တပြည်လုံး အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေး ပွဲများ ပြန်စဖို့ MPC တာဝန် ရှိသူ များမှ NCCT အဖွဲ့အား ထိုင်းနိုင်ငံ၌ လာရောက် ညှိနှိုင်း ဆွေးနွေး နေစဉ် တပြည်လုံး အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေး ပွဲများ ပြန်စဖို့ MPC တာဝန် ရှိသူ များမှ NCCT အဖွဲ့အား ထိုင်းနိုင်ငံ၌ လာရောက် ညှိနှိုင်း ဆွေးနွေး နေစဉ် ဓါတ်ပုံ - (အောင်မိုးမြင့်)
အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပက်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT တို့ ပြန်လည် ဆွေးနွေး နိုင်ရန် အတွက် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC တာဝန် ရှိသူ များနှင့် NCCT အဖွဲ့ခေါင်းဆောင် တို့၏ ဒီဇင်ဘာလ (၂) ရက်နေ့ တွေ့ဆုံ မှုတွင် အပြုသဘော ဆောင်ပြီး အလားအလာ ကောင်းသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။