Friday 1 August 2014

အောင်ပန်းဗုံးဖောက်ခွဲမှု တရားခံမမိသေး၊ အဆိုပါဖောက်ခွဲမှုအား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မလိုလား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း လတ်တလောကောက်ချက်ချထားဟုဆို

ရှမ်းပြည်နယ် အောင်ပန်းတွင် ဇူလိုင် ၂၅ရက်က ချိန်ကိုက်ဗုံးဖောက်ခွဲမှုမှာ တစ်ပတ် ခန့်ကြာသည်အထိ တရားခံဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သို့ရာတွင် ငြိမ်ချမ်းရေးဆွေး နွေး ပွဲကိုမလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က အဆိုပါဖောက်ခွဲမှုကို ပူးပေါင်း လုပ် ဆောင်ခြင်းဖြစ် သည်ဟု လတ်တ လောကောက်ချက် ချထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကျော်ခိုင်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။
ရဲမှူးကျော်ခိုင်က ''လတ်တလော စစ်ဆေးချက်အရတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပူး ပေါင်း လုပ်ဆောင် တာပါ။ တရား ခံဖမ်းမိထားတာတော့ မရှိပါဘူး။ ဆက်လက်ဆောင်ရွက်နေတုန်း ပါ''ဟုပြော သည်။

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာ မထားရှိဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာ လိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။

ဗီဇာအတုဖြင့် မလေးရှားသို့ ဝင်ရောက်သည့် မြန်မာ ၅၀ ကျော် ပြန်လွတ်မြောက်ရေး မြန်မာသံရုံး ကြိုးပမ်းဟုဆို

မြန်မာနိုင်ငံက တရားမဝင် အလုပ်အကိုင် ကုမ္ပဏီက ပြုလုပ်စေလွှတ်လိုက်သည့် သံရုံး ဗီဇာအတုများဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အမြန်ဆုံး လွတ်မြောက်ရန် သံတမန် နည်းလမ်းဖြင့် ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အသစ်ပြန်ရေးရင် ပြည်သူလက်ခံနိုင်မယ်လို့ KIO ပြော

Photo: ၂ဝဝ၈ ဖွဲ့စည်းပုံ အသစ်ပြန်ရေးရင် ပြည်သူလက်ခံနိုင်မယ်လို့ KIO ပြော
Friday, August 1, 2014 

မြန်မာအစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မခံနိုင်တာကြောင့် အသစ်ပြန်လည်ရေးဆွဲမယ်ဆိုရင် ပြည်သူတွေအားလုံး လက်ခံနိုင်မယ်လို့ KIO ဥက္ကဌ ဇောင်းဟရားက တိုင်းရင်းသားညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ဖွဲ့စည်းပုံအသစ်ရေးဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြောခဲ့သလဲ။

တိုင်းရင်းသားလူမျိုးစုတွေအားလုံး လက်ခံတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေး အခြေခံမူတွေကို လူထုကိုချပြပြီး လူထုထောက်ခံမှုရယူရမယ်လို့ လိုင်ဇာမှာ ကျင်းပတဲ့ တတိယအကြိမ် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရက ဖယ်ဒရယ်ပြည်ထောင်စုမူကို လက်ခံတယ်ပြောပေမယ့် တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်မူနဲ့ ထပ်တူကျရဲ့လားလို့ KIO ဥက္ကဌက မေးခွန်းထုတ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ NCCT အနေနဲ့ လိုင်ဇာညီလာခံ သဘောတူညီချက်တွေကို မလျှော့တမ်း ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

NCCT အဖွဲ့ဝင်တွေနဲ့ကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံအပြီး ဆက်ကျင်းပတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ညီလာခံမှာတော့ NCCT ထဲမှာ မပါတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ABSDF ကျောင်းသားတပ်မတော်တို့ တက်ရောက်ခဲ့ပြီး “ဝ”နဲ့ မိုင်းလားအဖွဲ့တွေ မတက်ရောက်ခဲ့ပါဘူး။

လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ NCCT ကို ကြီးကြပ်မယ့် ဦးဆောင်ကော်မတီ ဖွဲ့စည်းဖို့ လိုအပ်ပေမယ့် မဆုံးဖြတ်နိုင်သေးဘူးလို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးကြီးစိုင်းငယ်က သူတို့အဖွဲ့အနေနဲ့ NCCT ထဲမှာ မပါဝင်ပေမယ့် ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့အခါ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ NCCT မှာ မပါဝင်ဖြစ်တာဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သူတို့အဖွဲ့ ဆုံးဖြတ်နိုင်ပေမယ့် နိုင်ငံရေးကိစ္စကိုတော့ ရှမ်းပြည်သူလူထုအပါအဝင် ရှမ်းနိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းရမှာမို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ NCCT ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ဗိုလ်မှူးကြီးစိုင်းငယ်က ကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။

Kamayut Media
မြန်မာအစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မခံနိုင်တာကြောင့် အသစ်ပြန် လည် ရေးဆွဲ မယ်ဆိုရင် ပြည်သူတွေအားလုံး လက်ခံနိုင်မယ်လို့ KIO ဥက္ကဌ ဇောင်းဟရားက တိုင်းရင်းသား ညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ဖွဲ့စည်းပုံအသစ်ရေးဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြောခဲ့သလဲ။

သမ္မတအိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် သဘောတူ

Photo: သမ္မတအိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် သဘောတူ
Friday, August 1, 2014 

ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်သည်ဟု ဆိုကာ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် အောက်လွှတ်တော်က တရားစွဲဆိုရန် သဘောတူလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို အမေရိကန်သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုရန် ရီပတ်ဘလီကန် အမတ်အများစု ရှိသော အမေရိကန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၂၅ မဲနှင့် ကန့်ကွက်မဲ ၂၀၁ မဲဖြင့် တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သမ္မတအိုဘားမားသည် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကိုသာမက လူဝင်မှုကြီးကြပ်ရေး မူဝါဒ စသည့် ကိစ္စများကိုလည်း ကွန်ဂရက်၏ သဘောတူညီမှု မပါဘဲ ၎င်းတစ်ဦးတည်း သဘောဖြင့် လုပ်ဆောင်ခြင်းများ တွေ့ရကြောင်း ရီပတ်ဘလီကန် လွှတ်တော်အမတ်များက ပြောကြားကြသည်။

အဆိုပါ ကိစ္စများထဲမှ အောင်မြင်နိုင်ခြေ ရှိသော ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ သမ္မတအိုဘားမားကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်၏ ဥပဒေရေးရ ကော်မတီဥက္ကဋ္ဌ ဖြစ်သော တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလီကန် လွှတ်တော်အမတ် ပီတီဆက်ရှင်က ပြောကြားသည်။

ယခုကဲ့သို့ တရားစွဲဆိုမည့် ကိစ္စနှင့် ပတ်သက်၍ “ဒါ အချိန်ဖြုန်းတာပဲ။ ဒီကိစ္စဟာ နိုင်ငံရေး စတန့်ထွင်တယ်ဆိုတာ လူတိုင်းသိပါတယ်” ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

ထို့ပြင် “ကွန်ဂရက်က ဘာမှ လုပ်မပေးဘူးဆိုရင် ကျွန်တော်တို့က ကိုယ်တတ်နိုင်တာကို လုပ်ရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခင်က အမေရိကန်သမ္မတ တစ်ဦးအပေါ် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးက တရားစွဲဆိုမှု ရှိခဲ့ဖူးသော်လည်း အမေရိကန် အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်က တရားစွဲဆိုခြင်းမျိုးမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

“ဒီကိစ္စက ရီပတ်ဘလီကန် ပါတီ၊ ဒီမိုကရက်တစ် ပါတီဆိုတာနဲ့ မဆိုင်ပါဘူး။ ဒီကိစ္စက ကျွန်တော်တို့ ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့ အမေရိကန် အခြေခံဥပဒေကို ကာကွယ်တဲ့ကိစ္စပါ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာက ပြောကြားသည်။

The Voice Weekly
ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်သည်ဟု ဆိုကာ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် အောက်လွှတ်တော်က တရားစွဲဆိုရန် သဘောတူ လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး

Photo: ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး
Friday, August 1, 2014

တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ N1 အဝေးပြေးလမ်းမကြီးပေါ်တွင် သစ်ကုလားအုတ် နှစ်ကောင်ကို ကုန်သေတ္တာထဲထည့်ကာ ထရပ်ကားဖြင့် ဆွဲယူလာရာမှ ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ သစ်ကုလားအုတ်များ၏ ရှည်လျားသော လည်ပင်းများသည် ကုန်သေတ္တာ အပြင်ဘက်သို့ ထွက်နေရာ ခုံးကျော်တံတားနှင့် မလွတ်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

တိုက်မိသည့် အရှိန်မှာ ပြင်းထန်လွန်းသဖြင့် သစ်ကုလားအုတ် နှစ်ကောင်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ထရပ်ကားလည်း စက်ချွတ်ယွင်းသွားခဲ့သည်။ သစ်ကုလားအုတ်များကို နီးစပ်ရာ တိရစ္ဆာန် ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း တစ်ကောင်မှာ သေဆုံးသွားခဲ့ရှာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ကို Hangover Part III ဇာတ်ကားမှ ဇာတ်ဝင်ခန်းနှင့် နှိုင်းယှဉ်ပြီး Twitter တွင် လှောင်ပြောင် ပြောဆိုမှုများ ရှိနေသည်။ ထရပ်ကားနောက်မှ ကားမောင်းလိုက်ပါခဲ့သူ သီနက်စ်ဘိုသာက ဂရန်စ်ဖောင်တိန်း တံတားအရောက်တွင် ယင်းအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း Twitterတွင် ရေးသားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာတော့ သွေးတွေ အိုင်ထွန်းနေတာပဲ”ဘိုသာက မှတ်ချက်ပြုခဲ့သည်။

တိရစ္ဆာန် ညှင်းပန်းမှု တားဆီးရေးအဖွဲ့ (NSPCA)မှ မန်နေဂျာဖြစ်သူ ရစ်အလန်က သေဆုံးသွားသည့် သစ်ကုလားအုတ်တွင် ဦးခေါင်း၌ ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကို အတည်ပြုခဲ့သော်လည်း သီးခြား သေမှုသေခင်း စစ်ဆေးချက် ရယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

BBC
တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတနှင့်မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ယနေ့တွေ့မည်

နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)တို့မှ တာဝန်ရှိသူ တို့သည် နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် ယနေ့တွေ့ဆုံပြီး သတင်းမီဒီယာလောကတွင် ကြုံ တွေ့နေရသည့် အကြောင်း အရာ များကို တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်

Photo: ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်
Friday, August 1, 2014 

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့နှင့် မြန်အောင်မြို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုတွင် ဗြိတိန်အခြေစိုက် MPRLE & P Pte ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

ရမည်းသင်းမြို့နှင့် အုန်းတွဲမြို့တို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုကိုမူ နယ်သာလန်နိုင်ငံ အခြေစိုက် Eni Myanmar B.V ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

အဆိုပါ ကုမ္ပဏီများနှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်ရေးအတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ Lake Garden Hotel ၌ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်အတွင်းက အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ကုန်းတွင်းရေနံ လုပ်ကွက် ၁၆ ခုတွင် လေးခုကို စတင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

MPRLE & P Pte. ကုမ္ပဏီသည် ရေနံလုပ်ငန်းများတွင် နာမည်ကျော် ဦး မိုက်ကယ်မိုးမြင့် အမှုဆောင်အရာရှိချုပ် အဖြစ် တာဝန်ယူထားသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွား မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

စောင့်ရှောက်သူမဲ့ အသက် ၈၀ ဝန်းကျင် မောင်နှမ အစ်ကို သေဆုံးသည့်ဘေး၌ ညီမ အာဟာရပြတ် လဲကျ

