Tuesday 7 August 2012

မနီလာမြို့  တော် တ၀က်နီးပါး ရေမြုပ်နေ

ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် မိုးသည်းထန် ရေကြီးမှုများ ဆိုးရွားလျက်ရှိပြီး မြိုရိယာ ထက်ဝက်မှာ ရေလွှမ်းမိုးနေသည်။ ရေကြီးမြေပြိုမှုများကြောင့် မနီလာတွင် လူ ၁၆ ဦးသေဆုံးကြောင်း သိရသည်။ မနီလာမြို့တွင် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပွားလျက်ရှိသည့် ယနေ့ အခြေအနေနှင့် ကယ်ဆယ်ရေးဆောင်ရွက်နေမှုကို CNN နှင့် Daily Mail သတင်းတို့က စုစည်းဖော်ပြသည်။

သိပ္ပံ နှင့် နည်းပညာ ၀ဘ်ဆိုက် လည်း ဖွင့်မရ

မြန်မာအစိုးရ ၀ဘ်ဆိုက် တစ်ခုဖြစ်သော သိပ္ပံ နှင့် နည်းပညာ ဆိုက် www.most.gov.mm   လည်း  ဖွင့်လို့မရဖြစ်နေကြောင်း သိရှိရပါသည်။ 
 

YangonMediaGroup ဆိုဒ် လည်း အတိုက်ခံရ

ရန်ကုန်မီဒီယာဂရုပ်ရဲ့ website www.yangonmedia.com  ကို    အွန်လိုင်း hacker အချို့  ရဲ့  attack လုပ်ခြင်းကို ခံခဲ့ရကြောင်းသိရှိရသည်။ ထို့ကြောင့်  ၄င်း  website ၏ လုံခြုံရေးဆိုင်ရာ များပြန်လည်လုပ်ဆောင်   နေခြင်းကြောင့်  ယခုရက်ပိုင်းအတွင်းတွင်  ခေါ်ယူကြည့်ရှု၍ မရနိုင်သေးကြောင်း (ရံဖန်ရံခါရလိုက်မရလိုက်ဖြစ်နေပါသည်) သိရှိရပါသည်။ အက်ဒမင်များအနေဖြင့် ၀ဘ်ဆိုက်အား  အမြန်ဆုံးအသုံးပြု၍ ရနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ref:YMG 's FB

ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား

ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာများ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်ကြည့်ရှုမရဘဲ ဖြစ်သွားခဲ့ရသည်။


ကျောက်တော်တွင် နေအိမ် ၅၀၀ ခန့် ကျေးရွာတစ်ရွာ ထပ်မံ မီးရှို့  ခံရ

 ဒေသအခြေ အနေ တည်ငြိမ် အေးချမ်းနေပြီဟု အစိုးက တရားဝင် သတင်း ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ကျောက် တော်မြို့ နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ   ပြန်လည် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရကြောင်း အဆိုပါမြို့နယ်ရှိ ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီမှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းက ပြောကြားသည်။

ရှစ်လေးလုံး ငွေရတု အကြို အခမ်းအနား ကျင်းပရန် အစိုးရ ခွင့်ပြု

ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆာင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို  ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများရှိနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ်းမားကျေးရွာ၊ တောင်အင်းကျေးရွာ၊ နန့်ဆော်လော်ကျေးရွာတွေမှာ မူးယစ်ဆေး ၀ါး ရောင်း/၀ယ်/သုံးစွဲသူများ နေ့စဉ်နေ့တိုင်းရှိနေကြကြောင်း နမ်းမားကျေးရွာ စည်ပင်သာယာဈေးအတွင်း ဒေသခံပြည်သူ အချို့  မှ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ မြန်မာ ကုန်ပစ္စည်းတွေ ဈေးတက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နယ်စပ် လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ဘင်္ဂလာဒေ့ရှ် နိုင်ငံထဲမှာ မြန်မာဘက်ကလာတဲ့ ပစ္စည်းတွေ ဈေးတက်တယ်လို့ သိရပါတယ်။



