မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Wednesday, 29 October 2014
မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူပြော
မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှု ရေးကွန်ရက် အင်တာနက်စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင် ဦးဝီရသူ က ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဖော်ဆောင်မှုရှိနေသော်လည်း စပါးဈေး ဆက်လက်ကျဆင်းနေ
ရိပ်သိမ်းပြီးစပါးများ ခြွေလှေ့နေသည်ကို နေပြည်တော်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)
သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေး ကျဆင်းနေဆဲဖြစ်ကြောင်း လယ်သမားများက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်လျက်ရှိပြီး ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁,၀၁၂ ကျပ်အထိ ရောက်ရှိ
ပြည်တွင်းကျပ်ငွေနှင့် ကန်ဒေါ်လာ လဲလှယ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၂၇ ရက်၌ ၁çဝ၀၃ ကျပ်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ၁,ဝ၀၇ ကျပ်အထိ မြင့်တက်လာသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဘာကြောင့် အစိုးရ၀န်ထမ်းအလုပ် ရေပန်းမစားတော့တာလဲ
ကမ္ဘာ့မျက်နှာစာတွင် နိုင်ငံ့အရေး၊ ပြည်သူဝန်ဆောင်မှုအရေးတို့ကို စီမံခန့်ခွဲ ရသည့် ရာထူးများ၌ မျိုးဆက် သစ် လူငယ်နှင့် လူလတ်ပိုင်းခေါင်းဆောင်များ၊ ခေတ်ပညာတတ်အရပ်သားပညာရှင်များ နေရာယူလာချိန် မြန်မာနိုင်ငံ၏ အစိုးရယန္တရားတွင်တော့ ခေတ်ပညာတတ်လူငယ်အများစုမှာ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူး ရာခံများနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
မျက်ကွင်းညိုတာကိုသက်သာစေဖို့
၁။ အာလူးကို အခွံနွှာကြိတ်ချေပြီးရလာသော အနှစ်ကိုမျက်ကွင်းတ၀ိုက် လိမ်း အိပ်ပါ။ ဤနည်းဖြင့် ရက်သတ္တ ၁-ပတ်လျှင် ၃-ကြိမ်လုပ်ပေးပါ။
ဆက်လက်ဖတ်ရှုပါရန် »
MPT ထက် အင်တာနက်လိုင်း ကောင်းမွန်သောကြောင့် အောင်လံမြို့တွင် အော်ရီဒူးသုံးစွဲသူ မြင့်တက်နေ
အင်တာနက်လိုင်းပါ တစ်ခါတည်း ပါရှိပြီး အင်တာနက်အသုံးပြုခြင်း ကောင်းမွန်နေသည့်အတွက် မကွေး တိုင်းဒေသကြီး အောင်လံမြို့တွင် အော်ရီဒူးဖုန်းကတ်များနှင့် ငွေဖြည့်ကတ်များ အရောင်းသွက်နေကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား ရွေးကောက်ခံများ ခန့်အပ်နိုင်လျှင် ပြုပြင်ပြောင်းလဲရေး အောက်ခြေအထိ ရောက်နိုင်
အခြေခံဥပဒေပြင်ဆင် ရေးအကြံပြုချက်တွင် ထည့်သွင်းထားသည့် ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးအား ပြည်သူ့ရွေးကောက်ခံများနှင့် ဖွဲ့စည်းဆောင်ရွက်နိုင်ရေးသို့ ပြင်ဆင်နိုင်ပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အောက်ခြေအထိ ပိုမိုထိရောက်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကသုံးသပ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်
အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန် နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင် လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက် ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဆက်လက်ဖတ်ရှုပါရန် »
အထည်ချုပ်ကျွမ်းကျင် လုပ်သားနည်း၍ အပ်ထည်နောက်ကျ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထည် ကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ထားသည်။
