Wednesday 15 August 2012

မှတ်သား နာယူစရာ ...



အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စ အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်း သတင်းစာရှင်းလင်း


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ သို့ရောက် ရှိနေသော စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်းစု( AmCham Singapore Business ) ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်ည ၇ နာရီ က   ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။

င၀န်မြစ်ရေကြီး ရေဘေးဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်နေ


ယခုလဆန်းပိုင်းမှစတင်၍ဖြစ်ပေါ်ခဲ့သော င၀န်မြစ်ရေကြီးမှုကြောင့် သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့် မြို့နယ်များတွင်လည်း ရွာလုံးကျွတ်ပြောင်းရွှေ့ရမှုများပြုလုပ်နေရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးနှင့်စားနပ်ရိက္ခာအကူအညီများ အမြန်ဆုံးလိုအပ်လျှက်ရှိနေသည်။

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာသည့် မုန်တိုင်း KAITAK(14W) ဟောင်ကောင်အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်မည်

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် အပူပိုင်း မုန်တိုင်း KAI-TAK(ဖိလစ်ပိုင်အမည် HELEN)သည် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ် သို့  ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပါသည်။
သြဂုတ်လ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် တွေ့မြင်ရသည့် မုန်တိုင်း KAI-TAK(အပေါ်ပုံ)၇၂ နာရီနောက်ပိုင်း လေဖိအားနည်းရပ်ဝန်းအဆင့်မှ အားပျော့ပျက်ပြယ်သွားမည့် မုန်တိုင်း KAI-TAK (14W) လမ်းကြောင်း နှင့် မုန်တိုင်းအကြွင်းအကျန်များဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းခန့်မှန်းပုံ

တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကြိုဆို

တူရကီနိုင်ငံခြားရေးဝန်ကြီး၏အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)မှအရာရှိများ၏မကြာ     သေးမီ က သွားရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်အား မြန်မာနိုင်ငံဆိုင် ရာကုလသမဂ္ဂထိပ်တန်းကိုယ်စားလှယ်က ကြိုဆို လိုက်သည်။

အသိအမှတ်ပြု အကောင့် ပုံစံသစ်ကို Google ၏ လူမှုကွန်ရက်ဆိုက်တွင် ထပ်ဆောင်း ထည့်လာ

Google ကုမ္ပဏီမှာ ၎င်း၏ အွန်လိုင်း လူမှုကွန်ရက် ဝက်ဆိုက်အတွင်း အသုံးပြုသူများကို Facebook နှင့် Twitter  တို့တွင် ပေးထားသည့် အသိအမှတ်ပြုအကောင့် ပုံစံကဲ့သို့သော ပုံစံသစ် တစ်မျိုးကို  စတင် ဝန်ဆောင်မှု ပေးလိုက်ပြီ ဖြစ်ကာ အသုံးပြုသူ အချို့ အနေဖြင့် ၎င်းတို့၏ သီးသန့် Google+ စာမျက်နှာထက် တွင် အမည်များကို တင်နိုင်တော့မည် ဖြစ်သည်။


မုန်တိုင်း ဟယ်လင် ဟောင်ကောင် သို့ ဦးတည်

မုန်တိုင်း KAI-TAK(ဖိလစ်ပိုင်အမည် HELEN -14W) ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ပြီး၊   တောင်တရုတ်ပင်လယ်သို့ ရောက်ရှိကာ ဟောင်ကောင်-မကာအိုသို့ ဦးတည်လျှက်ရှိပါသည်။

14W KAI-TAK - 15 Aug 2012 0600Z
Location: 18.9 120.7
Winds: 55 knots
Central Pressure: 982 hPa



ref:mmweatherblog

ဖန်တီးလုပ်ကြံထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး သတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပအခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာ

