Sunday 8 June 2014

မြန်မာနိုင်ငံအတွက် စီးပွားရေးလမ်းပြမြေပုံ

အမေရိကန်နိုင်ငံက ကမ္ဘာမှာစစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့ရှေ့မှာ ဂရိတ်ဗြိတိန်၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေက ဦးဆောင်ခဲ့ကြပြီး သူ့ထက်စောတာက ရောမအင်ပါယာ ဖြစ်ခဲ့တယ်။ ခေတ်ရေစီးကြောင်း သမိုင်းကို လေ့လာကြည့်ရင် အရာရာတိုင်းက နံပါတ် ၁ တစ်နေရာမှာ အမြဲထာဝရ တည်တံ့နိုင်မှု မရှိတာကို မြင်တွေ့ကြရမှာ ဖြစ်တယ်။

ဆေးလိပ်ဖြတ်ဖို့ အလွယ်ဆုံးနည်း ခုနှစ်သွယ်

ဆေးလိပ်ဖြတ်ဖို့ ဆိုတာ ဆေးလိပ်သမားတွေအတွက် အခက်ခဲဆုံးအရာပါ။ 
ဒါပေမယ့် ကျွန်တော်တို့ တော်တော် များများကတော့ ဖြတ်ချင်ကျပါတယ်။
ဆေးလိပ်ဖြတ်ဖို့ အတွက် ငွေကုန်ကြေးကျများတဲ့ နည်းတွေတော့ ရှိပါတယ်။ နီကိုတင်းဓာတ်ပါတဲ့ပီကေ၊ အီလက်ထရောနစ်စီးကရက် တို့ ဆေးလိပ်တု တို့ နဲ့ တဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကနေ နီကိုတင်းဓာတ် လိုအပ်မှုကို ဖြတ်သွားလို့ လည်းရပါတယ်။ ဒါပေမယ့် ဒါတွေက ဈေးနှုန်းမြင့်မားတဲ့ အရာတွေပါ။

အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီး၊ လူ ၆၀ နီးပါး သေဆုံး

Photo: အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီး၊ လူ ၆၀ နီးပါး သေဆုံး
Sunday, June 8, 2014 

အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး  အများအပြား ပျောက်ဆုံးနေတယ်လို့ သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။ 

ဘာဂလန်ခရိုင်မြောက်ပိုင်း မှာ ညလုံးပေါက် မိုးသည်းထန်ခဲ့လို့ ရေလွှမ်းမိုးခဲ့တာပါ ရေလွှမ်းမိုးခံ ရတဲ့ ဒေသခံတွေကတော့ လူတွေအများကြီး အိုးအိမ်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် အိမ်ခြေငါးရာလောက် ပျက်စီးပြီး လူ ၆၀ နီးပါး သေတယ် ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ ဒေသခံ အိုင်မန် နာဇာကပြောပါတယ်။

ဘာလန်ဒေသအတွက် ကပ်ဘေးတုန့်ပြန်ရေးခေါင်းဆောင် အာမက် နတ်ဆား ကိုဇက် ကတော့ မိသားစု ၈၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူသေအလောင်းတွေ မြစ်ထဲ မျောပါနေတာ မြင်နိုင်တယ်လို့ ဆိုပါတယ်။ သမ္မတ ကာဇိုင်းက ခရိုင်တွင်း ရေဘေးသင့်မိသားစုတွေကို အရေးပေါ် အကူအညီပေးဖို့ အမိန့် ထုတ်ပြီးပြီလို့ သမ္မတရုံးက ကြေညာချက်ထဲမှာ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့တဲ့ ရာသီဥတု ရှိပေမယ့် နွေရာသီမှာတော့ မိုးကြီးနိုင်ပါတယ်။ ဧပြီလက အာဖဂန် မြောက်ပိုင်းနဲ့အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လူအယောက် တရာကျော် သေဆုံးခဲ့ပါသေးတယ်။

DVB (မြန်မာပိုင်း)
အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး  အများအပြား ပျောက်ဆုံးနေတယ်လို့ သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။ 

မောင်တောနယ်စပ် တိုက်ပွဲများဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် တင်းကျပ်

မေ ၁၃ရက်မှ ၂၉ရက်အထိ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် မိုင်တိုင် တစ်လျှောက် တွင်  RSO လက်နက် ကိုင်သောင်း ကျန်း သူများနှင့် မြန်မာ နယ်စပ် လုံ ခြုံရေးတပ်ဖွဲ့ ဝင်များ တိုက်ပွဲဖြစ်ပွား မှုကြောင့် မောင်တော နယ်စပ်တွင် ညမထွက်ရ အမိန့်ကို တင်းကျပ် ထား ကြောင်း သိရသည်။

မီးရှူးလုံးတွင် စနက်တံထည့်ရန် အပေါက်ဖောက်ရာက ပေါက်ကွဲမှုဖြစ်၍သေဆုံး

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၂)နေ ခွန်သျှမ်းအောင်(၄၃)နှစ်သည် မီးရှူးပွဲတွင်လွှတ်တင်ရန်အတွက် မီးရှူးလုံးပြုလုပ်နေစဉ် လုံးပတ်(၂)လက်မ၊ အရှည်(၁)ပေခန့်ရှိ သံပိုက်လုံးအတွင်း ယမ်းများသိပ်ထားပြီး မီးရှူးလုံးအလယ်၌ စနက်တံထည့်ရန် အရှည်(၁)ပေခွဲ၊ လုံးပတ်(၅)စင်တီမီတာခန့်ရှိ အပေါက်ဖောက်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မိုင်းတုံ- မိုင်းဆတ်ကားလမ်းမှာ ယာဉ်ပြုတ်ကျတိမ်းမှောက်၍ ၂ ဦးသေ၊ ၂၀ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းတုံ- မိုင်းဆတ်ကားလမ်း၊ လမ်းဘေးဝဲ/ယာရှိ ကျွန်းစိုက်ခင်းများတွင် ကျွန်းပင်ပေါက်များ စိုက်ပျိုးရန် မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ နေဇာအောင်(ခ)ကုလား(၂၃)နှစ်မောင်းနှင်ပြီး အလုပ်သမား ကျား ၅ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း(၂၂)ဦးတို့လိုက်ပါလာသည့် ၉ဌ/xxxxလီဖန်း လေးလုံးထိုးယာဉ်သည် (၉)မိုင်ကျွန်း စိုက်ခင်းသို့မောင်းနှင်လာစဉ် လမ်းယာဘက်ရှိ ချောင်းအတွင်းသို့ပြုတ်ကျ တိမ်းမှောက်ခဲ့သည်။

ဟိုတယ်ခ ဈေးမြင့်သည်ဟု ဆိုကာ နိုင်ငံခြားသားတစ်ဦး ကလေးတွင် ဆန္ဒပြ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။

အဆိုတော်ရှင်ဖုန်း You are the one စတုတ္ထမြောက် အယ်ဘမ် ဒီဇင်ဘာတွင် ထွက်မည်

အဆိုတော်ရှင်ဖုန်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် အယ်ဘမ်ဖြစ်သည့် You are the one အယ်ဘမ်သည် ဒီဇင်ဘာလတွင် ထွက်ရှိမည်ဖြစ်သည်။ ယင်းအယ်ဘမ် ထွက်ရှိရန်အတွက် ၎င်းအနေဖြင့် နှစ်နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ရသည် ဟု အဆိုတော်ရှင်ဖုန်းက မဇ္စျိမကိုပြောသည်။

Miss Golden Land Myanmar 2014 အတွက် ဆန်ခါတင် အလှမယ်၂၆ ဦး မီဒီယာများရှေ့တွင် လက်မှတ်ရေးထိုး

Miss Golden Land Myanmar 2014 ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲ အတွက် ဆန်ခါတင် ၂၆ဦးကို ရွေးချယ်ခဲ့ပြီး ၎င်း ရွေးချယ်ခံရသည့် ဆန်ခါတင် ၂၆ဦးသည် Miss Golden Land Myanmar Organization မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ပက်သက်ပြီး မီဒီယာများရှေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည်။

လုပ်ကြံခံခဲ့ရသည့် ကျဆုံးတောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်

Photo: လုပ်ကြံခံခဲ့ရသည့် ကျဆုံးတောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်
Sunday, June 8, 2014

ပြီးခဲ့တဲ့ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ်
အထိမ်းအမှတ်ကျောက်တိုင်ကို ဇွန်လ(၆) ရက်နေ့က အာဇာနည်ကုန်းအနီးမှာ စိုက်ထူဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးလာရောက်တဲ့ တောင်ကိုရီးယားသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်မှာ အာဇာနည်ဗိမ္မာန်ကို ဂါရ၀ပြုစဉ် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုကျောက်တိုင်ကို လုပ်ကြံခံခဲ့ရအပြီး (၃၁)နှစ် အကြာမှာ  စိုက်ထူခဲ့တာဖြစ်ပါတယ်။
 
