Wednesday 19 September 2012

ပုသိမ်၊ မုံရွာနှင့် မကွေး လေဆိပ်တို့တွင် လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် သွားမည်

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း   လေဆိပ်များ ဖြစ်တဲ့ ပုသိမ်၊ မုံရွာနဲ့ မကွေးလေဆိပ်တို့မှာ လေယာဉ်မောင်း သင်တန်း ကျောင်းများကို ယခု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် တည်ဆောက် ခြင်းကို ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင် များ ဖိတ်ခေါ်ကာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ဥပဒေ နဲ့အညီ လုပ်ကိုင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ

ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ (သန့်စင်ခန်း)အကြား မှာ   ဆိုင်တွေအောက်ခြေနားကကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက် ၆ နာရီဝန်းကျင်ကတွေ့ရှိကြောင်း သိရပါသည်။ထိုအိတ်များကို  ဈေးခင်းဖို့ရောက်လာတဲ့ရှမ်းခေါက် ဆွဲဆိုင်ရှင် မိန်းမကြီးက မီးတောက်နေတာကို စတင်တွေ့ရှိလို့ ဈေးသန့်စင်ခန်း အစောင့်ကို အော်ဟစ် အကူအညီတောင်းတာကြောင့်အခြားသောဈေး သူဈေးသားများနဲ့အတူ ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့
ငြိမ်းသတ်ရာမှာ မီးတောက် တစ်တောင် သာသာပဲ ရှိခဲ့လို့ ခဏတွင်းမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်

မန္တလေးမြို့တော် ဈေးချိုတော် အမှတ် (၇) ရုံတန်းတွင် စက်တင်ဘာ19ရက် နေ့လယ်၁၂ နာရီခန့်က အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ဓါတ်ဆီ အိတ် ၃ ထုပ်ကိုထားရှိခဲ့သောကြောင့် အဆိုပါ ဓါတ်ဆီအိတ်များကို ထားရှိခဲ့သူမှာ မီးရှို့ရန် ကြံစည်သည်ဟု ယူဆရသောကြောင့် ယင်းဓါတ်ဆီအိတ်များ ကို တွေ့သည့် ဈေးသန့်ရှင်းရေး လုပ်သားတစ်ဦးက မန္တလေး စည်ပင်သာယာ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ဖြစ်ကြောင်းသိရသည်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့်ကျောက်မဲမြို့   တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။

“ခွင့်ပြုမိန့် ကျကျ မကျကျ ကျမတို့ ဆက်လှုပ်ရှားသွားမှာပါ” ဟု ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

ညိုအုန်းမြင့်ရဲ့ မြန်မာပြည် ခရီး(၆)


ကိုညိုအုန်းမြင့်နဲ့ ကျမ တွေ့ဆုံမေးမြန်းချိန် ၃ နာရီကျော်ကြာခဲ့တဲ့အတွက် ကိုညိုအုန်းမြင့်ရဲ့ အင်တာဗျူးကလည်း တော်တော်ရှည်ပါတယ်။အသံဖမ်းခဲ့တာတွေကို တရက်တည်းနဲ့လည်းအပြီး အသံဖိုင်တွေ ဖြည်ဖို့ မလွယ်သလို၊ ခုလို အပိုင်းပိုင်းဖြတ်ပြီး ဖြည်တာတောင် မှ တော်ေ တ်ာကြာေ အာင်ဖြည်ရပါတယ်။

အပိုင်းလိုက် ဖော်ပြပေးရာမှာလည်း တရက် နှစ်ရက်နဲ့ အပြီး မဖော်ပြနိုင်ခဲ့ခြင်းကို နားလည်ပေးစေလိုပါတယ်။

ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င် အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင်ဆက်နေကြမှု များနှ င့်ပတ်သက်၍ အမှန်တရားကို ရှင်းလင်းသွားမည်ြ

ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င် အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင်ဆက်နေကြမှု များနှ င့်ပတ်သက်၍ အမေရိကန် ခရီးစဉ်အတွင်း အမှန်တရားကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၁၉ ရက်က အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် က   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။

"ငါးထောင်တန် ငွေဖြည့်ကတ်ရောင်းချခွင့် မည်သူမဆို လျှောက်ထားနိုင်"


ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များအားရောင်းချခွင့်ကို မည်သူမဆို ကိုယ်စားလှယ်လျှောက်ထား ပါက ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ဆောင်မှုပေးသည့် Elite Tech ကုမ္ပဏီမှ သိရသည်။

အဆိုပါ ငွေဖြည့်ကတ်များအား ယခုလ တတိယအပတ်မှ စတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း   ရောင်းချပေးရာတွင်လည်း Elite Tech ဆိုင် သီးသန့် ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံတိုးတက်ပြောင်းလဲဖို့ အမေရိကန်ကူမည်


မြန်မာနိုင်ငံမှာ စတင်ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေကို အကူအညီပေးနိုင်ဖို့အတွက် အမေရိ ကန်ပြည်ထောင်စု  အနေ နဲ့ မြန်မာအစိုးရနဲ့ရော ပြည်သူတွေနဲ့ပါရပ်တည်ပြီးတော့ဆက်လက်လုပ်ဆောင် သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဒီထက်မက ဆက်ပြီးတော့လုပ်သွားဖို့လိုတယ် လို့လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့မှာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က ဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်။

