Saturday 4 May 2013

ဗြိတိသျှကောင်စီမှ စီစဉ်သော မြန်မာအဆင့်မြင့်အရာရှိကြီးများ၏ UK တက္ကသိုလ်များ လေ့လာရေးခရီးစဉ်စတင်

NLD ဗဟိုအလုပ်အမှုဆောင်တွေ တရုတ်ပြည် သွားမည်

မဒေးကျွန်းဒေသခံတွေကို ရုံးတင်တရားစွဲမည်

Photo: မဒေးကျွန်းဒေသခံတွေကို ရုံးတင်တရားစွဲမည်
Saturday,May 04,2013

ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းဒေသခံတွေက မိရိုးဖလာ လယ်လုပ်ငန်းနဲ့ ငါးဖမ်းကွက်တွေအတွက် သူတို့ရဲ့ရပိုင်ခွင့်ကို  ဆက်တောင်းဆိုနေတဲ့အတွက် ခံဝန်ကတိနဲ့ ပြန်လွှတ်ထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်တွေဘက်က တရားရုံးတင်လိုက်ပြီဖြစ်ပါတယ်။ လာမယ့်တနင်္လာနေ့မှာ တရားစွဲဆို အမှုစစ်မှာဖြစ်တဲ့အတွက် ဆန္ဒပြခဲ့ကြတာ ရွာလုံးကျွတ်ဖြစ်လို့ တရွာလုံးက အဖမ်းခံဖို့ ဆုံးဖြတ်ထားတယ်လို့လည်း မဒေးကျွန်းဒေသခံတွေကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီးတော့ သွယ်ဖောက်တဲ့ ရွှေသဘာဝဓာတ်ငွေ့၊ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ မဒေးကျွန်းဒေသခံတွေက တရုတ်ကုမ္ပဏီရုံးရှေ့မှာ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူလို့ ယူဆရတဲ့ မဒေးကျွန်းရွာသူရွာသား ၁၀ ဦးကို အာဏာပိုင်တွေက တရားစွဲဆိုပြီးတော့ လာပြီးတော့ အမှုရင်ဆိုင်ဖို့ လာမယ့်တနင်္လာနေ့ကို ရုံးချိန်း သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
 
ဒီဆန္ဒပြပွဲ ဦးဆောင်သူလို့ ယူဆရသူ ဒေသခံတွေကို မဒေးကျွန်းရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးတော့ တာဝန်ခံရဲမှူးက ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်ပြီး လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မဒေးကျွန်း ဒေသခံတွေအနေနဲ့ မိမိတို့ရဲ့ နစ်နာဆုံးရူံးမှုတွေအတွက် ဆက်ပြီးတော့ တောင်းဆိုနေတဲ့ အတွက် အာဏာပိုင်တွေဘက်က တရားရုံးတင်ပြီး အမှုစွဲဆိုတော့မှာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ ဦးထွန်းနိုင်က ပြောပါတယ်။
 
“လာမယ့်တနင်္လာနေ့မှာ သူတို့ကို ရုံးချိန်းထားတယ်လို့ပြောတယ်။ သူတို့ကိုယ်တိုင်မှပဲ ဘယ်ပုဒ်မနဲ့ သူတို့ကို ရုံးတင်တယ်ဆိုတာ သိရလိမ့်မယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ တင်တာဖြစ်လိမ့်မယ်လို့ထင်တယ်။ ကြိုတင်ခွင့်ပြုချက်ကတော့ တောင်းတာပေါ့။ ကြိုတင်ခွင့်ပြုချက်က မြို့နယ်မှာတောင်းတယ်။ မြို့နယ်က ပယ်ချတော့ ပြည်နယ်မှာတခါ တောင်းတယ်။ ပြည်နယ်က ပယ်ချတယ်။ အဲဒီလို ပယ်ချတယ်။ သူတို့ခွင့်ပြုချက်မတောင်းတာတော့ မဟုတ်ဘူး။ တောင်းတယ်။ ပယ်ချတယ်။ ခွင့်မပြုဘူးပေါ့။ ခွင့်မပြုဘဲနဲ့ ဆန္ဒပြတယ်ဆိုတော့ အစိုးရမှာသတ်မှတ်ထားတဲ့ ပုဒ်မနဲ့သွားပြီး ညှိတာပေါ့။
 