တောင်ဥက္ကလာပမြို့နယ် ၁၄/၁ ရပ်ကွက်၊ မြင်သာ ၉ လမ်းတွင် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက စောင့် ရှောက် သူမဲ့ သက်ကြီးရွယ်အို မောင်နှမနှစ်ဦး နေထိုင်သည့် အိမ်အတွင်း အသက် ၈၂ နှစ်အရွယ်ရှိ ဗိုလ်ကြီးဟောင်း မှာ ပုပ်ပွသေဆုံးနေပြီး အသက် ၇၈ နှစ်အရွယ်ရှိ ညီမဖြစ်သူမှာ အာဟာရပြတ်ကာ လဲကျ နေသည်ကို ရပ်ကွက်နေသူများက တွေ့ရှိခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တိုက်ဝရန်တာ ပြိုကျ၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ

Photo: တိုက်ဝရန်တာ ပြိုကျ၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ 
Friday, August 1, 2014 

ကြည့်မြင်တိုင်မြို့နယ်၊ ရွှေလှိုင်လမ်းအတွင်း ဇူလိုင် ၃၁ ရက်ညက နှစ်ထပ်တိုက်၏ ဝရန်တာတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ ဇူလိုင် ၃၁ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးမှတ်တိုင်အနီး၊ ရွှေလှိုင်လမ်း အတွင်းရှိ နှစ်ထပ်တိုက်၏ အိမ်ရှေ့ဝရန်တာပြိုကျရာ၌ တိုက်အောက်တွင် ဈေးရောင်းနေသည့် ဈေးတန်းပေါ်သို့ ပြုတ်ကျ ခဲ့ခြင်းဖြစ်သည်။ ‘‘ယောက်ျားတစ်ယောက် သေတယ်။ မိန်းမသုံးယောက်ထိတယ်။ အကြောင်းရင်းကတော့ မိုးတအားများနေတော့ နဂိုက ဆွေးနေတဲ့အတွက် အပေါ်က တံစက်မြိတ်ပြုတ်ကျပြီး ဝရန်တာပါထိပြီး  ဝရန်တာပါ ပြုတ်ကျတာ’’ ဟု ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းကပြောသည်။ ‘‘ဈေးရောင်းနေတုန်းကို ဝုန်း ဝုန်းဆိုပြီး အသံကြားလို့ ကြည့်လိုက်တော့ တိုက်ဝရန်တာကြီးက အောက်မှာရောင်းနေတဲ့ ဈေးသည်တွေပေါ်ကို ပြုတ်ကျတာ။ တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်’’ ဟု အဆိုပါဈေးတွင် ဈေးရောင်းသူ အမျိုးသမီးတစ်ဦးကလည်း ပြောပြသည်။ ရန်ကုန်မြို့တော်စည်ပင်က အဆိုပါတိုက်ကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက် ညနေကလည်း အလုံမြို့နယ်ရှိ နှစ်ထပ်တိုက်ဟောင်းကို တိုက်သစ်ဆောက်ရန် ဖြိုချရာမှ အိမ်ပထမထပ် မျက်နှာစာအခြမ်းရှိ အုတ်နံရံ ပြိုကျခဲ့ပြီး တိုက်ဖြိုဖျက်နေသော အလုပ်သမားသုံးဦးပိမိကာ နေရာ တွင်ပင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ် မေလကလည်း စမ်းချောင်းမြို့နယ်အတွင်းရှိ တိုက်ဟောင်းကိုဖြိုချစဉ် ဖြိုလက်စတိုက်ပြို၍ အလုပ်သမားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

ရေးသားသူ - သတင်းအဖွဲ့
7Day Daily

ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ကြည့်မြင်တိုင်မြို့နယ်၊ ရွှေလှိုင်လမ်းအတွင်း ဇူလိုင် ၃၁ ရက်ညက နှစ်ထပ်တိုက်၏ ​ဝရန်တာတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကေအင်န်ယူတပ်မဟာ (၇) ရှိ ဒေသနှစ်ခုတွင် စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် အိမ်လုံးရေတစ်ရာ တည်ဆောက်ပြီး

ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ (၇) ရှိရာ မော်ဖိုးကေနှင့် မဲ့သရိဒေသနှစ်ခု တွင် စစ်ဘေးရှောင်ဒုက္ခသည်များ နေထိုင်ရန်  တန်ဖိုးနည်းအိမ် အလုံးရေတစ်ရာ ဆောက် လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း KNU/KNLA တပ်မဟာ (၇) စီးပွားရေး ရုံးမှ သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်တွင် PR စနစ် ကျင့်သုံးနိုင်ရေးအတွက် လေ့လာရေး ကော်မရှင်ဖွဲ့

လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေးနှင့် မြန်မာနိုင်ငံအတွက် သင့်တော်မည့် ရွေးကောက်ပွဲ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ စနစ်သစ် ပေါ်ပေါက်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အာဖရိကတွင် အခမဲ့ အွန်လိုင်းဝန်ဆောင်မှုများ အသုံးပြုနိုင်မည့် Internet.org app ကို Facebook မိတ်ဆက်

Photo: အာဖရိကတွင် အခမဲ့ အွန်လိုင်းဝန်ဆောင်မှုများ အသုံးပြုနိုင်မည့် Internet.org app ကို Facebook မိတ်ဆက်
Friday, August 1, 2014

Facebook သည် Wikipedia, Google, Facebook, Facebook Messenger ကဲ့သို့သော ဆိုက်များကို အာဖရိကတွင် အခမဲ့ အသုံးပြုနိုင်မည့် Internet.org app သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

၎င်းသည် Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိုဘိုင်းအင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ထားသည့် Internet.org ၏ ပဏာမ ခြေလှမ်းတစ်ရပ်ဖြစ်သည်။

“အခုအချိန်မှာ ဇမ်ဘီယာက လူဦးရေ ၁၅ ရာခိုင်နှုန်းကသာ အင်တာနက်ကို အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့် သိပ်မကြာခင်မှာ လူတိုင်းဟာ အင်တာနက်ကို အခမဲ့ အသုံးပြုပြီး အလုပ်ရှာဖွေခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု အကူအညီများရယူခြင်း၊ Facebook လိုမျိုး tool များကို အသုံးပြုပြီး ချစ်သူခင်သူများနှင့် ဆက်သွယ်မှု ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတော့မယ်” ဟု ဇူကာဘတ်ခ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Internet.org app ကို ဇမ်ဘီယာနိုင်ငံရှိ Airtel ကို သုံးစွဲသူများက ပထမဦးဆုံး အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

သုံးစွဲသူများသည် Internet.org app ကို Android အတွက် download ပြုလုပ်ပြီးနောက် မတူညီသည့် ဆိုက် ၁၃ ခုကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် အဆိုပါ အစီအစဉ်ကို အခြားနိုင်ငံများတွင်လည်း အသုံးပြုနိုင်ရန် Facebook စီစဉ်လျက်ရှိသည်။

Ref: NBCNews
Facebook သည် Wikipedia, Google, Facebook, Facebook Messenger ကဲ့သို့သော ဆိုက်များကို အာဖရိကတွင် အခမဲ့ အသုံးပြုနိုင်မည့် Internet.org app သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

ကေအင်န်ယူတပ်မဟာ (၇) ရှိ ဒေသနှစ်ခုတွင် စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် အိမ်လုံးရေတစ်ရာ တည်ဆောက်ပြီး

ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ (၇) ရှိရာ မော်ဖိုးကေနှင့် မဲ့သရိဒေသနှစ်ခု တွင် စစ်ဘေးရှောင်ဒုက္ခသည်များ နေထိုင်ရန်  တန်ဖိုးနည်းအိမ် အလုံးရေတစ်ရာ ဆောက်လုပ်ြ
ပီးစီး သွားပြီဖြစ်ကြောင်း KNU/KNLA တပ်မဟာ (၇) စီးပွားရေး ရုံးမှ သတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည် မြောက်ပိုင်း)မှ KIA ဖိနှိပ်ခံ ရှမ်းမျိုးနွယ်စုများအရေး အဓိကထားတင်ပြ

Photo: မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည် မြောက်ပိုင်း)မှ KIA ဖိနှိပ်ခံ ရှမ်းမျိုးနွယ်စုများအရေး အဓိကထားတင်ပြ
Friday, August 1, 2014

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တတိယအကြိမ် ညီလာခံအစည်းအဝေးသို့ တက်ရောက် လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)မှ ဇူလိုင် ၃၁ ရက်နေ့တွင် KIA အဖွဲ့၏ ရှမ်းမျိုးနွယ်စုများအပေါ် ဖိနှိပ်မှုများကို တင်ပြချက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိနေသော Mr.Vijay Nambia မှ ရှမ်းမျိုးနွယ်စု
ရေးရာအဖွဲ့အား ညနေ ၃ နာရီ ၂၅ မိနစ်မှ ၃ နာရီ ၅၀ မိနစ်အထိ တွေ့ဆုံ စကားပြောခဲ့ကြောင်းနှင့် တင်ပြချင်များအပေါ် အရေးတယူ မှတ်သား သွားခဲ့ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

``အဓိက ဦးစားပေးတင်ပြတာကတော့ KIA အဖွဲ့ရဲ့ ဒေသခံရှမ်းလူမျိုးတွေအပေါ် တပ်သားသစ်စုတာနဲ့ ဆက်ကြေး ကောက်နေတဲ့ ကိစ္စပါ´´ဟု ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းထွန်းရင်က ပြောသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)ှ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်၊ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်း ထိန်လင်း၊ အတွင်းရေးမှူး ဦးစိုင်းစန်းဝေ၊ ဦးခင်မောင်ကြည်တို့ ပါဝင်ကြောင်း သိရသည်။

``တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးတာ အောင်မြင်သွားလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရင် ဒေသခံ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေကိုပါ ပါဝင်စေဖို့လည်း တင်ပြခဲ့ပါတယ်´´ ဟု အတွင်းရေးမှူး ဦးစိုင်းစန်းဝေက ဆိုသည်။

Mr.Vijay Nambia ထံသို့ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်းထိန်လင်းမှ ကချင်ပြည်နယ်တွင် နေထိုင်လျက်ရှိ သော ရှမ်းတိုင်းရင်းသားများအား KIO/KIA အဖွဲ့အစည်းမှ တပ်သားသစ်စုဆောင်းခြင်း၊ ဆက်ကြေးငွေ များ ကောက်ခံခြင်း တို့ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းအပြင် ဒေသအသီးသီးရှိ လူမျိုးများ၊ အိမ်ထောင်စု များထံမှ တစ်အိမ်လျှင် ဆန် ၃ အိတ်၊ ဆား ၃ ပိဿာ ကောက်ခံနေကြောင်း၊ KIO/KIA အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး မှုများ ပြုလုပ်နေသော်လည်း ယနေ့အချိန်အထိ တိုက်ပွဲများဖြစ်ပွားနေသေး 
ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပြီး အောင်မြင်သွား ပါက နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ချိန်တွင် ဒေသံတိုင်းရင်းသားလူမျိုးစု
ခေါင်းဆောင်များ ပါဝင်ဆွေးနွေးစေလိုကြောင်းများအား တင်ပြခဲ့ပြီး ပူးတွဲ စာနှစ်စောင်ကိုလည်း ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

စိုင်းကောင်းမြတ်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တတိယအကြိမ် ညီလာခံ အစည်းအဝေးသို့ တက်ရောက် လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)မှ ဇူလိုင် ၃၁ ရက်နေ့တွင် KIA အဖွဲ့၏ ရှမ်းမျိုးနွယ်စုများအပေါ် ဖိနှိပ်မှုများကို တင်ပြချက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ်လ ရေဒီယို မိန့်ခွန်းအပြည့်အစုံ

Photo: သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ်လ ရေဒီယို မိန့်ခွန်းအပြည့်အစုံ
Friday, August 1, 2014

