Sunday 13 April 2014

ရွှေဂုံတိုင်ဂုံးကျော်တံတားအဆင်းတွင် အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်

၁၃.၄.၂၀၁၄ ရက်နေ့ ၁၆၁၅ အချိန် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်းလမ်းအတိုင်း ကမ္ဘာအေးဘုရားဘက်မှ ဦးထောင်ဘိုအ၀ိုင်းဘက်သို့ ယာဉ်မောင်း ညီညီလွင်၊ (၄၅)နှစ်၊ (ဘ)ဦးစောဖြူ၊ ပျားရေကုန်းရပ်ကွက်၊ တာမွေမြို့နယ်
နေသူမောင်းနှင်လာသော 5F---- လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်
သည် ရွှေဂုံတိုင်ဂုံးကျော်တံတားအဆင်း ဗဟန်းမြို့မရဲစခန်းရှေ့အရောက် အရှိန်လွန်ကာ ယာဘက်သို့တိမ်း မှောက်သွားခဲ့ပါသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ကျား(၂)ဦး၊ မ(၅)ဦးတို့တွင် ဖူးရောင် နာကျင်ဒဏ်ရာများအသီးသီးရရှိကာ ရန်ကုန်
ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် ကုသခဲ့ရပါသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ညီညီလွင် ကို ဗဟန်းမြို့မရဲစခန်း ယာဉ်(ပ)၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ကာအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂ မဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိ သုဓမ္မ ဦးသိန်းစိန် နိုင်ငံ တစ်ဝန်းလုံး သို့ ပြောကြား သည့် အတာ သင်္ကြန် နှစ်သစ်ကူး နှုတ်ခွန်း ဆက်လွှာ

မိဘပြည်သူ များ ခင်ဗျား -
မြန်မာ တို့ရဲ့ ရိုးရာ အစဉ်အလာ ဖြစ်တဲ့ နှစ်သစ် ကူး သင်္ကြန် အခါ သမယ မှာ မိဘ ပြည်သူများ အားလုံး ကိုယ် ၏ ကျန်းမာ ခြင်း၊ စိတ်၏ ချမ်းသာ ခြင်းနဲ့ ပြည့်စုံ ကြပါစေ၊ သင်္ကြန် နှစ်သစ် ကူး ရုံး ပိတ်ရက် အားလပ်ရက် များကို ပျော်ရွင် စွာ ဖြတ်သန်း နိုင်ပြီး နှစ်ဟောင်း က ပင်ပန်း သမျှ အနားရ လို့် နှစ်သစ် မှာ အားသစ် ခွန်သစ် နဲ့ မိမိ အတွက် မိသားစု အတွက် နိုင်ငံ အတွက် စိတ်သစ် လူသစ်နဲ့ ကြိုးစား အလုပ်လုပ် နိုင်မယ့် နှစ်သစ် ကူး အခါ သမယ ဖြစ်ပါစေ လို့ ဦးစွာ ပထမ ဆုတောင်း နှုတ်ခွန်း ဆက်သ လိုက် ပါတယ်။

ယခုလို နှစ်သစ် ကူး ကာလ မှာ နှစ်ဟောင်းက အညစ် အကြေး များကို ဆေးကြော သန့်စင် ပြီး နှစ်သစ် မှာ စိတ်သစ် လူသစ် နဲ့ မင်္ဂလာ ရှိရှိ အစပြု လေ့ ရှိတာဟာ ကျွန်တော် တို့ လူ့ အဖွဲ့အစည်း ရဲ့ ရိုးရာ ဓလေ့ ဖြစ်ပါတယ်။ ကျွန်တော် တို့ ပြည်ထောင်စု ဟာ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင် နိုင်တဲ့ သမိုင်း အစဉ် အလာ ရှိတဲ့ ပြည်ထောင်စု ဖြစ်ပါ တယ်။ နှစ်ထောင် ချီ သမိုင်း အစဉ်အလာ ရှိပြီး ယဉ်ကျေး တဲ့ လူမျိုး တွေ စုဝေး နေထိုင် ကြတဲ့ နိုင်ငံ တစ် နိုင်ငံ အဖြစ် ကမ္ဘာ့ မိသားစု ကြီး ထဲမှာ ဂုဏ်ရှိန် ဝင့်ထည် ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သင်္ကြန် ပွဲတော် ဟာလည်း လူမျိုး ပေါင်းစုံ ဘာသာ ပေါင်းစုံ ပါဝင် ဆင်နွှဲ ကြတဲ့ ရိုးရာ ပွဲတော်ကြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘာလင်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ


Sunday, April 13, 2014

မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးအတွက် မွတ်ဆလင်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့လို အုပ်စုတွေ၊ အဖွဲ့စည်းတွေကို ကွက်ကွက်လေး ကြည့်တာ အထောက်အကူမဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ Federal Press Office ဖယ်ဒရယ်အစိုးရ သတင်းအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်း စာ ရှင်းလင်းပွဲမှာ အဲ့ဒီ လို ပြောကြား လိုက်တာပါ။ တိုင်းရင်းသား ပဋိပက္ခတွေထဲ ဒီအဖွဲ့တွေ ပါသလားလို့မေးမြန်း တဲ့ အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နေ တုန်းပဲရှိပြီး တိုင်းရင်းသား အုပ်စုတွေအများကြီးရှိတဲ့အတွက် ဘယ်တိုင်းရင်းသား ဒါမှမဟုတ် ဘယ် အသိုင်းအ၀ိုင်း အုပ်စုကိုမှ ဖော်ညွှန်းပြောကြားတာမဟုတ်ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ပြော ကြားခဲ့တာကို ဒီ သတင်းစာ ရှင်းလင်းပွဲမှာ အစီအစဉ်မှူးလုပ်ခဲ့တဲ့ ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ ဦးလင်းအောင်သိုက်က ပြန်ပြောပြပါတယ်။