“ဒီ ဆန္ဒပြတယ်ဆိုတာ သူတို့ ၁၀ ယောက်တည်းပြတာမဟုတ်ဘူး။ အကုန်လုံး ရွာကလူတွေ အကုန်လုံးပြတဲ့အတွက် အရေးယူမယ်ဆိုရင် တရွာလုံးကို အရေးယူဖို့အတွက်၊ လူ ၅၀၀ လောက်ကို အရေးယူဖို့အတွက် တောင်းဆိုပွဲ လုပ်နေကြတယ်။”
 
မဒေးကျွန်းပေါ်က တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့်ဖြစ်လာတဲ့ နစ်နာဆုံးရူံးမှုတွေ အတွက် မဒေးကျွန်း တရွာလုံးအတိုင်းအတာနဲ့ ဆက်ပြီးတော့ ဆန္ဒပြတောင်းဆိုသွားဖို့ ရွာသူရွာသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
 
ဒီရေနံပိုက်လိုင်းစီမံကိန်းကြောင့် မဒေးကျွန်းပေါ်က ဒေသခံတွေရဲ့ လယ်ယာဥယျာဉ်မြေတွေ အသိမ်းခံခဲ့ရတဲ့အပြင် မဒေးကျွန်းဒေသခံတွေရဲ့ မိရိုးဖလာ ငါးဖမ်းတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုဆန္ဒပြခွင့် တရားဝင်ရဖို့ သက်ဆိုင်ရာကို ခွင့်တောင်းခဲ့ပေမဲ့  ခွင့်ပြုမိန့် မရခဲ့တဲ့အတွက် ရာချီတဲ့ မဒေးကျွန်းဒေသခံတွေစုဝေးပြီး ဒေသခံတွေရဲ့လိုလားချက်တွေ နစ်နာဆုံးရှုံးမှုတွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဦးထွန်းနိုင်က ဆိုပါတယ်။
 
“ဆုံးရှုံးသွားတဲ့လယ်တွေကတော့ ဆုံးရှုံးသွားပြီလေ။ မတတ်နိုင်တော့ဘူး။ နောက်တခါ လျော်ကြေးမရတဲ့နေရာတွေကလည်း ရှိနေတယ်။ ဒါတွေအတွက်ကော သူတို့လိုချင်တာ ရှိလိမ့်မယ်။ လယ်သမားတွေက သူတို့တောင်းဆိုထားတဲ့အထဲမှာ ပါတယ်၊ အဲဒီမဒေးကျွန်းရဲ့ တောင်ဘက်မှာ နောက်ထပ် နေရာအသစ် လယ်ကွက်အသစ်တွေ ထုတ်ပေးဖို့ သူတို့တောင်းဆိုထားတယ်။ သူတို့တောင်းဆိုတာက သူတို့အတွက် နစ်နာတာ အလွန်တရာများတဲ့အတွက် သူတို့က ဒါကို လူအများသိအောင်၊ အပေါ်ကနေသိအောင် လုပ်နေတာပဲဖြစ်တယ်။ ဒီလို အရေးယူဖို့တော့ မကောင်းပါဘူး။ သူတို့ခံနေရတာက တကယ့်ကို ခံနေရတာလေ။”
 
မဒေးကျွန်းတဝိုက် ရေနံတင်ဆိပ်ကမ်းအနီးတွင် ရေနံတင်သင်္ဘောကြီးတွေ ၀င်ထွက်သွားလာတဲ့အတွက် ကျွန်းတဝိုက် ပိုက်ချထားတဲ့ မဒေးကျွန်း ဒေသခံတွေရဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီး နစ်နာဆုံးရှုံးခဲ့ရတယ်လို့ မဒေးကျွန်းဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မဒေးကျွန်းပတ်လည်မှာ မဒေးကျွန်းသူကျွန်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့   လွတ်လပ်စွာ ငါးဖမ်းခွင့်ပေးဖို့နဲ့ ရေနံတင်သင်္ဘောတွေကြောင့် ဒေသခံတွေရဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီးဆုံးရှုံးရမှုတွေကိုလည်း တာဝန်ယူပေးဖို့ တောင်းဆိုနေကြတာဖြစ်တယ်လို့ ကိုထွန်းထွန်းနိုင်က ဆိုပါတယ်။
 
