ Lysenko ပြောတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးပြောကြားခဲ့ခြင်းမရှိဘဲ ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဒတ်ခ်ျ စုံစမ်းစစ်ဆေးသူတွေကလည်း ဒါကို အတည်ပြုဖို့ ငြင်း ဆန် ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာ နား တ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့ မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်း စစ် တပ်က ပြောလိုက်ပါတယ်။

လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Malinowski နဲ့ VOA တွေ့ဆုံမေးမြန်းခန်း

Photo: လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Malinowski နဲ့ VOA တွေ့ဆုံမေးမြန်းခန်း
Tuesday, July 29, 2014

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီးမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို VOA Mandarin ဌာနရဲ့ အမျိုးသမီး သတင်းထောက်က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ရာမှာ မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နရတဲ့ အဓိကပြဿနာတွေနဲ့ ပတ်သက်လို့ မေးခွန်းတချို့မေးခွင့်ခဲ့ရတာကို ဒေါ်လှလှသန်း ကပြန်လည်တင်ပြပေးထားပါတယ်။

မေး။   ။ ဗွီအိုအေနဲ့တွေ့မေးမြန်းခွင့်ပြုတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မေးချင်တာကတော့ အခြေအနေဟာ တိုးတက်ကောင်းမွန်လာခဲ့ခြင်းမရှိဘူးဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်နိုင်ဖွယ်တွေရှိပါသလား။ ရှိခဲ့ရင်လည်း ဘယ်လိုအရေးယူနိုင်မလဲဆိုတာကို သိပါရစေ။

Tom: ကျနော်တို့အနေနဲ့ မြန်မာအစိုးရကို ပြောခဲ့ပြီးဖြစ်ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေးဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ကျနော်တို့ဘက်ကလိုလားပါတယ်။ ဆက်ဆံရေးတိုးတက်အောင်လည်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း မြန်မာနိုင်ငံမှာ အခြေအနေဟာ ဆိုရွားလာတယ်ဆိုရင် ကျနော်တို့ဘက်ကလည်း နောက်ပြန်ဆုတ်နိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ အဲဒီအခြေအနေ မရောက်သေးဘူးလို့ပြောရမှာပါပဲ။

“လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ သိပ်ကိုအဖြေရခက်တဲ့ မေးခွန်းတွေ အမေးခံနေရတဲ့အခြေအနေကို ရောက်နေပါတယ်။ အခြေခံကျတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါ့မလား၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအခြေအနေ၊ ဒါတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့အခြေအနေပါ။

“အစိုးရတွင်းမှာရော၊ အစိုးရပြင်ပမှာရော၊ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေနဲ့ ကျနော်တို့ ထိတွေ့ဆက်ဆံပြီး ဒီဖော်ဆောင်မှုကို ရှေ့တိုးဆောင်ရွက်ဖို့ ဖိအားပေးတိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။ အခုလို တိုက်တွန်းတဲ့အတိုင်းပဲလည်း အကောင်အထည် ပေါ်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

မေး။   ။  တခါတရံ မီဒီယာအနေနဲ့ အခြေအနေကို ပိုဆိုးလာအောင် လှုံ့ဆော်ပေးတယ်လို့ ပြစ်တင် ဝေဖန်ခြင်းခံရတာတွေ တွေ့ရပါတယ်။ ဒီအမြင်ကိုရော လက်ထောက်ဝန်ကြီးအနေနဲ့ သဘောတူပါသလား။

ဖြေ။     ။ ကမ္ဘာပေါ်ရှိတဲ့ တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း တာဝန်မဲ့သတင်းဖော်ပြမှုတွေ ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဘာသာရေး အကြမ်းဖက်မှု နောက်ကွယ်မှာလုပ်ဆောင်နေတာ၊ သတင်းမီဒီယာကမဟုတ်ဘဲ မြန်မာသမ္မတဦးသိန်းစိန်ပြောခဲ့တဲ့အတိုင်းပါပဲ။ မကြာသေးမီက မန္တလေးမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနောက်ကွယ်မှာ စနစ်တကျ စည်းရုံးလှုံ့ဆော်မှုရှိနေတာတွေ့ရပါတယ်။ ဒီအကြမ်းဖက်မှုကို ဘယ်သူတွေက ကျူးလွန်တယ်ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့က အစိုးရရဲ့ တာဝန်ပါ။ လူတွေကို သတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ခဲ့တာတွေကိုပေါ့ ။ သတင်းမီဒီယာကို အပြစ်မတင်သင့်ပါဘူး။

ဖြေ။     ။ နောက်ဆုံးမေးခွန်းပါ။ အင်တာနက်ပေါ်မှာ အမုန်းတရားပွါးစေတဲ့ ပြောဆိုရေးသားမှုတွေ ဖြစ်တဲ့ Hate Speech မျိုးကိုဟန့်တားပေးဖို့ ဒါမှမဟုတ်၊ ဟန့်တားရာမှာ မြန်မာအစိုးရကို အကူအညီပေးဖို့ အမေရိကန်အစိုးရအနေနဲ့ အစီအစဉ်ရှိပါသလား ။

