Wednesday 7 November 2012

ယာဉ်ထိန်းရဲအယောင်ဆောင်ငွေတောင်းခံမှု

၎.၁၁.၂ဝ၁၂ ရက်နေ့ (၁၈၁၅)အချိန် မြို့တော်ဂေါက်ကွင်းအနီး ၊  လေဆိပ်လမ်းပေါ် တွင် ယာဉ်ထိန်းရဲ ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦး မှ မော်တော်ယာဉ်များအား တားဆီးစစ်ဆေးနေကြောင်း သတင်း ရရှိသဖြင့် သွားရောက်စစ်ဆေးရာ (ရင်နံပါတ် ၂ဝ၄၂) တပ်ဆင်ထား သည့် ယာဉ်ထိန်း ယူနီဖောင်း အကျီဖြူ နှင့် နက်ပြာေ ရာင် ဘောင်းဘီဝတ်ဆင်လျက် ဇော်သန်းဦး၊ ၃၈ နှစ်၊ (ဘ)ဦးတင်ရီအား ၎င်းဝတ်ဆင်ထားသောယူနီဖောင်း ဘောင်းဘီ အတွင်းမှ တောင်းခံ ရရှိထားသောငွေ ၄ဝဝဝိ/- နှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းပြီး မရမ်းကုန်းရဲစခန်း (ပ)၆၂၁/၂ဝ၁၂၊ ပုဒ်မ ၁၇ဝ ဖြင့် အရေးယူ ထားရှိပါသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်မည်

ha-7-11-3
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများနှင့် ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာလ ၅ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရေကြောင်းပို့ဆောင်ရေး ဌာနခွဲနှစ်ခု ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်ခွင့်ပြုမည်

“ရေကြောင်းပို့ဆောင်ရေး ဌာနခွဲနှစ်ခု ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်ခွင့်ပြုမည်”

ရန်ကုန် နိုဝင်ဘာ ၇

 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန လက်အောက်ရှိ မြစ်ဝ ကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲကို ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

 အစိုးရလုပ်ငန်းများအား စီးပွားရေးဆန်ဆန် ပြုလုပ်ရန်အတွက် ပုဂ္ဂလိကနှင့် ပူးပေါင်းခြင်းဖြစ်ပြီး ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာပါက အရှုံးပေါ်နေသော လုပ်ငန်းများ ၀င်ငွေနှင့် ထွက်ငွေမျှတကာ အမြတ် ရရှိနိုင်လာမည်ဟု သုံးသပ်ကြောင်း အဆိုပါဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေက ပြောသည်။

 “ပုဂ္ဂလိက က ဈေးကွက်ရှာဖွေနိုင်တယ်။ အစိုးရကတော့ အစိုးရပုံစံ အတိုင်းပဲ သွားနေတာဆိုတော့ ဈေးကွက်မသိဘူး ဖြစ်နေတာ”ဟု ၄င်းကပြောသည်။

 အဆိုပါ ဌာနခွဲနှစ်ခုအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ယခုနှစ်မကုန်မီ အပြီး တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

PN- 029 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန လက်အောက်ရှိ မြစ်ဝ ကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲကို ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်သွား မည် ဖြစ်ကြောင်း သိရသည်။

တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများ မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် လာရောက်ဆန္ဒဖော်ထုတ်

ရွှေပြည်သာ ၀ါးတစ်ရာ စက်မှုဇုန်၊ တော်ဝင်သစ်အချောထည်စက်ရုံမှ အစာငတ်ခံ ဆန္ဒပြ၍ ဆေးရုံရောက်နေသူ နှစ်ဦးသည် ယနေ့ မရမ်းကုန်း ရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ပြန်လည်ပါဝင် လာကြောင်း  သိရသည်။

ဒီဇင်ဘာလထဲမှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ့်အနဂ္ဂနဲ့ သံသာဝင်း

လူမှုရေးလုပ်ငန်းတွေမှာ အတွဲညီစွာနဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားကြတဲ့ အနဂ္ဂ နဲ့သံသာဝင်းတို့ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာလ ထဲမှာ ပြုလုပ်တော့ မှာဖြစ်ပါတယ်။ ချစ်သူ သက်တမ်း ၄နှစ်တာကြာမှ ကျင်းပတဲ့ မင်္ဂလာပွဲဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ကတော့ အပြည့် အဝရှိနေကြပြီဖြစ်ပါတယ်။

အမျိုးသားတစ်ဦးကို ကြည့်မိသည့် သမီးဖြစ်သူအား မိဘများက သတ်ဖြတ်

ပါကစ္စတန်နိုင်ငံတွင် လင်မယား နှစ်ဦးက လူငယ် အမျိုးသား တစ်ဦးအား ကြည့်မိသည့်အတွက် သမီးဖြစ်သူအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်အရွယ် သမီးဖြစ်သူသည် အက်ဆစ်ဖြင့် အလောင်းခံ ရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ သူမသည် လူငယ် တစ်ဦးအား ကြည့်မိသဖြင့် မိသားစု ဂုဏ်သိက္ခာ ညစ်နွမ်းစေကြောင်း
ဆုံးဖြတ်ခံရပြီးနောက် ယခုလို သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ BBCက အဆိုပါ စုံတွဲကို နိုဝင်ဘာလ (၅)ရက်နေ့က အင်တာဗျူးခွင့် ရခဲ့ပြီး ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသခဲ့သည်။

ဆိုးသွမ်း လူတစ်စုကြောင့် တစ်ကျော့ပြန် ရခိုင်ပဋိပက္ခဖြစ်ရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ သုံးသပ်

http://www.myitmakhamediagroup.com/administratorpanel/image/7-11-12-8%20(1).JPG
ဆိုးသွမ်းသော လူတစ်စုကြောင့်သာ တစ်ကျော့ပြန် ရခိုင်ပဋိပက္ခဖြစ်လာ ရသည်ဟု ပြည်နယ်အစိုးရအဖွဲ့က  သုံးသပ် ပြောကြားလိုက်သည် ။အောက် တို ဘာ၂၁ ရက်နေ့မှစ၍ တစ်ကျော့ပြန် ဖြစ်လာခဲ့သော ရခိုင်ပဋိပက္ခမှာ လူမျိုးရေး ဘာသာရေးကြောင့် မဟုတ်ဘဲ ဆိုးသွပ် သည့်လူတစုကြောင့်သာ ဖြစ်လာခြင်းဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့
မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက   ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒီတိုနေတာ(ကပ်သီး)ချောင်း (၉၈၀၀)ဖမ်းဆီးရမိမှု