“တံငါ လုပ်ငန်းလုပ်နေတဲ့နေရာတွေမှာ သူတို့ သင်္ဘောကြီးတွေ ရောက်နေတယ်ဆိုတော့ ငါးတွေ ပိုက်တွေက အဲဒီလိုပဲ မျောထားခဲ့တာတွေက မျောထားလို့မရတော့ဘူး။ သူတို့ပိုက်နဲ့ညှိတာတို့ ဘာတို့ရှိတာကိုး။ ငါးဖမ်းကွက်တွေ မရှိတော့ဘူးဗျ။ နည်းသွားပြီပေါ့။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ ငါးတွေ ရှားလာတယ်။ အများဆုံးကတော့ သင်္ဘောကြီးတွေ ရှိတယ်။ ပိုက်ချတယ်ဆိုတာက အောက်မှာ မျောထားတာကိုး။ ငါးဖမ်းပိုက်တွေက အဲဒီပင်လယ် မမြင်ရတဲ့နေရာတွေမှာ အောက်မှာ မြှုပ်ထားတာတွေ ရှိတယ်။ အဲဒါတွေက သူတို့ သင်္ဘော ကျောက်ချလိုက်တယ် ဆိုတော့ ပါသွားတာပေါ့။ အဲဒါတော့ ရှိတယ်လေ။”
 
မဒေးကျွန်းဒေသခံတွေ အဓိက တောင်းဆိုခဲ့တဲ့အချက်တွေကတော့ စီမံကိန်း အတွက် မဒေးကျွန်းပေါ်က ဥယျာဉ်မြေနဲ့ လယ်ယာမြေ အသိမ်းခံရတဲ့ ခြံပိုင်ရှင်လယ်သမားတွေ နစ်နာဆုံးရှုံးမှုအတွက် လုံလောက်တဲ့ လျော်ကြေးရရှိရေးနဲ့ လယ်သမားတွေအတွက် လယ်လုပ်ကွက်အသစ် ဖော်ဆောင်ပေးရေးအပါအဝင်၊ မဒေးကျွန်းပတ်လည် စီမံကိန်းကြောင့် ပျက်စီးသွားရတဲ့ လမ်းတွေနဲ့ တာတမံကို ပြန်တည်ဆောက်ပေးရေး၊ မဒေးကျွန်းပေါ် လုံခြုံရေးတာဝန်ယူဖို့၊ မဒေးကျွန်းဒေသခံတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးစတာတွေကို မဒေးကျွန်းပတ်လည်က ရွာတွေ စုပေါင်းပြီး တောင်းဆိုနေကြတယ်လို့ မဒေးကျွန်းဒေသခံက ပြောပါတယ်။
 
၂၀၁၁ ခုနှစ်ကစပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် ရေနံပိုက်လိုင်းစီမံကိန်းကို တရုတ်ကုမ္ပဏီ CNPC (CHINA National Petroleum Cooperation) က လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မဒေးကျွန်းဟာ ရခိုင်ပြည်နယ်ကို ဖြတ်သန်း သွယ်ဖောက်မယ့် ရွှေသဘာဝ ရေနံပိုက်လိုင်း စီမံကိန်းရဲ့ လုပ်ငန်းခွင် အဓိက အစိတ်အပိုင်း နေရာလည်းဖြစ်ပါတယ်။
VOA

ရန်ကုန်တိုင်း စုပေါင်း ရုံးကြီး ကြယ်ငါးပွင့်ဟိုတယ်ဘ၀ကို ပြောင်းမယ်

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားတွေ ၀င်လာမှုက မြင့်တက်လာခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ပါတီ မေလ ၅ရက်တွင် တွေ့ဆုံမည်

မေလ ၅ရက်နေ့ မနက် ၁၀နာရီတွင် နေပြည်တော်ရှိ သမ္မတဦးသိန်းစိန်၏ အိမ်တော်တွင် ပြည်တွင်း   နိုင်ငံရေး ပါတီ (၁၈)ပါတီတို့ တွေ့ဆုံကာ လက်ရှိနိုင်ငံတွင်းဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေး သွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က မြန်မာ့ခေတ် သို့ ပြောကြားသည်။

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်ကျပ်ထားတဲ့ ကြားထဲက တွဲထိန်းဝန်ထမ်းအယောင်ဆောင်တစ်ဦး ဖမ်းဆီးရမိ

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်းကျပ်ထားချိန် ၀န်ထမ်းအယောင်ဆောင်သူတစ်ဦးဟာ ဧပြီ ၂၉ရက်နေ့ မနက်(၉)နာရီခန့်အချိန်မှာ ဘူတာကြီးတောင်ဘက်ခြမ်းကနေ ကန့်သတ်နယ်မြေထဲကို ၀င်ရောက်လာ ပါတယ်။ 

အမျိုးဘာသာ ခိုင်မြဲရာ

မိုဘိုင်းလ်ဖုန်းများကြောင့် ကျန်းမာရေး မထိခိုက်စေရန် နားကြပ်ဖြင့် ပြောဆိုသင့်ဟုဆို