မောင်တော ကျောင်းသားများ စာသင်နိုင်ရေး သမ္မတထံ စာတင်မည်


ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ကျောင်းသား ကျောင်းသူ ၃ ထောင်နီးပါးအတွက် ကျောင်းများ ပြန်လည်ဖွင့်ကာ စာသင်ကြားနိုင်ခွင့် ရနိုင်ရေးအတွက် ဒေသခံများ စုပေါင်းလက်မှတ် ထိုး၍ နိုင်ငံတော် သမ္မတ ထံသို့ စာတင်မည်ဖြစ်ကြောင်း သိရသည်။


တရုတ်မှာဖြစ်တဲ့ မွတ်စလင်အဓိကရုန်းအပေါ် တိုင်းမ် မဂ္ဂဇင်းမှ ဖော်ပြချက်

အီဂျစ်မှာရှိတဲ့ မွတ်စလင်မ်အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်။ ဒီကိစ္စဟာ မွတ်စလင်ကမ္ဘာကို ဒေါသ ဖြစ်စေခဲ့ပြီး ဂျာမဏီအစိုးရထံကနေတရားဝင်တောင်းပန်ခြင်းကို
အလိုရှိခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒါနဲ့  နှစ်ပတ်လောက် အကြာမှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည် ရှန်ကျင်းပြည်နယ်က မွတ်စလင်-ဟန် အဓိကရုန်းကိုတော့ အာရပ်ကမ္ဘာ၇လည်း ဂရုမစိုက်ခဲ့သလို တရုတ်ပြည်ထဲက မွတ်စလင်ဆို
သူတွေကလည်း အရေးမလုပ်ခဲ့ကြပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်အား ပြည်ပဟက်ကာတစ်ဖွဲ့က တိုက်ခိုက်



ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/
ဝက်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီ ၀န်းကျင်မှစတင်၍ ၀င်ရောက်ကြည့်ရှုမရတော့ကြောင်းသတင်းရရှိသည်။

အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ၏ ပြည်သူ့ လွှတ်တော်မှ ကိုယ်စားလှယ် အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့ လာရန် ရွေး ချယ်စေလွှတ် မည်ဟု သိရသည်။မြန်မာနိုင်ငံ အတွင်းရှိ မူဆလင် ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည် ဆိုသည့် စွပ်စွဲချက် များနှင့်ပတ်သက်၍ သွားရောက်လေ့လာရန် အတွက် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ Marzuki Alie က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် အဆက်မပြတ် မိုးရွာသွန်းပြီ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးလျက်ရှိ

လစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် အဆက်မပြတ် မိုးရွာသွန်းပြီ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။ မနီလာမြို့တော်၏ ထက်ဝက်ခန့်မှာ ရေလွှမ်းမိုးမှုလျက်ရှိကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ 

ဂရိနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ရှာဖွေဖမ်းဆီး

ဂရိနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအား စီးနင်းရှာဖွေ ဖမ်းဆီးမှုအတွင်း လူပေါင်း (၆၀၀၀)ကျော် ထိန်းသိမ်း ခံခဲ့ရကြောင်း သိရှိရသည်။ ဂရိအာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ပိတ်ဆို့ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ ထောင်ဂဏန်းနှင့် ချီပြီး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ 


ကမ္ဘောဒီးယားမှ နည်းပြများ မန္တလေး အကယ်ဒမီ၌ လာရောက် လေ့လာမည်

Goal Project အရ ဘောလုံး အကယ်ဒမီ တစ်ခု စတင် တည်ဆောက်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည့် ကမ္ဘောဒီးယားမှ ဘောလုံး နည်းပြများသည် မန္တလေးရှိ ဘောလုံး အကယ်ဒမီသို့ လာရောက်   လေ့လာကြမည်  ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းပေါ်တွင် ဈေးဝယ်ယူနိုင်မည့် Y-Store ၀န်ဆောင်မှုစတင်မည်