"အစိုးရပိုင် မြန်မာ့တယ်လီကွန်း ရှယ်ယာ ပုဂ္ဂလိကသို့ ထုတ်ရောင်းပေးမည် မဟုတ်"

ဆက်သွယ်ရေးပိုင် မြန်မာ့တယ်လီကွန်းရှယ်ယာများအား လက်ရှိ အနေအထားအရ ထုတ်ရောင်းပေးနိုင်  မည် မဟုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

လက်ရှိတွင် ဆက်သွယ်ရေး ကော်ပိုရေးရှင်းပိုင် မြန်မာ့တယ်လီကွန်း ကုမ္ပဏီ၏ ရှယ်ယာများကို နိုင်ငံတော် အနေဖြင့် သာ ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ အများပြည်သူသို့ ပြန်လည်ရောင်းချပေး သင့်ကြောင်း   နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ယခုလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ် သည့်ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နှင့် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြော သည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့ ၁၉ယောက်စလုံး ပတ်စ်ပို့ရပြီ

(ဦး)ကိုကိုကြီးနှင့် (ဦး)မင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၉ယောက်စလုံး ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

မက္ကစီကို နိုင်ငံတွင် ဓာတ်ငွေ့စက်ရုံတစ်ခု ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၆)ဦး သေဆုံး

 

မက္ကစီကို နိုင်ငံတွင် ဓာတ်ငွေ့စက်ရုံတစ်ခု ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၆)ဦး   သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

"မိုဘိုင်းဖုန်း လျှောက်ထားသုံးစွဲမှု နယ်မြေကန့်သတ်ချက် ပယ်ဖျက်တော့မည်"



နယ်မြေကန့်သတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့် မိုဘိုင်းဖုန်း လျှောက် ထားသုံးစွဲမှုများအား ပယ်ဖျက်တော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ဒီမိုကရေစီမြှင့်တင်ရေးဆောင်ရွက်နေသောအဖွဲ့များအပေါ်ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းရန် အမေရိကန်ကို ရုရှားအမိန့်ထုတ်

ရုရှားနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက်ဆောင်ရွက်နေသောအဖွဲ့အစည်းများအပေါ် အမေရိ ကန်ကငွေကြေးထောက်ပံ့နေခြင်းကို ရပ်တန့်ရန်ရုရှားအစိုးရက အမိန့်ထုတ်လိုက်ကြောင်း နယူးယောက် တိုင်းမ် သတင်းတွင်ဖော်ပြထားသည်။

ရုရှားနိုင်ငံတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့နေသော အမေရိကန်သည် ရုရှားပြည် တွင်းရေးကိုဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်ဟု ရုရှားအစိုးရကရှုမြင်လျက်ရှိပြီး ယခုကဲ့သို့တားမြစ် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

" ထူးခြားဆန်းပြားလှတဲ့ ဒီဇိုင်းမျိုးစုံနဲ့ The Rich Gems Fashion Show"

 
The Rich Gems ရဲ့ ဖက်ရှင် ရှိုးပွဲကို စက်တင်ဘာလ၁၈ရက် ညနေ ၆နရီခွဲ တွင် The Strand Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အဆိုပါပွဲ အခမ်း အနား တွင် dancer အကများဖြင့် ဖွင့်လှစ်ပေးခဲ့ပြီးနောက် မော် ဒယ် သ ရုပ်ဆောင်သန္တာဗို၊ယုသန္တာတင်၊နန်း မြတ်ဖြိုးသင်း၊ချောရတနာ၊နန်း သူဇာ နဲ့ မော်ဒယ် များက ဖက်ရှင် ဒီဇိုင်း မျိုးစုံ ကို ပရိသတ် များကြား ဝတ် ဆင် ပြသ ခဲ့ပါတယ်။ ရဲလေး၊ ဂျိုကာ တို့ကလည်း သီချင်း များနဲ့ ဆက် လက်ဖျော် ဖြေပြီး၊ ပုဂံရိုးရာ အကများ၊ ရခိုင် ရိုးရာ အက များ နဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ ပါတယ်။

နဘူးအိုင် စက်မှုဇုန်တွင် တောင်ကိုရီးယားကုမ္ပဏီ စတင် ရင်းနှီးမြှုပ်နှံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကူအညီ ဖြင့် မကြာမီ တည်ဆောက်မည့် မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်တွင်းရှိ နဘူးအိုင် စက်မှုဇုန် တွင် တောင်ကိုးရီးယား အထည်ချုပ် လုပ်ငန်းတစ်ခုဖြစ်သော ဂါမင်း ကုမ္ပဏီက ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှု ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

"ကာမ"လိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်

မြန်မာအမျိုးသမီးများအနေဖြင့် အိမ် တွင်းအကြမ်းဖက်ခံရမှုနှင့် ကာမလိမ် လည်ခံရယူမှုများ   အများ ဆုံးကြုံတွေ့ခံ စားနေရကြောင်း အမျိုးသမီးများလှုပ် ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။

