Monday 23 November 2015

ခြိမ်းခြောက်၍ ရွှေပါဗြုံးများ ခိုးယူမှုဖြင့် ရွာသား (၁၀၀) ကျော်အား အမှုဖွင့်

မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက်ကျေးရွာရှိ ရွာသူ/သား (၁၀၀) ကျော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သတ္တုတွင်း အင်ဂျင်နီယာရုံး၊ ငါးမိုင်ကျေးရွာမှ ပြန်လည် လုပ်ကိုင်ခွင့်ပြုမိန့် ရရှိထားသည့် မြန်မာရူဘီ အင်တာပရိုက် ကုမဏီ၏ လုပ်ကွက် အတွင်းရှိ ရွှေပါဗြုံးမြေများအား တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြိမ်းခြောက်၍ သယ်ဆောင်ခိုးယူမှုဖြင့် အမှုဖွင့် အရေးယူမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်တပ်ဖွဲ့မူးရုံးက သိရသည်။

''ဖြစ်စဉ်မှာ နိုဝင်ဘာလ (၅) ရက်နေ့ ၊ နံနက် (၇) နာရီ အချိန်တွင် အဆိုပါ ကျေးရွာနေ ကံဌေး (ကိုယ်ရေး စိစစ်ဆဲ) နှင့် ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးခန့်မှ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး ကုမဏီ အတွင်း ၎င်းတို့မီးရှို့ ဖျက်ဆီးထားသော အဆောက်အဦးများအား ကုမ္ပဏီ ၀န်ထမ်းများနှင့် အလုပ်သမား များမှ ပြန်လည် လုပ်ကိုင်နေမှုကို မင်းတို့ ကုမ္ပဏီ ၀န်ထမ်းတွေ ပြန်လုပ်ရဲရင်လုပ် လူပါသတ်ပစ်မည်'' ဟု ကြိမ်းဝါး ပြောဆိုပြီး လုပ်ကွက် အင်းမအတွင်း ဇွတ်အတင်း ၀င်ရောက်၍ ရေစုပ်စက်များဖြင့် ရေများကို စုပ်ယူကာ ရွှေပါဗြုံးမြေများအား ထပ်မံထုတ်ယူပြီး ခိုးယူ သယ်ဆောင်နေကြကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။

''လောလောဆယ် အနေအထားမှာ အဲဒီကုမ္ပဏီထဲကို ရွာသူရွာသားတွေက ရွှေလုပ်ငန်း ၀င်လုပ်လိုပ အမှုဖွင့်တယ် ဆိုတာ မဟုတ်ပါဘူး၊ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး ခြိမ်းခြောက်တာလည်း မရှိပါဘူး။ ရွာသူရွာသားတွေက သူတို့ စားဝတ်နေရေး အကျပ်အတည်း အရ ကျေးရွာမြေပေါ်မှာ လုပ်ငန်း လုပ်နေတာပဲ သိရတယ်။

အဲဒီအတွက်လည်း ရွာမြေပေါ်ကို လုပ်ခွင့်ပြုပါဆိုပြီး ဌာနဆိုင်ရာတွေကို တင်ထားပါတယ်။ ရွာသူ/ သားတွေက သစ်တောကနေ ၂၀၁၁ ခုနှစ် ကတည်းက ပယ်ဖျက်ပြီးသား (၆၀.၆ ၆)ဧကပေါ်မှာ လုပ်ကိုင် နေတာ ဖြစ်ပါတယ်။ ရွာသားတွေ အနေနဲ့ တရားစွဲရင် ဦးပိုင်ကို ပြန်ပြီး တရားစွဲရမှာ (၆၀.၆၆) ဧကပေါ်မှာ ကျူးပြီး သတ္ထုလုပ်ကွက်တွေ ချထားလို့ ၊ ရွာမြေနဲ့ အလွတ်ကင်းပဲ ရွာအတွင်းထဲမှာ ကုမ္ပဏီ ချထားတာ၊ ကျွန်တော်တို့ ပြန်ဆွဲရမှာတောင်မစွဲဘဲ သူတို့ကစွဲတယ် ဆိုတော့ စဉ်းစားစရာ ဖြစ်နေတယ်'' ဟု တရာစွဲဆို ခံထားရသူ ဦးကံဌေးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ နိုဝင်ဘာလ (၂၁) ၇က်နေ့ ၊  နေ့လယ် (၁၁း ၂၀) အချိန်တွင် မြန်မာရူဘီ အင်တာပရိုက် ကုမ္ပဏီ၏ လ/ထ မန်နေဂျာ ဦးဝမ်းမောင် (၆၃)နှစ်က တိုင်တန်း၍ ကံဌေးပါ ကျေး ရွာသူ/ သား (၁၀၀) ဦးခန့်အား သပိတ်ကျင်းမြို့မ ရဲစခန်းတွင် (ပ)၁၇၈/ ၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၉/ ၁၁၄/ ၃၄၁/ ၅၀၆ အရအမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက် ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးက သိရသည်။

Messenger News Journal​ 

No comments:

Post a Comment