ဗုဒဘာသာနဲ့ မူဆလင် အုပ်စုတွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမား လာအောင် တိဗက်ဘုန်းတော်ကြီးတွေ ပါဝင်နေတဲ့ ဓါတ်ပုံတွေကို တစ်လွဲအသုံးချပြီး ဆောင်ရွက်နေတာတွေ မပြုလုပ်ဖို့၊ ဒီဓါတ်ပုံတွေကို ကမ္ဘာ တစ်ဝှမ်းရှိ သတင်းမီဒီယာများအနေနဲက အသုံး မပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တိဗက် ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဒီဓါတ်ပုံတွေကို မူဆလင်နိုင်ငံတွေက ၀က်ဘ်ဆိုက်တွေမှာ   ဖြန့်ဖြူးနေ တာ ဖြစ်ပြီး အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်တွေကို သတင်းတင်ပြရာမှာ လူသေအလောင်းတွေရှေ့မှာ တိဗက် ဘုန်းကြီးတွေ မတ်တပ်ရပ်နေတဲ့ ဓါတ်ပုံတွေ အသုံးပြ ဖော်ပြေ န ကြကြောင်း၊ ယင်းဓါတ်ပုံများမှာ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့က တိဗက်အရှေ့ပိုင်း Kyegudo (Yushul) မှာ မြေငလျင်လှုပ်ခတ်ခဲ့စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံများသာ ဖြစ်ကြောင်း Central Tibetan Administration က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် ခရီးသည်တင်လေယာဉ်

လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် မျိုးဆက်သစ် ခရီးသည်တင် လေယာဉ် အမျိုး အစား တစ်ခုကို အမေရိကန်တွင် သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ မြန်နှုန်း Mach 6ထိ ပျံသန်းနိုင်ပြီး တစ်နာရီလျှင် မိုင်ပေါင်း(၄၅၀၀) ခရီးပေါက်မည့် လေယာဉ် တစ်စင်းသည် အနာဂတ်ကာလ ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် အသုံးပြုလာနိုင်ဖွယ် ရှိနေသည်။ လေယာဉ်သည် အသံ၏ မြန်နှုန်းထက် (၅)ကျော် မောင်းနှင်နိုင်ခြင်းဖြင့် လက်ရှိ လေယာဉ်များ ပျံသန်းနေသည့် ခရီးတာ အချိန်ရှည်လျားမှု ကို လျှော့ ချနိုင်မည် ဖြစ်သည်။ အသံလွန်နှုန်းဖြင့် မောင်းနှင်သော X-51A WaveRider လေယာဉ်သည် အမေရိကန် စစ်တပ်က ပိုင်ဆိုင်ပြီး နောက်ဆုံးပေါ် Scarmjet နည်းပညာသုံး အင်ဂျင်ဖြင့် မိုင်နှုန်းမြင့် မားစွာ   မောင်းနှင်နိုင်ကြောင်း သိရသည်။

အိုင်အင်န်ဂျီအိုများအပေါ် အစိုးရ၏ ထိန်းချုပ်မှု လျှော့ပေါ့သက်သာလာ

အစိုးရသစ် တာဝန်ထမ်းဆောင်ပြီး ၂ နှစ်ကျော်အတွင်း အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အ စည်း (INGO) များ ဒေသတွင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ယခင်ထက် လွယ်ကူအဆင်ပြေလာကြောင်း ယင်းအဖွဲ့ များ မှ သိရသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို နှစ်ရက်ကြာ ခရီး လာရောက်မည်

ထိုင်းကာကွယ်ရေးဝန်ကြီး လေတပ်ဗိုလ်ချုပ်ကြီး Sukampol Suwannathat သည် မြန်မာနိုင်ငံသို့ ၂ရက်ကြာ အလည်အပါတ်ခရီးအဖြစ်ယနေ့မနက်ပိုင်းကထွက်ခွာသွားခဲ့သည်။ခရီးစဉ်အတွင်း မြန်နိုင်ငံအ ကျဉ်းထောင် တွင် ဖမ်းဆီးခံထားရသော ထိုင်းနိုင်ငံသား၉၂ဦး လွတ်မြောက်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်း သတင်းအေဂျင်စီများသို့ပြောကြားခဲ့ကြောင့် Bernama သတင်းစာတွင်ဖေါ်ပြထားသည်။ 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတကသိုလ် (ရန်ကုန်)သို့ ကိုလံဘီယာ နိုင်ငံနှင့် နီပေါနိုင်ငံတို့မှ လာရောက် လေ့လာ

ကိုလံဘီယာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့သည် သြဂုတ် ၁ဝ ရက် နံနက် ၁ဝ နာရီက ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ် ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) သို့လာရောက်ပြီး ဌာနတစ်ခုချင်း အလိုက် ကျောင်းသား၊ ကျောင်းသူများ စာတွေ့ လက်တွေ့  သင်ကြား နေမှုများ ကို ကြည့်ရှု လေ့လာ ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ


ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီသို့ တရားစီရင်ရေး ဆိုင်ရာတိုင်စာ   များ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။ 

ပါတီဝင် ၂၀၀ ကျော် NLD ညီလာခံ ကျင်းပရေး ကော်မတီ ကို ဆန္ဒပြမည်

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တွင် ခရိုင် / မြို့  နယ် ညီလာခံ ကျင်းပရေး ကော်မတီဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုကာ ပါတီဝင် ၂၀၀ ကျော်က
ပါတီရုံးရှေ့  တွင် သြဂုတ်လ ၂၀ ရက်နေ့တွင် ဆန္ဒဖော်ထုတ်မည်ဟု ကော့သောင်းမြို့ နယ် NLD မှ ဦးမျိုးလွင် က ပြောကြားသည်။



ဆင်ခြေမဲ့ ချစ်ခြင်းတရား ဆိုသည်မှာ...




ဗီယက်နမ် စစ်ပွဲမှာ တိုက်ခိုက်ပြီး ပြန်လာတဲ့ စစ်သားတစ်ယောက်အကြောင်းပါ။

""ဒုသမ္မတ(၂)အကြောင်းတစေ့တစောင်း""

စစ်တက္ကသိုလ်အပါတ်စဉ်(၁၆)၊အောင်ဇေယျတပ်ခွဲဆင်းဖြစ်ပါတယ်။တပ်မတော်(ရေ)တွင်ဒုဗိုလ်မှဗိုလ် ချုပ်ကြီး အထိတာဝန်ထမ်းဆောင်ခဲ့သည်။ဇီးကုန်းသားတယောက်ဖြစ်ပြီး ၊ လူရည်ချွန် ၂ ထပ်ကွမ်းရရှိခဲ့  ပါ တယ်။ အမေရိကန်/အင်္ဂလန်တို့တွင်တပ်မတော်ဆိုင်ရာသင်တန်းများစွာတက်ရောက်ခဲ့သူဖြစ်ပါတယ်။
 အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ) သင်တန်းတွင် မြန်မာ တပြည်လုံး ပထမ ရရှိခဲ့ပါတယ်။
 

ဥတ္တရရက္ခိတဒေသကိုလှမ်းမျှော်ကြည့်ခြင်း


သမ္မတကြီးနဲ့ ဗီအိုအေ ဦးသန်းလွင်ထွန်းတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းအရ နောက်ဆုံးတော့ အစိုးရဟာ Social integration ဆိုတဲ့ မျိုချတဲ့နည်းလမ်းကို ရွေးလိုက်ပြီလို့ သတိပြုမိပါတယ်။

ဒီတစ်ခေါက်သမ္မတကြီးရဲ့ အင်တာဗျူးမှာ ပြောခဲ့တာဟာ ဟိုးတစ်ခါ UNHCR က အကြီးအကဲ Antonio Guterres ကိုပြောခဲ့တဲ့ မြန်မာနိုင်ငံသားတွေမဟုတ်ဘူး ဒုက္ခသည်အဖြစ်လက်ခံထားပြီး တတိယနိုင်ငံက လက်ခံရင် ပို့ပေးမယ် ဆိုတဲ့စကားနဲ့တော့ လုံးဝနီးပါးဆန့်ကျင်ဘက်ပဲ။

"ပြည်သူတို့၏ တိုင်ကြားစာ အစိုးရအဖွဲ့ ကိုင်တွယ်မှု အားနည်း"

ပြည်သူတို့၏ တိုင်ကြားစာများအပေါ် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပြန်ကြား ချက်နည်းပါးနေကြောင်း   ပြည်သူ တို့၏   တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာကော်မတီမှ သြဂုတ် ၁၃ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ အစီရင်ခံတင်သွင်းသည့်အထဲတွင် ပါရှိသည်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော် မတီ သို့ တိုင်ကြားစာပေါင်း ၁ဝ၃၉ စောင် ရောက် ရှိခဲ့ပြီး ကော်မတီမှ ပြည် ထောင်စုအစိုးရသို့ လွှဲပြောင်းပေး အပ်ရာတွင် အစိုးရအဖွဲ့မှ ပြန်ကြားချက်များ လက်ခံရရှိမှု နည်းပါးနေသဖြင့် လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ၊ အသနားခံစာ အမှုတွဲများအား အချိန်နှင့် တစ်ပြေး ညီ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း အဆိုပါကော် မတီမှ အစီရင်ခံခဲ့သည်။

