Monday 24 February 2014

သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု

Photo: သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု
Monday, February 24, 2014

လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ သီလ၀ါဇုန်ကို သမ္မတ ဦးသိန်းစိန် လာရောက် လည်ပတ်ချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေကို သင့်တင့်တဲ့နှုန်းနဲ့ မြေငှားရမ်း ခွင့်ပြုမှာ ဖြစ်သလို သတ်မှတ်တဲ့အချိန်အတွင်း အကောင်အထည် မဖော်ခဲ့ရင် နိုင်ငံတကာနည်းတူ ပြန်ပြီး သိမ်းယူမယ့် စည်းကမ်းချက်တွေကိုပါ ထည့်သွင်းသွားမယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံထဲက အခြားသော စက်မှုဇုန်နဲ့ စီးပွားရေး ဇုန်တွေရဲ့ စံပြဖြစ်အောင် တည်ဆောက်သွားမယ်လို့လည်း ဦးဆက်အောင်က ပြောပါတယ်။

DVB TV News
လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်
Monday, February 24, 2014

စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင်သူများက ပြောကြားသည်။

ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်အတွင်းက မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ လေးကြိမ် တင်ပြခဲ့သော်လည်း ခွင့်ပြုမှု မရှိခဲ့ခြင်းကြောင့် ယခုအကြိမ်တွင် အကြောင်းကြားစာ ပေးပို့ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြရာတွင် ပါဝင်သူ စာရေးဆရာ မောင်မြေမွန် (ချောင်းဦး) က ရှင်းလင်း ပြောကြားသည်။

“ကျွန်တော်တို့ ခွင့်ပြုမထားပါဘူး။ လေးကြိမ် တင်ထားတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လျှောက်ထားတဲ့စာ ဒီကနေ့မှ ကျွန်တော့် လက်ထဲ ရောက်တာ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ထွန်းကြည်က ယင်းဆန္ဒ ထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆိုသည်။

ယင်းချောင်းဦးမြို့ ဒေသခံ ဦးသက်နွယ်ဦးနှင့် ဦးကျော်ဆွေ (မောင်မြေမွန်- ချောင်းဦး) တို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ ပုဒ်မ ၅၉ (စ) (ဃ) ပယ်ဖျက်ရေး၊ မြန်မာ တစ်နိုင်ငံလုံးနှင့် ချောင်းဦးမြို့တို့မှ အဓမ္မ သိမ်းဆည်းထားသော မြေများကို မူလ ပိုင်ရှင်ထံ ပြန်ပေးရေး၊ ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနစ်နှစ်တိုင် ချိပ်ပိတ် ခံရသော အိမ်များကို လျော်ကြေးပေးရေး စသည့် အချက်များ ပါဝင်ကြောင်း ယင်းဆန္ဒ ပြသူများထံမှသိရှိရသည်။

ယင်းဆန္ဒပြမှုကို ချောင်းဦးမြို့ အားကစားကွင်းမှ ချောင်းဦးမြို့နယ် စည်ပင်သာယာရေး ရုံးအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

The Voice Weekly
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင် သူများက ပြောကြားသည်။

သပိတ်ကျင်းတွင် ကျောင်းရက်ရှည် ပိတ်မှုဖြင့် ကျောင်းအုပ် ဆရာမကြီး အပါအဝင် ငါးဦးကို ထပ်မံ စစ်ဆေးမည်

မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုံး ကျေးရွာအုပ်စု ဇရပ်ကွင်း ကျေးရွာရှိ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင် စာသင်ကြားမှု မရှိဘဲ ကျောင်းရက်ရှည် ပိတ်ထားမှုနှင့် ပတ်သက်၍ ယင်းကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို အရေးယူပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဒေသခံများက တိုင်ကြား ထားသဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက ဒုတိယအကြိမ် ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းတိုင်ကြား ထားသူများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို

Photo: တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို
Monday, February 24, 2014

ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည်မဟုတ်ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ပုသိမ်၌ ကျောင်းဖြေကျောင်းသားကျောင်းသူ(၃၃၀၀)ကျော်နှင့် အပြင်ဖြေ(၁၇၀၀)ကျော်မှ စာစစ်ဌာန(၁၆)ခု၌ ၀င်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

“ ဒီနေ့ကစပြီးစာမေးပွဲဝင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာ မဟုတ်ပါဘူး”ဟု ပုသိမ်မြို့နယ်ပညာရေးမှူး ဦးကျင်သောင်းက ပြောသည်။

ယမန်နှစ်များကစာစစ်ဌာန(၁၄)ခုဖြင့်သာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပခဲ့သောပုသိမ်မြို့နယ်တွင် ယခုနှစ်၍ ပထမဆုံးအကြိမ်အဖြစ် စာစစ်ဌာနနှစ်ခုတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင်ပုသိမ်မြို့နယ်၌ထပ်မံတိုးမြင့်ထားသောစာစစ်ဌာနအချို့မှ ခုံကြေးကောက်ခံနေမှူ့ကြောင့် ငွေကြေးချို့တဲ့ စွာဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေသောကျောင်းသားများမှာအလုပ်ရှင်များထံမှ စာမေးပွဲပြီးချိန်၌ အလုပ်လုပ်ပေးရန် ငွေကြေးများ ကြိုတင်ချေးဌားဖြေဆိုရသည်အထိ ဖြစ်ပေါ်နေကြောင်း ကျောင်းသားအချို့ထံမှ သိရှိရသည်။

“ကျွန်တော်ဝင်ဖြေမယ့်ကျောင်းကဆို ခုံကြေးလေးထောင်နဲ့တခြားကြေး သုံးထောင်အားလုံးပေါင်းခုနှစ်ထောင် ကောက်ခံလို့ ရွာထဲက လယ်ပိုင်ရှင်တစ်ယောက်ဆီမှာ စာမေးပွဲပြီးရင်ကောက်ရိတ်ပေးဖို့ ငွေကြိုယူပြီး စာမေးပွဲဖြေဖို့လုပ်ရတယ်”ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်ကြက်ပေါင်တိုက်နယ်မှ ကျောင်းသား တစ်ဦးကပြောသည်။

ငွေကြေးမပြည့်စုံသောကျောင်းသားအများစုရှိသော ပုသိမ်မြို့နယ်တွင်းကျေးရွာအချို့မှတွဲဖက်အထက်တန်း ကျောင်းသား များသည် ပုသိမ်မြို့ရှိကျောင်းများတွင် လာရောက်ဖြေဆိုရာ၌ ယခုကဲ့သို့ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းသားမိဘ များကလည်း အခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်း အနန်းကုန်းကျေးရွာအုပ်စုမှတက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားမိဘအချို့က ဆိုသည်။

စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၅)ထောင်ကျော် တက္ကသိုလ် ၀င်တန်းဝင်ရောက်ဖြေဆိုမည်

ဖြစ်သည့် ပုသိမ်မြို့နယ်၌ စာစစ်ဌာနများကို သတ်မှတ်ခုံအရေအတွက်၊ သွားလာရန်ခရီးလမ်းသာယာမှုနှင့်  အခြား သတ်မှတ်ထားသော အချက်များပြည့်စုံမှသာ စာစစ်ဌာနအဖြစ်ချထားပေးခြင်းဖြစ်ကြောင်း အထက်တန်းကျောင်းအုပ် ဆရာဆရာမများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၁၂)ရက်နေ့မှမတ်လ(၂၂)ရက်နေ့အထိ မြန်မာနိုင်ငံတ၀န်းရှိ စာစစ်ဌာန ကျောင်းများ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။

Myit Ma Kha Media Group
ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည် မဟုတ် ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသူ မြန်မာ ၁၆ ဦးကို စင်ကာပူ အစိုးရ အရေးယူ

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထားသူ မြန်မာ နိုင်ငံသား ၁၆ ဦးကို အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်

အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်

Photo: Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်
Monday, February 24, 2014

အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို  ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီပွဲမှာ ကလေးငယ်များအတွက် ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များ၊ အစားအသောက် ကျွေးမွေးတဲ့ အစီအစဉ်များနဲ့အတူ မိဘမဲ့ကျောင်းတွေကိုလည်း အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ Charity Fun Fair ပွဲမှာ Aroma Makeup ၊ Wedding Dress and Photo Studio က ကိုအောင်မြတ်သူနဲ့ ကိုစိန်လင်းတို့ကလည်း ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါ ပရဟိတပွဲ လုပ်ဖြစ်တဲ့အကြောင်းကို သရုပ်ဆောင် စမိုင်းလ်က “ဒီလိုလုပ်တာက အလှူတခုလည်း လုပ်ဖြစ် သွားအောင်၊ နောက်ပြီး မိဘမဲ့ ကလေးလေးတွေကိုလည်း ပျော်စေချင်လို့၊ ပြီးတော့ ကိုယ်တွေလုပ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးလည်း ဖြစ်အောင် အစ်မအမျိုးသားနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာပါ။ နောက်ပြီး အစ်မတို့နဲ့ အတူ ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်အောင် လှူချင်တဲ့ မိတ်ဆွေတွေကို ကလေးတယောက်ကို ၄၀၀၀ ကျပ်နှုန်းနဲ့ တတ်နိုင် သလောက် လှူနိုင်တဲ့ အစီအစဉ်လေးလည်း ထည့်ခဲ့တာပါ။ အစ်မတို့ လှူတဲ့နေရာတွေကတော့ အောင် ပရဟိတကျောင်း၊ မှန်ကင်းကျောင်း၊ သန်လျင်က တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်းနဲ့ ၀ိသာခါကျောင်းတွေကို လှူဒါန်းခဲ့တာပါ။ ကလေးတွေ ပျော်ရွှင်နေတာကို ကြည့်ပြီး အစ်မ တကယ်ကို စိတ်ကျေနပ်ဝမ်းသာမိတာ မဟြေပြတတ်အောင်ပါပဲ။ ဘာပဲဟြေဟြေ အလုပ်တွေလုပ်ပြီး မအားမလပ်တဲ့ကြားက ဒီလိုအလှူမျိုး လုပ်ရတော့ စိတ်လှုပ်ရှားသလို၊ အရမ်းကို အတိုင်းမသိ ကျေနပ်ပီတိ ၀မ်းသာမှု ဖြစ်ရပါတယ်။ အစ်မတို့ရဲ့ အလှူကို ၀ိုင်းဝန်းကူညီပေးတဲ့ မိတ်ဆွေတွေကိုလည်း အရမ်းကျေးဇူး တင်ပါတယ်လို့ ဟြေချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

သူဟာ သူ့ခင်ပွန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Y Talk International Calling Card လုပ်ငန်းအပြင်၊ သူကိုယ်တိုင် ဦးစီး လုပ်ကိုင်နေတဲ့ Make Up Store Cosmetic & Perfume ဆိုင်ကိုလည်းဖွင့်လှစ်ထားပြီး မကြာသေးခင်ကပဲ ‘New Me’ အမည်ရ တေးစီးရီး တခွေလည်း ထွက်ရှိထားပါသေးတယ်။

ဧရာဝတီ

ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ

Photo: ၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ
Monday, February 24, 2014

ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကျင်းပ ခြင်းနှင့် ပတ်သက်၍ ကိုနေမျိုးဇင် က ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံရေး ပါတီတွေမှာပဲ  တာဝန်ရှိတာ မဟုတ်ဘဲ၊ ပြည်သူလူထုတစ်ရပ် လုံးနဲ့ လူမှုအဖွဲ့ အစည်းတွေမှာ ရော တာဝန်ရှိတယ်။ သန်း ၆၀ ကျော် ပြည်သူလူထုရဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ အရေး ကို ၇၅ ရာခိုင်နှုန်းနှင့် အထက် ဆိုတဲ့ တပ်မတော်သားကိုယ်စား လှယ်တစ်ယောက် မပါရင် မရ ဘူးဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ တိုင်းပြည်ကို လည်ပင်းညှစ်ထား တာဖြစ်တယ်။ ကျွန်တော်တို့ကို ကြွေးကြော် ခိုင်းထားတဲ့ဟာတွေ မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး ...ဒို့အရေး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ ပြောရင် ဘာကြောင့်မို့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးကိုမပေး ထားတဲ့ ဥပဒေကို ဘာကြောင့် မပြင်သေးတာလဲ။ ဥပဒေကို နား မလည်တာလား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲချင်ရင် လူတစ်ခုက ထိန်းချုပ်ထား တဲ့ ဥပဒေကို ပြင်ပေးပါ””ဟု ပြော ကြားသည်။

လယ်သမားအရေး လှုပ်ရှား သူ တစ်သီးပုဂ်္ဂလကိုယ်စားလှယ် ဦးဝင်းချိုက ““ရွေးချယ်ခွင့်မရှိဘဲ စားရတော့မယ့် စားသောက်ဖွယ် “ဟင်း”တစ်ခွက်ကို ခင်ဗျား လျှာနဲ့ ကိုက်/မကိုက်။ ခင်ဗျားကြိုက်/ မကြိုက်ကို ပြောဖို့အတွက်ဆိုရင် ခင်ဗျား “ဟင်းချက်တတ်”ဖို့ မလို ပါဘူး။ အဲဒီဟင်းထဲမှာ ဘာတွေ ပါတယ်လည်း သိဖို့မလိုပါဘူး။ ဟင်းကို ဘယ်လောက်အချိန် ယူ ပြီး ချက်ထားလဲဆိုတာကိုလည်း သိဖို့မလိုပါဘူး။ အဲဒီဟင်းတစ် ခွက်ရဲ့ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာ ၆ ပါးကို သိနိုင်တဲ့ လျှာ တစ်ချောင်းနဲ့  ခံစားတတ်တဲ့ နှလုံးသားတစ်ခုပဲ လိုအပ်တယ်။ အဲဒီအကြောင်းတရားဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်တဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပါပဲ။