မိုဘိုင်းလ်ဖုန်း များကြောင့် ကျန်းမာရေး ထိခိုက်ခြင်း မရှိစေရန် နားကြပ်ဖြင့် ပြောဆိုခြင်းကို ဂရုပြု လုပ်ဆောင် သင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ကြောင်း သိရ သည်။ နေ့စဉ်လူနေမှုဘ၀အတွက် မိုဘိုင်းလ်ဖုန်းများသည် မရှိမဖြစ် လိုအပ်သ်ာလည်း ကျန်းမာရေး မထိခိုက်စရန် ဆင်ခြင်သုံးစွဲသင့်ကြောင်း ၊ မိုဘိုင်းလ်ဖုန်း ရှိ မိုက္ကရိုဝေ့ဖ်ကြာင့် ဦးနှောက်နှင့် ပတ်သက်သော ရောဂါများဖစ်စေတတ်ပြီး ကြာရှည်စွာ ပြောဆိုရန်လိုအပ်ပါက နားကြပ်များ အသုံးပြု၍ ပြောဆိုသင့်ကြောင်း သိရသည်။ 

အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို

Photo: အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို
Saturday, May 4, 2013 

ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက  အသက်ဆုံးရှုံး
သည်အထိဖြစ်ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်း
ကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက
တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ဆေးရုံတွေကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့
လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့်တာတွေ ဖြစ်လာတယ်။ အဲဒီတော့
ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ်သင့်တယ်”ဟု
နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က
အကြံပြုပြောဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက်
သွေးတိုးရောဂါခံစားနေရသူများသည် ရောဂါလက္ခဏာမပြသည့် အတွက်
ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀
နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု  သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင်က
ဆက်လက်ပြောဆိုသည်။

သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊
နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့်
အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိ
ရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီး
သွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင်
သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့်
သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင်ချိန် ဖော်ပြမှု ရံဖန်ရံခါတွင်
မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။
သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့်
အနားယူခြင်း၊ တင်းကျင်သော အ၀တ် အစားများအား ဖြေလျော့ထားသင့်ကြောင်း၊
လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ
စစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့
တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ
ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါက
ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု
အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ
(၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ
သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure
Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့်
အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို
ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

လွင်ထူးကို(မြစ်မခ)
by Myit Makha Mediagroup on 4 May, 2013

http://www.myitmakhamediagroup.com/detail.php?newid=4530

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်သော   ကြောင့် သွေးပေါင် ချိန် ပုံမှန် စစ်ဆေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

ရှမ်း/ ပလောင်/ ကချင် ပူးပေါင်းအဖွဲ့မှ အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ရွာသား နှစ်ဦးအား ဖမ်းဆီး၍ တစ်ဦးအား သတ်ဖြတ်

ရှမ်း/ ပလောင်/ ကချင် ပူးပေါင်းအဖွဲ့မှ အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ရွာသား နှစ်ဦးအား ဖမ်းဆီး၍ တစ်ဦးအား သတ်ဖြတ်


ရှမ်း/ ပလောင်/ ကချင်အဖွဲ့များ ပူးပေါင်းထားသော တိုင်းရင်းသား လက်နက်ကိုင် အင်အား ၂ဝ ဦး ပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်လျက် ကွတ်ခိုင်မြို့နယ် လွယ်ပိုးကျေးရွာသို့ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၂ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်လာပြီး ကျေးရွာလူကြီး ဦးလှဝင်းနှင့် လုံကန် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဦးညီဖေတို့ နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားသည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့များ ဖမ်းဆီး ခေါ်ဆောင်သွားသော ကျေးရွာလူကြီး ဦးလှဝင်းနှင့် ဦးညီဖေတို့ နှစ်ဦးအနက် ဦးလှဝင်းမှာ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်က လွယ်ပိုး ကျေးရွာသို့ ပြန်လည် ရောက်ရှိလာသည်။

ဦးညီဖေမှာ ရွာနီး တောစပ်၌ ၎င်းလက်နက်ကိုင် အဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက် ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင်  သေနတ် ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးလျက်ရှိကြောင်း သိရှိရသဖြင့် ကျေးရွာ တာဝန် ရှိသူများ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များမှ အလောင်းအား လိုက်လံ ရှာဖွေပြီး မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီး သတ်ဖြတ်မှုနှင့် ပတ်သက်၍ ရွာသားများ၏ ပြောပြချက်အရ အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် ကျေးရွာ လူကြီးများထံမှ တောင်းခံသည့် ဆက်ကြေးငွေနှင့် ရိက္ခာများ ပေးပို့ရန် ပျက်ကွက်မှုကြောင့် လည်းကောင်း၊ တပ်မတော် စစ်ကြောင်း များ၏ အမာခံ သတင်းပေးဟု စွပ်စွဲ၍ လည်းကောင်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

