Wednesday 25 November 2015

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီ စတင်ဖွဲ့စည်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲမြင်ကွင်းတစ်ခု (ဓာတ်ပုံ − ကျော်ဇင်သန်း)
 နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီတို့မှ ကိုယ် စားလှယ် ရှစ်ဦးစီဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းလိုက်သည်။
နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မရှင် (UPDJC) သုံး ပွင့်ဆိုင် ပထမအကြိမ်အစည်းအ ဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‘‘မူဘောင် ရေးဆွဲရေးကော်မတီကို အစုတစ်စုကနေ ကိုယ်စားလှယ် ရှစ်ဦးစီနဲ့ စတင်ဖွဲ့ စည်းခဲ့ပြီးတော့ လာမယ့် နိုဝင်ဘာ ၂၇ ရက်မှာ မူဘောင်အစည်းအဝေး အတွက် ပြင်ဆင်မှုတွေကို လုပ်ပါ မယ်’’ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အထူးအကြံပေး ဦးလှမောင်ရွှေက သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းကော်မတီတွင် အစိုးရ ဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ဦးသိန်းဇော်၊ ကာကွယ်ရေးဒုဝန်ကြီး၊ ဒုရှေ့နေချုပ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) မှ ဦးခင်ရီ၊ ဦးသန်းဌေး၊ MPC မှ ဦးလှမောင်ရွှေ၊ ဦးတင် မောင်သန်းတို့ပါဝင်သည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအဖြစ် ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း၊ ငြိမ်းချမ်းရေး ကောင်စီ(PC) ဗိုလ်မှူးကြီးအဆင့်တစ်ဦး၊ DKBA မှ ဗိုလ်မှူးကြီး စောတူးတူးလေး၊ ကျောင်း သားတပ်မတော်(ABSDF) ဒုဥက္ကဋ္ဌကိုမျိုးဝင်း၊ ရခိုင်လွတ်မြောက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် စောမြရာဇာလင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တွဲဖက်အထွေထွေအ တွင်းရေးမှူး ဖဒိုမန်းမန်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဗဟိုကော်မတီဝင်တစ်ဦးနှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/ SSA) မှ အထူးအကြံပေးတစ်ဦး တို့ပါဝင်သည်။

နိုင်ငံရေး ပါတီများဘက်မှ ကိုယ်စားလှယ်ရှစ်ဦးကိုမူ ယာယီရွေးချယ်ထားပြီး နိုဝင်ဘာ ၂၇ ရက်မှ အတည်ပြု နိုင်မည်ဖြစ်သည်။

7Day Daily 

No comments:

Post a Comment