ပြည်သူတွေဟာ ဥပဒေကို ရေးဆွဲသူတွေ မဟုတ်ပေမဲ့လည်း ဒီဥပဒေရဲ့ အကျိုးသက်ရောက် မှုကို ပြည်သူတွေက တိုက်ရိုက် ခံစားနေရပါတယ်။ ပြည်သူတွေ ရဲ့ အသံကို နားထောင်ပေးပါ။ ပုဒ်မ ၄၃၆ ကို မပြင်ရင် နောက် ထပ်နည်းလမ်းဟာ လမ်းပေါ် ထွက်ပြီး ဆန်္ဒပြဖို့ပဲ လိုပါတယ်။ အဲဒီလို မလုပ်ချင်ပါဘူး။ လွှတ် တော်ကနေ အေးအေးချမ်းချမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အကြောင်းအရာတွေထဲက ပြင် ဆင်သင့်တဲ့ အကြောင်းအရာ တွေကို ပြင်ဆင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်””ဟု ပြောကြားခဲ့ သည်။

ABSDF ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးထွန်းအောင် ကျော်က ““ပုဒ်မ ၄၃၆ ပြင်လိုက်ရင် ပြည်သူတွေလိုလားတဲ့ အခြား ပြင်ဆင်ချက်တွေကို ပြင်ဆင်ဖို့ လွယ်ကူလိမ့်မယ်။ တိုင်းပြည် အတွက် အခြေခံဥပဒေ ပြင်ဆင် ရေးဟာအင်မတန် အရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ကို ပေးနိုင်တဲ့ ပြည်သူတွေလိုလားတဲ့ အခြေခံဥပဒေပေါ်လာဖို့ လိုအပ် တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ သမိုင်းက တောင်းဆိုလာတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်။ အခြေခံ ဥပဒေပြင်ဆင်ရးကိစ္စမှာ နှောင့်နှေးနေမယ်ဆိုရင် တိုင်း ပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်တီးတဲ့ တရားခံတွေ ဖြစ်သွားလိမ့်မယ်။ ၂၀၁၄ မှာ အခြေခံဥပဒေပြင်ဆင် ရေးဖြစ်မလာဘူးဆိုရင်၊ ၂၀၁၅ မှာ ပြည်သူတွေလိုလားတဲ့တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး””ဟု ပြောကြားသည်။

အဆိုပါပွဲသို့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ရွှေည၀ါဆရာတော် မှ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ သည်။            

 အာကာဗိုလ်
 The Hot News Weekly
ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်

Photo: နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်
Monday, February 24, 2014

လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

“အရင်နှစ်တွေက နေပြည်တော်မှာပဲ ကျင်းပကြတယ်၊ ဒီနှစ်တော့ အနယ်နယ် အရပ်ရပ်ကို ကျင်းပခွင့်ပြုတော့ နယ်က အမျိုးသမီးတွေကို ဒီလို အမျိုးသမီးနေ့တွေ ရှိတယ် ဆိုတာ အမျိုးသမီးတွေကို သိသွား ပြောပြသွားမယ်၊ အမျိုးသမီးတွေရဲ့အခက် အခဲတွေ အခွင့်အရေးတွေကို ပြန်လည် သုံးသပ် သွားမယ်”ဟု Women’s Organization Network of Myanmar မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာသည့် အကြောင်းကို အမျိုးသမီးများ သိရှိစေရန်နှင့် အမျိုးသမီး အခွင့် အရေး အပြည့်အဝ ရရှိလာစေရန်၊ အမျိုးသမီး အကြမ်းဖက်မှုကို ကာကွယ်နိုင်မည့် ဥပဒေ ပေါ်ထွက်လာရန်နှင့် ယင်းဥပဒေနဲ့ အညီ အရေးယူမှု ရှိရန် စသည် တို့ကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့ အပါအ၀င် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် INGO၊ NGO တို့နှင့် ပူးပေါင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါ်မာမာချိုက ဆက်ပြောသည်။

လတ်တလော၌ အမျိုးသမီးများပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အမျိုးသမီးများ အတွက် အကြမ်းဖက်မှုကို ထိရောက်သော ဥပဒေများဖြင့် အရေးယူ ပေးရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ အမျိုးသမီးများ ပူးပေါင်းပါဝင် လာစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို တန်ဖိုးထားတတ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖန်မီးအိမ် အဖွဲ့မှ ဒေါ်ခင်လေးငယ်က ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာမှာလဲ အမျိုးသမီးနေ့ ဆိုပြီးတော့ လုပ်နေတယ်လေ၊ မြန်မာပြည်က မသိကြသေးဘူး၊ အမျိုးသမီးတွေရဲ့ အခွင့် အရေးကို ဘယ်လို တောင်းဆိုရမယ်၊ ဘာတွေ ကာကွယ်နိုင်မှာလဲ ဆိုတာ လုပ်သွားကြမယ်”ဟု ရှမ်းပြည်နယ် အမျိုးသမီး ကာကွယ် စောင့်ရှေက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် New Generation မှ ဒေါ်သန္တာဦးက ဧရာဝတီသို့ ပြော သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၁၉၀၈ ခုနစ် အမေရိကန် ပြည်ထောင်စုရှိ အထည်ချုပ် စက်ရုံမှ အမျိုးသမီးများသည် အလုပ်ချိန်၊ လစာ တိုးပေးရန်နှင့် မဲပေးပိုင်ခွင့် ရရန်အတွက် ဆန္ဒပြရာမှ ဖြစ်ပေါ်လာသည့် နေ့တနေ့ ဖြစ်ကြောင်း သိရ သည်။

၁၉၁၀ ပြည့်နစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ကျင်းပခဲ့ကာ ဂျာမနီနိုင်ငံ Social Democratic Party မှ Mrs. Clara Zetkin ဦးဆောင်မှုဖြင့် မတ်လ ၈ ရက်ကှို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟု သတ်မှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရောက်တိုင်း အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲ များနှင့် အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိရန်တို့ကို ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် ရေးဆွဲကြကြောင်း သိရ သည်။

၂၀၀၀ ပြည့်နစ်မှ စတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံသည် မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အစိုးရ ရုံးပိတ် ရက် အဖြစ် သတ်မှတ်ကြသည်။

ဧရာဝတီ

ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်


အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

မျက်နှာပေါ်က အမည်းစက်တွေ ကင်းချင်ရင်

Photo: မျက်နှာပေါ်က အမည်းစက်တွေ ကင်းချင်ရင်
Monday, February 24, 2014

မျက်နှာပေါ်မှာ အမည်းစက်တွေ ကင်းစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေး တွေ ရှိပါတယ်။

၁) မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုတွေကို ညှစ်တာမျိုး လက်သည်းနဲ့ကု တ်ဖဲ့ လိုက် တာမျိုးကိုရှောင်ပါ။

၂) ဝက်ြခတွေကို ချွန်ထက်တဲ့ အရာတွေ နဲ့ ထိုးဖောင်တာမျိုးလိုအကျင့်တွေကြောင့် ရောဂါပိုးဝင်တတ်ပါတယ်။

၃) မျက်နှာပေါ်မှာ ဝက်ခြံအများကြီး ပေါက်နေချိန်နဲ့ အဖုတွေပေါက်နေချိန်မှာ မျက်နှာကြေးချွတ်သန့်စင်တာမျိုးလို အ တင်းပွတ်တိုက်မှုတွေ မလုပ်ပါနဲ့။

၎) မျက်နှာပေါ်က အဖုနဲ့ ဝက်ခြံတွေပေါ် ကို ပူတဲ့အဝတ်နဲ့အုပ်တာမျိုးကို ရှောင်ပါ။

၅) အဖုတွေပေါ်ကို ဝက်ခြံပျောက်ဆေး သာ လိမ်းပေးပြီး တခြားလောင်ကျွမ်းစေ တဲ့ ဆေးတွေကို အစက်ချလိမ်းပေးတာ မျိုးရှောင်ပါ။

၆) ဝက်ခြံနဲ့ အဖုတွေပေါ်ကို ရေအေး ဝတ် ဒါမှမဟုတ် ရေခဲနဲ့ တစ်နေ့ကို နှစ်မိ နစ်လောက် ကပ်ပေးတာက ရောင်ရမ်းမှု ကိုကျစေပြီး ဝက်ခြံသက်သာစေပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ)
မျက်နှာပေါ်မှာ အမည်းစက်တွေ ကင်းစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေး တွေ ရှိပါတယ်။

ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်

Photo: ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်
Monday, February 24, 2014

ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထားသည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ဂျာအိန်ယန် ဒေသတွင် သစ်မှောင်ခိုများ တစ်ဖက်နိုင်ငံသို့ သယ်ယူရန် ပြင်ဆင်ထားသော သစ်တန်ချိန် လေးထောင် ဝန်းကျင်ခန့်ကို တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ပြီး ယင်းမတိုင်မီ မန်စီမြို့နယ် အတွင်း တန်ချိန် လေးထောင်ထက် ပိုမိုများပြားသော သစ်များကို ဖမ်းဆီးမိကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် တပ်ရင်းမှူးက ပြောကြားသည်။

ယင်းသစ်များနှင့် အတူ သစ်တင် ၁၀ ဘီးယာဉ် ၄၁ စီး၊ သစ်တင် ကရိန်းကား သုံးစီးနှင့် တစ်ဖက် နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ရမိကြောင်း၊ ဖမ်းဆီးမိသူများကို ဥပဒေနှင့် အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

“ခု ဒီသစ်တွေကို မနက်ဖြန် (ဖေဖော်ဝါရီလ ၂၄ ရက်) မှာ သစ်တောကို လွှဲပြောင်း သွားမှာပါ၊ အသေးစိတ် တွက်ချက် သိမ်းယူဖို့ကတော့ သစ်တောရဲ့တာဝန်ဖြစ်ပါတယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ သစ်များကို သစ်မှောင်ခိုများထံမှ မြန်မာ့ တပ်မတော်က ဖမ်းဆီး သိမ်းယူစဉ် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး တပ်မတော်သား တစ်ဦး ဒဏ်ရာ ရရှိကာ ကေအိုင်အေ တပ်ဖွဲ့မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခဲ့ကြောင်း အထက်ပါ တပ်ရင်းမှူးက ပြောဆိုသည်။

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် အတွင်း နှစ်ဖက် စစ်ရှိန် လျှော့ချရန် သဘောတူ ထားသော်လည်း ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲအချို့ ပြန်လည် ဖြစ်ပွားလာပြီး ယင်းမှာ တရားမဝင် သယံဇာတ ခိုးယူမှုများကို လိုက်လံ ကာကွယ်စဉ် ထိတွေ့မှု ဖြစ်ကြောင်း တပ်မတော်က ပြောဆိုထားပြီး ကချင် လူမှုအဖွဲ့အစည်း အချို့ကမူ ရည်ရွယ်ချက် ရှိရှိဖြင့် ထိုးစစ်ဆင်လာကြောင်း ထုတ်ဖော် ပြောကြားသည်။

The Voice Weekly
ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထား သည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေး ငယ်လေး များ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်း တွင် ဖော်ပြပါရှိသည်။

တက္ကစီကို ၀ိုင်းရိုက်မှုမှ ပြိုင်ကားနှစ်စီး မိဘများကိုယ်တိုင် ရဲစခန်းလာအပ်

ရန်ကုန်မြို့ ပြည်လမ်း၊ (၆)မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးကို ပြိုင်ကားငါးစီးက ၀ိုင်းဝန်း ပိတ်ဆို့ကာ ရိုက်နှက်ခဲ့မှုတွင် ပြိုင်ကားတစ်စီးကို ဖမ်းမိပြီးနောက် ကျူးလွန်ရာတွင်ပါဝင်သည့် အခြားပြိုင် ကားနှစ်စီးကို မောင်းနှင်သူများ၏မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဖေဖော် ၀ါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်

Photo: နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်
Monday, February 24, 2014

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် ယင်းသို့ လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

နီပေါ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ်၏ အကြံပေး အရာရှိ Dinesh Bhattarai က ဆိုသည်။

ထို့အပြင် နီပေါ ဝန်ကြီးချုပ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံမည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး ထုတ်ပြန် ထားချက်အရ သိရှိရသည်။

နီပေါ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၆၀ ခုနှစ်က စ၍ သံတမန် ဆက်ဆံရေး တစ်ရပ် စတင်ခဲ့ပြီး၊ နီပေါ နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် Sujata Koirala သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် အတွင်းက ရောက်ရှိခဲ့သည်။

The Voice Weekly
နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံ ရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