ဒီတိုနေတာ(ကပ်သီး)ချောင်း (၉၈၀၀)ဖမ်းဆီးရမိမှု
Wednesday, 07 November 2012 

၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ်စိုးစိုးနှင့် အဖွဲ့သည် သတင်းအရ မန္တလေး-
ပြင်ဦးလွင် ကားလမ်းနှင့် ရေတံခွန်တောင်သွားကားလမ်းဆုံတွင် တင်အောင်မိုးမောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့ လိုက်ပါလာသော ၇ဃ/၇ဝ၆၈ လိုက်ထရပ် ခဲရောင်ယာဉ်နှင့် ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိနေသောမရီရီဝင်းနှင့် မသန်းထွေးတို့(၂)ဦးအား စစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှ ဆာလာအိတ်(၂)အိတ်ဖြင့် ထည့်ထားသော တရားမဝင် ဒီတိုနေတာ(ကပ်သီး)ချောင်း ၉၈ဝဝ(တန်ဘိုး ၁ခုလျင် ၁ဝဝိ/- ကျပ်နှုန်း ၉၈ဝဝဝဝိ/-) အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသောဒီတိုနေတာ(ကပ်သီး)များကိုပုသိမ်ကြီးမြို့နယ်၊ ထုံးဘို
ကျေးရွာ ကိုဆန်း(ခ)ဆန်းမြင့်ဦး၏ နေအိမ်အတွင်းမှသယ်ဆောင်လာကြောင်း
တွေ့ရှိရ၍ သက်သေများနှင့်အတူကိုဆန်း၏နေအိမ်အားဆက်လက် ရှာဖွေရာ ဒီတိုနေတာများ မတွေ့ရှိ သော်လည်းကိုဆန်း(ခ) ဆန်းမြင့်ဦးမှာထွက်ပြေး
တိမ်းရှောင်သွားခဲ့ပါသည်။

တင်အောင်မိုးပါ တရားခံ ၆ဦးအားပုသိမ်ကြီးရဲစခန်း(ပ)၂၂၄/၂ဝ၁၂ ပေါက်ကွဲ
စေတတ်သောဝတထုပစစည်းများအက်ဥပဒေပုဒ်မ ၅ အရအမှုဖွင့် အရေးယူ
လျှက်ရှိပါကြောင်း သိရသည်။

Myanmar Police Force
 
၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ် စိုးစိုးနှင့် အဖွဲ့သည် သတင်းအရ မန္တလေး- ပြင်ဦးလွင် ကားလမ်းနှင့် ရေတံခွန်တောင်သွားကားလမ်းဆုံတွင် တင်အောင်မိုးမောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့ လိုက်ပါလာသော ၇ဃ/၇ဝ၆၈ လိုက်ထရပ် ခဲရောင်ယာဉ်နှင့် ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိနေသောမရီရီဝင်းနှင့် မသန်းထွေး တို့(၂)ဦးအား စစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှ ဆာလာအိတ်(၂)အိတ်ဖြင့် ထည့်ထားသော တရားမဝင် ဒီတိုနေတာ(ကပ်သီး)ချောင်း ၉၈ဝဝ(တန်ဘိုး ၁ခုလျင် ၁ဝဝိ/- ကျပ်နှုန်း ၉၈ဝဝဝဝိ/-) အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

ဥရောပသမဂ္ဂအဖွဲ့ ၏ ဘဏ္ဍငွေများ ဖြုန်းတီးမူပြုလုပ်သည်ကို စစ်ဆေးတွေ့ ရှိ


http://www.cbc.ca/news/background/eu/gfx/titlephoto.jpg 
 ဥရောပသမဂ္ဂအဖွဲ့ ၏ ဘဏ္ဍာငွေများကို အကျိုးရှိစွာအသုံးမကျဘဲ ဖြုန်းတီးမူများပြုလုပ်ခဲ့သည်ကို စာရင်း စစ် များက စစ်ဆေးတွေ့ ရှိသဖြင့် အဆိုပါအဖွဲ့ အပေါ် ဝေဖန်မူများပေါ်ပေါက်နေကြောင်း BBC သတင်း တွင်ဖော်ပြထားသည်။

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြားနှင့် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ccdac6

      ၄-၁၁-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အုန်းကျော် ဦးစီး အဖွဲ့၊ ခမရ (၃၅၉)မှ ဗိုလ်မှူး ညီညီနိုင် ဦးစီးအဖွဲ့ တာချီလိတ်(မူးယစ်)မှ ရဲအုပ် ဝင်းနိုင် ဦးစီးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ဆန်ဆိုင်း(က)ရပ်ကွက်၊ ခေတ္တာလမ်း၊ အိမ်အမှတ် (၄/၉၃) နေ စိုင်းဝန်းတစ် ၏နေအိမ်အား ရှာဖွေရာ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြား ၊ အလေးချိန် ၅၈.၄ ကီလို (တစ်ပြားလျှင် ၂၈၀၀ ကျပ်နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် ၁၆၃၅၂ သိန်း) နှင့်အတူ အောက်ပါ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည် -

"ရခိုင် ပဋိပက္ခ အပြီးသတ် အစီရင်ခံစာ သမ္မတထံ သတ်မှတ်ရက် အတွင်းမတင်နိုင်"


ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ တင်ရမည့် အချိန်ကို ယခုလ ၁၆ ရက် အစား လာမည့်နှစ် မတ်လ ၃၁ ရက်သို့ တိုးမြှင့်ပေးရန် သမ္မတထံ တင်ပြမည် ဖြစ်ကြောင်း စုံစမ်းရေး ကော်မရှင်မှ ထုတ်ပြန်သည်။

နားပေါက်ဖောက်ရာတွင် သတိထားသင့်တာလေးများ



နားပေါက်ဖောက်ရာတွင်

ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီး အများစုက နားပေါက်ဖောက်ပြီး နားကပ် ဝတ်ဆင်ကြပါ တယ်။ ရှေး ဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ဓလေ့အရ နားဖောက် တာက ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အပေါက်ေ ဖာက်ပြီး ပစ္စည်းတွေ ထည့်တာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အ ရတော့ ဖောက်ေ နကြတာပါပဲ။ ယဉ်ကျေးမှုဓလေ့ကို တားလို့တော့မရပါဘူး။ အဲဒါကြောင့် အကောင်း ဆုံးဖြစ်ေ အာင် အကြံပေးချင်ပါတယ်။

အားကစားနှင့်အရက် မနီးစပ်စေချင်


 
 ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မိမိတို့မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။ အောင်နိုင်ရေး သီချင်းသံများကိုလည်း နားဆင်နေရပြီဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရ၍ ပရိသတ်၏အားကို အပြည့်အ၀ရမည်မှာ သေချာပေသည်။ မိမိတို့ပရိသတ်ကလည်း အစွမ်းကုန်အားပေးကြပေမည်။ အစွမ်းကုန်ဆိုရာတွင် စည်းဘောင်အတွင်းမှ အစွမ်းကုန်ဖြစ်စေချင်ပါသည်။

နောက်ကြောင်း ပြန်မလှည့် လိုသူများ၏ နိုင်ငံရေး နှီးနှောဖလှယ်ပွဲ

ယနေ့ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့ဟာ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အုပ်ချုပ်ပုံ စနစ်များ မတူ ညီပေ မယ့် ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ဖို့ အတွက် အုပ်ချုပ်သူ အစိုးရများ အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် (Good Governance) ထားရှိပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုး တက်မှုကို ထိန်းသိမ်း လျက်ရှိပါတယ်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း

လျို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေးယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက်များကို ပေးပို့ခြင်း သို့ ဖြန့်ချိခြင်း သို့ ပါဝင် ဆောင်ရွက်ခြင်း ၊သိုမှီး ထိန်းသိမ်းထားသည့် သတင်းအချက်အလက်များ တစ်ရပ်ရပ်ကိုဖြစ်စေ ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် သို့ သဘောတူညီချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း ၊ ရယူခြင်း ၊ ကူးယူခြင်း ၊ ထုတ်နုတ်ခြင်း ၊ပျောက်ဆုံးစေခြင်း သို့ ပေးပို့ ဖြန့်ချိခြင်း ၊ 

