Monday 23 November 2015

အာရဘီစကားပြောလို့ လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ခံရ

အမေရိကန် ပြည်ထောင်စု၌ အမျိုးသားနှစ်ဦးသည် လေဆိပ်တွင် အာရဗီဘာသာ စကားဖြင့် အပြန်အလှန် ပြောဆိုခဲ့မှုကြောင့် ရှီကာဂိုမှ ဖီလာဒယ်ဖီယာသို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်ခွင့်မရရှိခဲ့ကြောင်း သိရသည်။

ခရီးသည်တစ်ဦးက မဟာခါလီနှင့် အနာစ်အိုင်ယတ် တို့နှစ်ဦး အာရဘီဘာသာဖြင့် ပြောဆိုနေမှုကို မတော် တဆကြား ခဲ့ရပြီးနောက် အာဏာပိုင်များအား အသိပေးခဲ့ရာ ၎င်းတို့နှစ်ဦးအား မစ်ဝေးလေဆိပ်မှ လုံခြုံရေးများက လေယာဉ်ပေါ်သို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

ပါလက်စတိုင်းနွယ်ဖွား ယင်းအမျိုးသား နှစ်ဦးအား လေဆိပ်လုံခြုံရေး အရာရှိများက စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညတွင် ထွက်ခွာမည့် လေယာဉ်တစ်စင်းဖြင့် သွားလိုရာကို သွားခွင့်ပေးခဲ့သည်။ လေယာဉ်ပေါ်သို့ ရောက်ရှိပြီး နောက်တွင် အခြား ခရီးသည်များက ခါလီအား ၎င်းသယ်ဆောင်လာသည့် အ၀တ်သေတ္တာကို ဖွင့်ကာ အထဲရှိ ပစ္စည်းများကို ပြသစေခဲ့သည်။

 ပြင်သစ်နိုင်ငံ ပါရီမြို့၌ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုတွင်း ပြေးဆွဲ သည့် လေကြောင်း ခရီးစဉ်များတွင် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။

ဖလော်ရီဒါ ပြည်နယ်၌ ကြာသပတေးနေ့တွင် ခရီးသည် အမျိုးသမီးတစ်ဦး ကလေယာဉ်ကို ဖောက်ခွဲမည်ဟု ပြောဆို နေသံကို ကြားရကြောင်း တိုင်ကြားခဲ့ပြီးနောက် မင်နီယာပိုလစ်မြို့သို့ ဦးတည်ထွက် ခွာနေသည့် Spirit  လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ခရီးစဉ်ကို ရပ်ဆိုင်းပြီး ဖို့လောက်ဒါဒေး လေဆိပ်သို့ ပြန် လှည့်ခဲ့သည်။    

Source:Reuters
Messenger News Journal 

No comments:

Post a Comment