အထည်ချုပ်လုပ်ငန်းများ နိုင်ငံတကာ ဈေးကွက် ပိုမိုကျယ်ပြန့်လာသော်လည်း ပြည်တွင်းလုပ်သား မကျွမ်း ကျင်မှုနှင့် အမှာစာလွဲချော်မှုများကြောင့် အထည်ပြန် အပ်ချိန် နောက်ကျနေရကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင် အသင်း က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကမ္ဘာအေး လူကူးခုံးကျော်တံတား ဒီဇင်ဘာတွင် ၅၀ ရာခိုင်နှုန်း အပြီးသတ်မည်
စက်လှေကားနှစ်စင်း ထည့်သွင်း ဆောက်လုပ်မည့် ကမ္ဘာအေး လူကူး ခုံးကျော် တံတား ဆောက်လုပ်မှု သည် လက်ရှိအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သဖြင့် ဒီဇင်လအတွင်းတွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ခွင့်ပြုချက်မရရှိဘဲဆောက်လုပ်သည့် အဆောက်အအုံများ သက်ဆိုင် ရာက အမြန် ဆုံး စိစစ်ဖော်ထုတ်ရန် လိုအပ်နေဟု ထောက်ပြ
ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် တရား မဝင်ဆောက်လုပ်သည့် အဆောက် အအုံ အများအပြား ရှိနေသည့်အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာအရ ခွင့်ပြု ချက်မရရှိဘဲဆောက်လုပ်သည့် အဆောက်အအုံများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ အမြန်ဆုံးစိစစ်ဖော်ထုတ်ရန်လိုအပ်နေကြောင်း တပ်မတော် သား အမျိုး သားလွှတ်တော်ကိုယ်စားလှယ်က ထောက်ပြ ဆွေးနွေးခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
တူရကီအစိုးရ နယ်စပ်လုံခြုံရေး တိုးမြှင့်
တူရကီအစိုးရက ဆီးရီးယားနဲ့ နယ်စပ်တလျှောက် အောက်တိုဘာ ၂၈ ရက်နေ့က တင့်ကားတွေ တပ်ချပြီး နယ်စပ် လုံခြုံရေး တိုးမြှင့်နေပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
သံတွဲ ညမထွက်ရအမိန့် ရုပ်သိမ်းမှု မြို့ခံများ ကြိုဆို
သံတွဲမြို့ မီးရှို့မှု ဖြစ်ပွားစဉ်က
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်တာကို မြို့ခံတွေက ကြိုဆိုကြပြီး မြို့လုံခြုံရေး အခြေအနေလည်း ကောင်းတယ်လို့ ပြောကြပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
KIA ဖမ်းဆီးခံ မှော်လုပ်သား(၅၀)ကျော် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီး သွားသော မှော်လုပ်သား(၅၀)ကျော်သည် အောက်တိုဘာ ၂၇ ရက်နေ့တွင် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Two Piece ၀တ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တိုင်း နာမည်ကြီးပြီလို့ ထင်နေတာမျိုးဟာ လွဲနေတဲ့ အမြင်တစ်ခုလို့ ထောက်ပြဝေဖန်လိုက်တဲ့ ခင်ဝင့်ဝါ
Miss Supranational ပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့တဲ့ ခင်ဝင့်ဝါဟာ ခုလက်ရှိမှာ ဇာတ်ကားတော်တော်များများရဲ့ ခေါင်းဆောင်မင်းသမီး နေရာကနေ ရိုက်ကူးနေရပြီဖြစ်ပြီး လတ်တလောမှာတော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးပုံဖော်နေတဲ့ မြှားနတ်မောင် ဖွက်ထားတဲ့မြှား ကားမှာ စိုင်းစိုင်းခမ်းလှုင်နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်
လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကိုတိကျသည့် အရေးယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုမည့် တေးဂီတ ဖျော်ဖြေပွဲ နိုင်ဝင်ဘာ (၂)ရက်တွင် ကျင်းပမည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ -၁(သုဝဏ္ဏ) တွင် ဂီတ ဖျော်ဖြေပွဲကျင်းပ သွားမည်ဖြစ်ပြီး ရရှိမည့်ဝင်ငွေများကို ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိခဲ့ သောမြန်မာ ယူ-၁၉ အသင်းကို ဂုဏ်ပြုဆုငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ထောင်ဒဏ် ထည့်ပေးရန် ဆန္ဒပြမည်
