Wednesday 25 November 2015

စင်ကာပူ အာမခံကုမ္မဏီ ရန်ကုန်တွင် လာရောက် ဖွင့်လှစ်မည်

၂၀၁၆ ခုနှစ်တွင် စင်ကာပူ အာမခံ ကုမ္ပဏီမှ ရန်ကုန်မြို့တွင် လာရောက်ဖွင့် လှစ်မည်ဖြစ်ကြောင်း Marsh အာရှပစိဖိတ် အမှုဆောင် အရာရှိချုပ် မာတင်ဆော့ဘ်က ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုများ၊ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲမှုများနှင့် မြန်မာနိုင်ငံ ၏ ဈေးကွက်ကို စိတ်ဝင်စားမှုများကြောင့် အဆိုပါ အာမခံကုမ္ပဏီကို လာရောက်ဖွင့်လှစ်မည် ဖြစ်သည်။

““ရန်ကုန်မှာ ဈေးကွက် သုတေသနနဲ့ အာမခံလုပ်ငန်း ဈေးကွက် အလားအလာတွေကို အဓိကထား ပြုလုပ်မှာပါ။ ဒါကမြန်မာပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တစ်တပ်တစ်အား နှိုးဆော်ပေးနိုင်သလို လာရောက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ အတွက်လည်း စီးပွားရေးဆိုင်ရာ ကိစ္စတွေ ဘယ်လို စီမံခန့်ခွဲမလဲ၊ ဘယ်လိုအောင်မြင်အောင် လုပ်ဆောင်မလဲဆိုတာ ကူညီပေး သွားမှာပါ””ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံ၊ မြန်မာ ပြည်သူလုထုများ အတွက် တိုင်းပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ရေရှည်လုပ်ဆောင် သွားရန် ယခုကဲ့သို့ လာရောက် လုပ်ဆောင်ခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်း များအတွက် ကူညီပံ့ပိုးမှုများနှင့် Marsh စင်ကာပူ ကုမ္ပဏီ ကိုယ်စားကြားခံ ဆက်သွယ်ဆောင်ရွက် ပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၏ ဈေးကွက် ကောင်းမွန်သည့် အတွက် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် လုပ်ငန်းများ လာ ရောက် လုပ်ဆောင်ရန် မျှော်လင့် ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ လာရောက် ဖွင့်လှစ်ခြင်းသည် ကောင်းမွန် ပါကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

အဆိုပါ အာမခံ ကုမ္ပဏီများ လာရောက်ဖွင့်လှစ်ခြင်းဖြင့် အာဆီယံစီးပွားရေး အသိုက်အ၀န်း AEC အတွက် အကျိုးရှိမည်ဖြစ်ပြီး လုပ်ငန်းများအတွက် စွန့်စားမှုဆောင်ရွက်ရာတွင် အကြံပေးခြင်း၊ ဗျူဟာချမှတ် ခြင်းများ ကိုလည်း အာမခံလုပ်ငန်း ဆိုင်ရာ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Marsh ကုမ္ပဏီမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment