Tuesday 2 October 2012

ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ

အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်း သိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

နိုက်ဂျီးရီးယားနိုင်ငံ မူဘီမြို့ရှိ ပိုလီတက္ကနစ်ကျောင်းတွင် သနတ်သမားများ၏ ပစ်ခတ်မှု ကြောင့် ၂၆ ဦး သေဆုံး

နိုက်ဂျီးရီးယားနိုင်ငံ မူဘီမြို့ရှိ ပိုလီတက္ကနစ်ကျောင်းတွင် ယနေ့ဖြစ်ပွားသည့် သေနတ်သမားများ၏ ပစ်ခတ်မှုအတွင်း ကျောင်းသူ ကျောင်းသား ၁၀ ဦးကျော် သေဆုံးသွားကြောင်း AFP က ပြောကြားသည်။
သေနတ်သမားများမှာ မည့်သည့်အဖွဲ့မှဖြစ်ကြောင်း မသိရှိရသေးချေ။ RT News တွင်မူ ပစ်ခတ်မှုအတွင်း   သေဆုံးသည့် ကျောင်းသူ ကျောင်းသား အရေအတွက်မှာ ၂၆ ဦးဖြစ်ကြောင်း ဖော်ပြသည်။
 
 

ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာ

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။ 

ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း

 

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ရဟန်းတော်များ၏ လုံခြုံရေး အာမခံချက် ပေးရန် အတွက် ဘန်ကောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ကြသည်။

ဆိုးသွမ်းပရိသတ်ကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် လုံခြုံရေး ပိုမိုတင်းကြပ်မည်


 

 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFC U-22 ချန်ပီယံရှစ် ဘောလုံးပွဲတွင် ပရိသတ် အချို့၏ ဆိုးသွမ်းသည့် အားပေးမှုကြောင့် ဒဏ်ငွေဆောင်ခဲ့ရသော မြန်မာ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် လုံခြုံရေးများ ပို၍ တင်းကြပ်သွားမည် ဟုဆိုသည်။

သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း

ယခုရက်ပိုင်းလပိုင်းအတွင်း တိုင်းပြည်၏ အုပ်ချုပ် ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီ ရင်ရေးအာဏာ၊ အာဏာ (၃)ရပ်တို့အကြား ကြီးမားလှသော ပဋိပက္ခ တစ်ရပ် ပေါ်ပေါက် လာခဲ့သည်။   နောက်ဆုံးတွင်မူ   ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအငြင်းပွားမှု ပြဿနာသည် ပြေလည်သော ဖြေရှ င်းဆောင်ရွက်မှု တစ်စုံတစ်ရာ မပေါ်ထွက်ခဲ့ဘဲ အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွားသည် အထိ ခရီးရောက်သွားခဲ့ကြပြီဖြစ်ပါ သည်။

KIA ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများဆက်တိုက်ပြုလုပ်လာ

 

ယခုရက်ပိုင်းအတွင်း KIA စစ်တပ်အနေဖြင့် ပြည်နယ်အတွင်း၌ လူအခွင့်အရေးချိုးဖောက်မှုများ ဆက် တိုက်ပြု လုပ်လာကြောင်း ကချင်ဒေသခံများထံက သိရှိရသည်။

Mark II တစ်စီး သိန်း ၃၀ သာရှိသည့် လိုင်စင်မဲ့ကားဈေးကွက်ကြီးထွားနေ

ပဲခူးတိုင်းဒေသကြီး၌ လိုင်စင်မဲ့ကား အရောင်းအ၀ယ်မြင့်တက်လျှက်ရှိပြီး ဈေးနှုန်းကွာဟမှုကြောင့် လိုင် စင်မဲ့ကား များအ၀ယ် လိုက်လာခြင်းဖြစ်ကြောင်း ကားပွဲစားများက သုံးသပ်ကြသည်။

Facebook မှပုံဟုတက်လာ တတ်သော Virus လင့်အကြောင်း

This summary is not available. Please click here to view the post.