ဖြေ။     ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးလှုပ်ရှားသူအချို့အပေါ် အင်တာနက်ပေါ်ကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ တွေ့နေရလို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ တချို့ မျိုးချစ်ဝါဒီအုပ်စုတွေက မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ဘာသာရေး အမုန်းတရား ပွားစေတဲ့ လှုပ်ရှားမှုတွေကို ဒီခြိမ်းခြောက်ခံရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆန့်ကျင် ပြောဆိုခဲ့ကြတာပါ။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ကျနော် မြန်မာနိုင်ငံကို ရောက်စဉ်က ပြည်ထဲရေးဝန်ကြီးဌာနအပါအ၀င် မြန်မာအစိုးရကို ဒီ အင်တာနက် တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းပြောကြားခဲ့သလို ခြိမ်းခြောက်ခံကြရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကာအကွယ်ပေးဖို့ ကျနော်တိုက်တွန်းခဲ့ပါတယ်။ ဒီိကိစ္စနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်က အကူအညီတောင်းခံလာခဲ့ရင် အမေရိကန်ပြည်ထောင်စုဘက်က ကူညီတုံ့ပြန်ဖို့ အဆင်သင့်ပါပဲ။

ဒေါ်လှလှသန်း တင်ပြပေးသွားတာပါ။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေ၀န်ကြီး Tom Malinowski ဟာ ဇွန်လ ၂၂ ကနေ ၂၈ အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန တွေက အဆင့်မြင့် အရာရှိတွေ လိုက်ပါသွားတဲ့ အဲဒီခရီးစဉ်အတွင်း မွန်နဲ့ ကရင်ပြည်နယ်တို့အပြင် ရန်ကုန်နဲ့ နေပြည်တော်တို့လည်း သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုအပြင် လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး မြန်မာ စစ်ဖက် အဆင့်မြင့် အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှုတွေအကြောင်းကို ဒေသခံလူ့အဖွဲ့စည်းတွေ တိုင်းရင်းသားအဖွဲ့ တွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ Mr. Malinowski ဟာ လက်ရှိ ရာထူးမှာ ဧပြီလကခန့်အပ်ခြင်းခံခဲ့ရပြီး အဲဒီမတိုင်ခင်က နယူးယောက်အခြေစိုက် လူ့အခွင်အ့ရေး အဖွဲ့ရဲ့ ၀ါရှင်တန်ရုံးခွဲ ဒါရိုက်တာလည်း ဖြစ်ပါတယ်။

VOA

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ဘာသာရေး လွတ် လပ်ခွင့် အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ တက်ရောက် ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီးမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို VOA Mandarin ဌာနရဲ့ အမျိုးသမီး သတင်းထောက်က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ရာမှာ မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေ ရတဲ့ အဓိကပြဿနာတွေနဲ့ ပတ်သက်လို့ မေးခွန်းတချို့မေးခွင့်ခဲ့ရတာကို ဒေါ်လှလှသန်းကပြန် လည်တင်ပြပေးထားပါတယ်။

အချိုးကျကိုယ်စားပြု (PR) စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများ ရန်ကုန်မြို့၌ ဆန္ဒပြမည်

PR (အချိုးကျကိုယ်စားပြုစနစ်) ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို သြဂုတ် ၉ ရက်တွင် ပြည်သူ ၂၀၀ ကျော်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လုံခြုံမှုမရှိသေးသည့် တိုင်းပြည်လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန်မသင့်သေးကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပြောကြား

Photo: လုံခြုံမှုမရှိသေးသည့် တိုင်းပြည်လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန်မသင့်သေးကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပြောကြား
Tuesday, July 29, 2014

လုံခြုံမှုမရှိသေးသည့် တိုင်းပြည်၏လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန်မသင့်သေးကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ဇူလိုင်  ၂၈ ရက်တွင် ပြောကြားသည်။
    
"ကျွန်တော့်အမြင်အရဆိုရင် လက်ရှိအခြေအနေနဲ့ဆိုရင် အချိန်မတန်သေးဘူးလို့ ယူဆတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ တည်ငြိမ်မှုပဲရှိတယ်။ လုံခြုံမှုမရှိသေးဘူး။ ပြဿနာဆိုတာ အမြောက်အမြားကြီးဖြစ်လာနိုင်တယ်။ အခုဆိုရင်လည်း အမျိုးမျိုးကွဲပြားနေတယ်။ တစ်ယောက်တစ်မျိုးဖြစ်နေတဲ့အခါကျတော့ လုပ်မယ်ဆိုရင် လောလော ဆယ် လုပ်ဖို့ မသင့်သေးဘူးလို့ ယူဆပါတယ်" ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က သတင်းထောက်များအား ပြောကြားသည်။
    
PR စနစ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဌေးနိုင်က လွှတ်တော်၌ဆွေးနွေးရာတွင် "မိမိတို့နိုင်ငံအနေဖြင့် FPTP စနစ်ကိုသာသိရှိပြီး PR စနစ်ဆိုတာကိုတော့ အလေ့အကျင့်မရှိသလို လူနည်းစုလောက်သာသိရှိတဲ့စနစ်ဖြစ်ပြီး သာမန်ပြည်သူများအနေဖြင့်တော့ ပို၍ပင်နားလည်ရခက်သော စနစ်ဖြစ်ပါတယ်။ မိမိနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိပြီး နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ နိုင်ငံရေးပါတီများအားလုံးအတွက် ကိုက်ညီအောင်ရေးဆွဲမည်ဆိုလျှင် အသုံးပြုနိုင်သော အခြေအနေဖြစ်ပါတယ်။ နိုင်ငံတွင် PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ကြို တင်လုပ်ဆောင်ရမည့်လုပ်ငန်းများအားလုံးကို လုပ်ဆောင်ပြီးမှသာ ကျင့်သုံးရမှာဖြစ်ပါတယ်။ ကြိုတင်လုပ်ဆောင်ရမည့်လုပ်ငန်းများအနက် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲဝင်မည့်ပါတီများနှင့် မဲဆန္ဒပေးမည့်ပြည်သူများက ကျင့်သုံးမည့်စနစ်ကို ဂဃနဏသိရှိရေးသည် အဓိကဖြစ်ပါတယ်" ဟု ဆွေးနွေးသည်။
    
ထို့ပြင် PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှု ရှိ၊ မရှိ သုံးသပ်ရန်ဖြစ်ကြောင်း၊ ဆန့်ကျင်နေပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ အရ ပြင်ဆင်ပြီးမှသာ ရွေးကောက်ပွဲဥပဒေကို ရေးဆွဲရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးဌေးနိုင်ကဆိုသည်။
    
လွတ်လပ်ရေးရရှိပြီး မကြာမီနှစ်အနည်းငယ်အတွင်းမှာပင် အကြောင်းအမျိုးမျိုးဖြင့် အစိုးရအား လက်နက်ကိုင်ဆန့်ကျင်သော အဖွဲ့များစွာ ပေါ်ပေါက်လာခဲ့ကြောင်း၊ ယခုထိတိုင်လည်း ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိနေသည်ဆိုသော်လည်း ပြည်သူများ လုံခြုံမှုအရ စိတ်မအေးဖွယ်ရာများ ရှိနေဆဲဖြစ်ပါကြောင်း၊ ထို့ပြင် အစွန်းရောက်နိုင်ငံရေးအန္တရာယ်ကိုလည်း ပြည်သူများ စိတ်တထင့်ထင့်ဖြင့် ခံစားနေရသည့်အချိန်လည်းဖြစ်ကြောင်း၊ လူမှုရေးဘာသာရေးပဋိပက္ခလည်း အချို့ဒေသတွင်ရှိနေကြဆဲ၊ ဖြစ်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနုနယ်စဉ်ကာလဖြစ်သော်ငြားလည်း အချို့က လက်ရှိတိုးတက်မှုများကို အားမရဘဲ ဒီမိုကရေစီကျင့်သားရပြီးသည့် နိုင်ငံကြီးများနှင့်နှိုင်းယှဉ်ပြီး စံနှုန်းကိုက် ဇွတ်အတင်းသွတ်သွင်းချင်နေသူများလည်းရှိကြကြောင်း၊ ကိုယ့်ယူဆချက်နှင့်မတူညီလျှင် တစ်ဖက်လူအဖြစ်သတ်မှတ်သည့် မိမိယူဆချက်သာလျှင် အမှန်အဖြစ်ယူဆနေသူများလည်းရှိနေပါကြောင်း၊ အားသာချက် ကောင်းကွက်များကို လျစ်လျူရှုပြီး အားနည်းချက်များကိုသာလျှင် ဦးစားပေးပြောဆိုသုံးသပ်နေကြသူများ၊ တစ်ဦးအပေါ်တစ်ဦး၊ တစ်ဖွဲ့ ပေါ်တစ်ဖွဲ့နားလည်မှုမရှိကြသူများ၊ မိမိနာမည်ရရန် ပွဲလန့်ဖျာခင်းလိုသူများစသည့် အယူအဆကွဲပြားနေသည့် အခြေအနေမျိုးများတွင် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းလဲကျင့်သုံးလျှင် ဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစားရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဇူလိုင် ၂၈ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်တင်သွင်းသည့် ပြည်သူ့လွှတ်တော်တွင် PR စနစ် ကျင့်သုံးရေးဆိုင်ရာအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၈ ဦးက ဆွေးနွေးခဲ့သည်။
    
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်သုံးဦးက ကြားနေသူများအဖြစ် ဆွေးနွေးခဲ့ကြပြီး NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ကန့်ကွက်ဆွေးနွေးခဲ့ကာ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။    

Eleven Media Group 

ဇူလိုင် ၂၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စား လှယ်များကို တွေ့ရစဉ်
ဇူလိုင် ၂၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စား လှယ်များကို တွေ့ရစဉ်
လုံခြုံမှုမရှိသေးသည့် တိုင်းပြည်၏လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန် မသင့်သေးကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ဇူလိုင်  ၂၈ ရက် တွင် ပြော ကြား သည်။