
သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပက်ဆေသည် တတိယအကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် တောင်းဆိုခဲ့မှု အပေါ် တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီ ဖြစ်သောကြောင့် ဇန်န၀ါရီလတွင် ကျင်းပဖွယ်ရှိ သည့် ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။အတိုက်အခံများက သမ္မတ၏ တောင်းဆိုချက်အပေါ် ကန့်ကွက်ခဲ့သော်လည်း တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။