ထားဝယ် သဲတူးဖော်ရေး ဒေသခံများ စိုးရိမ်နေ

October 2, 2012


တနင်္သာရီတိုင်း ထားဝယ် ရေပိုင်နက်အတွင်း သင်္ဘောကြီးများဖြင့် သဲတူးဖော်ရေး လုပ်ငန်းများ   ပြုလုပ်ေ နသောေ ကြာင့် ကမ်းနားတွင် နေထိုင်လျက်ရှိသော ကျေးရွာများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်။

စစ်တွေ မွတ်စလင် ရပ်ကွက် ပြောင်းရွှေ့ရန် ဒေသခံများလိုလား

 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာ) အား မြို့ပြင်သို့ ပြောင်းရွှေ့ပေး ရန် ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို နိုင်ငံတော် သမ္မတထံ ပြည်နယ်အစိုးရအဖွဲ့ က တင်ပြ ထားကြောင်း သိရသည်။

စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို

 

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ြီူပါတီမှာနာမည်ကြီးပါတီဖြစ် နေပြီး ပါတီတွင်ြး ဖစ် ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ညီ လာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးကြည်လင်းက ၂၀၁၂ခုနှစ်၊ စက်တင်ဘာ (၂၈) ရက်နေ့  မြို့ နယ် အစည်းအဝေးတွင် ပြော ကြားခဲ့သည်။

အာဆီယံကို ခေါင်းစားစေတဲ့ မြန်မာ

ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံကြဖို့ အာဆီယံဥက္ကဌရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပေမယ့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation) နဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကိုတော့ မြန်မာနိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုခဲ့တာမို့ အခြား အာဆီယံ အဖွဲ့ဝင်နိုင် ငံတွေ အတွက် စိတ်ရှုတ် ထွေးစရာဖြစ်ရပါတယ်။ မြန်မာအစိုးရက ဘယ်လို သဘောထားတာလဲပေါ့။

အာဆီယံမှာ မြန်မာတွေ ဘီယာသောက်တာ အနည်းဆုံး

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဘီယာသောက်တဲ့ နေရာမှာ ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးပါဘဲတဲ့။ ၂၀၀၁ ခုနှစ်က ဘီယာလီတာပေါင်း ၂.၆ ဘီလျံတောင် ရှိခဲ့ပါတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေထဲ ဘီယာ သောက်မှု အမြင့်ဆုံး ရောက်ခဲ့တာပါ။ 

မြန်မာနိုင်ငံတွင် ရေဒါသုံးခု တပ်ဆင် အသုံးပြုမည်




ကိုရီးယား စေတနာ့ဝန်ထမ်း ကွန်ဖရင့် ရန်ကုန်တွင် ကျင်းပမည်

မြန်မာနိုင်ငံသို့ စေတနာ့ဝန်ထမ်း ဆောင်ရွက်ရန်အတွက် ကိုရီးယားနိုင်ငံမှ စေလွှတ်ထားသောစေတနာ့   ဝန်ထမ်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ KOV conference (Korea Oberseas Volunteers Conference) ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်၌ ကျင်း ပပြုလုပ် မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖွင့်

ဥဇဘက်ကစ္စတန်မှ ရင်းနှီးမြှုပ်နှံသူတဦးက မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်မှုဆိုင်ရာ ဘဏ်တခုကို တဦးတည်းပိုင်ငွေ အမေရိကန်ဒေါ်လာ ၁ သန်း မ တည်၍ ဖွင့်လှစ်လိုက်ကြောင်း AP သတင်းတွင်   ဖော်ပြ ထားသည်။ 

ကြိုသည့်ထုံးကို နှလုံးမူစေ ယူတတ်လေ

မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က အမေရိကပြည်ထောင်စုက ပြန်သွားတော့ရန်ကုန်လေဆိပ်   မှာ     ကြိုဆိုသည့်သတင်း ဓါတ်ပုံတွေ မြင်ရသည် ။ ဇါဂနာများပါလေမလားဆိုပြီး ကြည့်ဖြစ်သည် ။   တော် ပါသေးသည် ။ သူ့ ကို မမြင်တော့အသက်ရှူဖြောင့်သွားမိသည် ။  သူပါလျှင် ပွဲက ကြည့်မကောင်းလှပါ ။

ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ

ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲအဖွဲ့က လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခုအခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီး မစ္စတာ အလောင်ဂျီက ပြောပါတယ်။

လက်ရွေးစင်ဘောလုံးအသင်း စပွန်ဆာရ



မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း စပွန်ဆာရရှိပြီဖြစ်၍ အီတလီနိုင်ငံထုတ် Lotto အမှတ်တံဆိပ် ကန်ဒေါ်လာ ၆၀ တန် ဂျာစီများကို ၀တ်ဆင်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်ဖြစ်သည်။

