Friday 27 November 2015

နိုင်ငံရေး အကျဉ်းသားများ အမြန်လွှတ်ပေးရေး မကွေးတွင် တစ်ကိုယ်တော်ဆန္ဒပြ

နိုင်ငံရေး အကျဉ်းသား ဟောင်းများ အမြန်လွှတ်ပေးရန် မကွေးဒေသခံအမျိုးသားတစ်ဦး က မကွေးမြို့ပေါ် တွင် နိုဝင်ဘာ ၂၅ရက် နံနက်က တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုဇော်မင်းထိုက်သည် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေး စာတန်းပါ ဆိုင်းဘုတ် ကိုင်ဆောင်၍ မကွေးမြို့ ပြည်တော်သာလမ်း၊ သစ္စာလမ်း၊ အထက(၁)လမ်းနှင့် ဗိုလ်ချုပ်လမ်းတို့၌ တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

‘‘အဖွဲ့လိုက် ဆန္ဒပြရင် ရှုပ်ထွေးမှာစိုးရိမ်လို့ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တစ်ကိုယ် တော်ဆန္ဒပြတာ။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့နေရာမှာ လက်ပံတန်းကျောင်း သားသပိတ် ဖြိုခွင်းခံရတုန်းက ကျောင်းသားတွေအပါအ၀င်ဖမ်း ဆီးခံထားရတဲ့ ကျောင်းသားတွေရော၊ နိုင်ငံရေး သမားတွေရော အားလုံးကို ကျွန်တော်ဆိုလိုပါ တယ်’’ ဟု တစ်ကိုယ်တော်ဆန္ဒပြသူ ကိုဇော်မင်းထိုက်ကပြောသည်။

ကိုဇော်မင်းထိုက်သည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ဆန္ဒပြခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ကိုးကြိမ်မြောက်ဖြစ်ပြီး (၄၃၆)ပြင်ဆင်ရေး၊ တောင်သူများလယ်ယာ မြေလျော်ကြေး ရရှိရေးတို့အတွက် လည်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။ 

7 Day Daily 

No comments:

Post a Comment