နယ်လိုင်စင် ကိုင်ဆောင်ထားသည့် ကား၂၀ ရာခိုင်နှုန်း ရန်ကုန်တွင် ရှိနေ

ရန်ကုန်တိုင်းအတွင်း တရားမ၀င် မောင်းနှင်နေသော ကားများကို စစ်ဆေးရာ နယ်လိုင်စင်ဖြင့် မောင်းနှင် နေသော ကားမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်

Photo: ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်
Monday, February 24, 2014

ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။

ဆီးရီးယားအစိုးရနှင့် အတိုက် အခံတပ်များအနေဖြင့် နိုင်ငံတစ်ဝန်း အရပ်သားများဆီသို့ အကူအညီ ပေးရေးယာဉ်တန်းများ ရောက်ရှိ အောင် ခွင့်ပြုပေးရမည်ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင်ဖော်ပြသည်။

ယခင် အလားတူဆုံးဖြတ်ချက် များကို ဗီတိုအာဏာသုံးခဲ့သော ရုရှားနှင့် တရုတ်တို့ကလည်း သဘောတူညီပေးခဲ့သည်။ ရုရှားနိုင်ငံ သည် သမ္မတဘာရှာအယ်လ် အာဆတ်၏ အစိုးရကိုထောက်ခံ နေဆဲဖြစ်သည်။ သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်း စည်ပိုင်းဗုံးများ အသုံးပြုတိုက်ခိုက် ခြင်းကို ရှုတ်ချလိုက်ပြီး နယ်စပ် တစ်လျှောက် အကူအညီပေးရေး ယာဉ်တန်းများကို ဝင်ခွင့်ပေးရန် တောင်းဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ကြိုဆိုလိုက်သည်။ ယင်း ဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ကြောင်း ၄င်းက ပြောကြားလိုက်သည်။ 

ဘီဘီစီ
ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။

3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ

Photo: 3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ
Monday, February 24, 2014

ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။

ဖြစ်နိုင်ဖွယ်ရာ အပလီကေးရှင်းများတွင် အိမ်တွင်း ပုံရိပ်ဖော် စံနစ်လည်း ပါဝင်နိုင်သည်ဟု ဂူဂယ်မှ ပြောဆိုခဲ့သည်။ အိမ်တွင်း ပုံရိပ်ဖော် စံနစ်မှာ အမြင်အာရုံ အားနည်းသူများ အတွက် ရင်းနှီး ကျွမ်းဝင်မှု မရှိသည့်
နေရာများကို ဖော်ပြ အထောက်အကူ ပြုပေးနိုင်သော စံနစ်ဖြစ်သည်။

3 D စံနစ် အတွက် အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲများကို ထုတ်လုပ်ရန်
ဆော့ဖ်ဝဲ ရေးသားသူများကို နမူနာ အလုံး ၂၀၀ ပေးအပ်ခဲ့သည်။ အဆင့်မြင့်နည်းပညာနှင့် စီမံကိန်းအဖွဲ့မှ Tango ဟု ခေါ်ဆိုသည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် ၎င်းဖုန်းကို သုတေသန ပညာရှင် အများအပြားမှ အကူအညီများ ရယူ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဂူဂယ်လ်မှ ပြောဆိုခဲ့သည်။

“ အဓိက ကတော့ ဒီလိုမျိုး ပစ္စည်း ကိရိယာတွေ အသုံးပြုနိုင်တဲ့ ဆော့ဖ်
ဝဲတွေကို ထုတ်လုပ်နိုင်ဖို့ပါ ” ဟု သုတေသန ဌာနမှ ဒုတိယ ဥက္ကဌ ဘရိုင်ယန်မ မှ ပြောဆိုခဲ့သည်။

ဂူဂယ်လ် အပါအဝင် အဖွဲ့အစည်း အများအပြားမှ နစ်ခ်ျ နည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလျှက် ရှိကြသည်။ နစ်ခ်ျ နည်းပညာ ဆိုသည်မှာ အသုံးပြုသူမှ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အထောက်အကူ ပြုမည့် သတင်း အချက်အလက်များကို ပံ့ပိုးပေးသော စံနစ် ဖြစ်သည်။ နစ်ခ်ျ နည်းပညာကို အသုံးပြုပြီး ဂူဂယ်လ်မှ ဂူဂယ်လ် မျက်မှန်များကို ထုတ်လုပ်ထားသည်။ ၎င်းမျက်မှန်များကို ယခုနှစ် နှောင်းပိုင်းကာလတွင် ရောင်းချသွားမည် ဖြစ်သည်။

အသုံးပြုသူများကို ပိုမို ဆွဲဆောင်နိုင်ရန် အတွက် ဂူဂယ်မှ ၎င်းနည်းပညာ
များကို နေ့စဉ် လူမှုဘဝများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် နည်းလမ်းများ ရှာဖွေလျှက် ရှိသည်။

REF: BBC
The Myanma Age
ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။

ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ

Photo: ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ
Monday, February 24, 2014

မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်က ဗီဇာကင်းလွတ်ခွင့်အတွက် နောက်လာမယ့်နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်မယ်လို့ ထင်မြင်ကြောင်း၊ လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ စိစစ်သုံးသပ်နေကြောင်း၊ ခွင့်ပြုမယ့်ရက် အတိအကျကိုတော့ မသိရသေးကြောင်း ပြောကြားခဲ့တယ်လို့ The Nation သတင်းက ဖေါ်ပြပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံကို အများဆုံး လာရောက်လည်ပတ်သူတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ ထိုင်းရဲ့နောက်မှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသည်အရေအတွက် နှစ်သန်းကျော်ရှိခဲ့ရာမှာ ၂၀၁၂ ခုနှစ်ကထက် ၉၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းကရတဲ့ဝင်ငွေကလည်း ၂ဝ၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၃၄ သန်းရရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၉၂၆ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ ခရီးသည် သုံးသန်းလာရောက်ဖို့ မြန်မာက မျှော်လင့်ထားတယ်လို့ The Nation သတင်းမှာ ဖေါ်ပြပါတယ်။

RFA Burmese
မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ ထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှုများမြန်မာပြည်သို့ စတင်ဝင်ရောက်

မြန်မာနိုင်ငံ တွင် Chevrolet ကားပြခန်း ဖွင့်လှစ်ခဲ့ပြီး နောက် ၂ဝ၁၄ ခုနှစ်အတွင်းမှာပင် အမေရိကန် စီးပွားရေးကုမ္ပဏီများ ၁ဝ ခုကျော် ထပ် မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း သိရသည်။

ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်

Photo: ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်
Monday, February 24, 2014

K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ရုပ်သံ အစီအစဉ်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိသာ ခွင့်ပြုမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဂီတ အစီအစဉ်တွေမှာ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က အမျိုးသမီး K pop အဖွဲ့တွေရဲ့ ဖျော်ဖြေ တင်ဆက်ပုံတွေဟာ အလွန်အကျွံ အဆင့်ကို ရောက်ရှိနေပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းဖို့ လိုနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုတွေက ဈေးကွက်ထဲမှာ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ယခု လုပ်ရပ်ဟာနောက် တောင်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။

Myawady News
K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေ ရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် လူကုန်ကူခံရသူများ အပေါ်ခေါင်းပုံဖြတ်မှု ထပ်မံပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ သူများကပြောဆို

မြန်မာနိုင်ငံ၏လူဦးရေအများဆုံး နေထိုင်ပြီးနိုင်ငံတကာ အဆင့်မီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တွင် ကျေးလက်ဒေသများမှ လူကုန်ကူးခံရသော ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်တောင် သူနှင့် အခြေခံလူတန်းစားများ ကို လေဆိပ်နားနေဆောင်တွင် စစ်ဆေးခြင်း မခံရစေဟု ပြောဆိုပြီး လူတစ်ဦးလျှင် ငွေကျပ်၃ထောင်နှုန်းဖြင့် လိမ်လည် တောင်းခံမှုများရှိနေကြောင်း ထိုင်းနိုင်ငံသို့ တစ်ရွာ တည်းမှ လူ၃၃ဦး လူကုန်ကူးခံခဲ့ရသူများတွင် တစ်ဦးဖြစ်သူကိုသံချောင်း(ခ)ကိုအောင်အောင်က ကိုယ် တိုင်ကြုံတွေ့ ခဲ့ ရပုံကို မြ၀တီသတင်းစာသို့ ပြောကြားသည်။

အီတလီ ဝန်ကြီးချုပ်သစ် အစိုးရ အဖွဲ့သစ် ဖွဲ့စည်း

Photo: အီတလီ ဝန်ကြီးချုပ်သစ် အစိုးရ အဖွဲ့သစ် ဖွဲ့စည်း
Monday, February 24, 2014

အီတလီ နိုင်ငံ၏ အသက် အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မက်တီ ယိုရန်ဇီသည် ဖေဖော်ဝါရီ ၂၁ ရက်က အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း၊ ၎င်းအစိုးရ အဖွဲ့သစ်သည် ၂ဝ၁၈ ခုနှစ်အထိ တိုင်းပြည် တာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရ အဖွဲ့သစ်သည် နိုင်ငံအတွင်း နှစ်ပေါင်း များစွာကြာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသော ပြုပြင် ပြောင်းလဲမှု များကို ပြုလုပ်နိုင်ရန် အခွင့်အရေး တစ်ခုကို ရရှိခဲ့ကြောင်း အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဝန်ကြီးချုပ် မက်တီ ယိုရန်ဇီက ပြောကြားခဲ့သည်။

အီတလီ သမ္မတ ဂျော်ဂျီယို နာပိုလီ တာနိုက မကြာမီ ကာလအတွင်း စီးပွားရေးတွင် ချွတ်ခြုံ ကျနေသော အီတလီ နိုင်ငံနှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေး ပြန်လည်နာလန် ထူလာစေရန် အတွက် ဝန်ကြီးချုပ် ရန်ဇီ အနေဖြင့် ဆောင်ရွက်ရန် သဘော တူညီပြီး ဖြစ်ကြောင်း၊ အစိုးရ အဖွဲ့သစ်သည် နိုင်ငံ၏ လိုအပ်ချက် များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် သွားမည်ဟု ယုံကြည်ကြောင်း ၎င်းက သတင်းထောက် များကို ပြောကြား ခဲ့သည်ဟု သိရသည်။

ရန်ဇီ ဦးဆောင်သော အစိုးရ အဖွဲ့သစ်သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။

မြ၀တီ
အီတလီ နိုင်ငံ၏ အသက် အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မက်တီ ယိုရန်ဇီသည် ဖေဖော်ဝါရီ ၂၁ ရက်က အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း၊ ၎င်းအစိုးရ အဖွဲ့သစ်သည် ၂ဝ၁၈ ခုနှစ်အထိ တိုင်းပြည် တာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တံဆိပ်ခေါင်းခွန်ဥပဒေပါ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းအတွက် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဝေဖန်

အစိုးရက ပြင်ဆင်နေသည့် တံဆိပ်ခေါင်းခွန် ဥပဒေ၌ ပါဝင်သည့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားသည်။

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ကျော် ဆန္ဒပြ

Photo: အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ကျော် ဆန္ဒပြ
Monday, February 24, 2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်းရှိ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များက ဦးဆောင်ကာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ ခန့်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တာမွေ မြို့နယ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူများက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ပုဒ်မများ ပြင်ဆင်ပေးရေး အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အခြေခံ ဥပဒေ ပေါ်ပေါက်ရေးတို့ အတွက် ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်၊ ပြည်သူ့ဘဝ မြှင့်တင်ရေး ကွန်ရက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များနှင့် တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ မရမ်းကုန်း စသည့် ရန်ကုန်မြို့ရှိ မြို့နယ်များမှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုတာက နိုင်ငံတော်ရဲ့ အသက်သွေးကြော ဖြစ်သလို ကျွန်တော်တို့ရဲ့ ကံကြမ္မာပါ။ ဒီကျွန်တော်တို့ရဲ့ကံကြမ္မာကို ရေးဆွဲတဲ့ နေရာမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ သဘောဆန္ဒ မပါဘဲ ရေးဆွဲထားတာပါ” ဟု ဆန္ဒ ထုတ်ဖော်မှု ခေါင်းဆောင် တစ်ဦးဖြစ်သူ Generation Wave အဖွဲ့မှ ဦးမိုဃ်းသွေးက ပြောကြားသည်။

ဖြတ်သန်းလာသည့် ဒီမိုကရေစီအရေး ကြိုးပမ်းမှု ကာလများတွင် ပြည်သူ လူထု၏ ခေါင်းဆောင်ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတော်၏ ခေါင်းဆောင်ကို ပြည်သူ့ဆန္ဒနှင့် အညီ ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း၊ ယင်းသို့ ရွေးချယ် တင်မြှောက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေက အဟန့်အတား ဖြစ်နေပါက ပြည်သူလူထု အနေနှင့် လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် လာနိုင်ကြောင်း ဦးပြုံးချိုက ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကလည်း ကျွန်တော်တို့ဟာ လိုအပ်လာပြီ ဆိုရင် ဟောဒီ လမ်းမတွေပေါ်ကို ထွက်ခဲ့ကြတယ် ဆိုတာ အာဏာရှင်စိတ် မကုန်သေးတဲ့ သူတွေ သိထားဖို့ လိုတယ်ဆိုတာ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် တိုင်းပြည် ပြုပြင် ပြောင်းလဲရေး ဆိုသည်မှာ နိုင်ငံသား အားလုံးကို သက်ရောက်ရမည် ဖြစ်ပြီး အဆိုပါ ပြုပြင် ပြောင်းလဲရေး အတွက် ပြည်သူကို ကိုယ်စားပြုသည့် လက်ရှိ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရေး ကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ လိုလားချက်ကို မလိုက်လျောပါက လာမည့် ရွေးကောက်ပွဲတွင် မဲရနိုင်မည် မဟုတ်ကြောင်း ဦးပြုံးချိုက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအပြင် အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လိုအပ်သည့် ဆန္ဒ ထုတ်ဖော်မှုများကို ရန်ကုန် မြို့တော်ရှိ မြို့နယ်များနှင့် အခြား တိုင်းဒေသကြီးများတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

