Wednesday 16 October 2013

Facebook ကြောင့် မိသားစုတစ်စုလုံး သတ်သေမှုဖြစ်ပွားခဲ့ရတဲ့ Facebook သုံးသူများ သတိပြုဆင်ခြင်ဖွယ် ရင်နင့်စရာဖြစ်ရပ်တစ်ခု

ဒီဖြစ်ရပ်လေးဟာ Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။

ဖြူးမြို့နယ်၌ ဒုတိယအကြိမ် ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွား

Photo: ဖြူးမြို့နယ်၌ ဒုတိယအကြိမ် ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွား
Wednesday, October 16, 2013

ယခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ခေါင်းဖြတ်လူသတ်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်စဉ်တွင် ကျူးလွန်သူ အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဓားကိုတွေ့ရှိခဲ့ကြောင်း ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်အား စစ်ဆေးချက်အရ အသတ်ခံရသူ နှစ်ဦးမှာ ထမင်းမစားမီတွင် အသတ်ခံရခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက်အရ သိရှိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက်တွင် ဖြူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၁/၁၁၁၃ ကြား အနောက်ဘက်ကမ်း တောင်ခြေ ဒေါ်သန်းသန်းကြွယ် ပျဉ်းကတိုး စိုက်ပျိုးရေး ခြံအတွင်း ခြံစောင့်ဖြစ်သည့် ဦးဇော်မင်း (၅၆)နှစ်၊ ဒေါ် တင်လှ(၅၃)နှစ်တို့မှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ 

အသတ်ခံရသူ ကိုဇော်မင်းမှာ ခေါင်းဖြတ် သတ်ခံရပြီး အခင်းဖြစ်ပွားခဲ့ သည့် နေရာနှင့် ကိုက် ၁၀၀ အကွာ လျှိုမြောင်းအတွင်း သွေးများပေ ကျံ နေသည့် ဓား၊ ထမင်းချိုင့်နှင့် ထမင်းထုပ်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ''အခင်းဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာရှိတဲ့ လျှိုမြောင်းတစ်ခုထဲမှာ လူသတ်တဲ့အခါမှာ အသုံးပြုခဲ့တယ်လို ထင်ရတဲ့ သွေးတွေ ပေနေတဲ့ ဓားကို တွေ့ရတယ်၊ ပြီးတော့ ထမင်းချိုင့်ထဲမှာက ဟင်းနဲ့ထမင်းတွေ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ကို ထမင်းမစားခင်မှာ သတ်ခဲ့တယ်လို အကြမ်းဖျင်း ယူဆထားပါတယ်။ သတ်ခံခဲ့ရတဲ့သူ နှစ်ယောက်ကနေ အိမ်အတိအကျ မရှိဘူး၊ သိတဲ့အိမ်တွေမှာ နေရင်းနဲ့ ပျဉ်းကတိုး စိုက်ပျိုးရေးခြံထဲမှာ ခြံစောင့်လုပ်နေတဲ့ သူတွေဖြစ်ပါတယ်'' ဟု ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူးရဲမှူး စိုးသန်းက ပြောကြားခဲ့သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ''အခင်းဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာရှိတဲ့ လျှိုမြောင်းတစ်ခုထဲမှာ လူသတ်တဲ့အခါမှာ အသုံးပြုခဲ့တယ်လို ထင်ရတဲ့ သွေးတွေ ပေနေတဲ့ ဓားကို တွေ့ရတယ်၊ ပြီးတော့ ထမင်းချိုင့်ထဲမှာက ဟင်းနဲ့ထမင်းတွေ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ကို ထမင်းမစားခင်မှာ သတ်ခဲ့တယ်...
 
သေဆုံးသူ နှစ်ဦးမှာ ဖြူးမြို့နယ် ကျွဲမကူး ကျေးရွာရှိ ဆွေမျိုးတစ်အိမ်တွင် နေထိုင်ပြီး အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ရဲမှူးစိုးသန်းက ''ကျွန်တော်တို့ သတင်းရခဲ့တဲ့ အချိန်က ညနေ ၆ နာရီဖြစ်တယ်။ သတ်ခံရတယ်လို့ ယူဆရတဲ့ အချိန်ကတော့ မွန်းတည် ၁၂ နာရီဝန်းကျင် အချိန်ကလို့ ယူဆရတယ်။ ဒါကြောင့် တရားခံက တိမ်းရှောင်ဖို့ အခြေအနေတွေ အများကြီး ရသွားတယ်၊ အခင်းဖြစ်တဲ့ နေရာကလည်း လူတွေသွားလာမှု ဖြစ်တဲ့နေရာ ဖြစ်တယ်၊ ဒါပေမဲ့ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့သည်။ လူသတ်မှု ဖြစ်စဉ်မှ ခေါင်းဖြတ် လူသတ်ခံရသူ၏ ဦးခေါင်းကို ရှာဖွေနေဆဲ ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ဖြူး မြို့နယ် ရဲတပ်မှူးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို ဖြူးမြို့မ ရဲစခန်း(ပ)၄၃၃/ ၁၃၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာ ရန်ကုန်-မန္တလေး (ပုံမှန်)ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁ နှင့် ၁၃၉/၂အကြားရှိ တံတားအမှတ်၁၄၀/၁ ဇဟား ချောင်းတံတားအောက် အနောက်ဘက်ကမ်းစပ် တစ်နေရာတွင် ပီနံအိတ်ကြီး တစ်လုံးအတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဦးခေါင်းပြတ် (ဦးခေါင်းမပါ) အသက် ၂၀ ၀န်းကျင်ခန့် အမည်မသိ အမျိုးသမီး တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် ဦးခေါင်းအား ဆက်လက် ရှာဖွေရာ ညနေ ၃ နာရီတွင် မိုင်တိုင်အမှတ် ၁၃၈/၂ မှ ၁၃၈/၃ ကြား ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရထားလမ်းကြား ကွင်းပြင်ထဲတွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိရန် CID မှ စစ်ဆေး နေသော်လည်း ယခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ခေါင်းဖြတ် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေရာအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
Eleven Media Group
ယခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ခေါင်းဖြတ်လူသတ်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်စဉ်တွင် ကျူးလွန်သူ အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဓားကိုတွေ့ရှိခဲ့ကြောင်း ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ခြောက်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု မှတ်တမ်း