အိမ်တိုင်ရာရောက် ပို့ဆောင်စနစ် (Delivery Service) ထည့်သွင်းထားသည့် အွန်လိုင်းပေါ်တွင်   ဈေးဝယ်ယူနိုင်မည့် Y-Store ၀န်ဆောင်မှုကို စတင်တော့မည်ဖြစ်ကြောင်း အဆိုပါစနစ်အား     
 Service Provider အဖြစ် တာဝန်ယူဆောင်ရွက်သည့် T-Link ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထက်နိုင်လင်းကပြောသည်။ လက်ရှိ အဆိုပါစနစ်အသုံးပြုရန်အတွက် ပါဝင်ဆောင်ရွက်လိုသူ
များအား ဖိတ်ခေါ်ထားသည်။


မီဒီယာကိုမီဒီယာနဲ့တိုက်မယ့် ဝန်ကြီးရဲ့ အပြောင်းအရွှေ့ သတင်း ကြားရပြီ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းနေရာတွင် အလုပ်သမားဝန်ကြီးဌာန   ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့်သြဂုတ်လ အတွင်း အစားထိုးသွားရန် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရပါသည်။ 
 

ရခိုင်အရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန်မလို ဟု ဒေါက်တာ အေးမောင် ပြောကြား

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း မလိုကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။


“၀ါဆိုပွဲဖြစ်ပေါ်လာပုံ”

ဝါဆိုခြင်းဟူသည် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုရာ ၀ါကပ်ရာကျောင်း၊ ကျောင်းတိုက်၌ အမြဲနေခြင်းပင်   ဖြစ်သည်။ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် ၁-ရက်နေ့၌ဖြစ်စေ ၀ါခေါင်လပြည့်ကျော် ၁-ရက်နေ့၌ဖြစ်စေ သံဃာတော်များ စုဝေးပြီး သံဃာတော်တစ်ပါးချင်း အလှည့်ကျ “ဤကျောင်း၌ ဤ၀ါတွင်းသုံးလပတ်လုံး ၀ါကပ်ပါမည် နေပါမည်” ဟု ရွတ်ဆိုလျှောက်ထားကြရသည်။ ဤသို့ ရွတ်ဆို လျှောက်ထားကြသည်ကိုပင် ၀ါဆိုသည် ၀ါကပ်သည်ဟု ခေါ်သည်။

၆၇ နှစ်မြောက် ဗုံးဒဏ်သင့် အောက်မေ့ဖွယ် အခမ်းအနား ဟီရိုရှီးမားတွင် ကျင်းပ

အမေရိကန် နိုင်ငံ အနေဖြင့် ဟီရိုရှိးမားမြို့ကို ဗုံးကြဲချခဲ့သည့် အထိမ်းအမှတ် ၆၇ နှစ် ပြည့်မြောက်သည့် အခမ်းအနားကို ဂျပန် နိုင်ငံတွင်အောက်မေ့ဖွယ် အဖြစ် ပြုလုပ်ခဲ့ကြကာ     နျူကလိယ လက်နက် ဖျက်သိမ်းရေးနှင့် စွမ်းအင် အရင်းအမြစ်များကို လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေး အတွက် ကြိုးစားကြရန်လည်း   ကြွေးကျော်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း အားပျော့ပျက်ပြယ်

ယနေ့နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌   ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အားပျော့ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

Facebook ကုမ္ပဏီ အနေဖြင့်၈၃.၀၉ သန်းခန့်သော အကောင့်များကို ပိတ်ပစ်လိုနေကြောင်း သိရ

Facebook သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ချစ်စရာ အိမ်မွေး တိရစ္ဆာန်များကို သီးသန့် Facebook အကောင့်များ ဖွင့်ပေးပြီးနောက် သုံးစွဲနေပါကမကြာတော့မည် ကာလ အတွင်းတွင် အလိုအလျောက် ပယ်ဖျက်ခံရနိုင်ကြောင်း သိရသည်။ Facebook ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ ၈၃.၀၉ သန်းခန့်သော အကောင့်များကို ပိတ်ပစ်လိုနေကြောင်း သိရသည်။