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်းပေးရန် ရန်ကုန် မြို့တော်ရှိ မြို့ တော်ခန်းမရှေ့တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF) ဦးဆောင်ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း MTUF ၏ ပြန်ကြားရေး တာဝန်ခံ ဦးသက်နှင်းအောင် က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
အမေရိကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ ခန့်မှန်း
ပြည်တွင်း ငွေလဲကောင်တာများတွင် ပွင့်လင်းရာသီရောက်ပါက တည်ငြိမ်လေ့ရှိသော အမေရိကန် ဒေါ်လာ ပေါက်ဈေးသည် လေးရက်အတွင်း ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၉၉၈ ကျပ်မှ ၁၀၁၀ ထိ ရောက်ရှိ ခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ
မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက် တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက် သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ် ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင် ပွဲတော် လုံခြုံရေး အတွက် လုံခြုံရေးတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်ကို တာဝန် ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ် အေစီဘား ပိုင်ရှင် လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်
အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို သူ့ဇနီး တွေနဲ့ သမီးတွေအပေါ် လိင် ပိုင်း ရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ် လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
နေပြည်တော်ကောင်စီဝင်များ စရိတ်နှင့် အဆောင်အယောင်အတွက် သန်း ၂၄၀ ကုန်ကျဟုဆို
နေပြည်တော် ကောင်စီဝင်များ၏ စရိတ်ချီးမြှင့်ငွေအတွက် ကျပ်သန်း ၂၄၀ အသုံးပြုထားကြောင်း နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ပြောကြားသည်။ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်းတွင် နေပြည်တော် ကောင်စီအနေနှင့် ကျပ် ၇၁၅၁ သန်း တောင်းခံထားမှုအပေါ် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
KIA နှင့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများ၏ နောက်ကွယ်မှ ဆက်နွယ်မှုများအား အသိပေးရေးသားခြင်း
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ မြောက်ဖျားဒေသရှိ လိုင်ဇာမြို့တွင် တပ်စွဲထားသော ကချင်ပြည်နယ် လွတ်မြောက် ရေးတပ်မတော် (KIA) သည် မြန်မာအစိုးရတပ်များဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း အဆင်မပြေမှုများစွာဖြင့် ထပ်မံကြန့်ကြာနေကြောင်းကိုလဲ တွေ့မြင်ရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအလံတင် အစည်းအဝေးတွင် RSO များနှင့်ပတ်သက်၍ အဓိကဆွေးနွေးဖွယ်ရှိ
မောင်တောနယ်စပ် ၌ အောက်တိုဘာ ၃၀ ရက်တွင်ကျင်းပပြုလုပ်မည့် မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံ ရေးအရာရှိများ အလံတင်အစည်း အဝေး၌ ဖမ်းဆီးရမိထားသည့် RSO များနှင့်ပတ်သက်၍ အဓိက ထား ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား ရွေးကောက်ခံများ ခန့်အပ်နိုင်လျှင် ပြုပြင်ပြောင်းလဲရေး အောက်ခြေအထိ ရောက်နိုင်
အခြေခံဥပဒေပြင်ဆင် ရေးအကြံပြုချက်တွင် ထည့်သွင်း ထားသည့် ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးအား ပြည်သူ့ရွေးကောက်ခံများနှင့် ဖွဲ့စည်းဆောင်ရွက်နိုင် ရေးသို့ ပြင်ဆင်နိုင်ပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အောက်ခြေအထိ ပိုမိုထိရောက်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် တွေ့ရှိ