မြန်မာ-ဂျာမနီ လေကြောင်းလိုင်းသစ် ပြေးဆွဲမည်


 
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့နှင့် ဂျာမနီနိုင်ငံ ဖရန်ဖန့်မြို့Frankfurt သို့ တိုက်ရိုက် ပျံသန်းပြေးဆွဲမှုကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး
 ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

"အကျင့်ပျက် တရားရေးဝန်ထမ်း ၇ ဦးကို မန္တလေးတရားလွှတ်တော် ထုတ်ပယ်"


 မြို့နယ်တရားသူကြီး နှစ်ဦးအပါအဝင် တရားရေးဝန်ထမ်းခုနစ်ဦး ထုတ်ပယ်ခြင်းနှင့် ခရိုင်တရားသူကြီး တစ်ဦးအပါအဝင် တရားရေးဝန်ထမ်း ခုနစ်ဦးတို့အား စာဖြင့်ပြင်း ထန်စွာ သတိပေးခြင်းတို့ကို မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်တွင် NLD ကျေးရွာ ရုံးများ ဆက်လက် ဖွင့်လှစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကျေးရွာ အုပ်စုရုံးများကို ဆက်လက် ဖွင့်လှစ်နေသည်ဟု သတင်းရရှိသည်။

ကွတ်ခိုင်၌ မှောင်ခို ပစ္စည်းတင်ယာဉ်များဖမ်းဆီး


 
 ဗန်ကား ၇စီး Express Car ၂စီး ပေါ်မှ အခွန်မဆောင်ထားသည့် ပစ္စည်းများ နိုဝင်ဘာ ၇ ရက်နေ့တွင် ကွတ်ခိုင်၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနခေါင်းဆောင်ေ သာ မှောင်ခိုတား ဆီးရေးရွေ့ လျားအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဆက်သွယ်ရေး ဥပဒေကြမ်းအား ဖော်ပြထား

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း၌ အင်တာနက်၊ ဖုန်းစ သည့်ဆက်သွယ်မှုများတွင် နှောင့်ယှက်မှုများအား ထောင်ဒဏ်ချမှတ်အရေးယူမည်ဟုထည့် သွင်း ဖော်ပြ ထား သည် ကို အောက်ပါအတိုင်း တွေ့ရှိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်း ၀န်းကျင် ကုန်ကျမည်ဖြစ်ရာ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ ဒေါ်လာ ငါးသန်းကူညီမည်



၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်း ၀န်းကျင် ကုန်ကျမည်ဖြစ်ရာ ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ UNFPA က အမေရိကန်ဒေါ်လာ ငါးသန်း ကူညီမည်ဖြစ်ကြောင်း ပြည်သူအင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ပြောကြားချက်အရ သိရပါသည်။

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာမှာ ရွှေတိဂုံဘုရားလမ်းအနီး ဖြစ်လာနိုင်ဟု သိရ




ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာမှာ ရွှေတိဂုံဘုရား လမ်းအနီး ဖြစ်လာနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ အတွင်းရေးမှူး ဦးကျော်စိုးက နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း ၁၂၀ ကျော် ညလုံးပေါက် ဆန္ဒဖော်ထုတ်


မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း ၁၂၀ ကျော် ညလုံးပေါက် ဆန္ဒဖော်ထုတ်

မုံရွာ၊နိုဝင်ဘာ-၇

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေးလုပ်ငန်း စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ကျေးရွာလေးရွာမှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်း ၁၂၀ ကျော်သည် နိုဝင်ဘာ ၂ ရက်မှစ၍ လုပ်အားခလစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆိုခဲ့ရာ မပြေလည်သဖြင့် နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"တောင်းဆိုမှုက နိုဝင်ဘာ ၂ ရက်က စတင်ခဲ့တာပါ။ နိုဝင်ဘာ ၅ ရက်မှာလည်း မြန်မာဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ပြောင်းရွှေ့ကျေးရွာလေးရွာက ၀န်ထမ်းကိုယ်စားလှယ်တွေ ညှိနှိုင်းခဲ့ပါတယ်။ ဒီနေ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဘက်က နေ့လယ် နှစ်နာရီမှာ ဖြေရှင်းပေးမယ်ဆိုပြီး မဖြေရှင်းပေးတဲ့အတွက် အခုလို ညလုံးပေါက် ဆန္ဒဖော်ထုတ်တာပါ။ အဓိကတောင်းဆိုတာက လုပ်ခလစာ အပြည့်အ၀ရရှိရေး၊ အလုပ်သမားအခွင့်အရေးတန်းတူရရှိရေး၊ မြန်မာဝန်ထမ်းအချင်းချင်း ဖိနှိပ်မှုမရှိရေး စတဲ့အချက်တွေ တောင်းဆိုပါတယ်။ အခြေခံဝန်ထမ်းလစာကို အက်ဖ်အီးစီ ၁၂၀ တိုးမြင့် တောင်းဆိုထားပါတယ်"ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်နေသော ပြောင်းရွှေ့ကျေးရွာလေးရွာမှ ၀န်ထမ်းတစ်ဦးကပြောသည်။

"ပြောင်းရွှေ့ကျေးရွာလေးရွာကို ဦးစားပေးခန့်ထားခဲ့တာ ရွာသိမ်း၊ မြေသိမ်း တောင်သူတွေပေါ့။ ဇွန်လကစ ခန့်ခဲ့တာ ၀န်ထမ်း ၂၄၂ ဦးရှိပြီ။ စောစောပိုင်းက နေ့စားဝန်ထမ်းအနေနဲ့ ခန့်ခဲ့တာ။ နေ့စား တစ်ရက်ကို ၃၁၀၀ ကျပ်နှုန်းနဲ့ ခံစားခွင့်ပြုခဲ့ရာက အောက်တိုဘာ ၁ ရက်ကစပြီး အခြေခံလစာ အက်ဖ်အီးစီ ၁၁၀ ကနေစပြီးခံစားခွင့်ပေးခဲ့တာ။ အခုအက်ဖ်အီးစီ ၁၂၀ တိုးတောင်းတာမရလို့ ဆန္ဒထုတ်ဖော်နေကြတာပါ။ မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေလည်း ဒီကိစ္စဖြေရှင်းပေးဖို့ ရန်ကုန်ကရုံးချုပ်ကို ဆင်းသွားကြတယ်"ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ ဆန္ဒထုတ်ဖော်လျက်ရှိသည့် ၀န်ထမ်းများမှာ သန့်ရှင်းရေး၊ လုံခြုံရေး၊ အထွေထွေ စသော တာဝန်များထမ်းဆောင်သော အခြေခံဝန်ထမ်းများဖြစ်သည်။ ၄င်းတို့မှာ မြန်မာဝမ်ပေါင်ကုမ္ပဏီတွင် ယခုနှစ် ဇွန်လနောက်ပိုင်း နေ့စားဝန်ထမ်းအဖြစ်မှ အောက်တိုဘာ ၁ ရက်မှစ၍ အခြေခံလုပ်ခလစာ အက်ဖ်အီးစီ ၁၁၀ ဖြင့် လခစားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများဖြစ်သည်။