သမ္မတ ဦးသိန်းစိန်က လစဉ် ရေဒီယို မိန့်ခွန်းပြောလေ့ရှိပါတယ်။ အခု ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ မကြာသေးခင်က မန္တလေးပဋိပက္ခမှာ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်သူတွေကို ဖော်ထုတ် အရေးယူနေပြီဆိုတာလည်း ထည့်သွင်းပြောဆိုသွားသလို အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တာ၊ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အာဏာ ၃ ရပ် သီးခြား လွပ်လပ်စွာ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုတွေရှိနေတာတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။ 

အပြည့်အစုံကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ပြန်လည်း ကူးယူဖော်ပြပေးလိုက်ပါ တယ်။ 

မိဘပြည်သူများခင်ဗျား 

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား 
နေကြဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲမှုများကို ပြောကြားရခြင်းဖြစ် ပါတယ်။ 

တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုစည်းပြီး ကချင်ပြည်နယ် လိုင်ဇာ မှာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကြိုဆိုပြီးတော့ လိုအပ်တဲ့ ကူညီဆောင်ရွက် မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ 

တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့သဘောတူညီ ချက်တွေရရှိနိုင်ဖို့ ဒီဆွေးနွေးပွဲများ ကနေ ပိုမိုကောင်း မွန်တဲ့ ရလဒ်များ ဆောင်ကြဉ်း လာနိုင်မယ်လို့ ကျွန်တော်တို့ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အပါ အဝင် ပြည်သူ လူထုတစ်ရပ် လုံးက မျှော်လင့် နေကြပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိနေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများဟာ အခက်အခဲ များနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ဒီဖြစ်စဉ်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်ကာလဖြစ် ပါတယ်။ 

ဒီနေရာမှာ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအင်အားစုများ အကြားမှာ တူညီတဲ့ သဘောတူညီချက်အနေနဲ့ ထားရှိနိုင်တဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီနိုင်ငံရေး ဖြစ်စဉ်ဆက်လက် ရှင်သန်ရေးကနေ ဒီမိုကရေစီ စနစ် အမြစ်တွယ်ရှင်သန်ရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တစိုက်မတ် မတ် လုပ်ဆောင်လာခြင်းက ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေထူရာရောက်မှာလည်း ဖြစ်ပါတယ်။ 

ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံ
ရေး အကြပ် အတည်းများ ရှိခဲ့တာကလည်း အမှန်ပဲဖြစ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားနိုင်တဲ့ အချက် တစ်ခုကတော့ ကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေး အကြပ် အတည်း အားလုံးကို ပြည်သူလူထုရဲ့ လိုလားချက်များအပေါ် ရှေးရှုတဲ့ အဖြေရှာမှုမျိုးနဲ့သာ ချဉ်းကပ်ပြီး မှန်ကန်တဲ့စေတနာနဲ့ ဆောင်ရွက်ခဲ့ တယ်ဆိုတာပဲဖြစ်ပါတယ်။ 

ဒီကနေ့ကာလလို စနစ်ဟောင်းကနေ စနစ်သစ်ကို ကူးပြောင်းတဲ့အခါ နိုင်ငံရေးအကြပ် အတည်းများ ကြုံတွေ့ရခြင်းဟာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ် မှုတွေ ဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။ 

ကျွန်တော့်အနေနဲ့ ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ သွင်းအားစုများအဖြစ်ရှုမြင်ပြီး လက်တွေ့ကျတဲ့ အဖြေများရရှိဖို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်မယ့် အတိုင်းအတာအတွင်းကနေ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် နေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။ 

အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ ရောက်ရှိရမယ့် စံနှုန်းများနဲ့တိုင်းတာရင် လိုအပ်ချက်များစွာ ရှိနေသေး တာက အမှန်ပဲဖြစ်ပါတယ်။ 

သို့သော်လည်း အဲ့ဒီလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်တဲ့ အခါ တစ်ဦးတစ်ယောက်အား၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့အားနဲ့ တည်ဆောက်လို့မရနိုင်ဘဲ မိမိတို့ အဖွဲ့အစည်း တစ်ခုလုံး တူညီသော ရပ်တည်ချက် တစ်ခုထားရှိပြီး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမှသာ ရရှိနိုင်မှာဖြစ်တဲ့ အကြောင်း ပြောကြား လိုပါတယ်။ 

ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုမှုများ ကိုတော့ ထိရောက်စွာ အရေးယူမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ 

မကြာခင်က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုကိုအသုံးချပြီး ဘာသာရေးပဋိပက္ခ
တွေဖြစ်အောင် ဖန်တီးလှုံ့ဆော် လုပ်ဆောင်ခဲ့ သူများကို ဖော်ထုတ် အရေးယူ ဆောင်ရွက်နေ ပြီဖြစ်ပါ တယ်။ 

မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးမှာ အသိရှိရှိ၊ သတိရှိရှိနဲ့ တာဝန်သိသိ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ခဲ့ကြ သူများကိုလည်း နိုင်ငံတော်ကိုယ်စား ဂုဏ်ယူပါ ကြောင်း ချီးကျူးပြောကြားအပ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာသဘင်၊ ဂီတ၊ ရုပ်ရှင်အဖွဲ့အစည်းများမှ အနုပညာရှင်များနဲ့ ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ 

အဖွဲ့အစည်းအသီးသီးမှ အနုပညာရှင်များရဲ့ ဆွေးနွေးပြော ကြားချက်များကို အလေးထားမှတ်ယူပြီး
နိုင်ငံတော်အပိုင်းက လတ်တလော ကူညီဆောင်ရွက် ပေးရမည့် ကိစ္စများ၊ အချိန်ယူဆောင်ရွက် ပေးရမည့် ကိစ္စများကို ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 

အနုပညာ ရှင်များဟာ ပြည်သူများ ချစ်ခင်မြတ်နိုးတဲ့ ရတနာများ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် 
ရေး မှာ ပြည်သူများရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်တာဖြစ်တဲ့အတွက် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များကို ကျွန်တော့်အနေနဲ့ တန်ဖိုးထားလေးစားပါကြောင်း ပြောကြား လိုပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေစဉ် အတွင်း မှာ မသမာသူများရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ် မှတ်ပြီး ပြည်သူများဟာ အာဇာနည်ကြီးများရဲ့ ကျေးဇူးများကို အောက်မေ့တသရင်း ဝမ်းနည်းကြေကွဲ မှုတွေကို သတိတရ ထုတ်ဖော်ပြသလာခဲ့ ကြတာအခုဆိုရင် နှစ်ပေါင်း(၆၇)နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့အားလုံး အနေနဲ့ ဝမ်းနည်းကြေကွဲနေရုံမျှ သက်သက်ထက် အာဇာနည် ကြီးများရဲ့ ကျေးဇူးများကို နည်းလမ်းမှန်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို လည်း နှလုံးသွင်းကြရမှာဖြစ်ပါတယ်။

အာဇာနည်နေ့အခမ်း အနားဟာဆိုရင် ခေါင်းဆောင်ကြီး ကိုးဦးကို ရည်မှန်းဂုဏ်ပြုခြင်းအပြင် တိုင်းပြည် အတွက် လူမသိသူမသိပေးဆပ်ရင်း ကျဆုံးသွားခဲ့ရတဲ့ ပြည်ထောင်စုဖွား အာဇာနည်များကိုလည်း မမေ့မလျော့ ဦးညွတ် အလေးပြုကြတဲ့ အနှစ်သာရကို ဖော်ကျူးတဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။ 

တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အာဇာနည်များကို ကြည့်မယ်ဆိုရင် သူတို့လာ ခဲ့ကြတဲ့ နိုင်ငံရေးနောက်ခံ၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု စသည်ဖြင့် မတူညီတဲ့ ကြန်အင် လက္ခဏာများကို တွေ့ကြရမှာဖြစ် ပါတယ်။ 

သို့သော်လည်း သူတို့အားလုံးမှာ တူညီတဲ့အချက်ကတော့ နိုင်ငံနဲ့လူမျိုးရဲ့ ကောင်းကျိုးချမ်းသာ အတွက်ဆို တဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ပဲ ဖြစ်ပါတယ်။ 

မိမိတို့ မြန်မာနိုင်ငံသားအားလုံးအနေနဲ့ ဒီစိတ်ဓာတ်ခွန်အားတွေကို ဆက်လက်ရှင်သန်စေဖို့ကြိုးစားပြီး လက်ရှိအကောင်အထည်ဖော်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များနဲ့ ဒီမိုကရေစီ အရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ လူမျိုးဘာသာ မကွဲပြားဘဲအတူတကွ ညီညွတ်စွာပူးပေါင်း ကြိုးစားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ 

ဇူလိုင်လအတွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်တစ်ရပ်ကို သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ကူညီနေကြတဲ့ အဖွဲ့အစည်းများဆီက အကြံဉာဏ်များရယူ ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်ကို စနစ်တကျ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ 

အခုလို စီမံချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါက ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည် သူ များရဲ့ဘ၀များ ကောင်းမွန် တိုးတက်လာစေမယ်လို့ ယုံကြည်ပါတယ်။ 

ဒီလိုစီမံချက်တွေအောင်မြင်အောင် အကောင်အထည် ဖော်တဲ့ အခါမှာလည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့ တည်းအနေနဲ့ လုပ်ဆောင်လို့မရနိုင်ဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ရှိကြတဲ့အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းအသီးသီးကို လိုအပ်တဲ့ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေး သွား မှာဖြစ်သလို ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများ အနေနဲ့ လည်း မိမိတို့ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆောင် ရွက် သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ 

လက်ရှိအခြေအနေမှာ ခက်မသုံးဖြာ အာဏာသုံးရပ်ဖြစ်တဲ့ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာတို့ကို ပီပြင်စေတဲ့ သီးခြားလွတ်လပ်မှုနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုများ စတင်အသက်ဝင်ဖို့ ကြိုးပမ်းတည်ဆောက်ရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု အနေနဲ့ လက်တွေ့ကြုံတွေ့နေ ရတဲ့ ကာလဖြစ်ပါတယ်။ 

အဲဒီလိုကြိုးပမ်း တည်ဆောက်မှုများမှာ နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့၊ လွတ်လပ်မျှတ တဲ့ တရားစီရင်ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများ၊ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြည်သူလူထုအခြေပြုတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး စနစ်သို့ အသွင်ကူးပြောင်းရေး၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ဆယ်စုနှစ် များစွာလစ်ဟာခဲ့တဲ့ လွှတ်တော်များပေါ်ပေါက်ရေး၊ လွှတ်တော်စနစ်ကို အခြေခံသည့် ဥပဒေပြုရေးဖြစ်စဉ်များ အသက်ဝင် ရှင်သန်ရေး များဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ 

ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အတွင်း အဆင့်ဆင့်တာဝန်ယူ လုပ်ဆောင်ခဲ့ရတဲ့ ဝန်ထမ်းအဖွဲ့ အစည်းများအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေပေမယ့် နှောင့်နှေးမှုများ၊ အား နည်း မှု များနဲ့ လိုအပ်ချက်များရှိနေသေး တာ အမှန်ပဲဖြစ်ပါတယ်။ 

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားချင်တာကတော့ ဝန်ထမ်းများ အနေနဲ့ ချက်ချင်းလက်ငင်း အကောင်အထည်ဖော်နိုင်တဲ့ ကိစ္စရပ်များ၊ ရေတိုလုပ်ဆောင်ရမယ့် ကိစ္စရပ်များ၊ ရေရှည်တည်ဆောက်ရ မယ့် လိုအပ်ချက်များကို ရည်မှန်းချက် အဖြစ်ထားပြီး ဒီကနေ့ လက်တွေ့ လုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ဦးစားပေးကြိုးပမ်းတည်ဆောက်ကြဖို့နဲ့ ဝန်ထမ်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုကြိုးပမ်းမှုများမှာ နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ပူးပေါင်းပါ ဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ 

