Wednesday 25 November 2015

မိတ္ထီလာရေလည်ဘုရား မီးကြာခွက် (၁၀၀၀)နီးပါး ရေမျှောပူဇော်မည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စန္ဒကူးရေလည်ဘုရားအား မီးကြာခွက်(၁၀၀၀)နီးပါးဖြင့် ရေ မျှောပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

အဆိုပါ မီးကြာ(၁၀၀၀)နီးပါး ရေမျှောပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း(၁၄) ရက်နေ့ ညနှင့် တန်ဆောင်မုန်း လပြည့်ညတွင် ကျင်းပပြုလုပ် ပူဇော်သွားမည်ဖြစ်သည်။

““လပြည့်နေ့ညနဲ့ လပြည့်ညအကြို (၁၄) ရက်နေ့ညမှ ပူဇော်ကြမှာပါ၊ ရေလည်ဘုရားကို ရည်မှန်းပြီး မီးကြာခွက်လေး တွေကို မိတ္ထီလာကန် ရေပြင်ထဲမှာ မျှောပြီး ပူဇော်မှာပေါ့၊ဒီနှစ်နဲ့ဆို (၂၄) ကြိမ် မြောက်ရှိ သွားပါပြီ တစ်နှစ်တစ်နှစ်ကို မီးကြာခွက် (၉၀၀၀) နဲ့ (၁၀၀၀၀) မျှောပြီး ပူဇော်တယ်””ဟု စန္ဒကူးရေလည် ဘုရား ဂေါပကအဖွဲ့ အတွင်းရေမှူး ဦးထိန်လင်းခိုင် ကပြောသည်။

ယင်းသို့ မီးကြာခွက်များ ရေမျှောပူဇော်ပွဲကို စန္ဒကူးဘုရား ဂေါပကအဖွဲ့က ဦးဆောင်၍ နှစ်စဉ်ကျင်းပ လာရာ ယခုနှစ်တွင် (၂၄)ကြိမ်မြောက်ရှိပြီ ဖြစ်သည်။

Messenger News Journal​ 

No comments:

Post a Comment