The Voice Weekly
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်းရှိ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များက ဦးဆောင်ကာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ ခန့်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တာမွေ မြို့နယ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူများက ပြောကြားသည်။

ရပ်ကွက်များတွင် အခွန် လိုက်လံ ကောက်ခံမည့်စနစ် စတင်ရန် စီစဉ်

နိုင်ငံ၏ ရသင့် ရထိုက်သည့် အခွန်များ ဆုံးရှုံးမှု မရှိစေရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ရပ်ကွက်များ၊ ဈေးများသို့ အဖွဲ့များ ဖွဲ့၍ အခွန် လိုက်လံ ကောက်ခံရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

ဖားကန့် ကျောက်စိမ်းမှော် ဒေသကို ဇာတ်အိမ် တည်ထားသည့် ပထမဆုံးသော ကချင် ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးမည်

ကမ္ဘာကျော် ကျောက်စိမ်းတွင်းများ တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ကို ဇာတ်အိမ် တည်ထားသည့် ကျောက်စိမ်း မြို့တော်ဟု အမည် ပေးထားသည့် ပထမဆုံးသော ကချင် တိုင်းရင်းသား ရုပ်သံ ဇာတ်လမ်းတွဲကို လာမည့် သီတင်းပတ် အတွင်း စတင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းဇာတ်လမ်းတွဲ ရိုက်ကူးမည့် ကချင် တိုင်းရင်းသား အနုပညာရှင် ဒါရိုက်တာ သရုပ်ဆောင် အဆိုတော် ဒေါင်လွဏ်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

MSF ထွက်ခွာရေး စစ်တွေမှာ ဒုတိယမြောက်နေ့ ဆန္ဒပြ

Photo: MSF ထွက်ခွာရေး စစ်တွေမှာ ဒုတိယမြောက်နေ့ ဆန္ဒပြ
Monday, February 24, 2014

ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာသွားပေးဖို့ ရာနဲ့ချီတဲ့ဒေသခံတွေက စစ်တွေမြို့မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF အနေနဲ့ ရခိုင်ပြည်နယ်ထဲကနေ မထွက်ခွာသွားသရွေ့ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ စစ်တွေ ရခိုင်လူမှုကွန်ရက်က ကိုစိုးနိုင်က ပြောပါတယ်။

"အခုကျနော်တို့ AZG(MSF) Get Out ဆိုတဲ့ အင်္ကျီတွေဝတ်ပြီးတော့ တစ်မြို့လုံးအနှံ့လုပ်ဖို့လည်း စီစဉ်ထားပါတယ်၊ နောက်ထပ်ကျနော်တို့ တဆင့်ချင်းစီ ဖော်ပြသွားမှာ ဖြစ်ပါတယ်၊ ဒီအဖွဲ့ မထွက်မချင်းတော့ ကျနော်တို့လုပ်ဖို့ စဉ်းစားထားပါတယ်"

ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ မွတ်စလင်တွေကိုသာ အဓိကထား ကူညီနေတယ်ဆိုပြီး စစ်တွေမြို့မှာရှိတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရုံးရှေ့မှာ မနေ့က စတင်ပြီး ဒေသခံတွေက အခုလို ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့က အခုလို ကြုံတွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ မိမိတို့အဖွဲ့ဟာ ကျန်းမာရေး လိုအပ်ချက်ကိုကြည့်ပြီး ကူညီနေတာဖြစ်ကြောင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အစိုးရက မိမိတို့ကို လိုအပ်နေသရွေ့ ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာသွားမှာ မဟုတ်ကြောင်း MSF အဖွဲ့ရဲ့ ရခိုင်ပြည်နယ် တာဝန်ခံတစ်ဦးဖြစ်သူ Simon Tyler က RFA ကို မနေ့က ပြောပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာသွားပေးဖို့ ရာနဲ့ချီတဲ့ဒေသခံတွေက စစ်တွေမြို့မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မိန်းကလေးများ အတွက် မှို

Photo: မိန်းကလေးများ အတွက် မှို
Monday,February 24, 2014

လတ်ဆတ်သော မှိုများ စားသုံးခြင်းသည် ရင်သား ကင်ဆာ ဖြစ်ပွား နိုင်ခြေကို လျော့နည်း ကျဆင်း စေကြောင်း သုတေသီများက ထောက်ခံ ခဲ့ကြသည်။

သုတေသန လေ့လာမှု စစ်တမ်းများအရ နေ့စဉ် မှိုစားသုံးခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချ ပေးလိုက်ကြောင်း သိရသည်။

မှိုအခြောက် များတွင် ရင်သား ကင်ဆာ ကာကွယ်နိုင်မှု စွမ်းရည် အနည်းငယ် ကျဆင်း နေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တား နိုင်ချိန်တွင် လတ်ဆတ်သော မှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ် သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထိုရလဒ်ကို ဆက်လက် စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တား နိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက် သွားကြောင်း ဆရာဝန်များက ပြောကြား ခဲ့ကြသည်။

နိုင်ငံတကာ ကင်ဆာ ဂျာနယ်တွင် ရေးသား ဖော်ပြမှုအရ မှိုစားခြင်းဖြင့် ကင်ဆာကို တားဆီးနိုင်ခြင်း ဆိုသည်မှာ သက်သေ မရှိသေးဘဲ အတည်ပြုချက် လိုအပ် နေသေးကြောင်း ပါရှိသည်။

သို့သော်လည်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များ အရ မှိုအတွင်းရှိ ဓာတ်ပစ္စည်းများသည် ကင်ဆာ ဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီး တတ်သည့် ဂုဏ်သတ္တိ အထင်အရှား ရှိနေပြီး လူ၏ ကိုယ်ခံ စွမ်းအား စနစ် တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိ လာရသည်။

အခြား အထောက်အထားများ အရ မှိုသည် ရင်သား ကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင် အတူတူရှိပြီး ကင်ဆာ ဖြစ်စေနိုင်သည့် Oestrogen ဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင် ပေးကြောင်း တွေ့ရသည်။

Myanmaalinn
လတ်ဆတ်သော မှိုများ စားသုံးခြင်းသည် ရင်သား ကင်ဆာ ဖြစ်ပွား နိုင်ခြေကို လျော့နည်း ကျဆင်း စေကြောင်း သုတေသီများက ထောက်ခံ ခဲ့ကြသည်။

လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေး၊ ချောင်းဆိုး အအေးမိသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးသူများဖြစ်

လူငယ်များတွင် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိခြင်း စသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း ကျေးရွာများတွင် GSM တာဝါတိုင်စခန်း ၄၁ ခု တိုးချဲ့ တည်ဆောက်

ရခိုင်ပြည်နယ်အတွင်း တန်ဖိုးနည်း GSM မိုဘိုင်းဖုန်း သုံးစွဲသူကျေးလက်နေပြည်သူများ GSM ဖုန်းများသုံးရာ တွင် မိုဘိုင်းစနစ်ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်အတွက် GSM တာဝါတိုင်စခန်း ၄၁ခုကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊မင်းပြား၊ မြေပုံ၊ မောင်တော၊ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ ကျေးလက်ဒေသများတွင် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း ပြည်နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကျောက်မျက်တူးဖော်ရေး နိုင်ငံသား အမည်ခံ နိုင်ငံခြားသားများ လုပ်ဆောင် နေဟု ဦးတေဇပြောကြား

Photo: ကျောက်မျက်တူးဖော်ရေး နိုင်ငံသား အမည်ခံ နိုင်ငံခြားသားများ လုပ်ဆောင် နေဟု ဦးတေဇပြောကြား
Monday,February 24, 2014

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး နောက်ကွယ်မှ နိုင်ငံခြားကုမ္ပဏီများက တူးဖော်နေမှုများကို စိစစ်ကြီးကြပ် ပေးရန် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

" မြန်မာပြည်တိုးတက်ဖို့ မြန်မာလုပ်ငန်းရှင်တွေ အမှန်တကယ်ကြီးပွား တိုးတက်ဖို့လိုပါတယ်။ အဲဒီအပိုင်းမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ မှာရှိတာက မြန်မာအမည်ခံပြီးတော့ ပြည်ပကတူးတဲ့လူများမဖြစ်ဖို့ ကိစ္စကိုလည်း စီမံကြီးကြပ်ပေးဖို့ ကျွန်တော့် အနေနဲ့ တင်ပြပြောကြား လိုပါတယ် " ဟု ဦးတေဇက ကျောက်မျက်လုပ်ငန်းရှင် ၅၃၃ ဦး ကိုယ်စား သမ္မတသို့ တိုက်ရိုက် ပြောဆိုသည်။

မြန်မာနိုင်ငံသားများ အမည်ခံ၍ ပြည်ပမှဝင်ရောက် လုပ်ကိုင်နေသော ကုမ္ပဏီများ၏အမည်ကိုထုတ်ဖော်ပြောဆိုရန် ဦးတေဇက ငြင်းဆိုခဲ့ သော်လည်း မည်သည့်နိုင်ငံမှ အမည်ခံဝင်ရောက် လုပ်ကိုင်နေသည်ကိုမူ မီဒီယာများသို့ ပြောဆိုခဲ့သည်။

" ကျွန်တော် အားလုံးနဲ့ မတည့် အောင်ဘဲနေပါ့မယ်။ တရုတ်ပြည်က လည်းဝင်လုပ်နေပါတယ်။ အဲဒါမျိုးတွေ စိစစ်ပေးစေချင်ပါတယ်။ အမည်ခံပြီး လုပ်ခိုင်းတာမျိုးတွေ ကြားသိရပါတယ်။ ကုမ္ပဏီနာမည်တွေကို ထုတ်ဖော်ပြောဖို့ အတွက်တော့ ကျင့်ဝတ်ရှိတဲ့အတွက် နားလည်ပေးပါ။ ကျွန်တော်တို့က ကျွန်တော်တို့ မြန်မာလုပ်ငန်းရှင်တွေ တက်လာတာပဲ မြင်တွေ့ချင်ပါတယ် " ဟု ဦးတေဇကမီဒီယာများသို့ ပြောကြား သည်။

ကျောက်မျက် ရတနာလုပ်ငန်းရှင် များမှာထိပ်သီးဘဏ်များအပါအ၀င် မြန်မာနိုင်ငံတွင်ရှိသော အဓိကစီးပွားရေး လုပ်ငန်းပေါင်းစုံနီးပါးတွင် နေရာ ယူထားကြပြီး နိုင်ငံတော်အတွက် အခွန်ငွေများစွာရှာဖွေပေးနေသောလုပ်ငန်း
ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

" ၂၀၁၂ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ပွဲ တစ်ပွဲတည်းနဲ့တင် နိုင်ငံတော်အတွက် အခွန်ငွေ ကျပ်၂ ဒသမ ၄ ဘီလီယံရှာပေးနိုင်ခဲ့တယ်။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ ဂျီဒီပီရော လုပ်ငန်းပေါင်းစုံ ကိုပါ အထောက်အကူပြုနေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီး ပံ့ပိုးပေးနိုင်ဖို့ တင်ပြခြင်းဖြစ်ပါတယ် " ဟု ၎င်းက ပြောကြားသည်။

နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ အစိုးရ၏ မူဝါဒပိုင်းကို ပြတ်သားစွာ သိလိုပြီး နိုင်ငံတော်၏ စီမံကိန်းများကိုလည်း လုပ်ငန်းရှင်များသို့ ပြတ်ပြတ် သားသားချပြပေးခြင်းကို ခံယူလိုသည် ဟု ၎င်းကပြောဆိုသည်။

ဆက်လက်၍ နိုင်ငံတော်နှင့် ပူးပေါင်းပြီး စီမံကိန်းများ ဆွဲရန်လည်း အဆင်သင့်ရှိပါကြောင်း၊ လုပ်ဆောင်ချက်များ ကောင်းရင် ကောင်းသလို၊ မကောင်းရင် မကောင်းသလို ဆုပေး၊ ဒဏ်ပေးစနစ်ကို လက်ခံရန် အဆင်သင့် ရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။

နန္ဒ၊ အောင်မြင်ရဲဇော်

စံတော်ချိန် နေ့စဉ်သတင်းစာ
ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး နောက်ကွယ်မှ နိုင်ငံခြားကုမ္ပဏီများ က တူးဖော်နေမှုများကို စိစစ်ကြီးကြပ် ပေးရန် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော် သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်

Photo: စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်
Monday,February 24, 2014

ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒထုတ်ဖော်မှုသည် ဒီရေကာတော စားကျက်မြေထဲသို့ ကျွဲနွားဆင်းကျောင်းသည့် ရွာသား ၄၄ ဦးကို တရားစွဲဆိုခြင်းနှင့် စားကျက်မြေ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နွားဆင်းကျောင်းခဲ့သည့် လယ်သမားများကို ၂ဝ၁၃ခုနှစ် အောက်တိုဘာလက ပိုင်နက်ကျူးလွန်မှု၊ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“စားကျက်မြေတွေ အရင်ရှိခဲ့တာကို ပြန်ရလိုချင်တယ်။ စားကျက်မြေ ဒီရေကာတော မရှိတော့ ကျေးရွာတော်တော်များ ပင်လယ်အဝ ဖြစ်နေတော့ မုန်တိုင်းတို့ ဘာတို့ ဖြစ်လာရင် အကာအကွယ်မဲ့ နေတယ်။ အခု ဆန္ဒဖော်ထုတ်ရတာ စားကျက်မြေထဲ ကို ကျွဲနွားတွေကျောင်းမိတဲ့ ရွာ(၄၄)ဦးကို တရားစွဲခံထားရတာတွေကို ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ"ဟု ညောင်လိန် ကျေးရွာက ဦးချိုလွင်က မဇ္ဈိမကို ပြော သည်။

ဒေးဒရဲမြို့ တောင်သူများက ဆန္ဒထုတ်ဖော်ရာတွင် စားကျက်မြေ ပြန်လည် ရရှိရေး၊ ကျွဲနွား စားကျက်များတွင် ကျူးကျော်လုပ်ကိုင် သူ ခရိုနီ လယ်သမားများဖယ်ရှာရေး၊ နိုင်ငံတော်သမ္မတ ချမှတ်ထားသော ဥပဒေကို အကောင်အထည်ဖော်ရေး၊ စားကျက်မြေ အတွင်း လွတ်လပ်စွာ ကျောင်းခွင့်ရရှိရေး၊ တောင်သူလယ်သမားများအပေါ် တရားစွဲဆိုထားသော ပုဒ်မ(၄၄၇)၊ ပုဒ်မ(၄၂၇) ပိတ်သိမ်းရေးနှင့် ဧရာဝတီတိုင်း အတွင်း ပုဒ်မ (၄၂၇)၊ (၄၄၇)တို့ဖြင့် တရားစွဲဆို ခံထားရသော တောင်သူလယ်သမားများ အမှုမှ ကင်းလွတ်ခွင့်ပြုရေး စသော ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းပုဒ်များနှင့် ဗွီနိုင်းများကိုင်ဆောင်ပြီး ကမ်းနားလမ်း (ဇတ်ဆိပ်)မှ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်း၊ သဇင်လမ်း၊ ပြည်တော်သာလမ်း၊ ဘုရားလမ်းသစ်တို့ကို လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး ကံ့ကော်လမ်းမှစုရပ်တွင် လူစုခွဲခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်မှုသည် ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ၁/၂ဝ၁၄ ဖြင့် တရားဝင် ခွင့်ပြုချက် ရပြီးဖြစ်သဖြင့် ရဲအင်းအား ၃ဝခန့်က လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

“ဒီရေကာ စားကျက် ပြန်လည်ရရှိရေးအတွက် တောင်းဆိုတာ။ ကျွဲနွားတွေ စားသောက်ဖို့ အခက်အခဲရှိတယ်။ ကျေးရွာ (၄ဝ) အတွက်လည်း သဘာဝဘေးအန္တရာယ် တခုခုအတွက် ကာကွယ်မှု ကင်းမဲ့နေသလို ဖြစ်နေတာ နှစ်တော်တော်ကြာပြီ။ ဒီရေကာ စားကျက်မြေကို အရင်အစိုးရလက်ထက်က လယ်ယာလုပ်ခဲ့တယ်။ ဒီရေကာတောနဲ့ ပတ်သက်ပြီး လွှတ်တော်တွေ၊ ဝန်ကြီးချုပ် ဆီရော သက်ဆိုင်ရာကို တင်ပြထားတယ်။ အခုထိလည်း ဘာမှမလုပ်ပေးဘူး။ စားကျက်မြေ ဒီရေကာတာ ပြန်ထားစေချင်လို့ ဆန္ဒဖော်ထုတ်ရတာ စားကျက်မြေကို ကျေးရွာ(၄၇)ရွာလောက်က မှီခိုနေရတာ၊ မလုပ်ပေးရင် နေပြည်တော် အထိ ချီတက် ဆန္ဒဖော်ထုတ်မယ်”ဟု ကျုံတက်ကျေးရွာ မှာဦးဇော်ဝင်းမှ မဇ္ဈိမသို့ ပြောသည်။

ဒေးဒရဲမြို့ နယ်၊ တော်ကနိကျေးရွာအုပ်စု ညောင်လိန်ကုန်း ကျုံဒါတ်ကျေးရွာအုပ်စု၊ ဒီရေကာတောစားကျက်မြေတွေကို ၁၉၉၃ ခုနှစ် ခန့်က ကျေးရွာဥက္ကဋ္ဌများ တစ်ဧက(၅ဝဝဝ)ခန့်ဖြင့် ရောင်းစားခဲ့ပြီး ယခင်က ဧက(၂ဝ၈၄)ရှိသည့် စားကျက်မြေသည် ပင်လယ်တိုက်စားမှုကြောင့် ဧက ၁ဝဝဝကျော်သာ ရှိတော့သည်ဟု ညောင်လိန်ကျေးရွာမှ ဦးချိုလွင်က ပြောသည်။ လက်ရှိတွင် ယင်းစားကျက်မြေပေါ်ရှိ လယ်မြေဧက ၁ဝ၈၃ဧက ပေါ်တွင် လယ်သမား ၇၄ဦးက လုပ်ကိုင်စားသောက်လျှက်ရှိသည်။

Written by စည်သူမောင်မောင်
Mizzima - News in Burmese
ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်စေချင်

တောင်ကြီးမြို့ပေါ် နေရာအနှံ့အပြားတို့တွင် ယခင်ကကဲ့သို့ လမ်းဘေး တရားမဝင် စက်သုံးဆီ အရောင်း ဆိုင်ငယ်လေးများ ဖွင့်လှစ်ရောင်းချခြင်းများမပြုလုပ်ဖို့ တင်းကျပ်စွာ တားမြစ်အရေးယူမှုများ လုပ်ဆောင်မှု ကြောင့် ယခုအခါ မြို့တွင်း၌ တရားမဝင်စက်သုံးဆီများ ရောင်းချနေမှုများမရှိတော့ပေ။

ဒဂုံမြို့နယ်ရှိ စစ်ထောက်ချုပ်ရုံးပိုင် မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) မြေခုနစ်ဧကပေါ်တွင် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံများ တည်ဆောက်သွားမည်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေ သကြီး ဒဂုံမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း (နေရာဟောင်း) ရှိ မြေ ၂၉ ဒသမ ၇၂၇ ဧက အနက် ၇ ဒသမ ၆၉၅ ဧကအား BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Office Building & Commercial Building များ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အိုင်ကလောင်ကျေးရွာ ရဲဘက်စခန်းတွင် အကျဉ်းသားများအား မတရားညှဉ်းပန်း နှိပ်စက်ရုံမက လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများအား ဗြောင်ကျကျလုပ်ဆောင်နေ

Photo: အိုင်ကလောင်ကျေးရွာ ရဲဘက်စခန်းတွင် အကျဉ်းသားများအား မတရားညှဉ်းပန်း နှိပ်စက်ရုံမက လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများအား ဗြောင်ကျကျလုပ်ဆောင်နေ
Monday,February 24, 2014

ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ ဘ၀သစ် အမှတ် (၂) ၊ အိုင်ကလောင်ကျေးရွာ စိုက်ပျိုးမွေးမြူရေးရဲဘက်စခန်းတွင် ယခုတာဝန်ကျသည့် တာဝန်ခံ ထောင်ပိုင်ဦးဇော်ဦးလက်ထက်၌ ၀န်ထမ်းရန်ပုံငွေဟုဆိုကာ အကျဉ်းဦးစီးပိုင်မဟုတ်သည့် အရပ်သားလယ်မြေများတွင် အကျဉ်းသားများအား လယ်ငှားအဖြစ် တစ်ဧကလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် အလုပ်ချိန်တစ်ရက် (၈) နာရီထက်ပို၍ မတရားနှိပ်စက်ကာခိုင်းစေလျှက်ရှိသည် ။

၎င်းအိုင်ကလောင်ရဲဘက်စခန်း၌ တာဝန်ကျဝန်ထမ်းများဖြစ်သည့် (ထောင်အခေါ် ဗိုလ်လေး) သက်နိုင်အောင် ၊ အေးချမ်းအောင် ၊ တပ်ကြပ်ကျော်ဇံအောင် ၊ တပ်ကြပ်စိုးမင်းထက်တို့သည် အကျဉ်းသားများအား အလုပ်ခွင်မဆင်းမီ တန်းစီကာ စိတ်ကြိုက်ရိုက်နှက်ဆဲဆိုပြီးမှ အလုပ်ခွင်ဆင်းစေကြောင်း သိရှိရသည် ။

အိုင်ကလောင်ရဲဘက်စခန်းသို့ သွားရောက်လေ့လာသော နေပြည်တော်မှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ
"" အကျဉ်းသားဥပဒေအရဆိုရင် အရေးပေါ်အခြေအနေမှအပ ထောင်မှူးသည်အကျဉ်းသားများအား ခြေကျဉ်းခတ်ပိုင်ခွင့်မရှိ ၊ အကျဉ်းသားတစ်ဦးအားရိုက်နှက်ရာတွင် မိမိနှင့်အခြားတစ်ဦးတစ်ယောက်အား ကာကွယ်ရန်မှတစ်ပါး လိုအပ်သည့်အင်အား အချက်ရေကို ပို၍အသုံးမပြုရ "" ဆိုတာ ပါပြီးသားပဲ ၊ မဖြစ်သင့်ဘူးဗျ .. ။ ဒီဘက်ခေတ်အစိုးရလက်ထက်မှာ ပိုပြီးတော့မဖြစ်သင့်ဘူး .. ။ အကျဉ်းသားဆိုတာလဲ လူပဲလေ .. သူတို့အပြစ်လုပ်ခဲ့လို့ ဒီနေရာမှာပြစ်ဒဏ်ခံနေရတာ အတိုင်းအတာတစ်ခုထိ သတ်မှတ်ထားပြီးသား ၊ ဒါကို မိမိလုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ထင်တိုင်းကြဲနှိပ်စက်နေတာမျိုးက လုံးဝမသင့်တော်ပါဘူး .. ။

""နောက်တစ်ခုက ၀န်ထမ်းရန်ပုံငွေကိစ္စ .. ။ ၀န်ထမ်းရန်ပုံငွေဆိုတာ အစိုးရနဲ့ပဲသက်ဆိုင်တယ် ၊ အကျဉ်းသားတွေနဲ့ လားလားမျှမသက်ဆိုင်ဘူး .. ။ အပြင်က အရပ်သားလယ်ကွက်တွေမှာ တစ်ဧကကို ဘယ်လောက်ဘယ်လောက်နဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ရန်ပုံငွေခေါင်းစဉ်တပ်ပြီး ခိုင်းစားနေတာကတော့ ကြားရတာနဲ့တင် တော်တော်ရှက်စရာတောင်းနေပြီဗျ .. ။ ဒီကိစ္စကို အရေးယူနိုင်ဖို့ ကျနော်တို့ဆောင်ရွက်နေတယ် "" ဟု ၄င်း နေပြည်တော်မှတာဝန်ရှိသူမှ ပြောကြားသွားပါသည် .. ။ 

BY THIT HTOO LWIN
ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ ဘ၀သစ် အမှတ် (၂) ၊ အိုင်ကလောင်ကျေးရွာ စိုက်ပျိုးမွေးမြူရေး ရဲဘက်စခန်းတွင် ယခုတာဝန်ကျသည့် တာဝန်ခံ ထောင်ပိုင်ဦးဇော်ဦးလက်ထက်၌ ၀န်ထမ်းရန်ပုံငွေဟု ဆိုကာ အကျဉ်းဦးစီးပိုင်မဟုတ်သည့် အရပ်သားလယ်မြေများတွင် အကျဉ်းသားများအား လယ်ငှားအဖြစ် တစ်ဧကလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် အလုပ်ချိန်တစ်ရက် (၈) နာရီထက်ပို၍ မတရားနှိပ်စက်ကာခိုင်းစေ လျှက်ရှိသည် ။

ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး

Photo: ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး
Monday,February 24, 2014

ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရှိရာ စခန်းနားမှာ မနေ့တုန်းက လက်ပစ်ဗုံးတစ်လုံး ပစ်ပေါက်ခံခဲ့ရာက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီနေရာဟာ လူသွားလူလာများတဲ့ ဆူပါမတ်ကက်နားမှာ ဖြစ်တဲ့အတွက် အနည်းဆုံး လူ ၂၄ ယောက်လောက် ဒဏ်ရာရရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