အဓိကအားဖြင့်တော့ ဒီမိုကရေစီနိုင်ငံကြီးများသည်ပင် လက်ရှိအခြေ အနေမျိုးကို ရောက်ရှိဖို့ အတွက် နှစ်ပေါင်း ရာချီပြီး တည်ဆောက်ခဲ့ကြရတယ် ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ 

သုံးနှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ လက်ရှိရရှိထားတဲ့ အခြေအနေများဟာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စံနှုန်းများနဲ့ တိုင်းတာတဲ့အခါ အကောင်းဆုံး အခြေအနေများကို မရောက်ရှိသေးတာ အမှန်ပဲဖြစ်ပါတယ်။ 

ဒါပေမယ့် မိမိတို့ ပြည်သူလူထု တစ်ရပ်လုံး ကြိုးပမ်းတည် ဆောက်ပြီး လက်ဝယ်ရရှိပိုင်ဆိုင် ထားတဲ့ ပြုပြင်
ပြောင်း လဲရေး လုပ်ငန်းစဉ်များရဲ့ လမ်းစများ၊ အခွင့်အလမ်းများကို ဆုံးရှုံးမသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်း ရမယ့် အချိန်ကာလဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ 

ကျွန်တော့်အနေနဲ့စည်းလုံးညီညွတ်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်နိုင်အောင် ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 

မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။ 

ဧရာဝတီ

သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ပြန်ကြားရေးဝက်ဆိုက်
သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ပြန်ကြားရေးဝက်ဆိုက်
သမ္မတ ဦးသိန်းစိန်က လစဉ် ရေဒီယို မိန့်ခွန်းပြောလေ့ရှိပါတယ်။ အခု ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မိန့်ခွန်း မှာ မကြာသေးခင်က မန္တလေးပဋိပက္ခမှာ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်သူတွေကို ဖော်ထုတ် အရေးယူနေပြီဆိုတာလည်း ထည့်သွင်းပြောဆိုသွားသလို အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တာ၊ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အာဏာ ၃ ရပ် သီးခြား လွပ်လပ်စွာ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုတွေရှိနေတာတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

တရားမ၀င်သစ်များနှင့်ဖမ်းမိသည့် ယာဉ်လိုင်းပိုင်ရှင်မှာ မိမိမဟုတ်ဟု ဦးလှဆွေငြင်းဆို

 Photo: တရားမ၀င်သစ်များနှင့်ဖမ်းမိသည့် ယာဉ်လိုင်းပိုင်ရှင်မှာ မိမိမဟုတ်ဟု ဦးလှဆွေငြင်းဆို
Friday, August 1, 2014

တရားမ၀င်သစ်များ သယ်ဆောင်လာသော ဂန့်ဂေါမှ မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်၏ ယာဉ်လိုင်းပိုင်ရှင်သည် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ(ဘူလက်)ဖြစ်ကြောင်း  နယ်ခံများပြောဆိုနေမှုအပေါ် ကာယကံရှင်က မဟုတ်မမှန် ကြောင်း ငြင်းဆိုလိုက်သည်။

‘‘ဦးလှဆွေနာမည်နဲ့ ဘယ်  လိုင်းမှ မဖွင့်ထားသလို အမည် ပေါက် ဘာကားမှလည်း မရှိပါ ဘူး။ အမျိုးတွေက ကားတွေပိုင် ပေမယ့်လည်း ဂန့်ဂေါမှာ ဘယ် အမျိုးမှ မရှိပါဘူး’’ဟု အမျိုးသား လွှတ်တော်အမတ်ဦးလှဆွေက ပြောသည်။

ဂန့်ဂေါ၊ ကလေးနှင့် မုံရွာမြို့နယ်နေ မြို့ခံများက မုံရွာတွင် ဖမ်းဆီးရရှိသော တရားမ၀င် တင်ဆောင်လာသည့်  ခြောက်ဘီး ကားသည် မကွေးတိုင်းဒေသကြီး    အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေပိုင်ဆိုင်သော ယာဉ်လိုင်းဖြစ်ကြောင်း ပြောဆိုမှု များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လျက်ရှိသည်။

ဇူလိုင် ၂၇ ရက်တွင် ဂန်ဂေါမှ မန္တလေးသို့ ထွက်ခွာလာသော ယင်းကားသည် မုံရွာမြို့သို့ ဖြတ် သန်းရာတွင် တရားမ၀င်သစ်များ   သယ်ဆောင်လာသည်ကို တွေ့ရှိ သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ် သည်။

 ‘‘တရားခံသုံးဦးမိထားပါ တယ်။ သက်သေခံပစ္စည်းသိမ်း ဆည်း၊ စစ်ဆေးဆဲအဆင့်ဖြစ်လို့ ပြောလို့မရသေးပါဘူး။ သုံးဦးမှာ တစ်ဦးက ယာဉ်မောင်း၊ နှစ်ဦးက ပိုင်ရှင်လို့ သိရပါတယ်’’ဟု မုံရွာ မြို့နယ် ရဲစခန်းမှူးရုံးမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကပြောကြားခဲ့ သည်။

ကျွန်းခွဲသား၊ တမလန်းခွဲ သား၊ တမလန်းပွတ်ထိုးပန်းလုံး တို့အပါအ၀င် တန်ချိန် ၃၀၀၀ ကျော် တင်ဆောင်လာခြင်းဖြစ်ပြီး မုံရွာရဲစခန်းတွင်  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အရေးယူအမှုဖွင့်ထားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမတ် ဦးလှဆွေသည် ငြိမ်းချမ်း ရေးကိစ္စနှင့် ပတ်သက်ပြီး သူ့ အမြင်ကို ပြောဆိုရာတွင် ရွှေ လက်နှင့် ကြိုလို့မရရင် ဘူးလက် နှင့် ကြိုမည်ဟု ပြောဆိုသည့် အပြင် အတိုက်အခံများနှင့် ပတ် သက်၍ ပုံစံမျိုးစုံဖြင့် ခိုင်းနှိုင်းပြော ဆိုခဲ့သည့်အတွက် လူမှုကွန်ရက် တွင် ဝေဖန်ခံရဆုံးပုဂ္ဂိုလ်အဖြစ် ကျော်ကြားသည်။

7Day DAILY 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ဓာတ်ပုံ - ဦးလှဆွေဖေ့စ်ဘွတ်ခ်)
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ဓာတ်ပုံ - ဦးလှဆွေဖေ့စ်ဘွတ်ခ်)
တရားမ၀င်သစ်များ သယ်ဆောင်လာသော ဂန့်ဂေါမှ မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်၏ ယာဉ်လိုင်း ပိုင်ရှင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ(ဘူလက်)ဖြစ်ကြောင်း  နယ်ခံများပြော ဆိုနေမှု အပေါ် ကာယကံရှင်က မဟုတ်မမှန် ကြောင်း ငြင်းဆိုလိုက်သည်။

၄၃၆ ပြင်ရေး ပြည်သူ့လက်မှတ် ငါးသန်း သမ္မတနှင့် လွှတ်တော် အလေးထားရန်လို

 Photo: ၄၃၆ ပြင်ရေး ပြည်သူ့လက်မှတ် ငါးသန်း သမ္မတနှင့် လွှတ်တော် အလေးထားရန်လို
Friday, August 1, 2014

အင်န်အယ်လ်ဒီပါတီနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူငါးသန်း၏ ဆန္ဒပြုချက်လက်မှတ်များကို သမ္မတနှင့် လွှတ်တော်ထံ တင်သွင်းပါက ပြည်သူများ၏ ဆန္ဒအားအလေးထားရန် လိုအပ်သည်ဟု နိုင်ငံရေးသမားများက ပြောကြားသည်။

နိုင်ငံရေးဆောင်းပါးများကို ရေးသားနေသည့် သတင်းစာဆရာ ဦးဖေမြင့်က“သမ္မတကြီးက အများရဲ့ဆန္ဒကို လေးစားပြီးတော့ ဆောင်ရွက်တဲ့ ပုဂ်္ဂိုလ်မျိုးဖြစ်တယ်။လွှတ်တော်မှာလည်း ပြည်သူ့ဆန္ဒက လွှတ်တော်ဆန္ဒဖြစ်တယ်ဆိုတဲ့ သဘောထားမျိုးရှိတယ်၊ ပြည်သူလူထု ငါးသန်းရဲ့ ဆန္ဒကိုလည်း သူတို့အနေနဲ့ အလေးထားဖို့ လိုပါတယ်။ တကယ်လို့ ပြည်သူ ငါးသန်းရဲ့ဆန္ဒကို ဘာမှမတုံ့ပြန်ဘူးဆိုရင်တော့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ ပုဂ်္ဂိုလ်တွေလို့ ပြောရမှာပေါ့” ဟု ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံလက်မှတ်မှာ ၄ ဒသမ ၁၅ သန်းရရှိနေပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ဇူလိုင် ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဒီစာရင်းက မြို့နယ်ပေါင်း ၂၇၇ မြို့နယ်က ရရှိထားတဲ့စာရင်းအရေအတွက်ပါ” ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ရရှိလာသည့်လက်မှတ်များအား သမ္မတ၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးပို့မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်မူ လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်ပြီး မဲပေးနိုင်သူ ဦးရေ၏ ထက်ဝက်ကျော်က ထောက်ခံမဲပေးရမည်ဖြစ်သဖြင့် လွှတ်တော်အတွင်း ပြင်ဆင်ရန်မှာ အလွန်ခက်ခဲသည်ဟု အင်န်အယ်လ်ဒီပါတီ၏ ဥပဒေအထောက်ကူပြုအဖွဲ့မှ ရှေ့နေ ဦးကိုနီက ပြောကြားသည်။

ထိုသို့ လွှတ်တော်အတွင်း ပြင်ဆင်ရန်ခက်ခဲနေသောကြောင့် ဥပဒေကြောင်းအရ ယခုလို လက်မှတ်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆန္ဒပြုခဲ့သည့်အပေါ် ဥပက္ခာပြုခဲ့ပါက ပြည်သူတို့၏ ဆန့်ကျင်ဆန္ဒပြမှုကို ခံရနိုင်ကြောင်းကိုလည်း ပြည်သူ့ခေတ်ဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင် ကိုဝက ပြောကြားသည်။

ကိုဝက “အချိန်တိုလေးအတွင်းမှာ လူငါးသန်းက ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့တဲ့အတွက် လွှတ်တော်ကရော၊ အစိုးရကပါ ပြန်လည်သုံးသပ်သင့်ပါတယ်။ သုံးသပ်တယ်၊ မသုံးသပ်ဘူး ဆိုတာကတော့ သူတို့အပေါ် မူတည်ပါတယ်။ လွှတ်တော်ထဲမှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားတာကြောင့် ပြန်မသုံးသပ်ချင်ဘူးဆိုရင်လည်း ဥပဒေကြောင်းအရ ဘာမှ လုပ်လို့မရဘူး။ ဥပဒေကြောင်းအရ လုပ်စရာကုန်သွားပြီဆိုရင်တော့ ပြည်သူလူထုအနေနဲ့ အခြားလုပ်နိုင်တာတွေက ဆန္ဒထုတ်ဖော်တာပေါ့” ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးဒေးဗစ်လှမြင့်က ၎င်းအနေနှင့် လွှတ်တော်အတွင်း အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ ဖြစ်နိုင်ခြေမရှိဟု ထင်မြင်ယူဆကြောင်းကိုလည်း ပြောကြားသည်။ အကယ်၍ ပြင်ဆင်မည်ဆိုပါကလည်း ပြည်သူအများလိုချင်သည့် အခြေအနေအထိ ပြင်ဆင်ရန်မဖြစ်နိုင်ဘဲ နိုင်ငံတကာမှ စောင့်ကြည့်နေသူတို့အား မျက်လှည့်ပြရန်လောက်သာ ပြင်ဆင်ပေးမည်ဟု ဆိုသည်။