ညလုံးပေါက်ဆန္ဒပြသော အလုပ်သမားများနှင့်  ကုမ္ပဏီမှ တာဝန်ရှိသူများ ယနေ့ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေးလုပ်ငန်း စီမံကိန်းနယ်မြေအ တွင်း ပြောင်းရွှေ့ကျေးရွာလေးရွာမှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်း ၁၂၀ ကျော်သည် နိုဝင်ဘာ ၂ ရက်မှစ၍ လုပ်အားခလစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆိုခဲ့ရာ မပြေလည်သဖြင့် နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"တရားစီရင်ရေး ဥပဒေပြန်လည်ရေးဆွဲရန် ဦးသိန်းညွန့် အားတာဝန်ပေး"


ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးခေတ္တရပ်နားချိန် ၌လွှတ်တော်အစိုးရဟောင်း၏ တရားစီရင်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၄င်း၏ရုံးခန်းတွင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် (တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်)အား ခေါ်ယူတွေ့ဆုံ တာဝန်ပေးလိုက် ကြောင်းသိရသည်။ဦးသိန်းညွန်မှလည်း လိုအပ်သည့် အတွက် ပြန်လည်ရေးဆွဲ ခိုင်းခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဦးသိန်းညွန့်ပြုံးသွားတဲ့ ဦးအောင်ကြည်ရဲ့ အဖြေ


 

 နိုဝင်ဘာလ ၆ ရက်နေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္ဇမပုံမှန် အစည်းအဝေး န၀မနေ့ အစီအစဉ် တစ် ရပ်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပုဂ္ဂလိကသတင်းစာ ထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ ဤသို့မေးမြန်းခဲ့သည်။

CPI မှ Chief Representative နှင့် မြစ်ဆုံဆည် စီမံကိန်း

နိုဝင်ဘာ ၇၊ ၂ဝ၁၂

မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍ CPI (China Power Investment) မှ Chief Representative ဖြစ် သူ Mr.Wang Qiue ကို အောက်တိုဘာ ၃ဝ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မြစ်ဆုံနေရာ မြင်ကွင်း
မြစ်ဆုံနေရာ မြင်ကွင်း

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှု ကို လန်ဒန်သုတေသီ တစ်ဦး ဝေဖန်ပြောကြား

မြန်မာနိုင်ငံ အနောက်ဘက်စွန်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ် လျဉ်း၍ သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ၊ ရေငုံနှုတ်ပိတ် နေသည့်အတွက် နိုင်ငံတကာ ဒီမိုကရေစီ ပြယုဂ် လည်း ဖြစ်၊ မြန်မာနိုင်ငံ၏ ထူးခြား ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် လည်းဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်စောမှုတို့သည် လျင်မြန်စွာ ဆုတ်ယုတ် ကျဆင်းလျက် ရှိပေ သည်။
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

07.11.2012 နေ့ဖတ်ရန်သတင်းများ


မုန်တိုင်းဒဏ်ခံတွေ မဲပေးနိုင်ရေး
တချို့ တဲထိုးပြီး မဲပေး ရအရင် ပတ်က မုန်တိုင်းဒဏ် အပြင်းအထန် ရင်ဆိုင် လိုက်ရပြီး အသား မသေ သေးတဲ့ အမေရိကန် အရှေ့ပိုင်း နေရာ အတော် များများမှာ မဲပေးရ လွယ်အောင် အထူး စီမံ ပေးနေပါတယ်။နယူးယော့ က မဲရုံ အများစု ပုံမှန် အတိုင်း အလုပ်လုပ် နေတယ်လို့ ဆိုပါတယ်။
တချို့ နေရာ တွေမှာ တဲထိုးပြီး မဲပေး ရတာပါ။

အမေရိကန်သမ္မတ အိုဘားမား ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ပြည်တွင်းနိုင်ငံရေးသမားများ၏ သဘောထားမှတ်ချက်များ

 
၂၀၁၂ အမေရိကန်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားထပ်မံ ရွေးကောက် ခံရမှု အပေါ် မြန် မာ့နိုင်ငံရေးသမားများနှင့် ပညာရှင်များက ကြိုဆိုကြသည်။ အိုဘားမား ထပ်မံရွေးကောက် ခံရမှု မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အမေရိကန်မှ ကူညီထောက်ပံ့မှုများ ပိုမို ရရှိ လိမ့်မည်ဟု ၄င်းတို့က တူညီစွာသုံးသပ်ကြသည်။ အိုဘားမားအစိုးရမှာ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများကိုအနီးကပ်စောင့်ကြည့်နေပြီး၊ တိုးတက်မှုအလိုက် ကူညီပံ့ပိုးအားပေးမှုများ  ကိုလည်း တိုးမြှင့်ပေး လျက်ရှိသည်။ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ အိုဘားမား အနိုင်ရရှိမှု အပေါ် ၄င်းတို့၏ သဘောထား မှတ်ချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

နှစ်ပါတီ ယှဉ်တွဲတင်ထားသည့် ဆိုင်းဘုတ် AMDP က ပြန်ဖြုတ်


နှစ်ပါတီ ယှဉ်တွဲတင်ထားသည့် ဆိုင်းဘုတ် AMDP က ပြန်ဖြုတ်
Wednesday, November 7, 2012

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ကမာဝက်တိုက်နယ်တွင် နေအိမ်အဆောက်အအုံ
တစ်ခုတည်း၌ မွန်နှစ်ပါတီဆိုင်း ဘုတ်နှင့် အလံများအတူ ယှဉ်တွဲတင်ထား
ခဲ့ကြရာမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က ဆိုင်းဘုတ်ဖြုတ်
ချခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီ MDP ဆိုင်းဘုတ်တစ်ခု တည်းသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောသည်။

AMDP ဆိုင်းဘုတ်အား ကမာဝက်တိုက်နယ်ရှိ ယင်းပါတီဝင် အချို့မှ လာရောက်ဖြုတ်ချလိုက်သည်ကို အိမ်ရှင်ပြောပြသဖြင့်သိခဲ့ကြောင်း မွန်ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း
က ပြောသည်။

၎င်းက “ နှစ်ပါတီစလုံးဆိုင်းဘုတ်အတူတင်ကြဖို့ ကမာဝက်တိုက်နယ်
အဆင့် နှစ်ဖက်ပါတီဝင်တို့ကသဘော တူထားကြတယ်၊ အခုတစ်စုံတစ်ရာ ဘာမပြောပဲနဲ့ ဘာလို့ သူတို့ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တာကိုတော့ ကျနော်တို့လဲ နားမလည်ဘူး” ဟု ပြောသည်။

ကမာဝက်ကျေးရွာ၊ ရွာလယ်ပိုင်း ဓါတ်တော်ကျောင်းအနီးမူလကဖွင့်လှစ်
ထားရှိသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နေအိမ်အဆောက် အအုံနေရာ၌ ပြီးခဲ့သော နိုဝင်ဘာလ ၁ ရက်နေ့တွင် နှစ်ပါတီဆိုင်းဘုတ်နှင့် အလံယှဉ်တွဲတင်ကြကာ ပါတီတစ်ရုံးတည်း၌ တစ်ပတ်ကြာအတူဖွင့်လှစ်
ခဲ့ခြင်းဖြစ်သည်။