ဒီအထိမ်းအမှတ်ကျောက်တိုင်ကို အရင်က အာဇာနည်ဗိမ္မာန်အတွင်းမှာ စိုက်ထူနိုင်ဖို့အတွက် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေက ကြိုးပမ်းမှုတွေရှိနေခဲ့ပေမယ့်လည်း ကန့်ကွက်မှုတွေရှိခဲ့တဲ့အတွက် အာဇာနည်ဗိမ္မာန်တည်ရှိရာ ခြံဝင်းအနီးမှာ သီးသန့်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ဒီကျောက်တိုင်ဖွင့်ပွဲကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး “ယူဗြောင်စီ”နဲ့ တောင်ကိုရီးယား နိုင်ငံအတွင်းက အခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ကျောက်တိုင်မဖွင့်မီ အာဏာနည်ဗိမ္မာန်ကို သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးခဲ့တဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေချခြင်း၊ ငြိမ်သက်အလေးပြုခြင်းတို့ပြုလုပ်ခဲ့ပြီး ကျောက်တိုင်ဖွင့်ပွဲကိုတော့ မနက် (၁၀)နာရီခန့်မှာ ပြုလုပ်ခဲ့ပါတယ်။
 
(၁၉၈၃)ခုနှစ်က ဗုံးခွဲတိုက်ခိုက်မှုဟာ တောင်ကိုရီးယားသမ္မတကို ရည်ရွယ် ပေမယ့် သမ္မတ ကတော့ လွတ်မြောက်သွားခဲ့ပြီး အခြားတောင်ကိုရီးယား အစိုးရ အဖွဲ့ဝင်(၁၇)ဦးနဲ့ မြန်မာနိုင်ငံသား ဓာတ်ပုံသတင်းထောက်တို့ သေဆုံးသွားခဲ့ပြီး တောင်ကိုရီးယားအစိုးရကတော့ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့တာလို့သတ်မှတ်ခဲ့ပါတယ်။

MRTV-4
ပြီးခဲ့တဲ့ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်ကျောက်တိုင်ကို ဇွန်လ(၆) ရက်နေ့က အာ ဇာနည် ကုန်းအနီးမှာ စိုက်ထူဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာရောက်တဲ့ တောင်ကိုရီးယားသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်မှာ အာဇာနည်ဗိမ္မာန်ကို ဂါရ၀ပြုစဉ် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုကျောက်တိုင်ကို လုပ်ကြံ ခံခဲ့ရ အပြီး (၃၁)နှစ် အကြာမှာ  စိုက်ထူခဲ့တာဖြစ်ပါတယ်။

ညစ်ညမ်းဝက်ဘ်ဆိုက်များကို ကြည့်ရှုမှုတွင် iPhoneနှင့် iPad ကိုင်ဆောင်သူ အများဆုံးဖြစ်

အင်တာနက်မှ ညစ်ညမ်းဝက်ဘ်ဆိုက်များကို စမတ်ဖုန်းများဖြင့် ကြည့်ရှုမှုတွင် Apple ကုမ္ပဏီထုတ် iPhone နှင့် iPad ကိုင်ဆောင်သူများက အရေအတွက် အများဆုံးဟု သိရှိရသည်။ နာမည်ကြီး Pornhub ဝက်ဘ်ဆိုက် က ညစ်ညမ်းရုပ်ရှင်များကို ဝင်ရောက်ကြည့်ရှုသူ အရေအတွက်သည် နေ့စဉ် (၃၈)သန်းမျှ ရှိနေ ကြောင်း ကြေညာခဲ့သည်။ ယင်းတို့အနက် ထက်ဝက်မျှသည် စမတ်ဖုန်းများ၊ Tabletများဖြင့် ကြည့်ရှုသူ များဟု လည်း ဆိုသည်။

တားမြစ်ဆေးသုံးစွဲခဲ့သည့် ဆီးဂိမ်းကစားသမားစာရင်း ထုတ်ပြန်မည်

၂၀၁၃ ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများကို တားမြစ်ဆေး စစ်ဆေးရာတွင် ဆေးကျခဲ့သည့် ကစားသမားများ၏စာရင်းကို ဇွန်လတတိယပတ်တွင် ထုတ်ပြန်ပေး သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရဟတ်ယာဉ် အကူအညီဖြင့် ထောင်ဖောက်ပြေးသော အကျဉ်းသားသုံးဦးကို ကနေဒါရဲတပ်ဖွဲ့ ရှာဖွေနေ

ကွီဘက်ခ်- ကနေဒါရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်တစ်စီး၏ အကူအညီဖြင့် ကွီဘက်ခ်မြို့  အကျဉ်းထောင် တစ်ခုမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သော အကျဉ်းသား သုံးဦးကို ရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဇွန်လ ၇ ရက် ညတွင် ပြောသည်။

တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်

Photo: တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်
Sunday, June 8, 2014 

တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G  မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ရောင်းချ ပေးထားသည့် မိုဘိုင်းလ် ဖုန်းများတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

“3G အင်တာနက် စနစ်နဲ့ သုံးမယ်ဆိုရင် သုံးတဲ့သူတွေ အရမ်းကျပ်နေရင်တောင် 1Mbps လောက်ရမယ်။ သုံးတဲ့သူ နည်းတဲ့ အချိန်ဆိုရင် 4Mbps မှ 6Mbps လောက်အထိ ရမယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမိုသက်သာသည့် 2G အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ 150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို 512 Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေရသည်ကို အတိအကျ သိရှိရခြင်း မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ ရှိနေကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။

ထို့အပြင် တယ်လီနော အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ် မူတည်၍ မကြာမီ ကာလများတွင် 46 LTE ဆက်သွယ်ရေးစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်အချင်းချင်း ဆက်သွယ်ရန် Fiber Cable များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင်သွားမည် ဖြစ်ပြီး Fiber Cable ဖြင့် ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန် မလိုအပ်ကြောင်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

“2G စနစ်နဲ့ သုံးရင် Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ရမယ်။ 3G စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲနိုင်မှာပေါ့။ နောက်ပြီး ကတိပေးနိုင်တာက အင်တာနက်သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter Furberg က ဆိုသည်။

မိုဘိုင်းလ် အင်တာနက်စနစ် ပိုမိုကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေနှင့် ကိုယ်ပိုင် အင်တာနက်လိုင်းများ ချိတ်ဆက်သွယ်တန်း လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။ ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင်က ဆိုသည်။

The Voice Weekly
တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G  မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ရောင်းချ ပေးထား
သည့် မိုဘိုင်းလ် ဖုန်းများတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး

Photo: တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး
Sunday, June 8, 2014 

အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှုတရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ခရိုင်တွင်း ဖင်အန်းချင်းဟိုင် သယံဇာတ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင် ယွမ်ရှိရှန်း နီကယ်စက်ရုံမှာ ညသန်းခေါင်ကျော် မနက် တနာရီလောက်မှာ ဆိုင်ယာနိုဂျင် ဆာလဖိုဒ် ဓာတ်ငွေ့ယိုစိမ့်မှုကို ထောက်လှမ်း တွေ့ရှိခဲ့တာလို့ ခရိုင်ဘေးကင်းမှု စီမံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
မတော်တဆမှု ဖြစ်ဖြစ်ချင်း ကယ်နိုင်ပြီး အဆိပ်ငွေ့ရှူမိသူ ၈ ယောက်ကို ဆေးရုံ တင်ပို့နိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ လမ်းမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်ရုံက တောင်ထူတဲ့ဒေသထဲမှာ ရှိပြီး အနီးဆုံး ရွာနဲ့ ငါးကီလိုမီတာ ဝေးပါတယ်။ စက်ရုံလုပ်သားအားလုံးကို နေရာက ဖယ်ထုတ်ပြီးပါပြီ ဒေသခံတွေဘေး ကင်းပြီး နေရာရွှေ့စရာ မလိုဘူးလို့ သိရပါတယ်။

ဒေသခံ သဘာဝပတ်ဝန်းကျင်ဌာနက စစ်ဆေးသူတွေကတော့ စက်ရုံတွင်းလေထုကို စစ်ဆေးခဲ့ပြီး ရလဒ်တွေကို ထုတ်ပြန်မှာဖြစ်ပါတယ်။ ဆိုင်ယာနိုဂျင်ဓာတ်ငွေ့ဟာ အရောင်မရှိဘဲ အနံ့စူးရှပါတယ်။ ရှူရှိုက်မိရင် ခေါင်းကိုက်တာ မူးဝေအော့အန်တာ သတိလစ်တာ အကြော ဆွဲတာနဲ့ အသက်သေဆုံးတာထိ ဖြစ်စေနိုင်ပါတယ်။

ဒီဗွီဘီ
အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှု တရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကျ၍ မောင်တောတွင် ကျောင်းသူတစ်ဦး ဆေးသောက် သေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသူတစ်ဦးသည် ဂုဏ်ထူးပါမည်ဟု မှန်းထားသော်လည်း စာမေးပွဲ ကျဆုံးသဖြင့် သွေးကျဆေး ၂၂ လုံး သောက်ပြီး သေဆုံးသွားကြောင်း အဆိုပါကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး ဆွေးနွေးပွဲ ဇွန် ၁၀ ရက်တွင် ပြုလုပ်မည်