အမျိုးစောင့်ဥပဒေရေးဆွဲရန်အတွက် အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့သည့် လက်မှတ် ၁၃ သိန်းကို အရေးတယူပြုသကဲ့သို့ ပုဒ်မ ၄၃၆ အရေး ပြည်သူတို့၏ ဆန္ဒပြုမှုများကိုလည်း အရေးထားရန် လိုသည်ဟု ဆိုကြသည်။

Mizzima - News in Burmese

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးနေသူများကို မေလ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို)
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးနေသူ များကို မေလ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို)
အင်န်အယ်လ်ဒီပါတီနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူငါးသန်း၏ ဆန္ဒပြုချက်လက်မှတ်များကို သမ္မတနှင့် လွှတ်တော်ထံ တင်သွင်းပါက ပြည်သူ များ၏ ဆန္ဒအားအလေးထားရန် လိုအပ်သည်ဟု နိုင်ငံရေးသမားများက ပြောကြား သည်။

ဘင်္ဂလားပင်လယ်အော်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်

မြန်မာနိုင်ငံအနီး အက်ဒမန်ကျွန်းအနောက်ဘက် ကမ်းခြေတွင် ကြာသပတေးနေ့ညက အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာတဲ့ NLD

၂၀၁၅ ရွေးကောက်ပွဲ အချိန်တွေ တဖြည်းဖြည်းနီးကပ်လာတာနဲ့ နိုင်ငံကိုအုပ်ချုပ်ဖို့ နေရာတွေလိုချင်နေကြ ပါ တယ်။ နိုင် ငံ့ခေါင်းဆောင်နေ ရာရှိဖို့ အ တွက် ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ လှည့်စား ရိုးသားဖြောင့် မတ် သမာ သမတ်ကျယောင်ဆောင်ပြီး နောက်ကွယ်မှ အထောက်အပံ့ များယူနေကြတဲ့ အဖွဲ့အစည်းများ ရှိကြောင်း ကြားသိ နေရပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဆိုတာ ပြည်သူကို ဦးဆောင်ရမှာပါ။ လမ်းပြ ရမှာပါ။ အဲဒီလို ပြည်သူကို ဦးမဆောင်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လူထုနောက်မြီးဆွဲလို့ ခေါ်ခဲ့ကြတာ မှတ်မိပါသေးတယ်။ အဲဒီ ပြည်သူတွေဟာ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုလိုပါတယ်။ ပြည်သူ တွေ ရဲ့ အဆုံးအဖြတ်လို့ပြောတာထက် ခေါင်းဆောင်လုပ် တဲ့သူက ပြည်သူ ကို ဘယ်လိုဆုံးဖြတ် ရမယ် ဆိုတာ ဦးဆောင်ပြောပြရပါမယ်။

လိုင်ဇာတိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲပြီးပြတ်

Photo: လိုင်ဇာတိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲပြီးပြတ်
Friday, August 1, 2014

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ လိုင်ဇာညီလာခံကနေ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ခိုင်မာတဲ့ နိုင်ငံရေးအာမခံချက်တွေရဖို့ဆိုတဲ့ ကိစ္စ အကျယ်တ၀င့် ဆွေးနွေးခဲ့ကြပါတယ်။

dvb8ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့အနေ နဲ့ ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်ဖို့ကို တာဝန်လုပ်ပိုင်ခွင့်ပေးတဲ့ ကိစ္စကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက ရရှိထားတဲ့အချက်အလက်တွေအရ နိုင်ငံရေးဆွေးနွေးမှုဦးဆောင်ကော်မတီ၊ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှုဖြစ်စဉ်အတွက် ပြင်ဆင်မှုကော်မတီ၊ နိုင်ငံရေးမူဘောင် (မူကြမ်း) ရေးဆွဲရေး လုပ်ငန်းကော်မတီ၊ စစ်ဘက်ဆိုင်ရာ Code of Conduct အတွက် ပြင်ဆင်ရေးကော်မတီနဲ့ လူသားချင်းစာနာကူညီမှုနဲ့ ပြန်လည်နေရာချထားရေး အလုပ်ကော်မတီတို့ ဖြစ်တယ်လို့ သိရပါတယ်။

လိုင်ဇာမှာ ကိုယ်တိုင်တက်ရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုထွန်းထွန်းသိန်းကို ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီဗွီဘီ
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ လိုင်ဇာညီလာခံကနေ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ခိုင်မာတဲ့ နိုင်ငံရေးအာမခံချက်တွေ ရဖို့ဆိုတဲ့ ကိစ္စ အကျယ်တ၀င့် ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ယောက်တွဲပုံအဟောင်း ဖေ့စ်ဘွတ်ခ်တင်ခဲ့တဲ့ ထူးအယ်လင်းကို မီးမီးခဲ သတိပေး

Photo: နှစ်ယောက်တွဲပုံအဟောင်း ဖေ့စ်ဘွတ်ခ်တင်ခဲ့တဲ့ ထူးအယ်လင်းကို မီးမီးခဲ သတိပေး 
Friday, August 1, 2014

အဆိုတော် ထူးအယ်လင်းက ဇနီးဟောင်း အဆိုတော်မီးမီးခဲနှင့် လွန်ခဲ့သောလေးနှစ်ကျော်က တွဲရိုက်ထားသည့်ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသို့တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း မီးမီးခဲကပြောသည်။ ‘‘ထူးအယ်လင်းနဲ့ အစ်မနဲ့ တစ်သက်လုံး အဆင်မပြေနိုင်တော့ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း လုံးဝခွင့်မလွှတ်နိုင်ဘူး။ တရားဝင်လည်း ကွဲပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဒီပုံက အစ်မနဲ့လည်းမဆိုင်ဘူး။ သူ့ဘာသာ လျှောက်တင်တဲ့ကိစ္စကို အခုသတိပေးလိုက်ခြင်းပဲ။ ဒီထက်လွန်လာရင် အစ်မ တရားရုံးထပ်တက်ဦးမှာ’’ ဟု အဆိုတော်မီးမီးခဲက ဓာတ်ပုံနှင့်ပတ် သက်၍ တုံ့ပြန်သည်။ မီးမီးခဲသုံးသည်ဟု ယူဆရသော ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုတွင်လည်း ထူးအယ်လင်း ဓာတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ ပြန်ပေါင်းရန် အစီအစဉ်လုံးဝမရှိကြောင်း စသည့်စကားများဖြင့် ၎င်း၏ ခံစားချက်များကို ပြတ်ပြတ်သားသား ရေးသားထားသည်။ 

ထူးအယ်လင်းသည် ၎င်း၏ပါးပြင်ကို မီးမီးခဲ အနမ်းပေးနေသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ခြင်းကြောင့် ပရိသတ်များက ပြန်ပေါင်းသွားပြီဟု ယူဆခဲ့ကြပြီး မီးမီးခဲအား  ‘‘ပြန်အဆင်ပြေသွားပြီလား’’ ဟု အသိမိတ်ဆွေများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေကြသည့်အတွက် ထိုလုပ်ရပ်ကို လက်မခံနိုင်ကြောင်း မီးမီးခဲကပြောသည်။ အဆိုပါဓာတ်ပုံသည် လွန်ခဲ့သောလေးနှစ်ကျော်က ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ သမီး ဘာဘီ(ခေါ်) ဖြူဖြူ စင်စင်လင်းသည် အသက်ငါးနှစ်ပြည့်တော့မည်ဖြစ်၍ မီးမီးခဲက အုပ်ထိန်းခွင့်ရရှိထားကြောင်း သိရသည်။ မီးမီးခဲသည် ထူးအယ်လင်းနှင့် ကွာရှင်းခွင့်၊ ရပိုင်ခွင့်၊ သမီးအုပ်ထိန်းခွင့်များရရန် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီး ၂၀၁၄ ဧပြီ ၃၀ ရက်က တရားဝင်ကွာရှင်းခွင့် ရခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network
အဆိုတော် ထူးအယ်လင်းက ဇနီးဟောင်း အဆိုတော်မီးမီးခဲနှင့် လွန်ခဲ့သောလေးနှစ်ကျော်က တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသို့တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း မီးမီးခဲကပြောသည်။

ပြည်သူ့လွှတ်တော်တွင်ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မတီဖွဲ့

 မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေး ကောက်ပွဲစနစ်တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် လေ့လာသုံးသပ်မှုများပြုလုပ်ကာ နှစ်လအတွင်း အပြီးသတ် ဆုံးဖြတ်ချက်ထွက်ပေါ်လာစေရန် ဆောင်ရွက် မည့် ကော်မရှင်တစ်ရပ်ကို ပြည်သူ့လွှတ်တော်၌ အဖွဲ့ဝင် ၂၄ဦးဖြင့် ဖွဲ့စည်းတာဝန်ပေး လိုက်ကြောင်း သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို 
Friday, August 1, 2014

မြန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။ 

ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် မောင်သွေးသစ်၏ “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။
“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။ 

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။ 

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။

The Voice Weekly
မြန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြော ခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြော ချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။ 

ဆိုင်ကယ်သူခိုးကို လူတစ်စုက သတ်ပြီး မျက်မြင်ကိုပါ ထပ်မံသတ်

မူဆယ်မြို့၊ စွမ်ဆော် ရပ်ကွက်တွင် ဆိုင်ကယ်ခိုးယူသူ အမျိုးသားတစ်ဦးကို လူတစ်စုကသတ်ဖြတ်ခဲ့ပြီး မြင်တွေ့လိုက်သူတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

USB ထုတ်ကုန်များဖြင့် ဟက်ကာများက တိုက်ခိုက်နိုင်ဟုဆို

Photo: USB ထုတ်ကုန်များဖြင့် ဟက်ကာများက တိုက်ခိုက်နိုင်ဟုဆို
Friday, August 1, 2014

Malware သည် keyboard, mouse နှင့် webcam တို့ကို ထိန်းချုပ်နိုင်သကဲ့သို့ BadUSB ဟုခေါ်သည့် အားနည်းချက်သည်လည်း USB ထုတ်ကုန်များကို အသုံးချကာ ဟက်ကာများက တိုက်ခိုက်နိုင်ကြောင်း ဂျာမနီ အခြေစိုက် လုံခြုံရေးသုတေသနအဖွဲ့တစ်ခု ဖြစ်သည့် SRLabs မှ ပြောကြားလိုက်သည်။

အဆိုပါ BadUSB ကို မည်သည့် USB flash drive ပေါ်တွင်မဆို ထည့်သွင်းနိုင်ပြီး ကွန်ပျူတွင် တပ်ဆင် အသုံးပြုသည့်အခါ anti-malware program များက ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိကြောင်း သိရသည်။

BadUSB ပါဝင်သည့် flash drive တစ်ခုကို ကွန်ပျူတာတွင် တပ်ဆင်လိုက်သည့်အခါ ၎င်းသည် virtual keyboard တစ်ခုအသွင် လုပ်ဆောင်ပြီး ဟက်ကာတစ်ဦးက အန္တရာယ်ရှိသည့် command များကို ထည့်သွင်းနိုင်စေရန် ခွင့်ပြုပေးကြောင်း ဆိုသည်။ ၎င်းသည် ကွန်ပျူတာတွင် အတူတကွ တပ်ဆင်ထားသည့် အခြား USB ထုတ်ကုန်များ အတွင်းရှိ controller chip များထံလည်း ပျံ့နှံ့နိုင်သည်။ ထို့အပြင် BadUSB ပါဝင်သည့် flash drive သည် network card တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ပြီး ပစ်မှတ်၏ လမ်းကြောင်းကို အန္တရာယ်ရှိသည့် ဝက်ဘ်ဆိုက်ထံ လမ်းကြောင်းလွှဲနိုင်သည်။

Boot တက်နေစဉ်အတွင်း BadUSB ပါဝင်သည့် flash သို့မဟုတ် external hard drive သည် ကွန်ပျူတာ၏ operating system တစ်ခုထံ virus တစ်ခုဖြင့် ပျံ့နှံ့နိုင်သည်။ ထို့အပြင် BadUSB device သည် ကွန်ပျူတာ၏ BIOS ကိုပင် အစားထိုးနိုင်ကြောင်း SRLabs က ပြောကြားခဲ့သည်။