လွတ်မြောက်လာသူ ကျေးရွာလူကြီး ဦးလှဝင်းမှာ ၎င်းအဖွဲ့များ ထပ်မံ ရောက်ရှိမည်ကို စိုးရိမ်သောကြောင့် ၎င်း၏ မိသားစု များအား ခေါ်ဆောင်၍ ရွာမှ တိမ်းရှောင် သွားခဲ့သည်။

ထိုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တရားဥပဒေမဲ့ လုပ်ရပ်များအား ဒေသခံ ပြည်သူများမှ ရွံရှာ စက်ဆုပ် မုန်းတီး လျက်ရှိကြောင်း သတင်း ရရှိသည်။

 
http://www.myawady.net.mm/allnews/headline/item/12790-2013-05-04-08-15-22
ရှမ်း/ ပလောင်/ ကချင်အဖွဲ့များ ပူးပေါင်းထားသော တိုင်းရင်းသားလက်နက်ကိုင် အင်အား ၂ဝ ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့ သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် ကွတ်ခိုင်မြို့နယ် လွယ်ပိုးကျေးရွာသို့ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၂ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်လာပြီး ကျေးရွာလူကြီး ဦးလှဝင်းနှင့် လုံကန်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဦးညီဖေတို့ နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သွားသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ၊မြဝတီမြို့နယ်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင် များသည် ဧပြီလ (၂၉) ရက်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရသက်သေများနှင့် အတူမြဝတီမြို့၊

ကလော ရွှေတွင်း ထဲမှာ ပိတ်မိနေသူ တွေရှိနေသေး


မေလ ၂ရက်နေ့ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရာသွန်းမှု လေပြင်းမုန်တိုင်းတိုက်ခတ်မူ ကြောင့်ကလောမြို့နဲ့ ၁၆မိုင်ကွာ ရှိ ဂိုးစတား ရွှေတွင်း ပြိုကျခဲ့ရာမှာ လူပေါင်း လေးဆယ် ခန့် ၀င်ရောက်အလုပ်လုပ်ကိုင်နေရာ ၃ဦးကို အသက်ရှင် လျက်နဲ့ပြန်လည်တွေ့ရှိရပြီးသေဆုံး သူတစ်ဦးရဲ့ အလောင်းကို တူးဖော် ရရှိထားတယ်လို့သိရပါတယ်။

တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်

တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်

မေလ ၄ ရက် ၂၀၁၃

တရုတ်ပြည်၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Lhasa မြို့ ၊ Potalaka တောင်ပေါ်မှာ တည်ရှိလို့ ယင်းကို အစွဲပြုပြီး Potala နန်းတော် လို့အမည်ပေးထားပါတယ်။ ၁၉၉၄ ခုနှစ်က စတင်လို့ ကမ္ဘာ့သမိုင်းဝင် အမှတ်အသား နေရာများ စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ 

အေဒီ ၆၃၇ ခုနှစ်ကတည်းက စတင် တည်ဆောက်ပြီး ယနေ့အထိ ပြုပြင် မွမ်းမံလို့ အကောင်းအတိုင်းကျန်ရှိအောင် ထိန်းသိမ်း စောင့်ရှောင့် ပါတယ်။ ခေတ်အဆက်ဆက် တိဘတ်ဘုန်းတော်ကြီးများ သတင်း သုံး နေထိုင်ခဲ့တဲ့ ကျောင်းဆောင်ဖြစ်ပြီး နန်းတော် သဖွယ် ကြီးကျယ် ခမ်းနား ပါတယ်။ 

အဆောက်အအုံပေါင်း ၁၃ ခု၊ အခန်းပေါင်း ၁၀၀၀၊ ဗိမာန်ဆောင်ပေါင်း ၂သောင်း၊ ရုပ်တုပေါင်း ၂ သိန်းရှိပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း ထားတဲ့ အခြားသော သမိုင်းဝင် အမွေအနှစ်ပစ္စည်းများစွာ ရှိပါ တယ်။ တောင်အောက်ခြေက စလို့ အမြင့်ပေ ၁၀၀၀ မှာ တည်ဆောက် ထားတဲ့ Potala Place ဟာ ကမ္ဘာ့အခမ်းအနားဆုံး နန်းတော်များ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar
တရုတ်ပြည်၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Lhasa မြို့ ၊ Potalaka တောင်ပေါ်မှာ တည်ရှိလို့ ယင်းကို အစွဲပြုပြီး Potala နန်းတော် လို့အမည်ပေးထားပါတယ်။ ၁၉၉၄ ခုနှစ်က စတင်လို့ ကမ္ဘာ့သမိုင်းဝင် အမှတ်အသား နေရာများ စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။

