
အမေရိကန် ကာကွယ်ရေး လက်ထောက် ၀န်ကြီးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများ သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရပ်သား ထိန်းချုပ်သည့် စစ်တပ်၏ အခန်းကဏ္ဍ အပါအ၀င် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောဆိုလိုက်သည်။