စနေနေ့တုန်းကလည်း ဘန်ကောက်မြို့နားက Trat မြို့မှာ သေနတ်သမားတစ်ဦးက ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာကနေ အသက် ၅ နှစ်အရွယ် ကလေးမတစ်ဦးသေဆုံးခဲ့ရပြီး ၃၅ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဘန်ကောက်မြို့တွင်းရှိ ဆန္ဒပြစခန်းတစ်ခု လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရာက လူ ၇ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဒီလို အခြေအနေကြောင့် ဘန်ကောက်မြို့မှာ စစ်မြေပြင်ကြီးလိုတောင် ဖြစ်နေပြီလို့ တင်စားခေါ်ဝေါ်နေကြပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ကတော့ ဒီအကြမ်းဖက်မှုတွေကို ရှုံ့ချလိုက်ပါတယ်။

ABC Radio Australia
ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်
ဆန္ဒပြမှုတွေ ​ဆက်တိုက်ဖြစ်နေတဲ့ ​ထိုင်းနိုင်ငံမှာ ​ပြီးခဲ့တဲ့ ​ရက်တွေအတွင်း ​ပေါက်ကွဲမှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​လူသေဆုံးမှုတွေ ​ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော် စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့်အတူ အမြင့်ဈေးနှုန်းများမှ အိမ်ခြံမြေဈေး ထပ်မံခုန်တက်

Photo: နိုင်ငံတော် စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့်အတူ အမြင့်ဈေးနှုန်းများမှ အိမ်ခြံမြေဈေး ထပ်မံခုန်တက်
Monday,February 24, 2014

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေဈေးများ တစ်စတစ်စ မြင့်တက်လာခဲ့ရာမှ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်စီမံကိန်းများ ဖော်ထုတ်မည့် သတင်းများနှင့်အတူ ရန်ကုန်မြို့၏ မြင့်တက်လာသည့် လူဦးရေနှင့်အတူ လိုက်ပါဖြည့်ဆည်း မပေးနိုင်သည့် အိမ်ရာအဆောက်အအုံ လိုအပ်ချက်များအတွက် ပေါ်ပေါက်လာသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် ယခင်ရှိရင်းစွဲ အတက်ဈေးမှ ထပ်မံမြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ယခင်က အိမ်ခြံမြေတိုက်တာ အဆောက်အအုံများ ဝယ်ယူပါက ရာခိုင်နှုန်း ၅ဝ ကျော် အခွန်ဆောင်ရသည့် စနစ်မှ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဘဲ ဝယ်ယူခွင့်ရခဲ့သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ငွေမည်းများ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။ ထို့အတူ နှစ်စဉ်ပြုလုပ်နေသော ကျောက်ပွဲများ၊ သစ်မှောင်ခို၊ ဘိန်းမှောင်ခို စသည့်လုပ်ငန်းများမှ ငွေများလည်း အိမ်ခြံမြေဈေးကွက်အတွင်း အရင်းအနှီးများစွာ ထည့်ဝင်၍ ဝင်ရောက်လာသည့်အတွက် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းမှာ တစ်စတစ်စ ကောင်းလာခဲ့သည်။

အလားတူ မြန်မာနိုင်ငံတွင် ဥပဒေအရ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် မရှိသော်လည်း နိုင်ငံသားအမည်ပေါက်နှင့် ဝယ်ယူမှုများ ရှိနေသည့်အတွက် အိမ်ခြံမြေဈေးကွက်တွင် မလိုအပ်ဘဲ ဈေးမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဥပဒေအရမူ ဝယ်ယူသူရော တစ်ဆင့်ခံ ဝယ်ပေးသူပါ အရေးယူ ခံရနိုင်သော်လည်း မြန်မာနိုင်ငံတွင် Law Enforcement အားနည်းသောကြောင့် ယင်းကဲ့သို့ လက်တစ်လုံးခြား ဝယ်ယူနေသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများ တစ်စတစ်စ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရန်ကုန်မြို့နှင့် တစ်ဖက်ကမ်း ဒလမြို့အား ကိုရီးယားနိုင်ငံက ချစ်ကြည်ရေးအနေဖြင့် တံတားထိုးပေးမည်ဆိုသော သတင်းများကြောင့် တံတားထိုးမည့်ဧရိယာ ပတ်ဝန်းကျင်နေရာများ ဈေးအလွန်မြင့်တက်လာခဲ့ပြီး ကြည့်မြင်တိုင်၊ ဗားကရာဘက်တွင် တံတားထိုးမည်ဟူသော သတင်းများကြောင့် ယင်းဒေသရှိ လယ်မြေများလည်း ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

“မြေအမျိုးအစားတွေကတော့ ခွဲထားတယ်။ နောက်တစ်ခုရှိတာကတော့ ဒလနဲ့ ကြည့်မြင်တိုင်အပြင် သန်လျင်ဘက်လည်း ပြောသံကြားတယ်။ ဒီသန်လျင်ကတော့ တံတားဟောင်းရှိတာပေါ့။ အဲဒီဘက်မှာ တံတားတစ်စင်း ထိုးမယ်ဆိုပြီးတော့လည်း ဖြစ်တယ်။ သန်လျင်ကတော့ သိသိသာသာ မဟုတ်ပါဘူး။ နဂိုကတည်းက တံတားရှိပြီးသားကို တံတား-၁၊ တံတား-၂ ရှိတယ်။ ၂ ဆိုတာ ဒဂုံဆိပ်ကမ်းဘက်ကထိုးတာ၊ ကုလားဝဲကျေးရွာဘက်က ထိုးတာ။ အဲဒီကျတော့ ကွန်တင်နာသွားမယ့် တံတား။ ဒီဘက်ကတော့ ဘတ်စ်ကားတွေ၊ လူစီးတဲ့ယာဉ်တွေ ဖြတ်တဲ့နေရာကတော့ ဆောက်ထားတာတော့ ကြာပြီ။ အဓိကကတော့ အဲဒီနေရာနှစ်ခုပေါ့။ နောက်တစ်ခု ရွှေလင်ပန်းနဲ့ ဒဂုံမြောက်၊ အဲဒီဘက်လည်း တံတားထိုးမယ်ဆိုပြီး သတင်းထွက်တယ်။ အဲဒီဘက်မှာတော့ အကွက်မြေက သိပ်မများတော့ အဲဒီလောက်ထိ ဟော့မဖြစ်ဘူး” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပြသည်။

ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက ငွေမည်းတွေကို မထိန်းချုပ်တာပဲ။ ငွေမည်းတွေကို မထိန်းချုပ်တော့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတယ်။ ငွေမည်းဆိုတာ အခွန်မဆောင်တိုင်းလည်း မဟုတ်ဘူး။ ဥပမာ-စက်မှုဇုန်တွေမှာဆို မြေကွက်တွေယူထားပြီး ခုချိန်ထိ အကောင်အထည် မဖော်သေးတဲ့သူတွေ ရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်။ စက်မှုဇုန်တွေမှာ နှစ်ပေါင်း ၂ဝ လောက် စက်ရုံငှားစားသူတွေ ဒီနေ့ဒီအချိန်အထိ . . . . . 
“ဥပမာ-ဒလဘက်မှာဆိုရင် တံတားထိုးမယ့် ချဉ်းကပ်လမ်းနဲ့ နီးတဲ့နေရာတွေဆိုရင် တော်တော်တက်တယ်။ အရင်က ၄ဝ×၆ဝ ကို သိန်း ၂ဝဝဝ ကနေ အခု သိန်း ၄ဝဝဝ ရှိတယ်။ ဒလမှာပဲ ကျန်နေရာတွေကတော့ နဂိုကထဲက တက်ပြီးသား။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက တက်တယ်။ အခုတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အခုအစိုးရလက်ထက်မှာ မလုပ်တော့ဘူးဆိုတော့ နည်းနည်းငြိမ်သွားတယ်။ အခုဆိုရင် သိန်း ၃ဝ လောက်နဲ့ ဝယ်ထားတဲ့ အကွက်တွေက လေးဆလောက် တက်သွားတယ်။ သိန်း ၁၄ဝ လောက် ဖြစ်သွားတယ်။ အဲဒီ ၄ဝဝဝ လောက်ခေါ်တဲ့ နေရာတွေက အစတော့ သိန်း ၇ဝဝ လောက်ပဲရှိတယ်။ နောက်တော့ ၂ဝဝဝ၊ တံတားထိုးမယ်ဆိုတော့ ၄ဝဝဝ လောက်ဖြစ်သွားတယ်။ ကြည့်မြင်တိုင်ဘက်မြေတွေက လယ်မြေတွေများတယ်။ ဒါပေမဲ့ သူကဆယ်ဂဏန်းကနေ တစ်ရာဂဏန်းလောက် ဖြစ်သွားတယ်။ သူကတော့ နှစ်ဆလောက်ပဲ တက်တယ်။ ဦးစိုးသိန်းကတော့ အဲဒီနှစ်ခုလုံးကို သူတို့အစိုးရလက်ထက် မလုပ်တော့ဘူးလို့ ပြောတယ်။ ရွေးကောက်ပွဲက ၂ဝ၁၅ မှာ လုပ်မယ်ဆိုတော့ ဒီကြားထဲမှာ လုပ်မယ်ဆိုရင် ဒီ Plan တွေက ပြီးဖို့မလွယ်ဘူး။ ရန်ကုန်မြို့ကို တိုးချဲ့မယ်ဆိုရင် ခရမ်းတို့ပါပါတယ်။ စတုရန်းမိုင်နဲ့တွက်တာ။ ခရမ်းဘက်ဆိုရင် စတုရန်းမိုင်ဘယ်လောက်၊ သန်လျင်ဘက်ဆိုရင် ဘယ်လောက်စတုရန်းမိုင်နဲ့ တွက်ခဲ့တာရှိတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော အနေအထားများအရ လူဦးရေသိပ်သည်းမှုနှင့် Demand နှင့် Supply မမျှတသည့် အနေအထားများကြောင့် ရန်ကုန်မြို့အား ထပ်မံတိုးချဲ့ရန် စီစဉ်ထားကြောင်း သိရသည်။ ရန်ကုန်မြို့တိုးချဲ့ရန် လျာထားချက်အရ ကြည့်မြင်တိုင် အနောက်ဘက် ၂၆ စတုရန်းမိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၃၈ စတုရန်းမိုင်၊ သန်လျင်နှင့် ခရမ်းတွင် ၅ဝ စတုရန်းမိုင်၊ ဒလ၊ တွံတေးတွင် ၃၇ ဒသမ ၅ စတုရန်းမိုင်၊ ရွှေပြည်သာ၊ မှော်ဘီတွင် ၃၉ ဒသမ ၉ စ တုရန်းမိုင်၊ ကော့မှူး၊ ကွမ်းခြံကုန်းတွင် ၂၉ စတုရန်းမိုင် ထပ်မံတိုးချဲ့လိုပါက ထပ်ချဲ့နိုင်သည့် နေရာများအဖြစ် လျာထားကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေဧက ၇ဝ ခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်း၊ ယာဉ်ရပ်နားစခန်းနှင့် မြို့ပြအိမ်ရာ စီမံကိန်း၊ အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် တင်ဒါခေါ်ယူရေး ကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တင်ဒါထုတ်ပြန်ချက်အရ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံရှိ မြေဧက ၁ဝ ဒသမ ၉၃ ဧက၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရာဇဓိရာဇ်လမ်းရှိ မြေဧက ၄ဝ ဒသမ ၄၉၃ ဧက၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းရှိ ဝ ဒသမ ၃၆၄ ဧက စသည့်မြေနေရာများတွင် မြို့ပြအိမ်ရာ စီမံကိန်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်း မင်းရဲကျော်စွာလမ်းရှိ မြေ ၁၁ ဧကတွင် တန်ဖိုးမျှတအိမ်ရာစီမံကိန်း လုပ်ငန်းဆောင်ရွက်ရန်၊ ဗိုလ်တထောင်မြို့နယ်အတွင်း မဟာဗန္ဓုလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေ ၃ ဒသမ ဝ၆၈ ဧကနှင့် ၄၅ လမ်းရှိ မြေ ၂ ဒသမ ၅၆၁ ဧကတို့တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ဝ ဒဿမ ၁ဝ၃ ဧကတွင် အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်း စသည့်လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက ငွေမည်းတွေကို မထိန်းချုပ်တာပဲ။ ငွေမည်းတွေကို မထိန်းချုပ်တော့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတယ်။ ငွေမည်းဆိုတာ အခွန်မဆောင်တိုင်းလည်း မဟုတ်ဘူး။ ဥပမာ-စက်မှုဇုန်တွေမှာဆို မြေကွက်တွေယူထားပြီး ခုချိန်ထိ အကောင်အထည် မဖော်သေးတဲ့သူတွေ ရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်။ စက်မှုဇုန်တွေမှာ နှစ်ပေါင်း ၂ဝ လောက် စက်ရုံငှားစားသူတွေ ဒီနေ့ဒီအချိန်အထိ အခွန်မဆောင်ကြတာလဲ ရှိတယ်။ အခွန်ကို စနစ်တကျ ကောက်ခံနိုင်ဖို့လည်း လိုပါတယ်။ ငွေမည်းတွေ ငွေဖြူလုပ်ဖို့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတာတွေကြောင့်လည်း စက်မှုဇုန်မြေဈေးတွေ တခြားမြေဈေးတွေ တက်နေတာပါ” ဟုလည်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အခုဆို ဈေးကစားတာတွေအပြင် တစ်ဆင့်ခံဝယ်လက်တွေကနေ ပြန်ပြန်ဝယ်နေရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် လန့်ပြေးကုန်ကြတယ်။ ဒါတွေကို အစိုးရက လုပ်ပေးမယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒီမြေတွေ ဘယ်သူပိုင်လဲဆိုတာ ပြန်စိစစ်လိုက်ရုံပါပဲ။ ဥပမာ လူတစ်ယောက်တည်းက မြေတွေဘယ်လောက် ပိုင်ထားလဲ။ ဘယ်တုန်းက ဝယ်တာလဲ။ အခွန်ဘယ်လောက် ဆောင်ထားလဲ။ ပြန်စစ်လိုက်ရင် ပေါ်လာမှာပါ။ ဘာကြောင့် အဲလိုမလုပ်သေးတာလဲဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ် . . . . . 
“စီမံကိန်းတစ်ခု ရှိပြီဆိုရင် အဲဒီနေရာက မြေဈေးလိုက်တာ သဘာဝပဲ။ နေရာတစ်ခု ဖွံ့ဖြိုးလာတာနဲ့အမျှ တက်လာတာပဲ။ နောက်တစ်ခုက ဈေးခေါ်တာတွေကြောင့်လည်း ပါတာပေါ့။ တကယ်လို့ ဈေးခေါ်မယ်ဆိုရင်လည်း ဝယ်တဲ့သူလည်း ဝယ်နိုင်၊ ရောင်းတဲ့သူတွေလည်း အဆင်ပြေနိုင်မယ့် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အနေအထားမျိုးပဲ ဖြစ်သင့်တာပေါ့။ အခုတော့ တချို့နေရာတွေက မတန်တဆဈေးတွေ ဖြစ်နေတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လိုအပ်ချက်တွေများတော့ တန်ဖိုးနည်းအိမ်ရာတွေ ဖော်တယ်။ အခု လှိုင်သာယာဘက်က တန်ဖိုးနည်း အိမ်ရာတွေကို သိန်း ၁ဝဝ၊ ၁၂ဝ ဈေးနဲ့ ရောင်းမယ်ဆိုတော့ ကြည့်မြင်တိုင်တို့ လှိုင်တို့ဘက်က တိုက်ခန်းဈေးတွေ လိုက်တက်တယ်။ ကွန်ဒိုတွေ ဈေးခေါ်တော့ တိုက်ခန်းဈေးက လိုက်တက်သလိုပေါ့။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အစိုးရက စီမံကိန်းတွေဆိုပြီး အကောင်အထည်ဖော်တယ်။ အိမ်ရာတွေဆောက်တယ်။ ဆောက်လာတာနဲ့အမျှ ဈေးကလည်း လိုက်တက်နေတယ်။ ဒါတွေကို ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းပေးနိုင်မလဲ။ အစိုးရကပဲ လုပ်နိုင်မှာလေ” ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