BadUSB ဖြင့် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် မယုံကြည်ရသူထံမှ USB flash drive တစ်ခု ရရှိခဲ့ပါက ကွန်ပျူတာတွင် တပ်ဆင်ခြင်း မပြုရန်နှင့် USB flash drive များကို မယုံကြည်ရသူများထံ ဝေမျှအသုံးပြုခြင်းကို ရှောင်ရှားရန် လိုအပ်ကြောင်း SRLabs က အကြံပြုထားသည်။

Ref: DigitalTrends
Internet Journal
Malware သည် keyboard, mouse နှင့် webcam တို့ကို ထိန်းချုပ်နိုင်သကဲ့သို့ BadUSB ဟုခေါ်သည့် အားနည်းချက်သည်လည်း USB ထုတ်ကုန်များကို အသုံးချကာ ဟက်ကာများက တိုက်ခိုက်နိုင်ကြောင်း ဂျာမနီ အခြေစိုက် လုံခြုံရေးသုတေသနအဖွဲ့တစ်ခု ဖြစ်သည့် SRLabs မှ ပြောကြားလိုက်သည်။

အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား

Photo: အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား
Friday, August 1, 2014

 အနောက်အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် Sierra Leone နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာနေရသလို Libaria နိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ချလိုက်ရပါတယ်။

အခုဆိုရင် အီဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အယောက်ပေါင်း ၇၃၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီရောဂါ ခံစားနေရသူ တွေကို တခြားနေရာ သွားခိုင်းမှာ မဟုတ်ပဲ ရဲတွေ၊ စစ်တပ်တွေနဲ့ အစောင့် အကြပ် ထားပြီး ရောဂါမပျံ့နှံ့အောင် ထိန်းသိမ်း သွားမယ်လို့ Sierra Leone နိုင်ငံ သမ္မတက ပြောပါတယ်။

Liberia နဲ့ Sierra Leone နိုင်ငံ နှစ်ခု စလုံးမှာ ရောဂါပျံ့နှံ့မှု ထိန်းသိမ်းတဲ့ အနေနဲ့ လူစုလူဝေး ပြုမှုတွေ ကိုလည်း ကန့်သတ်မှု လုပ်လိုက် သလို သေဆုံးမှု မှန်သမျှကို အာဏာပိုင်တွေကို အသိပေးဖို့ လည်း ညွှန်ကြားထားပါတယ်။

အီဘိုလာပိုးဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ ပျံ့နှံ့နေ တာဖြစ်ပြီး အဲဒီနိုင်ငံက လူတွေကိုလည်း အိမ်နီးချင်း နိုင်ငံတွေက အဝင်အထွက် ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီပိုးကို နှိမ်နင်းဖို့ အတွက် အရေးပေါ် ဒေါ်လာ သန်း ၁၀၀ လောက် လိုမယ်လို့ လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အခုအချိန် အထိ ဒီရောဂါပိုး အတွက် ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ အနောက် အာဖရိက နိုင်ငံတွေကနေ တခြားနိုင်ငံတွေဆီ ကူးစက်မှာကို စိုးရိမ်တဲ့ အတွက်လည်း အမေရိကန် US peace corps အဖွဲ့က အာဖရိက အနောက်ပိုင်းက သူ့ရဲ့အမှုထမ်းအယောက် ၃၄၀ ကိုလည်း ပြန်လာဖို့ စီစဉ်ပေးနေပြီ ဖြစ်ပါတယ်။

အီဘိုလာပိုးဟာ လင်းနို့ကနေ ပြန့်ပွားလာကြောင်း ၁၉၇၆ ခုနှစ်မှာ သိရှိကြတာ ဖြစ်ပါတယ်။ အီဘိုလာပိုးရှိနေတဲ့ လင်းနို့က တခြားအကောင်တွေကို ကိုက်မိပြီး အဲလို အကိုက်ခံရတဲ့ သားကောင်တွေကို လူတွေက စားမိတဲ့အခါ ရောဂါကူးစက်တာဖြစ်ပါတယ်။ လူတစ်ဦးကနေတစ်ဦး ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ABC Radio Australia

Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)
Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)
အနောက်အာဖရိကနိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​Sierra ​Leone ​နိုင်ငံမှာ ​အရေး ပေါ် အခြေအနေ ​ကြေညာနေရသလို ​Libaria ​နိုင်ငံမှာလည်း ​စာသင်ကျောင်းတွေကို ​ပိတ်ချလိုက်ရပါတယ်။

ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်

Photo: ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်
Friday, August 1, 2014

ထိုင်ဝမ်ကျွန်း အနောက်ပိုင်းက ဂေါင်ရှီအွန်း မြို့မှာ ဂက်စ်ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှာ လူ၁၅ဉီး သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုကနေ လွင့်ထွက်လာတဲ့ မီးတောက်လုံးကြီး တခုကြောင့် ကားတွေ ပြောင်းပြန် လန်သွားပြီး သစ်ပင်တွေ လဲကုန်တဲ့ ပုံတွေကို လူမှု ကွန်ရက် သတင်း စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။

ပေါက်ကွဲမှုပေါင်း ၅ခု ဖြစ်ခဲ့တယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှု ရှိနေတယ် ဆိုတဲ့ အသိပေး ဖုန်းဆက်ပြောမှုတွေကို ကြာသပတေးနေ့ နှောင်းပိုင်းလောက်တုန်းက လက်ခံ ရခဲ့တယ်လို့ အဲဒီမြို့က မီးသတ်ဌာနက ပြောပါတယ်။

လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ထိုင်ဝမ်ကျွန်း အနောက်ပိုင်းက ဂေါင်ရှီအွန်း မြို့မှာ ဂက်စ်ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပွားခဲ့ ရာမှာ လူ၁၅ဉီး သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။

ခိုင်မာသည့်ကတိက၀တ် မရရှိပါက အပစ်ရပ်စဲရေးလုပ်သော်လည်း အချည်းနှီးသာဖြစ်မည်ဟု KIO ဥက္ကဋ္ဌ ပြောကြား

Photo: ခိုင်မာသည့်ကတိက၀တ် မရရှိပါက အပစ်ရပ်စဲရေးလုပ်သော်လည်း အချည်းနှီးသာဖြစ်မည်ဟု KIO ဥက္ကဋ္ဌ ပြောကြား
Friday, August 1, 2014

ခိုင်မာသည့် ကတိကဝတ်မရရှိပါက အပစ်အခတ်ရပ်စဲရေးလုပ်သော်လည်း အ ချည်းနှီးသာဖြစ်မည်ဟု ကချင်လွတ်မြောက် ရေးအဖွဲ့(KIO) ဥက္ကဌ ဦးဇောင်းဟရားက ပြောကြားသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဇူလိုင် ၃၁ ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတွင် အလှည့်ကျသဘာပတိအဖြစ်ဆောင်ရွက်စဉ် မိန့်ခွန်းပြောကြားရာ၌ KIO ဥက္ကဌက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့်  KIO တို့အနေဖြင့် အကြိမ်ကြိမ်အပစ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း ခိုင်မာသည့်ကတိကဝတ် မရှိခဲ့သောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရခြင်း၊ တိုင်းရင်းသားများ၏ လိုလားချက်၊ တောင်းဆိုချက်များသည် အကောင်အထည်မပေါ်ခဲ့ဘဲ အချည်းနှီးသာဖြစ်ခဲ့ရကြောင်း၊ ထို့ကြောင့် ခိုင်မာသည့်ကတိကဝတ်ရရှိရေးသည် KIO ၏မူဖြစ်ကြောင်း ဦးဇောင်းဟရားက ပြောကြားသည်။

ထို့ကြောင့် ယခု အပစ်ရပ်လက်မှတ်ရေးထိုးသည့်အခါ တိုင်းရင်းသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရေးအတွက် အစည်းအဝေးမှ ဆုံးဖြတ်ထားသည့်မူဝါဒအား အမြဲဆုပ်ကိုင်ထားရန်လည်း အစည်းအဝေးတက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအား တိုက်တွန်းပြောကြားခဲ့သည်။

“ကေအိုင်အိုရဲ့ မူကတော့ ဘာပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲဖို့ဆိုရင် မရပ်စဲခင် ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ကတိကဝတ်ရဖို့ လိုပါတယ်။ ခိုင်မာတဲ့ ကတိကဝတ်မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်လို့ရှိရင် အလကားပဲဖြစ်မယ်”ဟု  KIO ဥက္ကဌ ဦးဇောင်းဟရားက ပြောကြားသည်။

ထို့အပြင် မိမိတို့ဆုံးဖြတ်ချက်များ၊ လိုလားချက်များအား အားပျော့သွားစေရန်၊ ပျက်ပြယ်သွားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်လာမည်ကို သတိပြုရန်လိုအပ်ကြောင်း၊ မိမိတို့၏ ဆုံးဖြတ်ချက်မူများကိုစွဲကိုင်ကာ မည်သည့်အချိန်တွင်မဆို တိုက်ပွဲဝင်သွားကြရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

“ဘာပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ ကျွန်တော်တို့ လူမျိုးစုရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီးမှ အခွင့်အရေးတစ်ခုခု အတိအကျ ခိုင်ခိုင်မာမာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုရထားမှသာလျှင် ကျွန်တော်တို့ ဆုံးဖြတ်လို့ရတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီဆုံးဖြတ်ချက်မပါဘဲနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ကျွန်တော်တို့ လက်မှတ်သွားထိုးလိုက်တဲ့အခါမှာ ကျွန်တော်တို့ ကိုယ့်လည်ပင်းကိုယ် ကြိုးစွပ်ပြီးမှ နေတဲ့သူတွေနဲ့ အတူတူပဲဖြစ်မှာပဲ”ဟု ဦးဇောင်းဟရားက ထည့်သွင်းပြောကြားသည်။

နိုင်ငံတွင်း၌ တိုင်းရင်းသားများအနေဖြင့် လွတ်လွတ်လပ်လပ်အေးချမ်းစွာနေနိုင်ရေးသည် ရသင့်ရထိုက်သည့်အခွင့်အရေးများ ရရှိမှသာဖြစ်ကြောင်း၊ ထို့ကြောင့်သာ ဆွေးနွေးတောင်းဆိုနေကြခြင်းသာဖြစ်ကြောင်း၊ အပစ်ရပ်စဲရေးပြုလုပ်သည့်အခါ မိမိတို့လူမျိုးစုများ၏ အခွင့်အရေးများကို ရရှိအောင် တိုက်ပွဲဝင်သွားကြရန်လည်း အလှည့်ကျသဘာပတိက ပြောကြားသည်။

ဇူလိုင် ၃၁ ရက်က ပြုလုပ်သည့် အပစ်ရပ်စဲရေးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့ NCCT အဖွဲ့ ၁၆ ဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၂၉ ရက်ထိ ပြုလုပ်ခဲ့သည့် NCCT ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့်မူအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဆက်လက်ရပ်တည်သွားမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ ပြုလုပ်ခဲ့သော လိုင်ဇာအစည်းအဝေးများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Mr. Vijay Nambair က လေ့လာသူအဖြစ် တက်ရောက်သကဲ့သို့ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင် တရုတ်နိုင်ငံ၏ အာရှရေးရာအထူးသံတမန်အဖွဲ့မှ Mr.Wang Yingfan ၏ကိုယ်စား Mr.Tand Ying သည်လည်း တက်ရောက်လေ့လာခဲ့သည်။