ဒုံးခွင်းဒုံးများကို အစ္စရေး အဆင့်မြှင့်တင်သွားမည်

အစ္စရေးနိုင်ငံသည် အီရန်၊ ဆီးရီးယားနှင့် အခြားဒေသတွင်း ရန်သူများ၏ တိုက်ခိုက်မှုအန္တရာယ်ကို ကာကွယ်ရန် အတွက် အမေရိကန်၏အကူအညီဖြင့် Arrow II ဒုံးကျည်ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

(၇.၈.၂၀၁၂) မနက်ပိုင်း သတင်းများ

မန်မာ့ မီဒီယာ လွတ်လပ်ခွင့် RSF စိုးရိမ် Link
ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ ဒေါက်တာ စင်သီယာမောင် နှင့်တွေ့ဆုံ Link
ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား Link
အာဆီယံပြုပြင်ပြောင်းလဲမှု မလုပ်လျင် ခေတ်နှင့်လျော်ညီတော့မည် မဟုတ်  Link

တူရကီဝန်ကြီးချုပ် ဇနီးနှင့်အဖွဲ့ မြန်မာနိုင်ငံလာရောက်မည်

တူရကီနိုင်ငံ ၀န်ကြီးချုပ်ရဲ့ဇနီးနဲ့ သမီးတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဖွဲ့စည်း

ပြည်သူ့လွှတ်တော်၏ သဘောတူညီချက်အရ- ''တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အးချမ်းရေးကော်မတီ'' အသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့ရာတွင် ကော်မတီကို -
(၁) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ- ကော့မှူးမဲဆန္ဒနယ်၊
(၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင်
(၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး  .......... တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ကြပ်မတ် ထိန်းကျောင်း ရမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့သည်။

ဘန်ကောက်ရှိ မြန်မာနိုင်ငံဝင်ပေါက်နေရာအတွက် ခြိမ်းခြောက်...


မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးကိစ္စရော အလည်အပတ်အတွက်ပါ ခရီးသည်များ လာရောက်ကြရာ နိုင်ငံတကာလေ ကြောင်းလိုင်း အများအပြား မြန်မာနိုင်ငံသို့ ပိုမိုဆင်းသက်လာကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဝင်ပေါက်အဖြစ် ကာလ ရှည်ကြာရပ်တည်နေမှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် သုံးနှစ်အတွင်း စတော့ဈေးကွက် အကောင်အထည်

အခြားနိုင်ငံများတွင် စတော့ဈေးကွက်ကို ငါးနှစ်အချိန်ယူ၍ ဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံတွင် စတော့ဈေးကွက် သုံးနှစ် အတွင်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ငွေကြေးကျွမ်းကျင် ပညာရှင်များထံမှ သိရသည်။ စတော့ဈေးကွက် ပေါ်ပေါက်လာစေရန် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက် နေကြသည့်အတွက် ၂၀၁၅ ခုနှစ်တွင် စတော့ဈေးကွက် ဖြစ်ပေါ်လာမည်ဟု သက်ဆိုင်ရာ ပညာရှင်များက ဆိုလိုခြင်းဖြစ်သည်။

ခရစ်ယာန်အရေး အရင်ဆုံးဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်း

မြန်မာပြည်က မွတ်ဆလင် ရိုဟင်ဂျာတွေအရေးကို ၀င်ရောက် မစွက်ဖက်ခင် အင်ဒိုနီးရှားက ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်တွေရဲ့ အရေးကို အရင်ဆုံး ဖြေရှင်းပေးပါလို့ အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန်တွေက အစိုးရကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၆)ရက် နေ့ ည(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။  ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားကောင်းနေပါသည်။

"သရုပ်ဆောင် အဆိုတော် အောင်လ အကြောင်း ဒါရိုက်တာ သရုပ်ဆောင် လူမင်းပြော"