ညွှန်ကြားရေးမှူးချုပ် အ ဆင့်တာဝန်ရှိသူများ တက်ရောက် မည်ဖြစ်သော မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် အရေး ဆွေးနွေးပွဲ ကိုဇွန်လ ၁၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားဘဏ်များ လုပ်ငန်းလိုင်စင် ထုတ်ပေးပြီး တစ်နှစ်အကြာမှ စတင်လည်ပတ်ရမည်

ပြည်တွင်းတွင် ဘဏ်ခွဲဖွင့်လှစ် လုပ်ကိုင်မည့် နိုင်ငံခြားဘဏ်များ လုပ်ငန်းလိုင်စင် ထုတ်ပေးပြီး တစ်နှစ် အကြာမှ လုပ်ငန်း စတင် လည်ပတ်ရမည် ဖြစ်ကြောင်း နိုင်ငံခြားဘဏ် ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်မေတိုးဝင်းက ပြောကြားသည်။ 

ရတနာပုံအသင်း ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိချန်ပီယံ ရန်ကုန်နှင့် မကွေးအသင်းတို့ နိုင်ပွဲများရရှိ

၂၀၁၄ MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၁၁) ပထမနေ့ ပွဲစဉ်များကို ဇွန် ၇ ရက်က ဆက်လက်ကျင်းပရာ ရတနာပုံ၊ လက်ရှိချန်ပီယံ ရန်ကုန်နှင့် မကွေးအသင်းတို့ နိုင်ပွဲများ ရရှိခဲ့ကြောင်း သိရသည်။ အိမ်ကွင်း၌ နိုင်ပွဲရရှိခဲ့သော ရတနာပုံအသင်းမှာ ရမှတ် ၂၇ မှတ်ဖြင့် ရာသီ ၀က် ချန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။ 

ရွှေစက်တော်ဘုရား အောက်ခြေတော်ရာအား ဖန်အုပ်ဆောင်းဖြင့် အသစ်လဲရန်ပြင်ဆင်ရာမှ မူလခြေတော်ရာဟု ယူဆရသည့် အစိတ်အပိုင်းတွေ့ရှိခဲ့ကြောင်း သတင်းထွက်ပေါ်

 မူလခြေတော်ရာအစိတ်အပိုင်းဟု ယူဆရသည်မျာကို ဖူးတွေ့ရစဉ်
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ  ရွှေစက်တော်ဘုရား  အောက်ခြေတော်ရာ အား ဖန်အုပ်ဆောင်းဖြင့် အသစ်လဲရန် ပြင်ဆင်ရာမှ  ဇွန် ၅ ရက် နံနက်ပိုင်းက မူလခြေတော် ရာ၏ အစိတ်အပိုင်းဟု ယူဆရသည့် ကျောက်သားနှင့် ထွင်းထုထားသော နဂါးအမြီးပိုင်းသဏ္ဌာန်နှစ်ခု တွေ့ရှိခဲ့ ကြောင်း လုပ်ငန်းခွင်အတွင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များထံမှ သိရသည်။

အွန်လိုင်းရည်းစားကိုအပြင်မှာတွေ့လိုက်ရသောကြောင့် လေးထပ်မှ ခုန်ချသတ်သေသွား

Photo: အွန်လိုင်းရည်းစားကိုအပြင်မှာတွေ့လိုက်ရသောကြောင့် လေးထပ်မှ ခုန်ချသတ်သေသွား
Sunday, June 8, 2014

“ငါကတော့ နင့်ကိုအရမ်းလှတယ်ထင်ထားတာငါအတော်အသုံးမကျတဲ့ ကောင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင်ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့ နင့်ကိုသိပ်ချောတယ်လို့ ထင်ထားခဲ့ တာကိုး “

အထက်ပါစကားများကိုပြောကြားခဲ့သူကတော့စင်ကာပူကမက်အန်ထော်နီဆိုသူဖြစ်ပါသည်။ သူနှင့်အချိန်ကြာစွာဖေ့စ်ဘွတ်မှာအွန်လိုင်းရည်စားဖြစ်နေသောမိန်းကလေးကို ဈေးဝယ်စင်တာတစ်ခုမှာလွန်ခဲ့ သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။

အန်ထော်နီ၏ ရည်းစားကဖေ့စ်ဘွတ်နှင့်တွစ်တာအွန်လိုင်းစာမျက်နှာမှာနာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့် ကျော်ကြားပြီးအန်ထော်နီနှင့်အွန်လိုင်းမှတစ်ဆင့် ရည်းစားဖြစ်ခဲ့ကြသည်။ သူတို့ နှစ်ယောက်က နေရာအလှမ်းဝေးသဖြင် တရားဝင်ချစ်သူများဖြစ်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက်အပြင်မှာတော်တော်နှင့်မဆုံဖြစ်ကြ။ ထိုမိန်းကလေးက ၃၆၀ ကင်မရာကိုအမြဲသုံးပြီး သူ့ဓာတ်ပုံများကိုလှပနေအောင်ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က လူအတော်များများကိုလှည့်စားထားသူဖြစ်သည်။  ထိုနည်းကလူတွေကို စိတ်ဝင်စား ဆွဲဆောင်သည့်နည်းဟုမိန်းကလေးကထင်သည်။

ထိုအထဲမှာမှာကံဆိုးသူမောင်ရှင်ကမက်အန်ထော်နီဖြစ်ပါသည်။
လေးလကြာအောင်အဝေးကနေချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာလူချင်းတွေ့ ခဲ့ကြ၏။ တွေ့ တွေ့ ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကိုတွေ့ လိုက်ရသောအခါ  အန်ထော်နီမှာ အလွန်စိတ်ပျက်ကာကြောက်ရွံ့အံသြသွားရပါသည်။ မိတ်ကပ်တွေမျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့ ရည်းစားမှာရုပ်ဆိုးလှပါချေတကား။

ထိုကဲ့ သို့ တွေ့ ပြီးသည့်အခါ အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာမိန်းကလေးနှင့် လမ်းခွဲပြီးသည်နှင့် ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။

အရေးပေါ်ကားများရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။ ပွဲချင်းပြီးကွယ်လွန်ခဲ့ပါသည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို့ မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။

သနားစရာကောင်းသည့်အန်ထော်နီအဖြစ်ကိုလူအတော်များများကတွေ့ ခဲ့ပါသည်။ ရဲများက ဖြစ်ရပ်ကိုစုံစမ်းကြည့်သည့်အခါ ရာနှုန်းပြည့်ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါ၏။

(the real Singpore မှ သတင်းကိုဘာသာပြန်ဆိုထားပါသည်)

7Day DAILY
“ငါကတော့ နင့်ကိုအရမ်းလှတယ်ထင်ထားတာငါအတော်အသုံးမကျတဲ့ ကောင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင်ထား တဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့ နင့်ကိုသိပ်ချောတယ်လို့ ထင်ထားခဲ့ တာကိုး “

ကမ္ဘာဂြိုဟ်ငယ် တစ်ခုက အခြား ဂြိုဟ်တစ်ခုနှင့် တိုက်မိခဲ့ခြင်းကြောင့် လဖွဲ့ စည်းမှု ဖြစ်ပေါ် လာသည့် သက်သေ အထောက်အထားများ သိပ္ပံပညာရှင်များ တွေ့ရှိ

Photo: ကမ္ဘာဂြိုဟ်ငယ် တစ်ခုက အခြား ဂြိုဟ်တစ်ခုနှင့် တိုက်မိခဲ့ခြင်းကြောင့် လဖွဲ့ စည်းမှု ဖြစ်ပေါ် လာသည့် သက်သေ အထောက်အထားများ သိပ္ပံပညာရှင်များ တွေ့ရှိ
Sunday, June 8, 2014

ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင်များသည် လဖွဲ့စည်းမှု ဖြစ်ပေါ်လာသည့် သက်သေ အထောက်အထား သစ်များကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ၁၉၆ဝ နှင့် ၁၉၇ဝပြည့် လွန်နှစ်များက စုဆောင်းရရှိထားသော လ၏ နမူနာ ပုံစံသစ် များကို ကြည့်ရှု လေ့လာခြင်း အားဖြင့် ကမ္ဘာဂြိုဟ်ငယ်လေး တစ်ခုသည် အခြား အာကာသ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဂြိုဟ်တစ်ခုနှင့် ဝင်တိုက်မိရာမှ လဖွဲ့စည်းမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည် ဟု လေ့လာတွေ့ရှိခဲ့သည်။

အစောပိုင်း ကာလက ဖွဲ့စည်း တည်ရှိခဲ့သည့် ကမ္ဘာဂြိုဟ်နှင့် Theia အမည်ရှိ ဂြိုဟ်နှစ်ခုကြား အရှိန်ပြင်းပြင်းနှင့် တိုက်မိခြင်းကြောင့် Giant Impact Hypothesis အမည်ရှိ လဖွဲ့စည်းမှု ဖြစ်ပေါ် လာကြောင်း၊ လနှင့် ကမ္ဘာ၏ ဖွဲ့စည်း တည်ဆောက်ပုံသည် အတော်အသင့် ဆင်တူကြောင်း ကမ္ဘာပေါ်သို့ ရောက်ရှိလာသည့် လနှင့်ဆိုင်သော နမူနာများကို လေ့လာ လျက်ရှိသော သိပ္ပံပညာရှင် များ၏ လေ့လာတွေ့ရှိချက်အရ သိရသည်။