မွန်နှစ်ပါတီတစ်ရုံးတည်း အတူဖွင့်လှစ်ထားခြင်းကို AMDP ပါတီ ဗဟိုက
ခွင့်မပြုသဖြင့် မုဒုံမြို့နယ်ရုံးမှ ကမာဝက်မြို့နယ် တာဝန်ရှိသူများထံ အမိန့်ပေးခဲ့ကြောင်း AMDP ပါတီ ကမာဝက်တိုက်နယ်ဥက္ကဌ နိုင်ဗညားချမ်းက ပြောသည်။

နိုင်ဗညားချမ်းက“ မြို့နယ်ရုံးတာဝန်ရှိသူတွေပြောတာက တစ်ရုံးထဲမှာ ပါတီနှစ်ခုဆိုင်းဘုတ်ထောင် အလံတင်တဲ့အစဉ်အလာမရှိကြဘူးဆိုပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်ရဲ့နည်းပဒေတွေမှာ နှစ်ပါတီဆိုင်းဘုတ်
အတူ မထားရှိရဘူးဆိုတဲ့ တားမြစ်ချက်တွေကိုလည်း မတွေ့မိပါ ဘူး” ဟု
 ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDPနှင့် မွန်ဒီမိုကရေစီပါတီ MDP နှစ်ပါတီတို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးထား၍ တစ်ပါတီ အမည်သစ်တစ်ခုတည်းဖြင့် ပေါင်းစည်းသွားကြမည်ဟု နှစ်ပါတီခေါင်းဆောင်
များမှ လွန်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က ပူးတွဲ ကြေညာချက်
ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ကမာဝက်တိုက်နယ်တွင် နေအိမ်အဆောက်အအုံ တစ်ခုတည်း၌ မွန်နှစ်   ပါတီ ဆိုင်း ဘုတ်နှင့် အလံများအတူ ယှဉ်တွဲတင်ထားခဲ့ကြရာမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က ဆိုင်းဘုတ်ဖြုတ် ချခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီ MDP ဆိုင်းဘုတ်တစ်ခု တည်းသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောသည်။

USA မဲဆွယ်ပွဲ ရန်ပုံငွေတွေ ဘယ်ကလာလဲ

USA မဲဆွယ်ပွဲ ရန်ပုံငွေတွေ ဘယ်ကလာလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရန်ပုံငွေတွေ မဲဆွယ် ကြော်ငြာဖို့ သုံးရ
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၂၅ဝဝ လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အမေရိကန် သမိုင်းမှာ အကုန်အကျ အများဆုံး မဲဆွယ် စည်းရုံးမှုတွေ လို့ ဆိုရမှာပါ။
ဒီငွေတွေ ဘယ်ကရသလဲ ဆိုတော့ အဓိက ၄ နေရာ က ရတာလို့ ပြောနိုင်ပါတယ် ။
ရီပတ်ဘလီကန် ပါတီနဲ့ ဒီမိုကရက် ပါတီ ကော်မီတီတွေ ကောက်ခံ စုဆောင်းခဲ့တဲ့ ပါတီ ရန်ပုံငွေတွေ ကနေ ရခဲ့တာ ဖြစ်ပြီး ရီပတ်ဘလီကန် ပါတီက ဒေါ်လာသန်း ၃၇၀ နီးပါး၊ ဒီမိုကရက် ပါတီက ဒေါ်လာ သန်း ၃၀၀ နီးပါး ရှာနိုင်ခဲ့ ကြပါတယ်။
နောက်တနေရာ ကတော့ သမ္မတလောင်းတွေ ကိုယ်တိုင် တဦးချင်းရှာတဲ့ ငွေတွေ ဖြစ်ပါတယ်။
မစ်ထ် ရွန်မနီ က ဒေါ်လာ သန်း၄၀၀ နီးပါး ရှာပေးနိုင်ခဲ့ပြီး ဘားရက် အိုဘားမားကတော့ ဒေါ်လာ သန်း ၆၄၀ လောက် ရှာပေးနိုင်ခဲ့ပါတယ်။
တခါ ဒေါ်လာ ၂၅ဝဝ အောက် လှူခဲ့ တဲ့ အမေရိကန် နိုင်ငံသား အလှူရှင် ပုဂ္ဂိုလ် တဦးချင်း ဆီက အလှူငွေတွေ ပေါင်းကလဲ ဒေါ်လာ သန်း ၇ဝဝ လောက် ရှိပါတယ်။
အဲဒီအပြင် သက်ဆိုင်ရာ အကျိုးစီးပွားတွေကိုကြည့်ပြီး ငွေတွေ ပုံအော ထည့်ဝင်တဲ့ အဖွဲ့အစည်းတွေ ဆီကလည်း ဒေါ်လာ သန်း၆၀၀ လောက် ရခဲ့ပါတယ်။
အဲဒီ အဖွဲ့အစည်းတွေ ကတော့ မဲဆွယ် စည်းရုံးမှု တွေမှာ ကိုယ်တိုင် ပါဝင်ခွင့် မရှိပါဘူး။
ရန်ပုံငွေ အများဆုံး ထည့်ဝင်ခဲ့သူကတော့ ရှေးရိုး စီးပွားရေး လူမှုရေး လုပ်ငန်းတွေကို အားပေးတဲ့ ကက်ဆီနို လုပ်ငန်းရှင် Sheldon Adelson ဖြစ်ပြီး ဒေါ်လာ ၅၄သန်း လှူဒါန်းခဲ့ပါတယ်။
တခြား ငွေပုံအော လှူခဲ့သူတွေကတော့ အမည်မဖော်ဘဲ လှူတဲ့ သူတွေ ဖြစ်ပါတယ်။
ဒီတော့ ဒီလောက်များတဲ့ ငွေတွေကို သမ္မတလောင်းတွေ ဘယ်နေရာတွေမှာ သုံးခဲ့သလဲ ဆိုရင် အကျိတ်အနယ် ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲဆွယ် ကြော်ငြာတွေ အတွက် သုံးခဲ့တယ်လို့ ပြောရမှာပါ။
ပြီးခဲ့တဲ့လ ကဆိုရင် မဲဆွယ်တဲ့ ရုပ်မြင်သံကြား ကြော်ငြာပေါင်း ၃သိန်းလောက် ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။
အဲဒီအထဲမှာ သမ္မတ အိုဘားမားက ကြော်ငြာ တသိန်း ခြောက်သောင်း ထုတ်လွှင့်ခဲ့သလို မစ္စတာ ရွန်မနီ ကလည်း ကြော်ငြာ တသိန်း လေးသောင်းလောက် အပြိုင် လွှင့်ခဲ့ပါတယ်။
ဒီရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွက် စုစုပေါင်း ကုန်ကျစရိတ်က နှစ်ဘီလျံခွဲ ကျခဲ့တယ် ဆိုတော့ တွက်ကြည့်လိုက်မယ် ဆိုရင် မဲတမဲ ရဖို့ ဒေါ်လာ ၂၀ လောက် သုံးခဲ့တယ်လို့ ပြောနိုင်ပါတယ်။
Source : BBC
 
