Thursday 14 May 2015

အာဖရိကတိုက်ရှိ ဘူရွန်ဒီ နိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွား

အာဏာသိမ်းရန် အားထုတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သော ဘူရွန်ဒီ နိုင်ငံသို့ သမ္မတ ပီယဲ ကူရွန်ဇီဇာ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းမှု မအောင်မြင် ခဲ့ကြောင်း သတင်းရရှိသည်။

မန်းတွင် စိန်ရွှေနှင့်ကျောက်မျက်ရတနာ စုဝေးရောင်းချမည့်ဈေးတစ်ခု ဖွင့်လှစ်ရန် စီစဉ်

မန္တလေးမြို့တွင် စိန်၊ ရွှေနှင့် ကျောက်မျက်ရတနာများ စုဝေးရောင်းချမည့် Mandalay Yatanar Mall ဖွင့်လှစ်ရန် စီစဉ် နေကြောင်း သတင်းရရှိသည်။ Mandalay Yatanar Mall ကို ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ရတနာပုံစူပါစင်တာ ဒုတိယထပ်၌ ၂၀၁၆မတ်လ ၃၁ ရက်တွင် စတင်ဖွင့်လှစ် နိုင်ရန် စီစဉ်နေကြောင်း Relax Business Group မှ တာဝန်ရှိသူက ပြောသည်။

အီရတ် လေကြောင်း ထိုးစစ်အတွင်း အိုင်အက်စ် ဒုခေါင်းဆောင် သေဆုံး

အိုင်အက်စ်အဖွဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်သူသည် အီရတ်မြောက်ပိုင်းတွင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ လေကြောင်း ထိုးစစ်အတွင်း သေဆုံးကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

RCSS/SSA အဖွဲ့မှ မိုးနဲမြို့နယ်အတွင်းရှိကျေးရွာများမှ တစ်ရွာလျှင် လူသစ် ၅ ဦးစုဆောင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ လွိုင်ချိုကျေးရွာအုပ်စု၊ လွိုင်ချိုကျေးရွာအတွင်းသို့ မေလ ၁၂ ရက်နေ့ တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီးလူသစ်တောင်းခံသွားကြောင်း ဒေသခံရွာသားများထံမှ သိရ သည်။

မြစ်ကြီးနားမြို့ စည်ပင်နယ်နိမိတ်အတွင်း နှာခေါင်းစည်း မျက်နှာဖုံးကာ များဖြင့် တပ်ဆင်သွားလာပါက ပုဒ်မ ၁၈၈ဖြင့် အရေးယူမည်

မြစ်ကြီးနားမြို့ စည်ပင်သာ ယာနယ်နိမိတ်အတွင်း နှာခေါင်းစည်း ဖုံးကာ မျက်နှာဖုံး(Mark)များ တပ် ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း၊ သွားလာခြင်းများ ပြုလုပ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြစ်ကြီး နားမြို့ အထွေထွေအုပ်ချုပ်ရေးမှူး က ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာ လိုက်သည်။

လိပ်ကျွန်းလူသတ်မှုဖြင့် အမှုရင်ဆိုင်နေရသူတစ်ဦး၏ ဖခင် ကွယ်လွန်

ထိုင်းနိုင်ငံတွင် လူသတ်မှု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသည့် သားဖြစ်သူ မောင်ဝင်းဇော်ထွန်း ၏ ဓာတ်ပုံကို ကိုင်ထားသည့် ဦးထွန်းထွန်းထိုက်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လိပ်ကျွန်း (ခေါ်) ခိုတောင်ကျွန်းတွင် လူသတ်မှု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသူ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်း ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်သည် ယနေ့နံနက်ပိုင်း က ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာရှိ ၄င်း၏ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိ သည်။

မော်တော်ဆိုင်ကယ်စီး သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ပါကစ္စတန် တွင် ၄၃ ဦး သေဆုံး

ပါကစ္စတန်တောင်ပိုင်းရှိ ကရာချိမြို့တွင် မော်တော်ဆိုင်ကယ်စီး သေနတ်သမားများက ဘက်စ်ကားတစ်စီး ကို ဝိုင်းဝန်းပစ်ခတ်ကြရာတွင် အနည်းဆုံး လူ ၄၃ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ရာ ဘာသာရေး လူနည်းစုအပေါ် ထပ်မံတိုက်ခိုက်လိုက်သည့် လုပ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