လတ်တလောမှာ လူမင်းက ‘ဘောင်’ ဆိုတဲ့ ဇာတ်ကားလေးကို အောင်လ၊ နန်းဆုဦး တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးမှာ လူမင်းက ဒါရိုက်တာလည်း လုပ်ပြီး သရုပ်ဆောင် အနေနဲ့လည်း ပါဝင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက လူငယ်တွေ နဲ့ လူကြီးတွေ မတူတဲ့ အယူအဆကို အားပြိုင်တဲ့ ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။ ဒီဇာတ်ကား နာမည်ကို ပေးဖြစ်ခဲ့ ပုံလေးက လူငယ်တွေ အနေနဲ့ ဘောင်ခတ်ရင် မကြိုက်ချင်ဘဲ လူကြီးတွေ အနေနဲ့က ဘောင်ခတ်ချင် ကြသောကြောင့် ဒီနာမည်လေးပေး ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ 

အသေးစားသတ္တုတူးဖော်ရေးလုပ်ငန်းငယ်များကို နိုင်ငံခြားသားစီးပွားရေးပညာရှင်များခေါ်ယူခွင့် မပြုခြင်းမှာ လူနည်းစုစီးပွားရးလုပ်ငန်းရှင်များသာ အကျိုးရှိစေမည်ဟုသိရ

ဓါတ်သတ္တုအကြီးစားဖက်စပ်လုပ်ကိုင်နေသော ကုမ္မဏီ များကိုသာနိုင် ငံခြားမှကျွမ်းကျင် ပညာရှင်များခေါ်ယူခွင့်ပေးခြင်းသည် လူနည်းစု အကျိုးစီးပွားကိုသာဖြစ်ထွန်းစေပြီး နိုင်ငံအတွက် သတ္တုလုပ်ငန်းရှင်အများအပြားပေါ်ထွန်းရေးကိုပိတ်ဆို့ထားသကဲ့သို့ဖြစ်နေသည်ဟု သတ္တုနှင့်သယံ ဇာတရေးရာကော်မတီ မှသိရသည်။

ALP ကို နယ်ခြားစောင့်တပ်ဖွဲ့ကာ အင်အားထပ်တိုးစေချင်ဟု ဦးအောင်မင်းပြော

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP Arakan Liberation Party) ကိုနယ်ခြားစောင့်တပ်ဖွဲ့ ကာ ယခုလက်ရှိအင်အားထက် အဆ ၂၀ ၀န်းကျင်တိုးစေချင်သည်ဟု ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

နောက်ထပ် Facebook အတု သတိပြု

တစ်လောက Facebook အတုပေါ်ပြီး နောက်ထပ် Facebook အတု ထပ်ပေါ်လာပါပြီ။ 

မြန်မာပြည်မှ ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်တံတား)

ဂုတ်ထိပ်တံတား (Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာ ကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့အနီးမှာ ဖြစ်ပါတယ်။

ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်


ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်း တွက်ချက် ဖော်ပြထားသည့် ငလျင် ဇုန်ပြ မြေပုံ အား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိ မည် ဖြစ်သည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ဌာနအောက်ရှိ ငလျင်ဌာနတို့က ပူးပေါင်း ဖြန့်ချိမည် ဖြစ်ပြီး အရေအတွက်ကိုမူ သက်ဆိုင်ရာသို့ ခွင့်ပြုချက် တင်ထားကြောင်း သိရသည်။အဆိုပါ မြေပုံအား ထိုင်းနိုင်ငံ အခြေစိုက် အာရှ သဘာ ဝဘေး အန္တရာယ် ကြို တင်ပြင် ဆ င်ရေး ဌာန အပါအဝင်မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရှိငလျင်ကော်မတီ၊မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုး ဦးစီးဌာန၊ တက္ကသိုလ်များရှိ ဘူမိဌာနနှင့် မန္တလေးမြို့တော် စည်ပင်တို့က   နှစ်နှစ်ကြာ ပူးပေါင်းရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

