လာရောက်ဖူးမြော် သူများဖြင့် စည်ကားနေသော ကျိုက်ထီးရိုး စေတီတော်ကို အောက်တိုဘာ ၁၉ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ
ယခင်နှစ်များထက် များပြားခဲ့ပြီး ဘုရားဖူးများမှာ တည်းခိုရန်နေရာ
မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခို ခန်းခ
နှုန်းထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း
စုံစမ်းသိရှိရသည်။
ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ်
အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ်
လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြားခဲ့ကာ ကျိုက်ထီးရိုး
တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက်
ဖြစ်သွားခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ
အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်းကို ဂေါပက အဖွဲ့ဝင်များနှင့်
ဒေသခံများထံမှ သိရသည်။