"ကာမ"လိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်

မြန်မာအမျိုးသမီးများအနေဖြင့် အိမ် တွင်းအကြမ်းဖက်ခံရမှုနှင့် ကာမလိမ် လည်ခံရယူမှုများ   အများ ဆုံးကြုံတွေ့ခံ စားနေရကြောင်း အမျိုးသမီးများလှုပ် ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။

ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား



ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအ တွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခင်ကတည်းက သားအ ဖနှစ်ဦးကို သတ်ဖြတ်မှုအတွက် သံသယတရားခံ စာရင်းတွင် သတ်မှတ်ခံထားရသည့် အသက်(၂၉)နှစ်ရှိ   ဒေးလ်ကရီဂန်သည် ရဲမေနှစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီးနောက် နီးစပ်ရာ ရဲစခန်းတစ်ခုသို့   အေးအေးလူလူ သွားရောက် အဖမ်းခံခဲ့သည်။

မကောင်းဆိုးဝါးနှင်ထုတ်သည်ဆိုကာ ရိုက်နှက်ခံရသည့် အမျိုးသမီးက ခင်ပွန်းနှင့်မိသားစုကို တရားစွဲ

မကောင်းဆိုးဝါး စွဲကပ်နေသည်ဆိုကာ လမ်းလျှောက်တုတ်ဖြင့်ရိုက်ပြီး မကောင်းဆိုးဝါး နှင်ခံရသည့်နောက် ခင်ပွန်းနှင့် မိသားစုကို အမျိုးသမီး တစ်ဦးက ဗြိတိန်တွင် တရားစွဲဆိုထားကြောင်း သိရသည်။ အက်စ်မာ ဟူစိန်သည် သူမ၏ အိပ်ရာတွင် မလှုပ်နိုင်အောင် ချည်နှောင်ခံထားရပြီးနောက် မြင့်မြတ်သော   ရေစင်ဖြင့် ဖြန်းပက်သည်ဆိုကာ ရေဖြင့်ပက်ခံရသည်။ ထို့အပြင် မွတ်ဆလင်မ်ရိုးရာနည်းလမ်း တစ်ခုဖြင့် မကောင်းဆိုးဝါး နှင်ကြောင်း ပြောဆိုကာ အသက်(၆၀)အရွယ် ခင်ပွန်းသည် အာမက်ဟူစိန်နှင့် မိသားစုက ပင့်ဖိတ်ထားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးက သူမအား ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ 

အားလုံး သတိရှိကြရန်

မန္တလေး ဈေးချိုအမှတ် ၇ ရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅မိနစ်တွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ဓါတ်ဆီ အိတ် ၉ အိတ် ကိုထပ်မံတွေ့ရှိကြောင်း၊အဆိုပါ ဓာတ်ဆီထုပ်များကို   ဈေးတာ ၀န်ရှိသူများက မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့် သားသတ်ဌာနသို့ထပ်မံ သွားရောက်အပ်နှံထားကြောင်း သတင်းရရှိပါသည်။

ပခုက္ကူ လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် မြှင့်တင်မည်

နိုင်ငံခြားသား အများဆုံး ဝင်ရောက်သည့် လေဆိပ်တခု ဖြစ်သည့် ပုဂံညောင်ဦး လေဆိပ်အား
နိုင်ငံ တကာ အဆင့်မီ တိုးချဲ့ခြင်းထက် ပခုက္ကူလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားသည် ဟု လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန က ဆိုသည်။

တုန်ခါမှုတွေကြောင့် ပုဂံက ရှေးဟောင်း အဆောက်အအုံတွေ၊ စေတီပုထိုးတွေ ထိခိုက် ပျက်စီးနိုင်တာေ ကြာင့် ပခုက္ကူလေဆိပ်ကို နိုင်ငံတကာ လေဆိပ် အဖြစ် တည်ဆောက်နိုင်ဖို့ လျာထားခြင်းဖြစ်တယ်။

ပန်းသီးကြောင့် လူသတ်မှုဖြစ်

ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါး ရပ်ကွက်တွင် စိတ်မနှံ့သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင်အသက်၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးစားနေသောပန်းသီးကို လုစား ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မန္တလေးတွင် အမျိုးသမီးများ မြန်မာဝတ်စုံ ၀တ်ဆင်ရန် လှုပ်ရှားမှု ဆောင်ရွက်မည်

မန္တလေးမြို့တော်ရှိ လူမှုရေး အသင်းအဖွဲ့များတွင် ပါဝင်သော အမျိုးသမီးများက တမာအရိပ် အမည်ဖြင့် အသင်းတစ်ခုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် လူအင်အား ၃၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ သည် မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလ ၂၃ ရက် ဥပုသ်နေ့မှ စတင်ကာ မြန်မာအမျိုးသမီးများ မြန်မာ့ ယဉ်ကျေး  မှုနှင့် အညီ ဝတ်ဆင်ကြရန် အပတ်စဉ် ဥပုသ် နေ့တိုင်း လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံအပေါ်ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ပေးရေးကို ထောက်ခံကြောင်း အမေရိကန်ရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဝါရှင်တန်၊စက်တင်ဘာ-၁၉