ပြည်ပ တင်သွင်းကားများ မှန် အကြည် ၆၀ ရာခိုင်နှုန်း ရှိမှ ခွင့်ပြုမည်

ပြည်ပမှ တင်သွင်းလာသည့် ကားများ၏ မှန် အရောင်အား ၆၀ရာခိုင်နှုန်းနှင့် အထက် ရှိမှသာ ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး သူရ ဦးသောင်းလွင်က ပြောကြားခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ဖောက်ထွင်းမြင်နိုင်စွမ်း သုည ရာခိုင်နှုန်း (စတစ်ကာ မဲ ကပ်) မှ ၅၉ ရာခိုင်နှုန်းအတွင်း ရှိနေသည့် မှန်များကို ခွင့်မပြုကြောင်း၊ အကြောင်းမှာ မြင်ကွင်း မသဲကွဲခြင်း၊ ညဘက်အချိန်တွင် ယာဉ်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ မှန်ကို အကာအကွယ် ယူ၍ ယာဉ်အတွင်းတွင် ရာဇဝတ်မှုများ ကျူးလွန်နိုင်ခြင်းတို့ကြောင့် ကန့်သတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မဟာဗျူဟာမြောက်အရေးပါသော မြန်မာအပေါ် ရိုဟင်ဂျာကို ခုတုံးလုပ်လေသလား


အမေရိကန် သမ္မတ အိုဘားမား၏ ပေါ်လစီအသစ်သည် အာရှပစိဖိတ် စိုးမိုးရေးဖြစ် သည်။ အာရှပစိဖိတ် စိုးမိုးရေး အတွက် အမေရိကန် အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်လိုလာသည်။ သို့အတွက် မဟာမိတ်နိုင်စာချုပ်နိုင်ငံများ ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း စစ်အေးခေတ် ကာလအတွင်းနှင့် စစ်အေးခေတ် လွန်ဆယ်စုနှစ် အတွင်းတွင်အမေရိကန်သည် အာရှ-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာကို အကောင်အထည် မဖော်နိုင်ခဲ့။ သူ့အတွက် မမျှော်လင့်ဘဲ လက်သီးချက်ပြင်းပြင်း မိသွားခဲ့သည်။ ထိုလက်သီးချက်မှာ 9/11 အရေးအခင်းဖြစ်လေသည်။ ထို့ကြောင့် War on Terror ဟုကြေငြာကာ အရှေ့အလယ်ပိုင်းနှင့် အာဖဂန်သို့ အာရုံလှည့်သွားခဲ့သည်။ ထိုဆယ်စုနှစ် နှစ်စုနီးပါး အတွင်းတွင် တိန့်ရှောင်ပင်၏ ပေါ်လစီနှင့်အတူ နိုးထလာခဲ့သော တရုတ် နဂါးကြီးက တဖြည်းဖြည်း ကြီးထွားလာခဲ့ပေသည်။

အီဂျစ်အစိုးရ က တာဝန်ခံရမည်

ဗီယင်နာ သဘော တူညီမှုအရ လက်မှတ် ထိုးထားသော နိုင်ငံတိုင်းသည် ထိုတိုင်းပြည် အတွင်းရှိ သံရုံးအတွင်းသို့ ဝင်ရောက် ခွင့်မရှိ။ ထို့ပြင် မည်သည့် အခြေအနေတွင် မဆို ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ် ၃၁)

လူမျိုး ဘာသာ မခွဲခြားဖို့ ပြင်သစ်အစိုးရတိုက်တွန်း

လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားဘဲ အရပ်ဘက် တိုင်းရင်းသား အားလုံးကို ကာကွယ်   စောင့်ရှောက်မှုပေးဖို့ ပြင်သစ်နိုင်ငံ အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားတဲ့ သတင်းတွေ မနေ့က ထွက်လာပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။

TAA လေကြောင်းလိုင်း ပုဂံနှင့်နေပြည်တော် တိုးချဲ့ပျံသန်းဖို့ရှိ

ထိုင်းနိုင်ငံက TAA Thai Air Asia လေကြောင်းလိုင်းဟာ ပုဂံနဲ့ နေပြည်တော်ကို တိုးချဲ့ပျံသန်းဖို့ အဖက်ဖက်က အဆင်သင့် ရှိနေပေမဲ့ ပုဂံလေဆိပ်ရော နေပြည်တော် လေဆိပ်ပါ အဆင့်မြှင့်ဖို့ လိုအပ်နေသေးတဲ့အတွက် မစတင်နိုင်သေးဘူးလို့ TAA အမှုဆောင် အရာရှိချုပ် Tassapon ကပြောကြား လိုက်ပါတယ်။