အီမောဘွန်းတောင်ဒေသတွင် ကျက်စားနေသော ပန်ဒါနီနှစ်ကောင်ကို ခြောက်နှစ်အတွင်း ပထမဆုံး အကြိမ် တွေ့ရှိမှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − FFI)
တစ်ကမ္ဘာလုံးတွင် အကောင်ရေတစ်သောင်းအောက် သာရှိတော့သည့် မျိုးသုဉ်းပျောက် ကွယ်လုနီးပါး အန္တရာယ်နှင့် ရင် ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် (သိပ္ပံအမည် Ailurusfulgens) ကို မြန်မာနိုင်ငံတွင် ကချင်ပြည် နယ် အီမောဘွန်းတောင်ဒေသ၌ တွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေ စိုက် FFI အဖွဲ့မှ ဇီဝဗေဒ ပညာရှင် များက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ကရင်ဒုက္ခသည်များ ပြန်လည်ထူထောင်ရန် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်အသုံးပြုရန် KNU / KNLA လျာထား
ကရင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင် အသုံးပြုရန် လျာထားကြောင်း KNU/KNLA တပ်မဟာ (၇)စီးပွားရေးရုံးမှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
အမျိုးသမီး သီးသန့်ပါတီ ဖွဲ့စည်းပုံရေးဆွဲရန်နှင့် စည်းရုံးရေးလုပ်ငန်းများတွင် အခက်တွေ့
အမျိုးသမီးများ နိုင်ငံ ရေးတွင် ပါဝင်လာစေရန် အမျိုးသမီးပါတီတစ်ခုကို တည် ထောင်လိုက်အပြီး ပါတီ၏ဖွဲ့ စည်းပုံဆိုင်ရာ လုပ်ငန်းစဉ်များ ရေးဆွဲခြင်းနှင့် စည်းရုံးရေး လုပ်ငန်းများအတွက် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
နှစ်ဆယ့်ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ကယားပြည်နယ်သို့သွားမည်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်သော ဟိုတယ်ဘာသာရပ်ဆိုင်ရာ သင်တန်း ကျောင်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
၂၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်သို့ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်း စုကြည် သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
အမြန်လမ်းအသုံးပြုသော ကားများကို ကားအမျိုးအစားခွဲ၍ အမြန်နှုန်း သတ်မှတ်ရန် စီစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မောင်းနှင်မည့် ယာဉ်များကို အုပ်စုလိုက်ခွဲခြားပြီး မောင်းနှင့်သင့်သည့် မိုင်နှုန်းများသတ်မှတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဟိုတယ်များ ယစ်မျိုးလိုင်စင် လျှောက်ရာတွင် ရဲချုပ်ရုံး ထောက်ခံချက်တောင်း၍ အခက်တွေ့
ဟိုတယ်များ ယစ်မျိုး လိုင်စင်များရယူလိုပါက သက်ဆိုင်ရာဌာနနှင့် အသင်းအဖွဲ့တို့ ၏ ထောက်ခံချက် နှစ်ခုရယူရုံဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးက လွှတ်တော်တွင် အောက်တိုဘာ ၂၈ ရက်၌ ဖြေဆိုသော်လည်း ဟိုတယ်များက လျှောက်ထားရာတွင် ရဲချုပ် ရုံး၏ ထောက်ခံချက်ကိုပါ တောင်းနေ၍ ကြန့်ကြာနေ ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ ကဆိုသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာလုပ်သားနှစ်ဦး၏ ထွက်ဆိုချက်စာကို ရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေးကောင်စီသို့ ပေးအပ်
မြန်မာသံရုံးအထူးအဖွဲ့က လုပ်သားနှစ်ဦး၏ထွက်ဆိုချက်ကို ထိုင်းလူ့အခွင့်အရေး ကောင်စီမှ တာဝန်ရှိသူသို့ ပေးအပ်ပြီးနောက် တွေ့ဆုံစဉ်(ဓာတ်ပုံ - ငြိမ်းချမ်း)
ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့သည့်စာကို ၎င်း၏မိဘများနှင့် မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းနိုင်ငံအစိုးရ ရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေး ကောင်စီရုံးသို့ အောက်တို ဘာ ၂၈ ရက်က ပေးပို့ခဲ့ သည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)