နောင်ချိုမြို့နယ်တွင်း လေပြင်းတိုက် နေအိမ်အချို့ ထိခိုက်ပျက်စီး

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ငွေဒဏ်မဆောင်ဘဲ ထောင်သုံးလကျခံ

ပြည်သူ့စစ်အဖွဲ့ သယ်ဆောင်လာသော ကျောက်စိမ်းများ မူဆယ်တွင်ဖမ်းမိ

ငြိမ်းချမ်းရေးယူထားသော ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့သယ်ဆောင်လာသော ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုး ရှိသည့် ကျောက်စိမ်းအရိုင်းတုံးများကို တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်-မန္တလေး လမ်းကြောင်းရွေ့လျားစစ်ဆေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူရ က ပြောကြားသည်။

ညဥ့်နက်ပိုင်းမှ ပြန်ရောက်လာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပင်ပန်းခံ စောင့်ဆိုင်းကြိုဆိုသူ များပြားလျက်ပင်ရှိ

မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် တိုက်တွန်း၊ မြန်မာပြည်တွင် မူစလင်အစွန်းရောက် အကြမ်းဖက်မှုရန်က ကာကွယ်ရန် လိုအပ်နေပြီလား

အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းကျခံနေရသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခေါင်းဆောင် အဘူဘာ ကာဘာရှာက မြန်မာနိုင်ငံကို ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် ခြိမ်းခြောက် ပြောဆိုလိုက်သည်။

ပခုက္ကူမြို့တွင် မိုးခေါင်မှုကြောင့် ရပ်ကွက်အချို့၌ လွန်ဆွဲပွဲများ ပြုလုပ်ပြီး နာရီပိုင်းအကြာ၌ မိုးရွာသွန်းခဲ့

ဆာကူရာအော်တိုကုမ္ပဏီ၌ ဆေးမှုတ်ရန် အပ်နှံထားသော ကား ပြန်မရခြင်းကို သူဌေးက တာဝန်ယူသင့်ဟုဆို

3G ဆိုတာကတော့

စက်မှုဇုန်များ နိုင်ငံတကာ အဆင့်မီစေရန် ဆောင်ရွက်မည်

Photo: စက်မှုဇုန်များ နိုင်ငံတကာ အဆင့်မီစေရန် ဆောင်ရွက်မည်
Saturday, May 4, 2013 

မြန်မာနိုင်ငံရှိ စက်မှုဇုန်များကို နိုင်ငံတကာ အဆင့်မီ အင်္ဂါရပ် ညီညွတ်သွားစေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

စက်မှုဇုန်များကို မြေကွက်လပ်သာရှိပြီး စက်ရုံ အနည်းငယ် တည်ထောင်ကာ ရေ၊ မီး၊ စက်ရုံအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ဇုန် စီမံခန့်ခွဲသည့် အဖွဲ့များ၊ လုံခြုံရေး အဖွဲ့များပါ ထည့်သွင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း အမျိုးသား စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေးတိုးတက်မှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနေတဲ့ အချိန်ဆိုတော့ စက်မှုဇုန်ကို အင်္ဂါရပ် ညီညွတ်အောင်၊ ရေ၊ မီး ကဏ္ဍ ကိုလည်း အချိန်ပြည့် ရအောင် လုပ်ဆောင်ရမယ်။ ပြီးတော့ စက်မှုဇုန် မြေကွက်တွေ ဈေးမကစားဖို့အတွက် စလုပ်နေပြီ။အသေးစား၊ အလတ်စား စက်မှုဇုန်တွေအတွက် ဥပဒေကိုလည်း ရေးဆွဲနေပါပြီ” ဟု ၎င်းက ဆိုသည်။

စက်မှုဇုန် မြေကွက်များသည် စက်ရုံများ မတည်ဆောက်ဘဲ မြေကွက်ဈေးကစားရန် အတွက် ၀ယ်ယူကာ ခြံခတ်ထားသည့် ကိစ္စများ ကိုလည်း စုံစမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ စံချိန် စံညွှန်းဖြစ်သည့် စက်မှုဇုန် တခုဖြစ်စေရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

