Monday 11 November 2013

နိုင်ငံသား ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ရေး အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ခန့် လိုအပ်သည်ဟုဆို

နန်းလွင်နှင်းပွင့်| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် 

မြန်မာနိုင်ငံရှိ ပြည်သူ ၅၀ ရာခိုင်နှုန်းခန့်ကို လာမည့် ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် လိုအပ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၀ ရက် ရန်ကုန်မြို့၌ ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

တောင်ကြီးမီးပုံးပျံပွဲတော် ယခင်နှစ်ထက် လုံခြုံရေးရဲအင်အား နှစ်ဆအထိ တိုးမြှင့်ချထား

နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင် အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။

မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် ကမ်းလှမ်း

မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုအပ်ဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် စတင်ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ပြောကြားသည်။

ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း

  ၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)
၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler 
ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။

အခွန်ရှောင်သူများ ရှိနေပြီး အများလိုက်နာနိုင်သည့် အခွန်ဥပဒေများ ပြဋ္ဌာန်းမည်ဟု မိတ္ထီလာမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြား

T-11-11
ပြည်ထောင်စုလွှတ်တော် နာယကနှင့် မိတ္ထီလာမြို့ ဒေသခံများ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မိတ္ထီလာမြို့ ဒေသခံများ နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာမြို့များရှိ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့သဘောထား ရယူပွဲသို့ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခဲနက် ဆန္ဒပြု

R-11-11
နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲ ကျင်းပနေစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရမှ စီစဉ်

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အစိုးရအဖွဲ့ ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။