(ရိုက်တာ)
မြ၀တီ
ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင်များသည် လဖွဲ့စည်းမှု ဖြစ်ပေါ်လာသည့် သက်သေ အထောက်အထား သစ်များကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။

ပြင်သစ်အိုးပင်းဖလား ရှာရာပိုဗာ သိမ်းပိုက်

Photo: ပြင်သစ်အိုးပင်းဖလား ရှာရာပိုဗာ သိမ်းပိုက်
Sunday, June 8, 2014

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် နိုင်ခြေအဆင့်(၇)သာ သတ်မှတ်ခံထားရသည့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက ရိုမေးနီးယား တင်းနစ်မယ် ဟာလတ်ကို အနိုင်ယူကာ ချန်ပီယံဖလား ဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့အဆင့်(၃) တင်းနစ်မယ် ဟာလတ်မှာ အဖွင့်ပွဲလတ်တွင် ပွဲငယ်နှစ်ပွဲပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ရှာရာပိုဗာက ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲလတ်တွင် ဟာလတ်က ၆-၇(၅)ဖြင့် အနိုင်ရခဲ့သည်။ 

အဆုံးအဖြတ် ဖြစ်လာသည့် တတိယပွဲလတ်တွင် ရှာရာပိုဗာ (၄-၂)ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမှားအယွင်းများကြောင့် (၄-၄)အထိ ဖိအားပေးခံခဲ့ရပြီး လက်ကျန်ပွဲငယ်များတွင် ဆက်တိုက်အမှတ်ယူနိုင်ခဲ့ခြင်းကြောင့် (၆-၄)ဖြင့် အနိုင်ယူကာ ပြင်သစ်အိုးပင်း ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်သည်။

@z(ရိုးရာလေး)






ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် နိုင်ခြေအဆင့်(၇)သာ သတ်မှတ်ခံထားရသည့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက ရိုမေးနီးယား တင်းနစ်မယ် ဟာလတ်ကို အနိုင်ယူကာ ချန်ပီယံဖလား ဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့အဆင့်(၃) တင်းနစ်မယ် ဟာလတ်မှာ အဖွင့်ပွဲလတ်တွင် ပွဲငယ်နှစ်ပွဲပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ရှာရာပိုဗာက ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲလတ်တွင် ဟာလတ်က ၆-၇(၅)ဖြင့် အနိုင်ရခဲ့သည်။ 

Crimea ကို ရုရှားသိမ်းပိုက်မှု Ukraine သမ္မတသစ် လက်မခံ

Photo: Crimea ကို ရုရှားသိမ်းပိုက်မှု Ukraine သမ္မတသစ် လက်မခံ
Sunday, June 8, 2014

Crimea ကျွန်းဆွယ် ဒေသဟာ ယူကရိန်းပိုင် ဖြစ်တယ်၊ ဖြစ်ခဲ့တယ်၊ နောင်လည်း ဖြစ်သွား မယ်လို့ ယူက ရိန်း သမ္မတ Petro Poroshenko ကပြောလိုက်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု ကနေ ယူကရိန်း နိုင်ငံကို ခွဲထွက် ထူထောင်ခဲ့ပြီး ကတည်းက ဆိုရင် ငါးဆက် မြောက် သမ္မတအဖြစ် လွှတ်တော် ရှေ့မှောက်၊ အမေရိကန်ဒုတိယ သမ္မတ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် တွေနဲ့ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်တွေ ရှေ့မှောက်မှာ ဘီလီယံနာ စီးပွားရေးသမားဖြစ်သူ မစ္စတာပိုရိုရှန်းကိုက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။

Crimea ကို ရုရှားက သူပိုင်နယ်မြေအဖြစ်သွတ်သွင်းခဲ့တာ သူ လက်ခံမှာမဟုတ်ဘူးလို့ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအတွင်း မစ္စတာ ပိုရိုရှန်းကိုက ပြောပါတယ်။ ပင်လယ်နက်ကျွန်းဆွယ်ဒေသဆီ ဒီနှစ်အစောပိုင်းမှာ ရုရှားက တပ်ဖွဲ့တွေစေလွှတ်ခဲ့ပြီး မတ်လမှာ ပိုင်နက်နယ်အဖြစ် သွတ်သွင်းခဲ့တာဖြစ်ပါတယ်။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေ ထိပ်တိုက် ရင်ဆိုင်နေတဲ့ နိုင်ငံအရှေ့ခြမ်းက ယူကရိန်းနိုင်ငံသားတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့လည်း ခေါင်းဆောင်သစ်က ကတိပေးခဲ့ပါတယ်။ 

သမ္မတကိုယ်စားလှယ်လောင်း ၂၁ ယောက်ဝင်ပြိုင်တဲ့ မေလ ၂၅ ရက်နေ့က ရွေးကောက်ပွဲမှာ မစ္စတာပိုရိုရှန်းကိုးက မဲအများစုနဲ့ အနိုင်ရခဲ့တာပါ။ အခုဆိုရင် ဆိုးရွားတဲ့ စီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး ရုရှားနိုင်ငံနဲ့ နယ်စပ်ဒေသမှာ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတခုကို သူ ပဲ့ကိုင် ဦးဆောင်ရတော့မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ယူကရိန်းသမ္မတအသစ် Petro Poroshenko ကျန်းသစ္စာကျိန်ဆိုပွဲကို ယူကရိန်းစစ်သည်များ ရုပ်-သံမှ စောင့်ကြည့်နေကြစဉ်
ယူကရိန်းသမ္မတအသစ် Petro Poroshenko ကျန်းသစ္စာကျိန်ဆိုပွဲကို ယူကရိန်းစစ်သည်များ ရုပ်-သံမှ စောင့်ကြည့်နေကြစဉ် 
Crimea ကျွန်းဆွယ် ဒေသဟာ ယူကရိန်းပိုင် ဖြစ်တယ်၊ ဖြစ်ခဲ့တယ်၊ နောင်လည်း ဖြစ်သွား မယ်လို့ ယူက ရိန်း သမ္မတ Petro Poroshenko ကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ILO အမှုဆောင် ဦးမောင်မောင် ဖြစ်ပြီ

Photo: မန်မာနိုင်ငံရဲ့ ပထမဆုံး ILO အမှုဆောင် ဦးမောင်မောင် ဖြစ်ပြီ
Sunday, June 8, 2014

 ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ILO နိုင်ငံ တကာ အလုပ်သမား အဖွဲ့ချုပ် အလုပ်အမှု ဆောင်အဖွဲ့ ရွေးချယ်ပွဲ ကနေ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ကို လက်ထောက် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

ILO အလုပ်အမှုဆောင်အဖွဲ့မှာ အဓိက ကိုယ်စားလှယ် ၅၆ ဦး နဲ့ လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးပါဝင်ရာမှာ ဦးမောင်မောင် ဟာ မြန်မာပြည်သမိုင်းမှာ ပထမဆုံး ILO အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUM ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ILO လက်ထောက်ကိုယ်စားလှယ် အဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၂၈ ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် ၁၉ ဦးနဲ့ အလုပ်သမားကိုယ်စားလှယ် ၁၉ ဦး ပါဝင်ပြီး အလုပ်အမှုဆောင်အဖွဲ့ရဲ့ သက်တမ်းကတော့ ၃ နှစ်ဖြစ်တယ် လို့ သိရပါတယ်။

RFA Burmese
 ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ILO နိုင်ငံ တကာ အလုပ်သမား အဖွဲ့ချုပ် အလုပ်အမှု ဆောင်အဖွဲ့ ရွေးချယ်ပွဲ ကနေ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ကို လက်ထောက် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သည့် ပရိသတ်ရှစ်ဦးကို ထောင်တစ်နှစ်စီချ

Photo: ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သည့် ပရိသတ်ရှစ်ဦးကို ထောင်တစ်နှစ်စီချ
Sunday, June 8, 2014

၂၀၁၃ မြန်မာနေရှင်နယ် လိဂ်ဘောလုံးရာသီ၏ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် နေပြည်တော်- ရန်ကုန်ပွဲစဉ်တွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ထိုင်ခုံများကိုဖျက်ဆီးခဲ့သည့် လူငယ်ပရိသတ်ရှစ်ဦးကို ဇမ္ဗူသီရိမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်စီကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