မလေးရှား Felda အုပ်စု မြန်မာနိုင်ငံတွင် ရာဘာလုပ်ငန်း လုပ်ကိုင်မည်

 
 
မလေးရှားနိုင်ငံမှ Felda Global Ventures Holdings (FGVH) အုပ်စုသည် မြန်မာနိုင်ငံတွင် ရာဘာစိုက် ပျိုးရေးနှင့် သားရေလုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာနိုင်ငံအခြေစိုက် ဖိုးလမင်းကုန်သွယ်ရေးလီမိတက်နှင့် နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း FGVH က ထုတ်ပြန်သည်။

ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည်   နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များကဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဆင်းတုတော်များကို မီးရှို့ဖျက်ဆီးမှုများ   ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး မိမိတို့ ရှုတ်ချကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟေဒင် ခန်အလမ်ဂီက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။



ဟောင်ကောင်တွင် သင်္ဘောနှစ်စီး တိုက် ၃၆ ဦးသေ ၁၀၀ကျော် ဒဏ်ရာရ

အောက်တိုဘာ ၂။ ။ တောင်တရုတ်ပင်လယ် ရှိ ဟောင်ကောင် ကျွန်းစုမှ Lamma ကျွန်းအနီးတွင် သင်္ဘောနှစ်စီး တိုက်မှု ဖြစ်ပွားခဲ့သည်။


ယင်းတိုက်မှုတွင် သေဆုံးသူ ၃၆ ဦးအထိမြင့်တက်ခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုမှာ အောက်တိုဘာလ ၂ ရက် (တနင်္လာနေ့) မနက်ပိုင်း ၈ နာရီဝန်းကျင် တွင်   ဖြစ် သည်။ ဟောင်ကောင် လျှပ်စစ်ကုမ္မဏီမှ ဝန်ထမ်း မိသားစုများပါဝင်သည့် အပန်းဖြေ သင်္ဘော နှင့် ပို့ဆောင်ရေး ဖယ်ရီ တို့ တိုက်မှု ဖြစ်သည်။ ကုမ္မဏီသင်္ဘောတွင် ခရီးသည် ၁၂၄ ဦးပါဝင်ပြီး ပို့ဆောင်ရေး ဖယ်ရီ တွင် ဒါဇင်ကျော်ပါရှိသည်။ တိုက်မှုကြောင့် သင်္ဘောတစ်စီးမှာ လျင်မြန်စွာ နှစ်မြှုပ်ခဲ့ပြီး ကျန်တစ်စီး မှာ နာရီပိုင်းအတွင်း နစ်မြှုပ်သွားသည်။

ဂင်းနစ် မှတ်တမ်းဝင်သွားတဲ့ Oppa Gangnam Style



 PSY- Oppa Gangnam Style၊ ဓာတ်ပုံ- http://popdust.com

တောင်ကိုရီယား ရက်ပ် ဂီတအဆိုတော် တဦးဖြစ်တဲ့ PSY ရဲ့ တကိုယ်တော် Oppa Gangnam Style ဗီဒီယို သီချင်းအယ်လ်ဘမ်ဟာ တောင်ကိုရီယားနိုင်ငံသာမက၊ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ကျော် လွန်ပြီး ဥရောပဈေးကွက်မှာပါ ရောင်းအကောင်းဆုံး ဖြစ်နေပါတယ်။

အင်းစိန်မြို့နယ်တွင် အပြန်အလှန်စကားများရာမှတဆင့် လူသတ်မှုဖြစ်ပွားခဲ့




အင်းစိန်မြို့နယ်တွင် အပြန်အလှန်စကားများရာမှ တဆင့် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း   သိရှိရ သည်။

i-Phone 5 နာနို Sim Card များအတွက် ဖုန်းဆိုင်များက ၀န်ဆောင်မှုပေးမည်

2 Oct, 2012
 


Apple မှ နောက်ဆုံးထုတ်လုပ်သည့် i-Phone 5 အတွက် နာနို Sim Card များပြုလုပ်ရန် ပြည်တွင်းရှိ နာမည်ကြီး ဖုန်းဆိုင်အများစုမှ ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း KMD mobile Corner က သိရှိရသည်။