ရုရှလိုလားသူတွေ ယူကရိန်း အရှေ့ပိုင်း ရဲစခန်းတခု ထပ်သိမ်းပြန်

Sunday, April 13, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ကရာမာတော့စခ် မြို့မှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့အပြီး ရုရှားလိုလားတဲ့ လှုပ်ရှားတက်ကြွသူတွေက ရဲစခန်း ဌာနချုပ်ကို သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ယူနီဖေါင်း ဆင်တူ ဝတ်ထားကြတဲ့ အနည်းဆုံး လူနှစ်ဆယ်လောက်နဲ့ အစီအစဉ်တကျ ဖွဲ့ထားတဲ့ အဖွဲ့တဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

ခေါင်းဆောင် ၄ဦး တွေ့ဆုံရေး အင်းတော်၊ ကသာနဲ့ ဖျာပုံမှာ တောင်းဆိုဆန္ဒပြ


Saturday, April 132, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးဖို့ ဒေသခံ တစ်ထောင် နီးပါးလောက် ဒီနေ့မနက် က တောင်း ဆိုဆန္ဒပြခဲ့ကြပါတယ်။
လွှတ်တော်နဲ့ အစိုးရက ပြည်သူတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံ ပြင်ဆင်ရေးကို အသိအမှတ် ပြုဖို့လိုကြောင်း ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုချမ်းအောင် က ပြောပါတယ်။

Photo: ခေါင်းဆောင် ၄ဦး တွေ့ဆုံရေး အင်းတော်၊ ကသာနဲ့ ဖျာပုံမှာ တောင်းဆိုဆန္ဒပြ
Saturday, April 12, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးဖို့ ဒေသခံ တစ်ထောင် နီးပါးလောက် ဒီနေ့မနက် က တောင်း ဆိုဆန္ဒပြခဲ့ကြပါတယ်။
လွှတ်တော်နဲ့ အစိုးရက ပြည်သူတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံ ပြင်ဆင်ရေးကို အသိအမှတ် ပြုဖို့လိုကြောင်း ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုချမ်းအောင် က ပြောပါတယ်။

"အဓိကရည်ရည်ရွယ်ချက်ကတော့ ကျနော်တို့ပြည်သူတွေဟာ အခြေခံဥပဒေကို တောင်းဆိုနေကြတယ် အဲ့ဒါကို လွှတ်တော်ရော၊ သမ္မတရော သိဖို့ရာအတွက်တောင်း ဆိုနေကြခြင်းဖြစ်ပါတယ် ၊ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေကို ကျနော်တို့ပြည်သူတွေကမှ မလိုချင်ဘူးဆိုတာ ပြန်လည်ဖေါ် ထုတ်ပြသနေတယ်ဗျ၊ဒါကို အဓိကလိုချင်တာ "
ဒီနေ့ဆန္ဒပြပွဲမှာ NLD ပါတီ ၊ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီနဲ့ အင်းတော်မြို့ နယ် ကျေးရွာ ၄၃ ရွာက ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်လောက်ပါဝင်ခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့မှာလည်း ရာနဲ့ချီတဲ့ ဒေသခံတွေက ဖွဲ့စည်း ပုံ ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ NLD ပါတီဝင်တွေက ဦးဆောင် ပြီး ဒေသခံ တစ်ထောင် နီးပါးလောက်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) ၊ (ဃ) တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးဟာ အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဖျာပုံမြို့နယ် NLD ပါတီဝင် ကိုနိုင်လင်းထွန်းက ပြောပါတယ်။

"ပြင်ဆင်ဖို့လည်း တအားခတ်တယ်၊ပြင်ဆင်ရမဲ့အခန်းမှာကိုက လုံးဝပြင် ဆင်လို့ကို မရနိုင်လောက်အောင်ချုပ်ကိုင်ထားတဲ့ဟာမျိုးတွေရှိတယ်၊ ကျနော် တို့ဒီဆန္ဒပြပွဲလုပ်တာဟာလည်း ပါတီရဲ့မူဝါဒတွေ အကောင်အထည်ဖော် တာပေါ့ ၊လာမဲ့ရွေးကောက်ပွဲဝင်ကတည်းက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ပြည်တွင်း ငြိမ်းချမ်းရေးဆိုပြီးတော့ဝင်တာကို အဲ့လိုတရား ဥပဒေစိုးမိုး ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပွင့်လင်းမြင်သာရှိဖို့လိုတယ်၊အဲ့ဒါကြောင့် ဆန္ဒဖော်ထုတ်တာပေါ့ "
ဒီနေ့ ဆန္ဒပြပွဲကို ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲစတဲ့ မြို့နယ်တွေအပြင် အခြား မြို့နယ် အတော်များများက ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။

RFA