ရန်ကုန်-ပုသိမ် ကားလမ်း အကန့်အသတ်မရှိ ပိတ်ထားရ

ရန်ကုန်-ပုသိမ် ကားလမ်းပေါ်ရှိကြိမ်ချောင်းတံတားအနီးတွင်ရေတိုက်စားမှုကြောင့်ကားလမ်းဆိုးဆိုးရွားရွား
ပျက်စီး သွားသဖြင့် ရန်ကုန်-ပုသိမ် ကားလမ်းကိုယနေ့(၁၅.၈.၂၀၁၂)မွန်းလွဲပိုင်းမှစတင်ပြီးအ ကန့်အသတ် မရှိ  ပိတ်ထားရကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်ပုသိမ်မြို့ခံတစ်ဦးကပြောသည်။
ယခင်ရက်များက ည၈း၀၀နာရီမှမနက်၅း၀၀နာရီအထိသာယာဉ်သွားလာမှုကိုပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း လဲသိရသည်။
 

"လျှံထွက်နေသော မှောင်ခိုဈေးကွက်ကို အလဲထိုးတော့မည်ဟု ဆို"

မှောင်ခိုတင်သွင်းမှု များပြားနေ၍ နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ဇူလိုင်လမှစကာ သိသိသာသာကျ ဆင်း လာနေခြင်းကြောင့် ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဟု စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ ''အရေးမယူတဲ့ အတွက် ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်'' ဟု ပြည် ထောင်စုဝန်ကြီး က ပြောသည်။ နယ်စပ် ကုန်သွယ်မှု အဓိက နေရာများဖြစ်သည့် မူဆယ်နှင့် မြ ဝတီ လမ်းကြောင်းတို့မှ နေ၍ ကန်ဒေါ်လာ ၅ သန်းမှ ၁ဝ သန်းအ ထိ မှောင်ခိုလုပ်နေကြကြောင်း၊ နယ် စပ်ဂိတ်များမှ နေ၍ပါလမ်းကြောင်း တစ်ကြောင်းဖြင့် မှောင်ခိုလုပ်နေ ကြသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။

ပြည်သူချစ်သော အမေ သို့ သမီးတစ်ယောက်ရဲ့ ဆန်ရေ



အမေရေ …..


အခုတလော အမေ့ကိုတွေ့ရတာ ညှိုးနွမ်းနေလို့ သမီးတစ်ယောက် အနေနဲ့ ရင်ထဲမှာ မချမ်းမြေ့ လိုက်တာ အမေရယ်။ အမေရဲ့ ကျက်သရေ ရှိတဲ့အပြုံး၊ ထက်မြက်တဲ့ အတွေးအခေါ်တွေကြောင့် အမေ့ကို လေးစား အားကျလို့ အမေ့လိုဖြစ်ချင်၊ အမေ့အနားမှာ နေချင်ခဲ့ပေမယ့် မနေနိုင်ခဲ့ဘူး။  ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူ့စည်းရုံးရေး ခရီးစဉ်တွေမှာ ပြုံးနေတဲ့ အမေ့ရဲ့မျက်နှာ နဲ့ ပည်သူတွေ အပေါ်ထားတဲ့ အမေ့ရဲ့ စေတနာတွေကြောင့် အမေဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲကျက်သရေ ရှိပြီး လှပနေခဲ့တာပါ။ 

၂၀၁၂ ဆူဇူကီး အတွက် ရွေးချယ်ထားသော ပဏာမ လက်ရွေးစင် နှင့် MNL-All Star အသင်း ခြေစမ်းပွဲအား Channel7 မှ လွှင့်မည်


၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲဝင်ရန်ရွေးချယ်ထားသော ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် MNL All Star အသင်းတို့၏ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့်ပွဲကို (၁၅.၈.၂၀၁၂) ရက်နေ့၊ ယနေ့ညနေ (၄း၀၀) နာရီအချိန်တွင် Channel7 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ ဆွေးနွေးပွဲ တစ်ရပ် ပူးတွဲ ကျင်းပမည်

မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ ပူးတွဲကျင်းပမည့် ဆွေးနွေးပွဲ တစ်ရပ် ကို သြဂုတ်လ(၁၆)ရက်နေ့ မွန်းလွဲ(၃)နာရီမှ (၅)နာရီအချိန်အတွင်း Park Royal Hotel(Ball Room No.3) တွင် ကျင်းပမည်ဖြစ်ပါသည်။

လက်ရွေးစင် အသင်းကို အနိုင်ကစားမည်ဟု ဆိုလာသူ ဘောဂတ်စ်နှင့် ခဏတာ

ယနေ့ ညနေတွင် မြန်မာ့ လက်ရွေးစင် အသင်းသည် နည်းပြသစ် ပတ်ဆောင်ဟွာ၏ လက်ထက်တွင် ပထမဆုံး ခြေစမ်းပွဲ အဖြစ် မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းများမှ ခြေစွမ်းပြလျက် ရှိသည့် နိုင်ငံခြား သား ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် All Star အသင်းနှင့် ခြေစမ်း ကစားတော့မည် ဖြစ်သည်။ ပုံမှန် အားဖြင့် သာမန်ခြေစမ်းပွဲ တစ်ရပ်သာ ဖြစ်သော်လည်း နည်းပြချုပ် ပတ်ဆောင်ဟွာ ကိုယ် တွယ်နေခြင်းေ ကြာင့် အဆိုပါ ပွဲစဉ်မှာ စိတ်ဝင်စားဖွယ် ဖြစ်လာရသည်။ ထို့အပြင် MNL All Star အသင်းကို ကိုယ်တွယ် မည့် နည်းပြမှာလည်း မြန်မာနေရှင်နယ်လိဂ် အအောင်မြင်ဆုံး အသင်း ရတနာပုံ၏ နည်းပြချုပ် ဘော ဂတ်စ် ဖြစ်နေခြင်းကလည်း ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာခဲ့သည်။ နည်းပြ ဘောဂတ်စ်ကိုယ်တိုင်က လည်း မြန်မာ့ လက်ရွေးစင် အသင်းကို မိမိတို့ အနိုင် ကစားနိုင်ကြောင်း ဆိုလာခဲ့ရာ ၎င်း၏ ပြင်ဆင်မှုများကို ခဏတာ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ပြင်ဆင်ချက် ၉၄ ချက်ကို ဆွေးနွေးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြု

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်း ခွင့်ပြုမည့် အချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အတွက် မြေနေရာ ချထားပေးမှု ဆိုင်ရာအချက်များ၊ အသေးစား အလတ် စား လုပ်ငန်း များ ထိခိုက်မှု မရှိစေနိုင်မည့် လုပ်ငန်းများသာ ခွင့်ပြုရေး စသည့်အချက်များ အပါအ၀င် ပြင်ဆင်ချက် ၉၄ ချက်ကို ဆွေးနွေးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်သူ့လွှတ်တော်မှ အတည်ပြုကြောင်း သြဂုတ်လ ၁၄ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း


ဘယ်လ်ဂျီယံတက္ကသိုလ်တစ်ခုက သမ္မတဦးသိန်းစိန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ရန်ပြင်

ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည့် Universite de Liege က ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် သမ္မတဦးသိန်းစိန်အား ဂုဏ် ထူးဆောင်ဒေါက်တာ ဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။



ဒုတိယ သမ္မတ အဖြစ် ကြေငြာ

လစ်လပ်နေသော ဒုတိယ သမ္မတ နေရာအတွက်  ကာကွယ်ရေး ဦးစီးချုပ်(ရေ)  ရေ-၁၁၉၆၊ ဗိုလ်ချုပ်ကြီး ညဏ်ထွန်းအား ရွေးချယ်အတည်ပြုကြောင်း ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပြည်ထောင်စု လွှတ်တော် မှ ကြေငြာလိုက်သည်။ ၁၀ နာရီ ၁၅ မိနစ်တွင် တပ်မတော်မှ အငြိမ်းစားယူလိုက်သည့် ဦးဥာဏ်ထွန်းမှ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ဦးဥာဏ်ထွန်းအနေဖြင့် ဖွဲ့စည်းပုံ ဥပဒေအရ ဒုတိယ သမ္မတ(၂)အဖြစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ဒေါက်တာ စိုင်းမောက်ခမ်းက ဒုတိယသမ္မတ(၁) ဖြစ်လာ    မည်ဖစ်သည်။ယခင်ဒုတိယသမ္မတ(၁)ဖစ်သူသီဟသူရ ဦးတင်အောင်မြင့်ဦးကျန်းမာရေး ကြောင့်              
နှုတ်ထွက်   စာတင်ခဲ့ရာ လွှတ်တော်က လက်ခံခဲ့ပြီး ဒုတိယ သမ္မတ တစ်ဦး ပြန်လည်ရွေးချယ် တင်မြှောက်ခြင်း  ဖြစ်သည်။