  ပြီးခဲ့သည့်နှစ် ဩဂုတ် ၄ ရက်ညနေက  ယှဉ်ပြိုင်ကစားခဲ့ သည့် အဆိုပါပွဲစဉ်ဖြစ်စဉ်နှင့်ပတ် သက်၍  တာဝန်ရှိသူတစ်ဦး၏ တရားလိုပြုလုပ်  တိုင်ကြားချက် အရ အားကစားကွင်းထိုင်ခုံများ ဖျက်ဆီးခဲ့ရာတွင် ပါဝင်ပတ်သက် ခဲ့သည်ဟု ယူဆရသည့် ပရိသတ် ၁၂ ဦးကို နေပြည်တော်ကောင် စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အမှတ်(၅)ရဲစခန်းက စတင်စစ်ဆေးခဲ့သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် ဆယ်လကြာစစ်ဆေး ပြီးနောက် ယခုနှစ် မေလ ၃၀ ရက်တွင် ရှစ်ဦးကိုပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

  ပြစ်ဒဏ်ကျခံရသူရှစ်ဦး သည် အသက် (၂၀)ဝန်းကျင်လူ ငယ်များဖြစ်ကြောင်း ဇွန်လ ၇ ရက်ထုတ်  နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရှိရသည်။

 ‘‘ရှစ်ဦးကို ပြစ်ဒဏ်ချမှတ် လိုက်တာဟုတ်ပါတယ်။  ကျွန် တော်တို့ကတော့ အမှုကိုတည် ဆောက်ပြီး တရားရုံးကိုပို့လိုက် တာပဲ။ အသေးစိတ်အချက် အလက်ကိုတော့ တရားရုံးကိုမေး မှပဲ သိရမယ်’’ဟု ဇမ္ဗူသီရိမြို့နယ် အမှတ် (၅)ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဇွန်လ ၇ ရက်က ပြောသည်။

  ပရိသတ်နှစ်သောင်းဝန်း ကျင်လာရောက်အားပေးခဲ့သည့် အဆိုပါပွဲစဉ်တွင် ပရိသတ်အချို့ စည်းကမ်းမဲ့သောင်းကျန်းကာ ကွင်းအတွင်းဝင်ရောက်မှု၊ ကစား သမားအချို့နှင့် ခိုက်ရန်ဖြစ်ပွားမှု တို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။ နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်း ပြအဖွဲ့ဝင်များနှင့် ကစားသမား များခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိခဲ့ကြသည်။

ဝဏ္ဏသိဒ္ဓိကွင်းတွင် ပထမ ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပွဲ စဉ်တွင် ပရိသတ်အချို့၏ ဖျက် ဆီးမှုကြောင့် အားကစားဝန်ကြီး ဌာနပိုင် ထိုင်ခုံအရေအတွက် ၁၆၀ ဝန်းကျင်ပျက်စီးခဲ့ပြီး ဆုံးရှုံး မှုတန်ဖိုး ကျပ်သိန်းသုံးရာဝန်း ကျင်ခန့်ရှိခဲ့သည်။

ယင်းအဖြစ်အပျက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်း ရေးကော်မတီက စုံစမ်းစစ်ဆေး မှုများပြုလုပ်၍ နှစ်ဖက်အသင်းမှ တာဝန်ရှိသူနှင့် ကစားသမား အချို့ကို ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမတိုင် မီ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ကျင်းပမည့် နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိကွင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အဆိုပါမြန်မာလိဂ် ပွဲစဉ်သည် ပွဲအတွင်းရုန်းရင်းဆန် ခတ်ဖြစ်မှုများကြောင့် ပွဲမပြီးမီ ရပ်နားလိုက်ရသည့် ပွဲစဉ်အဖြစ် မှတ်တမ်းဆိုးဝင်ခဲ့ရပြီး နိုင်ငံခြား သတင်းဌာနများကလည်း သတင်းဖော်ပြခဲ့ကြသည်။

Author: ဗိုလ်ဗိုလ်ဝင်း
7Day Daily

နေပြည်တော်-ရန်ကုန် ဘောလုံးပွဲကစားစဉ် အချင်းများမှုဖြစ်ပွားပြီးနောက် ပရိသတ်အချို့က ပွဲကြည့်စင်ရှိ ထိုင်ခုံများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - YUFC)
နေပြည်တော်-ရန်ကုန် ဘောလုံးပွဲကစားစဉ် အချင်းများမှုဖြစ်ပွားပြီးနောက် ပရိသတ်အချို့က ပွဲကြည့်စင်ရှိ ထိုင်ခုံများကို ဖျက်ဆီး နေစဉ် (ဓာတ်ပုံ - YUFC)
၂၀၁၃ မြန်မာနေရှင်နယ် လိဂ်ဘောလုံးရာသီ၏ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် နေပြည်တော်- ရန်ကုန်ပွဲစဉ်တွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ထိုင်ခုံများကိုဖျက်ဆီးခဲ့သည့် လူငယ်ပရိသတ်ရှစ်ဦးကို ဇမ္ဗူသီရိမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်စီကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အီဂျစ်သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဖို့ရှိ

Photo: အီဂျစ်သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဖို့ရှိ
Sunday, June 8, 2014

 ဒီမနက် တနဂင်္နွေနေ့ မှာ သမ္မတသစ် အဖြစ် အီဂျစ် သမ္မတ Abdel Fattah El Sisi ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပမဲ့ နေရာ၊ အထူး တရားရုံးချုပ် မှာ၊ လုံခြုံရေး အပြည့် အဝ ချထားပါတယ်။ သူဟာ စစ်ဦးစီးချုပ်ရာထူး က နှုတ်ထွက်ပြီး၊ ရွေးကောက်ပွဲ ဝင်အရွေး ခံတာပါ။

ပြီးခဲ့တဲ့ မေလ သမ္မတ ရွေးကောက်ပွဲ မှာ၊ မဲပေးသူ ၅၀ ရာခိုင်နှုန်း ထက် လျော့နည်းပေမဲ့၊ ဗိုလ်ချုပ်ကြီးဟောင်း စီစီ ဟာ၊ ၉၇ ရာခိုင်နှုန်း နဲ့ မဲ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ ဒီမိုကရေစီ နည်းအရ ရွေးကောက် တင်မြှောက် ခဲ့တဲ့ သမ္မတ ဟောင်း မော်စီ ကို၊ ပြီးခဲ့တဲ့ နှစ် က ဖြုတ်ချပြီး တက်လာခဲ့လို့၊ သူ့ ကို ဆန့်ကျင်သူတွေ ကတော့၊ အီဂျစ်နိုင်ငံ ဟာ အာဏာရှင် အောက်၊ ပြန်ရောက်တယ် လို့ ခံစားနေကြရပါတယ်။

စစ်အာဏာပိုင်တွေ က သမ္မတ မော်စီ ကို ဖြုတ်ချ၊ ထောင်ချ ထားတဲ့ အပြင်၊ သူ့ အဖွဲ့ဝင် မွတ်ဆလင် ညီနောင်များ ပါတီဝင် ၁၆၀ဝ၀ ကျော် ကို ထောင်ချထားပြီး၊ ၁၀ ယောက် ကို သေဒဏ် ပေးထားပါပြီ။ ၃၈ ယောက် ကို တော့ ရှေ့လ မှာ စီရင်ချက်ချမှာပါ။

သူတို့ အထဲက ထိတ်တန်း အဖွဲ့ဝင် တဦး ဖြစ်တဲ့ မိုဟာမက် အယ်လ် ဘီတာဂီ က သူ့ကို ရုံးထုတ်စဉ် မှာ၊ အချုပ်ခန်း ထဲကနေ တရားရေး အဖွဲ့ ကို ပြစ်တင် ဝေဖန် ရာ မှာ၊ အီဂျစ် တရားရေး စနစ် ဟာ လူတွေ ကို ကျွန်ပြုနေတဲ့ အကြောင်း၊ တရားရေး အဖွဲ့ဝင်တွေ ဟာ၊ စစ်ကျွန်ခေတ် ပြန်ရောက် စေသလို၊ အဂတိလိုက်စားမှု၊ ပြည်သူ ကို ဖိနှိပ်၊ ထောင်ချ၊ သတ်ဖြတ် နဲ့ မတရား သဖြင့် အမှုဆင် တဲ့ အကြောင်း တွေ ပြောလိုက်တာပါ။

ဒါကြောင့်မို သမ္မတသစ် စီစီ အနေနဲ့ လည်း၊ နိုင်ငံတွင်း သဘောထား နှစ်ခြမ်းကွဲအောင်၊ ပြုလုပ် ထားပြီမို့၊ လာမဲ့ ၁နှစ်၊ ၂ နှစ် အတွင်း မှာ နိုင်ငံ ရဲ့ လုံခြုံရေး နဲ့ စီးပွားရေး ကို တာဝန် မယူနိုင်ရင်၊ ပြီးခဲ့တဲ့ အီဂျစ် ခေါင်းဆောင် တွေ လိုပဲ၊ လူထု အုံကြွ ဆန္ဒ ပြမှု နဲ့ ရင်ဆိုင်ရဘွယ် ရှိကြောင်း ကိုင်ရိုမှ ဘီဘီစီ သတင်းထောက် က သုံးသပ် တင်ပြလိုက် ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဒီမနက် တနဂင်္နွေနေ့ မှာ သမ္မတသစ် အဖြစ် အီဂျစ် သမ္မတ Abdel Fattah El Sisi ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပမဲ့ နေရာ၊ အထူး တရားရုံးချုပ် မှာ၊ လုံခြုံရေး အပြည့် အဝ ချထားပါတယ်။ သူဟာ စစ်ဦးစီးချုပ်ရာထူး က နှုတ်ထွက်ပြီး၊ ရွေးကောက်ပွဲ ဝင်အရွေး ခံတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပြင်ဆင်ရေး နဲ့ အစိုးရခြေလှမ်း