Eleven Media Group

ဇူလိုင် ၃၁ ရက်က လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး၌ ကေအိုင်အိုဥက္ကဋ္ဌက မိန့်ခွန်းပြောကြားစဉ်
ဇူလိုင် ၃၁ ရက်က လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး၌ ကေအိုင်အိုဥက္ကဋ္ဌက မိန့်ခွန်းပြောကြားစဉ်
ခိုင်မာသည့် ကတိကဝတ်မရရှိပါက အပစ်အခတ်ရပ်စဲရေးလုပ်သော်လည်း အ ချည်းနှီးသာဖြစ်မည်ဟု ကချင် လွတ်မြောက် ရေးအဖွဲ့(KIO) ဥက္ကဌ ဦးဇောင်းဟရားက ပြောကြားသည်။

ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ မျှမျှတတဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီဆိုသည်ကို ခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ပြောကြား

Photo: ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ မျှမျှတတဖြစ်စေရန် ဆောင်ရွက်ပေး မည်ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီဆိုသည်ကို ခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ပြောကြား
Friday,  August 1, 2014

ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ မျှမျှတတဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ ၊မညီ ဆိုသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ကို ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် သူရဦးရွှေမန်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အစကတည်းက ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြခဲ့သလို ပါတီခေါင်းဆောင်တွေကို ဖိတ်ကြားတင်ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို မထိခိုက်စေအောင် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်ဆိုတာကို ကတိတစ်ခုပေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပေးထားတဲ့ကတိအတိုင်း မျှမျှတတဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လွှတ်တော်ကို တင်ပြလိုပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်မှ တင်ပြလာသည့် အစီရင်ခံစာကိုလည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံနှင့် သင့်တော်မည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုရေးဆွဲကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီစနစ်ကိုကျင့်သုံးတဲ့အခါမှာ  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိကို ဖွဲ့ စည်းပုံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ဇူလိုင် ၂၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သူရဦးရွှေမန်းက “တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အများစု လက်မှတ်ရေးထိုးပြီး ပီအာရ်စနစ်ကျင့်သုံးမယ်ဆိုရင် ကန့်ကွက်တယ်ဆိုပြီး ကျွန်တော့်ဆီစာရေးတင်ပါတယ်။ အဲဒီတင်တဲ့အခါမှာ ပါတီခေါင်းဆောင်များ ဖိတ်ပြီးဆွေးနွေးပါတယ်။ ဒီနေ့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးတယ်။ ကျွန်တော်တို့ လွှတ်တော်အတွက် ဒါကိုအဓိကထား ဆောင်ရွက်နေတယ်။ ကျွန်တော့်အနေနဲ့ မျှမျှတတ ဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။ တင်လာတဲ့အဆိုကို သေချာလေ့လာပြီးတဲ့အခါမှာ ပီအာရ်စနစ်ကို လွှတ်တော်က ကျင့်သုံးဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ လက်မခံနိုင်ပါဘူး။ ဘာကြောင့်လဲ ခုနကပြောသလိုပဲ ပီအာရ်စနစ်အပြင် ပီအာရ်စနစ်နဲ့ အပြိုင်ဖြစ်တဲ့ လက်ရှိစနစ်ကို ယှဉ်တွဲပြီးလုပ်ရင်လည်း လုပ်နိုင်တယ်ဆိုတဲ့ အသိလည်းရှိပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group 

ဇူလိုင် ၃၁ ရက်က နေပြည်တော်၌ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
ဇူလိုင် ၃၁ ရက်က နေပြည်တော်၌ ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ မျှမျှတတဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ ၊မညီ ဆိုသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက် မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။

အစိုးရနှင့် ဆွေးနွေးရာတွင် လိုင်ဇာအစည်းအဝေးများ၏ ဆုံးဖြတ်ချက်ကို ကိုင်စွဲကာ တိုင်းရင်းသားများလိုလားသည်များကို မပေါ့သွားအောင် သတိထားဆောင်ရွက်ရန် NCCT အဖွဲ့ကို KIO ဥက္ကဋ္ဌ မေတ္တာရပ်ခံ

အစိုးရနှင့် ဆွေးနွေးရာတွင် လိုင်ဇာအစည်းအဝေးဆုံးဖြတ်ချက်များကို လက်ကိုင်ထားကာ တိုင်းရင်းသား များလိုလားသည်များကို မပေါ့သွားအောင် သတိထားဆောင်ရွက်ရန် ဇူလိုင် ၃၁ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် KIO ဥက္ကဌ ဦးဇောင်းဟရားက NCCT အဖွဲ့ကို  မေတ္တာရပ်ခံခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်း တိုက်ဟောင်းဝရန်တာ ပြိုကျမှုကြောင့် တစ်ဦး သေဆုံး၊ သုံးဦး အပြင်းအထန်ဒဏ်ရာရ

ဇူလိုင် ၃၁ ရက် ညပိုင်းက ကြည့်မြင်တိုင်ညဈေးအနီးရှိ တိုက်ဟောင်းဝရန်တာပြိုကျပြီးနောက် ရှင်းလင်းမှု များပြုလုပ်နေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ကြည့်မြင်တိုင်မြို့နယ် မကျီးကန်းအနောက်ရပ်ကွက် ရွှေလှိုင်လမ်းရှိ အမှတ် ၄၃ နှစ်ထပ်တိုက်ဟောင်း ဝရန်တာပြိုကျမှု ဇူလိုင် ၃၁ ရက် ည ၇နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ANA လေကြောင်းလိုင်းက Asian Wings လေကြောင်းလိုင်း၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ၀ယ်ယူ၍ အကျိုးတူပူးပေါင်းပျံသန်းမည့် အစီအစဉ် ဖျက်သိမ်း

ဂျပန်နိုင်ငံ (ANA) လေကြောင်းလိုင်းမှ Asian Wings လေကြောင်းလိုင်း၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်ယူ၍ အကျိုးတူပူးပေါင်းပျံသန်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက် များအရ သိရသည်။

Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း

Photo: Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း
Friday, August 1, 2014

Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆိုင်မှာက ဆင်းမ်ကတ်တွေရပါတယ်။ ဒါပေမဲ့ မနက်ကတည်းက ကုန်သွားတယ်။ လာဝယ်တဲ့သူတွေက အများကြီးပဲ။ တချို့ဆိုရင် အော်ဒါမှာထားတဲ့သူတောင် ရှိတယ်။ မှတ်ပုံတင်နဲ့ ဓာတ်ပုံတစ်ပုံပါ ရင်ရတယ်။ စစရောင်းချင်းဆိုတော့ လူတွေက တစ်ယောက်တည်းနဲ့ အများကြီးလာဝယ်ကြတယ်။ ဒါကြောင့်လည်း လိုသလောက်မရတာပါ။ ကျွန်တော်တို့ကိုလည်း အများကြီးမချပေးထားတော့ ရောင်းရတာ အဆင်မပြေဘူး။ နောက်ပိုင်းဆိုရင် လိုသလောက်ကို ရောင်းပေးသွားမှာပါ”ဟုToday Mobile  အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အော်ရီဒူးမှ ထုတ်လုပ်သည့် မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်းအရောင်းဆိုင်တိုင်းတွင် ရောင်းချခြင်းမဟုတ်ဘဲ  မိုဘိုင်းဆိုင်အနည်းငယ်တွင်သာ ဝယ်ယူနိုင်ကြောင်း သိရသည်။ ဒါကြောင့် အချို့မိုဘိုင်းအရောင်းဆိုင်များအနေဖြင့် ဈေးပိုမိုတင်ရောင်းချကြောင်း သိရသည်။

“ကျွန်တော်က တာမွေမှာ နေတာပါ။ အော်ရီဒူးဆင်းမ်ကတ်တွေ ရောင်းပေးတယ်ဆိုလို့သွားဝယ်တာ တစ်ကတ်ကို ၅ဝဝဝ ဆိုတော့ မဝယ်တော့ဘူး။ ဒါက မဖြစ်သင့်ဘူး။ ကုမ္ပဏီကလည်း သူတို့ကို အမြတ်တွေပေးတာပဲ။ ဝယ်တဲ့သူတွေကိုတော့ အဲဒီလို မလုပ်သင့်ဘူး။ ဒါ့ကြောင့် တစ်ပတ်လောက် စောင့်လိုက်ဦးမယ်။ ပြီးရင် အရမ်းကို ပေါသွားမှာ ပါ။ အခုက လူတိုင်းက သုံးချင်လို့ လိုက်ပြီး အသည်းအသန်ဝယ်နေတော့ ဈေးက ပိုမြင့်လာတာပေါ့”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုမောင်မောင်က ဆိုသည်။

အော်ရီဒူးမှ ရောင်းချသည့် ဆင်းမ်ကတ်များသည် ဖုန်းနံပါတ် ဝ၉-၉၉ ဖြင့်စပြီး ဖုန်းကတ်များတွင် မိနစ် ၉ဝဝ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ ငွေဖြည့်ကတ်များကိုလည်း ငွေကျပ် တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်မှ ငါးထောင်ထိ ထည့်သွင်းနိုင်အောင် ပြုလုပ်ထားကြောင်းသိရသည်။

Eleven Media Group 

သာကေတမြို့နယ်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်ရှေ့တွင် အော်ရီဒူးဆင်းမ်ကတ် ၀ယ်ယူနေသူများအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)
သာကေတမြို့နယ်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်ရှေ့တွင် အော်ရီဒူးဆင်းမ်ကတ် ၀ယ်ယူနေသူများအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)
Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ်တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ်ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင် များ၏ ပြောကြားချက်အရ သိရသည်။

လာဘ်စားသော တရားသူကြီးများအား စီမံခန့် ခွဲရေးနည်းလမ်းအရအရေးယူပြီး ဥပဒေကြောင်းအရ အရေးမယူသဖြင့် တရားစီရင်ရေးမဏ္ဍိုင်မှာ လွန်စွာဆိုးရွားနေပြီဖြစ်ကြောင်း ဦးသိန်းညွန့် တင်ပြ

Photo: လာဘ်စားသော တရားသူကြီးများအား စီမံခန့် ခွဲရေးနည်းလမ်းအရအရေးယူပြီး ဥပဒေကြောင်းအရ အရေးမယူသဖြင့် တရားစီရင်ရေးမဏ္ဍိုင်မှာ လွန်စွာဆိုးရွားနေပြီဖြစ်ကြောင်း ဦးသိန်းညွန့် တင်ပြ
Friday, August 1, 2014

လာဘ်စားသော တရားသူကြီးများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူပြီး ဥပဒေကြောင်းအရ အရေးမယူသဖြင့် တရားစီရင်ရေး မဏ္ဍိုင်မှာ အင်မတန်ဆိုးရွားနေပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။

ဦးသိန်းညွန့်က လွှတ်တော်တွင်“ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်  ပတ်သက်သည့် လာဘ်ပေးလာဘ်ယူအမှု သုံးမှု မှာ မည်သည့်အမှုများ ဖြစ်သည်။ တရားရေးဝန်ထမ်းများနှင့် ပတ်သက်သော တိုင်ကြားစာများအနက် ထင်ရှားမှုရှိသော အမှုအရေအတွက် မည်မျှရှိသည်”ကို မေးမြန်းခဲ့သည်။