အမျိုးသမီးများ စိတ်ကြိုက် ငိုကြွေးနိုင်မယ့် ဂျပန်နိုင်ငံက “Crying Rooms” ခေါ် ငိုကြွေးခန်းများ

အားရပါးရ ငိုချဖို့ လိုအပ်နေပြီလား။ ဒါမှမဟုတ် သင့်အခန်းဖော်တွေကြောင့် မျက်ရည်စီးမကျအောင် ချုပ်တည်းထားရလို့ ပင်ပန်းနေပြီလား။ ဂျပန်နိုင်ငံမှာ အဲသလိုလိုအပ်နေတဲ့ အမျိုးသမီးများအတွက် ဟိုတယ်တစ်ခုက သူတို့မျက်ရည်ပေါ် အခွင့်ကောင်းယူ ငွေရှာတဲ့ တစ်သီးတစ်ခြား နေရာကို စီမံဆောင်ရွက် ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် မေ ၁၆ စမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည်သည် မေ ၁၆ ရက်တွင် မွန်ပြည်နယ်သို့ လာရောက်မည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင် က ပြောသည်။

ရွှေမျောလုပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးသော ထွေအုပ်ဒုဦးစီးမှူးအား လူတစ်ဦးက ဓားဖြင့်ထိုးရန် ကြံစည်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်းရှိ မော်လိုက်မြို့နယ်တွင် တရားမဝင် ရွှေမျောလုပ်ကွက် များ လုပ်ကိုင်နေသည်ဟု သတင်းအရ သွားရောက်စစ်ဆေးခဲ့သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုဦးစီးမှူးတစ်ဦးအား ၎င်း၏လုပ်ကွက်ကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ လူတစ်ဦးက ဓားဖြင့်ထိုးရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပါးစပ်အပြောမဟုတ်ဘဲ လက်တွေ့ကျကျဆောင်ရွက်ဖို့ လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို ပါးစပ်ကအပြော မဟုတ်ဘဲ လက်တွေ့ ကျကျဆောင်ရွက်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များအား ပြောကြားခဲ့ ကြောင်းသိရသည်။

ပုဂ္ဂလိက သိမ်းမည့် ရန်ကုန် အမှိုက်သိမ်းခ ပြည်သူ့ဆုံးဖြတ်ချက် ရယူမည်

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်အတွင်း ပုဂ္ဂလိကအပိုင်းက သိမ်းဆည်းမည့် အမှိုက်သိမ်းခ
နှုန်းထားများကို ပြည်သူများထံမှ စစ်တမ်းကောက်ယူ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းမှုဌာန ဌာနမှူး ဦးမင်းအောင် က မေလ ၁၃ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထိုင်းနိုင်ငံရှိစက်ရုံတွင် ပိတ်လှောင်၍စေခိုင်းခံရသော မြန်မာလုပ်သားလေးဆယ်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်

ထိုင်းရဲတပ်ဖွဲ့က စက်ရုံသို့ဝင်ရောက်စီးနင်းနေစဉ်(ဓာတ်ပုံ-MAT)
ထိုင်းနိုင်ငံ မဟာချိုင်မြို့ နယ်ရှိ ပုစွန်အခွံခွာသည့် အလုပ် ရုံတွင် လူကုန်ကူးခံရပြီး သုံးနှစ်ခန့် ကြာ ပိတ်လှောင်ထားကာအလုပ် စေခိုင်းခံနေရသော မြန်မာလုပ် သား ၄၀ ကျော်ကို ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)နှင့်ထိုင်းရဲတပ်ဖွဲ့တို့ကမေ လ ၁၂ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

မောင်တောဒေသတွင် တရားမဝင် လူကုန်ကူးမှုများ များပြားလာဟုဆို

မောင်တောဒေသတွင်း တရားမ၀င် လူကုန်ကူးမှုများ ရှိနေပြီး ယခုနှစ်ပိုင်းအတွင်း ပိုမိုများပြားလာသည်ဟု
မောင်တောမြို့နယ် မြို့မိ/မြို့ဖ တစ်ဦးဖြစ်ပြီး ဒုချရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ပါဝင်ခဲ့သူ ဦးလှသိန်းက ပြောသည်။