ရန်ပုံငွေတွေ မဲဆွယ် ကြော်ငြာဖို့ သုံးရ
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၂၅ဝဝ လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အမေရိကန် သမိုင်းမှာ အကုန်အကျ အများဆုံး မဲဆွယ် စည်းရုံး မှုတွေ လို့ ဆိုရမှာပါ။

"ရန်ကုန် ညမင်းသားပြိုင်ကားများနှင့် အုပ်စုဖွဲ့ရမ်းကားနေသည့် ညလူဆိုးများကို စတင်နှိမ်နင်းပြီ"


 
 
"ရန်ကုန် ညမင်းသားပြိုင်ကားများနှင့် အုပ်စုဖွဲ့ရမ်းကားနေသည့် ညလူဆိုးများကို စတင်နှိမ်နင်းပြီ"

ညအချိန် ကားပြိုင်မောင်းခြင်းနှင့် အုပ်စုဖွဲ့ဝိုင်းဝန်း ရိုက်နှက်မှုများရှိ နေခြင်းကြောင့် ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းတစ်လျှောက် ဖမ်းဆီး စစ်ဆေးမှုဆောင်ရွက်နေသည့် ၃ ရက်တာကာလအတွင်း ပြိုင်ကား ၁၂ စီး အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထိပ်တန်း အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပြိုင်မောင်းခြင်း အပါအဝင် အုပ်စုဖွဲ့ ရိုက်နှက်ခြင်းများ ဆက် တိုက်ဖြစ်လာနေ၍ ထပ်မံ မဖြစ်ပွား စေရန် အောက်တိုဘာလ နောက်ဆုံး ပတ်မှစကာ ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ စစ်ဆေးရေးအဖွဲ့ဖြင့် ရန်ကုန်မြို့အတွင်း အမှုအခင်း ဖြစ် နိုင်ခြေရှိသည့် အဓိက လမ်းမကြီး နှစ်ခုကိုရွေးချယ်၍ တိုင်းဒေသကြီး ရုံးမှ ရဲအင်အားနှင့် သက်ဆိုင်ရာ ရဲစခန်းမှ ရဲအင်အားတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည် ဟု၎င်းက ပြောသည်။

စတင်စစ်ဆေးဆောင်ရွက် သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် မသင်္ကာဖွယ်ရာဟု ယူဆရသည့် ကားတိုင်းကို စစ်ဆေးရာ နှစ်စီး၊ နိုဝင်ဘာ ၄ ရက်နေ့တွင် လေးစီးနှင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ၆ စီး ကိုဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး တစ်ည အိပ်ထိန်းသိမ်းခြင်းနှင့် ချလံဖြတ်ဒဏ်ရိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။
လက်ရှိဆောင်ရွက်နေသည့် စစ်ဆေးမှု အချိန်ကို လိုအပ်ပါက လိုအပ်သလို အချိန် တိုးမြှင့်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ထပ်လောင်းပြောသည်။

အောက်တိုဘာလ ၂၃ ရက် ညပိုင်းက နှင်းဆီကုန်း ဘိုးဘွားရိပ် သာရှေ့တွင် ကားပြိုင်မောင်းသူ လူတစ်စုက လူသုံးဦးကို ဝိုင်းဝန်း ရိုက်နှက်ခြင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ဆူးလေ ခုံး တံတားနားတွင် ကိုယ်ပိုင်ကား မောင်းနှင်သူကို ကားပြိုင်မောင်း သည့် ကားသုံးစီးမှ လူတစ်စု က ဝိုင်းဝန်းထိုးကြိတ်ခြင်းနှင့် နိုဝင်ဘာ ၁ ရက်နေ့က ကမာရွတ်မြို့နယ် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ်ထိပ်တွင် မောင်းနှင်လာသည့် ကားတစ်စီးကို ယာဉ်နှစ်စီးက ပိတ်ရပ်ပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုတို့ရှိခဲ့ရာ သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် အမှုဖွင့်ထား ကြသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့စာရင်း တို့အရ သိရသည်။
	
လသာမြို့နယ်တွင် နေထိုင်သူ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီး တစ်ဦး က ''အခုရက်ပိုင်းမှာ ကြားရသိရသလောက်က မထိတ် သာ၊ မလန့်သာတွေ ကြီးပဲ။ ဖြစ်တာ ကလည်း အချက်အချာကျတဲ့ နေရာဆိုတော့ ကိုယ့်သားသမီးတွေ ကို စိုးရိမ်မိတယ်။ ညအချိန် အပြင်လွှတ်ရင် မလုံခြုံဘူးလို့ ခံစား နေရတယ်။ ဒါတော့ မဖြစ်သင့်ဘူး''ဟု ပြောသည်။
	
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ရုံးမှ တာဝန်ရှိသူ၏ အဆိုအရ ၄င်းတို့ အနေဖြင့် ရန်ကုန်၏ လုံခြုံရေး ရယူရာတွင် ရဲအင်အား လုံလောက်သည့် အနေအထား မရှိပါ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မင်းသုအောင်၊ ညွန့်ဝင်းညအချိန် ကားပြိုင်မောင်းခြင်းနှင့် အုပ်စု ဖွဲ့ဝိုင်းဝန်း ရိုက်နှက်မှုများ ရှိ နေခြင်းကြောင့် ကမ္ဘာအေး ဘုရား လမ်းနှင့် ပြည်လမ်းတစ်လျှောက် ဖမ်း ဆီး စစ်ဆေးမှုဆောင်ရွက်နေသည့် ၃ ရက်တာကာလအတွင်း ပြိုင်ကား ၁၂ စီး အရေးယူခဲ့ကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထိပ် တန်း အရာရှိ တစ်ဦး က ပြောသည်။

အမေရိကန် သမ္မတအဖြစ် အိုဘားမား ပဲ ပြန်ရွေးခံရ

လက်ရှိ ကျင်းပနေသော အမေရိကန် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားမှ ယှဉ်ပြိုင်ဘက် ရွန်းနေအား Electoral votes 275-203 ဖြင့်အနိုင်ရရှိကာ ဒုတိယသက်တမ်းအား ဆက်လက်ထမ်းဆောင် ခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

"ကိုယ်စားလှယ်ရာထူးဖြင့်တင်ခဲ့သော အဆိုကို ၀န်ကြီးဖြစ်မှ ပြန်ဖြေရမည့်ကိန်းဆိုက်"


ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ နတ်ရွာစံ သီပေါမင်း တရားကြီးနှင့် မိဖုရားတို့ ရုပ်အလောင်းများမှ အရိုးများကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင် ပေးပါရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် (၁၄) ဦးက ဆွေးနွေးပြီး။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၀င် က ပြန် လည်ဖြေရှင်း ဆွေးနွေးခြင်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်သည်။

မောင်တောမြောက်ပိုင်း ဗန္ဓုလကျေးရွာပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများတိုက်ခိုက်ခံရ


မောင်တောင်မြောက်ပိုင်း ဗန္ဓုလကျေးရွာတွင် လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော GEတပ်မှ တပ်ဖွဲ့ဝင်များနှင့် လုပ်သားများသည် ၆-၁၁-၂၀၁၂ နေ့နေလည်ပိုင်းလောက်တွင် အမည် မသိ တပ်ဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟု မောင်တောမြို့ခံသားတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။ 

