အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွ
တပ်ဖွဲ့များကို အမေရိကန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ စတင်
လုပ်ဆောင်နေပြီ ဖြစ်သည်။အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ISIS တို့ကို တိုက်ခိုက်ရန် ပစ်မှတ်များ သတ်မှတ် အတည်ပြုပေးခဲ့ပြီးနောက် (၉)နာရီအကြာ၊ ဩဂုတ်(၈)ရက်မှ စတင်ပြီး အမေရိကန် တိုက်လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များက စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်သည်။
အီရတ်မြောက်ပိုင်း အာဘီလ်မြို့တွင် ISIS တို့၏ ယာဉ်တန်းကို အမေရိကန် လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ISIS တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်က လေကြောင်းစစ်ဆင်ရေး အနည်းဆုံး (၂)ကြိမ် ပြုလုပ်ကာ ပစ်မှတ်ထား ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။



ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အား
ရခိုင်သို့ ပြန်လာ၍ ၎င်းတို့၏ လုပ်ငန်းများ ပြန် လည် လုပ်ကိုင်ရန်
ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာ၌ ကျဆင်းနေရသ
ဗြိတိန်ရေတပ် သမိုင်းတွင် အဓိက စစ်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ်
ဦးဆောင်ခွင့် ရခဲ့သည့် အမျိုးသမီး တပ်မှူး တစ်ဦးကို လူမှုရေး ဖောက်ပြ