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပြင်ဆင်ရေး နဲ့ အစိုးရခြေလှမ်း
Sunday, June 8, 2014

ဒေါ်အင်ကြင်းနိုင်။           ။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ထုတ် သတင်းစာမှာ “နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ခု ဖော်ပြလာပါတယ်။ ပြည်သူတွေ လေ့လာသိရှိ အကြံပြုနိုင်အောင် တင်ပြတာ
ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တကယ်ဆို အငြင်းပွားမှုတွေနဲ့ ပြဿနာတွေ အများကြီးပေါ်ပြီး “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ
ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ခု လွှတ်တော်က အတည်ပြုပေးလိုက်တာတောင် သိပ် မကြာသေးပါဘူး။ အခု ပြင်ပြီးတာ တစ်ခုကို ထပ်ပြင်ဖို့ အစိုးရဘက်က ဘာကြောင့် ကြိုးစားလာတာပါလဲ၊ ဘာရည်ရွယ်ချက်တွေများ ရှိနေနိုင်သလဲ ဆိုတာ ခုတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးစည်သူအောင်မြင့်။   ။ နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုတာ အတော်လေး အရေးကြီးပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖော်ပြချက်မှာလည်း အခြေခံဥပဒေ ခုံရုံးဟာ အရေးကြီးရုံမက သက်ရောက်မှုကလည်း ကျယ်ပြန့်ပါတယ်။ ဒါတင်မက “ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အပြီးအပြတ် အတည်ဖြစ်တယ်” ဆိုတာကလည်း ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုတွေ ဖြေရှင်းရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို သတ်မှတ်ပေးထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအကြောင်း ပြောရင် သမ္မတ နဲ့ လွှတ်တော် အားပြိုင်မှုကနေ စ ပြီး ပြောမှ ဇာတ်ရည်လည်မှာပါ။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ပေါ်ပေါက်လာပြီးတဲ့အခါ ထင်မှတ် မထားတဲ့ ပုဂ္ဂိုလ်ရေး အားပြိုင်မှု ပေါ်ပေါက်လာပါတယ်။ ဒီ အားပြိုင်မှုတွေဟာ သမ္မတနဲ့လွှတ်တော် အားပြိုင်မှုအဖြစ် ရုပ်လုံး သွားပေါ်စေပါတယ်။ ၂၀၁၂ ထဲမှာ သမ္မတဦးသိန်းစိန်က လွှတ်တော်အမတ်တွေဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို အဓိပ္ပါယ် ဖွင့်ခိုင်းပါတယ်။

အဲဒီအချိန်တုန်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌဟာ ဦးသိမ်းစိုး ဖြစ်ပါတယ်။ ခုံရုံးက လွှတ်တော်အမတ်တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုပေးလိုက်ပါတယ်။ ဒီလိုနဲ့ လွှတ်တော် အမတ်တွေ ဒေါသူပုန်ထကုန်ပြီး ခုံရုံးတစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်
ထုတ်ပယ်ဖို့ ကြိုးစားလာကြပါတော့တယ်။

ဒေါ်အင်ကြင်းနိုင်။            ။ သမ္မတနဲ့လွှတ်တော် အခြေအနေတွေ တင်းမာပြီး တကယ်ပဲ စွတ်စွဲပြစ်တင်မှု အထမြောက်ခါနီးမှာ ခုံရုံးတစ်ဖွဲ့လုံး သူ့ဖာသာသူ နုတ်ထွက်တာကို သမ္မတက ခွင့်ပြုပေးလိုက်ပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်က ဒီလောက်နဲ့ မရပ်ပါဘူး။ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးအဖွဲ့မရှိသေး၊ လစ်ဟာသွားတဲ့ အခြေအနေမှာ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ” ကို ပြင်ဆင်ဖို့ အသည်းအသန် ကြိုးစားကြပါတော့တယ်။
 
အဲဒီမှာ အဓိက ပြင်ဆင်လိုက်တဲ့အချက်က ခုံရုံးဥက္ကဋ္ဌ တင်မြှောက်ရေး အပိုင်းပါ။ နဂိုရ် ဥပဒေမှာပါတာ ဖွဲ့စည်းပုံခုံရုံးကို သမ္မတက အဆိုပြုသူ သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ သုံးဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ သုံးဦး စုစုပေါင်း (၉) ယောက်နဲ့ ဖွဲ့စည်းရမယ်လို့ ဆိုထားပါတယ်။ အဲဒီအထဲကမှ သမ္မတက သူကြိုက်နှစ်သက်သူ တစ်ယောက်ကို ဥက္ကဋ္ဌ ခန့်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်က ခုံရုံးဥက္ကဋ္ဌကို သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက် ပေါင်း (၃) ယောက် ဆွေးနွေး တိုင်ပင် ရွေးချယ် ခန့်အပ်ရမယ်လို့ ပြင်ဆင်လိုက်ပါတယ်။

လွှတ်တော်ဘက်က အဲလို ပြင်ဆင်ပြဋ္ဌာန်းဖို့ ကြိုးစားတာကို တပ်မတော်သား အမတ်တွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့ကြ ပါသေးတယ်။ ဒါကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြင်းပြင်းထန်ထန် ပြောဆို တုံ့ပြန်မှုတွေတောင် လုပ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုံရုံးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို လွှတ်တော်က အတည်ပြုနိုင်ခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်။   ။ နောက်ဆုံး ပြင်ဆင်ထားတဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို ပြန်ပြီး ဖွဲ့စည်းတဲ့အခါ သူရဦးရွှေမန်း အဆိုပြုသူ ခုံရုံးဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အခြားတစ်ဖက်မှာလည်း လွှတ်တော်က အတည်ပြုပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီလို့ဆိုပြီး သမ္မတ က လက်မှတ်မထိုးဘဲထားတဲ့ ဥပဒေကလည်း (၈) ခု အထိ ရှိလာပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အဲဒီ ဥပဒေတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ သမ္မတက စိစစ်ဖို့ တင်ပြရမှာ ဖြစ်ပြီး ခုံရုံးက အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီ အသံတွေ မကြားရတော့ဘဲ ငြိမ်သက်သွားခဲ့ပါတယ်။ အခုကျမှ သမ္မတဘက်က ပြင်ထားတာ သိပ်မကြာသေးတဲ့ ဥပဒေကို ပြန်ပြင်ဖို့ တင်ပြလာတာ တွေ့ရပါတယ်။

ဒေါ်အင်ကြင်းနိုင်။       ။ အများပြည်သူသိအောင် တင်ပြထားတဲ့ ဥပဒေကြမ်းမှာ အဓိက ပြင်လိုတဲ့အချက်ဟာ နဂိုရ် မူရင်းဥပဒေလို ခုံရုံးဥက္ကဋ္ဌ ကို သမ္မတက ရွေးချယ်ခွင့်ရရေး ထည့်သွင်းထားပါတယ်။ ဥပဒေပါ စကားလုံးတွေအတိုင်း ပြောရရင် “ ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ဖြစ်စေ၊ နိုင်ငံတော်သမ္မတက သင့်လျော်သည်ဟု ယူဆသည့် နည်းလမ်းအရ ဖြစ်စေ ရွေးချယ်နိုင်သည်” ဆိုတာပဲ ဖြစ်ပါတယ်။

အစိုးရဘက်က ဒီ ဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ ရည်ရွယ်ရခြင်းဟာ လက်ရှိ အသစ် တင်မြှောက်ထားတဲ့ ခုံရုံးအဖွဲ့နဲ့ ဥက္ကဋ္ဌကို ပြောင်းလဲဖို့ ရည်ရွယ်တာတော့ ဟုတ်ဟန် မတူပါဘူး။ အကြောင်းကတော့ ခုံရုံးအဖွဲ့ရဲ့ သက်တမ်းဟာ လွှတ်တော်ရဲ့ သက်တမ်းနဲ့အတူတူ သတ်မှတ် ထားတာမို့ ကြားထဲမှာ လွှတ်တော်ဘက်က စွပ်စွဲပြစ်တင်တာ မရှိမချင်း ၂၀၁၅ ခုနှစ် အထိ တာဝန်ထမ်းဆောင်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာတဲ့ သမ္မတနဲ့လွှတ်တော် ဥက္ကဋ္ဌတွေက ခုံရုံးအသစ် ကို ပြန်ဖွဲ့ကြမှာ ဖြစ်ပါတယ်။ ဒီအတွက် အဖြစ်နိုင်ဆုံးကတော့ ဒီ ခုံရုံး ဥပဒေကြမ်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းအတွက် ရည်ရွယ်ပုံ ရပါတယ်။