မြန်မာ့ပတ္တမြား ကမ္ဘာ့စံချိန်တင်ဈေး ဒေါ်လာသန်း ၃၀ ကျော်ဖြင့်ရောင်းချ

Sunrise Ruby ဟု အမည်ရသည့် အလေးချိန် ၂၅ ဒသမ ၅၉ ကရက်ရှိ ရှားပါးမြန်မာ့ပတ္တမြားဖြင့် ဆင်မြန်းထားသော လက်စွပ်ကို မော်ဒယ်တစ်ဦးက မေလ ၁၂ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ဆောက်သ်ဘီ နွေရာသီ ရှားပါးကျောက်မျက်လေလံပွဲတွင် ပြသခဲ့ပုံ(ဝဲ)နှင့် ကာတီးယားက ပြုလုပ်သည့် မြန်မာ့ပတ္တမြားလက်စွပ်ကို ဝန်ထမ်းတစ်ဦးက ပြသနေပုံ(ယာ) (ဓာတ်ပုံ − အေအက်ဖ်ပီ၊ အီးပီအေ)
ပြင်သစ်ဘုရင် နပိုလီယံ ၏ တူတော်စပ်သူပိုင်ဆိုင်ခဲ့သည် ဟု ယုံကြည်ရသော ၂၅ ဒသမ ၅၉ ကရက်ရှိ မြန်မာ့ပတ္တမြား လက် စွပ်ကို ကမ္ဘာ့စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် လေလံတင် ရောင်း ချခဲ့ကြောင်းသတင်းရရှိသည်။

အသက်(၇၀)ကျော် အဘွားအိုကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် တပ်မတော်သားအမှု ပွင့်လင်းမြင်သာစွာ အရေးယူရန် ဒေသခံများဆန္ဒပြ

အဘွားအိုကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် တပ်မတော်သားအား ဗန်းမော်ဒေသခံများက ဆန္ဒပြနေစဉ် (ဓာတ်ပုံ − မရန်)
အသက် (၇၀)ကျော်အရွယ် လေဖြတ်ထားသည့် အဘွားအိုကို အဓမ္မပြုကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြံစည် ခဲ့သည့် တပ်မတော်သားတစ်ဦးအား တရားဥပဒေနှင့်အညီ အရပ်ဘက်တရားရုံးတွင် ပွင့်လင်းမြင်သာ မှန်ကန်စွာ အရေးယူစီရင်ပေးရန် ဗန်းမော်ဒေသခံများက မေလ ၁၃ ရက်၌ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

ကိုးကန့်သောင်းကျန်းသူများ အခိုင်အမာခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအား သိမ်းပိုက်ရရှိ

ကိုးကန့်သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသတို့အား တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် သောင်းကျန်းသူ များသည် အင်အားများပြိုကွဲကာ ဆုတ်ခွာထွက်ပြေးခဲ့ပြီး နယ်မြေကျဉ်းမြောင်း လာသဖြင့် ၎င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၁)မှ ဝင်ရောက်ပြီး မာလုရွှေကျေးရွာ၏ အရှေ့ဘက်ရှိ တောင်ကုန်းများတွင် အခိုင်အမာ အခြေပြု ခံစစ်ဆင်ရန် စီစဉ်လာခဲ့သည်။ 

မကွေးတိုင်းအတွင်း သောက်သုံးရေ မလုံလောက်မှုများ ပိုမိုကြုံတွေ့လာရပြီး ရေချိုတွင်းတစ်တွင်းတည်းကို ကျေးရွာခြောက်ရွာက မှီခိုနေရ

မကွေးတိုင်းဒေသကြီး ကြို့ပင်အင်းကျေးရွာ စမ်းတွင်းတစ်တွင်း၌ ကလေးငယ်များ ရေခပ်နေစဉ်
မတ်လပိုင်းမှစ၍ မေလလယ်ပိုင်းအထိ နေ့အပူချိန် ဆက်တိုက်မြင့်တက်လာမှုကြောင့် မကွေးတိုင်း မကွေး၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ရေစကြို၊ နတ်မောက်၊ ထီးလင်း၊ ကံမ၊ ဆင်ပေါင်ဝဲ မြို့နယ်များအတွင်း ကျေးရွာများတွင် သောက်သုံးရေ မလုံလောက်မှုများ ပိုမိုသိသာစွာ ကြုံတွေ့လာရပြီး မန္တလေးတိုင်းနှင့် မကွေးတိုင်းနယ်ခြား ချောက်မြို့နယ် ဂွေးချိုကျေးရွာနှင့် နီးစပ်ရာကျေးရွာပေါင်း ခြောက်ရွာက ယင်းကျေးရွာရှိ ရေချိုတွင်း တစ်တွင်းတည်းကို မှီခိုရသည်အထိ ရှိလာကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

