Friday 3 July 2015

တပ်နှင့် ဒီကေဘီအေတိုက်ပွဲ ယနေ့နံနက်ထိဖြစ်ပွားနေဆဲ

အစိုးရတပ်မတော်နှင့် ဒီကေဘီအေအဖွဲ့တို့ ယနေ့နံနက်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများ တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီမနက်ဆက်ဖြစ်နေတုန်းပဲ။ မနက် ၅ နာရီခွဲကနေ အခုထက်ထိ ပစ်တုန်းပဲ။ လောလောဆယ်ကတော့ အဘတို့ဘက်ကနေ ၄၀ မမ၊ ၇၉ လက်နက်တွေ နဲ့ ပြန်ပစ်တာကလွဲလို့ ကျန်တဲ့လက်နက်ကြီးတွေက အခုထိ ပြန်မသုံးရသေးဘူးလေ။ အတတ်နိုင်ဆုံးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့လုပ်နေပါတယ်’’ဟု ဒီကေဘီအေ ကလို့ထူးဘောစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်လေးက ယနေ့နံနက် ၁၀ နာရီတွင် 7Day Dailyသို့ ပြောသည်။

ထရန်စ်အေးရှား လေယာဉ်ပျက်ကျမှုတွင် အင်ဂျင်အကောင်းကို လေယာဉ်မှူး မှားပိတ်မိခဲ့

ဖေဖော်ဝါရီလဆန်းပိုင်းက ထိုင်ဝမ်တွင် ထရန်စ်အေးရှား လေကြောင်းပိုင် လေယာဉ်ပျက်ကျရာ၌ လေယာဉ်၏ အကောင်းအတိုင်း အလုပ်လုပ်နေသော အင်ဂျင်ကို လေယာဉ်မှူးကို မှားယွင်းပြီး ပိတ်မိခဲ့ကြောင်း သိရသည်။ထရန်စ်အေးရှား ခရီးစဉ်အမှတ် TNA235 လေယာဉ်သည် ဖေဖော်ဝါရီ ၄ ရက်က ထိုင်ပေရှိ ဆွန်ရှန် လေဆိပ်မှ ပျံတက်ပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ATR 72-600 အမျိုးအစား လေယာဉ်သည် စတင်ပျံသန်းသည့် သက်တမ်း ၁၀ လမျှသာ ရှိသေးပြီး ပျက်ကျချိန်တွင် ဘယ်ဘက်တောင်ပံနှင့် မြစ်ကူးတံတားတို့ ရိုက်မိကာ ကီလွန်မြစ်ထဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၅၈ ဦး လိုက်ပါသွားပြီး ၄၃ ဦး သေဆုံးကာ ၁၅ ဦးသာ အသက်ရှင်ခဲ့သည်။

ပယ်လ်မိုင်ယာရှိ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိ ခြင်္သေ့ရုပ်တုကြီးကို အိုင်အက်စ်တို့ ဗုံးခွဲဖျက်ဆီး

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ထားရာ ပယ်လ်မိုင်ယာမြို့ရှိ ရှေးဟောင်းပြတိုက်ကြီး အပြင်ဘက်မှ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိသော ခြင်္သေ့ရုပ်တုကြီးကို ဗုံးခွဲ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
လူ့သမိုင်းတွင် အကြီးကျယ်ဆုံး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ရပ်ဝန်းတစ်ခုအဖြစ် အသိအမှတ်ပြု ခံရသည့် ပယ်လ်မိုင်ယာ မြို့တော်ဟောင်းကို ဆီးရီးယား အစိုးရ တပ်များလက်မှ အိုင်အက်စ်တို့ သိမ်းယူပြီး ကတည်းက မြို့တွင်းရှိ ရှေးအနုပညာ လက်ရာများအတွက် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများသည် ယခင်ကလည်း ၎င်းတို့ ထိန်းချုပ်ထားရာ နယ်မြေများရှိ ရှေးယဉ်ကျေးမှု လက်ရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ဖူးသည်။

ဒုတိယသက်တမ်းထမ်းဆောင်ရေး ပြည်သူများဆန္ဒရှိလျှင် အလေးအနက်ထားစဉ်းစားမည်ဟု သမ္မတဦးသိန်းစိန်ပြော

သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်း ဆက်လက် ဆောင်ရွက်ရေးမှာ တိုင်းပြည် အခြေအနေနှင့် ပြည်သူများ၏ ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ပြီး ပြည်သူများ ဆန္ဒရှိပါက အလေးအနက်ထား စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
မဲခေါင်-ဂျပန်အစည်းအ ဝေးတက်ရောက်ရန် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဇူလိုင် ၂ ရက်ကရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်သည် ယင်းနေ့ ညနေပိုင်းက ဂျပန်သတင်းဌာန NHK နှင့်သီးသန့်တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် နောက်ထပ်သမ္မတသက်တမ်း အတွက် ယှဉ်ပြိုင်ရန်ရှိ၊ မရှိ ပြည်တွင်းတွင် ပြောကြားလေ့ မရှိသော်လည်း ပြီးခဲ့သည့်နှစ်ကပြည်ပခရီးစဉ်တစ်ခု၌ နောက်သက်တမ်းအတွက် ပြည်သူများ၏ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။