လစ်လပ်နေသော ပြည်ထောင်စုဒုဝန်ကြီးသုံးနေရာ ယခုလွှတ်တော်အစည်းအဝေးများတွင် ခန့်အပ်ရန်ရှိ


လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးနေရာသုံးနေရာအတွက် ယခုကျင်းပနေသော လွှတ်တော် အစည်းအဝေး မပြီးဆုံးခင် ခန့်အပ်ရန်အစီအ စဉ်ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ

၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ Fox News သတင်းဌာန၏ နောက်ဆုံး ထွက်ပေါ်လာသော ရလာဒ်များအရ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ၁၇၃ မဲရရှိထားပြီး မစ်ရွမ်းနေက ၁၇၄ နေရာ ရရှိထားကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်ဆွေးနွေးမည့် အကြောင်းအရာများ

ယနေ့ (နိုဝင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်

၁) အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥ ပဒေကြမ်းအား ပြည်သူ့ လွှတ်တော်ကပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အမျိုးသား လွှတ်ေ တာ် ကိုယ် စားလှယ် တစ်ဦးက ဆွေးနွေးခြင်း။

Multiculturalism and Political Correctness အန္တရယ်


နိုင်ငံရေးမှာ ဖြစ်စေ ၊ လူမှုရေးမှာ ဖြစ်စေ ၊ သဘော မတူတာတွေ ရှိမှာပဲ အားလုံး “ မှန်ပါ့ဘုရား ” ဖြစ်နေရင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ဖြစ်သွားနိုင်တာပေါ့ (ကုလား) ကို (ကုလား) လို့ မခေါ်ရဖူး ဆိုရာမှာ
တ ဦး တစ်ယောက် ရဲ့ (အမြင်) ထက် (Culture) ကို စဉ်းစားစေချင်တယ် အကြောင်း က (culture) ဖြစ်လာရင် ငါးပါးမှောက်နိုင်လို့ပါ။

ရှမ်းဒုက္ခသည်တွေ အကြောင်း စာအုပ်ထုတ်ဝေ

ရှမ်းဒုက္ခသည်တွေ အကြောင်း စာအုပ်ထုတ်ဝေ

ရှမ်းလူမျိုး ဒုက္ခသည်တွေအကြောင်း အခြေခံရေးသားထားတဲ့ (The Shan: Refugees without a camp) “စခန်းမရှိတဲ့ ရှမ်းဒုက္ခသည်များ” ဆိုတဲ့ စာအုပ်ထုတ်ဝေပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၆ ရက်နေ့လည်က
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ နိုင်ငံခြားသား သတင်းထောက် များအသင်း ရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံနေတဲ့ ရှမ်းလူမျိုးတွေဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရကြောင်း စာမျက်နှာ ၂၇၀ ပါ ဒီစာအုပ်ကို ရေးသားပြုစုသူ Bernice Koehler Johnson က ဒီနေ့သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆောင် ရှင်းပြခဲ့ပါတယ်။

“ကျမဒီစာအုပ်ရေးခဲ့တာဟာ လေ့လာသင်ယူဖို့အတွက် အရမ်းအားသန်ပြီး အလုပ်ကြိုးစားကြတဲ့ ရှမ်းလူငယ်တွေအကြောင်း သိစေချင်လို့ပါ။ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝစေဖို့ အခွင့်အလမ်းတွေ ဖန်တီး ပေးသင့်ပါတယ်၊ ဒီလိုဆိုရင် သူတို့ဟာ ရှမ်းလူမျိုးတွေ အတွက်သာ မဟုတ်ဘဲ မြန်မာ တနိုင်ငံလုံး အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။”

ထိုင်းတက္ကသိုလ် အချို့မှာ ပညာသင်ကြားခွင့်ရနေတဲ့ ရှမ်းကျောင်းသား ကျောင်းသူ အချို့လည်း ဒီနေ့သတင်စာရှင်းလင်းပွဲကို တက်ရောက်ခဲ့ ပါတယ်။တက်ရောက်တဲ့ ရှမ်းကျောင်းသားတွေထဲက ဘန်ကောက်မြို့ ရမ်ကန်ဟမ် တက္ကသိုလ်မှာ လူထုဆက်ဆံရေး နည်းပညာ ဘာသာရပ်ကို သင်ကြားနေတဲ့ ကိုစိုင်းစိုးကတော့ ရှမ်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် လက်မခံတာဟာ ခွဲခြားတဲ့ပုံစံလို့ မြင်မိကြောင်း အခုလိုပြောပါတယ်။

"ကျနော့်အမြင်အနေနဲ့ကြတော့ ခွဲခြားတဲ့ ပုံစံလိုမျိုးတော့ရှိတယ်၊ ဥပမာ ကရင်ကြတော့ ပေးတယ်ပေါ့နော်။ရှမ်းကြတော့ ဘာလို့ မပေးလဲ ရှမ်းပြည်မှာလည်း စစ်တိုက်နေတာကြာလှပြီ။ ဟိုခွန်ဆာ လက်ထက် မတိုင်ခင်ထဲကိုက သူတို့စစ်တိုက်နေတာ၊ ပြေးလာတာလည်းကြာလှပြီ၊ ဒါပေမယ့်အထက်ပိုင်းမှာ အောက်ပိုင်းမှာ သူတို့ဘယ်လို အဆက်အသွယ်လုပ်ကြလဲ ကျနော်လည်း မသိဘူး၊ ပြီးတော့ UNHCR ကလည်း ဘာဖြစ်လို့ မပေးတာလဲဆိုတာ ကျနော်တို့လည်း နားမလည်ဘူးပေါ့ ဘာဖြစ်လို့ ခွဲခြားပြီးတော့ ပေးရတာလဲပေါ့”

ဒီစာအုပ်မှာ ရှမ်းဒုက္ခသည်တွေအကြောင်း၊ သူတို့ရဲ့ ပညာရေး အခြေအနေ၊ ရှမ်းပြည်နယ်အတွင်း ခရီးသွားခြင်းစတဲ့အကြောင်းတွေကို ဖော်ပြထားပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှမ်းလူမျိုး သန်းနဲ့ချီ နေထိုင်တယ်လို့ ခန့်မှန်းကြောင်း စာရေးသူကပြောဆိုပါတယ်။


အေးချမ်းမွန်မှ RFA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :RFA
ရှမ်းလူမျိုး ဒုက္ခသည်တွေအကြောင်း အခြေခံရေးသားထားတဲ့ (The Shan: Refugees without a camp) “စခန်းမရှိတဲ့ ရှမ်းဒုက္ခသည်များ” ဆိုတဲ့ စာအုပ်ထုတ်ဝေပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကို နိုဝင် ဘာလ ၆ ရက်နေ့လည်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ နိုင်ငံခြားသား သတင်းထောက် များအသင်း ရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။

ပျော်ဘွယ်မြို့နယ် NLD ၏ ပြဿနာများ .....


 
 26,9,2012 ရက်နေ့က ရမည်းသင်းမြို့ တွင် ဒေါ်ဝင်းမြမြပြောကြားခဲ့သော ကော်မရှင် သာအာဏါ အရှိဆုံး စကား ရပ် အပေါ် NLD ပျော်ဘွယ်မြို့နယ် ကော်မရှင်က အသိနည်းပါးသော အဖွဲ့ဝင်များမှာ NLD Pyawbwe ရုံး တွင် စည်းရုံးရေး မဆန်ဘဲ နေရာတကာ ခြယ်လှယ် ခြင်နေကြပါသည် ။

တန်ဖိုး ၁၄၆ သိန်းကျပ်ဖြင့် ဂျာမနီနိုင်ငံလုပ် Vauxhall Astra 2007 ၀ယ်ယူနိုင်



ဂျာမနီနိုင်ငံက ထုတ်လုပ်သည့်Vauxhall Astra 2007 မော်ဒယ် များကိုတင်သွင်းရောင်း ချပေးနိုင် ကြောင်း myanmarcarimport.com၀က်ဘ်ဆိုက်တွင် ရေးသားလွှင့်တင်ထားသည့် ကိုရစ်ကီးကပြောသည်။ ထိုေ မ်ာတော် ယာဉ်များ သည်ဂျာမနီနိုင်ငံတွင် ထုတ်လုပ်ပြီးယခုတင်သွင်းမည့်နိုင်ငံမှာ အင်္ဂ လန်နိုင်ငံမှ သိရ သည်။

နိုင်ငံခြားသားများ ကျူးလွန်သည့် ရာဇ၀တ်မှုခင်းနှင့် လိမ်လည်မှုပိုများလာ


နိုင်ငံတကာနှင့်ဆက်သွယ်မှု များပြားလာသည်နှင့်အမျှ နိုင်ငံခြားသားများ၏ ရာဇ၀တ်မှုကျူးလွန်မှုများ တစ်နေ့ တခြားများပြားလာကာ တရားစွဲဆို အရေးယူမှုများလည်း များပြားလာရသည် ဟု မြန်မာနိုင်ငံရဲ တပ် ဖွဲ့ နှင့် တရားရေးဝန်ထမ်းများထံမှ သတင်းရရှိသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကျေးရွာ ၅ ခုကို ဒီကနေ့ စတင်စစ်ဆေး

Photo: ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကျေးရွာ ၅ ခုကို ဒီကနေ့ စတင်စစ်ဆေး

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့် အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာ ၅ ရွာကို ဒီကနေ့ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

အဲဒီလို စစ်ဆေးတဲ့ အခါမှာ တိကျမှန်ကန်ဖို့အတွက် လဝက၊ နစက၊ စစ်တပ်၊ ရဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလိုစစ်ဆေးနေစဉ်ကာလအတွင်းမှာ ရိုဟင်ဂျာတွေအနေနဲ့ တစ်ရွာနဲ့တစ်ရွာကူးလူးသွားလာပြီး ရောထွေးမှုမရှိစေဖို့ လက်ရှိစစ်ဆေးနေတဲ့ရွာတွေကို စစ်တပ်နဲ့ လုံခြုံရေးယူထားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဆိုပါတယ်။

နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း တရားမဝင်အခြေချနေထိုင်သူတွေကို ခွဲခြားသိနိုင်ဖို့အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စစ်တွေမြို့နယ်ကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ယခုလို စစ်ဆေးရာမှာ ရခိုင်ပြည်နယ်တွင်းက ဝန်ထမ်းတွေနဲ့ လုံလောက်မှုမရှိတဲ့အတွက် နေပြည်တော်က ဝန်ထမ်းတွေကိုပါ ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့် အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း က ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာ ၅ ရွာကို ဒီကနေ့ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

မြန်မာ့အပြောင်းအလဲ ဗြိတိန်ချီးကျူး

မြန်မာ့အပြောင်းအလဲ ဗြိတိန်ချီးကျူး
Wednesday, November 07, 2012

အဓိကကျတဲ့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အခုလောက် အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ချီးကျူး
ဂုဏ်ယူပါကြောင်း လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ EU ထိပ်သီး အစည်းအဝေးရဲ့ သီးခြား တွေ့ဆုံပွဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။


ဇန်နဝါရီလက တွေ့ဆုံမှုအပြီး အခု တကြိမ် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ဆုံမှုအတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ဗြိတိန် နိုင်ငံခြားရေး ဌာနက အခုလို ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ဒေသက အကြမ်းဖက် ပဋိပက္ခတွေနဲ့ လူမှု ပြဿနာတွေအတွက် စိုးရိမ်ပူပန်မိကြောင်းနဲ့ မြန်မာအစိုးရက ဗြိတိန်သံအမတ်ကြီးကို ရခိုင်
ဒေသထဲ သွားရောက် လေ့လာ ကြည့်ရှုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်
ပါကြောင်းလည်း ဖော်ပြထားပါတယ်။ ရိုဟင်ဂျာ နိုင်ငံသားဖြစ်မှုဆိုင်ရာ
ပြဿနာကို ဖြေရှင်းပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ကိုလည်း တတ်အားသမျှ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေကို တိုက်တွန်းထားပါတယ်။

ဗြိတိန်နဲ့ မြန်မာအစိုးရကြား တာဝန်ယူမှုရှိတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ အတွက်လည်း အားပေး တိုက်တွန်းပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်လည်း လာမယ့်နှစ်ထဲမှာ ဗြိတိန်နိုင်ငံကို လာရောက် လည်ပတ်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။
VOA


အဓိကကျတဲ့မန်မာ့နိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုအခုလောက်အထိအာင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ချီးကျူး ဂုဏ်ယူ ပါကြောင်း လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ EU ထိပ် သီး အစည်းအဝေးရဲ့ သီးခြား တွေ့ဆုံပွဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြော လိုက်ပါ တယ်။

လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ် သစ်



လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ်သစ် ထပ်လုပ်ပါပြီ။ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကူပွန်စနစ်နဲ့ မဲနှိုက်ရောင်းချပေးသွားမှာပါ။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ သမ္မတလောင်းနှစ်ဦး မဲရရှိမှု အခြေအနေ

အင်ဒီယားနားပြည်နယ်နှင့် ကန်တာကီပြည်နယ်တို့တွင် ရီပတ်ပလီကန် သမ္မတလောင်း မစ် ရွမ်နေ အနိုင်ရ

ဗားမွန့်ပြည်နယ်တွင် အိုဘားမား အနိုင်ရ

အမျိုးသားတစ်ဦးကို ကြည့်မိသည့် သမီးဖြစ်သူအား မိဘများက သတ်ဖြတ်

ပါကစ္စတန်နိုင်ငံတွင် လင်မယား နှစ်ဦးက လူငယ် အမျိုးသား တစ်ဦးအား ကြည့်မိသည့်အတွက် သမီးဖြစ် သူအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်အရွယ် သမီးဖြစ်သူသည် အက်ဆစ်ဖြင့် အလောင်း ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ သူမသည် လူငယ် တစ်ဦးအား ကြည့်မိသဖြင့် မိသားစု ဂုဏ်သိက္ခာ ညစ်နွမ်းစေကြောင်း ဆုံးဖြတ်ခံရပြီးနောက် ယခုလို သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ BBCက အဆိုပါ စုံတွဲကို နိုဝင်ဘာလ (၅)ရက်နေ့က အင်တာဗျူးခွင့် ရခဲ့ပြီး ရုပ်မြင်သံကြားတွင် ထုတ် လွှင့် ပြသခဲ့သည်။