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရ

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မောင်စူးစမ်း အင်္ဂါဂြိုလ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်

အမေရိကန် အာကာသ သိပ္ပံ ဌာနလို့ ခေါ်တဲ့ NASA နာဆာ အဖွဲ့ရဲ့ မောင်စူးစမ်း ခေါ် (Curiousity) အမည်ရ စူးစမ်းရေး ယာဉ် ငယ်ဟာ အင်္ဂါဂြိုလ် (ဂြိုလ်နီကြီး ) စူးစမ်း လေ့လာရေးအတွက် ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ က အောင်မြင်စွာနဲ့ ဆင်း သက်နိုင်ခဲ့ပြီဖြစ်ပါတယ်။အမေရိကန် သမ္မတ အိုဘားမားကတော့ ဒါဟာ နည်းပညာနဲ့ပတ်သက်လို့ ထူးထူးခြားခြား အောင်မြင်မှုကြီးဖြစ် တယ်လို့ ဆို ပါတယ်။

ပူတာအိုခရိုင်တွင်း ဆန်ဝယ်ယူရန် အခဲဖြစ်နေဆဲ

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုအခက်ခဲ ရင်ဆိုင်နေရသော ဒေသခံများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှတဆင့် ယနေ့ ဆန်များထုတ်ရောင်းပေးမည်ဟု ပြောဆိုထားသော်လည်း ရောင်းပေးခြင်း မရှိသောကြောင့် ဒေသခံများ သာ၍အခက်ခဲရင်ဆိုင်နေကြသည်။

သတင်းတိုလေးများ (၇.၈.၂၀၁၂)

ကေအိုင်အေတပ်ဖွဲ့ဝင်များ တပ်သားသစ်များစုဆောင်းခြင်းကြောင့် လယ်သမားများအခက်တွေ့နေ

ပြီးခဲ့တဲ့ သြဂုတ်လ (၃) ရက်နေ့က ကေအိုင်အေ မလိပါတိုက်နယ်ရုံးမှ ဘရန်ဂျာခေါင်းဆောင် တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် (၁၀) ဦးဟာ မန်စီမြို့နယ်၊ မိုးခေါင်ကျေးရွာမှာရှိတဲ့ ကျေးရွာနေ ဒေသခံ ကချင်လူမျိုး   ယောင်္ကျားလေး (၁၂) ဦး နဲ့ မိန်းကလေး (၃) ဦးတို့ကို တပ်သားသစ် စုဆောင်းဖို့ ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။

၂၁ နှစ်ပြည့် မွေးနေ့အတွက် ၂၁သိန်းလှူခဲ့တဲ့ မိုးယုစံ

ဥရောပ ၅ နိုင်ငံကို နှင်းဆီအဖွဲ့နဲ့ အတူ တစ်လကြာ ဖျော်ဖြေခဲ့တဲ့ မိုးယုစံက သြဂုတ် ၁ ရက်နေ့မှာ   မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ ပွဲလုပ် တာ သိပ်မရှိသလို အငြိမ့်ကိုလည်း တအား ချစ်မြတ်နိုး ကြတာကြောင့် ပရိသတ် အားပေးမှု အထူးရရှိခဲ့သလို ဖျော်ဖြေပွဲ ၅ ခုစလုံးက အမှတ်တရလည်းဖြစ် ခဲ့ကြောင်းပြော ပါတယ်။

အီဂျစ်နယ်စပ်တွင် မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အီဂျစ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

အစ္စရေး၊ ဂါဇာကမ်းမြောင်တို့နှင့် ပိုင်းခြားထားသည့် အီဂျစ်နယ်စပ်တွင် မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အီဂျစ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးသွားကြောင်း AP သတင်းက ဖော်ပြသည်။
အီဂျစ်နယ်စပ် စစ်ဆေးရေးဂိတ်တစ်ခုရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား သေနတ်သမားများက တနင်္ဂနွေနေက ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။