ဂျိုးဖြူပိုက်ကြီး အမှိုက်ပုံထဲမြုပ်နေ

Tuesday, 02 October 2012

 
 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နေပြည်သူများ မရှိမဖြစ် လိုအပ်သောရေကို မြောက်ပိုင်း ခရိုင် တစ်ခုတည်းမှာရှိသော ဂျိုးဖြူ ဖူးကြီး၊ လှော်ကား (ခ)သာဓု ကန်နှင့် ယခုနောက်ပိုင်း ငမိုးရိပ်အစ
ရှိသော ရေလှောင်တာ တမံများမှတဆင့် ပြည်သူများထံ သို့ ရေပမာဏမြောက်များစွာ ဖြန့်ဖြူးပေးဝေနေ လျက်ရှိသလို တချို့သောနေရာများတွင် မြေအောက်အ၀ီစိရေများအား ဖြန့်ဖြူးပေးဝေနေလျက်
ရှိကြောင်း လူဦးရေများပြားလာသည့်ရန်ကုန်မြို ပြည်သူများအတွက် လိုအပ် သော ရေရရှိအောင်   ထပ်မံ၍ စီမံကိန်းများတိုးချဲ့ပြီး ငမိုးရိပ် မှရန်ကုန်မြို့သို့ ပိုက်လုံးကြီးများ သွယ်တန်းနေတာကိုလည်းအမှတ် (၃)လမ်း တောက်လျှာက်တွင်တွေ့မြင်ရပါသည်။

စပါးစိုက် ဧက တစ်သန်းအတွက် ယူရီးယားဓာတ်မြေသြဇာ သင့်တင့်ဈေးဖြင့်ရောင်းပေးမည်




ရန်ကုန် အောက်တိုဘာ ၂ ရက်





မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့် ပူးပေါင်း၍ လာမည့်နှစ်တွင် စပါးစိုက်ဧက တစ်သန်းအတွက် ယူရီးယား ဓာတ်မြေသြဇာတန်ချိန် ၅၀၀၀၀ အားသင့်တင့်သော ဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

Tuesday, 02 October 2012

 ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အခန်းအတွင်း   သေဆုံး မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် စံချိန်တင် မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့သစ် ရေလွှမ်း

၂၀၁၂ ခုနှစ်အတွင်း အောက်တိုဘာလ ၃၀ ရက်နေ့ စံချိန်တင် မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့မြို့သစ် ဧရိယာ အတွင်း ရေလွှမ်းပြီး ရေဘေး ကယ်ဆယ်ရေး စခန်း များ ဖွင့်လှစ်ထား ရကြောင်း အဆိုပါ မြို့သစ်နေ မန္တလေး ဒေသခံများက  ပြောကြားသည်။

စပါးစိုက် ဧက တစ်သန်းအတွက် ယူရီးယားဓာတ်မြေသြဇာ သင့်တင့်ဈေးဖြင့်ရောင်းပေးမည်

မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့် ပူးပေါင်း၍ လာမည့်နှစ် တွင် စပါးစိုက်ဧက တစ်သန်းအတွက် ယူရီးယား ဓာတ်မြေသြဇာတန်ချိန် ၅၀၀၀၀ အားသင့်တင့်သော   ဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

မရမ်းကုန်းအိမ်ဖောက်ထွင်းခံရမှု ကျပ်သိန်း ၃ထောင်ကျော်မဟုတ်ဟုဆို

ငွေကျပ်သိန်း ၃ထောင်ကျော်ဖိုး ခိုးယူခြင်းခံရသည်ဟု သတင်းများထွက်ပေါ်နေသော မရမ်းကုန်းမြို့နယ် အိမ်ဖောက်ထွင်းခံရမှု အမှန်တကယ်တွင် ကျပ်သိန်း ၁၈၃သိန်းဖိုးခန့်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို

မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဘင်္ဂလားဒေခ်ျ့နိုင်ငံ၊ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်း နယ်များတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လူအုပ်များက မီးရှို့ဖျက်ဆီးခြင်း၏ နောက်ကွယ် တွင် ရိုဟင်ဂျာများ ဆက်စပ်မှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုလိုက်သည်။

ဘင်္ဂလားဒေရှ့် – မြန်မာနယ်စပ် ပန်ဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်



မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့တွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒေသခံ အာဏာပိုင်များက အရေးပေါ် ပုဒ်မ ၁၄၄ နှင့် ၃ ယောက်ထက် ပိုမို မစုဝေးရန် ထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၃၀ ရက်နေ့က ယင်းဒေသရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို မီးရှို့ရာမှ ပဋိပက္ခကြီး ထွားလာခြင်း ဖြစ်ကြောင်း သိရသည်။

ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်


လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက  ပြော ကြားသည်။