ဦးစည်သူအောင်မြင့်။   ။ အားလုံးသိကြတဲ့အတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကျင်းပပေးနိုင်ခဲ့ရင် လွှတ်တော် နှစ်ရပ်စလုံးမှာ NLD - အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ် အများစုအနိုင်ရဖို့ များပါတယ်။ ဒီအခါ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာလည်း အင်အယ်လ်ဒီ ပါတီက ဖြစ်လာနိုင်ပါတယ်။ သမ္မတ ရွေးချယ်ရေးမှာတော့ တပ်မတော်သားအမတ် ၂၅ % မဲက ရှိနေတော့ ဘယ်သူ သမ္မတဖြစ်မလဲ မပြောနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံမှာ အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး ဖွဲ့စည်းတော့မယ်ဆိုရင်၊ အဲဒီအချိန် လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာလည်း အင်န်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်နေမယ်ဆိုရင် အင်န်အယ်လ်ဒီ
ပါတီက တင်မြှောက်သူ တစ်ယောက်ယောက် ခုံရုံးဥက္ကဋ္ဌ ဖြစ်လာမှာ သေချာပါတယ်။ ဒီလို ဖြစ်မလာရလေအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ခုံရုံးဥက္ကဋ္ဌကို သမ္မတက ခန့်အပ်နိုင်အောင် ဥပဒေကြမ်းတင် ပြန် ပြင်ဆင်ဖို့ ကြိုးစားတာသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

VOA 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အဆောက်အဦးတွင် တွေ့ရစဉ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အဆောက်အဦးတွင် တွေ့ရစဉ်
ဒေါ်အင်ကြင်းနိုင်။           ။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ထုတ် သတင်းစာမှာ “နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ခု ဖော်ပြလာပါတယ်။ ပြည်သူတွေ လေ့လာသိရှိ အကြံပြုနိုင်အောင် တင်ပြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တကယ်ဆို အငြင်းပွားမှုတွေနဲ့ ပြဿနာတွေ အများကြီးပေါ်ပြီး “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ခု လွှတ်တော်က အတည်ပြုပေးလိုက်တာတောင် သိပ် မကြာသေးပါဘူး။ အခု ပြင်ပြီးတာ တစ်ခုကို ထပ်ပြင်ဖို့ အစိုးရဘက်က ဘာကြောင့် ကြိုးစားလာတာပါလဲ၊ ဘာရည်ရွယ်ချက်တွေများ ရှိနေနိုင်သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အပစ်အခတ်ရပ်စဲရန် လက်မှတ်ထိုးရုံဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရမည် မဟုတ်ဟု သမ္မတပြောကြား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူလက်မှတ် ရေးထိုးနိုင်ရုံမျှဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ဦးမည် မဟုတ်ဟု ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓော ဘုရား ခြေရင်းတွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေး အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အပြုတ်တိုက်မည် ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက် နိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

Photo: ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အပြုတ်တိုက်မည် ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက် နိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
Sunday, June 8, 2014 

ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အချင်းချင်းအပြုတ်တိုက်မည်ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဇွန် ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဥပဒေပညာရှင်များတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ပါတီတိုင်းပါတီတိုင်း ကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိဖို့လိုတယ်။ တစ်ပါတီနှင့် တစ်ပါတီ ရန်ဘက်တွေလိုသဘောထားပြီး အပြုတ်တိုက်မယ်။ အပြတ်ရှင်းလိုက်မယ်ဆိုတဲ့ ဟိုးအရင်က စိတ်ထားမျိုးတွေရှိမယ်ဆိုရင်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်သွေးစည်းညီညွတ်ရေး ဘယ်လိုမှမရဘူး။ ဒါတွေမရရင် ငြိမ်းချမ်းမှု မရနိုင်ဘူး။ ငြိမ်းချမ်းမှုဆိုတဲ့နေရာမှာ လက်နက်ကိုင်ပြီး တစ်ဖက်နဲ့ တိုက်ခိုက်နေတာကိုသာလျှင် တွက်လို့မရဘူး။
အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အတွင်းမှာလည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ လိုတယ်။ အဲဒီအတွက် ကျွန်တော်ခုနပြောတဲ့ ဘယ်ပါတီပဲဖြစ်ဖြစ် အချင်းချင်းရန်မဖြစ်ဖို့လိုတယ်။ ထိုနည်းတူစွာပဲ ကိုယ့်ပါတီကိုယ့်မူဝါဒအရ ပြိုင်ပွဲဖြစ်တဲ့ ရွေးကောက်ပွဲကျရင် နိုင်အောင်လုပ်ကြ။ အဲဒီအခါကျရင် ပြိုင်ကြ။တစ်နည်းအားဖြင့်ဆိုရင် ပေါင်းစည်းယှဉ်ပြိုင်နိုင်ဖို့ ဒါကိုလည်း လွှတ်တော်ထဲမှာ ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာသူများသည် ဥပဒေကို သိရှိရုံမျှသာမက ကျွမ်းကျင်သူများဖြစ်ကြောင်း၊ ဥပဒေကို မသိ၊ မတတ်ပါက အမှားများကိုအမှန်ဟု ထင်နိုင်ကြောင်း၊ အုပ်ချုပ်ရေးနယ်ပယ်၌ ဥပဒေကျွမ်းကျင်သူများ ခေါင်းဆောင်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏အခြေအနေမှာ တိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ တက္ကသိုလ်များရှိ ဥပဒေဌာနများမှ ပါမောက္ခများ၊ ရှေ့နေများနှင့် ဖိတ်ကြားထားသူ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပြင် မြန်မာနိုင်ငံ၌ ပါတီစုစုပေါင်း ၆၅ ခုရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောမှုများနှင့် လူထုဆန္ဒခံယူလက်မှတ်ရေးထိုးပွဲများ ပြုလုပ်လျက်ရှိသည်။    

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉(စ)မပြင်ရေး ဆန္ဒပြမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်နေခြင်းမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယ ဥက္ကဌ ဦးဌေးဦးက ဇွန် ၆ ရက်တွင် ပြောကြားသည်။ 

Eleven Media Group

ဇွန် ၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော ဥပဒေပညာရှင် များနှင့်တွေ့ဆုံ ပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မိန့်ခွန်းပြောကြားစဉ်
ဇွန် ၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော ဥပဒေပညာရှင် များနှင့်တွေ့ဆုံ ပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မိန့်ခွန်းပြောကြားစဉ်
ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အချင်းချင်းအပြုတ်တိုက်မည်ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များ ပိုမိုများပြားလာခြင်းနှင့် စည်းကမ်း ပျက်ယာဉ်များကြောင့် ကျောင်းတက်၊ ကျောင်းဆင်းချိန်များ၌ ယာဉ်ကြော ပိတ်ဆို့နေရသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်များ နှစ်စဉ်တိုးတက်လာမှုနှင့် စည်းကမ်းပျက်ယာဉ်များ များပြားလာမှုကြောင့် ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးမှုမှာ အခြားအချိန်ထက် ပိုမိုကျပ်တည်းလျက်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၇ရက် ညနေပိုင်းတွင် စုံစမ်းသိရှိရသည်။

ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ် ကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားရာ အောင်စာရင်းကြည့်ရန်လာသူ နှစ်ဦးသေဆုံးပြီး ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိ

Photo: ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ် ကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားရာ အောင်စာရင်းကြည့်ရန်လာသူ နှစ်ဦးသေဆုံးပြီး ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိ
Sunday, June 8, 2014

ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လမ်းမဘေးမြောင်းထဲသို့ ထိုးဆင်းသွားစဉ်
ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်ကား ကျော်တက်ရာမှ ဆိုင်ကယ်ကို တိုက်မိရာ ဆယ်တန်းအောင်စာရင်း လာကြည့်သူနှစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ဟင်္သာတမှ ရန်ကုန်သို့ မောင်းနှင်လာသော ၁ ခ/--- စိန်နိုင်ကျော် ခရီးသည်တင် မှန်လုံယာဉ်သည် ဇလွန်မြို့နယ်၊ မေရီလန်းရွာအနီး မိုင်တိုင်အမှတ် ၂၉/၆ နှင့် ၂၉/ ၇ ကြားအရောက် ဇွန် ၇ ရက်၊ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် ရှေ့မှ မောင်းနှင်နေသော ရဲရင့်ခိုင် ခရီးသည်တင် မှန်လုံယာဉ်ကို တစ်ဖက်ယာဉ်ကြောမှ ကျော်တက်ရာမှ လမ်းကြောင်းမှန်အတိုင်း ဇလွန်ဘက်သို့ ဓနုဖြူမြို့နယ်၊ ဖက်သောင်အုပ်စု၊ လှေလမ်းရွာနေ ယာဉ်မောင်း စောလယ်ထူးမောင်းနှင်ပြီး စောစိုင်းမင်းဦး လိုက်ပါစီးနင်းလာသော ဟွန်ဒါဝေ့ ၁၁ဝ အနက်ရောင်ဆိုင်ကယ်ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ပြီး ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဝဲဘက်အခြမ်းရှိ လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းသွားခဲ့ကာ ဆိုင်ကယ်ပေါ်ပါ စောလယ်ထူး(၃၅ နှစ်)နှင့် စောစိုင်းမင်းဦး(၃၂ နှစ်) တို့နှစ်ဦး အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကားပေါ်ပါ ခရီးသည် ကျားခြောက်ဦးနှင့် မခြောက်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဇလွန်ရဲစခန်းမှ သိရသည်။