Photo: မြန်မာနိုင်ငံအပေါ်ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ပေးရေးကို ထောက်ခံကြောင်း အမေရိကန်ရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဝါရှင်တန်၊စက်တင်ဘာ-၁၉

မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့တားဆီးများ ဖြေလျှော့ပေးရေးကို ထောက်ခံကြောင်း ပြောကြားရင်း မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ အထင်ကရ အမေရိကန်နိုင်ငံ ခရီးစဉ်ကို စတင်လိုက်သည်။

ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုခဲ့သည်။ သို့သော် ဆယ်စုနှစ်ငါးခုခန့် စစ်အုပ်ချုပ်ရေးအောက် နေခဲ့ရသော မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်၍အများကြီး လျှောက်လှမ်းရဦးမည်ဟုလည်း သတိပေးပြောကြားသည်။

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် ၄င်း၏ ခရီးစဉ်အစမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဟီလာရီကလင်တန်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခင် ရက်သတ္တပတ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉၀ ကို လွှတ်ပေးခဲ့ခြင်း အပါအ၀င် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် တုံ့ပြန်၍ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးရေး အိုဘားမားအစိုးရက စဉ်းစားနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်၏ အမြင့်ဆုံးဆုကို လက်ခံရယူမည်ဖြစ်သည်။

"ပိတ်ဆို့တားဆီးမှုတွေ ဖြေလျှော့ပေးဖို့ရာ ကျွန်မ တကယ်ပဲ ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံသားတွေဟာ သူတို့ရဲ့ အန္တိမပန်းတိုင်အတွက် စတင် တာဝန်ယူရမှာမို့ ဖြစ်ပါတယ်"ဟု အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ "ဒီမိုကရေစီ အရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ရာ အမေရိကန်ရဲ့ ပိတ်ဆို့တားဆီးမှုတွေအပေါ် ကျွန်မတို့ မှေးမနေသင့်ပါဘူး။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ကြရပါမယ်"ဟု ၄င်းကဆက်ပြောသည်။

မစ္စက်ကလင်တန်၏ မှတ်ချက်စကားများတွင် ကုန်သွယ်ရေး ပိတ်ဆို့တားဆီးမှုများအကြောင်း တိုက်ရိုက်မပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကြောင့် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ပေးရေး အလားအလာကို မြင့်တက်လာစေသည်ဟု ပြောကြားသည်။ အကယ်၍ ယင်းသို့ ဖြေလျှော့မှု ဖြစ်ပေါ်လာမည်ဆိုပါက လာမည့် ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ၏ အထွေထွေညီလာခံသို့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လာရောက်တက်ရောက်စဉ်အတွင်း ဖြစ်နိုင်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းက ဖော်ပြသည်။

ကိုးကား - Washinton Post

မူရင်းသတင်း--7Day News Journal


မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့တားဆီးများ ဖြေလျှော့ပေးရေးကို ထောက်ခံေ ကြာင်း ပြောကြားရင်း မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ အထင်ကရ အမေရိကန်နိုင်ငံ ခရီးစဉ်ကို စတင်လိုက်သည်။

"မွန်ဒေသအချို့တွင် စိတ်ကြွဆေးအဖြစ် ဘိန်းစာရွက်နှင့် ဓာတုအချို့ ရောစပ်သုံးစွဲခြင်းအန္တရာယ် ကြီးမားနေ"

Wednesday, 19 September 2012

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စိတ်ကြွဆေးအဖြစ် သုံးစွဲနေကြသော ဘိန်းစာရွက်ကို စီးပွားဖြစ် စိုက်ပျိုးသူများပင် ရှိနေပြီဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးနိုင်ဦးက ပြောသည်။
အဆိုပါ ဘိန်းစာရွက်ကို ထိုင်း နိုင်ငံမှ အကိုင်းခုတ်၍သယ်ဆောင် လာကာ စိုက်ပျိုးခြင်းဖြစ်ပြီး လူငယ်များကြား သုံးစွဲမှုများလာသဖြင့် သံ ဖြူဇရပ်မြို့နယ် အတွင်းရှိ ကော့ လေး၊ စွပ်ပလောင်နှင့် ထင်းရှူး ရွာတို့ရှိ ရွာနှင့်လှမ်းသော ရော်ဘာ ခြံတို့တွင် စီးပွားဖြစ်စိုက်နေသည် ဟုသိရှိရကြောင်း သံဖြူဇရပ်မြို့ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးနိုင်ဦးကပြောသည်။

""အသက်(၁၈) အရွယ် လူနာ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သမားတော် ထောင်ပို့ခံရ ""