၎င်းမေးမြန်းချက်နှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အတည်ဖြစ်ခဲ့သော ၂ဝ၁၃ ခု နှစ် ဩဂုတ် ၇ ရက်မှ ၂ဝ၁၄ ခုနှစ် ဧပြီ ၂၂ ရက်အထိ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့လာသည့် တိုင်စာပေါင်း ၁၃ စောင်သာ ရှိကြောင်း၊ စုံစမ်းပြီး မမှန်ကန်၍ ပိတ်သိမ်းသည့်အမှုပေါင်း ခုနစ်စောင်၊ စုံစမ်းဆဲ တိုင်စာပေါင်း ခြောက်စောင်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် ဦးစိုးညွန့်က လာဘ်ပေးလာဘ်ယူမှု ဆောင်ရွက်ရေးကော်မတီက အကြောင်းကြားခဲ့သည့် အမှုများနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးနည်းလမ်းအပြင် ဥပဒေကြောင်းအရ တရားစွဲဆိုအရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဦးသိန်းညွန့်က “သူရဦးအောင်ကိုရဲ့ ကော်မတီမှာ တိုင်ကြားစာတွေ သောင်းချီရှိနေတဲ့အနက်က ထောင်ချီက တရားသူကြီးတွေကို တိုင်တာလို့ သိရတယ်။ ကျွန်တော်တို့ ပါတီကိုလည်း တိုင်ကြားစာတွေ တစ်နှစ်ကို တရားသူကြီးတွေကို တိုင်တာ ရာနဲ့ချီရှိတယ်။ တရားသူကြီးတွေကို ဥပဒေကြောင်းအရ အရေးယူတာ မရှိဘူး။ အဲဒီအတွက် တရားရေးမဏ္ဍိုင်က တော်တော်ချို့ယွင်းပျက်စီးနေပြီ”ဟု သတင်းထောက်များအား ပြောကြားသည်။

Eleven Media Group 

ပြည်ခရိုင် ပန်းတောင်းမြို့နယ်တရားရုံးက အမှုတစ်ခုအား မမျှမတစီရင်ချက် ချသည်ဟု ဆိုကာ ပြန်လည်အမှုဖွင့် အရေးယူဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်မှု ကို ဇူလိုင် ၂၉ ရက်တွင် ပြုလုပ်နေစဉ်
ပြည်ခရိုင် ပန်းတောင်းမြို့နယ်တရားရုံးက အမှုတစ်ခုအား မမျှမတစီရင်ချက် ချသည်ဟု ဆိုကာ ပြန်လည် အမှုဖွင့် အရေးယူဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်မှု ကို ဇူလိုင် ၂၉ ရက်တွင် ပြုလုပ်နေစဉ်
လာဘ်စားသော တရားသူကြီးများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူပြီး ဥပဒေကြောင်းအရ အရေး မယူသဖြင့် တရားစီရင်ရေး မဏ္ဍိုင်မှာ အင်မတန်ဆိုးရွားနေပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။

ပညာရေးဝန်ထမ်းများ လုပ်သက် (၂) နှစ်ပြည့်လျှင် ပြောင်းရွှေ့ခွင့်တင်နိုင်

Photo: ပညာရေးဝန်ထမ်းများ လုပ်သက် (၂) နှစ်ပြည့်လျှင် ပြောင်းရွှေ့ခွင့်တင်နိုင်
Friday, August 1, 2014

ပညာရေးဝန်ထမ်းများ အနေဖြင့် လုပ်သက် ၂ နှစ်ပြည့် ပါက ပြောင်းရွှေ့ခွင့်တင်နိုင်မည် ဖြစ်ပြီး ပြောင်းရွှေ့လိုသည့် ဒေသ များကို စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဇော်မင်း အောင်ကပြောသည်။

ဇူလိုင် ၃၁ ရက်တွင် ကျင်းပ ခဲ့သော ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ ရှားတော မဲဆန္ဒ နယ်မှ ဒေါ်နန်းနွံက အခြေခံဆရာ၊ ဆရာမများ သင်ကြားမှု စွမ်း ဆောင်ရည်မြင့်မားရေးသင်တန်း များကို စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှု ကို ဒေါက်တာဇော်မင်းအောင်က ဖြေကြားခဲ့သည်။

ပညာရေးဝန်ထမ်းများကို မြို့ပေါ်မှ ကျေးလက်သို့ ပြောင်း လဲတာဝန်ထမ်းဆောင်စေမည် ဆိုပါက လစာမလုံလောက်မှု၊ ပြောင်းရွှေ့စရိတ်ကြီးမားမှု၊ နေ ထိုင်စရာအခက်အခဲများဖြစ်ပေါ် လာနိုင်ပြီး နေရာသစ်တွင် အသားကျရန်အတွက် အချိန်ယူရမည် ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ဒေသများမှ ပညာတတ်ဘွဲ့ရများ အား ခန့်အပ်တာဝန်ပေးခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အခြေခံပညာ ကဏ္ဍတွင် ဆရာ၊ဆရာမများ၏ သင်ကြားမှု အရည်အသွေး မြင့်မားရေးအ တွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အ တွင်း မူလတန်းအဆင့် ဆရာ၊ ဆရာမများကို ကလေးဗဟိုပြု ချဉ်းကပ်မှုဆိုင်ရာသင်ကြားနည်း စနစ်(Child Center Approach- CCA) သင်တန်းများကို ဖွင့်လှစ် လေ့ကျင့်ပေးလျက်ရှိပြီး ယင်းသင် တန်းများကို ဗဟိုအဆင့်၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်ဟူ၍ သတ်မှတ်ပြီး ဖွင့်လှစ်ပေးလျက်ရှိကြောင်း ဒေါက်တာ ဇော်မင်းအောင်က ထပ်မံပြောသည်။

၂၀၁၂ ခုနှစ်တွင် ၉၃ မြို့နယ်၊၂၀၁၃ တွင် ၈၅ မြို့နယ်၊ ၂၀၁၄ တွင် ၇၂ မြို့နယ်တို့၌ ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် မြို့နယ် ၈၀ နှင့် အဆိုပါ နည်းစနစ်သင်ကြားမှုအားနည်း သောမြို့နယ် ၃၀၊ စုစုပေါင်းမြို့ နယ် ၁၁၀ တွင် ဘာသာရပ်မွမ်းမံ သင်တန်းများဖွင့်လှစ်ရန် လျာ ထားဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

7Day Daily 

အခြေခံပညာကျောင်းမှ ဆရာမနှစ်ဦး ကျောင်းဆင်းချိန် အိမ်ပြန်နေစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)
အခြေခံပညာကျောင်းမှ ဆရာမနှစ်ဦး ကျောင်းဆင်းချိန် အိမ်ပြန်နေစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)
ပညာရေးဝန်ထမ်းများ အနေဖြင့် လုပ်သက် ၂ နှစ်ပြည့် ပါက ပြောင်းရွှေ့ခွင့်တင်နိုင်မည် ဖြစ်ပြီး ပြောင်းရွှေ့လို သည့် ဒေသ များကို စိစစ်ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဇော်မင်း အောင်ကပြောသည်။

ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး မြေဧက ၃၀၀ နီးပါးကို တစ်ဧက ကျပ် ၁၀ သိန်းဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ ဟိုတယ်၊ စားသောက်ဆိုင်များ စီးပွားဖြစ်လုပ်ကိုင်ရန် လယ်/ဆည်ဝန်ကြီးဌာနက လွှဲပေး

Photo: ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး မြေဧက ၃၀၀ နီးပါးကို တစ်ဧက ကျပ် ၁၀ သိန်းဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ ဟိုတယ်၊ စားသောက်ဆိုင်များ စီးပွားဖြစ်လုပ်ကိုင်ရန် လယ်/ဆည်ဝန်ကြီးဌာနက လွှဲပေး
Friday,  August 1, 2014

ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီးရှိ စိုက်ခင်းမြေဧက ၃ဝဝ နီးပါးကို တစ်ဧက ကျပ် ၁ဝ သိန်းဝန်းကျင်ဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ လွှဲပေးရန် စီစဉ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ကင်ပွန်းစခန်းနှင့် သုံးမိုင်ဝန်းကျင်သာ ကွာဝေးပြီး နိုင်ငံ၏အထင်ကရ ကျိုက်ထီးရိုးစေတီသို့ တက်ရောက်ရာလမ်းဘေးတွင်ရှိသည့် မြေဧက ၃ဝဝ နီးပါးကို လွှဲပြောင်းပေးရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါမြေဧက ၃ဝဝ မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပိုင်ဆိုင်လုပ်ကိုင်နေသော စိုက်ခင်းမြေနေရာဖြစ်ကြောင်း သိရသည်။

ရွှေသံလွင်ကုမ္ပဏီမှ မြေဧက ၃ဝဝ နီးပါးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ်သိန်း ၃ဝဝဝ ကျော်သာ ပေးသွင်းရကြောင်း၊ တစ်ဧက ကျပ် ၁ဝဝ၅ဝဝဝ သာ ပေးသွင်းရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီအမည်ဖြင့် ရယူမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြေဧက ၃ဝဝ အတွက် ငွေကျပ်သိန်း ၃ဝဝဝ ကျော်ပေးသွင်းပြီးဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံတော်သို့ အဆိုပါမြေဧက ၃ဝဝ ကိုပြန်အပ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။

ရွှေသံလွင်ကုမ္ပဏီသည် အဆိုပါမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်များဆောက်လုပ်ခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းစသည်ဖြင့် စီးပွားဖြစ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

သုတေသနနှင့် မျိုးပွားခြံနေရာဖြစ်ပြီး ရွှေသံလွင်ကုမ္ပဏီမှ ၎င်းမြေဧရိယာ အတွင်းရှိ စိုက်ပျိုးထားသော သီးနှံများနှင့် စိုက်ပျိုးကုန်ကျစရိတ်များအတွက်သာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ပြန်သွင်းပေးရခြင်းဖြစ် သည်ဟု သိရသည်။

လက်ရှိ မြေဈေးများဖြင့်ဆိုပါက မည်သို့မျှမရနိုင်သည့် ဈေးနှုန်းဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လက်ခံခဲ့ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးကာ အထက်အဆင့်ဆင့်သို့ တင်ပြပေးကြောင်းလည်း ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ရွှေသံလွင်ကုမ္ပဏီသည် ဧက ၉ဝဝ ကျော်ကျယ်ဝန်းသော စစ်တောင်းစက္ကူ စက်ရုံကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။

ယင်းအပြင် စစ်တောင်းစက္ကူစက်ရုံပိုင် ကုန်ကြမ်းစိုက်ခင်းမြေဧက ၁ဝဝဝဝ နီးပါးကိုလည်းရယူကာ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး စက်မှုဇုန်များ ဖော်ထုတ်လုပ်ကိုင်ရန် စီစဉ်နေသည်။

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သည် စစ်တောင်းစက္ကူစက်ရုံအပြင် ဧက ၁၄၆ဝ ကျော်ကျယ်ဝန်းသည့် (ကြံစိုက်ခင်းမြေအပါအဝင်) ဘီးလင်းသကြားစက်ရုံကိုလည်း တစ်လ ကျပ် ၂၅ သိန်းဖြင့်  ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ ကျပ် ၂၅ သိန်း တည်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ရသော်လည်း မကိုက်၍ဟုဆိုကာ ပြန်အပ်ခဲ့ကြောင်း သိရသည်။

ရွှေသံလွင်ကုမ္ပဏီသည် Sky Net ရုပ်သံလိုင်းအပါအဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ လမ်းတံတားလုပ်ငန်းမှအစ လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။

စက်ရုံများ ငှားရမ်းလုပ်ကိုင်ရာတွင် အလွန်သက်သာသော ငှားရမ်းခများဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိပြီး Sky Net ရုပ်သံလိုင်းကို လုပ်ကိုင်ရာတွင် အကျိုးအမြတ်၏ ၉၆ ရာခိုင်နှုန်းကို ၎င်းကရရှိပြီး နိုင်ငံတော်မှ ၄ ရာခိုင်နှုန်းသာ စတင်ရရှိမည့် နှုန်းများဖြင့် လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။   

Eleven Media Group 

ကျိုက်ထီးရိုးကင်ပွန်းစခန်းရှိ တောင်တက်ကားဂိတ်တစ်နေရာကိုတွေ့ရစဉ်
ကျိုက်ထီးရိုးကင်ပွန်းစခန်းရှိ တောင်တက်ကားဂိတ်တစ်နေရာကိုတွေ့ရစဉ်
ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီးရှိ စိုက်ခင်းမြေဧက ၃ဝဝ နီးပါးကို တစ်ဧက ကျပ် ၁ဝ သိန်းဝန်း ကျင်ဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ လွှဲပေးရန် စီစဉ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။