ဒဏ်ရာရသူ ၁၂ ဦး အနက် လေးဦးကို ဟင်္သာတခရိုင် ဆေးရုံကြီးသို့ လွှဲပို့ကုသခဲ့ရပြီး ကျန်လူနာများကို ကျုံရှတိုက်နယ်ဆေးရုံနှင့် ဇလွန်မြို့နယ် ဆေးရုံတို့တွင် အတွင်းလူနာနှင့် ပြင်ပလူနာများအဖြစ် ကုသလျက်ရှိကြောင်း၊  ယာဉ်ပေါ်ပါ ထိခိုက်မှုမရှိသည့် ကျန်ခရီးသည်များမှာ ကားကြုံများနှင့် ခရီးဆက်ခဲ့ကြပြီဖြစ်ပြီး တရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲအုပ်စိုးအောင်က ပြောကြားသည်။

“မေရီလန်း အ.ထ.ကမှာ ညီမဖြစ်သူ ရဲ့ ဆယ်တန်းအောင်စာရင်းကြည့်ဖို့ လာတဲ့ လှေလမ်းရွာက သူငယ်ချင်းနှစ်ယောက် ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့တာပါ။ ဇလွန်ဆေးရုံကနေ ရွာကိုအလောင်းပြန်သယ်ဖို့ စီစဉ်ပေးနေပါတယ်”ဟု ကရုဏာပရဟိတအဖွဲ့ မှ ကိုအောင်ကိုလတ်က မွန်းလွဲပိုင်းတွင် ဆိုသည်။

ဟင်္သာတခရိုင်ဆေးရုံကြီးမှ ထိခိုက်ဒဏ်ရာနှင့် အရိုး၊ အကြော၊ အဆစ်ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာမင်းသူထံ ဆက်သွယ်ခဲ့ရာ “အရိုးဆောင်ကို နှစ်ယောက် ရောက်လာပါတယ်။ ကလေးတစ်ယောက်က ပေါင်ရိုးကျိုးပြီး အဘွားတစ်ဦးက တင်ပါးဆုံရိုး ထိသွားတယ်။ ခွဲစိတ်ဆောင်ကိုလည်း နှစ်ယောက် ရောက်တယ်လို့ ကြားပါတယ်”ဟု မွန်းလွဲ ၃ နာရီခန့်က ဖြေကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား ဇလွန်မြို့မရဲစခန်းက ယာဉ်(ပ)၁၈/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

Eleven Media Group 

ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လမ်းမဘေးမြောင်းထဲသို့ ထိုးဆင်းသွားစဉ်
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လမ်းမဘေးမြောင်းထဲသို့ ထိုးဆင်းသွားစဉ်
ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်ကား ကျော်တက်ရာမှ ဆိုင်ကယ်ကို တိုက်မိရာ ဆယ်တန်းအောင်စာရင်း လာကြည့်သူနှစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးသည် NLD အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ သြဇာ လွှမ်းမိုးစေလိုခြင်းကြောင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေးသည် NLD အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ သြဇာ လွှမ်းမိုးစေလိုခြင်းကြောင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Sunday, June 8, 2014

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ ဩဇာလွှမ်းမိုးရေးအတွက်သာဖြစ်သည်ဟု NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် တတိယအကြိမ် NLD ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ လူအချို့က ယင်းမှာ ၎င်းတို့ပါတီတစ်ခုတည်း၏ အကျိုးကိုကြည့်ပြီး လုပ်နေသည်ဟု စွပ်စွဲကြသည်မှာ စဉ်းစားစရာကောင်းကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲနေသည့်သူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ခြင်းအားဖြင့် NLD ပါတီ ၂ဝ၁၅ ရွေးကောက်ပွဲတွင် နိုင်မည်ဟု တွက်နေကြကြောင်း၊ ယင်းကဲ့သို့ပြောသူများအား မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ထင်သည်ကို မေးခွန်းထုတ်လိုပြီး ၎င်းတို့ကမူ ပြည်သူလူထု ပိုမိုလွတ်လပ်စွာ ရွေးချယ်စေလိုခြင်းကြောင့်သာ ပြင်ဆင်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၎င်းက“ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြု ပြင်ပြောင်းလဲလိုက်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ အောင်မယ်လို့ ဘာဖြစ်လို့တွက်သလဲ။ ဘာဖြစ်လို့ အဲသလိုထင်သလဲဆိုရင် အဲဒီအကြောင်းပြချက်တွေက အင်မတန် စိတ်ဝင်စားစရာကောင်းမှာပါ။ ဒီဟာက ပြည်သူလူထုအနေနဲ့ ပိုပြီးတော့ကြိုက်ရာကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်အောင်လို့ ကျွန်မတို့က ပြုပြင်ပြောင်းလဲချင်တာ။ တကယ့်  ပြည်သူလူထုရဲ့ ဩဇာလွှမ်းမိုးစေချင်လို့။ ပြည်သူလူထုရဲ့ဩဇာလွှမ်းမိုးသွားလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ မှာ နိုင်မယ်လို့များ ဒီလိုမြင်ကြသလား။ တကယ်တော့ ဘယ်သူပဲနိုင်နိုင် အဓိကကပြည်သူလူထုရဲ့ ဩဇာလွှမ်းမိုးဖို့ပဲ။ ပြည်သူလူထု ဩဇာလွှမ်းမိုးဖို့ ကျွန်မတို့လုပ်နေတဲ့ကိစ္စကို အဖွဲ့ချုပ်နိုင်ဖို့ လုပ်နေတယ်ဆိုလို့ရှိရင် အဖွဲ့ချုပ်ကို ဘာဖြစ်လို့နိုင်မယ်လို့ တွက်ထားလဲဆိုတာကို အဲဒါကို ကျွန်မမေးချင်တယ်” ဟု ပြောကြားသည်။

မည်သည့် ရွေးကောက်ပွဲဖြစ်စေ၊ မည်သည့် လှုပ်ရှားမှုပဲဖြစ်စေ အဓိကကျသည်မှာ ပြည်သူလူထုနှင့် ဆက်ဆံရေးသာ ဖြစ်ကြောင်း၊ ပြည်သူလူထုကို လှည့်ဖြားသည့် ဆက်ဆံရေးမျိုးမှာ မည်သည့်အခါမျှ မရှိရကြောင်း၊ NLD အနေဖြင့် ယင်းအတွက် လိပ်ပြာသန့်ပြီး မည်သည့်အခါကမျှ ပြည်သူလူထုကို မလှည့်ဖြားခဲ့ကြောင်း၊ နိုင်ငံအပေါ် စေတနာထားရန် အရေးကြီးကြောင်းနှင့် စေတနာရှိသည်ဆိုပါက ဒီမိုကရေစီစနစ် အမြစ်တွယ်အောင်လုပ်ရန် တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“နိုင်ငံအပေါ်ထားတဲ့ စေတနာဆိုတာကတော့ အရေးအကြီးဆုံးပါပဲ။ ဒီမိုကရေစီစနစ် အောင်မြင်စေချင်တာ ကျွန်မတို့နိုင်ငံကို တိုးတက်စေချင်လို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းကနေ ဒါကို သက်သေထူနေပါတယ်။ ဒီမိုကရေစီစနစ်ဟာ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်သော်လည်း ပြည်သူအများစုကို အကျိုးပြုတဲ့စနစ်တစ်ခု ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ဒီမိုကရေစီစနစ်ကို သေသေချာချာ အမြစ်တွယ်သွားစေချင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံကို စေတနာရှိရင် ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ်တွယ်သွားအောင် ကြိုးစားဖို့တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

NLD အနေဖြင့် လက်ရှိတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးကြီးပုဒ်မများ ပြင်ဆင်ရာတွင် အခက်အခဲဖြစ်နေသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးကြိုးပမ်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ နိုင်ငံအနှံ့ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပေါ် ပြည်သူလူထုသဘောထားလက်မှတ် ကောက်ယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
 
Eleven Media Group  

ဇွန် ၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော NLD ပါတီ၏ ဗဟိုကော်မတီ တတိယ အကြိမ်အစည်းအဝေး၌ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားစဉ်
ဇွန် ၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော NLD ပါတီ၏ ဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေး၌ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ ဩဇာလွှမ်းမိုးရေးအတွက်သာဖြစ်သည်ဟု NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဇွန် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် တတိယအကြိမ် NLD ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် လူမြင်ကွင်း ထွက်လာ

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်တယောက် လူမြင်ကွင်းကို ထွက်လာပါပြီ။ မစ္စယင်လတ်တယောက် အခုလို လူမြင်ကွင်း ထွက်လာတာဟာ မေလ ၂၂ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ပါ တယ်။