photo:thevoiceweekly

မြစ်ဆုံဆည်နောက်ဆက်တွဲသတင်း နားစွင့်ကြည့်ရအောင် (မောင်ဝံသ)

ပြည်သူ့ခေတ်ဂျာနယ် ၁၆ သြဂုတ် ၂၀၁၂ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

ခုရက်ပိုင်းအတွင်း ကျွန်တော်တို့ဆီကို ပြည်သူ့ခေတ် ပုံမှန် ပရိသတ်တချို့က အီးမေးလ်တွေပို့သူကပို့၊ တယ်လီဖုန်း ဆက်သူကဆက်ပြီး မေးကြမြန်းကြတာ အရင်ကထက် ပိုများလာသလားအောက်မေ့တယ်။ အထူးသဖြင့် မတရား  မြေသိမ်းခံရသူတွေ၊ အစိုးရကို မြေနဲ့ အဆောက်အဦငှား ရမ်းခဲ့ရာ က ပြန်မပေး ဘဲ ဘော်လီဘော အပုတ်ခံရသူတွေက ရင်ဖွင့်ကြတယ်။  ဂျာနယ်မှာ ထည့်ပြီး လူကြီးတွေ သိအောင် လုပ်ပေး ပါလို့ တောင်း ဆိုကြတယ်ဗျာ။  သူတို့ဖြစ်စေချင် တာကို သူတို့ကိုယ်စား မီဒီယာက ပြောပေး ပါလို့ တောင်း ဆိုတာ သဘာဝ ကျပါတယ်။ ကျွန်တော်တို့ကလည်း အဲသလို ပရိသတ်ရဲ့ တိုင်ပင်ဖော် တိုင်ပင် ဖက် လို သဘောထားခြင်းခံရတာကို လွန်စွာမှ ပီတိ ဖြစ်မိပါသဗျ။

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်များတွင် တောမီးလောင်ကျွမ်း

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်များတွင် တောမီးလောင်ကျွမ်းမှုများ ကူးစက်လောင် ကျွမ်းလျက်ရှိပြီး နေအိမ်ပေါင်း ဒါဇင်နှင့်ချီ မီးလောင်ဆုံးရှုံးခဲ့ရကြောင်းနှင့် ရာပေါင်းများစွာသော ဒေသ ခံများမှာ တောမီးအန္တရာယ်တွေ့ကြုံနေရကြောင်းNBC News က ပြောကြားသည်။

(၁၅.၈.၂၀၁၂) မနက်ပိုင်း သတင်းများ

သြဂုတ်လ ၁၅ ရက်နေ့ (ယနေ့ ) တွင် ဒုတိယ သမ္မတရွေးမည်  Link
လောင်းလုံ ရေနံစက်ရုံအတွက် ဥယျာဉ်ခြံမြေများ အသိမ်းခံရဖွယ်ရှိ Link
 ဒုတိယ သမ္မတသစ် အမည် သြဂုတ် ၁၅ ရက်နေ့ ကြေညာမည်    Link
 လျှပ်တစ်ပြက် စွဲချက်တင်သင့် မတင်သင့် ရုံးချိန်းပေးလိုက် Link
 လွှတ်တော်မှာ ဒုတိယသမ္မတ အတည်ပြုဖွယ်ရှိ   Link
တရုတ်နိုင်ငံ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး တိုးမြှင့်မည် Link
 ကချင်ပြည်နယ် စုံစမ်းတွေ့ရှိမှု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန် Link
ုတိယ သမ္မတ ဘယ်သူဖြစ်မလဲ  Link
အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ENC အမြင်  Link
ဒီမိုကရေစီမှာ ၅ ည လိုသေးလား    Link