“ထပ်တိုးချဲ့နိုင်တယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အချို့က လယ်မြေတွေမပါသလို အချို့လွတ်နေတဲ့ နေရာတွေလည်း ရှိနေတယ်။ ဒါက ချဲ့လို့ရတဲ့ စတုရန်းမိုင်ကိုပဲ ဖော်ပြထားတာ။ အသေးစိတ်က ဒီမြေတွေ ဘယ်သူပိုင်မပိုင် ဆိုတာတော့ မသိပါဘူး။ ချဲ့မယ်ဆိုရင် ဒီလောက်အထိ ချဲ့လို့ရတယ်ဆိုတာ ပြောထားတာ” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

“အခု တန်ဖိုးနည်းအိမ်ရာတွေက ဈေးများတယ်။ သိန်း ၃ဝဝ ဆိုတာ မြို့ထဲမှာ မြင့်ရင်မြင့်ပါစေ။ အလွှာမြင့်မှာ နေလို့ရတယ်။ တစ်ခုရှိတာက မြို့ထဲကတော့ လက်ငင်းပေးဝယ်ရတယ်။ အဲဒီကတော့ Hire Purchase နဲ့ ရောင်းမယ်ပြောတယ်။ ဒါတော့ကွာတာပေါ့။ တွက်ကြည့်တာတော့ ဈေးကြီးနေတာပေါ့။ အခွန်ကတော့ အရင်တုန်းက ၁၅၊ အခု ၃၇ ဆိုတော့ ပိုများတာပေါ့။ သိန်း ၁ဝဝ တန်ဝယ်ရင် ၁၃၅ လောက် ဖြစ်နိုင်ပေမယ့် တစ်ခုရှိတာက အစိုးရဖြတ်တဲ့ဈေးက အပြင်ပေါက်ဈေးထက် နည်းတယ်ဆိုရင်တော့ ၂ဝဝ တန်လောက်ဝယ်ရင် ၂၃၇ လောက်ပေးရမှာပါ။ ဒါပေမဲ့ အချို့နေရာတွေ ဘာတွေကျတော့လည်း သိပ်မကွာဘူး။ ကမ္ဘောဇလမ်းတို့ ဘာတို့ဆိုရင်လည်း အပြင်ဈေးနဲ့ မကွာဘူး။ ဒါပေမဲ့ များတာပေါ့။ များတယ်ဆိုတာလည်း နှစ်ပိုင်းပေါ့။ အိမ်ခြံမြေဈေးနှုန်း မြင့်လာတဲ့အတွက် ဆောင်ရတဲ့ အခွန်နှုန်းကလည်း မြင့်လာတယ်။ အားလုံးခြုံကြည့်ရင်တော့ များပါတယ်။ ဒါကြောင့် အရောင်းအဝယ် အေးတာပေါ့။ လူလတ်တန်းစားတွေတောင် ဝယ်ဖို့က တော်တော်ခဲယဉ်းသွားတယ်။ မလွယ်တော့ဘူး” ဟု ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“လောလောဆယ်က အခွန်နှုန်း ကြီးမြင့်တဲ့အတွက် အိမ်ခြံမြေဈေးနှုန်းတွေက မတက်တော့ဘူး ထင်တယ်။ တက်ဖို့လည်း သိပ်တော့မလွယ်ဘူး။ တကယ်လို့ ၂ဝ၁၅ နောက်ပိုင်းမှာ နိုင်ငံရေး အလားအလာတွေ ကောင်းလာရင်တော့ တစ်မျိုး၊ စောစောကပြောသလို တန်ဖိုးနည်းတွေချပြီး မြို့ကွက်တွေ ဖော်ပေးမယ်ဆိုရင် ထပ်မတက်နိုင်တော့ဘူး။ အဲဒီလိုမဟုတ်ဘဲ ဒီအထဲမှာပဲ အားလုံးက လည်နေမယ်ဆိုရင်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တာပဲ။ အပြင်မှာချဲ့ပြီး သွားရေးလာရေး လွယ်ကူအောင် လုပ်ပေးနိုင်ရင်တော့ ကျသွားမှာပေါ့။ အခုတော့ ရှိတဲ့နေရာလေး တစ်ကွက်စာလောက်ကို လုပ်နေရတော့ အခုလိုပဲ တက်နေမှာပေါ့” ဟု ၎င်းကဆက်လက်ပြောပြသည်။

“နောက်တစ်ခု မကျရတဲ့ အကြောင်းရင်းက မြို့ပြရွှေ့ပြောင်း နေထိုင်မှုလည်း ပါတယ်။ အခု တိုက်ခန်းတွေ ဘယ်လောက်ဆောက်ဆောက် လွတ်နေတာမှ မရှိတာ။ တကယ်တမ်း ပြောမယ်ဆိုရင်တော့ စီးပွားရေး အနေအထားလည်း ကောင်းမယ်။ နိုင်ငံရေး အနေအထားလည်း ကောင်းမယ်ဆိုရင် ကျဖို့တော့ မရှိတော့ဘူး။ လောလောဆယ်မှာတော့ ဈေးနှုန်းက နည်းနည်းတန့်နေတာ” ဟု ၎င်းကဆက်လက် ပြောပြသည်။

“နိုင်ငံတကာ Project တွေ ဝင်လာရင်လည်း ကျမကျဆိုတာက သူတို့ Project ရဲ့ ဈေးနှုန်းပေါ်မူ တည်တာပေါ့။ အဲဒီတော့ အခုကျတော့ မြန်မာနိုင်ငံမှာ ကွန်ဒိုတွေ နည်းနေသေးတယ်။ ထားပါတော့ ကွန်ဒိုက သိန်း ၄ဝဝဝ၊ ၅ဝဝဝ။ နောက်အပြိုင်အဆိုင် များလာလို့ နိုင်ငံခြား ကုမ္ပဏီတွေက လျှော့ရောင်းရင် တစ်မျိုးပေါ့။ အခုက အဲဒီလို မလုပ်နိုင်ကြဘူးလေ။ အားလုံးက ကွန်ဒိုဆောက်လိုက်ရင် သူ့ရဲ့ Cost က အခုအသစ်တွေဆိုရင် One Square Feet ဆိုရင် နှစ်သိန်းပေးရမယ်ဆိုတော့ လျှော့မရောင်းနိုင်ကြဘူး။ အဲဒီလျော့အောင် ဆောက်နိုင်ဖို့လည်း အခက်အခဲရှိတယ်။ မြေဈေးနှုန်းနဲ့ဆိုတော့ မလွယ်ဘူး။ များသောအားဖြင့် မြေဈေးနှုန်းတက်တဲ့ အခါမှာ အိမ်ရှင်ကို ပြန်ပြီးတော့မှ အခန်းပေးအခန်းယူ နည်းသွားကြတာကိုး။ ကိုယ်ပိုင်ဆောက်တာ နည်းတယ်။ မြေဈေးနှုန်းမြင့်တော့ အခန်းဈေးနှုန်းတွေလည်း လိုက်မြင့်တာပေါ့” ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအတွင်းက သတ်မှတ်ခဲ့ပြီးနောက် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်တွင် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ယခုသတ်မှတ်လိုက်သည့် အိမ်ခြံမြေ ဈေးနှုန်းများမှာ အချက်အချာကျသည့် နေရာများတွင် ယခင်ပေါက်ဈေးထက် ပိုမိုနည်းပါးလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်းကို အစိုးရအနေနှင့် အခွန်မှန်မှန်ကန်ကန် ဆောင်စေလိုခြင်း (သို့မဟုတ်) အိမ်ခြံမြေဈေးနှုန်း ကျဆင်းရန် ထိန်းချုပ်လိုခြင်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ရှိလာပြီး ရည်ရွယ်ချက် တိကျမှန်ကန်ရန် လိုအပ်ကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးနှုန်း ကျဆင်းချင်တယ်ဆိုရင် ရန်ကုန်မြို့မှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ အိမ်ရာလိုအပ်ချက်တော့ ရှိမှာပဲ။ အဲဒီမှာ ရောင်းလိုအား၊ ဝယ်လိုအားမမျှတော့ ဈေးတွေတက်ကုန်တယ်” ဟု Estate Myanmar အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို သတ်မှတ်ရခြင်းမှာ မြေနေရာတန်ဖိုးအလိုက် တံဆိပ်ခေါင်းခွန်ကို အပြည့်အဝ ဆောင်စေရန်နှင့် အခွန်တိမ်းရှောင်မှုကို ထိန်းချုပ်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ သတ်မှတ်ပြီးပါက ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သတ်မှတ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။

တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလပေါက်ဈေးအလိုက် သတ်မှတ်ပေးထားသော်လည်း ယင်းသတ်မှတ်ချက်အတိုင်း အရောင်းအဝယ်ပြုလုပ်သူ မရှိဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးများဖြင့်သာ အရောင်းအဝယ် ပြုလုပ်မှုများ ရှိလာကြောင်းလည်း သိရသည်။ လက်ရှိသတ်မှတ်ထားသော အိမ်ခြံမြေ အရောင်းဝယ်များအတွက် ဝင်ငွေခွန် ရာခိုင်နှုန်း ၃ဝ နှင့် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း ဝယ်ယူသူများမှာ အခွန်ကို အတိအကျ ပေးဆောင်ရမည် စိုးသောကြောင့် အမည်ပေါက် မပြောင်းဘဲ နားလည်မှုဖြင့် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။

“ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးတွေ ကြီးမြင့်နေတယ်ဆိုတာ ဒီအိမ်ခြံမြေကို ဘယ်သူတွေ ပိုင်တယ်ဆိုတာ သိတဲ့အတိုင်းပဲ။ အခုဆို ဈေးကစားတာတွေအပြင် တစ်ဆင့်ခံဝယ်လက်တွေကနေ ပြန်ပြန်ဝယ်နေရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် လန့်ပြေးကုန်ကြတယ်။ ဒါတွေကို အစိုးရက လုပ်ပေးမယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒီမြေတွေ ဘယ်သူပိုင်လဲဆိုတာ ပြန်စိစစ်လိုက်ရုံပါပဲ။ ဥပမာ လူတစ်ယောက်တည်းက မြေတွေဘယ်လောက် ပိုင်ထားလဲ။ ဘယ်တုန်းက ဝယ်တာလဲ။ အခွန်ဘယ်လောက် ဆောင်ထားလဲ။ ပြန်စစ်လိုက်ရင် ပေါ်လာမှာပါ။ ဘာကြောင့် အဲလိုမလုပ်သေးတာလဲဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့တွင်းရှိ လူနေတိုက်ခန်းများကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေဈေးများ တစ်စတစ်စ မြင့်တက်လာခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်စီမံကိန်းများ ဖော်ထုတ်မည့် သတင်းများနှင့်အတူ ရန်ကုန်မြို့၏ မြင့်တက်လာ သည့် လူဦးရေနှင့်အတူ လိုက်ပါဖြည့်ဆည်း မပေးနိုင်သည့် အိမ်ရာအဆောက်အအုံ လိုအပ်ချက်များအတွက် ပေါ်ပေါက်လာသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် ယခင်ရှိရင်းစွဲ အတက်ဈေးမှ ထပ်မံမြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ

Photo: ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ
Monday,February 24, 2014

ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။

“အခုလက်ရှိက နတ်မတောင်ကို လာမယ်ဆိုရင် တည်းခိုနိုင်တဲ့ ဟိုတယ်နှစ်လုံး ရှိပါတယ်။ ဆောက်လက်စ ဟိုတယ်တစ်လုံးရှိတယ်။ နတ်မတောင်ခြေဖြစ်တဲ့ မင်းတပ်မြို့နယ်ထဲက အေးစခန်းမှာ တစ်ခုရှိပါတယ်။ ကန်ပက်လက်မြို့ထဲမှာတော့ တည်းခိုခန်းတစ်ခု ရှိပါတယ်။ နိုင်ငံခြားသားဧည့်သည် လာရောက်တာနဲ့ လက်ရှိဟိုတယ် ရှိနေတာနဲ့တော့ လောက်နေတာပါပဲ။ အခု ဟိုတယ်ဇုန် လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုအခါ ကန်ပက်လက်မြို့ ဧရိယာအတွင်းတွင် ဟိုတယ်ဇုန် ဖွင့်လှစ်မည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး မြေဈေးများလည်း တက်နေသည်ဟု သိရှိရပါသည်။

“ကန်ပက်လက်မှာ အရင်စစ်အစိုးရ သိမ်းခဲ့တဲ့ မြေတွေကို အရင်က ပိုင်ရှင်တွေ ပြန်တောင်းတာ မရသေးဘူးလည်း ပြောတယ်။ အဲဒီနေရာမှာ ပြည်ခိုင်ဖြိုးက ဟိုတယ်ဇုန်လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ဧက ၆၀ လောက်ရှိတယ်ပြောတယ်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ကန်ပက်လက်မြို့နယ်သည် နတ်မတောင် အမျိုးသားဥယျာဉ် ရှိသောကြောင့် နိုင်ငံခြားသားများ လာရောက်လေ့ရှိပြီး တစ်နှစ်လျှင် တစ်ထောင်ဝန်းကျင်ခန့်သာ လာရောက်လေ့ရှိသည်ဟု သိရှိရပါသည်။

“နတ်မတောင်ကို လာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေထဲမှာ သဘာဝပတ်ဝန်းကျင် အခြေအနေကို လေ့လာတဲ့သူတွေရှိတယ်။ တချို့ကတော့ ကျေးငှက်တိရစ္ဆာန်ကို စိတ်ဝင်တစား လာရောက်လေ့လာတဲ့သူတွေ ရှိပါတယ်။ အဓိက လာတာကတော့ အဲဒီနှစ်မျိုးပေါ့။ နှစ်စဉ် ဒီဇင်ဘာလနဲ့ နယူးရီးယားဆိုရင်လည်း ပြည်တွင်းကဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်ကြပါတယ်။ လက်ရှိဧည့်သည်လာတဲ့ အနေအထားနဲ့ ဟိုတယ်တွေနဲ့က အဆင်ပြေပါတယ်။ တစ်ခါတစ်ခါ ဆုံကြရင်တော့ အခန်းမရတာတွေ ရှိတတ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ပြောသည်။

နတ်မတောင်သို့ လာရောက်လည်ပတ်မှု စာရင်းများအရ ၂၀၁၂ ခုနှစ် ပြည်တွင်းပြည်ပ ဧည့်သည်စာရင်းအရ ၈၀၀ ဦးအထိသာရှိပြီး ၂၀၁၃ ခုနှစ်အရောက်တွင် ၁၁၆၀ ဦးအထိ တိုးတက်လာခဲ့သည်ဟု သိရသည်။

Eleven Media Group

ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ ဖွင့် လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်အတွင်း စတင်မည်ဖြစ်သောကြောင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အမြန် ဆုံးရွေးချယ်နိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား

Photo: ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်အတွင်း စတင်မည်ဖြစ်သောကြောင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အမြန် ဆုံးရွေးချယ်နိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား
Monday,February 24, 2014

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေးချယ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဆိုသည်။

“ဟံသာဝတီလေဆိပ် စီမံကိန်း Short list စာရင်းမှာ ကုမ္ပဏီလေးခုကို ရွေးချယ်ထားပါတယ်။ နံပါတ် (၁) ဦးစားပေး ကိုရီးယားအင်ချွန်းလေဆိပ်။ ညှိနှိုင်းဆွေးနွေးနေတာ လေးငါးခြောက်လလောက် ရှိပြီ။ သူတို့နိုင်ငံက ထုံးစံသူတို့ တောင်းဆိုချက်တွေက ကျွန်တော်တို့ဗမာပြည်ရဲ့ Overall နဲ့ မကိုက်ဘူးပေါ့။ အဲဒါနဲ့ ခဏရပ်လိုက်တယ်။ ဒုတိယ ဦးစားပေးဖြစ်တဲ့ Yongnam ဆိုတဲ့ စင်ကာပူနဲ့ ဂျပန်နဲ့ပေါင်းထားတဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးနေ တယ်။ နှစ်ပတ်လောက်ရှိပြီ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြားသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် တန်ဖိုးဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ခန့်မှန်းထားကြောင်းနှင့် အဆိုပါလေဆိပ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးလေဆိပ်တို့ထက် ၁ဝ ဆပို၍ကြီး မားကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာမှာ ဧက ၁ဝဝဝ ခန့်သာရှိပြီး ဟံသာဝတီလေဆိပ် စီမံကိန်းမှာ ဧက ၉၆ဝဝ ခန့် အသုံးပြုသွား မည်ဖြစ်သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရ သည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းပြီးစီးခဲ့ကြောင်း၊ တောင် ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် Yongnam-CAPE-JGC  ကုမ္ပဏီနှင့် လေဆိပ်သစ်တည်ဆောက်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

“Back up tenderer အဖြစ် ရွေးချယ်ထားတဲ့ Yongnam-CAPE-JGC ကုမ္ပဏီနဲ့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှုပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပြီးစီးခဲ့ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ် အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ် ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporation၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်သည်။  

Eleven Media Group

ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက် မည်ဖြစ်ကြော င်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေး ချယ်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ
Monday,February 24, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန်တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေး အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်၌ လူဦးရေ ၂၀၀၀ ၀န်းကျင်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

တာမွေမြို့နယ် ဒေသခံများ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး’ ဆိုင်းဘုတ်များ၊ နိုင်ငံအရေး အရ ဖိနှိပ်ချုပ်ချယ် ရေးဆွဲထားသော “ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၄၃၆(က/ခ)၊ ဒီမိုကရေစီစံနှုန်းနှင့် မညီသော ပုဒ်မများ” ပြင်ဆင်ပေး စသည့်ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲမှာ ယခင်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ် တွင် ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲများထက် ပြည်သူလူထုများပြားစွာ ပါဝင်ခဲ့ပြီး လူဦးရေအများဆုံး ပါဝင်တောင်းဆိုသည့် ဆန္ဒပြပွဲဖြစ်သည်။

ဆန္ဒပြရာတွင် တာမွေမြို့နယ် ကျောက်မြောင်းဈေး မီးပွိုင့်အနီးရှိ သင်္ဂလမ်းနှင့် ဒဂုံသီရိ လမ်းထောင့်မှစ၍ ဆန္ဒပြသူများက ချီတက်လမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် ရပ်ကွက်အသီးသီးရှိ လမ်းများသို့ ၀င်ရောက်ခဲ့ကြသည်။ ထို့နောက် ဆန္ဒပြပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆွဲပေးရေးအတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ပြည်သူတွေရဲ့ဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲပေးဖို့အတွက် ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်။ ဒါကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲပေးတတ်တယ်၊ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်တတ်ပါတယ်။ ပြည်သူတွေရဲ့အသံကို နားမထောင်တဲ့ လွှတ်တော်ကိုယ်စားတွေကတော့ နောင်တစ်ခါ အရွေးခံရင် ၇ ရာခိုင်နှုန်းတောင် မဲရမှာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်ဆင်ရမှာပါ။ ပြီးတော့ နိုင်ငံသားတိုင်း နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (ဃ) (စ)ကို ပြင်ဆင်သင့်ပါတယ်။ အခုလို ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို သက်ဆိုင်ရာအာဏာပိုင် အသီးသီးက မျက်နှာလွှဲ လျစ်လျူရှုထားမယ်ဆိုရင် ပြည်သူတွေအားလုံး လမ်းပေါ်ထွက် တောင်းဆိုမှုတွေ ဖြစ်လာပါလိမ့်မယ်ဟု” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုပြုံးချိုက ဆန္ဒပြပွဲအပြီးတွင် ပြောကြားခဲ့သည်။  

အလားတူ အဆိုပါနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး အပါအ၀င် နိုင်ငံရေးအရ ကန့်သတ်ဖိနှိပ် ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၃၀၀ ကျော်ဖြင့် မင်္ဂလာဒုံမြို့နယ် ဇိနမာန်အောင် ဘုရားရှေ့မှ ကျိုက္ကလဲ့ဘုရားရှေ့ထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေးအတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အလုံမြို့နယ်၊ သန်လျင်မြို့နယ် တို့တွင် သက်ဆိုင်ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလ တို့တွင် ပြုလုပ်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ်နှင့် တာမွေမြို့နယ်ပါ ၀င်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်
ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မ များ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန် တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတညွှန်ကြား

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကင်တားနား၏ ပြောကြားမှုမှာ မြေပြင်အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှုအဖွဲ့အစည်းများ ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက် လိုက်မှုများ ရှိနေနိုင်ကြောင်း ပြောကြားမှုမှာ မြေပြင်အခြေအနေနှင့် ဒေသခံလူနည်းစု၏ အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှု အဖွဲ့အစည်းများ က ပြော ကြားသည်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်

Photo: မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်
Monday,February 24, 2014

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့မှ ဦးစီးပြု လုပ်ခြင်းဖြစ်ပြီး လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့ကာ တက်ရောက် လာသူအားလုံးက လက်မှတ်ရေးထိုး၍ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လူဦးရေ သုံးသန်းကျော် လက်မှတ်ရေးထိုးပြီး လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခြင်းပင် မရှိသေးသဖြင့် လွှတ်တော်အားတိုက်တွန်းခြင်း၊ မျိုးစောင့်ဥပဒေ လှုပ်ရှားသူများအား နိုင်ငံရေးပါတီအချို့မှ အထင်အမြင် လွဲနေခြင်းတို့ကြောင့် ထိုသို့နားလည်မှု လွဲနေသည်ကို ပြန်လည်စေ့စပ်ပေးလို၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်က ပြောကြားသည်။

“ဒီမျိုးစောင့်ဥပဒေဟာ ရှင်းရှင်းပြောရင် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံက ကိုယ့်တိုင်းရင်းသူလေးတွေကို စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒါဟာ ရှိကိုရှိရမယ့် ဥပဒေ၊ နိုင်ငံတိုင်း၊ ဘာသာတိုင်းမှာရှိတယ်။ မွတ်ဆလင်ဆိုရင် လူမျိုးခြားနဲ့ အိမ်ထောင်ပြုရင် တရားမ၀င်ဘူးလို့ထိ ပြောထားတာ။ ဒီလို ဥပဒေကြီးတွေနဲ့ သူတို့ဘာသာမှာ ရှိနေတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာကျတော့ ၁၄ နှစ် မြန်မာမိန်းကလေးတစ်ယောက် လူမျိုးခြား၊ ဘာသာခြား၊ အသက်အရွယ်မရွေးနဲ့ တရားဝင်လက်ထပ်ခွင့်ပြုထားတဲ့ စည်းကမ်းကို သတ်မှတ်ထားတဲ့အခါမှာ သူများဘာသာနဲ့ ယှဉ်လိုက်ရင် သိပ်ရှက်ဖို့ကောင်းပြီးတော့ အောက်တန်းနောက်တန်းကျပြီးတော့ ကိုယ့်ဘက်က ခံဘက်ချည်းဖြစ်နေတယ်။ ကျွန်တော်တို့က သူများကို စော်ကားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကို ကာကွယ်တာ။ ကာကွယ်ဖို့ ဥပဒေတစ်ခု ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ” ဟု ၎င်းကဆိုသည်။

ယင်းဥပဒေသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြားဘာသာဝင် တစ်ဦးနှင့် လက်ထပ်ခြင်းကို ကန့်သတ်ခြင်းမဟုတ်ဘဲ လက်ထပ်ပြီးစီးပါက စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘာသာအတင်းအကျပ် ပြောင်းစေခြင်းများ မပြုလုပ်စေရန် ထိန်းကြောင်းရန်နှင့် အမျိုးသမီး အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက်သာ ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထုဆန္ဒရယူပွဲမှ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်
နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ်သည့် စီမံကိန်းအား ရပ်ဆိုင်း

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ် သည့် စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။