Wednesday, 19 September 2012

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင်ဆယ်ကျော်သက်လူနာအမျိုးသမီးငယ်တဦးအားမုဒိမ်းကျင့်ကျူးလွန်သူ သမားတော် တစ်ဦးမှာ ထောင်ဒဏ် ချမှတ်ခံရသည်ဟုသတင်းရရှိသည်။ထောင်ပို့ခံရေ သာ အ ဆို ပါ သ မားေ  တ်ာကြီး မှာ ဒက္ကာမြို့ တောင်ပိုင်း ဘောရီးရှားမြို့နယ်မှ ဖြစ်သည်ဟု ဆိုသည်။

အင်းစိန် ထောင်ဖောက်မှုထက် မက္ကဆီကို သာသွားပြီ

Wednesday, September 19, 2012

                              Piedras- Negras အကျဉ်းထောင်ရှေ့ လုံခြုံရေးယူထားပုံ

မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်လောက်က နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ကျဉ်းထောင်မှာ ထောင်  ဖောက်
မှုဖြစ်ခဲ့ပါတယ်။   ဒါက မြန်မာနိုင်ငံထောင်သမိုင်းမှာ    အကြီးကျယ်ဆုံး ထောင်ဖောက်မှုတခု      လည်းဖြစ် ပြီး ပြည်ထဲရေးဝန်ကြီးဌာနကရုပ်ရှင်သရုပ်ဆောင်တွေနဲ့ သူတို့ ဘယ်လို ထွက်ပြေးကြတယ်ဆိုတာေ တာင်  မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့ကြပါသေးတယ်။

အကြမ်းဖက်ခံရသည့် မောင်တောမြို့နယ် ကျေးရွာများမှ ကျောင်းသားများ ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည်

September 19, 2012 at 9:19 am

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့်  ဆူပူအကြမ်းဖက်မှုကြောင့် ယခုတိုင်   ကျောင်းမ တက်ရောက်နိုင်သေးသည့်  အထက်တန်း အလယ်တန်း ကျောင်းသား ကျောင်းသူ များ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် ရခိုင်အမျိုးသား ကွန်ယက်မှ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

နိုင်ငံခြား စီမံကိန်းမှ စွန့်ပစ် အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီး

September 19, 2012 at 11:11 am

 ပျားတဲ အိန္ဒိယ Punj Lloyd အလုပ်သမား စခန်းမှ စွန့်ပစ်သော အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီးနေသည်။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားစက်ရုံများနှင့် အလုပ်ရုံများမှ စွန့်ပစ်သော အညစ် အကြေး များကြောင့် အနီးအနား ဘေးပတ်ဝန်းကျင်ရှိ လယ်မြေများမှာ ထွန်ယက် စိုက်ပျိုး၍ မရအောင်ထိ ပျက်စီးေ နကြောင်း သတင်း ရရှိသည်။

ဗျူရိုကရေစီ ယန္တရား ဘယ်ကို သွားနေပြီလဲ

Wednesday, 19 September 2012

burocracy 

ရန်ကုန် (မဇ္ဈိမ) ။         ။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူရဲ့အစိုးရ အဖွဲ့ဝင်တွေကို မူဝါဒနဲ့ ရည်မှန်းချက်တွေ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ ပြည်သူကို ဗဟိုပြု ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကပြောဆိုလိုက်အပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာပဲ ဝန်ကြီးဌာနက အကြီးအကဲ တော်တော်များများကို ဌာနတွေပြောင်းရွှေ့ခန့်ထားလိုက်တာဟာ သူရဲ့ ဗျူရိုကရေစီယန္တရား ကို အပြောင်းအလဲ ကောင်းကောင်း လုပ်တော့မှာလား လို့ မျှော်လင့်လာကြပါတယ်။

MRTV4 မှ Top Channel-7 ထုတ်လွှင့်ပြသတော့မည်

Wednesday, September 19, 2012

Channel7 ရုပ်သံလိုင်းရဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ Channel7 Top Ten အစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့ ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ တိုင်းမှာ ပြည်တွင်းသီချင်းတွေနဲ့ တနင်္ဂနွေနေ့ တွေမှာ နိုင်ငံတကာသီချင်းတွေကို ထုတ်လွှင့်ပေးသွား မှာဖြစ် ပါတယ်။

ဘင်္ဂါလီ လုံးဝ မရှိမှသာ ပြသာနာ ငြိမ်းမည်ဟု ဒေါက်တာ အေးချမ်း သုံးသပ်


Wednesday, 19 September 2012

  ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သမိုင်းဖြစ်ရပ်များ ကို ဆွေးနွေးတင်ပြနေသော သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း
 
ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပြသာနများ ပြေလည်သွားရန် ဘင်္ဂါလီများ လုံးဝ မရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက သုံးသပ်လိုက်သည်။ ဒီပြသာဖြစ် လာ တာ နှစ်ပေါင်း ၇၀ ကျော်လာပြီ။ နောက်ထပ်မဖြစ်စေချင်ရင် လုံးဝ သီးခြားစီထားရမယ်။ ၀င်မလာ နိုင်အောင် ခြံစည်းရိုးကို မြင့်မြင့်ကာရမယ်“ ဟု ဒေါက်တာအေးချမ်း က ရှင်းပြ သည်။ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလားဒေခ်ျ့ နယ်စပ်ဒေသဖြစ်သော မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်လူဦးရေ ၉ရာခိုင်နှုန်း ခဲ့သာ နေထိုင်လျှက်ရှိပြီး ကျန်ရာခိုင်နှုန်းများကို ဘင်္ဂါလီများ ကြီးစိုးထားသည်။

