Tuesday 22 September 2015

အစိုးရအာရုံစိုက်ရန်လိုလာသော ငွေကြေးဖောင်းပွမှု


ယခုနှစ်တွင် မြန်မာနိုင်ငံ၌ အထွေထွေကုန်ဈေးနှုန်းများ ၁၃ ရာ ခိုင်နှုန်းမြင့်တက်လာကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ငွေကြေးဖောင်းပွမှုသည် ယခုနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု IMF က ထုတ်ပြန်ထား ပြီး ၈ ရာခိုင်နှုန်းထက်မကျော်စေ ရန်နှင့် ၈ ရာခိုင်နှုန်းထက် ကျော် လွန်ပါက တိုင်းပြည်စီးပွားရေးအ တွက် စိုးရိမ်ရကြောင်း ကမ္ဘာ့ ဘဏ်ကလည်း သတိပေးထား သည်။
ယခုနှစ် အစိုးရအသုံးစရိတ် သည် လတ်တလောရှေ့ပြေး ဘတ်ဂျက်မှာပင် ကျပ် ၃,၇၀၀ ဘီလီယံခန့်ရှိနေပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်ရှိနေရာ ထိုကဲ့သို့ လို ငွေများနေခြင်းကလည်း ပြည် တွင်း၌ ငွေကြေးဖောင်းပွမှုကို ဖြစ် လာနိုင်သည်ဟု စီးပွားရေးပညာ ရှင်များက ပြောထားသည်။

အမ်မီဆုပေးပွဲမှာ ဆုတွေရရှိသွားတဲ့ Game of Thrones နဲ့ Veep


HBO ရုပ်သံ လိုင်းက ထုတ်လွှင့်ပြသလျက်ရှိ သော Game of Thrones ဒရာမာ ဇာတ်လမ်းတွဲသည် လော့စ်အန်ဂျ လိစ်မြို့၌ ကျင်းပပြုလုပ်သည့်ယခုနှစ်အမ်မီဆုပေးပွဲက ချီးမြှင့် သော ဆုရရှိသူများစာရင်းတွင် ပါဝင်လာသည်။ Game of Thrones ဇာတ်လမ်းတွဲသည် ထုတ်လွှင့်ပြသသည့် ငါးနှစ်တာကာလအတွင်းအမ်မီဆုပေးပွဲကချီးမြှင့်သော အကောင်းဆုံး ဒရာ မာဇာတ်လမ်းတွဲဆုကိုရရှိခဲ့ သည်။အမ်မီဆုပေးပွဲကချီးမြှင့် သော ဒရာမာဇာတ်လမ်းတွဲကဏ္ဍ ၌ Game of Thrones ဒရာမာ ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းရေးသားသူဆုနှင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ ဆုများ ရရှိခဲ့သည်။ ဗီအိုလာဒေး ဗစ်သည် How To Get Away With Murder ဒရာမာဇာတ်လမ်း တွဲဖြင့် အမ်မီဆုပေးပွဲက ချီးမြှင့် သော အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုရရှိပြီး ၎င်း သည် ယင်းသို့သော အမ်မီဆုကို ရရှိသည့် ပထမဆုံးလူမည်း အမျိုး သမီးဖြစ်လာသည်။ ဂျွန်ဟမ်း သည် Mad Men ဒရာမာဇာတ် လမ်းတွဲဖြင့် အကောင်းဆုံးအမျိုး သားသရုပ်ဆောင်ဆု ရရှိခဲ့သည်။

တပ်မတော်သားများကို အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထားခြင်းသည် ဥပဒေနှင့် ညီညွတ်ပြီး အမှန်တကယ်လိုအပ်မှသာ ထပ်မံစေလွှတ်မည်ဟု တပ်ချုပ်ပြောကြား


 တပ်မတော်သား များကို အရပ်ဘက်ဝန်ကြီးဌာန များသို့ ပြောင်းရွှေ့ခန့်အပ်ထား ခြင်းသည် ဥပဒေနှင့်အညီဆောင် ရွက်ခြင်းသာဖြစ်ပြီး နောင်တွင်သ တိထား၍ အမှန်တကယ်လိုအပ်မှု ရှိမှသာ ယင်းကဲ့သို့ဆောင်ရွက် မည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောကြား သည်။နိုင်ငံ့ဝန်ထမ်း  ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က စက်တင်ဘာ ၂၁ ရက် နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့နှင့် စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မီဒီယာများတွေ့ဆုံပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။ ၀န်ကြီးဌာနများ လိုလားချက်နှင့် ကာယကံရှင်များဆန္ဒအ ရ တောင်းဆိုမှုများရှိခဲ့ပြီးတပ်မ တော်က ဆောင်ရွက်နိုင်ခြေ ရှိ၊ မ ရှိ ဦးစွာစိစစ်ပြီးနောက် ပြည်ထောင် စုရာထူးဝန်အဖွဲ့က ဆက်လက်စိ စစ်ကာ အစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူညီချက်ရှိမှ အပြောင်းအရွှေ့ဆောင်ရွက်ပေးနိုင်ကြောင်း တပ်မတော်ဦးစီးချုပ်က ဆက် လက်ပြောကြားသည်။

မဘသက ဒီချုပ်ကို တိုက်ခိုက်သည့် လက်ကမ်းကြော်ငြာများ လိုက်ဝေနေဟု ဒီချုပ်ခေါင်းဆောင်များပြော


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကို ထိခိုက်စေသည့် အကြောင်းအရာများပါဝင်သော လက်ကမ်း ကြော်ငြာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတွင် မဘသက ဦးဆောင်ကာ လိုက်လံဝေငှနေသဖြင့် ယင်းကိစ္စကိုကော်မရှင်သို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အချို့က  ပြောသည်။
စက်တင်ဘာ ၂၁ရက်ကရန် ကုန်မြို့တွင် ပြုလုပ်သော မဲစာ ရင်းကိစ္စအပါအ၀င် ရွေးကောက် ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲ၌ ပါ တီနာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော် ဧရာဝတီတိုင်း က မြောင်းမြ၊ ဟင်္သာတ၊ ပုသိမ် ဘက်တွေရောက်တော့ အဲဒီမှာမ ဘသက တိုက်ခိုက်တဲ့စာတွေဝေ တယ်။ အထုပ်လိုက်တွေ့တယ်’’ ဟု ပါတီနာယကဦးတင်ဦးကပြော သည်။
ယင်းကဲ့သို့ ဝေငှမှုများသည်ဧရာဝတီတိုင်းဒေသကြီးတစ်ခုတည်းမဟုတ်ဘဲစစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များပါဝင်ကြောင်း ဗဟိုကော်မတီဝင်ဦးဝင်းထိန်က ပြောကြားသည်။