“စက်မှုဇုန် တခုမှာ မီးမရရင် ဘာမှ လုပ်လို့မရဘူး။ မီးမရတော့ ဒီဇယ်တွေနဲ့ လည်ပတ်နေရတယ်။ အခုဆိုရင် တရက်ကို လေးနာရီပဲ မီးလာတယ်။ အဲဒီမှာပဲ ပြည်ပက သွင်းကုန်ထက် ပြည်တွင်းကုန်က ပိုဈေးမြင့် နေတယ်။ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုကို ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ” ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေတွင် ရန်ကုန်မြို့တွင် စက်မှုဇုန်များတွင် မီးများကို တနေ့ လေးနာရီခန့်သာ ရရှိသည့် အတွက် အခက် ကြုံနေကြပြီး စက်မှုဇုန် စီမံခန့်ခွဲသည့် ကော်မတီများ ရှိသင့်ကြောင်း၊ လုံခြုံရေးမှာလည်း စိတ်မချရသည့်အဆင့် ဖြစ်နေကြောင်း၊ စက်မှုဇုန်နှင့် ပတ်သက်ပြီး ပြုပြင်စရာ၊ ပြင်ဆင်စရာ များစွာရှိကြောင်း ဦးမြတ်သင်းအောင်က ဆိုသည်။

နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ လိုသူများကိုလည်း နိုင်ငံတော်အစိုးရက လျှပ်စစ်မီးအတွက် အာမ မခံနိုင်သေးကြောင်း၊ မိုးတွင်း တွင်သာ ၂၄ နာရီအပြည့် လျှပ်စစ်မီး ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်နှေးနေကြောင်း၊လျှပ်စစ်မီးကြောင့် ရေပါ ပြတ်လပ်နေပြီး အအေးခန်းသုံး စက်ရုံများ၊ ပလပ်စတစ် စက်ရုံများနှင့် မုန့်ဖုတ်လုပ်ငန်းများ အဓိက ထိခိုက်ကြောင်း သိရသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့က ဇေကမ္ဘာ စက်မှုဇုန် အပိုင်းကို အဓိက ကိုင်တာပါ။ အဲဒါက လုံခြုံရေးနဲ့ အလုပ်သမား အရေးကို ဖြေရှင်းပေး ပါတယ်။ ကျန်စက်မှုဇုန်နဲ့တော့ ကျနော်တို့ မဆိုင်ဘူး။ တိုင်းဒေသကြီးကိုပဲ မေးပါ” ဟု ဧရာဝတီသို့ ပြောသည်။

သာကေတ စက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင်သိန်းကလည်း ၎င်းတို့ သာကေတ စက်မှုဇုန်သည် ရန်ကုန်မြို့ထဲနှင့် နီးကပ်နေသည့် အတွက် စက်ရုံတည်ခြင်းထက်၊ ပစ္စည်းသိုလှာင်သည့်နေရာ ပိုများသည်ဟု ဆိုသည်။

“စက်မှုဇုန်တိုင်းကတော့ စက်မှုဇုန် အင်္ဂါရပ်နဲ့ ညီအောင် လမ်းတွေချဲ့၊ မီးတွေရအောင် လုပ်နေကြတာကို မြင်ရပါတယ်” ဟု သူကဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေတွင် ဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များဟု မခွဲခြားဘဲ တပြေးညီ ဆောင်ရွက်ခွင့် ပေးသွားမည် ဖြစ်ကြောင်း၊ အထူးဇုန်တခု ဖော်ထုတ်တိုင်း ဥပဒေတခု ပြဌာန်းခြင်း မဖြစ်ရအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ စတော့ ရှယ်ယာဈေးကွက်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်၊ စက်မှုလုပ်ငန်း၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာနိုင်ရေး အတွက်လည်း နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန် ဥပဒေများကို လေ့လာ၍ ရေးဆွဲထားကြောင်း သိရသည်။

ဧရာဝတီ



နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

နိုင်ငံခြားမှ သုံးစွဲ၍ မရသော တိုက်ကြေကားများ တင်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာ

နိုင်ငံတော်မှ ယာဉ်အိုယာဉ်ဟောင်းများအပ်နှံစေပြီး မော်တော်ယာဉ်အသစ်များ (သို့မဟုတ်) ကောင်း မွန်သောကားများ တင်သွင်းစေလိုသော ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ တွင် နိုင်ငံပိုင် သတင်းစာများမှ မှတ်ပုံတင်သက်တမ်း နှစ် ၄၀၊ နှစ် ၃၀ နှင့် နှစ် ၂၀ ရှိ ကားများကို အပ်နှံပြီးပါက ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မော်တော်ယာဉ်တစ်စီး ဝယ်ယူခွင့်ပြုကြောင်း ကြေညာ၍ စတင်ခွင့်ပြုခဲ့ပါသည်။

