
တိုက်စစ်မှူးရှိန်းလောင်းကိုခေါ်ယူရန်အတွက် ဆောက်သမ်တန်က ပေါင်၁၂ သန်းဖြင့် ကမ်းလှမ်းလာမှုအား ဟားလ်စီးတီးအသင်းက လက်ခံလိုက်ပြီဖြစ်သည်။တိုက်စစ်မှူးသစ်ပယ်လီနှင့်တွဲဖက်ကစားစေရန်ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးလိုချင်နေသည့်နည်းပြကိုးမန်း အတွက် ရှိန်းလောင်းက သင့်တော်ကြောင်းဆောက်သမ်တန်ကင်းထောက်အဖွဲ့မှ အကြံပြုခဲ့ခြင်းဖြစ်သည်။ ရှိန်းလောင်းသည်ပြီးခဲ့သည့် ဇန်န၀ါရီတွင် ၀က်စ်ဘရွန်းမှ ဟားလ်စီးတီးသို့ ပေါင်ခုနစ်သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။