သရုပ်ဆောင် မင်းအုပ်စိုးအမှု ၎င်း၏ ဇနီးဖြစ်သူကို စစ်ဆေး

သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် သေဆုံးမှုအတွက် သရုပ်ဆောင် မင်းအုပ်စိုးကို ဗဟန်းမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၈ရက် နံနက်က တတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် တရားလိုပြ သက်သေအဖြစ် ၎င်း၏ ဇနီးဖြစ်သူကို မေ ၁၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

လွှတ်တော်လုပ်မှ နောက်က ကမန်းကတမ်း လိုက်တင်တာက နှစ်ဘက်စလုံး အကျိုးမရှိ ဟု လွှတ်တော် နာယကပြော


ဥပဒေပြုရေးအတွက် ဥပဒေကြမ်းများ ရေးဆွဲသည့်အခါ ကြာသင့်သည့် အချိန်ထက် မပိုသင့်ကြောင်း၊ လွှတ်တော်က ဥပဒေကြမ်း ရေးဆွဲဆွေးနွေးတော့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနက နောက်က ကမန်းကတမ်း လိုက်လံရေးဆွဲ တင်သွင်းခြင်းသည် နှစ်ဘက်စလုံးအတွက် အကျိုးမရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မေ ၁၃ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံရှိစက်ရုံတွင် ပိတ်လှောင်၍စေခိုင်းခံရသော မြန်မာလုပ်သား လေးဆယ်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်

ထိုင်းရဲတပ်ဖွဲ့က စက်ရုံသို့ဝင်ရောက်စီးနင်းနေစဉ်(ဓာတ်ပုံ-MAT) 
ထိုင်းနိုင်ငံ မဟာချိုင်မြို့ နယ်ရှိ ပုစွန်အခွံခွာသည့် အလုပ်ရုံတွင် လူကုန်ကူးခံရပြီး သုံးနှစ်ခန့် ကြာ ပိတ် လှောင် ထားကာအလုပ် စေခိုင်းခံနေရသော မြန်မာလုပ်သား ၄၀ ကျော်ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့(MAT)နှင့်ထိုင်းရဲတပ်ဖွဲ့တို့ကမေလ ၁၂ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) အား ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) အား ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို က မေ ၁၃ ရက်တွင် ပြောကြားသည်။

မင်္ဂလာ ဧည့်ခံပွဲနှစ်ခုမှ ပဲခေါက်ဆွဲ၊ ပဲဟင်းများ စားသုံးခဲ့ သည့် ကျေးရွာနေ ပြည် သူသုံးဦးသေဆုံးပြီး လေးဦးအ ရေးပေါ်ဆေးကုသမှုခံလျက်ရှိ

ရေနံချောင်းမြို့နယ် ဘူးကျွန်း မြောက်ကျေးရွာ၌ မေ ၁ဝ ရက်နှင့် ၁၁ ရက် တို့တွင် ပြုလုပ်ခဲ့သော မင်္ဂလာ ဧည့်ခံပွဲနှစ်ခုတွင် ကျွေးမွေးခဲ့သော ပဲခေါက်ဆွဲ၊ ပဲဟင်းများ စားသောက် ခဲ့သည့် ဘူးကျွန်းမြောက် ကျေးရွာနေသူ အမျိုးသားကိုးဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၂၈ ဦး ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ထိုဝမ်းပျက်ဝမ်းလျှောလူနာများကို မေ ၁၁ ရက် နံနက်ပိုင်း မှစ၍ ဘူးကျွန်း ကျန်းမာရေးဌာနခွဲမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သူဇာပပအောင် ဦးစီးသော ကျန်းမာရေးဝန်ထမ်း များက ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အရှိန် ၂ ဆမောင်းတဲ့ ကန်ရထားလမ်းချော် ၇ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စုအရှေ့မြောက်ပိုင်း Philadelphia မြို့အနီးမှာ အင်္ဂါနေ့ညက ဘီးချော် တိမ်းမှောက် ခဲ့တဲ့ ခရီးသည်တင်ရထား တိမ်းမှောက်မှုမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၂၀၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖခင်က ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်၍ အချုပ်ကျနေသောသားကို အက်ရှင်ကားဆန်ဆန် ကယ်ထုတ်

