
ဒီကလေးတွေ ပညာရေးကောင်းဖို့ ဆရာ/ဆရာမတွေ စိတ်ချမ်းသာဖို့လိုပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျေးလက်တောရွာများတွင် တာဝန်ကျနေသော ဆရာ/ ဆရာမများအနေဖြင့် ၀န်ထမ်းအိမ်ရာမရှိ၍ တည်းခိုနေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသဖြင့် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း မှ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက် လုပ် ပေးရန် အဆိုတင်သွင်းရာ အဆိုမှာ မအောင်မြင်ဘဲ မှတ်တမ်းတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ သည်ဟု သိရသည်။