ကလေးငယ် ဖမ်းခေါ်သူကို ရဲစခန်းတွင် အမှုဖွင့်ထား

မြောက်ဥက္ကလာပမြို့နယ်(၅) ရပ်ကွက်တွင် နေထိုင်သော အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား စက်တင်ဘာလ ၂ ရက်က လိမ်လည်၍ ဖမ်းဆီးခေါ်ဆောင်သွားသူတစ်ဦးကို မိဘများက ရဲစခန်းတွင် အမှုဖွင့်ထားသည်။

စိတ်ကူးယဉ်ကမ္ဘာထဲက Multi-Culture





၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ၊အမေရိကန် သမ္မတ အိမ်ဖြူတော်တွင် ၉/၁၁ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပခဲ့ပြီး အဆိုပါနေ့ အကြမ်းဖက်မှုတွင် သေဆုံးသွားကြသူ လူပေါင်း ၃၀၀၀ ကျော်အတွက် ၀တ်ပြုဆုတောင်းပေးခဲ့ကြသည်။ထိုနေ့ ည ၉ နာရီကျော်ခန့်တွင် အီဂျစ် နိုင်ငံရှိ အမေရိကန် သံရုံးအား အကြမ်းဖက် ဆန္ဒပြသူများက ၀င်ရောက်စီးနင်းပြီး အမေရိကန် အလံအား ဖြုတ်ချကာ အစ္စလမ် ဘာသာရေး အလံ တင်သွားကြသည်။ ထို့အတူ လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့  ရှိ အမေရိကန် သံရုံးကိုလည်း လူအုပ်ကြီးဖြင့် ဆန္ဒပြနေရာမှ ဘယ်ကရောက်လာမှန်းမသိသော လက်နက် ကိုင် လူတစ်စုရောက်ရှိလာကာ သံရုံးရှိ လုံခြုံရေးများ အားပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ လုံခြုံရေး အစောင့် များ မှာလည်း အင်အားချင်းမမျှ သောကြောင့် ဆုတ်ခွာခဲ့ရ ပြီး အကြမ်းဖက်သမားများမှာ သံရုံးထဲအထိ ၀င်ရောက်ကာ မီးရှို့  ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုတွင် နှစ်ပေါင်း ၃၃ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သံအမတ် ဖြစ်သူ ခရစ္စတိုဖာ စတီဗင် နှင့် သံရုံးဝန် ထမ်း  ၃ ဦး သေဆုံးခဲ့ရသည်။

လေကြောင်းလိုင်းဆိုင်ရာ အများပိုင် ကုမ္ပဏီ တစ်ခုတည်ထောင်

လေကြောင်းဆိုင်ရာ အများပိုင် ကုမ္ပဏီတစ်ခုကို စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေမြန်မာ လေကြောင်း ဆိုင်ရာ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင် ပြီး ဖွဲ့စည်းပြီးကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာပါ ကြေညာချက် အရ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းမည်

မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနအား အမျိုးသားအိမ် ရာ ကော်ပိုရေးရှင်းအဖြစ် ပြင်ဆင်ဖွဲ့ စည်း သွားမည်ဟု သိရသည်။

အစိုးရဝန်ထမ်းများအား တိုင်ကြားချက် ဖြေရှင်းရခက်ဟု လူ့အခွင့် အရေး ကော်မရှင်ဆို

အစိုးရဝန်ထမ်းများနှင့်သက်ဆိုင်သည့် တိုင်ကြားချက်များဖြေရှင်း ရာတွင်အခက်ခဲဆုံးဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောသည်။

''ဌာနဆိုင်ရာတွေကို တိုင် ကြားစာတွေနဲ့ ပတ်သက်ပြီး အကြံပြု ချက် ပေးပို့တဲ့အခါ များ သောအားဖြင့် အဖြေပြန်မရဘူး'' ဟု ၄င်းက ပြောသည်။ထိုကဲ့သို့ ဖြေရှင်းချက် ပြန် မရခြင်းမှာ အစိုးရဝန်ထမ်းများ သည် စနစ်ဟောင်းအောက်တွင် အသားကျနေပြီး ၄င်းတို့နှင့် ပတ်သက်သည့် ကိစ္စများကို ပြန်လည်ဖြေရှင်းပေး ရမည်ဟု အသိပညာပေးမှု အားနည်းခြင်း ကြောင့်ဖြစ်ကြောင်း ၄င်းက သုံး သပ်သည်။

“မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စ ရပ်ဆိုင်းနေတာပါ။ ပယ်ဖျက်တာ မဟုတ်ပါဘူး”

မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက်အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချုပ်တွင် စက်တင်ဘာ ပထမပတ်အတွင်းက တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက်ရှိစဉ်   ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ၀ါရှင်တန်ရှိ U.S. Institute of Peace တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြား ခဲ့ခြင်း   ဖြစ်သည်ဟု Chicago Tribune သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကူညီရန် ဒေါ်အောင်ဆန်းစုကြည်အား မေတ္တာရပ်ခံ

အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသော ကချင်တိုင်းရင်းသားများ ဖွဲ့စည်းထားသည့် မိတ်သ ဟာယ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ကိစ္စရပ်များ အား ဖြေရှင်းပေးပါရန် အချက် ၅ ချက်ပါဝင်သော ထုတ်ပြန်ချက်တစ်ရပ်ကို စက်တင်ဘာ ၁၆ ရက်တွင် မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့ဧရိယာ မြေဧကလေးသောင်း တိုးချဲ့ရန် သမ္မတခွင့်ပြု

ရန်ကုန်မြို့တော်တိုးချဲ့ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြေဧက လေးသောင်းကို စက်တင်ဘာ ၁၄ ရက်တွင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအကြံပေးမြို့ပြေ ဆာက် လုပ်ရေးပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်လက်မေးမြန်းရာ “အခုနေပြောရင် မြေဈေးတွေ တက်သွားမှာစိုး လို့ နှစ်ပတ်လောက်နေမှ ရှင်းပြပါမယ်”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။ သို့သော် ဆောက် လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီကြီးများကမူ ရန်ကုန်မြို့ တစ်ဖက်ကမ်းဖြစ်သော ဒ လနှင့်ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် တိုးချဲ့နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်စု၏ Global Vision Award ဆုလက်ခံပွဲ မိန့်ခွန်း ကောက်နှုတ်ချက် များ

Wednesday, 19 September 2012

မြန်မာ-အမေရိကန်ဆက်ဆံရေးကြောင့် တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားဖို့ မလိုအပ်ကြောင်း၊ ရွေးေ ကာက်ပွဲရှိရုံနဲ့ ဒီမိုကရေစီ အတောင်အလက် မပြည့်စုံသေးကြောင်း၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓလေ့တွေနဲ့ အသင်းအဖွဲ့များလဲ ရှိဖို့ လိုအပ်ကြောင်း၊

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Wednesday, 19 September 2012

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက် ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။

ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး

Wednesday, 19 September 2012

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တပ်ရွှေ့နောက်ဆုတ်ရာမှာ နှစ်ဖက်စလုံး ငါးလီလိုမီတာစီ စရွှေ့သင့်တယ် လို့ နိုင်ငံတကာက အကြံပြုထားပါတယ်။ “သူနည်းနည်းရွှေ့ ကိုယ်နည်းနည်းရွှေ့ ပေါ့၊ နိုင်ငံတကာက အကြံပေးတာ ငါးကီလိုမီတာ ရွှေ့လိုက်ပါတဲ့၊ ငါးကီလိုမီတာဆိုတာ လက်နယ်ငယ် တစ်ကမ်းပေါ့” လို့ ပြည် တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုပါတယ်။

မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်

Wednesday, 19 September 2012

မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း Look East Organization (Myanmar) မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြား သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲကို စက်တင်ဘာလ ၃၀ ရက်တွင် မန္တလေးမြို့ရှိ 78 Shopping Mall တတိယထပ်ရှိ Promotion Area တွင် တစ်ရက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကျင်းပမယ့် အလုပ်အကိုင်ပြပွဲမှာ ရန်ကုန်က ကုမ္ပဏီတွေလည်း ပါမယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး အင်စတီကျု ဟောပြောမှု

Wednesday, September 19, 2012 

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာရှိတဲ့ ငြိမ်းချမ်းရေး အင်စတီကျုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မိတ်ဆက်အပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အတူ တွေ့ရစဉ်။ ဓာတ်ပုံ- AFP

မြန်မာစံတော်ချိန် ည ၁၂ နာရီကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး အင်စတီကျူမှာ အစီအစဉ် ပထမဆုံး ဟောပြောဆွေးနွေးတဲ့သူဖြစ်ပါတယ်။ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်က Global Vision Award ကို လည်း လက်ခံရယူခဲ့ပါသေးတယ်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို အရေးအတွက်ဖြင့် လွှတ်ပေးနေခြင်းမှာ ရိုးသားမှုမရှိကြောင်း AAPP ကပြော

Wednesday, 19 September 2012

နိုင်ငံရေးအကျဉ်းသားတွေကို အရေအတွက် အကန့်အသတ် နဲ့ လွှတ်ပေးနေတာဟာ မြန်မာအစိုးရ အနေနဲ့ ရိုးသားမှု မရှိဘူးဆိုတာပြသနေတာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (AAPP ) က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအစိုးရက အမေရိကန်နိုင်ငံနဲ့ ပိုမိုရင်းနှီးမူရယူနေတာဟာ တရုတ်နိုင်ငံကို ချိန်ရွယ်တဲ့လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြော

Wednesday, 19 September 2012

အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကမြန်မာနိုင်ငံအစိုးရက အမေရိကန်နိုင်ငံနဲ့ ပိုမိုရင်းနှီးမူရယူနေတာ ဟာ တရုတ်နိုင်ငံကို ချိန်ရွယ်တဲ့လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

( ဟီလာရီကလင်တန် အဖွင့်မိန့်ခွန်း ကောက်နှုတ်ချက် )

Wednesday, 19 September 2012

သမ္မတ ဦးသိန်းစိန်နဲ့ ကျမ နှစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ် ။ နေပြည်တော်မှာတစ်ခါ၊ ကမ္ဘောဒီးယားမှာ တစ်ခါပါ ။ နောက်တစ်ပတ် UN အထွေထွေအစီးအဝေးအတွက် သူလာမှာကိုလည်း ကျမတို့ မျှော်လင့်နေ ပါတယ် ။

ဒေါ်စုနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း

Wednesday, 19 September 2012


 

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ အင်္ဂါနေ့က ၀ါရှင်တန် ဒီစီ မှာရှိတဲ့ ဗွီအိုအေ အမေရိကန်အသံ ရုံးချုပ်ကို ရောက်ရှိလာပြီး မြန်မာဌာနက လည်း သီးသန့် တွေ့ဆုံမေးမြန်း ခွင့်ရခဲ့ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းရဲ့ အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ထားတာပါ။

 ဖားကန့်မြို့သို့ ၀င်ထွက်သွားလာရာ အဓိက လမ်းပိုင်းတစ်ခုတွင် စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့

Wednesday, 19 September 2012

pharkant-blast 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လမ်းပိုင်းတစ်နေရာအား ည ၇နာရီဝန်းကျင်က တွေ့ရစဉ်

ဖားကန့်မြို့သို့ ၀င်ထွက်သွားလာရာ အဓိကလမ်းပိုင်းတစ်ခုတွင် စက်တင်ဘာလ ၁၈ ရက်နေ့ညပိုင်း က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့အထွက် နမ္မဖြစ်ရပ် ကွက်နှင့် မော်ဝမ်း ရပ် ကွက်အကြား ကျောက်ဆောင်ဘေးလမ်းရှိ ဓာတ်ဆီဆိုင်အနီးတွင် စက်တင်ဘာ ၁၈ ရက်နေ့ညနေ ၆ နာရီခွဲဝန်းကျင်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်းထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိခဲ့ေ ကြာင်း ဒေ သခံများထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်

Wednesday, 19 September 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု အောက် လွှတ်ေ တာ် က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြားဆုတွေကို လက်ခံယူဖို့အတွက် ဝါရှင် တန် ဒီစီ မြို့တော်ကို မနေ့က မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။

GRAND ROYAL အရက်ချက်ရုံ လုပ်သား (၃၀) ဆန္ဒပြ

Wednesday, 19 September 2012

မြန်မာ့ ယမကာဈေးကွက်မှာ နာမည်ရနေတဲ့ GRAND ROYAL အရက်ချက်ရုံက အခြေခံ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ခေါင်းဆောင်နှစ်ဦးကို ဒီနေ့ အလုပ်ထပ်ဖြုတ် လိုက်တဲ့အတွက် စက်ရုံလုပ် သား အယောက် (၃၀) တို့က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂) ကနောင်မင်းသားကြီးလမ်းမှာ တည်ရှိတဲ့ စက်ရုံဝင်းထဲနဲ့ ၀င်းပြင်ပမှာ ဒီကနေ့ နေ့လည်က စတင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် လယ်ယာမြေပြဿနာ စတင် စုံစမ်းစစ်ဆေးမည်

Wednesday, 19 September 2012

 

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ကို တိုင်ကြားလာတဲ့ ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေပြဿနာ အမှုတွေကို မနက်ဖြန် စက်တင်ဘာလ ၁၉ ရက်ကနေစပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။

ဦးသိန်းစိန်က မီးစိမ်းပြပြီ၊ သို့သော် ...

September 19, 2012
http://t3.gstatic.com/images?q=tbn:ANd9GcTHu-D9JtYZaKXTTlOMYgyTTMAy5GbdTb1tNSH3PxOBwFN4kXI&t=1 
အာရှဒေသအရေး အထူးပြုလေ့လာတဲ့ သတင်းစာဆရာ ဘာတေးလ်လင့်တနာ  (Bertil Lintner) က အမည်မည်းစာရင်းဝင် မဟုတ်တော့တဲ့အတွက် နောက်နှစ်ပတ်လောက်ဆိုရင် မြန်မာပြည်သွားမယ်လို့ ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။

တင်ရှိနေတဲ့ ချေး(ဂျီး)တွေကိုတော့ ရှင်းနေပြီ၊ အပြစ်တွေကိုရော ဘယ်တော့ ရှင်းမလဲ မိုးသီးဇွန်

ABSDF ဥက္ကဌဟောင်းကိုမိုးသီးဇွန်ဧရာဝတီမြစ် မင်းကွန်းဆိပ်ကမ်းမှာရေချိုးပြီး သဘာဝသဲနှင့်ချေးတွန်းနေစဉ်