မူးယစ်မှုဖြင့် ရဲစခန်း တွင် အချုပ်ကျနေသော သား ကို ကယ်တင်ရန် ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ဝင်အချို့အား တိုက်ခိုက်ကာ အက်ရှင်ကားဆန်ဆန် ကယ်ထုတ်သွားမှုတစ်ခု မေလ ၁၂ ရက်က မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

လယ်တောပြန်ရွာသူ ခလေးမတဦး ဓါးပြတိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

ဓါတ်ပုံ ၁ - အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူ နန်းခမ်းဆိ
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အမည်မသိသူလူတဦးမှ အသက် ၂၂ နှစ် အရွယ် ကျေးလက် ရွာသူ တဦးအား ဓါးပြတိုက် အဓမ္မပြု ကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။

တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမှုကြောင့် KIA အဖွဲ့မှ ဒေသခံ ရွာသားများအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် ခြင်းများ ဆက်တိုက်ပြုလုပ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း အစိုးရတပ်များနှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာ သော ကြောင့် မန်စီမြို့နယ်အ တွင်း မှ ဒေသခံများအား KIA အဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက်ကာ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မြန်မာလုပ်သားလေးဦးကို သေနတ်ဖြင့်ပစ်သော ထိုင်းအလုပ်ရှင်အား မြန်မာသံရုံး အမှုဖွင့်တိုင်ကြား

မြန်မာလုပ်သားများသေနတ်ဖြင့် ပစ်ခံရမှုကို သံရုံးသို့သွားရောက် တိုင်ကြားစဉ်(ဓာတ်ပုံ-MAT) 
လုပ်အားခတောင်းခံသော မြန်မာလုပ်သားလေးဦးကိုသေနတ်ဖြင့်ပစ်သော ထိုင်းအလုပ်ရှင်သူဌေးအား အရေးယူဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင် ရာမြန်မာသံရုံးက ထိုင်းရဲတပ်ဖွဲ့ရုံး ချုပ်တွင် အမှုဖွင့်တိုင်ကြား လိုက် ကြောင်း သတင်းရရှိသည်။

ကိုးကန့်တောင်ကုန်း ၃ ကုန်း အစိုးရတပ်သိမ်းပိုက်၊ စစ်သည်အချို့ ကျဆုံး

ကိုးကန့်တပ်တွေ အခိုင်အမာခြေကုပ်ယူထားတဲ့ တောင်ကုန်း ၃ ကုန်းကို အစိုးရတပ်ဖွဲ့ တွေက သိမ်းပိုက်နိုင် ခဲ့ပြီး စစ်သည်တချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီ သတင်းက ကြေညာပါတယ်။

ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဘာ့ကြောင့် ဖြစ်နေရသလဲ ?

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အင်အား အလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တိုက်ပွဲများ ဖြစ်ပွားရခြင်းဟာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ ကျူးကျော်ဝင်ရောက်မှုကို အစိုးရတပ်တွေက ကာကွယ် တားဆီးရင်း တိုက်ပွဲဖြစ်ရတာပါ။ တိုက်ပွဲတွေ ပြင်းထန်လာတော့မှ မနိုင်မှန်းသိတော့ အစိုးရတပ် တွေက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်ဆိုပြီး မီဒီယာတွေကနေတစ်ဆင့် အော်ခိုင်းတာ ဖြစ်ပါတယ်။ အဓိက တရားခံဟာ သောင်းကျန်းသူအဖွဲ့ဖြစ်ပြီး အစိုးရတပ်တွေဟာကာကွယ်တာပါ။ အဲဒီ နှစ်ဖွဲ့ကို တန်းတူ သတ်မှတ်ပြီး အပြစ်ပုံချလို့ မရဘူးလို့ ဆိုချင်ပါတယ်။

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ခြောက်ဦးကို မေလ ၁၅ ရက်တွင် အမိန့်ချမည်

လက်ပံတောင်းတောင်အရေးအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေကြစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လက်ပံတောင်းတောင်တွင် သေနတ်ထိမှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက် အမှုမှန် ဖော်ထုတ်ပေးရေး နှင့် လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်း ရေးအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုသော ကြောင့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထားရသူ ခြောက်ဦးကို ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။