နိုင်ငံတ၀န်း ဗုံးပေါက်ကွဲခြင်းနှင့် ဗုံးတွေ့ရှိရသည့် နေရာများ

၁- အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့သည်။

နောက်ဆုံးရ အားကစားသတင်းတိုများ

Photo: နောက်ဆုံးရ အားကစားသတင်းတိုများ
Wednesday, October 16, 2013

ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

***အင်တာမီလန်ဥက္ကဋ္ဌ မိုရက်တီမှာ အသင်းရှယ်ယာ (၇၀)ရာခိုင်နှုန်းကို အင်ဒိုနီးရှားလုပ်ငန်းရှင် သိုဟီယာထံ ရောင်းချလိုက်ပြီဖြစ်သည်။

***လာမည့်အပြောင်းအရွှေ့ကာလတွင် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုကို ခေါ်ယူဖွယ်ရှိကြောင်း ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အရိပ်အမြွက် ပြောကြားခဲ့သည်။

***ပွဲထွက်ကစားခွင့် မရပါက အသင်းပြောင်းမည်ဟု အာဆင်နယ် နောက်ခံလူ ဗာမေလန်က ခြိမ်းခြောက်ခဲ့သည်။

***ဘာစီလိုနာ နောက်ခံလူ ပီကေးက ရီးရဲလ်နောက်ခံလူ အာဘီလိုအာနှင့် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း ဖွင့်ဟသွားသည်။

***နယူးကာဆယ်တိုက်စစ်မှူး ရီမီမှာ စိန့်ဂျိမ်းပတ်ကွင်းနှင့် မိုင်ဝက်အကွာတွင် တက္ကစီတစ်စီးကို ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သိရသည်။

***ဂျူဗင်တပ်နှင့် လာဇီယိုတို့မှာ လာမည့်အပြောင်းအရွှေ့တွင် ဗီလာတိုက်စစ်မှူးဘန်တီကီကို ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူရန် ပြင်ဆင်
နေကြောင်း သတင်းရရှိသည်။

http://yoyarlay.com/sport/football/38344-2013-10-15-18-25-51
ဇော်ထွန်း(ရိုးရာလေး)
ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

သတိပေးနှိုးဆော်ချက်

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်းများ ကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများထံမှ ရပ်ရွာ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်း တို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များပစ်ဖောက်ခြင်းကို တားမြစ်သည်။

ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ၃ နာရီအတွင်း ဖမ်းဆီးရမိ

ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ လူသတ်တရားခံအား အခင်းဖြစ်ပွားပြီးနောက် ၃နာရီအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

AA-16-10
အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့် မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့က စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှု တိုင်းတရားလွှတ်တော်ရုံး လက်ခံ

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့မှ စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။
ယင်းအမှုမှ ကျူးလွန်သူ ၂၃ ဦးကို ကြိုတင် ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၁(ခ)နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်တွင် ကျူးလွန်သူ ၂၃ ဦး၏ ပြန်ခေါ်သက်သေများကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
    

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

CC-16-10
အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အိမ်ကွင်းမှာ အနိုင်ရလဒ်နှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည့် အဖြူရောင် ခြင်္သေ့များ

မနေ့ညက ဥရောပခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးမှာတော့ အင်္ဂလန်အသင်းက ဘရာဇီးသို့ သွားရောက်ခွင့်တနေရာ အတွက် အိမ်ကွင်း ၀င်ဘာလေ မှာ ဂျရတ် နှင့် ရွန်းနေးတို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ယူလိုက်နိုင်ပါတယ်။ ပွဲစဉ်ကို ပိုလန်အသင်းပရိတ်သတ်ပေါင်း ၂ သောာင်း ခန့်လောက်ထိ ဆူဆူညံညံဖြင့် သူတို့နိုင်ငံအသင်းကို ကြောက်ခမန်းလိလိအားပေး ခဲ့ကြတာကိုတွေ့ရ ပါတယ်။ ဒုတိယပိုင်းလောက်မှာလည်း ပိုလန်အသင်းမှ ပရိတ်သတ်တစ်ဦး ကွင်းထဲကို ၀င်ရောက်ပြေး လာပြီး နှောက်ယှက်သလိုဖြစ်တာကြောင့် ခဏရပ်ထားခဲ့ရပါသေးတယ်။