ဖုန်းခေါ်သူဘက်မှ ကြားရမည့် သီချင်းသံဝန်ဆောင်မှု ၁၅၀၀ တန်ဖုန်းများ၌ အသုံးပြုနိုင်

ဖုန်းခေါ်ဆိုသူဘက်မှ စောင့်ဆိုင်းနေစဉ် အတွင်းတွင် ကြားရမည့် သီချင်းသံ ဝန်ဆောင်မှုကို ကျပ် ၁၅၀၀ တန် CDMA-800 MHz 3G ဖုန်းများ၌ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပုဂံဇုန်ဝင်ကြေး ကောက်ခံခွင့် လျှောက်လွှာအား စိစစ်ပြီး ခွင့်ပြု ပေးသွားမည်

ခွင့်ပြုချက်မရဘဲ ကျောက်တော် ဆန္ဒဖေါ်ထုတ်ပွဲ ဦးဆောင်သူများကို တတိယအကြိမ် ရုံးတင် စစ်ဆေး

သမ္မတ အိုဘားမား Costa Rica ရောက်

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြု


ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြု

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြုတယ်။

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ 

သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။

သော်တာမောင် (စမ်းချောင်း)
ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။

နေပြည်တော် လွှတ်တော်ရုံးသို့ လွှတ်တော်ကိုယ်စားလှယ်များ သတင်း ပို့ကြရန်

နေပြည်တော် လွှတ်တော်ရုံးသို့ လွှတ်တော်ကိုယ်စားလှယ်များ သတင်း
ပို့ကြရန်
Saturday, May 4, 2013

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေးကို
 နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ မေ ၂၀ ရက် (တနင်္လာနေ့)နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော်
ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးဖိတ်စာ လက်ခံရရှိ
သည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရုံးအမှတ်(၂))၊ လွှတ်တော်ရုံး
သို့ မေ၁၈ ရက်ထက်မစော ၁၉ ရက်ထက် နောက်မကျစေဘဲ သတင်း
ပို့ကြရန်နှင့် ကိုယ်စားလှယ်အသိအမှတ်ပြုလွှာနှင့် ကိုယ်စားလှယ် စိစစ်ရေးကတ်ပြားတို့ကို ယူဆောင်လာကြရန် ပန်ကြားထားကြောင်း သတင်းရရှိသည်။


http://www.moi.gov.mm/news/4/05/2013/id-249
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ မေ ၂၀ ရက် (တနင်္လာနေ့)နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူ ထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားသည်။

အာဆီယံမှာ မြန်မာဟာ ကျားတစ်ကောင် ဖြစ်လာမလား

ရိုဟင်ဂျာအရေး နောက်ကွယ်မှာ ကြိုးကိုင်လှုံ့ဆော်နေသူတွေရှိ

ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာလူမျိုး ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှုတ်ထွေးမှုတွေဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေလည်း ပါဝင်တယ်လို့ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အတွင်းရေးမှုး ဒေါက်တာကျော်ရင်လှိုင်က ပြောကြား လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီယား နိုင်ငံမှ ပြန်လည်ရောက်ရှိ

အာဆီယံ ကြည်းတပ်များ သေနတ်ပစ်ပြိုင်ပွဲ

ဒီနှစ်အတွက် အာဆီယံ နိုင်ငံတွေရဲ့ ကြည်းတပ်မတော်များ သေနတ်ပစ် ပြိုင်ပွဲဆိုင်ရာ အစည်းအဝေးတွေ၊ လက်မှတ်ထိုးပွဲတွေကို မြန်မာပြည်၊ ပြင်ဦးလွင်မြို့/မေမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျင်းပခဲ့ပါတယ်။

ပါကစ္စတန် အထူးရှေ့နေ တဦး အသတ်ခံရ

တရုတ်မှာ ကြွက်သားတွေ ညာရောင်း

ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အိုကမ်းလှမ်း

သတ်မှတ်ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်း ခဲ့ရသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြည်တွင်း တွင် ပြုလုပ်နိုင်ရန် အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ကေအိုင်အိုက ကမ်း လှမ်းခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ ထံမှ သိရသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ စစ်တွေထောင်တွင်း ၀င်ရောက်စစ်ဆေး